11/06/2026
PTTEP International Limited မှ ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program)
နှင့်
MMC Automotive Mechanic Training School မော်တော်ယာဉ်စက်ပြင်သင်တန်း အပတ်စဉ် (၇) အတွက် လျှောက်လွှာများစတင်ခေါ်ယူခြင်း
Myanmar Motor Corporation မှ ဖွင့်လှစ်သော MMC Automotive Mechanic Training သင်တန်းအား (၁) နှစ်တွင် အပတ်စဉ် (၃) ကြိမ်သာ ခေါ်ယူ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ သင်တန်းကာလမှာ (၄) လ ဖြစ်ပါတယ်။
အပတ်စဥ် (၇) သင်တန်းကို 21st July 2026 တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
❗️သင်တန်းကြေး (၂၀) သိန်း မှ ပညာသင်ထောက်ပံ့ပေးခြင်းအစီအစဉ် (Scholarship Program) ဖြင့်တက်ရောက်သင်ကြားလိုသူများလည်း လျှောက်ထားနိုင်ပြီးလျှောက်လွှာတင်ထားသော သင်တန်းသားများအား လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ပြီး
သင်တန်းသားများအား Full (သို့) Partial Scholarship ဖြင့်ခေါ်ယူသွားမည်ဖြစ်ပါသည်။
Scholarship program ဖြင့် တက်ရောက်လိုသူများ 14th July 2026 ရက်နေ့နောက်ဆုံးထား၍လျှောက်လွှာများ အောက်ပါလိပ်စာသို့ လျှောက်ထားနိုင် ပါသည်။
***ပညာသင်ဆုလျှောက်ထားလိုသူများသည် သင်တန်းအား အမှန်တကယ် တက်ရောက်လိုစိတ် ရှိပြီး သင်တန်းပြီးဆုံးသည့်တိုင်အောင် တက်ရောက်နိုင်သူများ ဖြစ်ရမည်။
ကျောင်းသင်တန်းတက်ရောက်ချိန် 75% မပြည့်မှီသူများအား သင်တန်းဆင်း အောင်လက်မှတ် ထုပ်ပေးသွားမည်မဟုတ်ပါ။
သင်တန်းတက်ရောက်ရန်အမှန်တကယ် ငွေကြေးအခက်အခဲရှိသောသူများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။
သင်တန်းကာလအတွင်း ဂျပန်စာ N4 အဆင့်ထိပါပူးတွဲ သင်ကြားပေးမည်ဖြစ်ပြီး
ပညာအရည်အချင်း - စနစ်ဟောင်း (၈) တန်း၊ စနစ်သစ် (၁၀) တန်း ပြီးမြောက်သူဖြစ်ရမည်။
Myanmar Motor Corporation
09 255 583 223
09 889575 962, 09 889575 963
[email protected]
မြန်မာမော်တော်ကော်ပိုရေးရှင်း (MMC)၊ ချယ်ရီဥယျာဥ်အိမ်ရာ၊ သံသုမာလမ်း၊ (၁၄/၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။