03/08/2026
🌿ဘာကြောင့် ဆွမ်းမွှေး (Pandan) ကို ကုန်ကြမ်း အနေနဲ့ ရွေးချယ်ခဲ့တာလဲ။ 🌿
🌿ဆွမ်းမွှေး (Pandanus amaryllifolius) ကိုကုန်ကြမ်း အနေနဲ့ရွေးချယ်ရတဲ့ အဓိကအကြောင်းရင်းကတော့ မြန်မာနိုင်ငံတွင် အလွယ်တကူ စိုက်ပျိုးနိုင်ပြီး ဒေသတွင်း၌ရရှိနိုင်ပေမယ့် တန်ဖိုးမြင့် အဖျော်ယမကာအဖြစ် အသုံးပြုမှုမှာ နည်းပါးနေပါ သေးတယ်။ဒါကြောင့် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖန်တီးခဲ့တာပါ။
🌿ဆွမ်းမွှေး၏ အထင်ရှားဆုံး အားသာချက်မှာ မွှေးပျံ့သော သဘာဝရနံ့နှင့် စိမ်းမြမြ အရောင်လေး ရတာပဲ ဖြစ်ပါသည်။ ၎င်း၏ ထူးခြားသော ရနံ့မှာ 2-acetyl-1-pyrroline (2-AP) ဟုခေါ်သော သဘာဝအနံ့ဓာတ်ကြောင့် ဖြစ်ပြီး Jasmine နှင့် Basmati ဆန်တို့၏ မွှေးရနံ့ကို ဖြစ်စေသော ဓာတ်ပစ္စည်းနှင့် တူညီသောကြောင့် ဆွမ်းမွှေးကို "Vanilla of Southeast Asia" ဟု ခေါ်ဆိုကြပါတယ် (Li et al., 2026)။
🇲🇲မြန်မာမှာတော့ မုန့်လက်ဆောင်း လုပ်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။ ကိတ်မုန့်၊ ရေခဲမုန့် စတာတွေမှာလဲ သုံးကြတာ တွေ့ပါတယ်။
🌿ထို့အပြင် အနံ နဲ့ အရောင်လှတဲ့ ဆွမ်းမွှေးကို ရိုးရာတိုင်းရင်းဆေးတွင် ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ အဆစ်အမြစ်နာကျင်ခြင်းနှင့် သွေးချိုထိန်းညှိခြင်းတို့အတွက် အသုံးပြုခဲ့ကြပြီး၊ ခေတ်သစ် သုတေသနများအရ antioxidant၊ antimicrobial၊ anti- inflammatory နှင့် hypoglycemic (သွေးချိုကျစေသော) အာနိသင်များ ရှိနိုင်ကြောင်း တွေ့ရှိထားသည်။
🌿Phenolic compounds, flavonoids, alkaloids, carotenoids နှင့် chlorophyll ကဲ့သို့သော ဇီဝဓာတ်ပစ္စည်းများစွာ ပါဝင်ပြီး အားကောင်းသော antioxidant ဂုဏ်သတ္တိများ ရှိကြောင်း သုတေသနစာတမ်းများမှာလဲ ဖော်ပြထားပါတယ်။Antioxidants ကတော့ ခန္ဓာကိုယ်အတွင်းရှိ oxidative stress ကို လျှော့ချပေးနိုင်လို့ အရွယ်တင် နုပျိူစေ ဖို့ အထောက်အကူပေးပါတယ် (Nor et al., 2008; Wang et al., 2024)။
ဒါပေမယ့်လဲ တန်ဆေး၊ လွန်ဘေး ဆိုသလို လူသားများတွင် ပိုမိုခိုင်မာသော လက်တွေ့သုတေသနများ ဆက်လက်လိုအပ်နေဆဲ ဖြစ်ပါတယ်(Wang et al., 2024)။
🌿ဆွမ်းမွှေးသည် ဒေသတွင်းတွင် အလွယ်တကူ ရရှိနိုင်ခြင်း၊ ထူးခြားသော မွှေးရနံ့၊ သဘာဝအစိမ်းရောင်အရောင်၊ ကျန်းမာရေးအကျိုးပြုနိုင်သည့် ဇီဝဓာတ်ပစ္စည်းများ ပါဝင်ခြင်းနှင့် ဒေသထွက်ကုန်ကို တန်ဖိုးမြှင့်နိုင်ခြင်းတို့ကြောင့် ခေတ်မီ Functional Beverage တစ်မျိုးအဖြစ် ဖွံ့ဖြိုးတိုးတက်ရန် သင့်တော်သော ကုန်ကြမ်းတစ်မျိုးဖြစ်ပါတယ်။
References (APA Style)
1.Li, P., et al. (2026). Chemical composition, bioactivity, and applications of Pandanus amaryllifolius leaves: A comprehensive review. Trends in Food Science & Technology.
2.Wang, W., Ren, Z., Zheng, S., et al. (2024). Botany, phytochemistry, pharmacology, and applications of Pandanus amaryllifolius Roxb.: A review. Fitoterapia, 177, 106144.
3.Nor, F. M., Mohamed, S., Idris, N. A., & Ismail, R. (2008). Antioxidative properties of Pandanus amaryllifolius leaf extracts in accelerated oxidation and deep frying studies. Food Chemistry, 110(2), 319–327.