12/09/2026
မေတ္တာရောင်ခြည် ပရဟိတ သီလရှင်စာသင်တိုက်သို့ (၅၂) ကြိမ်မြောက် လစဉ်အလှူ
အလှူရေစက် လက်နဲ့မကွာ ဆိုသလို အခါအခွင့်သင့်တိုင်း ကုသိုလ်ပြုရတာလည်း မင်္ဂလာတစ်ပါးပါပဲ ✨
ဒီတစ်ခေါက်မှာလည်း Amethyst Co., Ltd မိသားစုကနေ (၅၂) ကြိမ်မြောက် လစဉ်အလှူအဖြစ် မေတ္တာရောင်ခြည် ပရဟိတ သီလရှင် စာသင်တိုက်သို့ ဆန်၊ ဆီ၊ ဆပ်ပြာမှုန့် လှူဖွယ်ဝတ္ထုများနှင့် အလှုငွေတို့ကို သွားရောက်လှူဒါန်း ကုသိုလ်ပြုခဲ့ပါတယ်။ 🙏
ယခုလို လစဉ်မပြတ် လှုခွင့်ရတဲ့ ကုသိုလ်ကံအစုစုကို အစဉ်အမြဲ အတူတူရှိနေပေးကြတဲ့ Amethyst Co., Ltd မိသားစုဝင်များနှင့်အတူ အများပြည်သူအားလုံး ထပ်တူထပ်မျှ ကုသိုလ်ပွားများစေဖို့ မျှဝေပေးလိုက်ပါတယ်နော် 🥰