21/09/2026
ရိုးရိုးဖျားတာနဲ့ ရာသီတုပ်ကွေး... ဘာတွေ ကွဲပြားခြားနားမှု ရှိနိုင်လဲ...
ခုလိုရာသီမျိုးမှာ ကိုယ်ခံအားစနစ် အားနည်းပြီး ဖျားနာတာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေက ကြုံရတတ်တာ သဘာဝပါပဲ။
အလွယ်တကူ နေထိုင်မကောင်းဘူးလို့ သုံးနှုန်းလိုက်ကြပေမယ့် ရိုးရိုးဖျားတာနဲ့ တုပ်ကွေးဖြစ်တာက လက္ခဏာချင်း ကွဲပြားမှု ရှိပါတယ်။ 🤒
ရိုးရိုးဖျားခြင်းမှာ - နှာစေးမယ်၊ နှာခေါင်းပိတ်မယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်တွေလက်တွေကိုက်ခဲတာမျိုးတွေ အဓိက ဖြစ်လေ့ရှိပါတယ်။
တုပ်ကွေးဖြစ်တာဆိုရင် - ချောင်းခြောက်ဆိုးမယ်၊ အဖျားရှိမယ်၊ လည်ချောင်းနာမယ်၊ ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲတာတွေဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ နှာရည်ယိုမယ်၊ မအီမသာဖြစ်ပြီး အော့အန်တာမျိုးတွေအထိ ခန္ဓာကိုယ်က ပိုပြီး ပင်ပန်းတတ်ပါတယ်။
တုပ်ကွေးနဲ့ ရိုးရိုးဖျားတာဟာ လက္ခဏာချင်း ခပ်ဆင်ဆင်တူတတ်တာကြောင့် ရောဂါအခြေအနေကို တိတိကျကျသိဖို့ ဆေးစစ်ကြည့်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ 🥰🍂
ဒီလို ရုတ်တရက် ခန္ဓာကိုယ် မအီမသာဖြစ်လာတဲ့ အခိုက်အတန့်မျိုးတွေမှာ အချိန်ဆွဲမထားဘဲ အစောဆုံး သက်တောင့်သက်သာ ရှိသွားဖို့က အရေးကြီးဆုံးပါပဲ။ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆရာဝန်နှင့် ကြိုတင်တိုင်ပင် ဆွေးနွေးဖို့လိုအပ်ပါတယ်
အိမ်တွင်း First Aid Kit ထဲမှာပဲဖြစ်ဖြစ်၊ သွားလေရာ အိတ်ထဲမှာပဲဖြစ်ဖြစ် ရုတ်တရက် ကိုယ်ပူခေါင်းကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ကြုံလာရတဲ့အခါ မိမိကိုယ်ကိုယ် ဂရုစိုက်ပေးနိုင်ဖို့ ပါရာဂျင်လေးကို အသင့်ဆောင်ထားသင့်ပါတယ်။ 💡
ပါရာဂျင် ဟာ ရာသီဥတုဒဏ် သို့မဟုတ် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကြောင့် ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ညောင်းညာကိုက်ခဲတာမျိုး ခံစားရရင်
အိမ်မှာ အသင့်ဆောင်ထားလို့ရတဲ့ ရွေးချယ်စရာလေးပါ။ အရွယ်အစား သေသပ်လို့ သယ်ဆောင်ရ လွယ်ကူတာကြောင့် အိမ်တိုင်းရဲ့ First Aid Kit ထဲမှာ စိတ်ချလက်ချ ဆောင်ထားရမယ့် အဖော်မွန်လေးပေါ့။
မိသားစုဝင်တွေအားလုံး ရာသီဥတုအကူးအပြောင်းမှာ ဖျားနာမှုကင်းဝေးပြီး လန်းဆန်းနေစေဖို့ ကိုယ့်ရဲ့ နေ့စဉ်ကျန်းမာရေးလေးကိုလည်း အမြဲတမ်း ကြိုတင်ဂရုစိုက်ဖို့ မမေ့ပါနဲ့ဦးနော်။ 💙✨
#ပါရာဂျင် #မိသားစုကျန်းမာရေး