Myanmar Lgbtiq+ education and awareness

Myanmar Lgbtiq+ education and awareness Education and awareness page for the LGBTIQ+ community of Myanmar.

❌''ဒီကိစ္စက သဘာဝမှမဟုတ်တာ သဘာဝကို ဆန့်ကျင့်နေတာလေ''❌''ပတ်ဝန်းကျင်က ဝိုင်းပြောနေကြတာ မရှက်ဘူးလား''❌''ဆန္ဒကို သိက္ခာနဲ့ ထိ...
13/02/2024

❌''ဒီကိစ္စက သဘာဝမှမဟုတ်တာ သဘာဝကို ဆန့်ကျင့်နေတာလေ''

❌''ပတ်ဝန်းကျင်က ဝိုင်းပြောနေကြတာ မရှက်ဘူးလား''

❌''ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ''

❌''အချိန်တန်ရင် ယောက်ျား၊မိန်းမ ယူမှာပါ''

❌''ကလေးယူမှ အသက်ကြီးလာရင် ကိုယ့်ကို စောင့်ရှောက့်ရမယ့်သူရှိမှာပေါ့''

ဒီစကားတွေက LGBT တွေအတွက် မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တကြိမ်တခါမက ကြားနေရဲ့ စကားတွေပါ။
ဒီလို လူတ​ယောက်ရဲ့ ဖြစ်တည်မှုကို တိုက်ခိုက်နေတဲ့ စကားတွေ၊ လူတွေကို ပြန်လည်တွန်းထုတ်ဖို့ ခုခံဖို့အတွက် သူတို့ကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာ သန်မာနေဖို့ လိုအပ်သလို သူတို့ရဲ့ ပတ်ဝန်းကျင် (အဓိက မိသားစု) ရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု များစွာလိုအပ်ပါတယ်။ 💜

ကျနော်အ​တွက်တော့ ကျနော်ချစ်တဲ့လူတယောက်ရဲ့ ပျော်ရွှင်မှုက လူတွေအကြောင်းပြ​နေကြတဲ့ ရှေးရိုးစွဲအယူတွေထက် အများကြီးပိုအရေးပါပါတယ်။

သင့်အတွက်ကရော ❓

ညီအကို၊ မောင်နှမ၊ သားသမီးတွေထဲမှာ LGBT တွေပါခဲ့ရင် သူ့မိသားစုက သူ့ကို လက်မခံနိုင်ဘူးဆိုတဲ့အတွေးနဲ့ သူတို့တွေ သိမ်ငယ်နေရလား။ ဝမ်းနည်းနေလား။ အထီးကျန်နေလား။ ဟုတ်တယ်ဆို သင်ဘာလုပ်ပေးနိုင်မလဲ။

✅သူတို့ကို သင်က ''ချစ်တယ်'' ''သူတို့ ပျော်ရွှင်တာကို မြင်ချင်တယ်'' ဆိုတာကို သူတို့ သိဖို့ အရမ်းအရေးကြီးပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ ထိုးနက်မှုကို ခါးစီးခံဖို့အတွက် သင့်ရဲ့ အားပေးမှုကို သူတို့ အများကြီးလိုအပ်ပါတယ်။ 💪

သူတို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်က သူတို့ကို နားလည်မပေးနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဝိုင်းဝန်းထိုးနက်ခြင်း စသဖြင့် နေရာမျိုးတွေမှာ ပါဝင်ခဲ့ရင် စိတ်ဒဏ်ရာ ပိုရစေပြီး စိတ်ကျရောဂါဖြစ်စေကာ ဖြည်မဆယ်နိုင်တဲ့ ဆုံးရှုံးမှုမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။

✅ ဒါကြောင့် ချစ်ပေးပါ။ နားလည်ပေးပါ။ ပံ့ပိုးပေးပါ။ သူတို့နောက်မှာ သင်အမြဲရှိနေတယ်ဆိုတဲ့ အတွေးနဲ့ သူတို့ကို ခွန်အားပေးပေးပါ။ သူတို့ဘဝတလျှောက်လုံး သင့်ကို ကျေးဇူးတင်နေမယ်ဆိုတာ ကျနော် ရဲရဲကြီး အာမခံပါတယ်။ ❤

(ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားသည့် လူငယ်တွေထဲမှာ LGBT လူငယ်များက သာမန်လူငယ်တယောက်ထက် အကြိမ်ရေ လေးဆ ပိုကြိုးပန်းတတ်ကြတယ်ဟု မှတ်တမ်း အရ သိရှိရပါတယ်။)

ကျနော်တို့ ချစ်တဲ့သူတ​ယောက် ပျော်ရွှင်ပြီး သူ့ဘဝကို အကောင်းဆုံး ရည်တည်နိုင်အောင် ပံ့ပိုးပေးခြင်းကလည်း ချစ်ခြင်းမေတ္တာပဲ မဟုတ်လား ❤🏳️‍🌈

Photo - Family Online Safety Institute



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Lgbtiq+ education and awareness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share