Pun Hlaing Clinics Taw Win

Call Directions Website Contact the practice

Pun Hlaing Clinics Taw Win Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pun Hlaing Clinics Taw Win, Medical Service, No. 14/A, Taw Win Street (Corner of Ambassador St and Taw Win St), Dagon Tsp, Yangon.

Pun Hlaing Clinics – Taw Win provides quality healthcare services, including Acute and Outpatient Care, Medical Check-Ups, Diagnostic Investigation Services, Hemodialysis, Chemotherapy, Dental Practice and Pharmacy.

နှလုံးသားခုန်သံများ ကျန်းမာခြင်းသည်  ချစ်ရတဲ့သူတွေနဲ့အတူ ဘဝခရီးကို ပိုမိုကြာရှည်စွာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးတဲ့ အခ...
29/09/2026

နှလုံးသားခုန်သံများ ကျန်းမာခြင်းသည်
ချစ်ရတဲ့သူတွေနဲ့အတူ ဘဝခရီးကို ပိုမိုကြာရှည်စွာ လျှောက်လှမ်းနိုင်ဖို့ အရေးကြီးတဲ့ အခြေခံတစ်ခုပါ။

ယနေ့ ကျရောက်တဲ့ World Heart Day မှာ
မိမိနဲ့ မိသားစုဝင်တွေရဲ့ နှလုံးကျန်းမာရေးကို ပိုမိုဂရုစိုက်ပြီး ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုနဲ့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို အလေးထားလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နှလုံးသားတိုင်း ကျန်းမာပြီး ဘဝတိုင်း ပိုမိုလှပနိုင်ပါစေကြောင်း ပန်းလှိုင်ဆေးရုံ၊‌ ဆေးခန်းနှင့် မိသားစုဆေးခန်းများမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️

📣 ပန်းလှိုင်ဆေးရုံ၊‌ ဆေးခန်းနှင့် မိသားစုဆေးခန်းများမှာ မိမိနဲ့ ချစ်ရသူတွေရဲ့ နှလုံးကျန်းမာရေးကို ကြိုတင်ဂရုစိုက်နိုင်ဖို့ ပန်းလှိုင်ဆေးရုံ၏ နှလုံးကျန်းမာရေးစစ်ဆေးမှု Package များကို အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဝယ်ယူစစ်ဆေးနိုင်ပါတယ်ဆိုတာလဲ ထပ်မံ အသိပေးပါရစေ ။

ကိုယ့်နှလုံးသားလေးကျန်းမာရေး အတွက် ပန်းလှိုင်ဆေးရုံ ရဲ့ နှလုံးကျန်းမာရေး package
တွေကို သတိရလိုက်ပါနော် ။ ❤️ #အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

😍ပန်းလှိုင်အထူးကုဆေးခန်း-တော်ဝင်တွင် နှလုံးကျန်းမာရေးကို စနစ်တကျစစ်ဆေးသိရှိနိုင်မယ့် 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေကို စက်တ...
15/09/2026

😍ပန်းလှိုင်အထူးကုဆေးခန်း-တော်ဝင်တွင် နှလုံးကျန်းမာရေးကို စနစ်တကျစစ်ဆေးသိရှိနိုင်မယ့် 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐂𝐡𝐞𝐜𝐤𝐮𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေကို စက်တင်ဘာလအတွင်း အထူးသက်သာသော နှုန်းထားများဖြင့် စီစဥ်ပေးလိုက်ပါပြီ။

🫀 နှလုံးကျန်းမာရေးအတွက် အခြေခံကျသော 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐏𝐚𝐜𝐤𝐚𝐠𝐞
ပုံမှန်ဈေးနှုန်း - 𝟐𝟓𝟎,𝟎𝟎𝟎 ကျပ်
အထူးဈေးနှုန်း - 𝟏𝟔𝟐,𝟓𝟎𝟎 ကျပ်

🫀 နှလုံးကျန်းမာရေးအတွက် အရေးကြီးသော 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐂𝐚𝐫𝐝𝐢𝐚𝐜 𝐏𝐚𝐜𝐤𝐚𝐠𝐞 (𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐬𝐭𝐫𝐞𝐬𝐬 𝐭𝐞𝐬𝐭)
ပုံမှန်ဈေးနှုန်း - 𝟑𝟒𝟎,𝟎𝟎𝟎 ကျပ်
အထူးဈေးနှုန်း - 𝟐𝟐𝟎,𝟎𝟎𝟎 ကျပ်

📱 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကနေတစ်ဆင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်။
🗓️Promotion ကာလလေးကတော့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ကနေ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဖြစ်ပြီးတော့ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အသုံးပြုလို့ရတာဆိုတော့ လက်မလွတ်တမ်း၀ယ်ယူထားဖို့ သတင်းပါးလိုက်ရပါတယ်နော်📢
👉 ဆက်သွယ်ရန် 👈

🏥 ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင်
📍 အမှတ် (၁၄/အေ)၊ တော်ဝင်လမ်း (သံတမန်လမ်းနှင့် တော်ဝင်လမ်းထောင့်)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Maps: https://maps.app.goo.gl/Qgf1J5Dx8g2fFYgQA

📲 Mobile: 09 513 7812 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

📞 Hotline: 09 772 88 99 22 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

🕗 ဆေးခန်းဖွင့်ချိန်
နေ့စဉ် နံနက် (၈:၀၀) နာရီ မှ ည (၇:၀၀) နာရီ အထိ
(နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်)

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ

💙 ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်မှာ ...
10/09/2026

💙 ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာများအတွက် အထူးကုဆရာဝန်ကြီးများနှင့် ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်မှာ ပြသနိုင်ပါပြီ။

ဆီးချိုရောဂါနဲ့ ဟော်မုန်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို အချိန်မီ စစ်ဆေးတိုင်ပင်ပြီး မိမိကျန်းမာရေးအခြေအနေအလိုက် သင့်တော်တဲ့ စောင့်ရှောက်မှုကို ရရှိဖို့ အရေးကြီးပါတယ်။ 🩺

ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင် တွင် ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေး၊ စစ်ဆေးကုသနိုင်ပါပြီ။

👨‍⚕️ ပါမောက္ခ ရဲမြင့်
👨‍⚕️ ပါမောက္ခ တက်ထွန်းချစ်
👨‍⚕️ ပါမောက္ခ သိင်္ဂီကျော်
👨‍⚕️ ဒေါက်တာ ရဲလင်းကို
👨‍⚕️ ဒေါက်တာ ချမ်းငြိမ်းသူ

ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ ကျန်းမာရေးအတွက် လိုအပ်တဲ့အချိန်မှာ အထူးကုဆရာဝန်ကြီးများနှင့် အချိန်မီ တိုင်ပင်စစ်ဆေးလိုက်ပါ။ 💙

👉 ဆက်သွယ်ရန် 👈

🏥 ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင်
📍 အမှတ် (၁၄/အေ)၊ တော်ဝင်လမ်း (သံတမန်လမ်းနှင့် တော်ဝင်လမ်းထောင့်)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Maps: https://maps.app.goo.gl/Qgf1J5Dx8g2fFYgQA

📲 Mobile: 09 513 7812 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

📞 Hotline: 09 772 88 99 22 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

🕗 ဆေးခန်းဖွင့်ချိန်
နေ့စဉ် နံနက် (၈:၀၀) နာရီ မှ ည (၇:၀၀) နာရီ အထိ
(နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်)

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ

📱𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ရှိရုံနဲ့ ပန်းလှိုင်ဆေးခန်း (တော်ဝင် နှင့် မြောက်ဒဂုံ) တို့မှာ အထူးကုဆရာဝန်ကြီးများနှင့်...
31/08/2026

📱𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ရှိရုံနဲ့ ပန်းလှိုင်ဆေးခန်း (တော်ဝင် နှင့် မြောက်ဒဂုံ) တို့မှာ အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်အတွက် မိမိဖုန်းထဲကနေ လွယ်လွယ်ကူကူ ကြိုတင်ရက်ချိန်း (𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭) ရယူနိုင်ပါပြီနော်....

⏱️မိမိပြသချင်တဲ့ နေ့ရက်နဲ့ အချိန်ကို 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ထဲကနေတင်ရွေးချယ်ပြီး ရက်ချိန်းရယူနိုင်တာဖြစ်လို့ အချိန်ကုန် သက်သာစေမှာပါနော်✨

📲ဒါ့အပြင် 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 (၃) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်ဆေးခန်းပြသရန်အတွက် 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှ တစ်ဆင့် ရက်ချိန်းရယူသူများအတွက် 𝐔𝐩 𝐭𝐨 𝟐𝟎,𝟎𝟎𝟎 ကျပ် အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ပေးသွားမှာဖြစ်ပါတယ်။

📱𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:

𝐀𝐧𝐝𝐫𝐨𝐢𝐝 : https://play.google.com/store/apps/details...

𝐢𝐎𝐒 : https://apps.apple.com/us/app/heal-by-punhlaing/id1550083398

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

👨‍⚕️ဆရာဝန်ကြီးတွေနဲ့ ဆေးခန်းပြဖို့အတွက် ပြဖို့ 𝐇𝐄𝐀𝐋 𝐀𝐩𝐩 ကနေ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူပြီးပြီလား...❓✨📱ပန်းလှိုင်ဆေးရုံရဲ့ 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮...
27/08/2026

👨‍⚕️ဆရာဝန်ကြီးတွေနဲ့ ဆေးခန်းပြဖို့အတွက် ပြဖို့ 𝐇𝐄𝐀𝐋 𝐀𝐩𝐩 ကနေ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူပြီးပြီလား...❓✨

📱ပန်းလှိုင်ဆေးရုံရဲ့ 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 (၃) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ လူကိုယ်တိုင် (သို့) အွန်လိုင်းကနေ ဆရာဝန်ကြီးတွေနဲ့ ပြသဖို့ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူရုံနဲ့ 𝐔𝐩 𝐭𝐨 𝟐𝟎,𝟎𝟎𝟎 ကျပ် အထိ 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရရှိမှာဖြစ်ပါတယ်။

✨ အချိန်ကုန် လူပင်ပန်းသက်သာဖို့ ဒီနေ့ပဲ 𝐀𝐩𝐩 လေးကနေ ချိန်းလိုက်ရအောင်.....📱

📱𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 𝐋𝐢𝐧𝐤:

Android : https://play.google.com/store/apps/details?id=com.punhlaing.healapp

iOS : https://apps.apple.com/us/app/heal-by-punhlaing/id1550083398

#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🎉𝐖𝐚𝐯𝐞 ရဲ့ (၁၀) နှစ်ပြည့် အထူးပရိုမိုးရှင်း  🎉𝐖𝐚𝐯𝐞 ကို ယုံယုံကြည်ကြည်သုံးစွဲခဲ့သော လူကြီးမင်းများအတွက် ပန်းလှိုင်ဆေးရုံ၊ ...
26/08/2026

🎉𝐖𝐚𝐯𝐞 ရဲ့ (၁၀) နှစ်ပြည့် အထူးပရိုမိုးရှင်း

🎉𝐖𝐚𝐯𝐞 ကို ယုံယုံကြည်ကြည်သုံးစွဲခဲ့သော လူကြီးမင်းများအတွက် ပန်းလှိုင်ဆေးရုံ၊ ဆေးခန်းများနှင့် မိသားစုဆေးခန်းများတွင်သာမက 𝐇𝐄𝐀𝐋 𝐛𝐲 𝐏𝐮𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 တို့တွင် ငွေကျပ် ၁၀၀,၀၀၀ နှင့်အထက် သုံးစွဲပြီး 𝐖𝐚𝐯𝐞 (𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐖𝐚𝐥𝐥𝐞𝐭 သို့မဟုတ် 𝐌𝐌𝐐𝐑) နဲ့ ငွေပေးချေရုံနဲ့ ၁၀,၀၀၀ ကျပ် 𝐂𝐚𝐬𝐡𝐛𝐚𝐜𝐤 ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ ✨

🗓ပရိုမိုးရှင်းကာလကတော့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၆) ရက် မှ အောက်တိုဘာလ (၃၁) ရက် အထိပဲမို့ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အတန်ဆုံး 𝐂𝐚𝐬𝐡𝐛𝐚𝐜𝐤 အခွင့်အရေးကို လက်မလွှတ်ရအောင် အခုပဲ ရယူလိုက်ပါနော်။

#𝐖𝐚𝐯𝐞𝟏𝟎𝐭𝐡𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 #𝐖𝐚𝐯𝐞𝐱𝐏𝐮𝐧𝐇𝐥𝐚𝐢𝐧𝐠 #𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🏥 ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်၊ မြောက်ဒဂုံ တွင် အရည်အသွေးမြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှုကို စတင်ရရှိနို...
15/08/2026

🏥 ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်၊ မြောက်ဒဂုံ တွင် အရည်အသွေးမြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှုကို စတင်ရရှိနိုင်ပါပြီ။

ကျောက်ကပ်လုပ်ငန်းဆောင်တာ အားနည်းလာခြင်း သို့မဟုတ် နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ပုံမှန်သွေးသန့်စင်ကုသမှု လိုအပ်နေသူများအတွက် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်မည့် ဝန်ဆောင်မှုကို ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်၊မြောက်ဒဂုံ တွင် စတင်ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။

💙 ဘာကြောင့် ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်၊မြောက်ဒဂုံ ကို ရွေးချယ်သင့်သလဲ?

✅ အရည်အသွေးမြင့် စက်ကိရိယာများဖြင့် ဘေးကင်းပြီး စံချိန်စံညွှန်းနှင့်အညီ ကုသမှုခြင်း

👨‍⚕️အတွေ့အကြုံရှိသော ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူနာပြုများက လူနာတစ်ဦးချင်းစီကို ဂရုတစိုက် စောင့်ရှောက်ကုသပေးလျက်ရှိခြင်း

🏥 စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်စေရန် သန့်ရှင်းသပ်ရပ်ပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို စီစဉ်ပေးထားခြင်း

🛡️ရောဂါပိုးကာကွယ်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ စံချိန်စံညွှန်းများကို အထူးအလေးထား၍ ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

💙 ကျောက်ကပ်ကျန်းမာရေးကို လျစ်လျူမရှုပါနဲ့။ အချိန်မီကုသမှုခံယူခြင်းက ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို အထောက်အကူပြုနိုင်ပါတယ်။

📞 ကျောက်ကပ်သွေးသန့်စင်ခြင်း ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းလိုပါက သို့မဟုတ် ရက်ချိန်းကြိုတင်ရယူလိုပါက ရုံးချိန်အတွင်း ပန်းလှိုင်အထူးကုဆေးခန်း - တော်ဝင်၊မြောက်ဒဂုံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ
#𝐁𝐮𝐢𝐥𝐝𝐀𝐁𝐞𝐭𝐭𝐞𝐫𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐨𝐫𝐈𝐭𝐬𝐏𝐞𝐨𝐩𝐥𝐞
#𝐖𝐡𝐞𝐫𝐞𝐓𝐫𝐮𝐬𝐭𝐌𝐞𝐞𝐭𝐬𝐂𝐚𝐫𝐞

🚨 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ဘေးမှ သတိထားကာကွယ်ကြပါစို့...🌧️ ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှ...
13/08/2026

🚨 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ဘေးမှ သတိထားကာကွယ်ကြပါစို့...

🌧️ ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (AWD) ဖြစ်ပွားနိုင်ခြေ ပိုများလာနိုင်ပါတယ်။

မိမိကိုယ်တိုင်နဲ့ မိသားစု၊ ပတ်ဝန်းကျင်တစ်ခုလုံးကို ရောဂါဘေးကနေ ကာကွယ်နိုင်ရန် နေ့စဉ်လူနေမှုဘဝမှာ လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ သန့်ရှင်းရေးအလေ့အကျင့်များကို မျှဝေပေးလိုက်ပါတယ်။ 👇

🧼 လက်ကို မကြာခဏ သေချာဆေးပါ။
အထူးသဖြင့် အစာမစားမီနဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပါ။

💧 သန့်ရှင်းတဲ့ရေကို သောက်သုံးပါ။
သောက်ရေအတွက်သာမက အစားအစာ ချက်ပြုတ်ပြင်ဆင်ရာမှာပါ သန့်ရှင်းဘေးကင်းတဲ့ရေကိုသာ အသုံးပြုပါ။

🍱 အစားအသောက်ကို သန့်ရှင်းစွာ ကိုင်တွယ်ပါ။
အစားအစာတွေကို အမြဲဖုံးအုပ်ထားပါ။ သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်ပါ။ မသန့်ရှင်းဘူးလို့ သံသယရှိတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

🚱 ရေဆိုးရေညစ်တွေကို ရှောင်ပါ။
ရေကြီးရေလျှံနေတဲ့ရေတွေနဲ့ မသန့်ရှင်းတဲ့ရေတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး အထိအတွေ့မရှိအောင် ဂရုစိုက်ပါ။

🧹 ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
အထူးသဖြင့် မီးဖိုချောင်၊ အစားအသောက်ပြင်ဆင်တဲ့နေရာနဲ့ နေထိုင်တဲ့ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းအောင် ထားပါ။

⚠️ ကျန်းမာရေးလက္ခဏာများကို သတိထားပါ။
ဝမ်းသွားခြင်း၊ အန်ခြင်းတွေအပြင် ရေငတ်လွန်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း ဒါမှမဟုတ် ဆီးသွားနည်းခြင်း စသည့် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာများ ရှိလာပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသပါ။ 🏥

❤️ ကျန်းမာရေးကို စောင့်ရှောက်တာဟာ နေ့စဉ်ပြုလုပ်နေကျ သေးငယ်တဲ့ အလေ့အကျင့်လေးတွေကနေ စတင်ပါတယ်။

မိမိနဲ့ ပတ်ဝန်းကျင်ကသူတွေကို အပြန်အလှန် ဂရုစိုက်ပေးခြင်းဖြင့် ပိုမိုဘေးကင်းပြီး ကျန်းမာတဲ့ အသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။ 🤝✨

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ

ရာသီ ဝမ်းပျက် ဝမ်းလျှောရောဂါ သတိပြုပါ 🚨ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များက...
12/08/2026

ရာသီ ဝမ်းပျက် ဝမ်းလျှောရောဂါ သတိပြုပါ 🚨

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအသောက်များကို စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်သွား၍ အသက်ဆုံးရှုံးနိုင်သည် အထိဖြစ်နိုင်သော ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါအသွင်ဖြင့် ဖြစ်ပွားတတ်ပါသည်။

🚨ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားလျှင်
❗အရည်ဝမ်းများသွားခြင်း
❗အော့အန်ခြင်း
❗အားအင်ကုန်ခမ်းခြင်း
❗ကြွက်တက်ခြင်း
❗သတိလစ်ခြင်းစသည်တို့ ဖြစ်ပွါးနိုင်ပြီး အသက်သေဆုံးရသည်အထိ ဖြစ်နိုင်ပါသည်။

သို့ပါသောကြောင့်
❗လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ
❗တစ်ကိုယ်ရေသန့်ရှင်းမှုကိုဂရုစိုက်ပါ
❗ရေကိုကြိုချက်၍သော်လည်းကောင်း ကျန်းမာရေးဌာန၏ ညွှန်ကြားချက် အတိုင်း ကလိုရင်းခပ်၍ သော်လည်းကောင်း အသုံးပြုပါ
❗အပြင်စာ စားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
❗အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
❗အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
❗ယင်နားစာများမစားပါနှင့်။
❗ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ

👩‍⚕️ ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင်တွင် ပြသနိုင်သော သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများအမျိုးသမီးကျန်းမာရေး၊ ကိုယ်...
11/08/2026

👩‍⚕️ ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင်တွင် ပြသနိုင်သော သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ

အမျိုးသမီးကျန်းမာရေး၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ သားဖွားမီးယပ်ဆိုင်ရာ စစ်ဆေးကုသမှုများကို အတွေ့အကြုံရှိသော အထူးကုဆရာဝန်ကြီးများနှင့် ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

👩‍⚕️ Dr. Htut Thiri San Thein
📅 Monday, Friday

👩‍⚕️ Dr. Aye Aye Than
📅 Sunday

👩‍⚕️ Dr. Khine Myat Min
📅 Wednesday, Friday

👩‍⚕️ Dr. Ohnmar Thwin
📅 Saturday

👩‍⚕️ Prof. Khin May Htwe
📅 Tuesday, Thursday

👩‍⚕️ Prof. Myint Thet Mon
📅 Wednesday, Saturday, Sunday

👩‍⚕️ Dr. Myat Noe Swe
📅 Monday, Wednesday, Friday

အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြသလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

👉 ဆက်သွယ်ရန် 👈

🏥 ပန်းလှိုင်အထူးကုဆေးခန်း – တော်ဝင်
📍 အမှတ် (၁၄/အေ)၊ တော်ဝင်လမ်း (သံတမန်လမ်းနှင့် တော်ဝင်လမ်းထောင့်)၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအနီး၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

🗺️ Maps: https://maps.app.goo.gl/Qgf1J5Dx8g2fFYgQA

📲 Mobile: 09 513 7812 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

📞 Hotline: 09 772 88 99 22 (ဆေးခန်းဖွင့်ချိန်အတွင်းသာ ဆက်သွယ်ရန်)

🕗 ဆေးခန်းဖွင့်ချိန်
နေ့စဉ် နံနက် (၈:၀၀) နာရီ မှ ည (၇:၀၀) နာရီ အထိ
(နေ့စဉ်ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်)

#အားလုံးယုံကြည်ရွေးချယ်ရာပန်းလှိုင်ဆေးရုံပါ

Address

No. 14/A, Taw Win Street (Corner Of Ambassador St And Taw Win St), Dagon Tsp
Yangon

Opening Hours

Monday 08:00 - 19:30
Tuesday 08:00 - 19:30
Wednesday 08:00 - 19:30
Thursday 08:00 - 19:30
Friday 08:00 - 19:30
Saturday 08:00 - 19:30
Sunday 08:00 - 19:30

Telephone

+9595137812

Alerts

Be the first to know and let us send you an email when Pun Hlaing Clinics Taw Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pun Hlaing Clinics Taw Win:

Shortcuts

Share