De Heus Myanmar Limited

Call Directions Website

De Heus Myanmar Limited အစာအရည်အသွေးတည်ငြိမ်ခြင်းမှသည် ယုံကြည်စိတ်အချရဆုံး မွေးမြူရေးအစာအမှတ်တံဆိပ်ဆီသို့။

Since 1911, from the grain mill in Barneveld the Netherlands, De Heus Animal Nutrition has grown into an international leading producer and exporter of complete ranges feeds, concentrates and premixes. Due to the rapid growth outside the Netherlands the De Heus Group is a global top-15 feed supplier with over 4,200 employees, represented in 50 countries. We have plants in The Netherlands, Poland, Czech Republic, Serbia, Portugal, Spain, Vietnam, Myanmar, Russia, Brazil, South Africa, Egypt and Ethiopia. Royal De Heus has been growing rapidly and is now a global top-15 feed supplier. De Heus focuses on producing high quality animal feeds for Pigs, Cattle, Poultry, (chicken, duck and quail) and Aqua (fish, shrimp…). We always aim to respond on time to the market requirements and customers’ demand. With a strong focus on innovation and feed efficiency, De Heus ensures that its customers receive the best and quickest technical support and helps them to reduce their cost price. We opened our first factory in Myanmar on 1 October 2016 and see plenty of opportunities in the Golden Land!

ဘဲဆိုတဲ့ သတ္တဝါက အင်မတန်ဂရုစိုက်ခံချင်တယ် အစားကောင်းစားချင်တယ်============================================= တချို့များကြ...
22/09/2026

ဘဲဆိုတဲ့ သတ္တဝါက အင်မတန်ဂရုစိုက်ခံချင်တယ် အစားကောင်းစားချင်တယ်

=============================================

တချို့များကြတော့လည်း ဘဲတော့ရှိပါရဲ့ ပိန်ကပ်ကပ်နဲ့ ဆေးကုသစရိတ်တွေကြောင့် စိတ်ဆင်းရဲရတဲ့သူတွေလည်းရှိကြတာပေါ့

ဒါကြောင့်မို့ ကိုယ့် ‘ဘဲ’ တွေကို နာမကျန်းမဖြစ်အောင်၊ အသားတိုးအောင် ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတဲ့ လျှို့ဝှက်ချက် နည်းလမ်းကောင်းပေးမယ်ဗျာ။

ဘဲပေါက်စအရွယ်မှာ ဒီဟတ်(စ်) 7750 ကို မပျက်မကွက် ကျွေးပေးရမယ်။ ဒီလိုမှ အရိုးအဆစ် သန်မာပြီး အတောင်အလက် စုံလင်အောင် အုတ်မြစ်ချနိုင်မယ့်အပြင် ကိုယ့်ဘဲလေးက ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပေါ့ဗျာ...

ကြီးလာရင်လည်း ဒီဟတ်(စ်) 7760 ပြောင်းကျွေးမယ်ဆိုရင် အချိန်တိုအတွင်း အသားတွေ ပြည့်ဖြိုး ဝိတ်တွေတဟုန်းဟုန်း တက်လာပြီး ကိုယ့်ဘဲကသူများဘဲတွေနဲ့မတူ တစ်မူထူးနေမှာပေါ့ဗျာ....

မွေးသမားတွေအနေနဲ့လည်း အကျိုးအမြတ်ရဖို့အရေးကြီးတာမို့ ကိုယ်ရွေးချယ်တဲ့အစာ အရည်အသွေးက ယုံကြည်စိတ်ချရဖို့လိုပါတယ်။

အသားတက်နှုန်းကောင်းပြီး စိတ်ချယုံကြည်ရတဲ့ဘဲစာရှာနေတဲ့ မွေးသမားတွေအတွက် ဒီဟတ်(စ်)ဘဲစာနဲ့ဆို အလေးချိန်တိုးသလို အကျိုးအမြတ်တွေလည်းတိုးစေမှာဖြစ်လို့ ဘဲရှိတဲ့ ကိုယ့်ဆရာသမားတို့ကို ဒီနည်းလမ်းကောင်းလေးပါး ပါရစေဗျာ။

🚀 အောင်မြင်တဲ့ အနာဂတ်ဆီ ကျွန်တော်တို့နဲ့အတူ ခြေလှမ်းသစ်စတင်လိုက်ပါ!‌ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံအခြေစိ...
19/09/2026

🚀 အောင်မြင်တဲ့ အနာဂတ်ဆီ ကျွန်တော်တို့နဲ့အတူ ခြေလှမ်းသစ်စတင်လိုက်ပါ!‌

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံအခြေစိုက် Multinational Company မှာ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့ သူတွေအတွက် De Heus Myanmar မှာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေကို ဖွင့်လှစ်ထားပါတယ်။

ကိုယ့်ရဲ့ အရည်အချင်းကို ဖော်ထုတ်ပြီး ပိုမိုတိုးတက်တဲ့ Career Journey တစ်ခုကို တည်ဆောက်ချင်သူများအတွက် အခုဖော်ပြထားတဲ့ QR Code ကတဆင့်လည်းလျှောက်ထားနိုင်သလို Email, ဖုန်းနံပါတ်တို့ကို ဆက်သွယ်မေးမြန်းပြီး တိုက်ရိုက်လျှောက်ထားလို့ရပါတယ်။‌

#အလုပ်အကိုင်အခွင့်အလမ်း

"နို့နဲ့ပဲရှင်းမယ်"====x====နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ အစာဖိုးကုန်ကျစရိတ်တွေကြောင့် ခေါင်းကိုက်နေစရာမလို...
08/09/2026

"နို့နဲ့ပဲရှင်းမယ်"
====x====

နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ အစာဖိုးကုန်ကျစရိတ်တွေကြောင့် ခေါင်းကိုက်နေစရာမလိုပါဘူး။ အဖြေက ရိုးရိုးလေးပါ "နို့နဲ့ပဲရှင်းလိုက်"

ဘာလို့လဲဆိုတော့ ဒီဟတ်(စ်) ရဲ့ 5971 နို့စားနွားစာကို စပြီးကျွေးလိုက်တာနဲ့ နို့စားနွားတွေရဲ့ နို့ထွက်နှုန်း နှစ်ဆတိုးထွက်လာမှာဆိုတော့ ဘာကုန်ကျစရိတ်တွေကိုတွေးပူနေစရာလိုတော့မှာလဲ။ "နို့နဲ့ပဲရှင်းလိုက်"

ဒါတင်မကသေးပါဘူး… ဒီဟတ်(စ်) 5971 က နွားတွေရဲ့ ကျန်းမာရေးကိုပါ ကောင်းမွန်စေလို့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် အရည်အသွေးကောင်းတဲ့ နို့တွေကိုလည်းရရှိမှာမို့လို့ နို့ဝယ်သူတွေရဲ့ ယုံကြည်မှုကိုလည်း ပိုမိုရရှိပြီး အမြတ်လည်းများလာမှာပါ။

"နို့နဲ့ရှင်းမယ်" ဆိုတာ ခဏခဏပြောနေလို့ တစ်မျိုးတော့ မထင်ကြပါနဲ့ဦး...
နို့ထွက်နှုန်းတွေတကယ်ကောင်းလို့ တခြားဘယ်နည်းနဲ့ရှင်းရမလည်းမသိတော့လို့ပါဗျာ ‌

#နို့စားနွားစာ #နွားစာ #နွားမွေးမြူရေး

04/09/2026

သင့်မိသားစုထမင်းဝိုင်းလေးပြည့်စုံဖို့ နောက်ကွယ်ကနေဘယ်သူတွေကြိုးစားနေကြသလဲ?
=====x=====x=====x=====
မိသားစုတွေစုံလင်စွာနဲ့ ဖြတ်သန်းရတဲ့ ထမင်းဝိုင်းလေးတွေဟာ ကျွန်တော်တို့ဘဝရဲ့ အနွေးထွေးဆုံးအချိန်လေးတွေပဲဖြစ်ပါတယ်။ ဒီလိုနွေးထွေးလုံခြုံတဲ့မိသားစုထမင်းဝိုင်းလေးတွေမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ အသား၊ ငါး၊ နို့နဲ့ ဥအမျိုးမျိုး စတဲ့ အစားအစာတွေရရှိဖို့ဆိုတာ အရမ်းကိုအရေးကြီးလှပါတယ်။
ဒါပေမယ့် ဒီလိုပြည့်စုံတဲ့ထမင်းဝိုင်းလေးတွေရဲ့ နောက်ကွယ်မှာ တစ်နေ့တခြားတိုးပွားလာနေတဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ နေ့မအား ညမနား ပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်နေကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ကြိုးစားမှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေအများကြီးရှိနေပါတယ်။
ဒီဟတ်(စ်)မြန်မာအနေနဲ့ ဒီလိုကြိုးပမ်းအားထုတ်နေကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ဘဝကိုမြှင့်တင်ပေးပြီး သူတို့ရဲ့ ကြိုးစားမှုတွေကို ကောင်းမွန်တဲ့အကျိုးအမြတ်တွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ အမြဲတမ်းရည်မှန်းထားလျက်ရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ သာမန်တိရစ္ဆာန်အစာထုတ်လုပ်သူအဖြစ်သာမကဘဲ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ယုံကြည်စိတ်ချရတဲ့ "Total Value Chain Partner" တစ်ဦးအဖြစ် အောင်မြင်စွာရပ်တည်လျက်ရှိနေပါပြီ။
ကျန်းမာသန်စွမ်းပြီး ဝိတ်တက်နှုန်းကောင်းတဲ့ ကြက်သားပေါက်နဲ့ဝက်သားပေါက်တွေကိုပံ့ပိုးပေးခြင်း၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှာရှိတဲ့ ခေတ်မီအစာစက်ရုံ (၃) ရုံမှတဆင့် အရည်အသွေးမြင့်မွေးမြူရေးအစာတွေ ထုတ်လုပ်ပေးခြင်းနဲ့ De Heus Food (DHF) လို နိုင်ငံတကာအဆင့်မီ GHP HACCP စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားတဲ့ အသားထုတ်လုပ်ရေးစက်ရုံတွေကနေတဆင့် ခိုင်မာတဲ့ဈေးကွက်တစ်ခုဖန်တီးပေးခြင်း စတဲ့ လုပ်ငန်းစဉ်အစအဆုံးကို အကောင်းဆုံးဖန်တီးချိတ်ဆက်ပေးထားနိုင်ခဲ့ပါပြီ။
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အာဟာရပြည့်ဝတဲ့ အသား၊ ငါး စတဲ့ အစားအစာတွေ ဘေးကင်းလုံခြုံစွာအမြဲမပြတ်ရရှိနိုင်စေဖို့အတွက် နောက်ကွယ်ကနေ အင်တိုက်အားတိုက်ကြိုးစားပေးနေကြတဲ့ မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးချင်းစီတိုင်းကို ဒီဟတ်(စ်)မြန်မာမှ အထူးပင်ဂုဏ်ယူလေးစားကြောင်းလည်းပြောကြားလိုပါတယ်ခင်ဗျာ။ မိသားစုတိုင်းရဲ့ ကြည်နူးစရာအချိန်လေးတွေတိုင်းအတွက် အကောင်းဆုံးနဲ့အသန့်ရှင်းဆုံး အာဟာရတွေကို ရရှိစေနိုင်ဖို့အတွက် ဒီဟတ်(စ်)မြန်မာနဲ့အတူ မြန်မာမွေးမြူရေးလုပ်ငန်းရှင်တွေပူးပေါင်းပြီး ကျွန်တော်တို့ ဘယ်လိုမျိုး ဖန်တီးပုံဖော်ပေးနေသလဲဆိုတာကို ဒီ Video လေးမှာအတူတူကြည့်ရှုလိုက်ကြပါစို့။
မြန်မာနိုင်ငံမွေးမြူရေးကဏ္ဍရဲ့ အောင်မြင်မှုဟာ ကျွန်တော်တို့ရဲ့ တိုးတက်မှုဖြစ်ပြီးတော့၊ မြန်မာ့မွေးမြူရေးလုပ်ငန်းရှင်များရဲ့ တိုးတက်ကြီးပွားမှုဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်ခင်ဗျာ။

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အသားတိုးကြက်မွေးမြူရေးဆိုင်ရာဆွေးနွေးဟောပြောပွဲ။======x==...
03/09/2026

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အသားတိုးကြက်မွေးမြူရေးဆိုင်ရာဆွေးနွေးဟောပြောပွဲ။
======x=====x=====x=====x
၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ (၂) ရက်နေ့မှာ ပြင်ဦးလွင်မြို့ကအသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် "အသားတိုးကြက်မွေးမြူရေးဆိုင်ရာဆွေးနွေးဟောပြောပွဲ" တစ်ခုကို "ခေတ်သစ်ဦးမွေးမြူရေးလုပ်ငန်းစု" KHIT THIT OO နှင့် "ဒီဟတ်(စ်)မြန်မာလီမိတက်" တို့ပူးပေါင်းကာ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်ခင်ဗျာ။
ဒီဟောပြောပွဲလေးဟာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုဖြစ်ပေမယ့် တက်ရောက်လာကြတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေအချင်းချင်း ရင်းနှီးနွေးထွေးစွာတွေ့ဆုံကွန်ရက်ချိတ်ဆက်နိုင်ခဲ့တဲ့ ပွဲလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ပွဲအတွင်းမှာ စိတ်အားထက်သန်စွာနဲ့ မေးခွန်းတွေ မေးမြန်းဆွေးနွေးခဲ့ကြပြီး၊ ဒီဟတ်(စ်)မြန်မာ မှ ကျွမ်းကျင်တိရစ္ဆာန်ဆေးကုဆရာဝန်များကလည်း သိလိုသမျှကိုစိတ်ရှည်လက်ရှည်နဲ့ ရင်းရင်းနှီးနှီးရှင်းလင်းဖြေကြားပေးခဲ့ကြပါတယ်။
ဒါ့အပြင် တက်ရောက်လာကြတဲ့မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် ကံစမ်းမဲအစီအစဉ်လေးတွေကိုလည်း ထည့်သွင်းပေးခဲ့တာကြောင့် ပျော်ရွှင်စရာကောင်းပြီး အကျိုးရှိတဲ့ အချိန်လေးတစ်ခု ဖန်တီးနိုင်ခဲ့တယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။

အခုလို တန်ဖိုးရှိတဲ့အချိန်တွေကိုပေးပြီး တက်ရောက်ပေးခဲ့ကြတဲ့ ပြင်ဦးလွင်မြို့က မွေးမြူရေးလုပ်ငန်းရှင်များအားလုံးကို "ခေတ်သစ်ဦးမွေးမြူရေးလုပ်ငန်းစု" နှင့် "'ဒီဟတ်(စ်)မြန်မာလီမိတက်" တို့မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်လည်း ဘယ်လိုအကျိုးရှိမယ့် ဆွေးနွေးပွဲလေးတွေကို ဘယ်မြို့တွေမှာ ဘယ်ခေါင်းစဉ်တွေနဲ့ပြုလုပ်ပေးစေချင်တယ်ဆိုတာကို ကော်မန့်မှာရေးသားပြောကြားပေးခဲ့နိုင်ပါတယ်ခင်ဗျာ။

"စိတ်ဓာတ်" ကျလို့ရတယ်။ "ဝိတ်" ကျလို့တော့မရဘူး။ ================x==============ကြက်တစ်ပိဿာဖြစ်ဖို့ ကုန်ကျတဲ့စရိတ်နဲ့ ကြက်...
31/08/2026

"စိတ်ဓာတ်" ကျလို့ရတယ်။ "ဝိတ်" ကျလို့တော့မရဘူး။
================x==============
ကြက်တစ်ပိဿာဖြစ်ဖို့ ကုန်ကျတဲ့စရိတ်နဲ့ ကြက်ဖမ်းဈေးတစ်ပိဿာဈေးနှုန်း ကွာဟလာတဲ့အခါ မွေးသမားတွေစိတ်ဓာတ်ကျတယ်ဆိုတာလည်း ဘယ်လိုမှငြင်းမရတဲ့အမှန်တရားပါ။
ဈေးကွက်ကအေးနေသလို မိုးလည်းမပြတ်သေးတာကြောင့် ဝယ်လိုအားတွေကျနေပြီးဖမ်းဈေးက "မြေအောက်ရထား" လိုအောက်မှာပဲရောက်နေတာကြောင့် မွေးသမားတွေ စိတ်ပျက်နေကြတဲ့အချိန်က အခုလိုအချိန်ပေ့ါဗျာ။ ဒါပေမယ့် အမှောင်ဆုံးညတွေကိုကူးဖြတ်ပြီးရင် ရောင်နီသန်းတဲ့နေ့သစ်တွေကိုကျွန်တော်တို့မြင်ရစမြဲပါပဲ။
ကိုယ့်ခြံထဲကအသားတိုးကြက်တွေ အဖိတ်အစင်နည်းပါးမယ်၊ ဝိတ်တန်းကလည်း ပြည့်မှီကျော်လွန်ပြီး အချိန်တိုတိုနဲ့ရောင်းထုတ်နိုင်မယ်ဆိုရင် အစာကျွေးရတဲ့ရက်နည်းသွားမှာဖြစ်လို့ အစာကုန်ကျစရိတ်သက်သာသွားမှာဖြစ်သလို ရောင်းထုတ်ချိန်မှာလည်း FCR ကောင်းကောင်းနဲ့ ဝိတ်စီး (ပိဿာချိန်မြင့်) တဲ့ ကြက်ကြီးတွေကိုရောင်းထုတ်နိုင်မှာဖြစ်ပါတယ်။
အစာမှအသားပြောင်းလဲနှုန်း (FCR) ကောင်းမွန်ပြီး၊ အသားတိုးမြန်၊ အလေးချိန်စီးတဲ့ ကြက်ကြီးတွေကိုရောင်းထုတ်ချိန်မှာရရှိချင်တယ်ဆိုရင်တော့ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဖက်က ယုံယုံကြည်ကြည်နဲ့စွဲစွဲမြဲမြဲသုံးစွဲရမယ့် အသားတိုးကြက်စာကတစ်မျိုးပဲရှိပါတယ်။ ဒီဟတ်(စ်) ရဲ့ 6010, 6020 နဲ့ 6030 ဆိုတဲ့အသားတိုးကြက်စာတွေပါပဲ။ ဒီကြက်စာတွေကို အစဉ်လိုက်သာသုံးစွဲပေးပါ။ ရောင်းထုတ်ချိန်မှာ ဝိတ်တန်းမြင့်မြင့်နဲ့ကြက်ကြီးတွေဖြစ်နေစေဖို့ ဒီဟတ်(စ်)ကတာဝန်ယူပါတယ်။
လက်ရှိသုံးနေတဲ့ကြက်စာက ဝိတ်မရလို့ ဝိတ်တက်တဲ့ ဒီဟတ်(စ်) ကြက်စာကိုပြောင်းသုံးချင်တာပဲဖြစ်ဖြစ်၊ လက်ရှိဝယ်သုံးနေပြီး အစာထပ်မံဝယ်ယူချင်လို့စုံစမ်းချင်တာပဲဖြစ်ဖြစ် ကော်မန့်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်နဲ့ လင့်ခ်တွေကနေတဆင့်ဝယ်ယူရရှိနိုင်ပါမယ်ခင်ဗျာ။

#ကြက်စာ #အသားတိုးကြက်စာ #ကြက်မွေးမြူရေး

အခုလို အသားတွေတိုးအောင် အလေးတွေမစရာမလိုဘူးနော်... မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့  ခြံထဲကဝက်တွေ ကျန်းမာဝဖြိုးပြီး အသားတိုးဖ...
27/08/2026

အခုလို အသားတွေတိုးအောင် အလေးတွေမစရာမလိုဘူးနော်...

မွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ခြံထဲကဝက်တွေ ကျန်းမာဝဖြိုးပြီး အသားတိုးဖို့ ဒီဟတ်(စ်) ကိုသာ ယုံကြည်လိုက်တော့ဗျာ...
ကြည့်လိုက်ပါဦး... Gym ဆော့ထားတာမဟုတ်ဘူးနော် ဒီဟတ်(စ်) စားထားလို့ သန်မာနေတာပါ။ အခုပဲကြည့်လေ အစာအိတ်ကို ပုခုံးပေါ်တင်ထားတာတောင် ပေါ့ပေါ့ပါးပါးပဲဗျာ... 😄

ဝက်မွေးမြူရေးမှာ အမြတ်ကောင်းကောင်းရဖို့ဆိုတာ ဝက်ဖမ်းစျေးကောင်းဖို့ အရေးကြီးပါတယ်။ အဲ့ဒီလိုပဲ ဝက်ဖမ်းဈေးကောင်းတဲ့အချိန်မှာ ကိုယ့် ခြံထဲကဝက်တွေကလည်း အလေးချိန်ပြည့်ပြီး ကျန်းမာကြံ့ခိုင်နေဖို့ ပိုအရေးကြီးပါတယ်။ ဝက်ထုတ်ခါနီးရောက်မှ အလေးချိန်မမီတာ၊ ကြီးထွားနှုန်းနောက်ကျတာ၊ ရောဂါဒဏ်ခံနေရတာမျိုးတွေ ဖြစ်လာရင် စိတ်ပင်ပန်းရုံသာမက အမြတ်အစွန်းကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဝက်ငယ်ကနေ ဝက်ထုတ်ချိန်အထိ De Heus ရဲ့ 3835, 3845 နဲ့ 3855 အသားတိုးဝက်စာတွေကို အဆင့်လိုက်အသုံးပြုပေးမယ်ဆိုရင် ကြီးထွားနှုန်းကောင်းလာပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အားပေးနိုင်မှာ ဖြစ်ပါတယ်။ အာဟာရပြည့်ဝစွာ ရရှိတာကြောင့် ရာသီဥတုဒဏ်နဲ့ ရောဂါဒဏ်တွေကိုလည်း ပိုမိုခံနိုင်ရည်ရှိလာစေပါတယ်။

ဝက်ဖမ်းစျေးတွေတက်လာမယ့်အချိန်မှာ ကြီးထွားနှုန်းကောင်းကောင်းနဲ့ ထုတ်ရောင်းနိုင်စေဖို့အတွက်အခုပဲ ယုံကြည်စိတ်ချရတဲ့ ဒီဟတ်(စ်)နဲ့ စတင်လိုက်ပါ။


#ဝက်စာ #အသားတိုးဝက် #ဝက်မွေးမြူရေး

ဒီဟတ်(စ်)မြန်မာနှင့်လက်တွဲလုပ်ကိုင်ရန်အတွက် လစ်လပ်လျက်ရှိသော အလုပ်အကိုင်အခွင့်အလမ်းများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ စိတ...
24/08/2026

ဒီဟတ်(စ်)မြန်မာနှင့်လက်တွဲလုပ်ကိုင်ရန်အတွက် လစ်လပ်လျက်ရှိသော အလုပ်အကိုင်အခွင့်အလမ်းများကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားလို့လျှောက်ထားချင်သူတွေအနေနဲ့ QR Code ကို Scan ဖတ်ပြီး တိုက်ရိုက်လျှောက်ထားနိုင်သလို ဖော်ပြထားတဲ့ ဖုန်းနံပါတ်နှင့်E-Mail လိပ်စာများမှတဆင့်လည်း တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

"သင့်ရဲ့တောက်ပတဲ့အနာဂတ်ကို ဒီဟတ်(စ်)မြန်မာနဲ့အတူလက်တွဲဖော်ဆောင်လိုက်ပါ"

#အလုပ်အကိုင်အခွင့်အလမ်းများ

ခိုင်မာတဲ့မိတ်ဖက်ဆက်ဆံရေး (Strong Partnerships) တွေဟာ စီးပွားရေးရေရှည်တိုးတက်အောင်မြင်မှုအတွက် အဓိကမောင်းနှင်အားပဲဖြစ်ပါ...
10/08/2026

ခိုင်မာတဲ့မိတ်ဖက်ဆက်ဆံရေး (Strong Partnerships) တွေဟာ စီးပွားရေးရေရှည်တိုးတက်အောင်မြင်မှုအတွက် အဓိကမောင်းနှင်အားပဲဖြစ်ပါတယ်။
=======x=======x=======x=======x
ကျွန်တော်တို့ဒီဟတ်(စ်)မြန်မာအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၈) ရက်နေ့မှာ ကျွန်တော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ စီးပွားဖက် Supplier မိတ်ဆွေများနဲ့အတူ "Supplier Appreciation Event 2026" ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
မွေးမြူရေးကဏ္ဍအရည်အသွေးမြင့်မားရေးအတွက် အစဉ်တစိုက် အတူလက်တွဲကြိုးပမ်းပေးခဲ့ကြသော Supplier မိတ်ဆွေများကို အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားပေးရင်း ဒီဟတ်(စ်)မြန်မာ၏ ရှေ့ဆက်သွားမည့် စီးပွားရေးလမ်းကြောင်းများနှင့်အတူ ကုမ္ပဏီ၏ အနာဂတ်ရည်မှန်းချက်များနှင့် စီးပွားရေးဆိုင်ရာ ဦးတည်ချက်များကို ပွင့်လင်းမြင်သာစွာမျှဝေဆွေးနွေးခဲ့ကြပါတယ်။ Supplier Code of Conduct အဖြစ် တာဝန်ယူမှု၊ တာဝန်ခံမှု၊ သမာသမတ်ကျမှုနှင့် လုပ်ငန်းခွင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ပိုမိုခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေး တည်ဆောက်နိုင်ရန် ပွင့်လင်းစွာဖြင့်ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
ဒီဟတ်(စ်)မြန်မာအနေနဲ့ ရေရှည်တည်တံ့ပြီး ယုံကြည်စိတ်ချရတဲ့မိတ်ဖက်ဆက်ဆံရေးကို အစဉ်အမြဲတန်ဖိုးထားပါတယ်။ မိတ်ဆွေ Supplier များ၏ အစဉ်တစိုက်ပံ့ပိုးကူညီမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပြီး ရှေ့ဆက်ပြီးတော့လည်း တိုးတက်အောင်မြင်မှုများကို အတူတကွ ပုံဖော်သွားပါမှာဖြစ်ပါတယ်။
ယခုအခမ်းအနားကို တက်ကြွစွာပါဝင်ပေးခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများနှင့် Supplier တစ်ယောက်ချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

စိတ်ပါဝင်စားသူများလျှောက်ထားနိုင်ပါပြီ။ =====x=====x=====x=====ဒီဟတ်(စ်)မြန်မာ မှ လက်ရှိခေါ်ယူလျက်ရှိနေသာ အလုပ်အကိုင်အခွ...
05/08/2026

စိတ်ပါဝင်စားသူများလျှောက်ထားနိုင်ပါပြီ။
=====x=====x=====x=====
ဒီဟတ်(စ်)မြန်မာ မှ လက်ရှိခေါ်ယူလျက်ရှိနေသာ အလုပ်အကိုင်အခွင့်အလမ်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံအခြေစိုက် Multi National Company တစ်ခုမှာအလုပ်လုပ်ကိုင်ရင်း မိမိရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ ဖော်ပြထားတဲ့ E-Mail လိပ်စာ၊ ဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းနိုင်သလို QR Code ကို Scan ဖတ်ပြီးတော့လည်း CV Form နဲ့တကွ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

#အလုပ်အကိုင်အခွင့်အလမ်း

Address

Plot No. 306, 307, 308, Myaung Dakar Steel Industrial Zone, Hmawbi Township, Yangon Region
Yangon
11201

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00

Telephone

+959420038474

Alerts

Be the first to know and let us send you an email when De Heus Myanmar Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category