SSC - Shwe Gon Dine Hospital

Call Directions Website Contact the practice

SSC - Shwe Gon Dine Hospital SSC is one of the best 200-bedded multi-specialty private hospitals in Myanmar.

✨World Physical Therapy Day ✨၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့သည် World Physical Therapy Day အကြော၊ အဆစ်ဆိုင်ရာပြန်လည်သန...
08/09/2026

✨World Physical Therapy Day ✨
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့သည် World Physical Therapy Day အကြော၊ အဆစ်ဆိုင်ရာပြန်လည်သန်စွမ်းရေးနေ့ ဖြစ်ပါတယ် … ဒါ့အပြင် လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော နိုင်ငံအသီးသီးရှိ 𝐏𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐢𝐬𝐭𝐬 အကြော၊ အဆစ်ပညာရှင်များအားလုံးကို SSC ဆေးရုံ မှ လေးစားဂုဏ်ယူစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်...
✅Physical Therapy ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာခြေလက်အင်္ဂါများ အားနည်း၍ ပုံမှန်လှုပ်ရှားမှုများ မလုပ်ဆောင်နိုင်သူများအတွက် အကူအညီမပါဘဲ ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ဆောင်နိုင်ရန်၊ နောက်ဆက်တွဲရောဂါဆိုးကျိုးများမှ ကာကွယ်နိုင်ရန်၊ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် ကျွမ်းကျင်သူ Physiotherapists များမှ ခေတ်မီအထောက်အကူပြု စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများ ဖြင့် စနစ်တကျ လေ့ကျင့်ကုသပေးခြင်း ဖြစ်ပါတယ်။
SSC ဆေးရုံကြီး၏ အကြော၊ အဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဌာန (Physiotherapy and Rehabilitation Unit) တွင် ကျွမ်းကျင်၍ အတွေ့အကြုံပြည့်ဝသော ဝါရင့်ပညာရှင်များမှ ခေတ်မီအထောက်အကူပြု စက်ကိရိယာပစ္စည်းများအားအသုံးပြု၍ ပြန်လည်သန်စွမ်းရေး ကာယလေ့ကျင့်ခန်းကုထုံးများအား ဆောင်ရွက်ပေးလျက်ရှိပါတယ်...

အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက
☎️ဖုန်းနံပါတ် ၀၉-၇၆၅ ၆၅၃ ၇၆၁ မှ ၇၆၅ လိုင်းခွဲ (၁၃၁) သို့ မနက်(၇)နာရီ မှ ညနေ (၅)နာရီ အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📍လိပ်စာ - အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

Welcome from SSC Team!Job Vacancy Announcement"IT Technician" (M/F - 2 Post)💢 အလုပ်ရာထူးအတွက် လိုအပ်ချက်များ-  Bachelor’...
12/08/2026

Welcome from SSC Team!
Job Vacancy Announcement

"IT Technician" (M/F - 2 Post)

💢 အလုပ်ရာထူးအတွက် လိုအပ်ချက်များ
- Bachelor’s degree holder and other relate qualifications will be advantaged
- 1 to 2 Years of Professional working experience
- Prepare monthly report and regular follow-up on outstanding IT activities and the status of the implementation of the user requests and key findings.
- Installing and configuration client computer hardware system and applications
- Provide help desk and on-site technical support of both hardware and software.
- Troubleshooting system and network problems and diagnosing and solving hardware or software faults.
- To be performed as per the management decision on special assignment.
- Hands-on experience with troubleshooting and repairing complex IT issues.
- Able to meet deadlines Integrity and professional ethics
- Previous working experience in IT help desk and onsite support will be an advantage

** လုပ်ငန်းအတွေ့အကြုံပေါ်မူတည်၍ ရာထူးလစာများကို ညှိနှိုင်းပေးသွားမည်ဖြစ်ပါသည်***

❗️Closing Date : 27th August 2026

💢 ‌ ေလျှာက်ထားလိုသူများသည်
လူကိုယ်တိုင်သော်လည်းကောင်း
email – [email protected] သို့လည်းကောင်း
✅ ကိုယ်ရေးရာဇဝင် (CV Form)
✅ နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည် ရောင်စုံ ဓါတ်ပုံ (၃) ပုံ
✅ သက်ဆိုင်ရာ ဘွဲ့လက်မှတ်မိတ္တူ
✅ ပညာအရည်အချင်းနှင့် ပတ်သက်သည့် အထောက်အထားများ
✅ မှတ်ပုံတင်၊ သန်းခေါင်စာရင်းမိတ္တူ တို့အား ပူးတွဲ ပေးပို့ရမည်ဖြစ်သည်််


☎️ အသေးစိတ်မေးမြန်းလိုပါက - 09-765653761~5 (Ext: 102)

📍 အမှတ် ၇၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
--------------------------



---------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

SSC ဆေးရုံကြီး၏ ဖုန်းလိုင်းအချို့ ပြတ်တောက်မှုများကြောင့် ဖုန်းခေါ်ဆိုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်နေသည့်အတွက် အနူးအညွ...
10/08/2026

SSC ဆေးရုံကြီး၏ ဖုန်းလိုင်းအချို့ ပြတ်တောက်မှုများကြောင့် ဖုန်းခေါ်ဆိုရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်နေသည့်အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်…🙏🏻

▫️

☎ 01-541457, 542400, 542622, 544116, 544128, 545909, 8603618, 8603619 ဖုန်းနံပါတ်များအား ခေါ်ဆို၍ မရပါက

အောက်ပါ ယာယီ Hot-Line ဖုန်းနံပါတ်များသို့

☎ 09-765 653 761~5
☎ 09-449 111 199

ခေါ်ဆိုပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်...

▫

📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်




---------------------------
Follow us on Facebook --> https://www.facebook.com/sscmed
Follow us on Instagram --> https://www.instagram.com/sschospital/
Google Profile --> https://g.page/sschospital?we
Website --> http://www.pinlongrouphospitals.com/ssc-hospital

🌏🫁𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 | ကမ္ဘာ့အဆုတ်ကင်ဆာနေ့𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫.✅နှစ်စဉ် သြဂုတ်လ ၁ ရက်နေ့ ကို ကမ္ဘာ့အဆုတ်ကင်ဆာ...
01/08/2026

🌏🫁𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 | ကမ္ဘာ့အဆုတ်ကင်ဆာနေ့
𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫.
✅နှစ်စဉ် သြဂုတ်လ ၁ ရက်နေ့ ကို ကမ္ဘာ့အဆုတ်ကင်ဆာနေ့ (𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲) အဖြစ် သတ်မှတ်ထား 𝐥𝐮𝐧𝐠 𝐜𝐚𝐧𝐜𝐞𝐫 (အဆုတ်ကင်ဆာ) အကြောင်း အသိပညာပေးရန်နှင့် ကာကွယ်ကုသရေးဆိုင်ရာ များကို လူထုသိရှိစေရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်ရှင်။ ဒီနှစ်ရဲ့ 𝐖𝐨𝐫𝐥𝐝 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 𝐓𝐡𝐞𝐦𝐞 လေးကတော့ 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐭𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐮𝐧𝐠 𝐂𝐚𝐧𝐜𝐞𝐫" (အဆုတ်ကင်ဆာကို အတူတကွ ရင်ဆိုင်ကျော်လွှားစို့) ပဲ ဖြစ်ပါတယ်ရှင်။
အဆုတ်ကင်ဆာရောဂါသည် ကမ္ဘောပေါ်တွင် ဖြစ်ပွားမှု အများဆုံးကင်ဆာရောဂါများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အမျိုးသားတွေမှာ အဖြစ်များသော်လည်း အမျိုးသမီးတွေမှာလည်း ဖြစ်ပွားနိုင်ပါသည်။ ထို့ကြောင့် အဆုတ်ကင်ဆာရောဂါကို မဖြစ်ခင်ကပင် ကြိုတင်သိရှိကာကွယ်ရန် အတွက် အသိပညာဗဟုသုတမျှဝေခြင်း များကို ပြုလုပ်ကြပါသည်။
ထို့ကြောင့် လူတိုင်းသည် အဆုတ်ကင်ဆာ ရှိ၊မရှိ သိရှိနိုင်ရန် အဆုတ်ကင်ဆာရဲ့ လက္ခဏာရပ်များကို သိရှိရန် လိုအပ်ပါတယ်။
အဆုတ်ကင်ဆာရောဂါရဲ့ ကနေဦးလက္ခဏာများမှာ-
🔸မောပန်းနွမ်းနယ်ခြင်း
🔸 အဆက်မပြတ် ချောင်းဆက်တိုက်ဆိုးခြင်း
🔸 အသက်ရှုမဝခြင်း
🔸ရင်ဘတ်အောင့်ခြင်း
🔸 ရုတ်တရက် ခန္ဓာကိုယ်အလေးချိန်သိသိသာသာ လျော့ကျလာခြင်း
🔸မကြာခဏ ခေါင်းကိုက်ခြင်း နှင့် အရိုးအဆစ်များနာကျဉ်ခြင်း
🔸 ချောင်းဆိုးသွေးပါခြင်း
🔸ထိခိုက်ဒဏ်ရာမရရှိပဲ အလိုလိုပုခုံးထိပ်နာခြင်း
🔸အသက်ရှုသံ ပုံမှန်မဟုတ်ခြင်း
🔸ရုတ်တရက်စကားပြောသံပြောင်းလဲသွားခြင်း တို့ဖြစ်ပါသည်။

အဆုတ်ကင်ဆာကို ကာကွယ်နိုင်မည့် နည်းလမ်းများ
🔹ဆေးလိပ် မသောက်ခြင်း။
🔹ဆေးလိပ်ငွေ့၊ မီးခိုးငွေ့များကို တတ်နိုင်သမျှ မရှုမိအောင် ဂရုစိုက်ခြင်း။
🔹 တစ်နှစ်လျှင် အနည်းဆုံး (၁) ကြိမ် Medical Check-up ပြုလုပ်စစ်ဆေးခြင်း။
🔹 ကင်ဆာဖြစ်စေသော ဓါတု ဓာတ်ပေါင်းများနှင့် မထိခိုက်မိအောင် အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်း။
အဆုတ်ကင်ဆာရောဂါလက္ခဏာများခံစားရပါက အောက်ပါနည်းလမ်းများဖြင့် ကင်ဆာရောဂါ ဟုတ် မဟုတ်တိကျစွာ စစ်ဆေးနိုင်ပါသည်။
✅Low Dose CT Scan (ကွန်ပြူတာဓာတ်မှန်ရိုက်ကူးခြင်း)
✅ရင်ဘတ်ဓာတ်မှန် (Chest X-ray)
✅သလိပ်စစ်ဆေးခြင်း
✅အသားစယူခြင်း
**ကင်ဆာရောဂါ အဓိကဖြစ်ပွားရသောအကြောင်းအရင်းမှာ ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ကို များစွာရှုရှိုက်ရခြင်းတို့ဖြစ်ပါတယ်။ မိဘပြည်သူများအနေဖြင့် အဆုတ်ကင်ဆာရောဂါလက္ခဏာများကို ကြိုတင်သိရှိပြီး သတိပြုဆင်ခြင်နိုင်ကြစေဖို့ ရွှေဂုံတိုင်ဆေးရုံမှ အသိပညာမျှဝေအပ်ပါတယ်ရှင်။

🌕ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့  🌕 “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လဝါဆို”မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည်...
29/07/2026

🌕ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕
“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လဝါဆို”

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဗုဒ္ဓဟူးနေ့) သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ ဓမ္မစကြာ အခါတော် ဝါဆိုလပြည့်နေ့ဖြစ်ပြီး မိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်တရားပွားများကာ မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဖြစ်ပါစေကြောင်း ရွှေဂုံတိုင်ဆေးရုံမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

🌏 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲 (𝟐𝟖.𝟕.𝟐𝟎𝟐𝟔)✨"𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬: 𝐋𝐞𝐭'𝐬 𝐁𝐫𝐞𝐚𝐤 𝐈𝐭 𝐃𝐨𝐰𝐧" ✅ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day)...
28/07/2026

🌏 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲 (𝟐𝟖.𝟕.𝟐𝟎𝟐𝟔)✨
"𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬: 𝐋𝐞𝐭'𝐬 𝐁𝐫𝐞𝐚𝐤 𝐈𝐭 𝐃𝐨𝐰𝐧"
✅ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day) ကို နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့ တွင် ကျင်းပကြပါတယ်။ ဒီနေ့ကို နှစ်စဉ် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အသည်းရောင်အသားဝါရောဂါနဲ့ ပတ်သက်ပြီး လူတွေပိုမိုသိရှိလာစေဖို့ ကာကွယ်ခြင်း၊ စစ်ဆေးခြင်းနဲ့ ကုသခြင်းတွေကို အရှိန်မြှင့်တင်ဖို့လုပ်ဆောင်ရန်အတွက် ဖြစ်ပါတယ်ရှင် ။
✅၂၀၂၆ ခုနှစ် ဒီနှစ်ရဲ့ ဆောင်ပုဒ် (Theme) ကတော့ "Hepatitis: Let's Break It Down" အသည်းရောဂါနှင့် အသည်းကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ရာတွင်အတားအဆီးများကိုတိုက်ဖျက်ဖယ်ရှားရမည်ဖြစ်ကြောင်းတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကြိုတင်ကာကွယ်ရေးများပြုလုပ်ခြင်းသည် သင်ကိုယ်တိုင်နှင့် သင့်မိသားစုကို အသည်းရောင်အသားဝါရောဂါမှ ကာကွယ်ရန် အဓိကသော့ချက်ဖြစ်ယုံသာမက အနာဂတ်တွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့ဖြင့် အသည်းရောင်အသားဝါရောဂါ ကင်းစင်၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ရွှေဂုံတိုင်ဆေးရုံ (SSC Hospital) မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။




Welcome from SSC Team!📣 Job Vacancy Announcement👨⚕️ Medical Officer - 5 Posts (Full Time/Part Time)👉 Requirement – M.B.,...
21/07/2026

Welcome from SSC Team!
📣 Job Vacancy Announcement
👨⚕️ Medical Officer - 5 Posts (Full Time/Part Time)
👉 Requirement – M.B.,B.S
✅ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁ - ၂) မှစတင်၍လျှောက်ထားနိုင်ပါသည်၊၊
✅ ဆမသက်တမ်းရှိ လက်ဝယ်ကိုင်ဆောင်ထားသူဖြစ်ရမည်၊၊

ရွှေဂုံတိုင် ဆေးရုံကြီးကို ရွေးချယ်ခြင်းဖြင့် ရရှိနိုင်သော ခံစားခွင့်များ
⇒ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ ထိုက်တန်သော လစာအပြင် လစဉ် pool ခံစားခွင့်များရရှိခြင်း။
⇒ ဆေးပညာပိုင်းဆိုင်ရာ စဉ်ဆက်မပြတ် CME များ တက်ရောက်ရန် အခွင့်အရေးရရှိခြင်း။
⇒ Duty ချိန်များညှိနှိုင်းနိုင်ခြင်း။
⇒ ဝန်ထမ်းကိုယ်တိုင်နှင့် မိသားစုဝင်များအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းသက်သာခံစားခွင့်။
*********************************************
စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများသည် ရွှေဂုံတိုင် ဆေးရုံ HR ဌာနတွင်သော်လည်းကောင်း၊ email မှတစ်ဆင့်သော်လည်းကောင်း အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြ လျှောက်ထားနိုင်ပါသည်။
1️⃣ သက်ဆိုင်ရာဘွဲ့လက်မှတ်မိတ္တူ။
2️⃣ သက်ဆိုင်ရာ လိုင်စင်မိတ္တူ။
3️⃣ နှစ်လအတွင်းရိုက်ကူးထားသော တစ်လက်မပတ်လည်ရောင်စုံဓာတ်ပုံ (၂)ပုံ။
4️⃣ သက်ဆိုင်ရာပညာအရည်အချင်း နှင့် ပတ်သက်သည့်အထောက်အထားများ။
5️⃣ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ။
☎️အသေးစိတ်မေးမြန်းလိုပါက - 01-8603618~19 (Ext: 102) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်…
(နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း)
📍 အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊
ရန်ကုန်၊၊
📨 Email – [email protected]

🩸𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 🩸𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 𝐎𝐧𝐞 𝐃𝐫𝐨𝐩 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐲. 𝐆𝐢𝐯𝐞 𝐁𝐥𝐨𝐨𝐝. 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬.✅၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျ...
14/06/2026

🩸𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 🩸
𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔
𝐎𝐧𝐞 𝐃𝐫𝐨𝐩 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐲. 𝐆𝐢𝐯𝐞 𝐁𝐥𝐨𝐨𝐝. 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬.

✅၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့‌သွေးလှူရှင်များနေ့ကို ပင်လုံဆေးရုံများအုပ်စုမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွန်မြတ်လှသော သွေးလှူရှင်များနှင့် ရွှေဂုံတိုင်ဆေးရုံ (SSC) တွင် လာရောက်လှူဒါန်းသောသွေးလှူရှင်များအား လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။ 🥰


🎗🎊ကင်ဆာရောဂါကို ကုသအောင်မြင်ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သောအောင်မြင်မှုတစ်ခုဖြစ်သည်။ အခက်အခဲများကို ကျော်ဖြတ်ပြီး မိမိတို့၏...
07/06/2026

🎗🎊ကင်ဆာရောဂါကို ကုသအောင်မြင်ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သောအောင်မြင်မှုတစ်ခုဖြစ်သည်။ အခက်အခဲများကို ကျော်ဖြတ်ပြီး မိမိတို့၏ နေ့စဉ်ဘဝ ပြန်လည်ရရှိသည်ကို လက်တွေ့ပြသလိုသော အားကျစေလိုသော ရည်ရွယ်ချက်ဖြင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် ဇွန်လ ပထမပတ်၏ တနင်္ဂနွေနေ့ကို National Cancer Survivors Day (ကင်ဆာရောဂါ ကုသအောင်မြင်ခဲ့ကြသူများနေ့) အဖြစ် သတ်မှတ်ကျင်းပကြပါသည်။

ထိုနေ့တွင် ကင်ဆာကုသခြင်းနှင့် ပတ်သက်၍ မိမိတို့ ဘဝတွင် တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ကင်ဆာ ကုသပျောက်ကင်း ပြီးနောက် ပြန်လည်ရရှိလာသော မျှော်လင့်ချက်ရောင်ခြည်များ၊ အကျိုးကျေးဇူးများအကြောင်းကို မျှဝေခြင်းများ ပြုလုပ်ကြပါသည်။

ထို့ကြောင့် ကင်ဆာရောဂါကုသမှုအောင်မြင်ခဲ့သူများနှင့် ယခုဆေးကုလျက်ရှိသော ကင်ဆာရောဂါဝေဒနာရှင်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်းသုခနှင့်ပြည့်စုံကြပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🥰




--------------------------------------

✨သင်နှင့်သင့်မိသားစုအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ပါ✨ 🦟ပြင်းထန်အဆင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ လိုအပ်သော ဆေးကုသ...
03/06/2026

✨သင်နှင့်သင့်မိသားစုအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ပါ✨

🦟ပြင်းထန်အဆင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၍ လိုအပ်သော ဆေးကုသမှုများခံယူရန် နောက်ကျခဲ့ပါက သေဆုံးနိုင်ချေနှုန်းသည် ၂၅ % မှ ၅၀ % အထိ ရှိနိုင်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် Dengue Virus ရောဂါပိုးကိုသယ်ဆောင်လာသော အေးဒီးစ်ခြင် (Aedes Mosquito) ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားပါသည်။

သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် “ခြင်” အကိုက်မခံပါနှင့်…

☎ Ph: 01-541457, 542400, 542622, 544116, 544128, 545909, 8603618~19, 09-765653761~5, 09-449111199
📍အမှတ် (၇)၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။




---------------------------

Address

No. (7), East Shwe Gone Daing Road, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when SSC - Shwe Gon Dine Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to SSC - Shwe Gon Dine Hospital:

Shortcuts

Share

Category