Chal's Destiny Consultation

Chal's Destiny Consultation My revelation is to help you & solve your problems by divine energy 💜✨

ကိုယ်မလုပ်နိူင်တဲ့ ကိစ္စတွေမှာ "ရတယ် ဘာမှမဖြစ်ဘူး ကိုကိုရှိတယ်" ဆိုပြီး အားပေးတတ်သလိုကိုယ်လုပ်နိူင်တဲ့ ကိစ္စရပ်လေးတွေမှာ...
13/04/2026

ကိုယ်မလုပ်နိူင်တဲ့ ကိစ္စတွေမှာ "ရတယ် ဘာမှမဖြစ်ဘူး ကိုကိုရှိတယ်" ဆိုပြီး အားပေးတတ်သလို

ကိုယ်လုပ်နိူင်တဲ့ ကိစ္စရပ်လေးတွေမှာလည်း
သေးသေးလေးကအစ အသိအမှတ်ပြု ဂုဏ်ယူပေးတာမျိုး💛✨

ဒါကို Emotional support လို့ ခေါ်တယ်။

တစ်ချို့ ယောကျာ်းတွေကလေ မိန်းမတစ်ယောက် သူတို့ထက် အောင်မြင်သွားမှာ၊ တော်သွားမှာ သိပ့်ကြောက်ကြတာ၊
မင်းက အဲ့ဒါလေးများ ဘာမှမဟုတ်တာလေးကို
ဘယ်သူတွေ ဘယ်သူ့မိန်းမဆို ဘယ်လိုလုပ်နိူင်တာ စသည်ဖြင့် မနာလိုတတ်ကြတယ်ပေါ့နော်

အမျိုးသမီးတွေဆိုတာ ကိုယ့်ဘာသာ ဘယ်လောက်ပဲတော်နေ၊ လုပ်နိူင်နေပါစေ
ကိုယ့်ချစ်သူကများ အဲ့လိုလေး ချီးကျူးပေးရင်
ငယ်ငယ်က အတန်းမှာ ဆုချခံရတဲ့ ကလေးတစ်ယောက်လိုပျော်တတ်တာ ကိုယ်တွေအမျိုးသမီးတွေသာအသိဆုံးနော်။ ဒါက Relationship တွေ အတူ Glow upဖြစ်ဖို့ အခြေခံအချက်ဆိုလည်းမမှားဘူး။

ဒါ့ကြောင့် အမျိူးသားတွေကလည်း ကိုယ့်ကောင်မလေးအတွက် ဂုဏ်ယူပေးနိူင်တဲ့စိတ်ထားများ ပိုင်ဆိုင်နိူင်ကြပါစေ
အမျိုးသမီးလေးတွေကလည်း ကိုယ့်အတွက် ဂုဏ်ယူပေး၊အသိအမှတ်ပြုပေးတဲ့ အမျိုးသားကိုသာ ရွေးချယ်နိူင်ကြပါစေလို့ ဆုတောင်းရင်း

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်အခါသမယလေး ဖြစ်ပါစေရှင့်

🎀✨

လူတစ်ယောက်ကို mood on နိူင်ဖို့......ဒီလူ မပါဘဲလည်း ကိုယ့်ဘ၀ကို ရှေ့ဆက်နိူင်တယ်လို့ တွေးနိူင်သွားတဲ့အခါ၊ လက်ခံသွားတဲ့အခါ...
29/03/2026

လူတစ်ယောက်ကို mood on နိူင်ဖို့......

ဒီလူ မပါဘဲလည်း ကိုယ့်ဘ၀ကို ရှေ့ဆက်နိူင်တယ်လို့ တွေးနိူင်သွားတဲ့အခါ၊ လက်ခံသွားတဲ့အခါ အဲ့ဒါ mood onနိူင်သွားတယ်လို့ ဆိုရမှာပါ။

ကျွန်မတို့က ချစ်မိရင် ဒီလူနဲ့ပဲ အတူရှိချင်ကြတယ်။ ဒီလူနဲ့ပဲ လောကဓံရဲ့ အေးအတူ ပူအမျှကို ရင်ဆိုင်လိုကြတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ရှေ့ဆက်ရမယ့်ဘ၀မှာ သူမရှိတော့ဘူး၊ ချစ်ရတဲ့သူ မပါတော့ဘူးဆိုတဲ့ အသိက အတော်လေး စိတ်သောက ရောက်စေပါတယ်။ဒါကိုပဲ အသဲကွဲတယ်လို့ ခေါ်မလားပဲနော်

အဲ့ဒါကြောင့် လူတစ်ယောက်ကို ဘ၀ထဲက ထုတ်ပစ်ချင်ရင် "ရတယ်၊ ငါ့ဘ၀မှာ နင်မရှိလည်းဖြစ်တယ်၊ ငါတစ်ယောက်တည်းလည်း ရှေ့ဆက်နိူင်တယ်" လို့‌ရအောင်တွေး၊ လက်ခံဖို့ကြိုးစား။ အဲ ... ဆုံးဖြတ်နိူင်သွားရင်တော့
ဒီလူကို ကျွန်မတို့ အသေအချာကို ဘ၀ထဲက ထုတ်ပယ် mood onလိုက်တာပါပဲ...

❤️‍🔥

🌊Today Message 🌊ဒီနေ့မှာ Fbသုံးရင်းနဲ့ပဲဖြစ်ဖြစ်၊ တစ်နေရာရာကနေ ကမ်းခြေနဲ့ သက်ဆိုင်နဲ့ ပုံလေး၊ video လေးတွေ့ရခဲ့ရရင် ဒီ m...
22/03/2026

🌊Today Message 🌊

ဒီနေ့မှာ Fbသုံးရင်းနဲ့ပဲဖြစ်ဖြစ်၊ တစ်နေရာရာကနေ ကမ်းခြေနဲ့ သက်ဆိုင်နဲ့ ပုံလေး၊ video လေးတွေ့ရခဲ့ရရင် ဒီ message လေးက သင့်အတွက်ပါ။
ဒီ message လေးဖတ်ပြီးမှ တွေ့လည်း အတူတူပါပဲနော်။

အခု ဒီ message လေးဖတ်ပြီး မကြာခင်မှာ စိတ်ထဲမှာ အလိုလိုကြည်နူးလာတာ ပျော်လာမျိုး ကြုံရပါလိမ့်မယ်။
ဒီနေ့မှာ အိပ်ရာရှင်းလင်းတာ၊ အလုပ်စားပွဲရှင်းလင်းတာမျိုးလုပ်ပေးပါ။
စိတ်ထဲကနေ ကိုယ်မလိုချင်တဲ့ အရာတစ်ခု၊
ဥပမာ တစ်ယောက်ယောက်အကြောင်းတွေးမိပြီးပင်ပန်းနေတာမျိုး၊ ငွေကြေးပူပန်မှုမျိုး
အဲ့အရာကိုတွေးပြီး ဒီလောက်ဆို ငါခံစားရတာ ပင်ပန်းတာ လုံလောက်သွားပြီမလို့ ကျေးဇူးတင်ပါတယ်။ အခုကနေစပြီး ငါမလိုအပ်တော့ပါဘူး
ကျေးဇူးတင်ပါတယ် ဆိုပြီး (၃)ကြိမ်ပြောပါ။
Breath in,out(၃)ကြိမ်လောက် လုပ်ပါ။
စိတ်ထဲမှာ ကျေနပ်ထဲအထိပြောလို့ရပါတယ်။

ပြီးရင် ကိုယ့်ကိုယ်ကို ချီးကျူးစရာလေးတွေပြောပေးပါ။

ဒီနေ့က ဘာနေ့လဲဆို ပင်လယ်လှိုင်းလေးတွေနဲ့အတူ ကိုယ့်ဘ၀မှာ မလိုတာတွေ ဖယ်ထုတ်သွားပြီး ကံကောင်းခြင်းတွေသယ်ဆောင်လာမယ့်နေ့ပါပဲ

ဖန်ခွက်ကျကွဲတာ၊တစ်ခုခုပျက်စီးသွားမျိုးဖြစ်ရင် သင့်၀ဋ်ကြွေးကုန်တော့မယ့် နိမိတ်ပါပဲ

တစ်ချို့က ကံသိပ့်ကောင်းတာပဲ။သူတို့ဖြစ်ချင်တာ တန်းဖြစ်တာ၊ ဆန္ဒလေးပြုရုံနဲ့ လိုချင်တာ တန်းရတယ် ဆိုတာမျိုး အဲ့လိုသူတွေဆုံဖူ...
06/03/2026

တစ်ချို့က ကံသိပ့်ကောင်းတာပဲ။သူတို့ဖြစ်ချင်တာ တန်းဖြစ်တာ၊ ဆန္ဒလေးပြုရုံနဲ့ လိုချင်တာ တန်းရတယ် ဆိုတာမျိုး အဲ့လိုသူတွေဆုံဖူးလား
ကိုယ်ရော သူတို့လိုဖြစ်ချင်လား

ဒါဆို အလွယ်ဆုံးနည်းတစ်ခု ရှိပါတယ်။
ကိုယ်နေ့စဉ် ဘာတွေကို အာရုံစိုက်မိနေသလဲ။ ဘာတွေလုပ်ဖြစ်လဲလို့ အရင်ဆုံးပြန်ဆန်းစစ်ရမှာရမှာပါပဲ

ကိုယ်လိုချင်တာနဲ့ ကိုယ်အာရုံစိုက်မိနေတာနဲ့မတူပါဘူး။ ဥပမာ - ကိုယ်က ငွေကြေးတွေ ပေါများချင်တယ်၊ စီးပွားရေးတွေတိုးတက်ချင်တယ်
ဒါမဲ့ နေ့စဉ်မှာတော့ အမြဲအလိုလို ပိုက်ဆံကုန်မှာကြောက်၊ ငြီးတွားနေမိတယ်ဆို ကိုယ်လိုချင်တာက ပေါကြွယ်၀ခြင်း၊ ကိုယ်အာရုံစိုက်မိနေတာက
ကုန်မှာကြောက်တဲ့စိတ်နဲ့ငြီးတွားခြင်းပါ။
ဒါ့ကြောင့် ပိုက်ဆံကုန်မှာကြောက်တဲ့အချိန်ဆို ပိုကုန်တယ်ဆိုတာမျိုး ကြားဖူးဖြစ်ဖူးကြမှာပေါ့

နောက် ဥပမာ တစ်ခု ထပ်ပေးရရင်
အချစ်ရေးမှာ ကံကောင်းချင်တယ်၊ အချစ်ခံချင်တယ်၊ ပျော်ရွှင်တဲ့ Relationship လေးပိုင်ဆိုင်ချင်တယ်။ ကိုယ်ကကျ နေ့စဉ် သူပဲဖောက်ပြန်သွားမလား၊ သင်္ကာမကင်းတဲ့စိတ်နဲ့အမြဲပူလောင်နေတာမျိုး၊ သူများကိစ္စတွေ အတင်းပြော၊သိချင်နေတာမျိုး လုပ်မိနေတယ်ဆို ကိုယ်အာရုံစိုက်မိနေတာ၊ နေ့စဉ်လုပ်မိနေတာတွေက ပူလောင်ခြင်းတွေချည်းပဲဆိုတာ သတိမူသင့်နေပါပြီ။ Relationship တွေမှာ " ကိုယ်မဖြစ်ချင်တဲ့ ပုံစံပဲကြုံကြုံနေရတဲ့ ဆိုတဲ့သူတွေ ရှိကြမှာပေါ့"
ဒါတွေဟာ ကိုယ်ကအဲ့အရာတွေမှာ အဖန်ဖန်တလဲလဲ အာရုံစိုက်မိနေပြီး သွား Attractလုပ်နေတာမျိုးပါ။ ဒါ့ကြောင့် ဒါတွေပဲကြုံတယ်၊ ရလာတယ်ပေါ့။

လူဆိုတာဆိုတာကတော့ စိုးရိမ်ပူပန်တတ်ကြတာချည်းပဲမလို့ စိုးရိမ်စိတ်ဆိုတာကတော့ အနည်းအများရှိကြတာပေါ့နော် ဒါမဲ့ ဒါကိုပဲအာရုံစိုက်မိနေတာလား၊ ကိုယ်ဘာလုပ်နေလဲဆိုတဲ့ လုပ်ရက်ပေါ်မူတည်ပြီး Resultတွေဆိုတာ ကွာခြားပါတယ်။

‌ဒါ့ကြောင့် နေ့စဉ် ကောင်းသောအတွေးလေးတွေ တွေးတဲ့သူ၊ ကောင်းသောစကားလေးတွေ ပြောတဲ့သူ စသည်ဖြင့် သူတို့ကိုကြည့်ရင်ကို အကြည်ဓာတ်လေးရပြီး သူတို့က အမြဲအချစ်ခံရ၊ လိုချင်တာတွေရနေတာပေါ့။

ဒါ့ကြောင့် ကိုယ်လိုချင်တာနဲ့ ကိုယ်အာရုံစိုက်မိနေတာနဲ့ တူရဲ့လားနော်...ပြန်ဆန်းစစ်ကြည့်ကြတာပေါ့❣️✨

✨

08/02/2026

🎐🤍 ပထမဆုံး နှင်းတွေအများကြီးမြင်ဖူးတာမလို့
ချယ်တော့ ဒီနေ့သိပ့်ပျော်နေတာ✨

အသက် 25နှစ်ကျော်လို့ 30နီးလာပြီ ဘာတွေပိုင်ဆိုင်ထားလဲ မေးရင်...အချစ်က အချစ်ကို ဖန်တီးတယ်ဆိုတဲ့ စကားကို ပမာပြုပြီး ‌ပိုင်ဆ...
04/02/2026

အသက် 25နှစ်ကျော်လို့ 30နီးလာပြီ ဘာတွေပိုင်ဆိုင်ထားလဲ မေးရင်...

အချစ်က အချစ်ကို ဖန်တီးတယ်ဆိုတဲ့ စကားကို ပမာပြုပြီး ‌ပိုင်ဆိုင်မှုကို ပြောပြရမှာပါပဲ....

ကိုကိုက အရင်ကဆို ကြောင်တွေဘာတွေမချစ်ဘူး၊ဘာသိဘာသာပဲနေတာ
အခုကျချယ်က ကြောင်လေးတွေ‌ချစ်တတ်တော့ သူအပြင်သွားလို့ street catလေးတွေ့ရင် မီးငယ်လေး ဒီမှာ ကြောင်လေး ဆိုပြီး သေချာ v callနဲ့ရိုက်ပြတာမျိုး၊ အချိန်ရရင် ရေတိုက်လိုက်တာ၊ အစာကျွေးပေးတာမျိုး...

ကိုယ်ဆိုလည်း ကိုကိုက အညာဘက်ရေလှူတာတို့၊ ကလေးတွေ ပညာသင်စရိတ်လှူတာတို့ သူက Donation လေးတွေလုပ်လေ့ရှိတော့ ကိုယ်ပါ ရတဲ့ ၀င်ငွေထဲကနေ လှူဖို့သက်သက်ဖယ်ပြီးစုတတ်လာတာမျိုး...

ပြောရရင် ကိုယ်ချစ်တာသူလိုက်ချစ်ပေးသလို၊သူသဘောကျတဲ့အလုပ် ကိုယ်ပါလိုက်လုပ်ပေးလာနိူင်တယ်

နှစ်ဦးကြားမှာရှိတဲ့ love Aura လေးက ထိစပ်သမျှပါ နွေးထွေးသွားစေတာ၊အချစ်က အချစ်ကိုဖန်တီးပြီး အချစ်တွေပဲပွားလာတယ်❣️

အဲ့တော့ ဒီအချိန် နင့်မှာ ရွှေရှိလားငွေရှိလား နင်ပိုင်တာဘာရှိလည်းမေးရင်... ကျွန်မမှာ ဘာမှမရှိဘူး အချစ်တွေပဲရှိတယ်လို့ ပြောရမှာပဲ...🤣🤣

ကိုယ့်လို ဘ၀တူတွေများမယ်ထင်တယ် ဟီး

💞
💞

❣️2026အတွက် ပထမဆုံး Booking Announcement ❣️Package feesတွေက အရင်အတိုင်း ပြောင်းလဲခြင်းမရှိပါဘူးနော်။ သို့ပေမဲ့ Overseaက ...
17/01/2026

❣️2026အတွက် ပထမဆုံး Booking Announcement ❣️

Package feesတွေက အရင်အတိုင်း ပြောင်းလဲခြင်းမရှိပါဘူးနော်။ သို့ပေမဲ့ Overseaက သူတွေအတွက်ကတော့ Yen rateလေးနဲ့ပဲ လက်ခံကြောင်း ထပ်မံ Announceလုပ်လိုက်ပါတယ်ရှင့်။
🚨 Waiting time အတွက် သတင်းကောင်းကတော့ အရင်လို အချိန်စောင့်စရာမလိုတော့ဘဲ within 24hr အတွင်း
အဖြေပြန်ရပါလိမ့်မယ်။

ထပ်တိုးထားတဲ့ Package က အချစ်ရေး၊စီးပွားရေး အစုံမေးချင်တဲ့သူတွေအတွက် Any 3 Questionsနဲ့ Any Five Questions ဆိုပြီး စီစဉ်ပေးထားပါတယ်။

Any 3, Questions (Fees- 25000ks/ 2500ÂĽ/55AED)
Any 5, Questions (Fees-35000ks/3500ÂĽ/70AED)

အမလေး ဒီpostတင်ပြီး booking ကြေငြာနိူင်ဖို့ကို နှစ်ဟောင်း ကအကြွေးတွေက လ၀က်လောက်အချိန်ယူလိုက်ရတယ်🤧 booking တွေထပ်ပြီးမနိူင်မှာစိုးလို့ အောင့်ထားရတာ။

ကိုယ့် Client ညီအစ်မတွေရဲ့ Achievementဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုပါပဲ❣️ဒါနဲ့ ဆရာမက မုန့်၀ယ်ကျွေးမယ်လို့ပြောထားရင် အပြင်မှာ...
28/12/2025

ကိုယ့် Client ညီအစ်မတွေရဲ့ Achievementဟာ ကိုယ့်ရဲ့ပျော်ရွှင်မှုပါပဲ❣️
ဒါနဲ့ ဆရာမက မုန့်၀ယ်ကျွေးမယ်လို့ပြောထားရင် အပြင်မှာ မရောက်ရောက်အောင်လာပြီး တကယ် လာစားပါတယ်နော်😆😏

ဟောရင်းနဲ့ ကိုယ့်ရဲ့ဟောချက်တွေ လိုအပ်ချက်တွေ ပြန်ဆန်းစစ်ရင် ဘယ်တော့မှ ပထမဟောချက်ကိုမလွန်ဆန်နိူင်တာ သတိထားမိလာတယ်။ ဒီညီမလေးကိုဆို ပထမအခေါက်ကတည်းက ညီမလေး အခု Tokyoက မအောင်ဘူးနော် ဒါမဲ့ နောက်ဟာက ပိုကောင်းတယ်။ ညီမလေးနဲ့ပိုသင့်တော်တယ်လို့ပြောခဲ့တာ ။တကယ် failတော့ သူအတော်လေး depressionရသွားတာ။ နောက်တစ်ခေါက် ထပ်ကြည့်တော့ 3လအတွင်း college ၀င်ခဲ့ကရနေတာတွေ့တယ်။ ဒါမဲ့ သူထပ်ဖြေတော့ Tokyoမှာကမရဘူး။ ဟယ် ဘယ်လိုဖြစ်တာလဲပေါ့ ၀င်ခွင့်ရတာတွေ့နေတာ ဘာလို့ပါလိမ့် ငါမလွဲဖူးပါဘူးပေါ့။နောက်မှ
သူဘယ်လိုပဲ try againလုပ်လုပ် Tokyoမှာမရခဲ့ဘဲ Wasedaမှာ ရသွားတာ။ ကိုယ့်ဟောချက်2ခုလုံးလည်း ကွက်တိ
တကယ် Congratulations ပါညီမလေး🎀
အချိန်မရတဲ့ကြားက မုန့်လိုက်ကျွေးလို့လည်းကျေးဇူးတင်ပါတယ်။
နောက်ထပ်လည်း လိုချင်တဲ့ပန်းတိုင်ဆီအရောက်လှမ်းနိူင်ပါစေလို့
မမက ဆုတောင်းပေးပါတယ်ရှင်။ ခေါင်းမာသလိုတကယ်လည်း အရမ်းတော်သောလေး💞

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chal's Destiny Consultation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share