Myittar Ayate Family clinic & Diagnostic Center

Myittar Ayate Family clinic & Diagnostic Center Our clinic is providing various kinds of health services.

🏥 မေတ္တာအရိပ်ဆေးခန်း - ပြင်ပလူနာ တိုကင်ယူခြင်းဆိုင်ရာ လမ်းညွှန်ချက်ဒေါက်တာ ဇော်မင်းထွန်း နှင့် ဆေးခန်းပြသလိုပါက ဖုန်းမှတ...
02/08/2026

🏥 မေတ္တာအရိပ်ဆေးခန်း - ပြင်ပလူနာ တိုကင်ယူခြင်းဆိုင်ရာ လမ်းညွှန်ချက်

ဒေါက်တာ ဇော်မင်းထွန်း နှင့် ဆေးခန်းပြသလိုပါက ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ ဆေးခန်းသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ (၃) ရက် ကြိုတင်တိုကင် ရယူနိုင်ပါသည်။

📞 တိုကင်ယူရန် ဆက်သွယ်ရန်ဖုန်း:
09-261035325
09-444055906

📝 တိုကင်ယူရာတွင် ပြောပြရန် လိုအပ်သည့် အချက်အလက်များ:
၁။ လူနာအမည်
၂။ အသက်
၃။ ဆက်သွယ်ရန် ဖုန်းနံပါတ်
၄။ လမ်း / မြို့နယ်

⏰ ဆရာဝန်ပြသချိန်နှင့် တိုကင် ခွဲဝေမှု အချိန်ဇယား

☀️ မနက်ပိုင်း (စုစုပေါင်း တိုကင် ၂၀ သာ လက်ခံပါသည်)
11:00 AM – 12:00 PM ➡️ တိုကင် (၁) မှ (၁၀)
12:00 PM – 01:00 PM ➡️ တိုကင် (၁၁) မှ (၂၀)

🌙 ညနေပိုင်း (စုစုပေါင်း တိုကင် ၄၀ သာ လက်ခံပါသည်)
05:00 PM – 06:00 PM ➡️ တိုကင် (၁) မှ (၁၀)
06:00 PM – 07:00 PM ➡️ တိုကင် (၁၁) မှ (၂၀)
07:00 PM – 08:00 PM ➡️ တိုကင် (၂၁) မှ (၃၀)
08:00 PM – 09:00 PM ➡️ တိုကင် (၃၁) မှ (၄၀)

💉 တိုကင်ယူရန် မလိုသော လူနာများ

အောက်ပါ ကုသမှု/ဝန်ဆောင်မှုများအတွက် တိုကင်ယူရန် မလိုဘဲ ဆေးခန်းဖွင့်ချိန်အတွင်း တိုက်ရိုက် လာရောက်ပြသနိုင်ပါသည်။

(၃) လခံ တားဆေးထိုးမည့် လူနာများ
ပိန်ဆေးထိုးနေသော လူနာများ
ကာကွယ်ဆေးထိုးမည့် လူနာများ
ဆေးထိုး သီးသန့်လူနာများ
အနာဆေးထည့် သီးသန့်လူနာများ

📌 အရေးကြီး အသိပေးချက်များနှင့် စည်းကမ်းချက်များ

1) TB ဆေးထုတ်ယူခြင်း:
သောကြာနေ့ နှင့် တနင်္ဂနွေနေ့များ မှလွှဲ၍ တစ်ပတ်လျှင် (၅) ရက်၊ နေ့ခင်း 1:00 PM မှ 1:30 PM အတွင်းသာ ထုတ်ယူနိုင်ပါသည်။ (သတ်မှတ်ချိန် ပြင်ပတွင် ဆေးထုတ်ပေးရန် အဆင်မပြေနိုင်ပါသဖြင့် အချိန်တိကျပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

2) တိုကင် မရရှိထားသော လူနာများ (Walk-in):
တိုကင်မရရှိဘဲ လာရောက်သူများကိုလည်း ကြည့်ရှုကုသပေးပါသည်။ သို့သော် တိုကင်ယူထားသည့် လူနာများကို ဦးစားပေး ကြည့်ရှုမည်ဖြစ်၍ ခေတ္တ စောင့်ဆိုင်းပေးရပါမည်။

3) အလှည့်ကျော် လူနာများ:
မိမိ ချိန်းဆိုထားသော အချိန်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိမလာဘဲ အလှည့်ကျော်သွားပါက အဆင်ပြေမည့် အချိန်ဇယား သင့်တော်သလို ပြန်လည်ခေါ်ဆို ပေးပါမည်။

4) ဆရာဝန် ဆေးခန်းမထိုင်ဖြစ်ပါက အကြောင်းကြားခြင်း:
အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန် ဆေးခန်းမထိုင်ဖြစ်ပါက ဖုန်းဆက်၍ ကြိုတင် အကြောင်းကြားပေးမည်ဖြစ်သဖြင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို တိတိကျကျ ပေးထားရန် လိုအပ်ပါသည်။

5) ဒေါက်တာဇော်မင်းထွန်း ဆေးခန်းမထိုင်သည့်ရက်များ: သောကြာနေ့ (မနက်ပိုင်း) နှင့် တနင်္ဂနွေနေ့ (တနေကုန်) ဆေးခန်းမထိုင်ပါ။

📲 တိုကင်အလှည့် Live ကြည့်ရှုနိုင်သည့် စနစ်

ဆေးခန်း စောင့်ဆိုင်းခန်းရှိ TV Display တွင် လက်ရှိ ရောက်ရှိနေသည့် တိုကင်နံပါတ်ကို ကြည့်ရှုနိုင်သည့်အပြင် မိမိအိမ်မှနေ၍လည်း Online မှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။

👉 အွန်လိုင်းမှ တိုကင်အလှည့် ကြည့်ရန် Link:
🌐

မေတ္တာအရိပ် အထွေထွေရောဂါကုဆေးခန်း မှာ တိုကင် ဘယ်လောက်ရောက်နေပြီလဲဆိုတာကို အချိန်နဲ့တပြေးညီ ဖုန်းထဲကနေ ကြ.....

28/06/2026

✨ ဟာဂျ်ခရီးစဉ်မှ ကျန်းမာချမ်းသာစွာ ပြန်လည်ရောက်ရှိလာပါပြီ ✨

မေတ္တာအရိပ် မိသားစုဆေးခန်း၏ တာဝန်ခံဆရာဝန် ဒေါက်တာဇော်မင်းထွန်း သည် မြင့်မြတ်လှသော ဟာဂျ်ခရီးစဉ်မှ အဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါသည်။ 🕋✨

မိသားစုဝင်သဖွယ် အစဉ်အမြဲ ယုံကြည်အားထားရသော လူနာရှင်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ယခင်အတိုင်း ပြန်လည်ပြသနိုင်ရန်အတွက် မနက်ဖြန် ၂၉.၆.၂၀၂၆ (တနင်္လာနေ့) မှစ၍ ဆရာဝန် ကိုယ်တိုင် ဆေးခန်း ပုံမှန် ပြန်လည်ထိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေး အကြောင်းကြားအပ်ပါသည်။

⏰ ဒေါက်တာဇော်မင်းထွန်း ဆေးခန်းထိုင်မည့် အချိန်များ

မနက်ပိုင်း - နံနက် (၁၁:၀၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီ အထိ
ညနေပိုင်း - ညနေ (၅:၀၀) နာရီ မှ ည (၉:၀၀) နာရီ အထိ

🗣️ရာသီတုပ်ကွေးနှင့် အခြားသော ကျန်းမာရေးကိစ္စရပ်များအတွက် လိုအပ်သည်များကို တိုင်ပင်ဆွေးနွေး ကုသနိုင်ရန် မေတ္တာအရိပ် ဆေးခန်းမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။

🪐လာရောက်ပြသလိုသော လူနာများအနေဖြင့် ကြိုတင် Booking ယူရန် အောက်ပါ ဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီခင်ဗျာ။

📍 ဆေးခန်းလိပ်စာ - အမှတ် (၁၉)၊ ၁၄၁ လမ်း၊ မအူကုန်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

📞 ဆက်သွယ်ရန် ဖုန်း - ၀၉၂၆၁၀၃၅၃၂၅ ၊ ၀၉၄၄၄၀၅၅၉၀၆

#မေတ္တာအရိပ်မိသားစုဆေးခန်း #တာမွေမြို့နယ်ဆေးခန်း

Eid Mubarak ပါလို့ မေတ္တာအရိပ်ဆေးခန်းမိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်..!!မိဘပြည်သူများအားလုံး စိတ်အေးချမ်းသာ ရှိကြပါစေ...
28/05/2026

Eid Mubarak ပါလို့ မေတ္တာအရိပ်ဆေးခန်းမိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်..!!

မိဘပြည်သူများအားလုံး စိတ်အေးချမ်းသာ ရှိကြပါစေ ခင်ဗျာ..!!

💥💥💥ချစ်ခင်လေးစားရပါသော မေတ္တာအရိပ် မိသားစုဆေးခန်းမှ လူနာများခင်ဗျာ...💥💥💥ဒီနှစ် (၂၀၂၆) ခုနှစ်အတွက် ကျွန်တော် ဟဂ်ျ (Hajj) ...
16/05/2026

💥💥💥ချစ်ခင်လေးစားရပါသော မေတ္တာအရိပ် မိသားစုဆေးခန်းမှ လူနာများခင်ဗျာ...💥💥💥

ဒီနှစ် (၂၀၂၆) ခုနှစ်အတွက် ကျွန်တော် ဟဂ်ျ (Hajj) ဘုရားဖူးခရီးစဉ် သွားရောက်ဖို့ရှိတဲ့အတွက် လာမယ့် မေလ (၁၅) ရက်နေ့မှ ဇွန်လ (၂၈) ရက်နေ့အထိ ဆေးခန်းမှာ ကိုယ်တိုင် မထိုင်ဖြစ်ပါဘူးခင်ဗျာ။

ကျွန်တော်မရှိတဲ့ အချိန်အတွင်းမှာလည်း လူနာတွေ ကျန်းမာရေးအတွက် လိုအပ်ချက်များ မရှိစေရန်နဲ့ အခက်အခဲ မဖြစ်ရလေအောင် ဆေးခန်းမှာ အောက်ပါအတိုင်း စနစ်တကျ စီစဉ်ထားပါတယ်-

• ဆေးဝယ်ယူရန်နှင့် မှာယူရန်: မနက် (၉) နာရီမှ ည (၉) နာရီအထိ ဆေးခန်းဖွင့်ထားပြီး ဆေးဝယ်တာ၊ ဆေးမှာတာတွေကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ပါတယ်။

• ဆေးခန်းပြသရန်: မနက် (၁၀) နာရီမှ ည (၈) နာရီအထိ အတွေ့အကြုံရှိ အထွေထွေကုဆရာဝန်များမှ တာဝန်ယူ စမ်းသပ်ကုသပေးသွားမှာ ဖြစ်ပါတယ်။

• ဓာတ်ခွဲစစ်ဆေးမှုများ: သွေးစစ်တာ၊ USG (တယ်လီဗေးရှင်း ဓာတ်မှန်) ရိုက်တာတွေကို ပုံမှန်အတိုင်း ဝန်ဆောင်မှု ပေးနေမှာပါ။

• ကာကွယ်ဆေးနှင့် အခြားကုသမှုများ: Mounjaro (ပိန်ဆေး) ထိုးတာနဲ့ အခြား လိုအပ်တဲ့ ကာကွယ်ဆေး ထိုးတာတွေကိုလည်း ဆေးခန်းမှာ လာရောက်ထိုးနှံနိုင်ပါတယ်။

• အိမ်တိုင်ရာရောက် ကုသမှု: လိုအပ်ပါက ဆရာဝန်များကို အိမ်အရောက် ပင့်ဆောင်ပြီး (Home Visit) ကုသနိုင်အောင်လည်း စီစဉ်ထားပေးပါတယ်။

• Online မှတစ်ဆင့် ဆေးခန်းပြသရန်: အကယ်၍ ဆေးခန်းလာပြဖို့ အဆင်မပြေတဲ့ လူနာများအနေနဲ့ ကျွန်တော်နဲ့ တိုက်ရိုက် Online ကနေတစ်ဆင့် ဆေးခန်းပြသ တိုင်ပင်နိုင်ပါတယ်။

ကျွန်တော့်အတွက်ကတော့ ရန်ကုန်မှာ ဆေးကုတာနဲ့ မက္ကာမှာ ဆေးကုတာ အတူတူပါပဲ။

အင်တာနက်ရတဲ့ ဘယ်နေရာရောက်ရောက် လူနာတွေကို အကောင်းဆုံး ဆက်လက် ပြသကုသပေးသွားမှာပါ။

ဒါ့အပြင် ဒီခရီးစဉ်အတွင်းမှာ အတူတူသွားရောက်ကြမယ့် ဟာဂျီတွေကိုလည်း အတတ်နိုင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်မရှိတဲ့ ကာလအတွင်းမှာ လူနာတွေအတွက် တစ်စုံတစ်ရာ အဆင်မပြေမှုများ ရှိခဲ့ရင် ကြိုတင်ပြီး တောင်းပန်အပ်ပါတယ်။

လူနာများအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဒေါက်တာဇော်မင်းထွန်း
မေတ္တာအရိပ် မိသားစုဆေးခန်း

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၃
゚

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၂
゚

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၁
゚

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၁ Part 7

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၁ Part 6

04/05/2026

၂၀၂၆ ဟာဂျီလောင်းများအတွက် ကျန်းမာရေးအကြံပြုချက် အပိုင်း ၁ Part 5

Address

141st Street
Yangon
11211

Opening Hours

Monday 10:00 - 13:00
17:00 - 22:00
Tuesday 10:00 - 13:00
17:00 - 22:00
Wednesday 10:00 - 13:00
17:00 - 22:00
Thursday 10:00 - 13:00
17:00 - 22:00
Friday 10:00 - 13:00
17:00 - 22:00
Saturday 10:00 - 13:00
17:00 - 22:00
Sunday 17:00 - 21:00

Telephone

+959261035325

Alerts

Be the first to know and let us send you an email when Myittar Ayate Family clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category