Hman Cho Pharmaceuticals

Call Directions Contact the practice

Hman Cho Pharmaceuticals ဘေးဘယာကင်းကွာ ကိုယ်ကျန်းမာ မှန်ချိုဆေးသာမှီဝဲရာ

👝အိတ်ထဲမှာဆောင်ထားသင့်တဲ့ စွယ်စုံရ ဇီဝမင်း Roll on🤗 အိတ်ထဲကို အမြဲဆောင်သွားသင့်တဲ့ စွယ်စုံရ ဆေးကို ပြောပါဆိုရင် ဇီဝမင်း ...
20/08/2026

👝အိတ်ထဲမှာဆောင်ထားသင့်တဲ့ စွယ်စုံရ ဇီဝမင်း Roll on🤗

အိတ်ထဲကို အမြဲဆောင်သွားသင့်တဲ့ စွယ်စုံရ ဆေးကို ပြောပါဆိုရင် ဇီဝမင်း Roll On လိမ်းဆေးလေးကို ညွှန်းပါရစေ💯
ဘာလို့လဲဆိုတော့ ဇီဝမင်း Roll on လေးက
- အပြင်သွားတုန်း အကြောင်းအမျိုးမျိုးကြောင့် မူးဝေတဲ့အချိန်မှာ ဝေဒနာ သက်သာလာအောင် ရှူဆေးအဖြစ်အသုံးပြုလို့ရသလို ..🍃
-ရုတ်တရက် ချော်လဲတာ ၊ ခြေထောက်ခေါက်တာ ကအစ ကိုယ်လက်လှုပ်ရှားမှုများပြီး ကိုက်ခဲ ညောင်းညာတဲ့ အခါမှာလည်း ထိခိုက်တဲ့နေရာကို Roll on လေးနဲ့ လှိမ့်လိုက်ရုံနဲ့ ဆေး အဆီအနှစ်တွေက စိမ့်ဝင်သွားစေပြီး နာကျင်ကိုက်ခဲမှုကို သက်သာပျောက်ကင်းစေပါတယ်။🥰
-Roll on ပုံစံလေးဖြစ်တာကြောင့် ဆေးတွေမှောက်မှာဖိတ်မှာကိုလည် စိတ်ပူစရာဘူးလေ
-အလွယ်တကူ ရှူနိုင် လိမ်းနိုင်တာမလို့ လိုအပ်တဲ့ အချိန်တိုင်း အသုံးပြုနိုင်ဖို့ ဘယ်ကိုသွားသွား စွယ်စုံရ ဇီဝမင်း Roll on လေးကို အိတ်ထဲမှာ သေချာပေါက်ယူသွားလိုက်တော့နော်👝🤗

🩸သွေးလေပွင့်ဖို့ ကြပ်ထုပ်ကုသနည်းကို အိမ်မှာပဲ လုပ်ဆောင်နိုင်ပါပြီ🏡 အခုနောက်ပိုင်းမှာ သွေးလေပွင့်ဖို့နဲ့ အကိုက်အခဲ အညောင်...
16/08/2026

🩸သွေးလေပွင့်ဖို့ ကြပ်ထုပ်ကုသနည်းကို အိမ်မှာပဲ လုပ်ဆောင်နိုင်ပါပြီ🏡

အခုနောက်ပိုင်းမှာ သွေးလေပွင့်ဖို့နဲ့ အကိုက်အခဲ အညောင်းအညာပြေစေဖို့ ကြပ်ထုပ်ကုသနည်းကို Spa နဲ့ Wellness စင်တာတွေမှာကုသမှုခံယူလာကြတာကို တွေ့ရပါတယ်။😊
ဘာလို့လဲဆိုတော့ အရိုးအကြောရောဂါတွေသက်သာစေဖို့ လိုအပ်တဲ့ ဆေးမြစ်တွေကို ထုပ်ပြီး အပူဓာတ်နဲ့အတူ နာကျင်ကိုက်ခဲတဲ့နေရာကို စနစ်တကျ ဖိပေးခြင်းအားဖြင့် ဆေးမြစ်တွေရဲ့ အာနိသင်ကို အပူနဲ့စိမ့်ဝင်စေပြီးတော့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေလို့ပဲဖြစ်ပါတယ်။✅
ဒီလို အာနိသင်ပြည့်ဝပြီး အစွမ်းထက်တဲ့ ကြပ်ထုပ်ကုသနည်းကို ထူးအာရုံ ကြပ်ထုပ်နဲ့ အိမ်မှာပဲ ကုသနိုင်ပါပြီ🏡🩸
ထူးအာရုံကြပ်ထုပ်ကို အသုံးပြုတော့မယ်ဆိုရင်
-အရင်ဆုံး မီးဖိုပေါ်မှာ ဒန်အိုးတစ်လုံးကို ရေဖြည့်ပြီးအပူပေးပါ♨️
-အဲ့ဒီနောက်မှာတော့ ဒန်အိုးအဖုံးကို မုန်ညှင်းဆီ သို့မဟုတ် နှမ်းဆီ သုတ်ပြီး ကြပ်ထုပ်ကိုတင်ပေးပါ✅
-ကြပ်ထုပ်ပူလာပြီဆိုရင်တော့ ညောင်းညာကိုက်ခဲတဲ့နေရာကို ကြပ်ထုပ်ထိုးပြီး ကုသနိုင်ပါပြီ🤗

အသုံးပြုပြီးတဲ့နောက်မှာလည်း ကြပ်ထုပ်ကိုနေပူလှန်း အခြောက်ခံပြီး ပြန်လည်အသုံးပြုနိုင်တာမလို့ တစ်ခါဝယ်ရုံနဲ့ အကြာကြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်🥰

အစားမတော် တလုတ် ဆိုတဲ့အတိုင်း သင့်တင့်လျောက်ပတ်တဲ့ အစားအစာကို သင့်တင့်လျောက်ပတ် တဲ့ အချိန်မှာစားသုံးတာဟာ ကျန်းမာရေးနဲ့ညီ...
13/08/2026

အစားမတော် တလုတ် ဆိုတဲ့အတိုင်း သင့်တင့်လျောက်ပတ်တဲ့ အစားအစာကို သင့်တင့်လျောက်ပတ် တဲ့ အချိန်မှာစားသုံးတာဟာ ကျန်းမာရေးနဲ့ညီညွတ်ပေမယ့် မတည့်တဲ့ အစားအစာတွေကို တွဲဖက်စားမိတာ၊ အချိန်မတော်စားမိတာမျိုးဆိုရင်တော့ ဝမ်းပျက်ဝမ်းလျောတာ ၊ အစာမကြေဖြစ်တာ ကစပြီး အစာအဆိပ်သင့်တာအထိဖြစ်နိုင်ပါတယ်။ 😟ဥပမာ- အစာကြေဖို့ခက်ခဲတဲ့သူတွေက ပရိုတင်းဓာတ်များပြီးအစာကြေဖို့ ခက်တဲ့ ကြက်ဥနဲ့အသားကြော်တာမျိုးကိုရှောင့်သင့်သလို အချဥ်ဓာတ်များတဲ့ အသီးတွေနဲ့ နွားနို့နဲ့တွဲစားမိရင် အစာအိမ်အချဥ်ပေါက်တာမျိုးဖြစ်တတ်ပါတယ်။😖
ဒါပေမယ့် အခန့်မသင့်လို့အစားမှားခဲ့ရင်လည်း စိတ်ပူစရာမလိုပါဘူး။ 🤗မှန်ချိုဆေးတိုက်ကထုတ်လုပ်တဲ့ ရွှေပြည်စံ နန်းတွင်းအဖြေကျော်ရှိပါတယ်။
ရွှေပြည်စံ နန်းတွင်းအဖြေကျော် ဟာ အစာကျေဆေးပြီး အဆိပ်အတောက်ပြေစေတဲ့အပြင် ခံတွင်းလည်း ရှင်းစေတဲ့အတွက် နေ့စဥ်သုံးစွဲပေးရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ လေပုပ်တွေကိုပါ ရှင်းပေးနိုင်တာမလို့ ကျန်းမာပေ့ါပါးလန်းဆန်းစေပါတယ်🍃🤗

ချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာပဲဖြစ်ပါတယ်။😖ဒီလို အသက်ရှူလမ်းကြောင်းရောင်ရမ်...
10/08/2026

ချောင်းဆိုးရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာပဲဖြစ်ပါတယ်။😖
ဒီလို အသက်ရှူလမ်းကြောင်းရောင်ရမ်းမှု ဖြစ်တာကြာလေလေ ချောင်းဆိုးရောဂါပျောက်ကင်းဖို့နှေးကွေးလေလေဖြစ်ရပါတယ်။⏳
အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ အဓိက ရောဂါဖြစ်တဲ့ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် ရောဂါဖြစ်ပြီး ၂ ပတ်လောက်အထိ အသက်ရှူလမ်းကြောင်းဟာ အထိခိုက်မခံဖြစ်တတ်တာကြောင့် နေကောင်းပျောက်သွားတာတောင် ချောင်းဆိုးရောဂါကျန်နေတတ်ပါတယ်။😢
ဒါ့ကြောင့် ချောင်းဆိုးသလိပ်ကပ်ပြီး ခေါင်းမာနေတဲ့ ချောင်းဆိုးရောဂါကို အရှင်းပျောက်ချင်ရင်တော့ အသက်ရှူလမ်းကြောင်းကို ရှင်းစေတဲ့ မှန်ချိုသလိပ်ပျော် အသံကောင်းဆေးကို သတိရလိုက်ပါ။
ခေတ်အဆက်ဆက် စိတ်ချလက်ချ မှီခိုအားထားနိုင်တဲ့ မြန်မာဆေးစွမ်းကောင်းတစ်လက်ဖြစ်တဲ့အတွက် မှန်ချိုသလိပ်ပျော် အသံကောင်းဆေးကို သောက်သုံးမယ်ဆိုရင် ချောင်းဆိုးချွဲသလိပ်ကပ် အပြင် အသံပြာတာ၊ အသံဝင်တာ၊ လည်ချောင်းနာတာတွေ ပါ လက်တွေ့ သက်သာပျောက်ကင်းစေပါတယ်😍

31/07/2026

ချောင်းဆိုးချွဲကျပ်တဲ့အခါ ဇီဝမင်းကို ဆောင်ထားဖို့ မမေ့နဲ့‌နော် 😍

28/07/2026

လိပ်ခေါင်းရောဂါ ခံစားနေရသူတွေဆို ဒီ Video လေးကို အဆုံးထိ ကြည့်ပေးနော် 🌵😉

ခန္ဓာကိုယ်ပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအကြိတ်တွေ စမ်းမိတဲ့အခါ လူတိုင်း စိုးရိမ်ပူပန်ကြမှာပါနော်...😰 ဆေးပညာအရတော့ ခန္ဓာကိုယ...
26/07/2026

ခန္ဓာကိုယ်ပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအကြိတ်တွေ စမ်းမိတဲ့အခါ လူတိုင်း စိုးရိမ်ပူပန်ကြမှာပါနော်...😰

ဆေးပညာအရတော့ ခန္ဓာကိုယ်မှာ ထွက်တတ်တဲ့ အဖုအကြိတ်တွေဟာ သွေးခဲ သွေးစုခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်တစ်ရှူးများ တောင့်တင်းမာခဲလာခြင်းတွေ ဖြစ်လာလေ့ရှိပါတယ်။🩺
မှန်ချို အကြိတ်ကျေလိမ်းဆေးကို အရေပြားပေါ်မှာ လိမ်းပေးတဲ့အခါ အကြိတ်ပတ်လည်မှာ ပိတ်ဆို့နေတဲ့ သွေးလည်ပတ်မှုကို ပြန်လည်ကောင်းမွန်စေပြီး မာခဲနေတာကိုလည်း နူးညံ့ပျော့ပျောင်းစေခြင်းဖြင့် အကြိတ်အမျိုးမျိုးကို အမြန်ဆုံး ချပ်ရပ်သက်သာစေပါတယ်။✨

ဝက်ခြံအဖုအသေးလေးတွေကစလို့ အကြောထုံးကြိတ်၊ ပြန်ရည်ကြိတ်၊ သွေးစုကြိတ် အကြိတ်အမျိုးအစားအားလုံးအတွက် မှန်ချိုကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တာကြောင့် အိမ်တိုင်းမှာ မရှိမဖြစ်ဆောင်ထားလိုက်တော့နော်...🏡💚

လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေဟာ ကိုယ့်ရဲ့အလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာ သိထားပြီးပြီလား⁉️ တစ်နေ့တာလုံး စားပွဲမှာထိုင်...
24/07/2026

လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေဟာ ကိုယ့်ရဲ့အလုပ်နဲ့ တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာ သိထားပြီးပြီလား⁉️

တစ်နေ့တာလုံး စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရသူတွေ၊ ခရီးရှည်ကားမောင်းရတဲ့ ကားဆရာတွေ... ဒါမှမဟုတ် ကုန်စည် အတင်အချလုပ်ငန်းလုပ်သူ၊ အလေးအပင်မသူ.. ဒီလိုလူတွေအနေနဲ့ သာမန်လူတွေထက် လိပ်ခေါင်းရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ အချိန်ကြာမြင့်စွာ အထိုင်များတဲ့အခါ၊ အလေးအပင်မပြီး အားစိုက်ညှစ်ရတဲ့အခါ ဝမ်းဗိုက်အတွင်းမှာ ဖိအားမြင့်တက်လာပြီး စအိုတစ်ဝိုက်မှာရှိတဲ့ သွေးပြန်ကြောလေးတွေကို ဖိအားဖြစ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးပြန်ကြောလေးတွေ ရောင်ရမ်းပျက်စီးပြီး လိပ်ခေါင်းရောဂါလက္ခဏာများကို ခံစားရလာတာပဲဖြစ်ပါတယ်။😰🌵

ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းခွင်အလိုက် ကိုယ်လက်လှုပ်ရှားပေးဖို့၊ နေထိုင်မှုပုံစံ ပြောင်းလဲပေးဖို့ လိုအပ်သလို စတင်ဖြစ်ပွားလာတဲ့ လိပ်ခေါင်းအကြိတ်နဲ့ ဝမ်းသွားသွေးပါခြင်းတွေကိုလည်း ရောဂါအစောပိုင်းကတည်းက ကုသပေးဖို့ လိုအပ်ပါတယ်နော်။⏳

မှန်ချို လိပ်ခေါင်းရောဂါသောက်ဆေး နဲ့ မှန်ချို လိပ်ခေါင်းအနာကျက်သောက်ဆေး (၂) မျိုးတွဲကို ပုံမှန်သောက်သုံးပြီး လိပ်ခေါင်းရောဂါကို စနစ်တကျ ကုသပျောက်ကင်းလိုက်ပါ။✨💪

အစည်းအဝေးခန်းမမှာ🏢၊ စာသင်ချိန်မှာ🏛️၊ အသံတိတ်ရမယ့် နေရာမျိုးမှာ.. ဒီလိုအချိန်မှာ ချောင်းမဆိုးမိဖို့ အောင့်ထားလို့မရလောက်အ...
22/07/2026

အစည်းအဝေးခန်းမမှာ🏢၊ စာသင်ချိန်မှာ🏛️၊ အသံတိတ်ရမယ့် နေရာမျိုးမှာ.. ဒီလိုအချိန်မှာ ချောင်းမဆိုးမိဖို့ အောင့်ထားလို့မရလောက်အောင် တဟွတ်ဟွတ်နဲ့ ထွက်လာတတ်တာ ဘာကြောင့်များလဲ?🧐

ချောင်းဆိုးခြင်းဟာ ပိုးမွှားတွေ၊ ပြင်ပပစ္စည်းတွေ ဝင်ရောက်တာ ဒါမှမဟုတ် ချွဲသလိပ်တွေ ကပ်ငြိတဲ့အခါ အသက်ရှူလမ်းကြောင်းနံရံကို သွားရောက်ဆွမိတဲ့အခါ ဦးနှောက်က အချက်ပေးပြီး ချက်ချင်းဖယ်ရှားပစ်ဖို့လုပ်ဆောင်တာကြောင့် အောင့်ထားလို့ လုံးဝမရတာဖြစ်ပါတယ်။🦠

ဒါကြောင့် ချောင်းဆိုးဝေဒနာကို အောင့်ထားဖို့ ထိန်းချုပ်နေမယ့်အစား ချောင်းဆိုး၊ သလိပ်ကပ်ဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့ မှန်ချို သလိပ်ပျော်အသံကောင်း ချောင်းဆိုးပျောက်ဆေးကို မှီဝဲကုသလိုက်ကြစို့ရှင်..💚👏

😰အကြောတက်တတ်တာ သိပေမယ့် ရာသီပေါ်စာလေးမို့ စားလိုက်ဦးမယ်'.. လို့ စဉ်းစားနေရင်တော့ အံ့ဖွယ် ဇက်ကြောတက်ခေါင်းကိုက်ပျောက်ဆေးပ...
20/07/2026

😰အကြောတက်တတ်တာ သိပေမယ့် ရာသီပေါ်စာလေးမို့ စားလိုက်ဦးမယ်'.. လို့ စဉ်းစားနေရင်တော့ အံ့ဖွယ် ဇက်ကြောတက်ခေါင်းကိုက်ပျောက်ဆေးပါ အတူဆောင်ထားမှ ဖြစ်မယ်နော်..✨

မိုးရာသီဆို ကညွတ်၊ မျှစ်၊ မှို စသဖြင့် ရာသီစာတွေ ပေါတဲ့အချိန်ပါပဲ။ ရာသီစာအချို့က ခန္ဓာကိုယ်တွင်း ယူရစ်အက်ဆစ်ဓာတ်၊ အပူဓာတ် စတဲ့ ဇက်ကြောတက်၊ ခေါင်းကိုက်စေတဲ့ အရာတွေပါဝင်တာကြောင့် အလွန်အမင်းစားသုံးမိတဲ့အခါ ဒီဝေဒနာတွေ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ရာသီစာတွေကို သင့်တင့်ရုံသာ စားသုံးကြဖို့ လိုအပ်သလို ရာသီစာကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပိုဆိုးလာတတ်တဲ့ ဝေဒနာတွေကို ကုသဖို့အတွက် အံ့ဖွယ်ကို အားကိုးလိုက်ပါ။💪

အံ့ဖွယ် ဇက်ကြောတက် ခေါင်းကိုက်ပျောက်ဆေးက ခန္ဓာကိုယ်အတွင်း သွေးလေလည်ပတ်မှုကို တိုက်ရိုက်ကောင်းမွန်စေတာကြောင့် ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာတွေကိုပါ ထိရောက်စွာ သက်သာပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်ရှင်✨💚

Address

261, Shwe Bon Thar Street (Middle Block), Pabedan Township
Yangon
11141

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959884219988

Website

Alerts

Be the first to know and let us send you an email when Hman Cho Pharmaceuticals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hman Cho Pharmaceuticals:

Shortcuts

Share