Astro Whisper

Directions

Astro Whisper 🌌Astrology • Zodiac
💫 Career, Life guidance

ကိုယ့်ရဲ့ Birth Chart ထဲမှာ Planet တွေက ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် Sign မှာ ပြန်ရှိတယ်ဆိုရင် ဘာလိုအဓိပ္ပါယ်သက်ရောက်စေလဲ?...
25/08/2026

ကိုယ့်ရဲ့ Birth Chart ထဲမှာ Planet တွေက ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် Sign မှာ ပြန်ရှိတယ်ဆိုရင် ဘာလိုအဓိပ္ပါယ်သက်ရောက်စေလဲ?

Planet တွေက သူရဲ့ Home Sign တွေမှာ ပြန်ရှိနေတဲ့အခါ စွမ်းအင် စီးဆင်းမှုတွေက ပိုပြီးလွယ်ကူသွားတယ်၊ ကိုယ်က effort လေးထည့်လိုက်ရုံနဲ့ အဲ့ Sign အဲ့ အိမ်တွေက အလုပ်လုပ်ပြီး အထမြောက်သွားတဲ့ပုံစံ သဘောမျိုးပါပဲ၊ သူများတွေအတွက် ဒီလိုနေရာတွေက ခက်ခဲနေတယ်ဆိုပေမယ့် ကိုယ့်အတွက်က လွယ်ကူနေတာမျိုး၊ ကိုယ်ရဲ့ ဘယ် Planet တွေက သူ့အိမ်မှာပြန်ကျနေလဲဆိုတာ သိရင်တော့ ကိုယ်ဟာ ဘယ်နယ်ပယ် ဘယ်လိုနေရာမှာ ပိုပြီးကြိုးစားဆို ကံလိုက်တာမျိုး၊ Planet တွေရဲ့ အဆိုးအကောင်းကို ကောင်းကောင်းကိုင်တွယ်နိုင်လိုက်တာမျိုး အဲ့လိုလုပ်မယ်ဆိုရင် စွမ်းအင်တွေကို အပြည့်အဝနဲ့ အကောင်းဆုံး ပုံစံဖြင့် ထုတ်ဖော်ပြသနိုင်စွမ်း ရှိသွားမှာဖြစ်ပါတယ်။

Modern Astrology မှာဆိုရင်...
Sun က Leo ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 5 House မှာဖြစ်ပါတယ်။
Moon က Cancer ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 4 House မှာဖြစ်ပါတယ်။
Mercury က တော့ ၂ မျိုးကြည့်ရပါမယ် Gemini 3 House နဲ့ Virgo 6 House မှာဖြစ်ပါတယ်။
Venus လည်း ၂ မျိုးကြည့်ရပါမယ် Ta**us 2 House နဲ့ Libra 7 House မှာဖြစ်ပါတယ်။
Mars က Aries ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 1 House မှာပါ။
Jupiter က Sagittarius ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 9 House ဖြစ်ပါတယ်။
Saturn က Capricorn ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 10 House မှာဖြစ်ပါတယ်။
Uranus က Aquarius ဖြစ်ပြီး 11 House မှာနေပါတယ်။
Neptune က Pisces ဖြစ်ပြီး သူနေတဲ့အိမ်ကတော့ 12 House မှာဖြစ်ပါတယ်။
Pluto က Scorpio ဖြစ်ပြီးတော့ 8 House မှာနေပါတယ်။

ဥပမာ -
Mars in Aries က 1 House ထဲရောက်နေတာမျိုးဆိုရင် ကိုယ်ဟာ အရမ်းကို active ဖြစ်မယ်၊ လုပ်ချင်ဇောတွေများပြီး ဖြစ်အောင်လဲလုပ်နိုင်တဲ့သူဖြစ်တယ်။ ဘာကိုမှမကြောက်ဘူး ကြောက်ရွံ့စိတ်လည်း သိပ်မရှိဘူး ဒါပေမယ့် ဒေါသတော့ကြီးတယ်။
Jupiter in Sagittarius က 9 House ထဲပြန်ရောက်နေတဲ့သူကျတော့ ပင်ကိုယ်သဘာဝ “ကံ” ကိုကကောင်းနေတာပါ။ ဉာဏ်ပညာကြီးမားတယ်၊ အကောင်းမြင်တတ်တယ်၊ ဘာသာရေးကိုလည်း ကိုင်းရှိုင်းတတ်ပြီး ဘဝမှာ ကူညီစောင့်မမယ့်သူတွေ အမြဲအဆင်သင့်ရှိနေတတ်ပါတယ်။
Pluto in Scorpio က 8 House ထဲရောက်နေရင်တော့ resilience အားကောင်းတယ်။ ဘဝမှာ မကြာခဏဆိုသလို ဒါမှမဟုတ် တစ်ကြိမ်တစ်ခါလောက်တော့ ဘဝရဲ့အောက်ခြေကို ရောက်သွားတတ်ပါတယ်။ ဒါပေမယ့် အဲ့လိုသူတွေက ဒုက္ခနဲ့ကြုံတွေ့လေ lesson တွေသင်ပေးသွားတာဖြစ်လို့ အဆုံးမှာ Phoenix ငှက်လို rebirth ဖြစ်ပြီး တောက်တောက်ပပ နဲ့ ပြန်လည်နှိုးထလာမှာပါ။ အဲ့ဒါကြောင့်ပဲ သူတို့တွေက စိတ်နာနာနဲ့ ၂ဆလောက် ပိုကြိုးစားတတ်ကြပါတယ်။

တကယ့်တော့ Planet/Sign တော်တော်များများက သူ့အိမ်မှာပြန်ကျဖို့ဆိုတာ လူတိုင်းရဲ့ Natal Chart ထဲမှာ မရှိနေနိုင်ပါဘူး။ သူ့အိမ် သူ့Sign တွေ ၂ ခု ၃ ခုလောက်က ကိုယ့် Chart ထဲပြန်ကျနေပြီဆိုရင် "Dignified Planet" လိုခေါ်ပြီး အလွန်ကောင်းမွန်တဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။ ကိုယ့် Chart ထဲရှိမလား ရှာကြည့်ကြနော် 😊

ဒါပေမယ့် တစ်ခုသိရမှာက ဒါတွေက ယေဘုယျအနေနဲ့ပြောတာဖြစ်ပြီး ကောင်းခြင်း၊ ဆိုးခြင်းတွေကတော့ House ကွာသွားတာ၊ aspect ချိတ်ဆက်မှုမှာ အားနည်းနေတာ၊ outer planet တွေနဲ့ conj ဖြစ်နေသေးလားဆိုတာပါ ကြည့်ရပါမယ်။


Zodiac Sign  ၁၂ ခုလုံးရဲ့ ယေဘုယျ character တွေအကြောင်း ပြောပြဦးမယ်🤭Aries - ရာသီခွင် အားလုံးရဲ့ ထပ်ဆုံးအစမှာရှိတဲ့ Aries ...
24/08/2026

Zodiac Sign ၁၂ ခုလုံးရဲ့ ယေဘုယျ character တွေအကြောင်း ပြောပြဦးမယ်🤭

Aries - ရာသီခွင် အားလုံးရဲ့ ထပ်ဆုံးအစမှာရှိတဲ့ Aries တစ်ယောက်ရဲ့ ပုံစံက ရဲရင်တယ်၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တယ် တစ်ခါတစ်လေ ကလေးတစ်ယောက်လို နွဲ့ဆိုးလေးလည်း လုပ်တတ်ပါတယ်။
Ta**us - ဆုံးဖြတ်ချက်ချလိုက်ပြီဆို မပြောင်းလဲဘဲ အဆုံးထိလျှောက်လှမ်းတယ်၊ တည်ငြိမ်ပြီး ရင့်ကျက်တယ်၊ stubborn ဖြစ်တာလေးကတော့ ပြင်ရခက်ခဲ့တဲ့အချက်ပါ။
Gemini - ဖြတ်ထိုးဉာဏ်ကောင်းတယ် social ကျတယ်၊ စီးပွါးရေးလုပ်ငန်းရှင် တော်တော်များများက Gemini တွေများတာကိုတွေ့ရတယ်။ တချက်ချက် အပြောင်းအလဲများပြီး ဇဝေဇဝါ ဖြစ်တတ်တာလေး တစ်ခုကလွဲရင် အကုန်ကောင်းပါတယ်။
Cancer - ကြင်နာတတ်တယ်၊ သူများအခက်အခဲတွေကို ကိုယ်ချင်းစာ သနားတတ်တဲ့ ဂရုဏာရှင်လေးတွေပေါ့။ ဒါပေမယ့် နာကျင်စရာ အဖြစ်အပျက်တွေကိုတော့ လုံးဝမမေ့ဘဲ အခွင့်သာတဲ့အခါ မကျေပွဲလေးတွေနဲ့ ချေပတတ်တဲ့ အကျင့်ရှိသူပါ။
Leo - attention lover လေးတွေပါ၊ ရဲရင့် ပြတ်သားတယ်၊ သူများကို သိပ်အားမကိုးတတ်ဘူး၊ ထင်ပေါ်ကြော်ဇောတာကိုလည်း သဘောကျတယ်။ ငါဆိုတဲ့ အတ္တလေးတော့ အနည်းငယ်ဆန်တတ်ပါတယ်။
Vigo - ဂဂီဂဂျောင် လုပ်တတ်တဲ့သူတွေဆို ပြေးကြည့်ရင် Virgo များတယ်နော်၊ အရာရာ စီစစ်သေသပ် စနစ်ကျမှ သဘောကျကြတယ်။ တာဝန်ယူမှု တာဝန်ခံမှုကို အပြည့်အဝ စိတ်နှစ်ထားတဲ့သူတွေဖြစ်ပါတယ်။
Libra - လှုမှုပေါင်းသင်း ဆက်ဆံရေးအလွန်ကောင်းတယ်၊ အရာရာတိုင်းကို မျှမျှတတ equality ဖြစ်နေမှ သဘောကျတာ၊ Libra တိုင်းလိုလို ချောမောလှပကြတယ်။ သူတို့က သူတို့ ဖြစ်ချင်မှုတွေထက် ပတ်ဝန်းကျင်၊ လူတွေရဲ့ ပျော်ရွှင်မှုကို ဦးစားပေးတတ်ကြတဲ့ people-pleasing လိုဖြစ်သွားတတ်ကြတယ်။
Scorpio - ဘာအရာကိုမဆို အရမ်းလေးနက်အောင်လုပ်တယ် တွေးတောတတ်တယ်၊ တစ်စိုက်မတ်မတ်လုပ်လေ အောင်မြင်တဲ့သူတွေ။ intense ဖြစ်လွန်းတော့ ဘယ်အရာကိုမှ သိပ်ယုံလေ့မရှိကြဘူး သူတို့တွေက။
Sagittarius - အတွေးအခေါ် ကျယ်ပြန့်တယ်၊ အိမ်မက်တွေ အကြီးကြီးမက်လေ့ရှိတဲ့ သူလေးတွေ။ သူတို့က born lucky လေးတွေဖြစ်ကြတယ်နော် Jupiter ထိုင်တဲ့ Sign ဖြစ်လို့။
Capricorn - လူကြီးဆန်တယ် ရင့်ကျက်တယ်၊ workaholic သမားတွေများတယ် အလုပ်သည်သာ ပထမ ဆိုတဲ့ ကပ်ပီလေးတွေပါ။ အရမ်း serious ဖြစ်လွန်းတော့ လူတစ်ချို့တွေနဲ့ ပေါင်းရခက်တာတွေရှိတတ်ပါတယ်။
Aquarius -လွတ်လပ်မှုကို မြတ်နိုးတယ်၊ လူတိုင်းနဲ့ လိုက်လျောညီထွေနေတတ် ပေါင်းတတ်တယ်၊ အတွေးအခေါ် ဆန်းသစ်ကြတယ်။ boundary-pushing ဖြစ်လို့ စည်းတွေဘောင်တွေ အကန့်အသတ်တွေကြားနေတာ သိပ်မကြိုက်တတ်ပါဘူး။
Pisces – Dreamy ထဲမှာနေလွန်းလို့ ခနခနခေါ်နှိုးရမယ့် သူတွေပါ။ ခံစားမှုအားကောင်းလို့ အနူပညာအလုပ်နဲ့ အရမ်းကိုက်ပါတယ်။ သူတို့စိတ်လေးတွေက အထိခိုက်မခံနိုင်ပါဘူး ဒါပေမယ့် သူများအပေါ် အရမ်းဂရုစိုက်တတ် နားလည်ခံစားပေးတတ်ကြပါတယ်။

ကဲ ဒီလောက်ဆို အကျဉ်းဖျင်းလေးသိလောက်ပြီ
ကိုယ်ကတော့ ဘယ်လိုအမှုအကျင့်တွေရှိလဲ မန့်မှာရေးခဲ့နော် ☺️


19/08/2026

အရမ်းတော် အရမ်းတတ်၊ ဘယ်နေရာမဆို ဆရာလုပ်လိုက်ရမှ ကျေနပ်တဲ့ Sign များ 🥹

သူများပြောလက်မခံချင်ကြဘူး သူတို့သတ်မှတ်ထားတာ မှန်လားဆိုတော့လဲ မဟုတ်နေဘူး 😁

Leo ♌️
Capricorn ♑️
Ta**us ♉️
Sagittarius ♐️


အလိုလိုသိစိတ် (Intuition) ဆိုတာ ဘာလဲ? ဘယ်သူတွေမှာ ပိုပြီး အားကောင်းကြသလဲ?မသိစိတ်ရဲ့ သတိပေးချက်လို့ ခေါ်ဆိုနိုင်တဲ့ "အလို...
31/07/2026

အလိုလိုသိစိတ် (Intuition) ဆိုတာ ဘာလဲ? ဘယ်သူတွေမှာ ပိုပြီး အားကောင်းကြသလဲ?

မသိစိတ်ရဲ့ သတိပေးချက်လို့ ခေါ်ဆိုနိုင်တဲ့ "အလိုလိုသိစိတ်" (Intuition) ဆိုတာ တကယ်တော့ အလွန်ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုပါ။ သူက အမြဲတမ်း ပေါ်လာတတ်တာမျိုး မဟုတ်ပါဘူး။

ဥပမာ - ဘာလုပ်ရမှန်းမသိ ဆုံးဖြတ်ချက်တွေ ဝေဝါးနေချိန်မှာ "ဒီတစ်ခုတော့ ဟုတ်မယ်ထင်တယ်" ဆိုပြီး ရွေးချယ်လိုက်ရာကနေ အကုန်အဆင်ပြေသွားတာမျိုး၊ သို့မဟုတ် မထင်မှတ်ထားတဲ့ ဒုက္ခတစ်ခုကို ကံကောင်းထောက်မစွာ ရှောင်ရှားနိုင်ခဲ့တာမျိုးတွေဟာ Intuition ရဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။

Zodiac Sign တိုင်းမှာ ကိုယ်ပိုင်အလိုလိုသိစိတ်နဲ့ ဗီဇခံစားမှု အနည်းနဲ့အများ ရှိကြပေမယ့် အချို့သော ရာသီဖွားနဲ့ Placement ပိုင်ရှင်တွေကတော့ သဘာဝအတိုင်း ပိုမိုနက်ရှိုင်းတဲ့ Intuitive Power ကို ပိုင်ဆိုင်ထားကြပါတယ်။

🌊 Intuition အားအကောင်းဆုံး Water Signs
၁။ Pisces
Pisces တွေဟာ အလိုလိုသိနိုင်စွမ်း အားအပြင်းဆုံး ရာသီဖွားတွေထဲက တစ်ခုပါ။ သူတို့ရဲ့ လျှပ်တစ်ပြက် စိတ်ခံစားချက်နဲ့ လမ်းကြောင်းပြောင်းလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ မထင်မှတ်ဘဲ အကောင်းဆုံး လမ်းပြဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် Pisces တွေဟာ အိမ်မက်တွေကနေတစ်ဆင့် သဲလွန်စရတာ သို့မဟုတ် ရှေ့ဖြစ်ကို အလိုလိုရိပ်မိတဲ့ မသိစိတ်စွမ်းအား (Intuition) ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။

၂။ Scorpio
အလိုလိုသိစိတ် အထက်မြက်ဆုံးနဲ့ အထိုးဖွင်းဆုံးလို့ လူသိများတာ Scorpio တွေပါပဲ။ စကောပီယိုတွေဟာ လူတစ်ယောက်ရဲ့ အကြည့်၊ စကားအသုံးအနှုန်းနဲ့ အမူအယာကို ကြည့်ရုံနဲ့တင် ထိုသူရဲ့ စိတ်ရင်းအမှန်နဲ့ လှို့ဝှက်ချက်တွေကို စာအုပ်တစ်အုပ်လို ဖတ်ရှုနိုင်ကြသူများ ဖြစ်ပါတယ်။

၃။ Cancer
Cancer တွေကျတော့ ပတ်ဝန်းကျင် စွမ်းအင် (Energy) ကို အထိခိုက်မခံနိုင်ဘဲ အာရုံခံနိုင်သူတွေပါ။ စကားဝိုင်းတစ်ခုမှာ လေထုစတင်ပြောင်းလဲသွားတာ၊ သို့မဟုတ် ဘေးလူရဲ့ စိတ်ခံစားချက် အတက်အကျတွေကို နှုတ်ကထုတ်မပြောဘဲနဲ့ကို စက်ပစ္စည်းတစ်ခုလို အလိုလို ခံစားသိရှိနိုင်ကြပါတယ်။

🌌 Chart ထဲမှာ ဒီ Placements တွေပါရင် Intuition အားကောင်းသူပါ!
✨ 8th House placement အားကောင်းသူများ
မိမိရဲ့ ဇာတာထဲက 8 House အိမ်မှာ Moon, Neptune, Pluto စတဲ့ အသိဉာဏ်နဲ့ လှို့ဝှက်ဆန်းကြယ်မှုကို တာဝန်ယူထားတဲ့ ဂြိုဟ်တွေ ရှိနေရင် အာရုံခံစားမှုနဲ့ Intuition အား အရမ်းကောင်းတတ်ပါတယ်။

✨ 12th House strong ဖြစ်နေသူများ
Moon (သို့မဟုတ်) Mercury က 12 အိမ်ထဲ ရောက်နေရင်၊ မိမိရဲ့ Chart Ruler ဂြိုဟ်က 12 အိမ်ထဲမှာ ရှိနေရင် ဒါမှမဟုတ် Personal Planets (Sun, Moon, Mercury, Venus, Mars) တွေ 12 အိမ်မှာ စုဝေးနေရင်တော့ အိပ်မက်ဆန်းတွေ မကြာခဏ မက်တတ်ပြီး အလိုလိုသိစိတ်စွမ်းအား ပိုင်ဆိုင်ထားတတ်ပါတယ်။

✨ Rising / Ascendant ရာသီဖွားများ
မိမိရဲ့ Rising (Ascendant) မှာ Pisces သို့မဟုတ် Scorpio ဖြစ်နေသူတွေဟာလည်း စိတ်ဓာတ်ကြံ့ခိုင်ရုံတင်မကဘဲ အရာရာကို ကြိုတင်သိရှိ ခံစားနိုင်တဲ့ ပင်ကိုယ် အသိစိတ်အာရုံ အထူးအားကောင်းကြပါတယ်။

ဒီလို အချက်အလက်အချို့တွေရှိနေရင်တော့ ကိုယ့်ဟာ intuition အားကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် ဂြိုလ်တွေ ချိတ်ဆက်နေတဲ့ aspects တွေကိုလည်းပြန်ကြည့်ရပါတယ်။

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ? 🧐Part 1 နဲ့ 2 ကို ဒီလင့်မှာရှာဖတ်ကြည့်လို့ရတယ်နော်Part 1 https://...
28/07/2026

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ? 🧐

Part 1 နဲ့ 2 ကို ဒီလင့်မှာရှာဖတ်ကြည့်လို့ရတယ်နော်
Part 1 https://www.facebook.com/astrowhisper/posts/pfbid02NDQLsnHq86czUnLwJWSjcYjfFxP8jAEaYcZph1fVhRYvCtvbhEhx4JMNhg1g3UXMl
Part 2 https://www.facebook.com/astrowhisper/posts/pfbid0Ur9qhwgQZPgxBLZctgj1on4pcrkbCNsn8URNkJ4xaTZh8wzvXHnmSCY3hF8rkExyl

ကိုယ့်ရဲ့ Rising sign ရှာပုံတော်ကတော့ Birth Chart Calculator ဆိုပြီး Website တွေမှာရှာကြည့်နိုင်ပါတယ်။

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ?Part 2 လာပါပြီအခြား Sign လေးတွေအတွက်လည်း မကြာခင်ရေးပေးပါမယ် 😊Part ...
24/07/2026

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ?

Part 2 လာပါပြီ
အခြား Sign လေးတွေအတွက်လည်း မကြာခင်ရေးပေးပါမယ် 😊

Part 1 ကို ဒီလင့်မှာရှာဖတ်ကြည့်လို့ရတယ်နော် https://www.facebook.com/astrowhisper/posts/pfbid02NDQLsnHq86czUnLwJWSjcYjfFxP8jAEaYcZph1fVhRYvCtvbhEhx4JMNhg1g3UXMl

ကိုယ့်ရဲ့ Rising sign ရှာပုံတော်ကတော့ Birth Chart Calculator ဆိုပြီး Website တွေမှာရှာကြည့်နိုင်တယ်နော်။

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ?ဟုတ်ပါတယ် Sun Leo တစ်ယောက်က လူအမြင်မှာတော့ အနေအေး၊ နူးညံ့နေတယ်မြင်...
21/07/2026

လူတစ်ချို့က ကိုယ့် Zodiac Sign နဲ့ မတူနေတာဘာကြောင့်လဲ?

ဟုတ်ပါတယ် Sun Leo တစ်ယောက်က လူအမြင်မှာတော့ အနေအေး၊ နူးညံ့နေတယ်မြင်ကြလို့ သူကို Leo လို့တောင် ထင်မိမှာမဟုတ်ပါဘူး။ အဲ့ဒါဟာ Rising sign ရဲ့ လွှမ်းမိုးမှုကြီးသွားတာကြောင့်ပါနော်။

Rising sign ဟာ လူအများမြင်တွေ့ရတဲ့ ကိုယ့်ရဲ့ပုံရိပ်၊ ပထမဆုံး အထင်အမြင်နှင့် အပြင်ပန်းစရိုက်တွေကိုဖော်ဆောင်ပါတယ်။ Rising (or) Ascendant ဆိုတာ Astrology မှာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ ဆုံမှတ်တစ်ခုဖြစ်ပြီး သူဟာ Zodiac sign တစ်ခုကို ၂ နာရီတစ်ခါလောက် ပြောင်းနေတာဖြစ်လို့ Sun sign တူနေပင်မယ့် ကိုယ်မွေးဖွားတဲ့အချိန်အလိုက် Rising sign တွေ ပြောင်းသွားမှာပါ။

ကိုယ့်က ဘာ Rising လဲဆိုတာကြည့်ရအောင်နော်...

Part 2 is coming soon 🥰

Ta**us လေးနဲ့ အရင်စလိုက်မယ်ကွယ်...ဂျိုကလေးနဲ့ တောအရက်တွေက သူ့ဘဝမှာ သက်တောင့်သက်သာ ဇိမ်ရှိရှိ နေထိုင်ဖို့က အဓိကနော်။ အဲ့လ...
15/07/2026

Ta**us လေးနဲ့ အရင်စလိုက်မယ်ကွယ်...

ဂျိုကလေးနဲ့ တောအရက်တွေက သူ့ဘဝမှာ သက်တောင့်သက်သာ ဇိမ်ရှိရှိ နေထိုင်ဖို့က အဓိကနော်။ အဲ့လိုဖြစ်အောင်လည်း ကြိုးစားကြတယ် သူတို့ကြိုးစားတဲ့ပုံစုံ Slowly ဖြစ်ပေမယ့် ရေရှည်မှာ အခြေခိုင်ဖို့ ရည်ရွယ်တယ်။

တစ်ခါတစ်လေ Comfort zone ထဲနေတာများတော့ အများအမြင်မှာ ပျင်းရိစရာကောင်းတဲ့ နွားကလေးတွေလို့ မြင်မိကြတယ်။ အမှန်တော့ သူတို့မလုပ်ချင်လို့ကို ထမလုပ်ကြသေးတာပါနော် လုပ်ပြီဟေ့ဆိုရင်တော့ ခေါင်းမာသလိုပဲဘယ်သူပြောပြောတားမရတော့ဘူး 😎

Fun Facts လေးတွေကြည့်ရအော်!

13/07/2026

မင်္ဂလာပါ ရှင့် ☺️
𝘼𝙨𝙩𝙧𝙤 𝙒𝙝𝙞𝙨𝙥𝙚𝙧 𝙋𝙖𝙜𝙚 လေးနဲ့ မိတ်ဆက်ပေးမယ်နော်

ဒီ Page လေးမှာဆိုရင်တော့..

🌌 စိတ်ဝင်စားဖို့ကောင်းတဲ့ Zodiac Fun Facts တွေ

🎭 ရာသီခွင်တစ်ခုချင်းစီရဲ့ မသိသေးတဲ့ ပင်ကိုယ်စရိုက်တွေ

🔮 Astrology ဗဟုသုတတွေကို ပေါ့ပေါ့ပါးပါး မျှဝေပေးသွားမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။

"Follow" လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်! 💫

Address

Yangon
11121

Website

Alerts

Be the first to know and let us send you an email when Astro Whisper posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share