03/10/2026
အောက်တိုဘာလ ၉ရက်၊ ၁၀ရက်နဲ့ ၁၁ရက်အထိ (၃)ရက်တိုင်တိုင် Goethe-Institut Myanmar မှ ကြီးမှူးကျင်းပမဲ့ World Mental Health Day Event 2026 Event မှာလည်း Citta Team က Community နဲ့အတူတူရှိနေပါမယ်ရှင် 💚
Save the Date | ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အထိ
ဥရောပသမဂ္ဂ (EU) ၏ ထောက်ပံ့ကူညီမှုဖြင့်အကောင်အထည်ဖော်မယ့် ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ (AoC) စီမံကိန်းအသစ် (၂၀၂၆-၂၀၂၉) ၏ တရားဝင်ဖွင့်ပွဲ အခမ်းအနား နှင့်အတူ ၂၀၂၆ ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ အစီအစဉ်များကို Goethe-Institut Myanmar တွင် ကျင်းပပြုလုပ်သွားမှာဖြစ်လို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။
💚 စကားသံများ၊ အတွေ့အကြုံများနှင့် ပြောင်းလဲမှုများ - ကိုယ်တွေ့အတွေ့အကြုံများအတွက် နေရာတစ်ခု
သုံးရက်တာ ကာလအတွင်း ပြည်တွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်တဲ့ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် စိတ်ကျန်းမာရေးနှင့် သုခချမ်းသာအတွက် အနုပညာအခြေပြု ချဉ်းကပ်မှုများကို လေ့လာစူးစမ်းကြပါမယ်။
✨ အစီအစဉ်
အောက်တိုဘာလ ၉ ရက်
- နေ့လယ် ၂:၀၀ မှ ၃:၀၀ နာရီအထိ | ဖွင့်ပွဲအခမ်းအနားနှင့် အသစ်စတင်မယ့် AoC စီမံကိန်း ၏ တရားဝင်ဖွင့်ပွဲ
- နေ့လယ် ၃:၀၀ မှ ညနေ ၄:၀၀ နာရီအထိ ဖန်တီးမှု အနုပညာ ကုထုံးများ - စကားသံများ၊ အတွေ့အကြုံများနှင့် ကုသခြင်း (နိုင်ငံတကာ ကုထုံးပညာရှင်များ နှင့် လေ့ကျင့်ရေးဆရာများ၏ ဆွေးနွေးပွဲ)
- ညနေ ၄:၀၀ မှ ၅:၀၀ နာရီအထိ ဖန်တီးမှု အနုပညာ ကုထုံးများဆိုင်ရာ လှုပ်ရှားမှုများ
အောက်တိုဘာလ ၁၀ ရက်
- ဒရာမာကုထုံး (Dramatherapy) အလုပ်ရုံဆွေးနွေးပွဲ
အောက်တိုဘာလ ၁၁ ရက်
- Small AoC ဖွင့်ပွဲနှင့် လှုပ်ရှားမှုများ (ကလေး၊ လူငယ်နှင့် မိသားစု အစီအစဉ်)
- အနုပညာကုထုံး (Visual Arts Therapy) အလုပ်ရုံဆွေးနွေးပွဲ
- ဂီတကုထုံး (Music Therapy) အလုပ်ရုံဆွေးနွေးပွဲ
📍 Goethe-Institut Myanmar (ရန်ကုန်)
ပူးပေါင်းဆောင်ရွက်သွားမယ့် အသေးစိတ် အစီအစဉ်များနှင့် စာရင်းပေးသွင်းရန် အချက်အလက်များကို မကြာမီ ထပ်မံကြေညာပေးသွားပါမယ်။
ကားပါကင်ဆိုင်ရာ အသိပေးချက် - ပွဲကျင်းပရာနေရာတွင် ကားပါကင်နေရာ အကန့်အသတ်ရှိတဲ့အတွက် ဖြစ်နိုင်ပါက ကားကြို/ပို့ စနစ်ကို အသုံးပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
သင်ယူမှု၊ ဖန်တီးမှု၊ ချိတ်ဆက်မှုနှင့် ဂရုစိုက်မှု အတွေ့အကြုံများပါဝင်မယ့် သုံးရက်တာအစီအစဉ် ကို လာရောက်ကြဖို့ မျှော်လင့်လျက်ရှိပါတယ်။
Save the Date | 9-11 October 2026
Join us at Goethe-Institut Myanmar as we celebrate the Official Launch of the new Academy of Care (AoC) Project Phase (2026-2029), supported by the European Union, alongside our World Mental Health Day 2026 programme:
💚 Voices, Stories, and Change: A Space for Lived Experiences
Over three days, explore creative arts-based approaches to mental health and wellbeing through seminars, workshops, and hands-on experiences led by local and international practitioners.
✨ Programme Highlights
9 October
2:00–3:00 PM | Opening Ceremony & Official Launch of the New AoC Phase
3:00–4:00 PM | Creative Therapies: Voices, Stories and Healing (Seminar by International Therapists and Trainers)
4:00–5:00 PM | Creative Therapy Experience Activities
10 October
Dramatherapy Workshop
11 October
Small AoC Launch & Activities (Children, Youth and Family Programme)
Visual Arts Therapy Workshop
Music Therapy Workshop
📍 Goethe-Institut Myanmar, Yangon
Further collaboration programme details and registration information will be announced soon.
Parking Notice: Parking at the venue is limited. We kindly recommend using drop-off and pick-up arrangements where possible.
We look forward to welcoming you to three days of learning, creativity, connection, and care.