Heart & Vascular Centre -Victoria Hospital

Heart & Vascular Centre -Victoria Hospital နှလုံးနှင့်သွေးကြောရောဂါအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောဌာန

နှလုံးနှင့်သွေးကြောရောဂါများအတွက်(၂၄)နာရီဝန်ဆောင်မှု
ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြော အထူးကုဌာန။
(၁) နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း(Angiogram)
(၂) ၂၄နာရီ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသခြင်း(Angioplasty)
(၃) နှလုံးနှိုးဆွစက်(Pacemaker)တပ်ဆင်ခြင်း
(၄)မွေးရာပါနှလုံးအပေါက်ပါသောလူနာများအား မခွဲစိတ်ပဲ Device ထည့်၍ကုသခြင်း(ASD device closure)

🏥ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) တွင် နှလုံး‌နှိုးဆွစက်ထည့်ကုသမှု‌ အောင်မြင်ခဲ့သည့်  အန်တီ "𝐃𝐚𝐰 𝐀𝐲𝐞 𝐀𝐲𝐞 𝐌𝐨𝐡"...
03/09/2026

🏥ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) တွင် နှလုံး‌နှိုးဆွစက်ထည့်ကုသမှု‌ အောင်မြင်ခဲ့သည့် အန်တီ "𝐃𝐚𝐰 𝐀𝐲𝐞 𝐀𝐲𝐞 𝐌𝐨𝐡" ❤️

“၂၀၂၄ တုန်းကတည်းက သွေးကြော 𝟓𝟎% လောက်ပိတ်နေပေမဲ့ 𝐬𝐭𝐞𝐧𝐭 မထည့်ဘဲ သောက်ဆေးနဲ့ပဲ နေလာတာ။ ဒီနှစ်ပိုင်းမှာ မောလာပြီး နှလုံးခုန်နှုန်းနှေးတာအပြင် 𝟏.𝟗 စက္ကန့်လောက်ရပ် ရပ် သွားတာတွေ ဖြစ်ပြီးနောက်ဆုံးနှလုံးခုန်နှုန်း (၄၀) ကျော်ပဲရှိတာမို့လို့ 𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫 စက်ထည့်ကုသဖြစ်တာပါ ။

☑️ဆရာဝန်ကြီးရဲ့ ကျွမ်းကျင်မှုကြောင့် ကုသတဲ့ကြာချိန်ကလည်း နာရီဝက်လောက်ပဲကြာလိုက်တယ်။ စက်ထည့်ကုသအပြီးမှာ နှလုံးခုန်နှုန်းကတော့ ၆၀ လောက်ပြန်ဖြစ်သွားပြီး ပုံမှန်ငြိမ်နေတာတွေ့ရတယ်။

💚ဝိတိုရိယဆေးရုံက မိသားစုတွေလာပြီး ကုနေကျဖြစ်တာရယ် ကိုယ့်အသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေတဲ့ဆေးရုံ ဖြစ်တာကြောင့် ရွေးချယ်ကုသဖြစ်ခဲ့ပါတယ်။ ဝန်ဆောင်မှုလည်းအရမ်းကောင်းတယ်။ အန်တီအကြိုက်ဆုံးကတော့ ဝိတိုရိယဆေးရုံ 𝐂𝐂𝐔 နှလုံးကြပ်မတ်ဆောင်က သူနာပြုတွေရဲ့ 𝐂𝐚𝐫𝐞 ပေါ့၊ လိုလေသေးမရှိဘူး။ ကိုယ့်လူနာစောင့်တွေရှိပေမယ့် အပေါ့၊ အလေးကအစ သူတို့ပဲလုပ်ပေးတယ်၊ မငြိုငြင်ဘူး။ ဒီဘက်ခေတ်မှာတော့ အဲ့လိုမျိုးကရှားတယ်လေ။ ဒါ့ကြောင့် ဘယ်သူမဆို ဒီမှာ နှလုံးနဲ့ပတ်သက်ပြီး လာကုရင်တော့ 𝐂𝐂𝐔 𝐓𝐞𝐚𝐦 ရဲ့ 𝐒𝐮𝐩𝐩𝐨𝐫𝐭𝐢𝐧𝐠 ကောင်းကောင်းရမှာအသေအချာပါပဲ ။ အခြားသူတွေကုသဖို့လိုအပ်ရင် ဒီမှာလာကုဖို့ 𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 ပေးပါတယ်” စသဖြင့် အန်တီ "𝐃𝐚𝐰 𝐀𝐲𝐞 𝐀𝐲𝐞 𝐌𝐨𝐡"၏ မှတ်ချက်ပေးခဲ့မှုများကို မိဘပြည်သူများထံသို့မျှဝေပေးလိုက်ရပါသည်။

🏥အကောင်းဆုံးသောကျန်းမာရေးဝန်ဆောင်မှုများနဲ့အတူ ခေတ်မီစက်ကိရိယာများဖြင့် နိုင်ငံတကာအဆင့်မီ ဝိတိုရိယဆေးရုံမှ မိဘပြည်သူများရဲ့ ကျန်းမာရေး အတွက် စိတ်ရောကိုယ်ပါဖိဖိစီးစီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ ်။

❤️အန်တီ "𝐃𝐚𝐰 𝐀𝐲𝐞 𝐀𝐲𝐞 𝐌𝐨𝐡" လည်း မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🏻

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐇𝐞𝐚𝐫𝐭𝐀𝐭𝐭𝐚𝐜𝐤
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

01/09/2026

🫀 အိန္ဒိယနိုင်ငံမှ နှစ်ပေါင်း(၂၅)နှစ်ကျော်အတွေ့အကြုံရှိ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်ပြသနိုင်မည့် အထူးအခွင့်အရေးကြီး ပြန်လည်ရောက်ရှိလို့လာပါပြီ…..

🩺နှစ်ပေါင်း (၂၅) နှစ်ကျော်အတွေ့အကြုံရှိ 🇮🇳 🧑🏻‍⚕️ အိန္ဒိယနိုင်ငံမှ နှလုံးနှင့် သွေးကြော အထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 သည် 📆 စက်တင်ဘာလ (၂၅)ရက်နေ့မှ (၂၇) ရက်နေ့အထိ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) တွင်လာ ပြင်ပလူနာများကို ကြည့်ရှုပေးသွားမည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ် ။


✅နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)
✅ နှလုံးသွေးကြော နှစ်နေရာနှင့်အထက် ကျဉ်းခြင်း/ပိတ်ခြင်းကို မခွဲစိတ်ဘဲ (𝐒𝐭𝐞𝐧𝐭) ထည့်၍ ကုသခြင်း (𝐂𝐨𝐦𝐩𝐥𝐞𝐱 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ နှလုံးနှိုးဆွစက် (𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫) တပ်ဆင်ခြင်း
✅ မွေးရာပါ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ (𝐃𝐞𝐯𝐢𝐜𝐞) ဖြင့် ကုသခြင်း
✅ သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (𝐕𝐞𝐧𝐨𝐮𝐬 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐬𝐢𝐬)
✅ နှလုံးအဆို့ရှင်ကျဉ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐌𝐢𝐭𝐫𝐚𝐥 𝐕𝐚𝐥𝐯𝐮𝐥𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ လက်နဲ့ခြေထောက်သွေးကြောကျဉ်းခြင်းကို (𝐒𝐭𝐞𝐧𝐭) ထည့်၍ သွေးကြောချဲ့ကုသခြင်း (𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ ခြေထောက်သွေးကြောထုံးခြင်းကို မခွဲစိတ်ဘဲ ( 𝐑𝐅𝐀/𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 )နည်းဖြင့် ကုသခြင်း
✅ ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐅𝐨𝐨𝐭 𝐔𝐥𝐜𝐞𝐫 𝐑𝐞𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧) စတဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကုသပေးသွားမှာဖြစ်ပါတယ်။

⭐လူဉီးရေအကန့်အသတ်ဖြင့်သာြပသနိုင်တာကြောင့် နှလုံးနှင့်သွေးကြောရောဂါ အမျိုးမျိုးကို အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ဖြင့်ပြသနိုင်မယ့် အထူးအခွင့်အရေးကြီးကိုလက်လွှတ်မခံဘဲ ကြိုတင် အခုပဲ📞𝐁𝐨𝐨𝐤𝐢𝐧𝐠 ယူနိုင်အောင် သတင်းကောင်းလေးပါးလိုက်ပါတယ်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐃𝐫.𝐂𝐑𝐚𝐠𝐡𝐮
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

😴 တစ်နေ့တာလုံး မောပန်းသမျှကို အကောင်းဆုံး ကုစားပေးနိုင်တာဟာ "နှစ်ခြိုက်စွာ အိပ်စက်ခြင်း" ပဲ ဖြစ်ပါတယ်။💤 ပုံမှန်အားဖြင့် ...
29/08/2026

😴 တစ်နေ့တာလုံး မောပန်းသမျှကို အကောင်းဆုံး ကုစားပေးနိုင်တာဟာ "နှစ်ခြိုက်စွာ အိပ်စက်ခြင်း" ပဲ ဖြစ်ပါတယ်။

💤 ပုံမှန်အားဖြင့် တစ်ညကို (၇) နာရီကနေ (၈) နာရီ အထိ အိပ်စက်ပေးတာဟာ အကောင်းဆုံးပါပဲ။ အိပ်ရေးဝဝ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ် အားပြည့်စေရုံတင်မကဘဲ နှလုံးကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။

⏰အိပ်ချိန် လုံလုံလောက်လောက် မရရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဆစ်ရောင်‌ရောဂါ၊ စိတ်ကျရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများစွာကို ခံစားရစေနိုင်တဲ့အပြင်အောက်ပါနှလုံးနှင့်ပတ်သတ်သောရောဂါများကိုလည်းဖြစ်ပွားစေနိုင်ပါတယ် ။

☑️သွေးတိုးရောဂါ
အိပ်ချိန်လုံလောက်စွာမရှိတဲ့အခါ သွေးဖိအားကို မြင့်တက်စေကာ သွေးတိုးရောဂါကို ဖြစ်စေနိုင်ပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ပါဆက်လက်ဖြစ်နိုင်ချေများပါတယ် ။

☑️ဆီးချိုရောဂါ
အိပ်ရေးမဝခြင်းက ခန္ဓာကိုယ်ရဲ့ 𝐈𝐧𝐬𝐮𝐥𝐢𝐧 ထုတ်လုပ်နိုင်စွမ်းကို လျှော့ကျစေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်လာကာ ဆီးချိုရောဂါ ဖြစ်စေနိုင်ပါတယ် ။ ထိုမှတစ်ဆင့် နှလုံးသွေးကြောများကို ထိခိုက်ပျက်စီးစေနိုင်ပြီး ဆီးချိုရောဂါရှိသူတို့သည် ဆီးချိုရောဂါမရှိသူများထက် နှလုံးရပ်တန့်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေမှာ နှစ်ဆအထိ ရှိပါတယ်။

☑️အဝလွန်ခြင်း
အိပ်ရေးမဝခြင်းက ကိုယ်အလေးချိန်ကို မြင့်တက်လာစေနိုင်တဲ့ အတွက် အဝလွန်ခြင်းဖြင့် နှလုံးသွေးကြောများအတွင်း အဆီနှင့်အညစ်အကြေးများ ပိတ်ဆို့နိုင်ခြေ ရှိသောကြောင့် နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

📌ဒီလိုမျိုးနှလုံးကျန်းမာ‌ရေးပြဿနာတွေ မဖြစ်ရလေအောင် နှလုံးကျန်းမာစေဖို့ အိပ်စက်မှု အလေ့အထကောင်းလေးတွေကို လိုက်နာကြည့်လိုက်ရအောင်။
✅အိပ်ချိန်၊ ထချိန်ကို နေစဥ်မှန်မှန်ထားပါ
✅မအိပ်ခင် ဖုန်း၊ 𝐓𝐕၊ ကွန်ပျူတာ အလွန်အကျွံမသုံးပြုခြင်းကို ရှောင်ပါ
✅ညနေပိုင်းမှာ ကဖိန်းဓာတ်ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ
✅အိပ်ရာမဝင်ခင် နွားနို့ပူပူလေးသောက်ပေးပါ
✅ကောင်းမွန်စွာအိပ်စက်နိုင်စေရန် အိပ်ခန်းကိုတိတ်ဆိတ်ပြီး အေးချမ်းအောင်ဖန်တီးထားပါ။

🌙✨အထက်ပါ နည်းလမ်းလေးတွေကိုလိုက်နာပြီး သင့်ရဲ့ နှလုံးသားလေး ကျန်းမာနိုင်ဖို့ ဒီနေ့ညက စပြီး အိပ်ရေးဝဝ အိပ်စက်လိုက်ကြရအောင်နော်... ❤️

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#နှလုံးကျန်းမာရေး
#𝐇𝐞𝐚𝐫𝐭𝐇𝐞𝐚𝐥𝐭𝐡
#𝐆𝐨𝐨𝐝𝐒𝐥𝐞𝐞𝐩

🏥 နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံဖြင့် ကုသပေးနေသော 🇮🇳 🧑🏻‍⚕️ အိန္ဒိယနိုင်ငံမှ နှလုံးနှင့် သွေးကြော အထူးကုဆရာဝန်ကြီး ...
21/08/2026

🏥 နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံဖြင့် ကုသပေးနေသော 🇮🇳 🧑🏻‍⚕️ အိန္ဒိယနိုင်ငံမှ နှလုံးနှင့် သွေးကြော အထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 သည် ၂၀၂၆ ခုနှစ် ၊ ဩဂုတ်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ပြင်ပလူနာများကို လာရောက်ကုသပေးမှာ ဖြစ်ပါတယ်။

⭐ ဒါကြောင့် ဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ဖြင့်ပြသနိုင်မယ့် အထူးအခွင့်အရေးကြီး ကိုလက်လွှတ်မခံဘဲ ဝိတိုရိယဆေးရုံနှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) သို့ အခုပဲဆက်သွယ်ပြီး အမြန်ဆုံး ကြိုတင် 📞𝐁𝐨𝐨𝐤𝐢𝐧𝐠 တင်ဖို့ သတင်းကောင်းပါးအပ်ပါရ‌စေ ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐃𝐫.𝐂𝐑𝐚𝐠𝐡𝐮
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

🏥ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂)  ခြေထောက် သွေးကြောထုံးရောဂါကို ခွဲစိတ်စရာမလိုဘဲ နာကျင်မှုအနည်းဆုံးကုသနည်းလမ...
20/08/2026

🏥ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) ခြေထောက် သွေးကြောထုံးရောဂါကို ခွဲစိတ်စရာမလိုဘဲ နာကျင်မှုအနည်းဆုံးကုသနည်းလမ်းဖြစ်တဲ့
✅ခါးဆစ်ရိုးထုံဆေး/မေ့ဆေးမလို 𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ဖြင့်ကုသခြင်း နှင့်
✅𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐄𝐧𝐞𝐫𝐠𝐲 ကိုအသုံးပြုပြီး 𝐑𝐅𝐀 နည်းဖြင့်ကုသခြင်း စသည့်နည်းလမ်းများကို
🧑🏽‍⚕️အိန္ဒိယနိုင်ငံမှ နှလုံးနှင့်သွေးကြောအထူးကု ဆရာဝန်ကြီး 𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်သာမက မြန်မာနိုင်ငံမှကျွမ်းကျင်ဝါရင့်ဆရာဝန်ကြီးများဖြင့်လည်း ကုသနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ ။ ✨💚❤️

⭐ဒါကြောင့် (𝐇𝐕𝐂) တွင် မိမိခြေထောက်သွေးကြောထုံးရောဂါကို ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ဖို့ အတွက် 𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧 (𝐑𝐅𝐀) နည်းဖြင့် ကုသအောင်မြင်ခဲ့သော "ကိုအောင်ထက်" ၏ ကုသစဉ်အတွေ့အကြုံများနှင့် ကုသပြီးအတွေ့အကြုံများကိုလည်း အောက်ပါအတိုင်းမျှဝေပေးလိုက်ပါတယ် ။ ☺️

" အကြောထုံးနေတာကို စသတိထားမိတာကတော့ (၂) နှစ်လောက်ရှိပြီ။ ခြေ ၂ ဖက်လုံးမှာ သွေးကြောထုံးအသေးလေးတွေပေါ်လာတာကနေ ကြာလာတော့ တဖြည်းဖြည်းပိုဖောင်းလာတယ်။ လမ်းအကြာကြီး မလျှောက်နိုင်တော့တာနဲ့ မတ်တပ်အကြာကြီး မရပ်နိုင်တဲ့အခါတွေမှာ သတိထားမိလာတယ်။ ဘောင်းဘီတိုဝတ်တဲ့အခါတိုင်းမှာလည်း ကြည့်ရဆိုးတာပေါ့ ။ တစ်ခါတစ်လေ ကိုယ့်ခြေသလုံးကိုယ် မှန်ထဲပြန်ကြည့်လိုက်ရင် ကြောက်တယ် မကြိုက်နေတော့ဖူး ။

ပြီးတော့ လေ့လာကြည့်တော့လည်း အဲ့လိုသွေးကြောထုံးရောဂါက ကြာလာရင် သွေးကြောပိတ်ဆို့တာတွေပိုဖြစ်ရင် သွေးကြောလေးတွေက ပေါက်ပြီးအရေပြားအနာဖြစ်လာမှာမျိုးလည်း ရှိတာမျိုးတွေမိတော့ ပိုစိတ်ပူပြီးဆေးခန်းပြချင်ခဲ့တာပါ ။

အဲ့မှာ 𝐇𝐕𝐂 က ကြော်ငြာထားတာကို 𝐏𝐚𝐦𝐩𝐡𝐥𝐞𝐭 ကနေတစ်ဆင့်သိရတာကြောင့် ဆက်သွယ်ပြီး မေးမြန်းကြည့်တဲ့အခါ မြန်မာနိုင်ငံက ဆရာဝန်နဲ့ရော အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီး 𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 နဲ့ရော ကုသလို့ရနိုင်တယ်ဆိုတာ အသေးစိတ်သိခဲ့ရပါတယ် ။ အဲ့မှာ ခြေထောက်လည်းကိုက်နေတာရောနဲ့ မြန်မာနိုင်ငံက ဆရာဝန်နဲ့ပဲ အရင်လာရောက်ကုသဖြစ်ခဲ့တာပါ။

လက်ရှိကုသပြီးအခြေအနေမှာ ကုထားတဲ့အရှိန်ကြောင့် အနည်းငယ်ရောင်နေသေးပေမယ့် အကြောထုံးတွေကတော့ သိသိသာသာ ပျောက်သွားတယ် ။

ဝန်ဆောင်မှုနဲ့ဆေးကုသမှုတွေမှာလည်း ကောင်းမွန်တယ်လို့ခံစားရတယ်ဘာလို့လဲဆိုတော့ ကုသချိန်ကလည်း တစ်နာရီလောက်ပဲကြာလိုက်ပြီး 𝐂𝐂𝐔 က တာဝန်ကျဝန်ထမ်းတွေကလည်းအရမ်းဂရုစိုက်ကြလို့ပါ ။ ခုလိုရောဂါမျိုးကို ကိုယ့်မှာ စဖြစ်နေပြီဆိုရင် ဒီမှာလာပြီး ဆေးခန်းအရင်ပြသပြီး ကုသလိုက်ဖို့ကို 𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 ပေးချင်ပါတယ်လို့ ..." စတဲ့ ကိုယ်တွေ့ကျန်းမာရေးအတွေ့အကြုံများအား ဗဟုသုတအဖြစ် ပြန်လည်ပြောပြမျှဝေခဲ့ပါတယ် ။

❤️ယခုလို မျှဝေခဲ့သော "ကိုအောင်ထက်" ကိုလည်း ကျန်းမာပျော်ရွှင်ပါစေကြောင်း ဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောစင်တာ(𝐇𝐕𝐂) မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ။ 🙏🏻

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐕𝐚𝐫𝐢𝐜𝐨𝐬𝐞𝐕𝐞𝐢𝐧
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

💙  ဆီးချိုရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဖိတ်ကြားခြင်း 💙📣📣ဆီးချိုရောဂါကို မှန်ကန်စွာ နားလည်သဘောပေါက်စေရန်နှင့် ကျန်းမ...
15/08/2026

💙 ဆီးချိုရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဖိတ်ကြားခြင်း 💙

📣📣ဆီးချိုရောဂါကို မှန်ကန်စွာ နားလည်သဘောပေါက်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို လေ့လာဆွေးနွေးနိုင်ရန်အတွက် ဝိတိုရိယဆေးရုံ၊ မြန်မာနိုင်ငံဟော်မုန်းဗေဒဆေးပညာရှင်များအဖွဲ့ (𝐌𝐒𝐄𝐌) နှင့် မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း (𝐌𝐌𝐃𝐀) တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကြီးကို

🗓️ 16.8.2026 (တနင်္ဂနွေနေ့)
⏰ နံနက် ၉:၀၀ နာရီ မှ မွန်းလွဲ ၁၂:၀၀ နာရီ အထိ
📍 Front Office- Learning Room-1 , Victoria Hospital ၌ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါဟောပြောပွဲတွင်
👨‍⚕️ပါမောက္ခဒေါက်တာသိန်းမြင့် မှ
ဆီးချိုရောဂါဆိုတာဘာလဲ၊ အမျိုးအစားများနှင့် ဖြစ်ပွားရသည့် အကြောင်းအရင်းများ

👩‍⚕️ တွဲဖက်ပါမောက္ခဒေါက်တာချိုမာ မှ
ဆီးချိုရောဂါ၏ လက္ခဏာများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသမှုရည်မှန်းချက်များ
အစရှိသည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးပေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

📌စာရင်းပေးသွင်းထားသူများသာ တက်ရောက်ခွင့် ရရှိမည်ဖြစ်ပါသဖြင့် တက်ရောက်လိုပါက ဖုန်းနံပါတ်📞 𝟎𝟗 𝟒𝟎𝟏 𝟓𝟕𝟓 𝟓𝟓𝟏 ,𝟎𝟗 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်း ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။📌
💙မိမိနှင့် မိသားစုဝင်များ၏ ကျန်းမာရေးအတွက် အရေးပါသည့် ဆီးချိုရောဂါဆိုင်ရာ ဗဟုသုတများကို လာရောက်လေ့လာဆွေးနွေးနိုင်ကြဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ 💙

𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐀𝐧𝐲 𝐈𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
☎️ 𝟎𝟏 𝟗 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
📱 𝟎𝟗 𝟕𝟖𝟑 𝟔𝟔𝟔 𝟏𝟒𝟏 (𝑉𝑖𝑐𝑡𝑜𝑟𝑖𝑎 𝐻𝑜𝑠𝑝𝑖𝑡𝑎𝑙)
🏥 𝐍𝐨. (𝟔𝟖), 𝐓𝐚𝐰 𝐖𝐢𝐧 𝐑𝐨𝐚𝐝, 𝟗𝐦𝐢𝐥𝐞, 𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

#ဝိတိုရိယဆေးရုံ

#ဟောပြောပွဲ

🏥 အိန္ဒိယနိုင်ငံမှ နှလုံးနှင့်သွေးကြော အထူးကုဆရာဝန်ကြီး 👨🏽‍⚕️𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်နှလုံးသွေးကြောချဲ့ကုသမှု‌ အောင်မြင်ခဲ့သူ အ...
08/08/2026

🏥 အိန္ဒိယနိုင်ငံမှ နှလုံးနှင့်သွေးကြော အထူးကုဆရာဝန်ကြီး 👨🏽‍⚕️𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်နှလုံးသွေးကြောချဲ့ကုသမှု‌ အောင်မြင်ခဲ့သူ အဖွား "𝐃𝐚𝐰 𝐇𝐥𝐚 𝐒𝐡𝐞𝐢𝐧" ⭐

❗"အသက် ၆၅ နှစ်လောက်တုန်းက နှလုံးသွေးကြောတစ်ခါပိတ်ခဲ့ဖူးတယ်။ အဲ့တုန်းကတော့ သောက်ဆေးလောက်နဲ့ဆေးပုံမှန်သောက်ပြီးနေလာတာ ခုချိန်ထိပါပဲ။ ဒါပေမယ့်ရင်ဘတ်ပြန်အောင့်လာတာ (၃) လလောက်ရှိပြီး နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့ မခံနိုင်အောင်အောင့်တာ။ အဲ့ဒါကြောင့် ဝိတိုရိယ‌ဆေးရုံကို ရောက်လာခဲ့ပြီး စုံစမ်းကြည့်တော့ အိန္ဒိယနိုင်ငံမှ အရမ်းတော်တဲ့ နှလုံးအထူးကုဆရာဝန်ကြီး 𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 ထိုင်တယ်သိရလို့ ရက်ချိန်းယူပြီး တန်းပြဖြစ်ခဲ့တာပါ ။

❗ပြီးတော့ နှလုံးသွေးကြောဓာတ်မှန်ရိုက်ကြည့်တော့ ပင်မသွေးကြောြကီးပိတ်နေတာကြောင့် Stent ထည့်ကုသမှုခံယူလိုက်ရတယ်။ ဆရာကြီး 𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 က အရမ်းတော်ပြီး ကုသချိန်ကလည်း နာရီဝက်‌လောက်ပဲကြာတယ် ။ အခုတော့ အရင်ကထက် ပေါ့ပေ့ါပါးပါးရှိပြီး အရမ်းနေလို့ပိုကောင်းသွားတယ် ။

✅ဝန်ဆောင်မှုနဲ့ ဆေးကုသမှုတွေအပေါ်မှာလည်း အကုန်သဘောကျပါတယ်။ 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 နဲ့ 𝐂𝐂𝐔 ထဲက ဆရာ/ဆရာမတွေကလည်း အရမ်းတော်ပြီးတော့ ဂရုစိုက်တာကြောင့် ကိုယ်ကတောင် အားနာမိတယ်။ ဆေးရုံက သန့်သန့်ပြန့်ပြန့်လည်းရှိပြီး နေလို့အတော်လည်း ကောင်းတဲ့အတွက် စိတ်ချမ်းသာရပါတယ် ။

✅တစ်ခြားသော ကိုယ့်လို‌ရောဂါတူတဲ့သူတွေကိုလည်း ဝိတိုရိဆေးရုံက ကောင်းတယ်၊ လိုလေသေးမရှိဘူးဆိုတဲ့အကြောင်းပြောပြပြီး ဒီကိုပဲသွားခိုင်းမှာပါ " စသဖြင့် ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သော အဖွား "𝐃𝐚𝐰 𝐇𝐥𝐚 𝐒𝐡𝐞𝐢𝐧" ၏ မှတ်ချက်ပေးမှုများကို မိဘပြည်သူများထံသို့ မျှဝေပေးလိုက်ရပါသည်။

❤️ ယခုလို နှလုံးသွေးကြောချဲ့ 𝐬𝐭𝐞𝐧𝐭 ထည့် ကုသမှုခံယူခဲ့သော အဖွား "𝐃𝐚𝐰 𝐇𝐥𝐚 𝐒𝐡𝐞𝐢𝐧" လည်း မိသားစုနဲ့အတူ နှစ်ပေါင်းများစွာ ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ။ 🙏🏻

🇮🇳 👨🏽‍⚕️ အိန္ဒိယနိုင်ငံမှ နှလုံးနှင့်သွေးကြော အထူးကုဆရာဝန်ကြီး 𝐃𝐫.𝐂. 𝐑𝐚𝐠𝐡𝐮 နှင့်ဆွေးနွေးတိုင်ပင်ပြသလိုသူများအနေဖြင့် ယခု 🗓️ 𝐀𝐮𝐠𝐮𝐬𝐭 လတွင် 𝟐𝟐 ရက်မှ 𝟐𝟒 ရက်အထိ ဝိတိုရိယဆေးရုံနှလုံးနှင့်သွေးကြောစင်တာ (𝐇𝐕𝐂) တွင်ပြင်ပလူနာများကိုကြည့်ရှုပေးသွားမှာဖြစ်လို့ 📞 ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ ။ 📣📣

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐂𝐂𝐔
#𝟐𝟒𝐇𝐫𝐒𝐞𝐫𝐯𝐢𝐜𝐞
#𝐃𝐫𝐂𝐑𝐚𝐠𝐡𝐮
#ဝိတိုရိယဆေးရုံ
#နှလုံးနှင့်သွေးကြောစင်တာ

🚨 သတိမထားမိဘဲ ရောက်လာတတ်သည့် အသက်အန္တရာယ်စိုးရိမ်ရသော 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤  နှင့် အချိန်မီ အောင်မြင်စွာကုသနိုင်ခဲ့သော အရေးပေါ်သွ...
07/08/2026

🚨 သတိမထားမိဘဲ ရောက်လာတတ်သည့် အသက်အန္တရာယ်စိုးရိမ်ရသော 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 နှင့် အချိန်မီ အောင်မြင်စွာကုသနိုင်ခဲ့သော အရေးပေါ်သွေးကြောချဲ့ကုသခြင်း ⭐

💢 နှလုံးနဲ့ပတ်သက်လို့ ဘာလက္ခဏာမှ မပြနေဘဲအသည်းမှာ အလုံးတည်လို့ ခွဲမယ်ဆိုပြီး 𝐄𝐜𝐡𝐨 ရိုက်လိုက်မှ နှလုံးသွေးကြောပိတ်နေတာ အရေးပေါ်အခြေအနေဆိုတာကို သိလိုက်ရတာပါ။ ဆီးချိုအခံရှိတော့ နာကျင်တာတွေလည်း သိသာခံစားရတာမရှိဘူး။ အဲ့ဒါကြောင့် နှလုံးလက္ခဏာတွေပြနေတာကို ပိုမသိတာလည်း ဖြစ်နိုင်တယ်။

✅နှလုံးသွေးကြောဓာတ်မှန်ရိုက်ကြည့်ပြီး သိရတာကတော့ သွေးကြောကအရမ်းပိတ်ပြီး သွေးကြောကိုတောင် မမြင်ရတဲ့အနေအထားအထိ ဖြစ်နေတဲ့အတွက် ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) မှာ အရေးပေါ် 𝐒𝐭𝐞𝐧𝐭 ထည့်ကုသမှုလုပ်လိုက်တာဖြစ်ပါတယ် ။ ဆရာကြီးကလည်းအရမ်းတော်ပြီး ကျွမ်းကျင်တာကြောင့် ကုသချိန်ကလည်း တစ်နာရီလောက်ပဲကြာခဲ့တယ် ။

✅𝐂𝐂𝐔 ထဲမှာ နေရတာ အရမ်းကို အဆင်ပြေပါတယ်။ အဲ့မှာ ဆရာဝန်၊ သူနာပြုတွေရဲ့ သေချာဂရုတစိုက် စောင့်ရှောက်မှုပေးတာကြောင့် လူနာသာမက လူနာစောင့်လည်း အဆင်ပြေတာပေါ့။

✅ရုတ်တရက်ကုသရမယ်ဆိုတော့လည်း ဝိတိုရိယဆေးရုံကရောက်တာနဲ့ ချက်ချင်းကုသတာတွေ လုပ်ပေးတယ်။ (၃) နာရီအတွင်း အရေးပေါ်ကုသရမယ့် အခြေအနေမှာ ကုသမှုက မြန်ဆန်ပြီး အရမ်းအဆင်ပြေခဲ့ပါတယ်”

💢 အထက်ပါအကြောင်းအရာကတော့ ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) မှာ အရေးပေါ် နှလုံးသွေးကြောချဲ့ကုသမှု ခံယူပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည့် အန်တီ 𝐃𝐚𝐰 𝐘𝐢𝐧 𝐘𝐢𝐧 𝐌𝐲𝐢𝐧𝐭 ၏ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေခြင်းပဲ ဖြစ်ပါတယ်။

💢 ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် နှလုံးသွေးကြော ပြင်းထန်စွာ ပိတ်ဆို့နေသော်လည်း မည်သည့်လက္ခဏာမှ မခံစားရဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ ဖြစ်သွားနိုင်ကြောင်း သိရှိနိုင်ပါတယ်။ အန်တီ 𝐃𝐚𝐰 𝐘𝐢𝐧 𝐘𝐢𝐧 𝐌𝐲𝐢𝐧𝐭 သည် အခြားခွဲစိတ်မှုတစ်ခုအတွက် စစ်ဆေးရင်းမှ နှလုံးသွေးကြော ပိတ်နေသည်ကို သတိပြုမိခဲ့ပြီး 𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐢𝐦𝐞 (အရေးပေါ်အချိန်) အတွင်းမှာ အချိန်မီ ကုသမှု ခံယူနိုင်ခဲ့တာကြောင့် ဘေးကင်းခဲ့ရခြင်း ဖြစ်ပါတယ် ။ ✨

🚨 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 ဆိုတာက နှလုံးသို့ သွေးထောက်ပံ့ပေးနေသည့် သွေးကြောအတွင်း သွေးခဲ သို့မဟုတ် အဆီခဲ ပိတ်ဆို့သွားသည့်အခါ နှလုံးကြွက်သားများ ပျက်စီးစေပြီး ရုတ်တရက် အသက်အန္တရာယ် စိုးရိမ်ရနိုင်သည့် အခြေအနေတစ်ခုပဲ ဖြစ်ပြီး “အချိန်သည် အသက်”ဆိုသည့်အတိုင်း 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 စတင်သည့် အချိန်မှစ၍ မိနစ် ၄၀ မှ မိနစ် ၆၀ (𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐢𝐦𝐞) အတွင်း အရေးပေါ်နှလုံးသွေးကြောချဲ့ကုသမှု ရရှိပါက အသက်အန္တရာယ်မှ ရာနှုန်းပြည့်နီးပါး ကယ်တင်နိုင်ကြောင်းလည်း အသိပညာမျှဝေပေးချင်ပါတယ် ။

📍 အရေးပေါ်နှလုံးသွေးကြောချဲ့ကုသမှု ဆိုသည်မှာ ခွဲစိတ်စရာမလိုဘဲ ပိတ်နေသော နှလုံးသွေးကြောကို အမြန်ဆုံး ပြန်လည်ပွင့်စေကာ (𝐒𝐭𝐞𝐧𝐭) ထည့်သွင်းပေးသည့် ခေတ်မီ အရေးပေါ်ကုသနည်း ဖြစ်ပါတယ် ။

🏥 𝐇𝐞𝐚𝐫𝐭 𝐀𝐭𝐭𝐚𝐜𝐤 အရေးပေါ် အခြေအနေတွေမှာ ဝိတိုရိယဆေးရုံ၏ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) သည် ရောက်ရှိသည်နှင့် (𝐆𝐨𝐥𝐝𝐞𝐧 𝐓𝐢𝐦𝐞) အတွင်း အမြန်ဆုံးနှင့် အထိရောက်ဆုံး ကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် (၂၄)နာရီစီစဉ်ထားရှိသောကြောင့် အရေးပေါ် အခြေအနေများတွင် 𝐇𝐕𝐂 ကို ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။ ❤️

🙏🏻ယခုလို မိမိ၏ ကုသမှုအတွေ့အကြုံများကို ကျန်းမာရေးအသိ တိုးပွားစေရန်အတွက် ပြန်လည်မျှဝေပေးခဲ့သည့် အန်တီ 𝐃𝐚𝐰 𝐘𝐢𝐧 𝐘𝐢𝐧 𝐌𝐲𝐢𝐧𝐭 အား ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။မိသားစုနှင့်အတူ ကျန်းမာပျော်ရွှင်သော ဘဝနေ့ရက်များကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲
#𝐇𝐞𝐚𝐫𝐭𝐀𝐭𝐭𝐚𝐜𝐤
#𝐏𝐏𝐂𝐈

🫀 နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ခေတ်မီနည်းပညာများဖြင့် စစ်ဆေးကုသလိုသူများအတွက် သတင်းကောင်း ပြန်လည်ရောက်ရှိလာပါ...
07/08/2026

🫀 နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ခေတ်မီနည်းပညာများဖြင့် စစ်ဆေးကုသလိုသူများအတွက် သတင်းကောင်း ပြန်လည်ရောက်ရှိလာပါပြီ။ 📣📣

🏥 ဝိတိုရိယဆေးရုံ နှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) တွင် နှစ်ပေါင်း (၂၅) နှစ်ကျော် အတွေ့အကြုံဖြင့် ကုသပေးနေသော 🇮🇳 🧑🏻‍⚕️ အိန္ဒိယနိုင်ငံမှ နှလုံးနှင့် သွေးကြော အထူးကုဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 မှာ ၂၀၂၆ ခုနှစ် ၊ ဩဂုတ်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ လာရောက်ကုသပေးမှာ ဖြစ်ပါတယ်။

✅နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း (𝐀𝐧𝐠𝐢𝐨𝐠𝐫𝐚𝐦)
✅ နှလုံးသွေးကြော နှစ်နေရာနှင့်အထက် ကျဉ်းခြင်း/ပိတ်ခြင်းကို မခွဲစိတ်ဘဲ (𝐒𝐭𝐞𝐧𝐭) ထည့်၍ ကုသခြင်း (𝐂𝐨𝐦𝐩𝐥𝐞𝐱 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ နှလုံးနှိုးဆွစက် (𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫) တပ်ဆင်ခြင်း
✅ မွေးရာပါ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်စရာမလိုဘဲ (𝐃𝐞𝐯𝐢𝐜𝐞) ဖြင့် ကုသခြင်း
✅ သွေးပြန်ကြောသွေးခဲခြင်းကို ပြန်လည်ဖွင့်ပေးခြင်း (𝐕𝐞𝐧𝐨𝐮𝐬 𝐓𝐡𝐫𝐨𝐦𝐛𝐨𝐥𝐲𝐬𝐢𝐬)
✅ နှလုံးအဆို့ရှင်ကျဉ်းခြင်းကို မခွဲစိတ်ဘဲ အဆို့ရှင်ချဲ့ကုသခြင်း (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐁𝐚𝐥𝐥𝐨𝐨𝐧 𝐌𝐢𝐭𝐫𝐚𝐥 𝐕𝐚𝐥𝐯𝐮𝐥𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ လက်နဲ့ခြေထောက်သွေးကြောကျဉ်းခြင်းကို (𝐒𝐭𝐞𝐧𝐭) ထည့်၍ သွေးကြောချဲ့ကုသခြင်း (𝐏𝐞𝐫𝐢𝐩𝐡𝐞𝐫𝐚𝐥 𝐀𝐧𝐠𝐢𝐨𝐩𝐥𝐚𝐬𝐭𝐲)
✅ ခြေထောက်သွေးကြောထုံးခြင်းကို မခွဲစိတ်ဘဲ ( 𝐑𝐅𝐀/𝐕𝐞𝐧𝐚𝐬𝐞𝐚𝐥 )နည်းဖြင့် ကုသခြင်း
✅ ဆီးချိုကြောင့်ဖြစ်သော ခြေထောက်အနာတွင် အနာကျက်နှုန်းမြန်အောင် သွေးလွှတ်ကြောချဲ့ပေးခြင်း (𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐅𝐨𝐨𝐭 𝐔𝐥𝐜𝐞𝐫 𝐑𝐞𝐯𝐚𝐬𝐜𝐮𝐥𝐚𝐫𝐢𝐳𝐚𝐭𝐢𝐨𝐧) စတဲ့ နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများကို ကုသပေးသွားမှာဖြစ်ပါတယ်။

⭐ ဒါကြောင့် အိန္ဒိယဆရာဝန်ကြီး 𝐃𝐫. 𝐂. 𝐑𝐚𝐠𝐡𝐮 ဖြင့်ပြသနိုင်မယ့် အထူးအခွင့်အရေးကြီးကိုလက်လွှတ်မခံဘဲ ဝိတိုရိယဆေးရုံနှလုံးနှင့် သွေးကြောစင်တာ (𝐇𝐕𝐂) သို့ ဆက်သွယ်ပြီး အမြန်ဆုံး ကြိုတင် 📞𝐁𝐨𝐨𝐤𝐢𝐧𝐠 ယူလိုက်ကြရအောင် ။

ဝိတိုရိယဆေးရုံ၊ နှလုံးနှင့်သွေးကြောစင်တာ
𝐅𝐨𝐫 𝐝𝐞𝐞𝐩 𝐢𝐧𝐪𝐮𝐢𝐫𝐢𝐞𝐬 :
📱 𝟎𝟗- 𝟕𝟖𝟔 𝟑𝟖𝟕 𝟓𝟖𝟓 𝐇𝐞𝐥𝐩 𝐋𝐢𝐧𝐞(𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)
🏨 အမှတ် ၆၈၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

#𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
#𝐇𝐕𝐂
#𝐃𝐫.𝐂𝐑𝐚𝐠𝐡𝐮
#𝐜𝐚𝐫𝐝𝐢𝐨𝐥𝐨𝐠𝐲

Address

Mindhama Road
Yangon
11061

Alerts

Be the first to know and let us send you an email when Heart & Vascular Centre -Victoria Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Heart & Vascular Centre -Victoria Hospital:

Shortcuts

Share

Category