သွေးစကား - Blood Talks

သွေးစကား - Blood Talks Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သွေးစကား - Blood Talks, Doctor, Yangon.

သွေးဆဲလ်လေးတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ​ကျွန်တော်တို့ကျန်းမာပျော်ရွှင်ဖို့အတွက် ကြီးလေးတဲ့တာဝန်တွေကိုထမ်း​ဆောင်နေကြပေမယ့် သိုသိုသိပ်သိပ်နေတတ်ကြတဲ့အတွက် သူတို့အကြောင်းကို လူတွေသိပ်မသိကြပါဘူး။ သူတို့အကြောင်းတွေ နားထောင်ကြည့်ရအောင်လား။

ချင်ခြင်းတပ်တာဟာ ပုံမှန်လားကိုယ်ဝန်ဆောင်နေတဲ့ကာလမှာ တချို့ကိုယ်ဝန်ဆောင်တွေ ဆေးလိပ်ပြာတွေစားချင်တာမျိုးလို ထူးထူးခြားခြား...
04/08/2024

ချင်ခြင်းတပ်တာဟာ ပုံမှန်လား

ကိုယ်ဝန်ဆောင်နေတဲ့ကာလမှာ တချို့ကိုယ်ဝန်ဆောင်တွေ ဆေးလိပ်ပြာတွေစားချင်တာမျိုးလို ထူးထူးခြားခြားတွေပုံမှန်မဟုတ်ဘဲစားချင်တဲ့ တပ်မက်စိတ်ဖြစ်တာ၊ တနည်းပြောရရင် ချင်ခြင်းတပ်တာ ဖြစ်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဒီလိုထူးထူးခြားခြားတွေချင်ခြင်းတပ်တာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်၊ ဗိုက်ထဲကရင်သွေးက စားချင်လို့တောင်းဆိုလို့ ချင်ခြင်းတပ်တာလို့ မြန်မာတွေကယူဆတတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုချင်ခြင်းတပ်တာဟာ သံဓာတ်အားနည်းသွေးအားနည်းရောဂါရဲ့ ရောဂါလက္ခဏာဖြစ်နေတတ်ကြောင်း သိကြတဲ့သူနည်းပါတယ်။

ကလေးငယ်တွေကြီးထွားဖွံ့ဖြိုးတဲ့အရွယ်၊ အမျိုးသမီးတွေဓမ္မတာလာတဲ့အရွယ်မှာ ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြားလျှောက်စားတာ (မြေကြီးခဲ၊ စက္ကူ၊ ခဲဖျက်တွေစားတာ၊ နံရံမှာသုတ်ထားတဲ့အိမ်သုတ်ဆေးတွေခွာစားတာ စတာမျိုး) ဟာလည်း သံဓာတ်အားနည်းသွေးအားနည်းရောဂါရဲ့ ရောဂါလက္ခဏာဖြစ်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်၊ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်ကလေးတွေနဲ့၊ ဓမ္မတာပေါ်တဲ့အရွယ်အမျိုးသမီးတွေမှာ သံဓာတ်ကိုပိုအသုံးပြုရတာကြောင့် သံဓာတ်အားနည်းတာ ပိုဖြစ်လွယ်ပါတယ်။

ရိုးတွင်းခြင်ဆီကနေသွေးနီဥထုတ်ဖို့ ကုန်ကြမ်းအနေနဲ့သုံးရတဲ့သံဓာတ်ကို ကိုယ်ခန္ဓာနဲ့ဦးနှောက်ကလုံလုံလောက်လောက်မရတဲ့အခါ တိရိစ္ဆာန်တွေရဲ့ပင်ကိုယ်အသိစိတ် (basic instinct) က သံဓာတ်ရဖို့ရှာဖွေစားသောက်ခိုင်းတဲ့အခါ ချင်ခြင်းတပ်တာဖြစ်လာတတ်ပါတယ်။ အာဟာရရှိတဲ့အစာမဟုတ်တာကို ပုံမှန်စားသင့်တာထက်လွန်ကျူးပြီးစားချင်နေတာ (ဥပမာ။ သံပုရာသီးတွေကိုချည်း တစွတ်စွတ်စားချင်စိတ် ထူးထူးခြားခြားဖြစ်နေတာမျိုး)၊ စားစရာမဟုတ်တဲ့ပစ္စည်းတွေကိုစားချင်နေတာ (ဥပမာ။ ဆေးလိပ်ပြာ၊ မြေကြီးခဲ စတာမျိုးတွေစားချင်နေတာ) ကို ဆေးပညာအခေါ်အရ Pica (ပိုင်ကာ) လို့ခေါ်ပါတယ်။ ရေခဲကိုထူးထူးခြားခြားချင်ခြင်းတပ်ပြီးစားချင်နေတာ၊ ရေခဲပါတဲ့ဖျော်ရည်တွေ ရေခဲရေတွေကို ပုံမှန်ထက်ပိုချင်ခြင်းတပ်နေတာ (Pagophagia) ကို သံဓာတ်အားနည်းတဲ့ရောဂါမှာတွေ့ရများတယ်လို့ဆိုကြပါတယ်။

ချင်ခြင်းတပ်တိုင်း သံဓာတ်နည်းသွေးအားနည်းရောဂါကြောင့်ဖြစ်တာမဟုတ်ပေမယ့်၊ ချင်ခြင်းတပ်တာဟာ သံဓာတ်နည်းသွေးအားနည်းရောဂါရဲ့လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သံဓာတ်အားနည်းရောဂါရှိနေတာကိုမသိဘဲ မကုသမိခဲ့ရင် မိခင်ဗိုက်ထဲမှာကလေးကြီးထွားမှုနှုန်းအားနည်းပြီး နေ့မစေ့ပေါင်မစေ့ကလေးတွေမွေးလာတာ၊ ဥာဏ်ရည်ဖွံဖြိုးမှုနည်းတဲ့ကလေးတွေမွေးလာတာ ဖြစ်တတ်ပါတယ်။

ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်ကလေးငယ်တွေနဲ့ ဓမ္မတာပေါ်တဲ့အရွယ်အမျိုးသမီးငယ်တွေမှာ သံဓာတ်အားနည်းရောဂါရှိနေတာကိုမသိဘဲ မကုသမိခဲ့ရင် ကျောင်းနေအရွယ်မှာစာမလိုက်နိုင်တာ၊ ကိုယ်ခန္ဓာနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတာ၊ ကိုယ်ခံအားနည်းပြီးရောဂါပိုးတွေဝင်လွယ်တာ၊ အသားအရေ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာသန်စွမ်းမှုအားနည်းတာ၊ အပျိုဖော်ဝင်နောက်ကျတာ မဖွံ့ဖြိုးတာ၊ သွေးအားနည်းပြီးမောပန်းလွယ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ သံဓာတ်အားနည်းသွေးအားနည်းရောဂါတစထက်တစပြင်းထန်လာရင် နှလုံးအားနည်း အမောဖောက်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ပုံမှန်မဟုတ်တဲ့ချင်ခြင်းတပ်တာရှိလာပြီဆိုရင် လျစ်လျူမရှုဘဲ သံဓာတ်အားနည်းရောဂါရှိမရှိသိရအောင် လိုအပ်တဲ့သွေးစစ်ဆေးမှုတွေလုပ်ဖို့၊ သွေးရောဂါပါရဂူ ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ပြသဖို့ အရေးကြီးကြောင်းပါ။

Blood Talks - သွေးစကား
Dr. Pyae Phyo Aung
သွေးရောဂါအထူးကုသမားတော်
4.8.2024

Photo source: https://www.thebloodproject.com/cases-archive/pica-types/pica-types/

#သံဓာတ်
#သွေးအားနည်းရောဂါ

𝐇𝐚𝐞𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐭𝐢𝐩𝐬 𝐟𝐨𝐫 𝐝𝐨𝐜𝐭𝐨𝐫𝐬 𝐭𝐨 𝐬𝐚𝐯𝐞 𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬' 𝐥𝐢𝐟𝐞 & 𝐭𝐨 𝐚𝐯𝐨𝐢𝐝 𝐮𝐧𝐰𝐚𝐧𝐭𝐞𝐝 𝐜𝐨𝐧𝐬𝐞𝐪𝐮𝐞𝐧𝐜𝐞𝐬  #𝟏 လူနာက သွေးထွက်နေတာ (blood lo...
28/07/2024

𝐇𝐚𝐞𝐦𝐚𝐭𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐭𝐢𝐩𝐬 𝐟𝐨𝐫 𝐝𝐨𝐜𝐭𝐨𝐫𝐬 𝐭𝐨 𝐬𝐚𝐯𝐞 𝐩𝐚𝐭𝐢𝐞𝐧𝐭𝐬' 𝐥𝐢𝐟𝐞 & 𝐭𝐨 𝐚𝐯𝐨𝐢𝐝 𝐮𝐧𝐰𝐚𝐧𝐭𝐞𝐝 𝐜𝐨𝐧𝐬𝐞𝐪𝐮𝐞𝐧𝐜𝐞𝐬 #𝟏

လူနာက သွေးထွက်နေတာ (blood loos) မရှိဘဲ သွေးအားရုတ်တရက်ကျလာတယ်ဆိုရင် immune cause ကြောင့်ဖြစ်တဲ့ AIHA လားထည့်စဉ်းစားပြီး Coomb's test စစ်ကြည့်ပြီး AIHA ကို exclude လုပ်ဖို့လိုပါတယ်။

AIHA အများစုက MCV အတက် (macrocytic anemia) နဲ့လာတတ်ပါတယ်။ AIHA အများစုမှာ MCV 100 ဝန်းကျင်နဲ့လာတက်ပေမယ့် MCV 80-100 ကြား (normocytic anemia) နဲ့လည်း လာတတ်ပါတယ်။ underlying microcytic anaemia ရစေတဲ့အကြောင်းအရင်းဖြစ်တဲ့ haemoglobinopathy/IDA တွေ လူနာမှာတွဲရှိနေရင်လည်း AIHA ဖြစ်နေပေမယ့် MCV သိပ်မတက်တတ်ပါ။ Haemolysis ရဲ့ supportive markers တွေဖြစ်တဲ့ serum haptoglobin, LDH နဲ့ retic count% တွေကိုလည်း ကြည့်ရပါမယ်။

AIHA ဆိုရင် သွေးအားနည်းနေလို့ဆိုပြီးသွေးသွင်းလိုက်ရင် သွေးသွင်းလေ immune-mediated hemolysis ပိုဆိုးလာလေ၊ သွေးအားပိုပိုကျလေဖြစ်မှာဖြစ်တဲ့အပြင်၊ သွေးသွင်းဖို့သွေးအုပ်စုခွဲတဲ့နေရာမှာလည်း မှားနိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်။ high-dose steroid လို immunosuppressive therapy အရင်ပေးပြီး immune suppression လုပ်ပြီး သွေးအားပြန်မတက်လာမှ လိုမှ သွေးသွင်းရပါတယ်။ AIHA မှာ immunosuppressive therapy ပေးထားရင်းနဲ့ သွေးသွင်းဖို့လိုလို့သွေးသွင်းရတဲ့အခါမှာ လူနာသွေးနဲ့ blood bank ကသွေးတွေနဲ့ cross-matching တွေလုပ်တဲ့အခါ incompatible ဖြစ်နေတဲ့အခါ least incompatible blood လို့ခေါ်တဲ့ incompatible ဖြစ်တာအနည်းဆုံးသွေးကို သွင်းရပါတယ်။ သွေးရောဂါပါရဂူနဲ့တိုင်ပင်ဖို့လိုပါတယ်။

AIHA သာဆိုရင် Immunosuppressant တွေရဲ့အာနိသင်ကြောင့် immune haemolysis process ကို suppress လုပ်ထားနိုင်တဲ့အချိန် သွေးအားနည်းလို့ခြင်ဆီကပြန်ထုတ်ပေးတဲ့သွေးနီဥတွေကြောင့် သွေးအားအလိုအလျောက်ပြန်တက်လာတတ်လို့ သွေးသွင်းဖို့တောင်မလိုတတ်ပါဘူး။

ဒါပေမယ့် သွေးအားအရမ်းနည်းတဲ့ AIHA လူနာတွေ Hb 3-4 g% လောက်ပဲရှိနေရင်တော့ immunosuppressant တွေရဲ့အာနိသင်နဲ့အလိုအလျောက်သွေးအားပြန်တက်လာတဲ့အထိစောင့်ရင် သွေးအားအရမ်းနည်းလွန်းလို့ cardiac arrhythmia ကြောင့် အသက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုရင်တော့ immunosuppression ကို high-dose တင်ထားပြီး Hb 5 လောက်ရောက်တဲ့အထိ သွေးလည်းသွင်း၊ CBC ကို daily monitor လုပ်ပြီး စောင့်ကြည့်ဖို့လိုပါတယ်။ လောဘကြီးပြီး Hb 7 ကျော်တဲ့အထိ သွေးစွတ်မသွင်းဘဲ high-dose immunosuppressant ပေးထားရင်း၊ ရုတ်တရက်အသက်အန္တရာယ်မဖြစ်နိုင်တော့တဲ့ Hb level လောက်အထိသွေးသွင်းပေးထားပြီး၊ bed rest ပေးထားပြီး immunosuppressant ရဲ့ action နဲ့ သွေးအားပြန်တက်လာတာကိုစောင့်ပြီး လိုအပ်မှ၊ စိတ်ချရတော့မှ သွေးထပ်သွင်းပါ။ သွေးရောဂါပါရဂူနဲ့တိုင်ပင်ပါ။

Blood Talks - သွေးစကား
Dr. Pyae Phyo Aung
သွေးရောဂါအထူးကုသမားတော်
28.7.2024

Photo source: https://www.researchgate.net/publication/370982973_Strategies_to_overcome_the_diagnostic_challenges_of_autoimmune_hemolytic_anemias

Mixing Study အဖြေကို ဘယ်လို interpret လုပ်ရမလဲMixing Study အဖြေတစ်ခုကို ယုံကြည်လို့ ရ/မရ ဘာအချက်တွေနဲ့ ဆုံးဖြတ်မလဲClinic...
28/07/2024

Mixing Study အဖြေကို ဘယ်လို interpret လုပ်ရမလဲ
Mixing Study အဖြေတစ်ခုကို ယုံကြည်လို့ ရ/မရ ဘာအချက်တွေနဲ့ ဆုံးဖြတ်မလဲ

Clinician တွေ အတွက်ရော Pathologist တွေအတွက်ရော တစုံတရာ အကျိုးရှိနိုင်ပါလိမ့်မယ်။

PT/APTT prolonged ဖြစ်ရင် တခြား prolong ဖြစ်စေတဲ့ cause တွေရှာတဲ့အပြင် coagulation factor deficiency လား လိုက်ရှာကြပါတယ်။

Prolonged PT/APTT ဖြစ်နေရင် mixing study လုပ်ရပါတယ်။

အထူးသဖြင့် prolonged APTT ဖြစ်ပြီး factor level စစ်ရင်လည်း ကျနေရင် congenital factor deficiency... တနည်းဆိုရင် intrinsic factor deficiency (Hemophilia A, B, C, etc) ကြောင့် factor level ကျပြီး prolonged APTT ဖြစ်နေတာလား၊ ဒါမှမဟုတ် factor ကို ဖျက်ပစ်တဲ့ acquired antibody၊ တနည်းပြောရရင် inhibitor (lupus anticoagulant, FVIII inhibitor, FIX inhibitor) စတာတွေ ပေါ်လာလို့ inhibitor ကနေ factor ကို ဖျက်ပစ်လို့ factor level ကျပြီး prolonged APTT ဖြစ်နေတာလား ဆိုတာခွဲခြားဖို့ mixing study လုပ်ကြည့်ပြီး ခန့်မှန်းရပါတယ်။
ဒါကြောင့် mixing study အဖြေတစ်ခုကို မှန်မှန်ကန်ကန် interpret လုပ်ဖို့က အရမ်းအရေးကြီးပါတယ်။

Factor ကျနေလို့ဖြစ်တဲ့ congenital factor deficiency တွေဆိုရင် coagulation factor concentrate (CFC) ထိုးတာ၊ CFC မရှိရင် FFP သွင်းတာတွေ လုပ်ရပါတယ်။
Factor ကို antibody (inhibitor) ပေါ်နေလို့ inhibitor တွေရဲ့ဖျက်စီးတာခံရလို့ factor level ကျနေတာကို Acquired Hemophila လို့ခေါ်ပါတယ်။ Factor level ကျနေတယ်ဆိုပြီးထိုးလိုက်တဲ့ CFC တွေ၊ သွင်းလိုက်တဲ့ FFP ထဲမှာပါလာတဲ့ factor တွေပါ အဖျက်ခံရမှာမို့ Acquired Hemophilia မှာ ဒါတွေချည်းသက်သက်ပေးရင် ကုသမှုမထိရောက်ပါဘူး။ ပေါ်နေတဲ့ factor inhibitor (antibody) ကို လျှော့ချဖို့ immunosuppressive ဆေးတွေပေးရင်း၊ တခြားတဖက်ကလည်း သွေးထွက်နေရင် FFP/ factor တွေ ပေးရပါတယ်။ ဒီလိုလူနာမျိုးတွေမှာ immunosuppressive drugs တွေက အခရာပါ။ immunosuppressants တွေကြောင့် antibody တွေကျသွားရင် ကောင်းသွားမှာပါ။

Congenital hemophilia တွေမှာလည်း အစကတည်းက၊ ဒါမှမဟုတ် factor တွေထိုးနေရင်းနဲ့ inhibitor (factor antibody) ပေါ်လာတတ်ပါတယ်။ ဒီအခါ CFC ကို body weight နဲ့တွက်ပြီး ထိုးပေမယ့် factor inhibitor antibody တွေ ပြန်ဖျက်တာခံရလို့ CFC ရဲ့ action ကို လုံလုံလောက်လောက်မရလို့ သွေးမတိတ်ဘဲရှိနေတတ်ပါတယ်။ ဒီလိုအခါမှာလည်း mixing study နဲ့အရင် screen လုပ်လိုက်ရင် inhibitor ပေါ်နေလားဆိုတာ သိနိုင်ပါတယ်။ inhibitor ပေါ်နေရင် inhibitor ကို bypass လုပ်နိုင်တဲ့ bypassing agents တွေသုံးတာ၊ CFC ကို ပမာဏတိုးထိုးတာ၊ CFC အများကြီးမထိုးနိုင်ရင် FFP ကူတာ၊ ပေါ်နေတဲ့ inhibitor ကိုနည်းသွားအောင် immune tolerence induction (ITI) နည်းနဲ့ desensitize လုပ်တာတွေ လုပ်ရပါတယ်။

Congenital hemophilia မှာ factor inhibitor ပေါ်နေလား သိချင်ရင်၊ acquired hemophilia ကြောင့် factor inhibitor ထွက်နေလား သိချင်ရင် inhibitor တကယ်ရှိမရှိကို confirm ဖို့နဲ့ inhibitor level ကို Bethesda unit နဲ့တိုင်းတာဖို့အတွက် inhibitor level ကို တိုင်းတာစစ်ဆေးရပါတယ်။ inhibitor level ကို အရင်က NHL မှာစစ်လို့ရပြီး၊ အခု ထိုင်းကိုပို့စစ်ရပါတယ်။ inhibitor level ပို့စစ်မှ inhibitor ရှိ/မရှိ တိတိကျကျသိနိုင်ပါမယ်။

mixing study ဆိုတာရဲ့ principle က...
အကယ်၍ patient ရဲ့ plasma ထဲမှာ factor တွေနည်းနေလို့ APTT prolonged ဖြစ်တာဆိုရင် patient's plasma (PP) နဲ့ normal လူတွေရဲ့ plasma ကိုစုထားတဲ့ pooled normal plasma (PNP) ကို ဆတူ (1:1 mix) ရောလိုက်လို့ရှိရင် normal PNP ထဲမှာအပြည့်အဝပါလာတဲ့ factor တွေကြောင့် နဂိုတုန်းက PP ချည်းသက်သက်စစ်တုန်းက prolonged ဖြစ်နေတဲ့ APTT က prolonged မဖြစ်တော့ဘဲ ဆတူရောထားတဲ့အတွက် အနည်းဆုံး တဝက်လောက်တော့ correct ဖြစ်သွားရပါမယ်။ mixing study မှာ correct ဖြစ်သွားရင် factor deficiency, no inhibitor လို့ ယူဆပါတယ်။

အကယ်၍ patient's plasma ထဲမှာ factor inhibitor (antibody) တွေရှိနေရင် PNP နဲ့ 1:1 mix လုပ်လည်း patient's plasma ထဲမှာရှိနေတဲ့ antibody (inhibitor) တွေက PNP ထဲမှာရှိနေတဲ့ factor တွေကိုပါ inhibit လုပ်ပစ်တာကြောင့် prolonged ဖြစ်နေတဲ့ APTT က correct ဖြစ်သင့်သလောက် correct မဖြစ်ဘဲ ဖြစ်နေပါမယ်။ mixing study မှာ correct ဖြစ်သင့်သလောက် မဖြစ်သွားရင် factor inhibitor ရှိနေတယ်လို့ ယူဆပါတယ်။

ဒါပေမယ့် mixing study က ဒီထက်နက်နဲပါတယ်။

တချို့ inhibitor တွေ (အဓိကအားဖြင့် Factor VIII inhibitor) က slow acting ဖြစ်လို့ patient's plasma (PP) နဲ့ pooled normal plasma (PNP) ကို အခုရောပြီး အခုချက်ချင်း APTT စစ်လိုက်ရင် patient's plasma ထဲမှာရှိနေတဲ့ factor inhibitor က pooled normal plasma ထဲမှာရှိနေတဲ့ factor တွေကို inhibit မလုပ်ရသေးလို့ APTT က correct ဖြစ်နေတတ်ပါတယ်။ sample ကို incubate မလုပ်ဘဲစစ်ထားတဲ့ mixing study အဖြေကိုကြည့်ပြီး inhibitor ရှိမနေဘူးလို့ မှားယွင်းအဖြေထုတ်မိတတ်ပါတယ်။

patient's plasma ထဲမှာရှိတဲ့ slow acting inhibitor တွေ pooled normal plasma ထဲမှာရှိတဲ့ factor တွေကို inhibit လုပ်နိုင်ဖို့အချိန်ရအောင် sample ကို 37 degree celsius အပူချိန်မှာ မှာ ၁ နာရီ၊ ၂ နာရီလောက် incubate လုပ်ရပါတယ်။ ဒါမှသာ patient plasma ထဲမှာ slow acting inhibitor တွေပါလာရင် pooled normal plasma ထဲက factor တွေကိုပါ inhibit လုပ်ဖို့ အချိန်လုံလုံလောက်လောက်ရမှာမို့ mixing study ရဲ့အဖြေ မှန်ပါလိမ့်မယ်။

မြန်မာနိုင်ငံကဓာတ်ခွဲခန်းတွေရဲ့ mixing study တွေမှာ sample ကို incubate မလုပ်ဘဲစစ်ပြီး အဖြေထုတ်ကြတာများပါတယ်။

နောက်ပြီး mixing study ကရလာတဲ့အဖြေကို ဒီတိုင်းမယူရဘဲ Rosner index ရဲ့ formula ထဲထည့်ပြီး Rosner index တွက်ယူရပါတယ်။ Rosner index ဘယ်လိုတွက်ရသလဲဆိုတာကို အင်တာနက်မှာ အလွယ်တကူရှာလို့ရပါတယ်။ Rosner index အဖြေ 12 အောက်ရရင် correction ရတယ်... factor deficiency လို့ ကောက်ချက်ချရပါတယ်။ Rosner index ရဲ့အဖြေ 15 ထက်ကျော်ရင် no correction... factor inhibitor လို့ ကောက်ချက်ချရပါတယ်။ Rosner index အဖြေ 12 ကနေ 15 ဆိုရင်တော့ inhibitor ရှိနေတယ်လို့သံသယရှိပြီး ပြန်စစ်ဖို့လိုပါတယ်။

နောက်တချက် အရေးအကြီးဆုံးက Clinician တွေအတွက် တန်ဖိုးအရှိဆုံး clinical judgement ပါ။

ဒီလူနာက အသက် ၇၂ နှစ် အဖိုး...
ကိုယ်တိုင်မှာ တသက်လုံး မွေးကတည်းက အခုအချိန်အထိ တခါမှ ပုံမှန်မဟုတ်တဲ့ bleeding history မရှိခဲ့ဖူး...
အဖိုး၊ ဦးလေး၊ ညီအစ်ကို အရင်း/ဝမ်းကွဲ တယောက်မှာမှ bleeding history/ hemophila history မရှိဘဲ...
အခုမှသွေးထွက်ပြီးရောက်လာ...
APTT prolonged ဖြစ်...
Factor VIII level 2% အထိနည်းနေ...
Mixing study အဖြေမှာ Factor VIII deficiency လို့ pathologist က အဖြေထုတ်ထားပေမယ့်...
hematologist တစ်ယောက်ရဲ့ အတွေ့အကြုံအရဆုံးဖြတ်တဲ့ clinical judgement အရ...
ဒီလူနာဟာ ဘယ်လိုမှ congenital Hemophilia A မဖြစ်နိုင်၊ ဖြစ်ဖို့ အလွန့်အလွန် ခဲယဉ်းပြီး Acquired Hemophilia A သာ ဖြစ်ပါမယ်။

ဒီလူနာမှာ incubate မလုပ်ဘဲစစ်ထားတဲ့ ဒီ mixing study အဖြေနဲ့ပဲ (PNP ရဲ့ APTT ကို 29 sec ထားပြီး) Rosner index တွက်ကြည့်တဲ့အခါ 14.54 ရပါတယ်။ Acquired hemophilia A လို့ယူဆတဲ့အတွက် main treatment က immunosuppression ပါ။ Factor VIII inhibitor ရှိ/မရှိ သိဖို့ ထိုင်းကိုသွေးပို့စစ်ရပါမယ်။

ပြည့်ဖြိုးအောင်
၂၈.၁၀.၂၀၂၃

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လူနာရဲ့ Factor VIII inhibitor assay အဖြေထွက်လာတဲ့အခါ....

ဒုတိယပုံထဲကအတိုင်း Factor VIII inhibitor positive... Factor VIII inhibitor level 3.49 NBU/mL (Nijmegen-Bethesda units/mL) ဆိုတော့ နောက်ဆုံး Dx က မူလယူဆထားတဲ့အတိုင်း "Acquired Hemophilia A" ပါ။

Mixing study ရဲ့ အားနည်းချက်ကို သတိပြုမိဖို့ပါ။

နောက်ပြီး clinician တွေအနေနဲ့ လူနာရဲ့ clinical data နဲ့ ယှဉ်တွဲမစဉ်းစားဘဲ investigation အဖြေတွေကိုပဲကြည့်ပြီးဆေးကုတာဟာ diagnosis လုံးဝလွဲသွားနိုင်တဲ့ထိ အန္တရာယ်များကြောင်း၊ လူနာကိုကုရာမှာ clinical judgement ဟာလည်း ဘယ်လောက်အရေးပါကြောင်းကိုလည်း သတိပြုမိစေချင်လို့ပါ။

လူနာကတော့ immunosuppressive therapy နဲ့ ရောဂါသက်သာလို့ ဆေးရုံဆင်းသွားတာ တပါတ်လောက်ရှိပါပြီ။

Blood Talks - သွေးစကား
Dr. ပြည့်ဖြိုးအောင်
သွေးရောဂါအထူးကုသမားတော်
၁၂.၁၁.၂၀၂၃




25/07/2024

Screening test တွေရဲ့သဘောသဘာဝက ရောဂါရှိမရှိ အချိန်မနှောင်းခင်စောစောသိနိုင်အောင်၊ ပိုခက်ခဲပြီးအကုန်အကျများတဲ့စစ်ဆေးမှုတွေကို ဆက်လုပ်သင့်မလုပ်သင့်ချင့်ချိန်လို့ရအောင်လို့ screening လုပ်တဲ့အနေနဲ့လွယ်လွယ်ကူကူစစ်လို့ရအောင် ရည်ရွယ်ထားတဲ့ test တွေပါ။

Screening test တွေရဲ့အဖြေကိုသုံးသပ်တဲ့အခါ တစ်ခုနဲ့တစ်ခု သဘောသဘာဝကွဲပြားပါတယ်။ သက်ဆိုင်ရာ screening test ရဲ့အဖြေကိုဘယ်လိုသုံးသပ်ရမယ်ဆိုတာနဲ့၊ သက်ဆိုင်ရာ screening test ရဲ့ false positive, false negative ဖြစ်နိုင်တဲ့အခြေအနေတွေကို ထည့်စဉ်းစားရပါတယ်။

တချို့ screening test တွေက ရောဂါရှိနိုင်တယ်လို့မှန်းဆတဲ့နေရာမှာ positive predictive value အနေနဲ့ အသုံးဝင်ပါတယ်။ ဥပမာ။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ ရှိ/မရှိကို screen လုပ်ဖို့ Stool FIT ကို screening test အနေနဲ့သုံးပြီး FIT positive ဖြစ်ရင် အစာအိမ်နဲ့အူလမ်းကြောင်းကို မှန်ပြောင်းဆက်ကြည့်ပြီး အလုံးအကြိတ်အနာတွေ့ရင်အသားစယူပြီးစစ်ကြရပါတယ်။ ဂျပန်နိုင်ငံမှာ အစာအိမ်နဲ့အူမကြီးကင်ဆာကိုစောစောသိဖို့အတွက် အသက် ၄၀ ကျော်တဲ့လူတိုင်းကို တနှစ်တခါ Stool FIT test စစ်ပြီး positive ဖြစ်တာနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းကို မှန်ပြောင်းကြည့်ပြီးစစ်ဆေးကြပါတယ်။

ဒီလို positive predictive value အနေနဲ့သုံးတဲ့ screening test တွေရဲ့သဘောသဘာဝက ရောဂါကိုမလွတ်အောင်လုပ်ထားတဲ့အတွက် sensitivity ပိုင်းမှာပိုအားကောင်းပြီး၊ specificity ပိုင်းမှာ သိပ်အားမကောင်းပါဘူး။ Screening test မှာ positive ထွက်နေရင် ရောဂါကတကယ်ရှိချင်ရှိမယ်၊ ရောဂါတကယ်မရှိချင်မရှိဘူး မသေချာသေးတဲ့အတွက် ရောဂါတကယ်ရှိ/မရှိ သေချာအောင် confirmation test တွေ ဆက်စစ်ရပါတယ်။ Stool FIT က အစာအိမ်နဲ့အူမကြီးကင်ဆာအတွက် screening လုပ်ဖို့ရည်ရွယ်ပေမယ့် FIT test positive ဖြစ်နေရင် အစာအိမ်နဲ့အူမကြီးကင်ဆာမဟုတ်ဘဲ အစာအိမ်နဲ့အူလမ်းကြောင်းတနေရာရာကသွေးထွက်နေတာ (လိပ်ခေါင်းရောဂါ၊ အစာအိမ်အနာ စတာတွေ) လည်း ဖြစ်နိုင်ပါသေးတယ်။

တချို့ screening test တွေက ရောဂါမရှိနိုင်ဘူးလို့မှန်းဆတဲ့နေရာမှာ negative predictive value အနေနဲ့ အသုံးဝင်ပါတယ်။ ဥပမာ။ သွေးကြောထဲသွေးခဲရှိမရှိကိုဆုံးဖြတ်ဖို့ screening test အနေနဲ့သုံးတဲ့ D-dimer ဆိုရင် D-dimer မတက်ရင် လောလောလတ်လတ် သွေးကြောထဲသွေးခဲနေတာမဖြစ်နိုင်ဘူးလို့သာဆုံးဖြတ်လို့ရပါတယ်။ D-dimer တက်နေလို့ သွေးကြောထဲသွေးခဲနေတယ်လို့ပြောလို့မရပါဘူး။ ပိုးဝင်နေတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ထိခိုက်ဒဏ်ရာရထားတဲ့သူတွေ၊ သွေးကင်ဆာလူနာတွေမှာလည်း D-dimer တက်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ D-dimer ဘယ်လောက်ပမာဏအထိတက်နေလဲဆိုတာနဲ့ သွေးခဲတဲ့လက္ခဏာတွေ၊ လူနာ့ရောဂါလက္ခဏာတွေ (ခြေထောက်ဖောင်းနေလား၊ အောက်စီဂျင်ကျနေလား၊ ရင်ဘတ်အောင့်နေလား၊ သလိပ်ထဲသွေးပါလား၊ သွေးခုန်နှုန်းမြန်နေလား စတာတွေ)၊ score တွေနဲ့ ဆက်စပ်စဉ်းစားပြီး Doppler USG ရိုက်သင့်လားမရိုက်သင့်ဘူးလား၊ CTPA ရိုက်သင့်လားမရိုက်သင့်ဘူးလား၊ သွေးကျဲဆေးပေးသင့်လားမပေးသင့်ဘူးလားဆိုတာ ဆက်စဉ်းစားဆုံးဖြတ်ရပါတယ်။

လူနာတွေမြန်မာနိုင်ငံမှာရောဂါရှာတဲ့အခါရောဂါတွေမတွေ့ဘဲလွတ်ပြီး နိုင်ငံခြားသွားပြီးစစ်တော့မှဆေးကုတော့မှရောဂါတွေ့တယ်ဆိုတာ objective ကျကျမဆုံးဖြတ်ဘဲ၊ ထင်တယ်မထင်ဘူးတူတယ်မတူဘူးဆိုပြီး subjective ကျကျဆုံးဖြတ်ပြီး လုပ်သင့်တာတွေမလုပ်ကြတာက အကြောင်းအရင်းတစ်ခုအနေနဲ့ပါတယ်လို့ ယူဆပါတယ်။

အသက် ၈၇ နှစ်၊ သွေးနီဥတစ်မျိုးထဲသိသိသာသာအားနည်းပြီး ဟီမိုဂလိုဘင်သိသိသာသာကျနေတဲ့လူနာကို ရိုးတွင်းခြင်ဆီစစ်၊ တခြားစစ်စရာရှိတာတွေအပြင် Stool FIT test စစ်လိုက်တော့ FIT (Hb) နဲ့ FIT (Hb/Hp) နှစ်ခုလုံး weakly positive ထွက်နေတဲ့လူနာကို GI scopy အတွက် Gastroenterologist ကို refer လုပ်ခိုင်းတဲ့အခါ primary care အနေနဲ့ကြည့်နေတဲ့ General Physician က GI hemorrage လက္ခဏာတွေမရှိလို့ အစာအိမ်အူလမ်းကြောင်းကသွေးထွက်တယ်မထင်လို့ (သွေးဝမ်းမည်းမည်းပျော့ပြဲပြဲကပ်စေးစေးမသွားရင်၊ ဝမ်းထဲသွေးစမတွေ့ရင် GI hemorrhage ကိုသံသယမရှိပုံရပါတယ်) ဆက်မစစ်လည်းရပါတယ်လို့ လူနာကိုရှင်းပြတာသိရလို့ ဒီစာကိုရေးဖြစ်သွားတာပါ။

24/06/2024

Generalist: ငါက speciality အားလုံးသိတယ်တတ်တယ်။ ဒိဗ္ဗစက္ခုဉာဏ်တောင် မလိုချင်လို့မယူထားတာ။

Specialist: general ဆိုတာ ငါတို့ဖြတ်သန်းလာပြီးသား။ သက်ဆိုင်ရာရောဂါအတွက် သက်ဆိုင်ရာ specialist ရဲ့ opinion က အရေးကြီးတယ်။ သက်ဆိုင်ရာ specialist ရဲ့ opinion ယူပေးပါ။ speciality ဆိုတာ မလိုဘဲအလကားဖြစ်လာတာမဟုတ်ဘူး။

Generalist: ငါတယောက်လုံးရှိနေတာတောင် ဘယ်သူ့ opinion ယူစရာလိုသေးလို့လဲဟဲ့။

အဲ့မှာ generalist နဲ့ specialist စတွေ့ကြတော့တာပဲ။

"လူနာသာ ကိုယ့်မိဘ ဆွေမျိုး ဖြစ်နေရင်ရော"

လူနာကို Warfarin ဆေးပေးကုနေရတဲ့ဆရာဝန်တယောက်အနေနဲ့ INR target range မရောက်လို့ဆိုပြီး Warfarin dose ကို စိတ်ထဲရှိသလို စိတ...
04/06/2024

လူနာကို Warfarin ဆေးပေးကုနေရတဲ့ဆရာဝန်တယောက်အနေနဲ့ INR target range မရောက်လို့ဆိုပြီး Warfarin dose ကို စိတ်ထဲရှိသလို စိတ်ကူးပေါက်သလို အရမ်းကာရော တိုး/လျှော့ပြီးသကာလ INR တွေစွတ်တက်လာတဲ့အခါ Vitamin K တွေပေး၊ INR စွတ်ကျသွားတဲ့အခါ dose ကိုအတင်းပြန်တင် လုပ်ရတာဟာ သင့်ကို smart မဖြစ်စေပါဘူး။

Warfarin maintenance dose ကို adjust လုပ်တယ်ဆိုတာ စိတ်ကူးပေါက်ရင်ပေါက်သလို နံကြားထောက်ပြီး ဒီလူနာမှာ INR က အရမ်းနည်းနေလို့ 2mg လောက်တိုးကြည့်လိုက်မယ်၊ ဒီလူနာမှာတော့ INR ကနည်းနည်းပဲနည်းလို့ 1mg ပဲတိုးလိုက်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ rules တွေ principle တွေရှိပါတယ်။

Warfarin dose ကို adjust လုပ်တဲ့အခါ weekly dose ရဲ့ 5-20% လောက်အတွင်းမှာပဲ အတိုး/အလျှော့ adjust လုပ်ပါတယ်။ လိုအပ်ရင် daily dose ကို တဝက်/တစ်ကြိမ်/နှစ်ကြိမ် skip လုပ်တာ/top-up လုပ်တာတွေ လုပ်ရပါတယ်။

ဥပမာ။ Warfarin 5mg နေ့စဉ်သောက်နေတဲ့လူနာအတွက် Warfarin 1mg ဟာ dose ရဲ့ငါးပုံတစ်ပုံ 20% ပါ။ Warfarin 5mg သောက်နေတဲ့လူနာမှာ 6mg သောက်ခိုင်းလိုက်တာဟာ dose ကို 20% တိုးလိုက်တာပါ။ 5mg ကနေ 7mg တိုးသောက်ခိုင်းလိုက်တာဟာ dose ကို 40% တိုးလိုက်တာပါ။

Warfarin 5mg နေ့စဉ် သောက်နေပြီး Target INR 2-3 ကြားရှိရမယ့်လူနာမှာ INR 1.0 လောက်ရှိနေတာကို နေ့စဉ်သောက်ရမယ့် Warfarin ကို 7mg ပြောင်းသောက်ခိုင်းလိုက်တာဟာ daily dose ကို 40% တိုးလိုက်တာဖြစ်လို့ နောက်တခါ INR ပြန်စစ်တဲ့အခါ target range ထက်တက်နေမှာ အသေအချာပါပဲ။ အဲဒီအခါ INR တက်နေလို့ဆိုပြီး dose တွေအရမ်းကာရောပြန်လျှော့၊ INR အရမ်းတက်နေရင် Vitamin K တွေပေးနဲ့ INR ကမငြိမ်ဘဲ ကျလိုက်တက်လိုက်နဲ့ target range ကိုမရောက်နိုင်တော့ဘဲ မုန့်လုံးစက္ကူကပ်နေမှာပါ။

ဘာလုပ်ရမယ်မသေချာရင် online မှာအလွယ်တကူရှာလို့ရတဲ့ Warfarin dose adjustment calculator တွေ၊ validated ဖြစ်ပြီးသား Warfarin dose adjustment nomogram တွေကို ကိုးကားလို့ရပါတယ်။

Blood Talks - သွေးစကား
Dr. ပြည့်ဖြိုးအောင်
၃.၆.၂၀၂၄




Picture:
1. OMNI Warfarin Dosing Calculator available at https://www.omnicalculator.com/health/warfarin-dosing
2. Example validated nomogram for Warfarin dose adjustment (University of Wisconsin Anticoagulation Services: Ambulatory Warfarin Management; Warfarin Dosing Algorithm. May 31, 2012.)

ဒီလို Iron Study အဖြေမျိုးနဲ့ကြုံတဲ့အခါ ရုတ်တရက်ဆိုရင် Anemia of Chronic Disease (ACD) လားလို့ တွေးမိပါလိမ့်မယ်။ ACD ဆို...
30/05/2024

ဒီလို Iron Study အဖြေမျိုးနဲ့ကြုံတဲ့အခါ ရုတ်တရက်ဆိုရင် Anemia of Chronic Disease (ACD) လားလို့ တွေးမိပါလိမ့်မယ်။ ACD ဆိုရင် iron, TIBC နဲ့ transferrin saturation အကျ၊ ferritin အတက်လို့ မှတ်ထားတတ်ကြလို့ပါ။

လူနာက အသက် ၁၈ နှစ်အမျိုးသမီး၊ Temp 104-105°F နဲ့ နှစ်ရက်လောက်အပြင်းဖျားပြီးအန်လို့ ဆေးရုံရောက်လာတာပါ။
ဆေးရုံရောက်တဲ့အချိန်မှာစစ်တဲ့ CBC မှာ microcytic anemia ရှိလို့ Iron Study ထပ်စစ်ထားတော့ ဒီအဖြေထွက်နေတာရယ်၊ Hemoglobin က...
ဆေးရုံစတက်တဲ့အချိန် ၂၃ ရက်နေ့မှာ 9.1
၂၅ ရက်နေ့မှာ 8.4 နဲ့
၂၆ ရက်နေ့မှာ 7.7 ဖြစ်ပြီး
သွေးအားတဖြည်းဖြည်းကျလာလို့ သွေးရောဂါပါရဂူကို refer ခေါ်ပြတာပါ။

၂၆ ရက်နေ့ CBC မှာကြည့်ရင် microcytic anemia (MCV 55.1) နဲ့မို့ IDA လား Thalassemia လားလို့တွေးစရာအပြင် absolute lymphopenia, relative neutropenia ရှိနေတော့ underlying connective tissue disease တခုခုများရှိနေမလားလို့ သံသယဖြစ်စရာပါ။ နောက်ထပ်သံသယဖြစ်စရာက Salmonella infection or viral infection ပါ။

Pulse စမ်းကြည့်တော့ relative bradycardia မရှိပေမယ့် လျှာထုတ်ခိုင်းကြည့်တော့ coated tongue တွေ့ပါတယ်။
History ပြန်မေးကြည့်တော့ ဆေးရုံမတက်ခင်ရှေ့နှစ်ရက်လောက်မှာ ဝမ်းလျှောပြီး ဝမ်းပြန်ချုပ်သွားပါတယ်ဆိုတဲ့ history ရပါတယ်။

ANA 1/400 မို့ ENA ဆက်စစ်ကြည့်တော့ အဖြေက negative ထွက်တဲ့အပြင် clinically လည်း sign & symptom မရှိလို့ connective tissue disorder ရှိလို့မဟုတ်ဘဲ false positive ANA test လို့ပဲ ယူဆလိုက်ပါတယ်။ လူ ၁၀၀ မှာ ANA စစ်ကြည့်ရင် မှာ ၁၅ ယောက်လောက်က ဘာ connective tissue disease မှမရှိဘဲလည်း ANA positive ထွက်တတ်ပါတယ်။

ရှေ့မှာစစ်ထားပြီးသား CRP နဲ့ Procalcitonin အဖြေတွေအရ bacterial infection လို့ ယူဆရပါတယ်။ CXR မှာတော့ Rt. basal pneumonitis လို့ အဖြေထွက်ပါတယ်။ USG(abd) မှာ mild splenomegaly ။ Creatinine, liver function test, liver enzymes အဖြေတွေ normal။ Single ပေမယ့် reproductive age မို့ UCG စစ်ခိုင်းလိုက်တော့ negative။

Wildal test က 1/20 dilution မှာ negative ထွက်ပေမယ့် Salmonella infection မဟုတ်ဘူးလို့ပြောလို့မရပါဘူး။ Salmonella ကြောင့်ဖြစ်တဲ့ Typhoid fever ရဲ့ early stage မှာ anti-H, anti-O antibody တွေ ကောင်းကောင်းမထွက်သေးခင်မှာ Wildal test က negative ဖြစ်နိုင်ပါတယ်။ Second week လောက်မှာမှ Wildal test က positive ထွက်တတ်ပါတယ်။ ငယ်ငယ်တုန်းက 3rd MB Microbiology မှာသင်ခဲ့ရတဲ့ Salmonella typhi infection ကိုရှာဖို့အတွက် 1st week မှာ blood "culture", 2nd week မှာ serum "antibodies" (Wildal test), 3rd week မှာ stool "culture", 4th week မှာ urine "culture", infection course တလျှောက်လုံးမှာ bone marrow "culture" တွေဟာ ideal specimen ဆိုတာကို ပြန်အမှတ်ရစရာပါ။

ဆေးရုံစတက်ကတည်းက Imepenem, Metro စပေးထားပြီးဖြစ်ပေမယ့် fever peak ကျလာပေမယ့် 102°F လောက်ရှိနေသေးလို့ CXR မှာတွေ့တဲ့ basal pneumonitis ရော Salmonella infection ရော နှစ်ခုလုံးကို cover ဖြစ်နိုင်မယ့် Azithro infusion ထည့်ခိုင်းလိုက်တဲ့အခါ နောက်နေ့မှာ temperature 99°F တကြိမ်ဖြစ်ပြီး အဖျားမရှိတော့။

ဒီ CBC အဖြေ၊ ဒီ Iron Study အဖြေနဲ့ လူနာရဲ့ clinical picture အရ ACD ထက်စာရင် Severe IDA မှာ infection ကြောင့် acute phase reactant ဖြစ်တဲ့ ferritin က မကျဘဲ တက်နေတယ်လို့ ယူဆပါတယ်။ သေချာချင်တယ်ဆိုရင်တော့ infection ကို control ရပြီး တစ်လလောက်ကြာတဲ့အချိန် ferritin level ပြန်စစ်ဖို့လိုပါမယ်။

Anaemia ရနေပေမယ့် retic count တက်မလာဘဲကျနေတဲ့အတွက် ရိုးတွင်းခြင်ဆီကမထုတ်နိုင်တဲ့အခြေအနေ (iron လိုကုန်ကြမ်းမရှိလို့မထုတ်နိုင်တာ၊ ဒါမှမဟုတ် bone marrow suppression ရနိုင်တဲ့ infection ရှိနေတာ) ကြောင့်လို့ ယူဆရပါတယ်။ MCV 55.1 နဲ့ RBC histogram ကိုကြည့်ရင် RBC population တွေက size သေးတဲ့ဘက် ဗယ်ဘက်မှာပဲကပ်နေတာတွေ့ရမှာပါ။ ACD ဆိုရင်လည်း transferrin saturation နဲ့ MCV ဒီလောက်အထိကျဖို့ရာ ရောဂါတော်တော်ဆိုးလာမှဖြစ်တတ်လို့ undelying chronic infection/inflammation တွေရှိထားခဲ့ဖူးတဲ့ history ကို ရောဂါရာဇဝင်မေးကတည်းကသိထားလောက်ပါပြီ။

ဒါဆိုရင် severe IDA ဖြစ်နေပေမယ့် ဘာလို့ TIBC ကမတက်ဘဲ normal ဖြစ်နေရသလဲလို့ စဉ်းစားစရာရှိလာပါတယ်။ infection/inflammation တွေကြောင့် acute phase response ရနေတဲ့ကာလမှာ IDA ရှိနေပေမယ့် TIBC မတက်ဘဲရှိတတ်ပါတယ်။ အသည်းမကောင်းရင်လည်း အသည်းကနေ transferrin protein တွေမထုတ်နိုင်လို့ IDA ရှိနေပေမယ့် TIBC မတက်ဘဲရှိတတ်ပါတယ်။ IDA နဲ့ ACD တွဲရှိနေရင်လည်း TIBC သိသိသာသာမတက်ဘဲရှိတတ်ပါတယ်။

Thalassemia minor ကိုလည်း သံသယရှိနိုင်ပါသေးတယ်။ Thalassemia minor တွေမှာ အစတုန်းကသွေးသွင်းဖို့မလိုပေမယ့် infection ဝင်တဲ့ကာလမှာ hemolysis ပိုဆိုးလာလို့ Hb ကျကျလာပြီး သွေးသွင်းရတဲ့အထိဖြစ်တတ်ပါတယ်။ Thalassemia လူနာမှာလည်း IDA ရနိုင်ပါတယ်။

Thalassemia ရှိနေလားလို့သံသယရှိစေတဲ့နောက်တချက်က IDA မှာများသောအားဖြင့် RDW-SD တက်နေတတ်ပေမယ့် ဒီလူနာမှာ RDW-SD ကမတက်ဘဲ ကျတောင်ကျနေတာကြောင့်ပါ။ IDA မှာ ရိုးတွင်းခြင်ဆီကနေ အရွယ်သေးတဲ့သွေးနီဥရော ပုံမှန်အရွယ်သွေးနီဥရော ရောထုတ်ပေးနေသေးလို့ anisocytosis ရနေတာမို့ RDW တက်နေတတ်လေ့ရှိပါတယ်။ Thalassemia မှာတော့ ရိုးတွင်းခြင်ဆီကနေထွက်လာသမျှသွေးနီဥတွေက အရွယ်သေးနေတာမို့ RDW ကမတက်ဘဲ normal or decreased ဖြစ်နေတတ်ပါတယ် (Thalassemia မှာ ခြင်ဆီကနေ ဘာကြောင့် အရွယ်ငယ်တဲ့သွေးနီဥတွေပဲထုတ်ပေးသလဲဆိုတာနဲ့ RDW အကြောင်းကို ရှေ့ post တွေမှာ ရေးခဲ့ပြီးဖြစ်ပါတယ်)။

ဒါပေမယ့် IDA မှာလည်း RDW မတက်ဘဲ normal or decreased RDW ဖြစ်နိုင်တဲ့အခြေအနေတွေရှိပါတယ်။ IDA ဖြစ်ကာစကာလမှာ သွေးနီဥအရွယ်သေးတာသိပ်မဆိုးသေးတဲ့အတွက် RDW က normal ဖြစ်နေနိုင်သလို၊ IDA ရောဂါပြင်းထန်လာတဲ့အခါ ရိုးတွင်းခြင်ဆီမှာသွေးနီဥထုတ်ဖို့အတွက်သုံးဖို့ရာ သံဓာတ်အရမ်းနည်းနေတဲ့အတွက် ရိုးတွင်းခြင်ဆီကနေထွက်လာသမျှသွေးနီဥတွေဟာ ဆိုဒ်တူဂိုက်တူအရွယ်သေးသေးတွေပဲထွက်လာလို့ RDW က normal or decreased ဖြစ်နေနိုင်ပါတယ်။

Hemoglobin Electrophoresis အဖြေထွက်လာတော့ normal pattern မို့ Thalassemia မဖြစ်နိုင်ဖို့များပါပြီ။ မဖြစ်နိုင်ဖို့များပြီလို့ပြောရတဲ့အကြောင်းအရင်းက တချို့ clinically significant မဖြစ်တဲ့ Thalassemia trait တွေမှာ alpha & beta globin gene ကို genetic test အထိစစ်ဆေးတော့မှ Thalassemia gene ပါမှန်းသိတာ ရှိတတ်လို့ပါ။

IDA လို့ယူဆတဲ့အတွက် Iron Sucrose infusion စလိုက်ပါတယ်။ Iron sucrose infusion နဲ့စပြီး oral iron treatment လိုက်ထားတာငါးရက်လောက်ကြာတဲ့အချိန် ၂၉ ရက်နေ့မှာစစ်တဲ့ CBC မှာ Ret-He နဲ့ Retic count ပါအောင်ထည့်စစ်ဖို့ မှာလိုက်ပါတယ်။ CBC အဖြေထွက်လာတော့ Ret-He အဖြေက 21.5 ပဲရှိလို့ IDA ဖြစ်ဖို့ပိုသေချာသွားပါတယ်။ Ret-He 25.4 pg နဲ့အောက်ဆိုရင် IDA ဖြစ်ဖို့ 90.4% sensitivity, 100% specificity ရှိပါတယ်။ IV Iron နဲ့ oral iron စပေးထားပေမယ့် bone marrow iron store ကိုပြန်ပြည့်ဖို့ အချိန်လိုပါသေးတယ်။ Iron threapy မစခင်စစ်ထားတဲ့ CBC မှာ Ret-He အဖြေသာပါခဲ့ရင်တော့ iron threapy ကို respond လုပ်မလုပ် ကောင်းကောင်းနှိုင်းယှဉ်လို့ရမှာပါ။

Hb ပြန်တက်၊ retic count ပြန်တက်လာတာက iron treatment ကို respond လုပ်လို့ရယ် lymphopenia ရနေတာ ပြန် recover ဖြစ်လာတာက နဂိုရနေတဲ့ lymphopenia က infection ကြောင့်ရနေတာမို့ infection ကိုကုလိုက်တဲ့အခါ ပြန်ကောင်းလာတယ်လို့ ကောက်ချက်ချလို့ရပါတယ်။

IDA က အစကတည်းကရှိတာကို အခုအပြင်းဖျားလို့ဆေးရုံတက်လာမှ သွေးစစ်ကြည့်မှသိရတာပါ။ IDA လို့ ရောဂါသိရုံနဲ့ မပြီးသေးပါဘူး။ သံဓာတ်အားနည်းသွေးအားနည်းရောဂါ (IDA) ရှိနေတဲ့လူနာတိုင်းမှာ သံဓာတ်နည်းရတဲ့အကြောင်းအရင်းကို အမြဲဆက်ရှာဖို့ အရေးကြီးပါတယ်။

လူနာကိုမေးကြည့်တော့ အစာအိမ်ရောဂါလက္ခဏာမရှိ၊ ကတ္တရာစေးလိုဝမ်းမည်းမည်းမသွား၊ ကော်ဖီနှစ်ရောင်ညိုညစ်ညစ်တွေမအန်၊ ဆီးထဲဝမ်းထဲသွေးမပါဖူး၊ လိပ်ခေါင်းရောဂါမရှိ၊ ခန္ဓာကိုယ်အနှံ့ ဘယ်နေရာကမှထိခိုက်ဒဏ်ရာမရဘဲသွေးထွက်နေတာမျိုးမရှိ၊ ထိခိုက်ဒဏ်ရာရလို့သွေးများများစားစားထွက်ဖူးတာမျိုးလည်းမရှိ၊ သွေးလည်းမလှူဖူးဘူးလို့ အဖြေထွက်ပါတယ်။ အသားမစားဘဲရှောင်တာရှိလား အစားအသောက်ရှောင်လားဆိုတော့လည်း မရှောင်။ ရာသီပေါ်တဲ့အချိန်မှာ သွေးဆင်းတာများတာတော့ရှိပါတယ်။ ထမင်းစားတဲ့အချိန် ရေနွေးကြမ်းသောက်လားဆိုတော့ အမြဲသောက်တတ်ပါတယ်တဲ့။ လက်ဖက်စားတာများလားဆိုတော့ လက်ဖက်ကြိုက်လို့ခနခနစားပါတယ်တဲ့။

သွေးမဆုံးခင်အရွယ်အမျိုးသမီးတွေမှာ ရာသီသွေးဆင်းတာကြောင့် သံဓာတ်အားနည်းတတ်ပါတယ်။ ရာသီသွေးဆင်းတာများတဲ့အပြင်၊ လက်ဖက်အစားများ အစာစားတဲ့အချိန်မှာ ရေနွေးကြမ်းသောက်လေ့သောက်ထရှိတဲ့အတွက် လက်ဖက်ရွက်မှာပါတဲ့ဓာတ်ကြောင့် အူကနေသံဓာတ်စုပ်ယူနိုင်စွမ်းနည်းပြီး သံဓာတ်အားနည်းသွေးအားနည်းရောဂါဖြစ်လာတာလို့ ကောက်ချက်ချလိုက်ပါတယ်။ သံချဖို့ရယ်၊ စားရမှာ၊ ရှောင်ရမှာတွေ၊ သံဓာတ်အားဆေးဆက်သောက်ဖို့တွေမှာကြား၊ iron treatment ကို respond လုပ်လားမလုပ်လား သွေးစစ်ပြီးပြန်ခေါ်ကြည့်ဖို့ချိန်းပြီးတဲ့နောက် ဆေးရုံဆင်းလို့ရပါပြီ။

Blood Talks - သွေးစကား
Dr. ပြည့်ဖြိုးအောင်
၃၁.၅.၂၄



Hemato ward ကို ရောက်နေတဲ့ Medicine PG တွေကို... "ဆရာတို့ general ward ထဲမှာရှိတဲ့ သာလာဆီးမီးယားလူနာတွေကို ဘယ်အချိန်မှာ ...
19/05/2024

Hemato ward ကို ရောက်နေတဲ့ Medicine PG တွေကို... "ဆရာတို့ general ward ထဲမှာရှိတဲ့ သာလာဆီးမီးယားလူနာတွေကို ဘယ်အချိန်မှာ hemato ward ကို refer လုပ်လဲ" လို့ အစ်မပရော်ဖက်ဆာကမေးတော့... heart failure ရှိရင် လွှဲပါမယ်တို့... iron overload ရှိရင် လွှဲပါမယ်တို့ ဆိုတဲ့ အဖြေတွေထွက်လာတယ်။

ကျွန်တော် မနေနိုင်လို့ ဝင်ပြောဖြစ်တယ်... "သာလာဆီးမီးယားလူနာအားလုံး hemato ward ကို လွှဲပါ။ ရန်ကုန်ဆေးရုံကြီးဝင်းတစ်ဝင်းတည်းမှာ hemato ward ကြီးတစ်ခုလုံးရှိနေရဲ့သားနဲ့ သာလာဆီးမီးယားလူနာတွေကို hemato ကို တခါမှမလွှဲဘဲ ကုနေတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး" လို့။

OPD လူနာတွေကြည့်နေရင်း၊ ward ထဲမှာ လူနာတွေ round နေရင်းနဲ့ သာလာဆီးမီးယားလူနာတွေကို သံဓာတ် (Ferritin) ဘယ်တုန်းက နောက်ဆုံးစစ်ထားလဲ.. အဖြေဘယ်လောက်ရလဲ မေးလည်းမေး အဖြေအဟောင်းအသစ်တွေ လိုက်ရှာယှဉ်ကြည့်ပြီး... သံဓာတ်စွန့်ထုတ်ဆေးကို ပိုတိုးသင့်ရင်တိုးတာ၊ ဆေးနောက်တစ်မျိုး ထပ်ပေါင်းသင့်ရင်ပေါင်းတာတွေ ကြပ်ကြပ်မတ်မတ်လုပ်နေတာတွေ... သံဓာတ်များနေတဲ့လူနာတွေကို ဘယ်လိုစားသောက်ရမလဲ ရှင်းပြပြောပြနေတာတွေ... လူနာတွေကလည်း ကျွန်တော် ဒီတခေါက် သံဓာတ်ပြန်စစ်လာတယ်ဆရာ... သမီးသံဓာတ်က ဘယ်လောက်ကျသွားပြီလို့ ပြောကြတာတွေ... သာလာဆီးမီးယားလူနာတွေကို အိမ်ထောင်ရှိရင် ကလေးယူဖို့ဆုံးဖြတ်ထားရင် အိမ်ထောင်ဖက်မှာပါ ရောဂါရှိမရှိစစ်ဖို့၊ မွေးလာတဲ့ကလေးတွေမှာပါ စစ်ဖို့၊ အိမ်ထောင်မရှိတဲ့လူနာတွေပေမယ့် အိမ်ထောင်ပြုတော့မယ်ဆို အိမ်ထောင်ဖက်ကိုပါ သာလာဆီးမီးယားရောဂါရှိမရှိစစ်ဖို့နဲ့.. အိမ်ထောင်ဖက်မှာပါ သာလာဆီးမီးယားရောဂါ ရှိနေတယ်ဆိုရင် ကလေးယူရင် ကလေးမှာ သာလာဆီးမီးယားရောဂါအပြင်းစားပါလာနိုင်တဲ့အတွက် ကလေးယူသင့်မယူသင့်ဆုံးဖြတ်စီစဉ်ဖို့ ရှင်းပြနေတာတွေ သူတို့ (PG တွေ) မြင်နေ ကြားနေရတယ်။

Ward round နေရင်းနဲ့ "ဆရာတို့ ward တွေမှာ သာလာဆီးမီးယားလူနာတွေကိုကုတဲ့အခါ ဒီလို ကျွန်တော်တို့ကုသလို ကုနေကြလား၊ သံဓာတ် (ferritin) ကိုရော အခု ကျွန်တော်တို့ ခနခနမေးနေ လိုရင်လိုသလိုစစ်ခိုင်းနေသလို စိတ်ဝင်တစားရှိကြလား၊ သံဓာတ်စွန့်ထုတ်ဆေး (iron chealation) တွေကိုရော အခုလို ဂရုတစိုက်လုပ်ဖြစ်ကြလား" လို့ မေးကြည့်တော့ ပြန်ဖြေရှာတယ် "မလုပ်ဖြစ်ပါဘူးဆရာ" တဲ့။ "ဒါဆို ဆရာတို့ဆီရောက်လာတဲ့ သာလာဆီးမီးယားလူနာအားလုံးကို ဘာလို့ hemato ward ကို လွှဲသင့်လဲဆိုတာ ဆရာတို့သဘောပေါက်ပြီလား" လို့ဆိုတော့ "သဘောပေါက်ပါပြီ" တဲ့။

"ကျွန်တော်တို့ကုပေးနေတဲ့အတိုင်း ဂရုတစိုက် ကြပ်ကြပ်မတ်မတ်ကုပေးနိုင်ရင် သာလာဆီးမီးယားလူနာတွေကို hemato ward ကိုမလွှဲဘဲ ကုနေလည်း လူနာတွေအတွက် fair ဖြစ်တယ်။ မြန်မာတနိုင်ငံလုံးမှာ hemato ward ရှိတဲ့မြို့ဆိုလို့ ရန်ကုန်၊ မန္တလေး နေပြည်တော်အပါအဝင် သုံးမြို့ပဲရှိတယ်။ ရန်ကုန်မှာဆို YGH နဲ့ NOGTH၊ မင်္ဂလာဒုံစစ်ဆေးရုံ ဆေးရုံသုံးခုပဲ hemato ward ရှိတယ်။ လူနာက သာလာဆီးမီယားဖြစ်ပြီး ကံကောင်းချင်တော့ ဒီဆေးရုံကြီးကို ရောက်လာတယ်။ ကံဆိုးချင်တော့ ဆေးရုံတဝင်းတည်းမှာရှိတဲ့ hemato ward ကို မလွှဲပေးဘဲ general ward မှာပဲ တောက်လျောက်ကုရတယ်။ လူနာက iron overload တွေရတော့ ဒီ thalassemia case က complications တွေနဲ့... case ကောင်းတယ်ဆိုပြီး bedside စာမေးပွဲတွေမှာ ထည့်စစ်တယ်။ ကဲ... လူနာတွေအတွက် fair ဖြစ်တယ်လို့ ဆရာတို့ထင်လား" ဆိုတော့ ဇက်လေးပုလို့။

ညနေခင်းဘက်တွေ စာသင်ဖြစ်တဲ့အခါ သာလာဆီးမီးယားအကြောင်းသင်တဲ့အခါ "သာလာဆီးမီးယားမှာ ဟီမိုဂလိုဘင် target က ၉ အထက်လို့ စာထဲမှာပါပေမယ့် ဆရာတို့ ဟီမတိုမှာ ဟီမိုဂလိုဘင် ၅.၅၊ ၆ လောက်ပေမယ့် ဘာလို့ လူနာကမမောဘူးဆိုရင် သွေးမသွင်းတာလဲ" လို့ စိတ်ဝင်တစား မေးလာတယ်။

"ဆရာ... သာလာဆီးမီးယားမှာ လူနာတွေ စောစော6သကြတဲ့ အဓိကအကြောင်းအရင်း သိလား.....
သာလာဆီးမီးယားမှာ လူနာတွေ အချိန်မတိုင်ဘဲ စောစော 6သကြရတဲ့ အဓိကအကြောင်းအရင်းက သံဓာတ်များလို့ နှလုံးကြွက်သားအားနည်းပြီး နှလုံးခုန်စည်းချက်မမှန်တဲ့ cardiac arrhythmia ကြောင့် 6သကြရတာ။

သွေးအနီတစ်ထုပ်မှာ သံဓာတ် (iron) ၂၀၀ မီလီဂရမ် ပါတယ်။ ခန္ဓာကိုယ်က သံဓာတ်ကို တနေ့ကို 1 to 2 မီလီဂရမ်ပဲ ကိုယ်ထဲကနေ စွန့်ထုတ်ပေးတယ်။ ကိုယ်ထဲကို သံဓာတ် ဘယ်လောက်ပဲပိုဝင်လာဝင်လာ တနေ့ကို 1-2 မီလီဂရမ် ထက် ပိုစွန့်ထုတ်မပေးဘူး။ ရေသောက်တာဟာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမယ့် ကျောက်ကပ်ပျက်စီးပြီးကျောက်ကပ်ဆေးဖို့လိုနေတဲ့ ရေတွေကိုယ်ထဲကမထွက်နိုင်တဲ့ လူနာတွေမှာ ရေဟာ အဆိပ်ပဲ။ အဲ့လိုပဲ... သွေးနီ ၁ ထုပ်သွင်းရင် iron ၂၀၀ မီလီဂရမ်၊ သွေးနီ ၁၀ ထုပ်သွင်းရင် iron ၂၀၀၀ မီလီဂရမ် (၂ ဂရမ်) အဲ့လိုဝင်လာတဲ့ သံဓာတ်တွေက ​သာလာဆီးမီးယားလူနာတွေမှာ အဆိပ်ဓာတ်တွေပဲ။ အဲ့စုပုံလာတဲ့ သံဓာတ်တွေက နှလုံး၊ အသည်း၊ ဟော်မုန်းဂလင်းတွေမှာ စုပုံလာရင် သံချေးတက်ပြီး နှလုံးအားနည်း၊ နှလုံးခုန်မမှန်၊ အသည်းရောင်၊ အသည်းခြောက်၊ ဟော်မုန်းရောဂါတွေ ဖြစ်လာပြီး အသက်တိုရော။

ဆရာတို့ပြောတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ သံဓာတ်စွန့်ထုတ်ဆေးတွေကို လူနာတွေဝယ်စရာမလိုဘဲ အစိုးရက လူနာတွေကို အလကားပေးတယ်။ လူနာတွေကလည်း သံဓာတ်များနေရင် သံဓာတ်စွန့်ထုတ်ဆေး သောက်ဆေး၊ ရေဖျော်ဆေးအပြင် ထိုးဆေးတွေကို အိမ်မှာပါ တစ်ပါတ်ကို အနည်းဆုံးငါးရက်လောက် သွင်းကြတယ်။ သံဓာတ်စွန့်ထုတ်ဆေး subcutaneous အသားဆေးသွင်းတဲ့ pump လေးတွေကို ညအိပ်တဲ့အချိန်ရော၊ အိမ်မှာနေနေ၊ အပြင်ပဲသွားသွား တနေကုန် ခါးမှာချိတ်ပြီး အိပ်ကြ၊ အလုပ်လုပ်ကြ၊ လျှောက်သွားနေကြတာ။ ဒါကြောင့် သံဓာတ်ကို အလွန်အကျူးမများလာအောင် ထိန်းနိုင်ကြတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘယ်အစိုးရကမှ သာလာဆီးမီးယားလူနာတွေအတွက် သံဓာတ်စွန့်ထုတ်ဆေးတွေ အလကားမပေးဘူး။ လူနာတွေ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်ကြရတယ်။ သံဓာတ်စွန့်ထုတ်ဆေး သောက်ဆေးတောင် အမြဲဝယ်မသောက်နိုင်တဲ့ လူနာတွေရှိလို့ မနည်းရှင်းပြ၊ ဖျောင်းဖြပြီး သောက်ခိုင်းနေရတာတွေရှိတယ်။ သံဓာတ်စွန့်ထုတ်ဆေး ထိုးဆေးကို အိမ်မှာသွင်းနေနိုင်တဲ့လူနာ၊ သံဓာတ်စွန့်ထုတ်ဆေး အသားဆေးကို pump လေးနဲ့ တောက်လျောက်သွင်းနေနိုင်တဲ့လူနာဆိုတာ တနိုင်ငံလုံးမှာ လက်ချိုးရေလို့ရတယ်။ ကျွန်တော်တို့လူနာတွေကို ဆရာပြောတဲ့ နိုင်ငံခြားမှာလို ဟီမိုဂလိုဘင် ၉ မရောက်မချင်း၊ ဟီမိုဂလိုဘင် ၇ အောက်ရောက်တယ်ဆိုတာနဲ့ သွေးတွေတစွတ်စွတ်သွင်းနေရင် ဒီလူနာတွေ အသက်မြန်မြန်တိုအောင် လုပ်နေတာနဲ့ တူတူပဲ။

ဒါတွေကိုနားမလည်ဘဲ guideline တော်မြတ်ကြီးက သာလာဆီးမီးယားမှာ ဟီမိုဂလိုဘင် ၉ နဲ့ ၁၀ ကြားထားရမယ်လို့ရေးထားလို့၊ general လူနာတွေမှာ ဟီမိုဂလိုဘင် ၇ အောက်ရောက်ရင် သွေးသွင်းရမယ်လို့ ဆိုထားလို့ဆိုပြီး စေတနာဗရပွနဲ့ သွေးတွေတစွတ်စွတ်သွင်းပေးပြီး၊ သံဓာတ်စွန့်ထုတ်တဲ့ iron chelation ကိုလည်း ကြပ်ကြပ်မတ်မတ် မလုပ်ပေးဘူးဆိုရင် သာလာဆီးမီးယားလူနာတွေအတွက်တော့ ဝေဒနာတွေပဲ။

သွေးသွင်းဖို့လိုတဲ့ သာလာဆီးမီးယားလူနာတွေက မွေးရာပါသွေးအားနည်းနေတာဖြစ်လို့ တော်ရုံတန်ရုံသွေးအားနည်းတာကို ခံနိုင်ရည်ရှိကြတယ်။ ဒါပေမယ့်လည်း လူနာကမမောနေပေမယ့် မှန်မှန်ခေါ်ပြီး ခပ်စိတ်စိတ် သွေးသွင်းပေးရမယ့် အခြေအနေတွေရှိတယ်။ လူနာက ကြီးထွားဖွံ့ဖြိုးရမယ့်အသက်အရွယ်မှာ ကြီးထွားဖွံ့ဖြိုးမှုနည်းပြီးညှက်နေတာ၊ သွေးအားနည်းတာကိုခံနိုင်ရည်မရှိတဲ့ နှလုံးရောဂါလို ရောဂါအခံတွေရှိနေတာ၊ သွေးအားနည်းလို့ ကျောရိုးမကြီးထဲမှာရှိတဲ့ ခြင်ဆီကနေ သွေးနီဥတွေထုတ်ပေးရင် ကျောရိုးမအရိုးတွေကြီးလာပြီး အာရုံကြောတွေကိုဖိလို့ ကိုယ်အောက်ပိုင်းအားနည်းတာမျိုးဖြစ်တဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်နေတဲ့ သာလာဆီးမီးယားလူနာတွေ....ဒီလိုလူနာတွေမှာ ပုံမှန်ပြန်ခေါ်ပြီး သွေးသွင်းပေးဖို့လိုတယ်။ ဆရာတို့ ခနခနပြောပြောနေတဲ့ personalized medicine ဆိုတာ ဒါမျိုးကိုခေါ်တာ။"

"ဒါဆိုရင် ကျွန်တော်တို့ နယ်တွေကိုရောက်သွားတဲ့အခါမှာရော သာလာဆီးမီးယားလူနာတိုင်းကို နယ်မှာမကုဘဲ hemato ward ကို လွှဲပေးရမှာလား ဆရာ" လို့ မေးလာတယ်။

"ဆရာတို့ hemato ward မရှိတဲ့ နယ်တွေကို ရောက်နေတဲ့အခါ သာလာဆီးမီးယားလူနာတွေကို ကောင်းကောင်း care ပေးတတ်ဖို့အတွက် သာလာဆီးမီးယားရောဂါအကြောင်းနဲ့ သံဓာတ်စွန့်ထုတ်တဲ့ iron chelation အကြောင်းတွေကို အခုလိုအချိန်ပေးပြီး တကူးတကသင်ပေး၊ ကျွန်တော်တို့ဘယ်လိုကုနေတယ်ဆိုတာ ဆရာတို့ရှေ့တင် လက်တွေ့လုပ်ပြနေတာပဲ။

ဆရာတို့ကို သာလာဆီးမီးယားရောဂါအကြောင်း ရောဂါအကြောင်းအခြေခံကစလို့... သံဓာတ်စွန့်ထုတ်ကုသနည်းအလယ်... genetic counselling မကျန် သင်ပေးနေတယ်ဆိုတာ... သွေးရောဂါဆရာဝန်မရှိတဲ့နယ်တွေကို ဆရာတို့ရောက်သွားတဲ့အခါ ဆရာတို့လက်ထဲမှာ သာလာဆီးမီးယားလူနာတွေကို စိတ်ချလက်ချထားလို့ရအောင် သာလာဆီးမီးယားလူနာတွေအတွက် ကျွန်တော်တို့ရင်းနှီးပေးလိုက်တဲ့ အရင်းအနှီးပဲ။"

Blood Talks - သွေးစကား
Dr. ပြည့်ဖြိုးအောင်
၇.၁၀.၂၀၂၃




Photo: credit to rightful owner

Address

Yangon

Website

Alerts

Be the first to know and let us send you an email when သွေးစကား - Blood Talks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သွေးစကား - Blood Talks:

Shortcuts

Share

Category