Yan Min Aung

Directions

Yan Min Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yan Min Aung, Astrologist & Psychic, Yangon.

04/10/2026

လောသကတိဿမထေရ်ဝတ္ထု

မစ္ဆရိယဆိုတာဝန်တိုတဲ့သဘောပဲ။အဲဒီမစ္ဆရိယက (၅) မျိုးရှိတယ်။

၁။ အာဝါသမစ္ဆရိယ - နေရာနဲ့စပ်ပြီးဝန်တိုခြင်း
၂။ ကုလမစ္ဆရိယ - ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီးဝန်တိုခြင်း
၃။ လာဘမစ္ဆရိယ - လာဘ်လာဘစီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း
၄။ ဝဏ္ဏမစ္ဆရိယ - ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီးဝန်တိုခြင်း
၅။ ဓမ္မမစ္ဆရိယ - တတ်သိတဲ့စာပေပညာနဲ့စပ်ပြီးဝန်တိုခြင်း

ကုလမစ္ဆရိယဆိုတာရဟန်းများမှာမိမိအားကြည်ညိုကိုးကွယ်နေတဲ့ဒကာဒကာမတွေကိုအခြားရဟန်းများနဲ့မနီးစပ်စေချင်တာဟာကုလမစ္ဆရိယပါပဲ။လူတွေဆိုရင်တော့မိမိရဲ့အပေါင်းအသင်းအခြွေအရံဖြစ်တဲ့သူတွေကိုအခြားသူတို့၏အပေါင်းအသင်းအခြွေအရံမဖြစ်စေချင်တာပါပဲ။လာဘမစ္ဆရိယဆိုတာကတော့ရဟန်းများမှာအလှူအတန်းနဲ့ပတ်သက်ပြီးမိမိသာရချင်တယ်၊အခြားရဟန်းများကိုမရစေချင်တဲ့အနေနဲ့ဖြစ်တာပါပဲ။အဲဒီလိုမရစေချင်တဲ့အတွက်သူတော်ကောင်းဖြစ်တဲ့ရဟန်းအားလာဘ်လာဘမရအောင်ပြုမိတတ်တယ်။အဲဒီလိုပြုမိရင်သံသရာတစ်လျှောက်လုံးမှာအတိဒုက္ခရောက်သွားတတ် ကြောင်း လောသကတိဿ ဝတ္ထုဖြင့်သိနိုင်ပါတယ်။
ကဿပမြတ်စွာဘုရားလက်ထက်တော်ကာလက ရဟန်းတစ်ပါးဟာတောရွာတစ်ခုမှာဒကာတစ်ဦးကိုအမှီပြု၍ကျောင်းထိုင်ဘုန်းကြီးအဖြစ်နေနေတယ်။တစ်နေ့တော့ရဟန္တာမထေရ်တစ်ပါးအဲဒီရွာကိုရောက်လာတယ်။ကျောင်းထိုင်ဘုန်းကြီးရဲ့ဒကာက ရဟန္တာမထေရ်၏သွားလာနေထိုင်ပုံကိုကြည်ညိုပြီးတော့အိမ်သို့ပင့်ပြီးဆွမ်းကပ်လှူတယ်။အဲဒီအခါကျောင်းထိုင်ဘုန်းကြီးကဒီလိုတွေးတောတယ်တဲ့။ငါ့ဒကာဟာငါ့အပေါ်အကြည်ညိုလျော့သွားပြီ၊အာဂန္တုကိုယ်တော်ကျောင်း၌ဆက်လက်နေထိုင်သွားရင်ငါ့ဒကာကငါ့ကိုအလေးပြုမှာမဟုတ်တော့ဘူးလို့တွေးတောမိပြီးစိတ်နှလုံးမသာဖြစ်သွားတယ်။ဒီကျောင်းမှာအာဂန္တုရဟန်းမနေနိုင်အောင်ပြုလုပ်မှပဲလို့အကြံဖြစ်တဲ့အတွက်အာဂန္တုရဟန်းနဲ့စကားမပြောပဲနေသတဲ့။ရဟန္တာမထေရ်ကသူ့အလိုကိုသိသောကြောင့်မိမိနေရာပြန်သွားပြီးစျာန်သမာပတ်၊ဖိုလ်သမာပတ်များဝင်စားနေတယ်တဲ့။နောက်နေ့နံနက်ဆွမ်းဘုဥ်း‌ပေးချိန်ရောက်တော့ကျောင်းထိုင်မထေရ်ကခေါင်းလောင်းကိုလက်သည်းဖြင့်တီး‌ခေါက်တယ်တဲ့။ဆွမ်းဘုဥ်းပေးသွားချိန်ကျပြီလို့နှိုးဆော်တဲ့အနေဖြင့်တီးခေါက်တာပါပဲ။အသံကတော့ဘာမှမြည်မှာမဟုတ်ပါဘူး။သူတာဝန်ဝတ်တ္တရားကျေပါတယ်လို့ပြောရအောင်ဟန်ဆောင်လုပ်တဲ့ကောက်ကျစ်မှုပါပဲ။နောက်ပြီးတော့အာဂန္တုမထေရ်ရဲ့အခန်းတံခါးကိုလည်းလက်သည်းဖြင့်တို့ခေါက်ပြီးသူ့ဒကာအိမ်သို့ဆွမ်းစားသွားပါသတဲ့။ဒကာကအာဂန္တုမထေရ်ဘယ်မှာလဲဘုရားလို့မေးတော့ကျောင်းထိုင်မထေရ်ကသင့်အာဂန္တုမထေရ်အကြောင်းကိုငါမသိပါဘူး၊ထိုးစည်လည်းတီးခေါက်ခဲ့တယ်၊တံခါးကိုလည်းခေါက်ခဲ့တယ်၊ဒါပေမယ့်သူ့ကိုအိပ်ပျော်ရာမှမနိုးစေနိုင်ခဲ့ဘူး၊အရင်နေ့ကသင့်အိမ်ကဆွမ်း‌ဘောဇဉ်အကောင်းတွေစားပြီးအစာမကြေနိုင်လို့အိပ်မောကျနေနေဟန်တူပါတယ်လို့ဆိုတယ်။ရဟန္တာမထေရ်ကတော့ဆွမ်းခံချိန်ကျတဲ့အခါအဘိညာဉ်တန်ခိုးဖြင့်ကောင်းကင်သို့ပြန်တက်ပြီးအခြားအရပ်သို့ကြွသွားပါသတဲ့။ကျောင်းပြန်ရောက်တဲ့အခါကျတော့အာဂန္တုရဟန်းကိုမတွေ့ရတော့မှထိုရဟန်းဟာရဟန္တာဖြစ်ဟန်တူတယ်၊ငါ၏စိတ်အကြံကိုသိပြီးတခြားသို့ကြွသွားဟန်တူတယ်၊ငါဟာဝမ်းရေးအတွက်မတော်တာပြုမိလေခြင်းလို့ဆင်ခြင်မိပြီးအကြီးအကျယ်စိတ်နှလုံးမသာမယာဖြစ်ရပါသတဲ့။
မကြာမီပျံလွန်၍ငရဲ၌ဖြစ်လေသည်။နှစ်သိန်းပေါင်းများစွာကာလပတ်လုံးငရဲ၌ပူလောင်ခံခဲ့ရပြီး၍ကံကြွင်းဖြင့်ဘဝငါးရာတို့၌ဘီလူးဖြစ်၍တစ်နေ့သော်မျှဝမ်းပြည့်အောင်အစာကိုမစားခဲ့‌ရချေ။အဲဒီကနောက်ဘဝငါးရာခွေးဖြစ်ခဲ့ရသတဲ့။ခွေးဘဝမှာလည်းတစ်နေ့မျှသာလူ့အန်ဖတ်ထမင်းကိုဝအောင်စားရတယ်၊တခြားနေ့တွေမှာဝအောင်မစားခဲ့ရဘူး။အဲဒီခွေးဘဝနောက်လူဖြစ်တဲ့အခါလည်းပဋိသန္ဓေနေကတည်းကမိဘတွေ၊နီးစပ်သူတွေပါအကြီးအကျယ်အစာအာဟာရချို့တဲ့ပြီးဆင်းရဲသတဲ့။နောက်ဆုံးဘဝမှာကောသလတိုင်းပြည်ထဲကတံငါရွာမှာလူဖြစ်တယ်။ပဋိသန္ဓေနေကတည်းကအဲဒီရွာကအိမ်ထောင်စုတစ်ထောင်မှာငါးတစ်ကောင်တောင်မရပဲရှိနေသတဲ့။အဲဒီတော့ရွာလူကြီးတွေကငါတို့ရွာထဲမှာလူယုတ်မာကံဆိုးတဲ့ကောင်ရှိနေလို့ဒီလိုငတ်ပြတ်ဆင်းရဲကြတာပဲ၊ရွာကိုနှစ်စုခွဲကြစို့ဆိုပြီးခွဲကြတယ်။လောသကတိဿကိုကိုယ်ဝန်ဆောင်ထားတဲ့မိဘများပါတဲ့ရွာအစုမှာဆင်းရဲမြဲဆင်းရဲနေကြရတယ်။နှစ်ပိုင်းခွဲတိုင်းခွဲတိုင်းလောသကတိဿပါတဲ့အပိုင်းမှာငတ်ပြတ်မြဲငတ်ပြတ်နေပါသတဲ့။နောက်ဆုံးကျတော့သူ့မိဘအိမ်ထောင်စုတစ်စုတည်းကျန်တယ်။အဲဒီလောသကတိဿသူငယ်ကလေးပြေးလွှားသွားလာနိုင်တဲ့အခါကျတော့မိခင်ဖြစ်သူကလည်းသည်းမခံနိုင်တော့ဘူး။သူ့ကိုတောင်းစားဖို့ခွက်တစ်ခုကိုပေးပြီးတော့မိခင်ဖြစ်သူကတခြားအရပ်သို့ရှောင်တိမ်းပြေးသွားပါသတဲ့။ကလေးဘဝကတည်းကငတ်ငတ်ပြတ်ပြတ်နဲ့ဆင်းရဲဒုက္ခခံလာခဲ့ရတယ်။၇နှစ်သားအရွယ်ရောက်တဲ့အခါအရှင်သာရိပုတ္တရာမထေရ်မြတ်ကသာဝတ္ထိမြို့ထဲဆွမ်းခံကြွနေစဉ်တွေ့မြင်ရ၍အလွန်သနားတော်မူသဖြင့်ရှင်သာမဏေပြုမလားလို့မေးတော်မူကာရှင်ပြုပေးမယ်လို့မိန့်ဆိုပြီးတော့ကျောင်းသို့ခေါ်ယူလာခဲ့တယ်။အသက်၂၀ပြည့်တဲ့အခါရဟန်းလည်းပြုပေးတယ်။ဘုန်းကံကလည်းနည်း၊လာဘ်လာဘကလည်းနည်းတဲ့လောသကတိဿထေရ်လို့သူ့ကိုခေါ်ကြတယ်။အသဒိသဒါနခေါ်တဲ့အလှူပွဲတော်ကြီးမှာတောင်လောသကတိဿဟာဝမ်းဝအောင်မစားရဘူး၊အသက်ဆက်ရရုံသာစားရသတဲ့။သူ့သပိတ်ထဲယာဂုတစ်ဇွန်းလောက်ထည့်လိုက်ရင်သပိတ်ပြည့်နေသလိုထင်ရ၍လှူတဲ့သူတွေကသူ့သပိတ်ထဲမလောင်းတော့ပဲသူ့နောက်ကအခြားရဟန်းများ၏သပိတ်ထဲသာလောင်းလှူကြပါသတဲ့။လာဘမစ္ဆရိယကြောင့်မကောင်းကျိုးပေးတာဟာအလွန်ကြောက်စရာကောင်းတာပဲ။
နောင်ကာလမှာဝိပဿနာကိုပွားစေ၍အရဟတ္တဖိုလ်ရောက်၍ရဟန္တာဖြစ်ပြီးတဲ့အခါလည်းသူ့မှာလာဘ်လာဘနည်းပါးနေတာပဲတဲ့။နောက်ဆုံးပရိနိဗ္ဗာန်ဝင်စံရတော့မယ့်နေ့မှာအရှင်သာရိပုတ္တရာမထေရ်မြတ်ကသူ့ကိုဝဝလင်လင်ဘုဥ်းပေးရအောင်ရည်ရွယ်ပြီးတော့သူ့ကိုခေါ်ပြီးသာဝတ္ထိမြို့ထဲဆွမ်းခံကြွတော်မူတယ်။အဲဒီအခါမှာလည်းအရှင်သာရိပုတ္တရာအားလှူမယ့်သူမဆိုထားဘိ၊ရှိခိုးမယ့်သူတောင်မရှိဘူးတဲ့။လောသကတိဿကိုဆွမ်းစားဇရပ်မှာသွားစောင့်နေဖို့စေလွှတ်လိုက်တော့မှဒကာဒကာမတွေကရှင်သာရိပုတ္တရာကိုလှူဒါန်းကျွေးမွေးကြတယ်။အဲဒီစားသောက်ဖွယ်တွေကိုလောသကတိဿအားပေးဖို့အရှင်သာရိပုတ္တရာကစေလွှတ်လိုက်တော့လည်းယူဆောင်သွားတဲ့လူတွေကလောသကတိဿမထေရ်ကိုသတိမေ့ပြီးသူတို့ကိုယ်တိုင်ပဲစားလိုက်ကြပါသတဲ့။အရှင်သာရိပုတ္တရာကျောင်းသို့ပြန်ရောက်သောအခါဆွမ်းမစားရသေးကြောင်းကြားရတယ်။အချိန်ကိုကြည့်လိုက်တဲ့အခါနေမွန်းလွဲနေကြောင်းသိရတာနဲ့လောသကတိဿမထေရ်ကိုဆွမ်းစားဇရပ်မှာပင်‌နေစေပြီးကောသလမင်း၏နေအိမ်သို့ကြွသွားတယ်။ကောသလမင်းကြီးကသပိတ်အပြည့်လောင်းလှူလိုက်သောစတုမဓူကိုခံယူခဲ့၍ငါရှင်တိဿလာပါ၊ဒီစတုမဓူကိုဘုဥ်းပေးပါလို့ပြောပြီးသပိတ်ကိုကိုင်ထားလျက်ရပ်နေတယ်။လောသကတိဿမထေရ်ကအရှင်သာရိပုတ္တရာအားရိုသေလေးစားသဖြင့်မဘုဥ်းပေးပဲနေနေတယ်။ထိုအခါအရှင်သာရိပုတ္တရာကလာပါငါ့ရှင်တိဿ၊ငါကသပိတ်ကိုကိုင်လျက်သာရပ်တည်နေပါမည်၊သင်ကထိုင်ပြီးဘုဉ်းပေးပါ၊အကယ်၍ငါလက်မှလွှတ်လိုက်လျှင်တစ်စုံတစ်ခုနည်းနည်းမျှမရှိပဲလည်းဖြစ်သွားနိုင်ပါတယ်လို့ပြောဆိုတယ်။အဲဒီတော့မှအရှင်လောသကတိဿကအရှင်သာရိပုတ္တရာကိုင်ထားတဲ့သပိတ်ထဲမှစတုမဓူကိုအလိုရှိသလောက်ဝမ်း၀အောင်ဘုဥ်းပေးတယ်။အဲဒီနေ့မှာပဲပရိနိဗ္ဗာန်စံတော်မူသတဲ့။

ဆဋ္ဌသင်္ဂီတိပုစ္ဆက
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်ဘုရားကြီး
အရှင်ဘဒ္ဒန္တသောဘန
(သက္ကပဉှသုတ်တရားတော်မှ)

Send a message to learn more

04/10/2026
✿ မိရိုးဖလာမှသည် ကိုယ်ပိုင်ဗုဒ္ဓဘာသာဆီသို့══════════════════ နိဒါန်းသရဏဂုံသည် ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ မကို...
04/10/2026

✿ မိရိုးဖလာမှသည် ကိုယ်ပိုင်ဗုဒ္ဓဘာသာဆီသို့
══════════════════
နိဒါန်း
သရဏဂုံသည် ဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ မကိုဋ်သရဖူလည်းဖြစ်သည်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက “သရဏဂုံနဲ့ တို့သာသနာတည်ထား၊ ဟောဒီသရဏဂုံပျောက်ရင် တို့သာသနာပျောက်သွားတယ်” ဟု မိန့်ဆိုတော်မူပါသည်။ ထို့ကြောင့် သရဏဂုံသည် သာသနာတည်တံ့ရေးအတွက် အလွန်အရေးကြီးသောအရာဖြစ်သည်။ သရဏဂုံသည် ရွတ်ဆိုရုံသက်သက်မဟုတ်ဘဲ ဘဝတစ်ခုလုံး ဆောက်တည်ကျင့်သုံးရန်အတွက်လည်း အလွန်အရေးကြီးသော အခြေခံတရား ဖြစ်သည်။
(က) သရဏဂုံအကြောင်း
သရဏဂုံ ဆိုသည်မှာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်သည်။ မိမိစိတ်၌ သရဏဂုံတည်မြဲရန်အတွက် ပါးစပ်ကရွတ်ရုံမျှမကဘဲ “ကိုယ်ရော၊ နှုတ်ရော၊ စိတ်ရော သုံးခု သရဏဂုံတည်အောင် လုပ်ရမှာ” ဖြစ်ကြောင်း ဆရာတော်ကြီးက သင်ပြတော်မူပါသည်။ ထို့ပြင် သရဏဂုံဆောက်တည်ခြင်းဟူသည် သံသရာမှ လွတ်မြောက်ရန်အတွက် ဘုရား၊ တရား၊ သံဃာတော်များကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်ဟုလည်း ဆရာတော်ကြီးက ဆိုသည်။
(ခ) သရဏဂုံကို လက်တွေ့ပွားများပုံ
သရဏဂုံဟူသည် ဆရာတော်သံဃာတော်များရှေ့တွင် ခံယူဆောက်တည်ရုံမျှနှင့် မပြီးဘဲ နေ့စဉ်ဘဝတွင် အမြဲမပြတ် ပွားများနေရမည့် အရာဖြစ်သည်။
၁။ နေ့စဉ်လုပ်ငန်းဆောင်တာနှင့် တွဲစပ်ခြင်း
မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်သည့်အခါတိုင်း “ဗုဒ္ဓံသရဏံဂစ္ဆာမိ” ဟု သတိပြုလျက် နှုတ်မှဖြစ်စေ၊ စိတ်မှဖြစ်စေ ရွတ်ဆိုခြင်းဖြင့် သရဏဂုံပွားများခြင်းအကျင့်ကို ကျင့်နိုင်ပေသည်။ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟု သတိကပ်ပွားများနေခြင်းဖြင့် စိတ်ကို ဘုရားနှင့် မကွာဝေးအောင် ထိန်းထားနိုင်မည်ဖြစ်သည်။
၂။ ဂုဏ်တော်ကို အာရုံပြု၍ ပွားများခြင်း
သရဏဂုံကို စာသားသက်သက် ရွတ်ဆိုနေရုံဖြင့် မလုံလောက်ဘဲ ဘုရားရှင်၏ ဂုဏ်တော်များကို ဉာဏ်ဖြင့် ယှဉ်၍ ဆင်ခြင်ရန် လိုအပ်သည်။ ထို့ကြောင့် "ဗုဒ္ဓံသရဏံဂစ္ဆာမိ" ဟု ဆိုလိုက်သည့်အခါတိုင်း ဘုရားရှင်၏ ဂုဏ်တော်ကိုးပါး (ဥပမာ - အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ စသည်) ထဲမှ မိမိနှစ်သက်ရာ ဂုဏ်တော်တစ်ပါးပါးကို စိတ်ထဲတွင် လေးလေးနက်နက် အာရုံပြု၍ ပွားများနေရမည်ဖြစ်ပါသည်။
၃။ အတွေးကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်း
ဤသို့ ပွားများခိုင်းရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူတို့၏ စိတ်ထဲတွင် အမြဲတစေ ပေါ်ပေါက်နေတတ်သော "အတွေးများ" ကို ထိန်းချုပ်ရန် ဖြစ်သည်။ ဆရာတော်ကြီးက “သံသရာရှည်တာ အတွေးကြောင့်ရှည်တာ” ဟု ရှင်းလင်းစွာ မိန့်ကြားထားသည်။ မှန်၏။ အတွေးသည်ပင်လျှင် ကိလေသာဖြစ်သည်။ လူတစ်ဦးကို ချစ်ခြင်း သို့မဟုတ် မုန်းခြင်းတို့သည် အလိုလိုဖြစ်လာသည်မဟုတ်ဘဲ “တွေးမိမှ ချစ်လာခြင်း၊ တွေးမိမှ မုန်းလာခြင်း” ဖြစ်ပေသည်။ ထို့ကြောင့် မကောင်းသော အကုသိုလ်အတွေးများ ဝင်မလာစေရန်အတွက် သရဏဂုံကို အစားထိုး၍ ပွားများခိုင်းခြင်း ဖြစ်ပါသည်
၄။ ပွားများရမည့် အချိုးအစား
စိတ်ထဲတွင် အကုသိုလ်အတွေးများ လျော့နည်းသွားစေရန်အတွက် သရဏဂုံကို များများပွားများရန် လိုအပ်သည်။ ဆရာတော်ကြီးက “များများပွားမှ နည်းနည်းတွေးမှာ၊ နည်းနည်းပွားရင် များများတွေးမှာ” ဟု မိန့်ဆိုတော်မူပါသည်။ ထို့ကြောင့် သတိရှိတိုင်း သရဏဂုံကို ဂုဏ်တော်နှင့်ယှဉ်၍ ပွားများနေသင့်ပေသည်။
၅။ တရားနှင့် သံဃာကို ပွားများပုံ
ဓမ္မံသရဏံဂစ္ဆာမိ (တရားကို ကိုးကွယ်ရာ) တွင် မေတ္တာပွားခြင်း၊ ဂုဏ်တော်ရွတ်ခြင်း သို့မဟုတ် ရှုမှတ်ပွားများခြင်းများကို ပြုလုပ်နိုင်သည်။ သံဃံသရဏံဂစ္ဆာမိ (သံဃာကို ကိုးကွယ်ရာ) တွင်လည်း သံဃာ့ဂုဏ်တော်များကို အာရုံပြုရမည်။
(ဤ၌ ရှုမှတ်သည်ဆိုသည်မှာ မိမိ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော အာရုံတစ်ခုခုကို “မလွတ်တမ်း လိုက်ကြည့်နေခြင်း”ပင် ဖြစ်သည်။ ဥပမာ - ဝင်လေ ထွက်လေကို သိနေခြင်း၊ လမ်းလျှောက်သည့်အခါ ခြေလှမ်းတိုင်းကို သိနေခြင်း၊ စိတ်ထဲတွင် ဒေါသဖြစ်သည့်အခါ “ဒေါသဖြစ်နေသည်” ဟု သိနေခြင်းမျိုးဖြစ်သည်။
ပွားများခြင်း ဆိုသည်မှာ “ထပ်တလဲလဲ” လေ့ကျင့်ခြင်းကို ဆိုလိုသည်။ တစ်ကြိမ်တည်း သိလိုက်ရုံနဲ့ မပြီးဘဲ စိတ်ကို တရားနဲ့ အမြဲထိတွေ့နေအောင် အဖန်ဖန် အထပ်ထပ် လေ့ကျင့်ယူခြင်းဖြစ်သည်။ စိတ်သည် မယဉ်ပါးသော တိရစ္ဆာန်ရိုင်းတစ်ကောင်ကဲ့သို့ အမြဲထွက်ပြေးတတ်ရာ သရဏဂုံတည်းဟူသော တိုင်၌ “သတိ” တည်းဟူသော ကြိုးဖြင့် အဖန်ဖန်အထပ်ထပ် ချည်နှောင်ထားသည်ကို ပွားများခြင်းဟု ခေါ်သည်။)
၆။ မျိုးစုံသော ကမ္မဋ္ဌာန်းများဖြင့် ပွားများခြင်း
ဘုရားဂုဏ်တော်၊ မေတ္တာပွားခြင်း၊ သို့မဟုတ် မိုးကုတ်၊ မဟာစည် နည်းများအတိုင်း ရှုမှတ်ခြင်း (ဥပမာ- ဝင်လေထွက်လေ ရှုမှတ်ခြင်း) တို့သည်လည်း ဓမ္မံသရဏံဂစ္ဆာမိ (တရားကို ကိုးကွယ်ခြင်း) ပွားများခြင်းပင် ဖြစ်သည်။
၇။ မိရိုးဖလာမှ ကိုယ်ပိုင်ဗုဒ္ဓဘာသာသို့
မိရိုးဖလာဗုဒ္ဓဘာသာဆိုသည်မှာ မိမိတို့၏ မိဘဘိုးဘွားများ လုပ်ဆောင်ခဲ့သည့်အတိုင်း “လိုက်ရိုးလုပ်စဉ်” သဘောမျိုးဖြင့်သာ လိုက်လုပ်နေခြင်း ဖြစ်သည်။
မိရိုးဖလာအတိုင်းသာ လုပ်နေသူသည် - မိဘများက ပင်ပင်ပန်းပန်း ရှာဖွေထားသော ရတနာများကို သားသမီးအား ဆင်မြန်းပေးရာ ထိုရတနာကို မပျောက်ပျက်အောင် မထိန်းသိမ်းနိုင်ဘဲ ရှိတတ်သကဲ့သို့ - ဘုရားရှင်နှင့် သံဃာတော်များက အသေခံကျင့်ကြံ၍ ရရှိထားသော သရဏဂုံရတနာကို ပေးသော်လည်း ထိုရတနာကို မပျောက်ပျက်အောင် မထိန်းသိမ်းနိုင်ဘဲ ရှိတတ်သည်။ ဤသို့ ကျင့်သုံးနေရုံမျှဖြင့် အကျိုးကျေးဇူးကို ထိုက်သင့်သလောက် မရနိုင်ကြောင်း ဆရာတော်ကြီးက မိန့်ကြားပြီး မိဘများ လုပ်ခဲ့သလို လိုက်လုပ်နေရုံမျှဖြင့် ကိုယ်ပိုင်ဗုဒ္ဓဘာသာ မဖြစ်သေးဘဲ မိမိကိုယ်တိုင် လက်တွေ့ကျကျ ကျင့်ကြံမှသာ အကျိုးရှိမည်ဟုဆိုသည်။ ဆရာတော်ကြီးက “ကိုယ်ပိုင်ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဗျ” ဟု အထူး တိုက်တွန်းထားပါသည်။
ကိုယ်ပိုင်ဗုဒ္ဓဘာသာ ဖြစ်လာစေရန် -
• နေ့စဉ်ဘဝတွင် အမြဲသုံးစွဲနေသည့် လောဘ၊ ဒေါသ၊ မောဟ တို့နေရာတွင် “ကံ၊ ဉာဏ်၊ ဝီရိယ” တို့ကို အစားထိုး အသုံးချနိုင်ရမည်။
• နေ့စဉ်လုပ်ငန်းဆောင်တာများတွင်ပါ ဘုရားဂုဏ်တော်များကို ဉာဏ်ဖြင့် ယှဉ်၍ မပြတ်ပွားများနေရမည်။
• မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများမှ “ဒါန”၊ မိမိခန္ဓာကိုယ်မှ “သီလ” နှင့် မိမိအသက်ရှူနေခြင်းမှ “ဘာဝနာ” ဟူသော ဘယ်တော့မှ မသိုးမပုပ်သော “အနှစ်” များကို မိမိသန္တန်၌တည်အောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆရာတော်ကြီးက မိန့်ကြားတော်မူသည်။
အကျဉ်းချုပ်အားဖြင့် ကိုယ်ပိုင်ဗုဒ္ဓဘာသာဆိုသည်မှာ ဗုဒ္ဓ၏ တရားတော်များကို မိရိုးဖလာ လိုက်ရုံမျှမဟုတ်ဘဲ မိမိ၏ နေ့စဉ်ဘဝထဲသို့ ရောက်အောင် သတိ၊ ဉာဏ်၊ ဝီရိယ တို့ဖြင့် အမှန်တကယ် ကျင့်ကြံနေထိုင်ခြင်းကို ဆိုလိုသည်။
(ဂ) နိဂုံး
အချုပ်အားဖြင့်ဆိုရသော် သရဏဂုံသည် ဘုရားစင်ရှေ့တွင်သာရွတ်ဆိုရမည့် ဝတ်ရွတ်စဉ်တစ်ခုမဟုတ်ဘဲ ကျွန်တော်တို့၏ အသက်ရှင်သန်မှုထဲ၌ အမြဲစီးဝင်နေရမည့် အနှစ်သာရဖြစ်သည်။ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့၏ အနှစ်မှာ “ဒါန”၊ ခန္ဓာကိုယ်၏ အနှစ်မှာ “သီလ” ဖြစ်သကဲ့သို့၊ ကျွန်တော်တို့၏ အသက်ရှင်သန်ခြင်း၏ အစစ်အမှန် အနှစ်သာရမှာမူ “ဘာဝနာ (သရဏဂုံပွားများခြင်း)” ပင် ဖြစ်ကြောင်း ဆရာတော်ကြီးက လမ်းညွှန်ထားပါသည်။ ဤလမ်းညွှန်ချက်သည် အကုသိုလ်အတွေးများ၏ ကျူးကျော်မှုကို တားဆီးနိုင်မည့် တံတိုင်းတစ်ခုဖြစ်ရုံမျှမက “ကိုယ်ပိုင်ဗုဒ္ဓဘာသာ” စစ်စစ်အဖြစ်သို့ ကူးပြောင်းပေးမည့် တံတားတစ်စင်းလည်း ဖြစ်ပေသည်။ ထို့ကြောင့် မိရိုးဖလာ၏ အရိပ်အောက်မှ ရုန်းထွက်ကာ မိမိကိုယ်တိုင် လက်တွေ့ကျကျ ကျင့်ကြံခြင်းဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာလမ်းပေါ်၌ ပိုင်ပိုင်နိုင်နိုင် လျှောက်လှမ်းနိုင်ကြပါစေ။
#ငြိမ်းချမ်းသာ #တရားအမြုတေများ_၄
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-29-3-2026
(ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မိုးမိတ်မြို့ မပဒန်လှိုဏ်ဂူအတွင်း မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ တပည့်ဒကာများကို ဟောကြားတော်မူခဲ့သော ရုပ်သံဖိုင်မှ ဩဝါဒများကို နာကြား၍ ရေးသားထားခြင်းဖြစ်ပါသည်။)

ယနေ့ ကမ္ဘာကြီး မီးလောင်နေပါပြီ။လောင်နေသော အပူမီးကိုနက်ဖြန်ငြိမ်းစေရမည်ဟူ၍မျက်မွေးတစ်ဆုံးမျှသာမြင်နိုင်စွမ်းရှိကြသော ဝေနေ...
03/10/2026

ယနေ့ ကမ္ဘာကြီး မီးလောင်နေပါပြီ။
လောင်နေသော အပူမီးကို
နက်ဖြန်ငြိမ်းစေရမည်ဟူ၍
မျက်မွေးတစ်ဆုံးမျှသာ
မြင်နိုင်စွမ်းရှိကြသော ဝေနေယျတို့သည်
အရိယာဝိဇ္ဇာတို့၏စကားကို
လိုက်နာနိုင်မည်ကား မဟုတ်ပြီ။
လူသားတိုင်းသည်
ကြိုက်စိတ် ကြိုက်စွဲတို့ကို မထိန်းသိမ်းနိုင်တော့ခြင်း
မကြိုက်စိတ် မကြိုက်စွဲတို့ကို မထိန်းသိမ်းနိုင်တော့ခြင်း
မသိစိတ် မသိစွဲတို့ကို မထိန်းသိမ်းနိုင်တော့ခြင်းဟူသော ပင်မ မီးတောက်ကြီးသုံးခုနှင့်
အခြားမီးပွားများစွာတို့ အလောင်မြိုက်ခံနေကြရရှာ
ငွေနှစ်ကျပ်နှင့် ထီလက်မှတ် ကြိုက်ရာယူပါပေတော့
ငွေနှစ်ကျပ်ကိုသာ ယူမည့်သူချည်း ဖြစ်ချေ၏။
အဘယ့်ကြောင့်ဆိုသော် နောက်ပေါက်မည့် သိန်းဆုကား ကိန်းသေသည် မည်မျှပြောပြော
ယနေ့ဆိုက်ရောက်နေသည့် အပူဘေးကို လာရောက်၍ အကာအကွယ် မပေးနိုင်သောကြောင့်ပင်။
မီးသည် အပူကိုသာ လက်ခံ၍
အအေးကိုကား တွန်းလှန်တတ်၏။
မီးလာလျှင် ရေမပါ
လေသာလျှင် လာတတ်သော သဘောလည်း ရှိ၏။
ထိုမီး သုံးမီးကြောင့်ပင် #ကပ်သည်ဆိုက်၍လာ၏။
ကပ်ဟူသည် ကမ္ဘာပျက်ခြင်းကို ဆို၏။
ထို ကမ္ဘာပျက်မှုသည်လည်း
အကြမ်းပျက်နှင့် အနုပျက်အားဖြင့်
ပျက်မျိုးနှစ်စား ကွားခြား၏။
ကမ္ဘာနှင့်ချီ၍
ငတ်မှုနေကြခြင်းသည်
အအေးပျက် အပူပျက်
ကမ္ဘာနှင့်ချီ၍
ရောဂါဘယ ထူပြောနေခြင်းသည်
အအေးပျက် အပူပျက်
ကမ္ဘာနှင့်ချီ၍
အငြင်းပွားနေကြခြင်းသည်
အအေးပျက် အပူပျက်
တစ်ဖန် ထိုသို့ဖြစ်ရာမှ
မလောက်မင မဝရေစာ ဖြစ်ပေါ်လာသောအခါ
ငါ့လူမျိုးမှ ငါ့လူမျိုး
ငါ့ဘာသာမှ ငါ့ဘာသာဟူ၍
တယူသန် အယူလွဲတို့ သဲကဲလာသောအခါ
သူ့လူမျိုးကောင်းစားရန်
တစ်ခြားလူမျိုးတို့သို့
လုယက်ဖျက်ဆီးလာသောအခါ
သူ့ဘာသာကောင်းစားရေးအတွက်
အခြားဘာသာတို့ကို ဝင်ရောက်တိုက်ခိုက်သောအခါ အကြမ်းပျက် သုံးဆဖြင့်
ကမ္ဘာကြီးသည်
မီးခိုး တစ်အူအူ
ဖုန် တထောင်းထောင်း
ယင် တလောင်းလောင်းတို့ဖြင့် ပျက်စီးကြရဦးမည်။
တစ်ဖက်ဝါဒီတို့သို့ ထိုးနှက်မှုထက် မိမိတို့၏ မသိနိုးနား ကလေးသူငယ် လူမမယ်များကို အဓမ္မရာဂနည်းဖြင့်
ထိုးနှက်နေပါသည်ကို ထိုကလေးသူငယ်များ
အမျိုးဘာသာ သာသနာကို သင်ကြားလျက်က မျက်စိဖွင့်ပေးသင့်၏
တောက်လောင်နေသော ကမ္ဘာ့မီးကိုတားဆီးနိုင်သည်မှာ သမထဖြင့် ငြိမ်းသတ်၍
ဝိပဿနာဖြင့် အလောင်ရပ်စေမှသာ ဖြစ်နိုင်ချေ၏
တစ်ဖက်တည်းဖြင့် အစွဲကို မငြိမ်းနိုင်သည်မှာ အမှန် ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

03/10/2026

နယ်ကျဉ်းရင် ခရီး တိုပါတယ်
🙏🙏🙏🙏🙏🙏🙏🙏
ဒို့ ကမ္မဋ္ဌာန်း ပွားတဲ့ နေရာကျတော့
နည်းတွေ အမျိုးမျိုး ရှိပါတယ်။
ဒို့ မဟာစည်တို့၊ မင်းကွန်းတို့
အဲဒါတွေကျတော့... "သတိပဋ္ဌာန်" ၊
သူက သတိဗိုလ်နဲ့ တွဲ သွားတာပါ။
သူက စိတ်သွားရာကို လိုက်ပြီးတော့
သတိ မှတ်တာ ထင်တယ်၊
တစ်နေရာထဲကို သူ့မှာ သီးခြား မရှိဘူး။
စိတ်သွားတဲ့ နေရာ လိုက်မှတ်တာ။
အဲ့ဒီတော့...
စိတ်သည် လေးဋ္ဌာန သွားတာ ထင်တယ်၊
တစ်ခါတလေ ကိုယ်မှာ၊
တစ်ခါတလေ ခံစားမှု ဝေဒနာမှာ၊
တစ်ခါတလေ စိတ်မှာ၊
တစ်ခါတလေ သဘောမှာ၊
ဒီလို မဟုတ်ဘူးလား ။
အဲ့ဒီလို စိတ်သွားရာ သတိလေးနဲ့ လိုက်မှတ်တာ
ဝီရိယ များများကြီး မလိုဘူး။
ဒီစိတ်ကလေး အာရုံနောက် ပါမသွားရုံပဲ ထင်တယ်၊
( သို့မဟုတ် )
ဒီအာရုံလေးသည် စားကျက်ထဲက
မထွက်ရုံထင်တယ်၊ အဲဒါ သတိပဋ္ဌာန်နည်းနဲ့။
ဒို့ ဝေဘူတို့ စွန်းလွန်းတို့ ညောင်လွန့်တို့ ကျတော့...
ဝီရိယနဲ့ နှာသီးဝ တစ်ချက်ဆို တစ်ချက်ထဲပဲ၊
သူကတော့ ... ဘာလုပ်လုပ်
စားစား သွားသွား နားနား နေနေ၊
နှာသီးဝ မလွှတ်တော့ဘူး၊
ဝီရိယကြီးမှ ရမယ် ထင်တယ်။
ဒါက ဝေဘူတို့ ညောင်လွန့်တို့ စွန်းလွန်းတို့
သုံးသွားတာ။
ဒို့ အနာဂါမ် ဆရာသက်ကြီးတို့
ဟံသာဝတီတို့ ကျတော့...
စိတ်ကို တည်အောင် ထားပြီးတော့မှ၊
နောက်မှ "ဖြစ်,ပျက်" ရှုတာ၊
သူက သမာဓိအားကို အဓိကထားပြီး တိုက်တာ၊
အဲဒါက သမာဓိဗိုလ်နဲ့ သွားတာ။
အဲဒါ...
ကိုယ့်စိတ်ကလေး ကိုယ် ပိုင်လို့ ရှိရင်၊
ကိုယ့်စိတ်ကလေး ကိုယ်လေ့လာပြီး လုပ်ရင်၊
သူလည်း မရနိုင်ဘူးလား ?
ဒို့ မိုးကုတ်ဆရာတော်ဘုရားကြီးတို့ ကျတော့...
သူတို့က ပညာကြီးတဲ့ ပုဂ္ဂိုလ်တွေကိုး၊
အဲ့ဒီတော့ ခန္ဓာကိုယ်က
ဝင်လေ ထွက်လေလေး အပေါ်မှာ
"အဖြစ်နဲ့အပျက်" ဒါလေး(၂)ခု သိရုံလေးနဲ့
သူကပြီးသွားတယ်။ မှတ်ဖို့တောင် သူ မလိုဘူး။
ဟုတ်ကဲ့လား ?
ဒါက...
ပညာအားကြီးတဲ့ ပုဂ္ဂိုလ်တွေ သုံးတဲ့ ကမ္မဋ္ဌာန်း။
အဲ့ဒီတော့ ကြိုက်တာလုပ်၊
အတူတူပဲ။
အဲ့ဒီတော့ ဒီအချက်တွေ ထဲက,
ကိုယ့်ကိုယ်ကိုယ် မေးပြီး အားထုတ်ဖို့ပဲ လိုတယ်။
အဲ့ဒီတော့ ကိုယ့်စိတ် ကိုယ် အကဲခတ်ပေါ့၊
သူများစိတ်ကို အကဲခတ်ရတာ ခဲယဉ်းပါတယ်၊
ကိုယ့်စိတ် ကိုယ် အကဲခတ်လို့ ရပါတယ်။
အဲ့ဒီတော့...
ဘယ်နည်းနဲ့ အားထုတ်ရမလဲ ဆို,
ကိုယ့်စိတ်နဲ့ ကိုက်တဲ့နည်းကို အားထုတ်ပါ။
ဘယ်နည်း မှားတယ် …
ပြောစရာ မရှိပါဘူးဗျာ။
အဲ့ဒီတော့ ဒို့ ကမ္မဋ္ဌာန်း လေးဆယ်
ဘယ်လောက် ရှိနေနေ၊
သမထ လေးဆယ် ဘယ်လောက် ရှိနေနေ၊
အဲဒီ ကမ္မဋ္ဌာန်း လေးဆယ်ကို
အကောင်အထည် ဖော်တဲ့ အခါကျရင်...
ဒို့ ဗိုလ်ငါးပါး ထဲမှာ 'သဒ္ဓါဗိုလ်'ကို လွှတ်ပြီး၊
ဒီဗိုလ်လေးပါး တစ်ပါးပါးကို အဓိကထားပြီး
အားထုတ်မှာ ထင်တယ်။
♦️သတိပဋ္ဌာန် နည်းက...
ဗိုလ်ငါးပါးထဲမှာ "သတိ"ကို ဗိုလ်ချုပ်နေရာက,
ထားတိုက်တာ။
♦️ဝေဘူ ဆရာတော်ဘုရားကြီး တို့ကတော့...
"ဝီရိယကို" ဗိုလ်ချုပ်နေရာက,
ထားတိုက်တာ။
♦️အနာဂါမ် ဆရာသက်ကြီးတို့
ဟံသာဝတီတို့က ကျတော့...
"သမာဓိ"ကို ဗိုလ်ချုပ်နေရာက,
ထားတိုက်တာ။
♦️မိုးကုတ်နည်းနဲ့ အားထုတ်ရင်...
"ပညာ" ကို ဗိုလ်ချုပ်နေရာက,
ထားတိုက်တာ။
အဲ့ဒီတော့...
ဒို့ ဘယ်နည်းနဲ့ အားထုတ် အားထုတ်၊
ဗိုလ်ငါးပါးကတော့ စုံရမှာ ချည်းပဲ။
သတိ မပါပဲနဲ့ လုပ်လို့ ရမလား ?
( မရပါဘုရား )။
သမာဓိ မပါပဲနဲ့ကော ရှုလို့ ရမလား ?
( မရပါဘုရား )။
အဲ့ဒီတော့ ...
ဦးဆောင် တစ်ခုကိုတော့ဖြင့်
ကိုယ်ကြိုက်တဲ့ နည်းလေးနဲ့ သုံးပါ။
ဘယ်နည်းနဲ့ သုံးမှ တည့်မယ်လို့
ပြောစရာ မရှိပါဘူး၊
ကိုယ်စရိုက်နဲ့ ကိုက်ရင်
ကိုယ်နဲ့ထိုက်တဲ့ ကမ္မဋ္ဌာန်း ချည်းပဲ။
ဒို့ ရွာထဲမှာ ဟင်းချက်ရင်း ထမင်းချက်ရင်း၊
အလုပ်လုပ်ရင်း အားထုတ်နိုင်တဲ့ ကမ္မဋ္ဌာန်းကတော့,
"သတိဗိုလ်" ကမ္မဋ္ဌာန်းပဲ ။
သတိ ကမ္မဋ္ဌာန်းက...
ရွာထဲမှာ ထမင်းချက်ရင်း၊ ဟင်းချက်ရင်း
ကိုယ်လုပ်နေတဲ့ အလုပ် အပေါ် ,
သတိလေးနဲ့ ကပ်မှတ်လိုက်ရုံပဲ ထင်တယ်။
အဲ့ဒီတော့...
ဒို့ တစ်နေ့တာ အလုပ်တွေ ဘယ်လောက်များများ
မြင်မှု၊ ကြားမှု၊ နံမှု၊ စားမှု၊ ထိမှု
ဒီ ငါးခုပဲ လုပ်တယ်၊ ဟုတ်ကဲ့လား။
( တင်ပါ့ဘုရား )။
ဒို့ ဘုရားပေးတဲ့ သတိပဋ္ဌာန်နည်း
သတိကို ဗိုလ်ထားပြီး အားထုတ်တဲ့နည်းက...
တစ်နေ့တာ အလုပ်ကိစ္စတွေ လုပ်ကိုင်ကြရင်းနဲ့
အားထုတ်နိုင်တဲ့နည်းပဲ၊ ဟုတ်ကဲ့လား ။
( တင်ပါ့ဘုရား )။
မြင်တော့ မြင်တဲ့အချိန် မြင်တယ် မှတ်ချလိုက်၊
မြင်တယ်လို့ တစ်ချက် မှတ်တဲ့အချိန်,
ဘယ်သူ ဘယ်ဝါ ဆိုတာ ပါသေးလား ?
ငါမြင်တယ် ဆိုတာလဲ ပါသေးလား ?
( မပါ ပါ ဘုရား )။
ဒါဆို ဒီက ဒိဋ္ဌိလဲ ပြုတ်တယ်၊
မြင်တဲ့ နေရာကနေ ပေါ်လာတဲ့
တဏှာလဲ ပြုတ်တယ်။
ဒါဆို...
သား မြင်လဲ မြင်တယ်လို့ မှတ်၊
သမီး မြင်လဲ မြင်တယ်လို့ မှတ်၊
ဒီလို မှတ်ရင် ငါနဲ့ သားကြား
ငါ့သားဆိုတာ တွဲသေးလား ?
ငါကလဲ ငါ သားကလဲ သားပဲ
ငါ့သား ဆိုတာ မလာတော့ဘူး။
♦️ဒါဆို ဘာ မြင်မြင်၊ မြင်တယ်လို့ မှတ်ရင်၊
နယ် မကျဉ်းသွားပေဘူးလား ?
( ကျဉ်းပါတယ် ဘုရား )။
နယ်ကျဉ်းရင် ခရီး တိုတာပဲ၊
( မှန်ပါ့ ဘုရား )။
မြင်တာကို မြင်တယ် မမှတ်ရင်၊
လူတစ်ယောက် မြင်တော့...
ဒါက ယောက်ျားကြီး မိန်းမကြီး၊
ဘယ်နယ်က ဘယ်သူ့ အမျိုး၊
ကဲ ဆုံးသေးလား ?
( မဆုံးပါ ဘုရား )။
နောက် ကားတစ်စီး မြင်ပြန်တော့လည်း၊
ဒါက ဘယ်လိုကား ဘယ်ကကား ဘယ်သူ့ကားနဲ့၊
ကဲ ဆုံးနိုင်သေးလား ?
( မဆုံးနိုင်ပါ ဘုရား )။
အဲ့တော့ နယ် မကျယ်ဘူးလား?
( ကျယ်ပါတယ် ဘုရား )။
ခင်ဗျားတို့ နယ်ကျယ်လို့ ခရီး ရှည်နေတာ။
မြင်တာ မြင်တယ် မှတ်ရင်
နယ် ကျဉ်းမသွားဘူးလား ?
မြင်တာ မြင်တယ် မမှတ်ကြတော့၊
နယ် မကျယ်ပေဘူးလားဗျာ ?
ခင်ဗျားတို့ နယ်ကျယ်လို့ ခရီး ရှည်နေကြတာ၊
နယ်ကျဉ်း ခရီး တိုတာပဲ။
ဒါဖြင့်... တစ်နေ့တာ
မြင်တာ မြင်တယ် မှတ်၊
ကြားတာ ကြားတယ် မှတ်၊
စားတာ စားတယ် မှတ်၊
နံတာ နံတယ် မှတ်၊
ထိတာ ထိတယ် မှတ်၊
အဲဒီလို မှတ်ကြရင်...
ငါ မရှိဘူး သူ မရှိဘူး၊ ဒီထဲကနေ
ကောင်းတယ် ဆိုးတယ်လည်း မပါနိုင်တော့ဘူး။
အဲ့ဒီတော့...
ဒို့ တစ်နေ့တာ ဘာလုပ်လုပ်၊
ဒီ ငါးမျိုးထက် ပိုလား ?
( မပိုပါဘူး ဘုရား )။
ဒီ ငါးမျိုးထက် မပိုပါဘူးဗျာ ဟုတ်ကဲ့လား
ဒါဆို တစ်နေ့တာ သတိလေးနဲ့ မှတ်ရင်
မြင်သမျှ မြင်ရုံနဲ့ ပြီး မသွားပေဘူးလား ?
မြင်သမျှ မြင်ရုံနဲ့ ပြီးအောင်၊
ကြားသမျှ ကြားရုံနဲ့ ပြီးအောင်၊
နံသမျှ နံရုံနဲ့ ပြီးအောင်၊
စားသမျှ စားရုံနဲ့ ပြီးအောင်၊
ထိသမျှ ထိရုံနဲ့ ပြီးအောင်၊
သတိလေးနဲ့ "မှတ်"။
ဒါဆို ...
နယ်ကျဉ်း မသွားကြ ပေဘူးလား
မြင်တာ မြင်ရုံနဲ့ မပြီးကြလို့
ခင်ဗျားတို့ နယ်ကျယ်ပြီး ခရီး ရှည်နေကြတာ။
နယ်ကျဉ်းရင် ခရီး တိုတာပဲဗျာ။

#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။🙏

အ ပ္ပ မာ ဒေ န သ မ္မာ ဒေ ထ
#သတိတစ်လုံး လက်ကိုင်သုံး
🙏🙏🙏🙏🙏🙏🙏🙏

Send a message to learn more

03/10/2026

လောကဓံကို ထမင်းစားသလိုကျင့်
•••••••••••••••••••••••••••••••••
လောကဓံဆိုတော့
လူတွေချည်း ကြုံရတယ် မထင်လေနဲ့
ဘုရားသော်မှ လောကဓံ ကြုံ သွားရတာပဲ ။
လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်အထူးကို
ခံရတာက အကောင်းလောကဓံ။
အကောင်းဘက်မှာလည်း ဒို့ထက်ပိုခံရတယ်။
အဆိုးဘက်မှာတော့ မပြောနဲ့တော့ ။
ဘုရားက ပိုခံရတယ် မှတ်လိုက်ပါ ။
မြို့လယ်ခေါင် ဆင်နဲ့တိုက်သတ်ခံရတာ
ဘယ်သူကြုံဖူးလို့လဲ ။ ဘုရားကြုံရတယ်။
လူပုံအလယ်မှာ ဘုရားနဲ့ရတဲ့ ဗိုက်ပါဆိုပြီး
စိဉ္စမာနလာပြီး အရှက်ခွဲတာ ကြုံရတယ်။
ဒါက အောင်ခြင်းရှစ်ပါးထဲ
ပါတာလောက်ပြောတာ။
တစ်ခြားလောကဓံတွေ ရှိသေးတယ်။
ဘုရားရဟန္တာနဲ့
သူတော်ကောင်းကြီးများဟာ
အကောင်းလောကဓံနဲ့ ကြုံ ကြုံ
အဆိုးလောကဓံနဲ့ ကြုံ ကြုံ
မတုန်လှုပ်တတ်ကြဘူး။
သနပ်ခါးလူးပေးလို့လည်း ပြုံးမပြဘူး ။
အိုးမဲသုတ်တော့လည်း မဲ့မပြဘူး ။
အကောင်းအဆိုးလောကဓံ အပေါ်မှာ
စိတ်ကို အညီအမျှထားတယ်။
လောကမှာ
လောကစစ်နဲ့ လွတ်သူမရှိပါဘူး ။
လူ့ဘ၀ သက်တမ်းတိုလေးမှာ
ချမ်းသာအောင် နေတတ်ရမယ်။
မနေတတ်ရင် ပစ္စည်းရှိလေ ဆင်းရဲလေ။
တို့မေတ္တာပို့တဲ့အခါ
"သုခီ အတ္တာနံ ပရိဟရန္တု" ဆိုတာ
ဘာကိုပြောတာလဲ ။
"မိမိကိုယ်ကိုယ်ချမ်းသာအောင်
ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း"
လို့ပြောတာ။
ဒီလိုဘာလို့ မေတ္တာပို့ရသလဲ ဆိုတော့
ဒုက္ခပေးမှာက မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။
ရန်သူဟာ မိမိကိုယ်တိုင် ဖြစ်နေလို့ပဲ ။
ဒီတော့ ဒုက္ခ ဆင်းရဲ အစား သုခချမ်းသာ
ဖြစ်အောင် ဆောင်ရွက်ကြရမယ် ။
ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်
လုပ်နေတဲ့အထဲမှာ
ဒုက္ခ အပေးဆုံးက ''အတွေး ''ပဲ ။
''အတွေး'' သည် ဒုက္ခ အပေးဆုံး။
လုပ်စရာရှိတာ လုပ်နေ ဘာမှမဖြစ်ဘူး ။
ရှေ့ကြိုတွေး နောက်ပြန်ပြီး စမြုံ့ပြန်နဲ့
အတွေးက ဒုက္ခပေးနေတာ။
ဒုက္ခတွေကိုယ်ဟာကိုယ် ရှာထားကြတာ၊
'' ကြိုက်တာ တစ်ခုရဖို့
မကြိုက်တာ ဆယ်ခုလောက်နဲ့
ရင်းပြီး ရှာထားကြတာ'' ။
အတွေးနဲ့ခံစားသူက
မတွေ့ခင်က လှုပ်နေပြီ ။
အရှိအတိုင်း (အတွေးမပါပဲ )
ခံစားသူက မလှုပ်ဘူး။
ဒီတော့ လောကဓံနဲ့ ကြုံ ဆုံရာမှာ
ထမင်းစားသလို ကျင့်လိုက်ပါ။
ဟင်းစားသလို မကျင့်ပါနဲ့ ။
ထမင်းစားတာ ထမင်းမှာ
အရသာခံတာ ရှိသလား။
"မရှိပါဘုရား"
ဟင်းမှာသာ အရသာခံစားတာ ။
ချိုချဉ်ဖန်ငန်စပ် စသည်ဖြင့် အရသာခံတာ
ဟင်းမှာပဲ အရသာခံစားတာ မဟုတ်လား။
ဒီတော့ ရပ်ရွာထဲမှာ ဘယ်လိုကျင့်နေသလဲ ။
ထမင်းစားသလို ကျင့်နေသလား ။
ဟင်းစားသလိုကျင့်နေသလား။
"ဟင်းစားသလိုကျင့်နေပါတယ်ဘုရား"
ဟင်းစားသလိုကျင့်တော့
ကောင်းတယ် ဆိုးတယ်
ကြိုက်တယ် မကြိုက်ဘူး
ဆိုတာတွေ ဖြစ်လာတာပေါ့ ။
ကောင်းဆိုးနဲ့ ကြုံလို့
စိတ်တွေတုန်လှုပ်နေကြတာ ။
ဘုရားရဟန်တာ
သူတော်ကောင်းကြီးတွေဟာ
ကောင်းဆိုးဘယ်လိုကြုံကြုံ
မတုန်လှုပ်တော့ဘူး ။
သုခဖြစ်အောင် မလုပ်လို့
ဒုက္ခလည်းမဖြစ်တော့ဘူး ။
စိတ်ကို
ပစ္စုပ္ပန်တည့်တည့် ထားနိုင်လို့
သုခိ အတ်တာနံ ပရိဟရန်တု
ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင်
ဆောင်နိုင်ကြပြီ ။

(ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး)
ပြန်လည်မျှဝေ ကုသိုလ်ပြုပါ၏။
Credit to original uploader.

25/09/2026

"မာနမရှိဘူးထင်နေတာတောင် မာနက ရှိနေတယ်"
✨🌟✨🌟✨
ဘုန်းကြီးကိုယ်တိုင် ငယ်ငယ်တုန်းက တရားရိပ်သာမှာ သွားပြီးတော့ တခြားဘုန်းကြီးနဲ့အတူတူ တရားအားထုတ်တော့ တရားအားထုတ်ဖော်တွေက ဝိပဿနာဉာဏ်တွေ တိုးတက်ကြတယ်။
ဘုန်းကြီးကတော့ တရားအားထုတ်တာ လတွေတော်တော်ကြာပေမယ့် တိုးတက်မှု သိပ်မရှိဘူး။ နည်းနည်းလေး စိတ်အေးချမ်းတာလောက်ပဲ ရှိတယ်။
တရားစစ်တဲ့အခါမှာ ဆရာတော်က ဘုန်းကြီးကိုမေးတယ်။ ဇောတိက တရားအားထုတ်တာ ဘယ်လိုနေလဲ။ " စိတ်တော့ ချမ်းသာပါတယ် ဘုရား။ ဘာမှတိုးတက်မှု မရှိဘူး။ "
ဘုန်းကြီးနဲ့အတူတူ တရားအားထုတ်ဖော် အားထုတ်ဖက် တခြားဘုန်းကြီးတွေကို မေးတဲ့အခါမှာ သူတို့မှာ ပြောစရာ လျှောက်စရာတွေ ရှိတယ်။
အဲဒီတော့ ကြာတော့ ရှက်လာတယ်။
သူတို့ကိုကြည့်လိုက်တော့လည်း တချို့က လေးတန်းအောင်။ တစ်ချို့က လေးတန်းတောင်မအောင်ဘူး။ ဘုန်းကြီးက အင်ဂျင်နီယာဘွဲ့ရထားတာ။ နည်းတဲ့ပညာတွေ မဟုတ်ဘူး။
အဲဒီတော့ စိတ်ထဲမှာ ငါကပညာတတ်၊ သူတို့က လေးတန်းတောင် မအောင်ဘူး၊ ငါက တရားစာအုပ်တွေ အများကြီးဖတ်ထားတာ၊ "ဝိသုဒ္ဓီမဂ် မြန်မာပြန်တွေတောင် ဖတ်ထားပြီးသွားပြီ။ အများကြီးသိထားပြီ ဆိုပြီးတော့ ဘာပဲပြောပြော မာနတော့ ရှိနေတာပဲနော်။
"အဲဒီမာနဆိုတာ တော်တော်ပယ်ရခက်တယ်။
တော်တော်လည်း ကြောက်စရာ ကောင်းတယ်။
မာနမရှိဘူးလို့ထင်နေရင်တောင်မှ မာနက ရှိနေတယ် "
အဲဒါနဲ့တရားစစ်တိုင်း တရားစစ်တိုင်း ဘုန်းကြီးမှာ လျှောက်စရာ မရှိဘူး။ ကြာတော့ ဆရာတော်ဆီကို သွားရမှာ ကြောက်လာတယ်။ ဇောတိက ဘယ်နှယ့်တုန်း။ တရားအားထုတ်တာ ဘယ်လိုတုန်းလို့ မေးမှာကို သိပ်ကြောက်တယ်။ ကြောက်တော့ ဘာလုပ်ရမလဲဆိုတော့ တရားလည်း အားထုတ်ချင်တယ်။ ဆရာတော်ဆီလည်း မသွားချင်တော့ဘူး။
အဲဒါနဲ့တပည့်တော် ဟိုဘက်နားက တောရကျောင်းကို ခဏသွားမယ်ဘုရားလို့ သွားလျှောက်တယ်။ အဲဒီကျောင်းက ပိုဝေးတယ်။ ဆွမ်းကွမ်းလည်း အင်မတန်နည်းတယ်။ နည်းတော့ ဆရာတော်ကြီးက ခဏသွားမယ်လို့ ထင်ပြီး။
" အေး အေး သွား သွား " လို့ ပြောတယ်။
ဘုန်းကြီးက အမှန်တော့ ထွက်ပြေးတာနော်။
♦ ♦ ♦
"စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား…"
✨🌟✨🌟✨🌟✨🌟✨
အဲဒီတောရကျောင်းကို သွားပြီးတော့ နေလိုက်တယ်။ ငါဆရာတော်ဆီလည်း မသွားတော့ဘူး။ သွားရင် ငါ့ကို တရားအားထုတ်တဲ့အကြောင်း မေးမှာပဲ။
မေးရင် ငါ ဘာမှ မတိုးတက်တာပြောရင် အဲဒီလို ပြောရတာကိုက ငါတော်တော်ရှက်တယ် ဆိုပြီးတော့ အဲဒီတောရကျောင်းမှာ သွားနေပြီးတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ ကိုယ် တရားထိုင်တယ်။
မတိုးတက်ဘူး။ မတိုးတက်တော့ ကြာတော့ နည်းနည်းတော့ စိတ်ညစ်လာတယ်။ ရက်တွေ လတွေသာ ကြာလာတယ် မတိုးတက်ဘူး။
ဒီကြားထဲ ဘုန်းကြီးက စဉ်းစားကြည့်သေးတယ်။
ငါနဲ့ အတူတူဘွဲ့ရတဲ့ ငါ့သူငယ်ချင်းတွေတော့ ဘာတွေဖြစ်ကုန်ပြီ။ ငါကတော့ တောထဲမှာ တရားသာ အားထုတ်တာ ဘာတရားမှလည်း မရဘူး။
အဲဒီတော့ နည်းနည်းတွက်ခြေမကိုက်ဘူး။ အဲဒီလိုအတွေးတွေ အမျိုးမျိုး တွေးပြီးတော့ နည်းနည်း စိတ်ညစ်နေပြီ။
စိတ်ညစ်နေပြီးမှ တစ်ခါ၊ ဘယ်လိုတွေးလဲဆိုတော့ တိုးတက်တာ မတိုးတက်တာ နေပါစေတော့ မတတ်နိုင်ဘူး။ မတိုးတက်ချင်လည်း နေပါစေ။
ဘုရားဟောထားတာလည်း ကြားဖူးတာ တစ်ခုရှိတယ်။ ငါ့ဆရာတော်ကလည်း ပြောထားတာရှိတယ်။ " စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာ ထား " တဲ့ ပြောထားတယ်။
အဲဒီတော့ ငါအတိတ်ကိုလည်း မတွေးဘူး။
အနာဂတ်ကိုလည်း မတွေးဘူး။
စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားမယ်။
အဲဒီတစ်ခု လုပ်လို့ရရင် ကျေနပ်တယ်။
ဘယ်တော့မှ မတိုးတက်လည်း နေပါစေတော့။
ငါ့ဟာငါ တောထဲမှာ တစ်ပါးတည်းနေပြီးတော့
စိတ်ကို ပစ္စုပ္ပန်မှာ ထားမယ်ဆိုပြီးတော့ ကိုယ့်စိတ်ကိုယ် ကြည့်နေတယ်။
တစ်ခုခု တွေးပြီဆိုရင်လည်း တွေးပြီးလို့ သိတယ်။
တွေးတယ်ဆိုတာ အမှန်တော့ အတိတ်ကိုတွေးတာ
သို့မဟုတ် အနာဂတ်ကိုတွေးတာပဲ။
ပစ္စုပ္ပန်ကို တွေးလို့မရဘူး။
တွေးတာကို တွေးပြီးလို့သိတာနဲ့တစ်ပြိုင်နက် အဲဒီအတွေးကို ရပ်လိုက်တယ်။ သိတာနဲ့ သူ့ဟာသူ ရပ်သွားတယ်။ ရပ်သွားပြီဆိုရင် အဲဒီစိတ်ကို ပစ္စုပ္ပန်မှာ ပြန်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတာ အသက်ရှူနေတာလေးကို သိနေတယ်။ တခြားတစ်ခုခု ထင်ရှားတာ ရှိနေရင်လည်းပဲ သိနေတယ်။
အဲဒီလိုနဲ့ပဲ စိတ်ကို ပစ္စုပ္ပန်မှာ ထားရင်း ထားရင်းနဲ့ စိတ်က ပစ္စုပ္ပန်မှာ အနေများလာတော့ စိတ်တည်ငြိမ် အေးချမ်းလာတော့ တဖြည်းဖြည်း ခန္ဓာမှာဖြစ်နေတာတွေကို သိရတာ အသိရှင်းလာတယ်။ အမြင်ရှင်းလာတယ်။ ဖြစ်တိုင်းဖြစ်တိုင်း ဖြစ်တာကိုသိတယ်။ ဖြစ်တာကို သိတိုင်းသိတိုင်း မရှိတော့ဘူးဆိုတာ သိလာတယ်။
အဲဒီလို မျှော်လင့်ချက်တွေ ဘာမှမထားဘဲနဲ့ ပစ္စုပ္ပန် တည့်တည့်မှာပဲ စိတ်ကိုထားလိုက်တဲ့အချိန်မှာ ပိုပြီးတော့ တရားအားထုတ်ရတာ အဆင်ပြေလာတယ်။ တိုးတက်မှုပိုရှိလာတယ်။
ပြီးတော့ အနားမှာ ပြိုင်မည့် ပြိုင်ဘက်လည်းမရှိဘူး။ အရင်တုန်းက ရိပ်သာမှာဆိုတော့ ပြိုင်ဘက်တွေက များနေတော့ တရားအားထုတ်ရတာ သိပ်အဆင်မပြေဘူး။
" လောကီရေးကိစ္စမှာသာ ပြိုင်ဘက်ရှိလို့ရှိရင် ပြိုင်နေတဲ့အတွက်ကြောင့် တိုးတက်မှုရှိမယ်နော်။ တရားနဲ့ပတ်သက်လာရင် ပြိုင်ချင်တဲ့စိတ်ရှိနေရင်ကိုပဲ မတိုးတက်တော့ဘူး။ အဲဒါဟာ အင်မတန် သိမ်မွေ့တဲ့သဘောရှိတယ်။ "
ဒါကြောင့် တရားအားထုတ်တဲ့ကိစ္စမှာ ငါက သူ့ထက် သာတယ်ဆိုတဲ့ အတွေးမျိုး မတွေးသင့်ဘူး။ သူက ငါ့ထက်သာတယ်ဆိုတဲ့ အတွေးရော မတွေးသင့်ဘူး။
သူ့တရား သူ အားထုတ်တာ။
ကိုယ့်တရား ကိုယ် အားထုတ်တာ။
ကိုယ့်ဟာကိုယ် အားထုတ်တာနော်။
ဘယ်လောက်ကြာရင် တရားထူးရမယ်လို့လည်း ဒါလည်း မတွေးသင့်ဘူး။
" စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားသင့်တယ်နော် "

#ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

ရေးသားတော် မူခဲ့သော -
" မြင့်မြတ်မှုပျောက်ဆုံးနေခြင်း မေတ္တာသုတ်တရားတော် " စာအုပ်မှ
Credit :
(ပြန်လည်မျှဝေပါသည်) See less

Send a message to learn more

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yan Min Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share