Questions & Answers - SRH, HIV &AIDS

Questions & Answers - SRH, HIV &AIDS လူငယ် မျိုးဆက်ပွား ကျန်းမာရေးနှင်?

လူငယ်များကြားတွင် မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV/AIDS ဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားနိုင်ရေး ရည်မှန်း၍ ဤစာမျက်နှာအား International HIV/AIDS Alliance in Myanmar မှ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV/AIDS ဆိုင်ရာ အသိပညာ ဗဟုသုတများ သိရှိလိုပါက ဖော်ပြပါ ဖုန်းနံပါတ်များ မှ တဆင့် နံနက် ၁၀ နာရီ၊ မှ ညနေ ၄ နာရီ အတွင်း (တနလာင်္နေ့မှ သောကြာနေ့အထိ) ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖုန်း-၀၁ ၆၅၂၄၉၇၊ ၀၁ ၅၀၀ ၆၁၉၊ ၀၁-၅၂၅၇၁၅ (Ext-၂၀၉)

02/02/2022

#မြန်မာပြည်ကိုမရောက်သေးပေမဲ့မျှောလင့်ချက်တွေကိုမျှဝေပါရစေ #

ကာကွယ်နိုင်သည့် ပထမဆုံးထိုးဆေးကို
အမေရိကန် FDA အသိအမှတ်ပြု

↔️ဒီဆေးကိုတော့ Apretude လို့ ခေါ်ပါတယ်။

↔️ HIV ကူးစက်မှု လျှော့ချနိုင်စေဖို့ နှစ်လတစ်ကြိမ်ထိုးနှံ
ရပါမယ်။

↔️Apretudeရဲ့ အာနိသင်နှင့် ဘေးကင်းမှုတို့ကို စမ်းသပ်မှုနှစ်ခုအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

➡️ပထမဆုံးစမ်းသပ်မှုမှာတော့ အကာအကွယ်မပါဘဲ လိင်တူဆက်ဆံတတ်သည့် အမျိုးသားများ ပါဝင်ပါတယ်။

➡️ဒုတိယစမ်းသပ်မှုမှာတော့ HIV ကူးစက်မှုနှုန်း မြင့်မားသည့် အမျိုးသမီးများ ပါဝင်ပါတယ်။ စမ်းသပ်မှုနှစ်ခုစလုံးတွင် ပါဝင်သူများက HIV မရှိသူများ ဖြစ်ပါတယ်။

➡️ပထမစမ်းသပ်မှုမှာတော့ ဒီဆေးကို ထိုးနှံခဲ့သူတွေက HIV ကူးစက်နှုန်း (၇၀) ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။

➡️ဒုတိယစမ်းသပ်မှုတော့ HIV ကူးစက်နှုန်း (၉၀)ရာခိုင်နှုန်း အထိ လျော့ကျခဲ့ပါတယ်။

↔️ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေဖြင့်
ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ ဖျားခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ကျောနာခြင်းနှင့် အနီပိန့်များ ထွက်ခြင်း စသည်တို့ ဖြစ်ပါတယ်။

❗ဒီဆေးကို HIV ရှိမရှိ စစ်ဆေးကြည့်ပြီး negative result ဖြစ်မှသာ သုံးစွဲသင့်ပါတယ်။ ❗❗

↔️ဒီဆေးရဲ့ အားသာချက်ကတော့ နှစ်လတစ်ကြိမ် ထိုးနှံဖို့ပဲလိုအပ်ပါတယ်။

↔️နေ့စဉ် ဆေးသောက်နေစရာ မလိုအပ်ပါဘူး။

↔️စမ်းသပ်မှုနှစ်ခုစလုံးမှာ နေ့စဉ်သောက်သုံးရသည့်ဆေးထက် အကျိုးကျေးဇူးပိုများတာကို တွေ့ရပါတယ်။

လူတွေက နှစ်လတစ်ကြိမ်ထိုးနှံရမည့် သတ်မှတ်ထားတဲ့ အချိန်မှာ ဆရာဝန်ဆီ ရောက်လာနိုင်မလားဆိုတာကတော့ စဉ်းစားစရာအချက်တစ်ခု ဖြစ်နေပါတယ်။ HIV ရောဂါဟာ တစ်နှစ်ပြီးတစ်နှစ် တိုးပွားလာနေတဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။




30/01/2022

အိတ်ချ်အိုင်ပိုးကို ဘာကြောင့်နှစ်ကြိမ်စစ်သင့်တာလဲ?
🔹
ပိုးကူးစက်ဝင်ရောက်ချိန်မှစတင်ရေတွက်ရင်
သုံးလအတွင်းအိတ်ချ်အိုင်ဗွီပိုးကိုတိုက်ခိုက်
မယ့် Antibodyလုံလုံ​လောက်လောက်
ထွက်လာပါတယ်၊

🔹
သုံးလခန့်အကြာမှ​​သေသေချာချာ
စစ်လို့ရတဲ့အခြေအနေတစ်ခုကိုရောက်ပါတယ်၊
ပထမတစ်ကြိမ်စစ်ဆေးရာမှာ Antibody ပမာဏ
မလုံလောက်တာတို့၊စမ်းသပ်စစ်ဆေးတဲ့ Test Kit ရဲ့
တိကျမှုအားနည်းနိုင်တာတို့ကြောင့် ထပ်မံစစ်ဆေးသင့်တာဖြစ်ပါတယ်၊

🔹
များသောအားဖြင့်တော့ ပထမတစ်ကြိမ်မှာပိုးမတွေ့
ဆိုတဲ့အဖြေထွက်ရင်နောက်တစ်ကြိမ်ထပ်မံစစ်ဆေး
ရာမှာလည်းမတွေ့တာများပါတယ်၊

🔹
ပထမအကြိမ်စစ်ဆေးမှုရဲ့ရလာဒ်ကို
ပိုမိုသေချာစေဖို့ဒုတိယအကြိမ်ထပ်မံ
စစ်ဆေးအတည်ပြုရတာဖြစ်ပါတယ်၊

🔹
ပိုးတွေ့လို့ဆေးကုသမှုခံယူရမယ်ဆိုရင်
တတိယအကြိမ်ထပ်မံစစ်ဆေးအတည်ပြု
ပြီးမှဆေးသောက်ရမှာဖြစ်ပါတယ်၊

Messenger မှလည်းမေးမြန်းနိုင်ပါတယ်...

ဖုန်းဖြင့်  ဆက်သွယ်  မေးမြန်  နိုင်ပါသည်။
10/10/2020

ဖုန်းဖြင့် ဆက်သွယ် မေးမြန် နိုင်ပါသည်။

06/10/2020
28/08/2020

အဆောက်အအုံတွင်း၊ အခန်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ရေးမှာ အခန်...

23/06/2020

HIV နှင့် AIDS
HIV ဆိုတာလူ့ခန္ဓာကိုယ်ထဲမှာအသက်ရှင်နေထိုင်ပြီးလူ၏ ကိုယ်ခံစွမ်းအားစနစ်ကိုဖျက်ဆီးသောဗိုင်းရပ်စ်ပိုးတမျိုးဖြစ်သည်။လူတယောက် HIV ပိုးကူးစက်ခံရတဲ့ အခါ ဆေးဝါးကုသမှု မခံယူပါကHIVပိုးကြောင့် ကိုယ်ခံအားစနစ် ပျက်စီးလာပြီး ခန္ဓာကိုယ်မှ (၀မ်းပျက်၀မ်းလျှောခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ တစ်လထက်ပို၍ ဖျားခြင်းစသောရောဂါလက္ခဏာအမျိူးမျိုးကိုခံစားလာရသည်။ ထိုသို့ ခုခံအားကျဆင်းသည့် ရောဂါလက္ခဏာစုကို AIDS ဟုခေါ်သည်။
ဘယ်သူတွေ HIV ပိုးကူးစက်နိုင်ပါသလဲ။
အန္တရာယ်များတဲ့ အမူအကျင့်ရှိတဲ့ ဘယ်သူမဆိုဒီဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။အဆင်အတန်းမရွေး၊ အသက်အရွယ်မရွေး၊ပညာအရည်အချင်းမရွေး၊ လူမျိုးစုံကိုကူးစက်နိုင်ပါတယ်။HIV ပိုးရှိသောမိခင်မှ မွေးကင်းစကလေးငယ်တွေဆီကူးစက်ခံရတာလည်းရှိနိုင်တယ်။

HIV ပိုးဘယ်လိုကူးသလဲ။
 သွေး ( HIV ပိုးရှိ၊ မရှိမစစ်ဆေးပဲသွင်းမိခြင်း)
 ဆေးထိုးအပ် (ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း)
 အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း( ကွန်ဒုံးမပါ)
 HIV ပိုးရှိသောမိခင်မှ ကလေးသို့ (ကိုယ်၀န်ဆောင်ချိန်၊ မီးပွားချိန်၊ နို့တိုက်ချိန်)

HIV ပိုးရှိမရှိဘယ်လိုသိနိုင်မလဲ။
HIV ပိုးရှိ၊ မရှိအပြင်ပုံပန်းသဏ္ဍန်၊လက္ခဏာတွေနဲ့ လုံး၀မသိနိုင်ပါ။
သွေးစစ်ကြည့်မှ သိနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရပြီးနောက် ကြားကာလ (Window Period) သုံးလကြာပြီးမှ သွေးထဲမှာပိုးရှိမရှိပေါ်ပါတယ်။
ဒါ့ကြောင့် သွေးစစ်လို့ ပိုးမရှိဘူးအဖြေထွက်တိုင်းလည်းစိတ်မချရသေးပါဘူး။ နောက်ထပ် သုံးလအကြာမှာ ပြန်စစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
မှတ်ချက်။
မိမိလက်တွဲဖေါ်၊ ချစ်သူ၊ရည်းစား၊ အိမ်ထောင်ဖက် ပါ အတူသွေးစစ်ဆေးသင့်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Questions & Answers - SRH, HIV &AIDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share