KAN THAR YAR International Specialist Hospital

Directions Website

KAN THAR YAR International Specialist Hospital Official page of KAN THAR YAR International Specialist Hospital

🎉 Congratulations Hospital Management Asia 🎉မင်္ဂလာပါရှင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၅ နှစ်ပြည့်အခမ်းအ...
14/09/2026

🎉 Congratulations Hospital Management Asia 🎉
မင်္ဂလာပါရှင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၅ နှစ်ပြည့်အခမ်းအနားပွဲလေးကို Hospital Management Asia ဘက်မှ ဖိတ်ကြားမှုဖြင့် ကန်သာယာအထူးကုဆေးရုံကြီးမှ ဝမ်းမြောက်ဝမ်းသာဖြင့် တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်ရှင် 💜
Hospital Management Asia လည်း ယခင်ကထက် ပိုမိုတိုးတက်အောင်မြင်ပြီး လူနာတွေရဲ့ ကျန်းမာရေးကို ထာဝစဉ်စောင့်ရှောက်ပေးနိုင်တဲ့ ဆေးရုံအဖွဲ့အစည်းကြီးအဖြစ် အဓွန့်ရှည်တည်တံ့ပါစေကြောင်း ကန်သာယာအထူးကုဆေးရုံကြီးမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင် 😊 😊 😊
🎉 Kan Thar Yar International Specialist Hospital was delighted to attend the 25th anniversary celebration held in Bangkok, Thailand, at the invitation of Hospital Management Asia. 💜
Wishing Hospital Management Asia to grow even more than before and become a long-lasting hospital organization that can always take care of patients' health, this blessing comes from Kan Thar Yar International Specialist Hospital. 😊 😊 😊
🎉 Congratulations Hospital Management Asia 🎉

👩‍⚕️✨ မင်္ဂလာပါရှင် ဒီနေ့မှာတော့ ကျောက်ကပ်လူနာများအတွက် ကျောက်ကပ်လဲလှယ်တဲ့အခါမှာ ဘယ်လိုမျိုး ဘဝနေထိုင်မှုပြောင်းလဲသွားမလ...
31/08/2026

👩‍⚕️✨ မင်္ဂလာပါရှင် ဒီနေ့မှာတော့ ကျောက်ကပ်လူနာများအတွက် ကျောက်ကပ်လဲလှယ်တဲ့အခါမှာ ဘယ်လိုမျိုး ဘဝနေထိုင်မှုပြောင်းလဲသွားမလဲဆိုတာကို Sharing လုပ်သွားပေးပါမယ် ✨
🫘 🫘🫘ကျောက်ကပ်လဲလှယ်ပြီး အောင်မြင်စွာ အလုပ်လုပ်လာရင် အဓိကအားဖြင့် ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်—
💟 Dialysis လုပ်ရတဲ့အကြိမ်ရေ လျော့/ရပ်နိုင်ခြင်း – ကျောက်ကပ်အသစ်က သွေးထဲက အညစ်အကြေးနဲ့ ပိုလျှံရေတွေကို စစ်ထုတ်ပေးနိုင်လာပါတယ်။
💟 နေ့စဉ်ဘဝ ပိုလွယ်ကူလာခြင်း – အလုပ်လုပ်ခြင်း၊ ခရီးသွားခြင်းနဲ့ ပုံမှန်လှုပ်ရှားမှုတွေကို ပိုမိုလွယ်ကူစွာ ပြန်လုပ်နိုင်လာနိုင်ပါတယ်။
💟 အစားအသောက်နဲ့ ရေသောက်မှု ကန့်သတ်ချက်တွေ လျော့နိုင်ခြင်း – Dialysis ကာလထက် အစားအသောက်/ရေ ကန့်သတ်ချက်များစွာ လျော့လာနိုင်ပါတယ် (ဆရာဝန်ညွှန်ကြားချက်အတိုင်း)။
💟 ကျန်းမာရေးနဲ့ နေထိုင်မှုအရည်အသွေး တိုးတက်လာနိုင်ခြင်း – ကျောက်ကပ်မကောင်းခြင်းကြောင့် ဖြစ်တဲ့ မောပန်းခြင်း၊ ဖောခြင်း စတဲ့ လက္ခဏာတွေ သက်သာလာနိုင်ပြီး နေထိုင်မှုအရည်အသွေး ကောင်းလာနိုင်ပါတယ်။
‼️ အရေးကြီးတာက ကျောက်ကပ်လဲပြီးနောက် အစားထိုးကျောက်ကပ်ကို ခန္ဓာကိုယ်က မငြင်းပယ်အောင် immunosuppressant ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပုံမှန်သောက်ရပါတယ်။ ‼️
ကျောက်ကပ်အစားထိုးလဲလှယ်ချင်တဲ့ Patient တွေအနေနဲ့ ကျွန်မတို့ ကန်သာယာအထူးကုဆေးရုံကြီးမှာ ကျောက်ကပ်အစားထိုးလဲလှယ်နိုင်ပြီဖြစ်တာကြောင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်
သင့်ကျောက်ကပ်ကျန်းမာရေးအတွက်.......
"ကျန်းမာရေးအတွက်အဖြေရှာ အကောင်းဆုံးဆေးရုံကန်သာယာ"
We serve the services at our best.Your health is our
priority.Stay tune with " KAN THAR YAR International
Specialist Hospital"





#ကန်သာယာအထူးကုဆေးရုံ

‼️ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများနှင့် ထပ်တိုးသတိပြု ဆင်ခြင်ရမည့်အချက်များပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသ...
24/08/2026

‼️ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာများနှင့် ထပ်တိုးသတိပြု ဆင်ခြင်ရမည့်အချက်များ

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် အဓိက ကူးစက်တတ်ပါသည်။

‼️သတိပြုရမည့် ရောဂါလက္ခဏာများ

ငါးညှီနံ့နံသော ဆန်ဆေးရည်ကဲ့သို့ အရည်ဝမ်းများစွာ ဆက်တိုက်သွားခြင်း
ဆက်တိုက် အော့အန်ခြင်း၊ ကြွက်တက်ခြင်း
မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့် နှုတ်ခမ်းများ ခြောက်သွေ့ခြင်း၊ ရေငတ်လွန်ခြင်း
သတိလစ်မေ့မြောခြင်း သို့မဟုတ် အလွန်အမင်း အားနည်းသွားခြင်း

‼️ကာကွယ်ရေးနှင့် ထပ်တိုး သတိပြုဆင်ခြင်ရန် အချက်များ

အဓိက သတိပေးချက်
ရောဂါလက္ခဏာ စတင်ပြသသည်နှင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့် ဓာတ်ဆားဓာတ် ဆုံးရှုံးမှုကို ကာကွယ်ရန် ဓာတ်ဆားရည် (ORS) ကို သန့်ရှင်းသော ရေအေးဖြင့် ဖျော်၍ အနည်းအပါးစီ ဆက်တိုက် သောက်ပေးပါ။
၁။ အစားအသောက် စာသောက်မှု ပုံစံ
လမ်းဘေးစာများ၊ ယင်နားစာများ၊ အအေးစာများနှင့် အစိမ်းသုပ်များကို ခေတ္တရှောင်ကြဉ်ပါ။
အစားအစာများကို ပူပူနွေးနွေး ချက်ပြုတ်ပြီးမှ စားသုံးပါ၊ အစားအစာများကို ယင်မနားအောင် သေချာစွာ ဖုံးအုပ်ထားပါ။

၂။ သောက်သုံးရေ သန့်ရှင်းရေး
သောက်ရေကို ပွက်ပွက်ဆူအောင် ကျိုချက်ပြီးမှ သောက်သုံးပါ။ ရေခဲ၊ မသန့်ရှင်းသော အအေးများ သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
၃။ တစ်ကိုယ်ရေ သန့်ရှင်းရေး
အစာမစားမီ၊ အစားအစာ မပြင်ဆင်မီနှင့် အိမ်သာမှ ဆင်းသည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့် ရေစီးရေလာတွင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောပါ။
၄။ ပတ်ဝန်းကျင် သန့်ရှင်းရေး
ယင်လုံအိမ်သာကိုသာ ရာနှုန်းပြည့် အသုံးပြုပါ။
အိမ်တွင်း/အိမ်ပြင် အမှိုက်များကို သေချာစွာ စွန့်ပစ်ပြီး ယင်ကောင် မပေါက်ပွားအောင် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရှိပါ။

ဝမ်းသွားခြင်း၊ အန်ခြင်း လက္ခဏာများ ပြင်းထန်ပါက အိမ်တွင် အချိန်မဆွဲဘဲ နီးစပ်ရာ ပြည်သူ့ဆေးရုံ သို့မဟုတ် ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူပါ။

📣အရေးပေါ်လူနာတင်ယာဉ် အကူအညီလိုအပ်ပါက ဖုန်း 09 970 025 002 သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Essential Heart Checkup Package(15% Discount)================မိဘညီအစ်ကိုမောင်နှမများအား ခင်မင်လေးစားစွာဖြင့်အသိပေးအပ်ပါတ...
19/08/2026

Essential Heart Checkup Package(15% Discount)
================
မိဘညီအစ်ကိုမောင်နှမများအား ခင်မင်လေးစားစွာဖြင့်အသိပေးအပ်ပါတယ်…

ကန်သာယာအထူးကုဆေးရုံကြီး၏ လူတိုင်းအတွက် အရေးကြီးသည့် ကျန်းမာရေးအသီအစဉ်ဖြစ်သောEssential Heart Medical Checkup Package အစီအစဉ်သစ်အား ၂၀-၈-၂၀၂၆ရက်နေ့မှ စတင်၍ မိတ်ဆက်သွားပါမည်။

အဆိုပါ Heart Checkup Packageသည် နှလုံးကျန်းမာရေးအတွက် ပြီးပြည့်စုံသည့် စစ်ဆေးမှုများ စိတ်ကြိုက်ရွေးချယ် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

ကန်သာယာအထူးကုဆေးရုံကြီး အနေဖြင့် နိုင်ငံတကာနှလုံးအထူးကုဆေးရုံကြီးများနည်းတူ ကျန်းမာရေးဝန်ဆောင်မှုများအား American Accreditation Commission International (AACI) စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ပေးနေသော ဆေးရုံကြီး ဖြစ်ပါသည်။

အဆိုပါ ကျန်းမာရေး စစ်ဆေးမှု Packageအား (၂၀-၈-၂၀၂၆)ရက်နေ့မှ (၃၁-၈-၂၀၂၆)ရက်နေ့အတွင်း စစ်ဆေးပါက အထူးစျေးနှုန်းအနေဖြင့် (၁၅%)Discount ဖြင့်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။(သတ်မှတ်ရက်အတွင်းသာ ဖြစ်ပါသည်။)

❤️ “ကျန်းမာရေးအတွက် အဖြေရှာ
အကောင်းဆုံးဆေးရုံ ကန်သာယာ”

❤️ဆက်သွယ်ရန်။
လိပ်စာ - အမှတ် (၈၇) ၊ ၆မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ - ၀၁ ၇၅၁၅၆၀၁~၉, ၀၉ ၃၄၀၀ ၉၀၀၀၂, ၀၉၃၄၀၀ ၉၀၀၀၄, ၀၉ ၃၀၅ ၁၁၁၁၁, ၀၉ ၃၀၅ ၃၃၃၃၃

လေးဖက်နာရောဂါနှင့် လေးဖက်နာနှလုံးရောဂါ သတိပြုစရာ *******************************************************လေးဖက်နာရောဂါ (R...
17/08/2026

လေးဖက်နာရောဂါနှင့် လေးဖက်နာနှလုံးရောဂါ သတိပြုစရာ
*******************************************************
လေးဖက်နာရောဂါ (Rheumatic Fever) နဲ့ လေးဖက်နာနှလုံးရောဂါ (Rheumatic Heart Disease) ဆိုတာ နီးကပ်စွာ ဆက်စပ်နေပြီး၊ စနစ်တကျ မကုသရင် ရေရှည်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ ဖြစ်ပါတယ် ⚠️
လည်ချောင်းခဏခဏနာတာ သို့မဟုတ် ပိုးဝင်တာ (Group A Streptococcus) ကို သေချာမကုသရင် လေးဖက်နာရောဂါ ဖြစ်ပွားနိုင်ပြီး၊ အဲဒီကမှတစ်ဆင့် နှလုံးအဆို့ရှင်တွေကို ပျက်စီးစေကာ လေးဖက်နာနှလုံးရောဂါ အဖြစ်သို့ ကူးပြောင်းသွားတတ်ပါတယ် 🩺💔
1️⃣ သတိပြုရမည့် လက္ခဏာများ 🔍
🦴 လေးဖက်နာရောဂါ၏ လက္ခဏာများ
• အဆစ်အမြစ်များ ရောင်ရမ်းခြင်း 🦵: ဒူး၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ် စတဲ့ အဆစ်ကြီးတွေ နာကျင်ရောင်ရမ်းတာ၊ ပူနွေးတာ ဒါမှမဟုတ် ရောဂါလက္ခဏာက အဆစ်တစ်ခုကနေ တစ်ခုသို့ ကူးပြောင်းနာကျင်တာ။
• ဖျားခြင်းနှင့် မောပန်းခြင်း 🌡️: အကြောင်းရင်းမရှိဘဲ ခဏခဏ ဖျားတာ၊ နွမ်းနယ်မောပန်းတာ။
• အရေပြား လက္ခဏာများ 🔴: အရေပြားပေါ်မှာ အနီကွက်တွေ ထွက်တာ သို့မဟုတ် အရေပြားအောက်မှာ အဖုအကျိတ်လေးတွေ စမ်းမိတာ။
• ဂနာမငြိမ်ဖြစ်ခြင်း (Sydenham Chorea) 🚶‍♀️: ကလေးတွေမှာ အဓိကတွေ့ရပြီး ခြေလက်တွေ အလိုအလျောက် တုန်ယင်လှုပ်ရှားတာ။
💔 လေးဖက်နာနှလုံးရောဂါ၏ လက္ခဏာများ
• မောပန်းလွယ်ခြင်း မျော့မျော့ လှုပ်ရှားရုံနဲ့ 😮‍💨: အနည်းငယ် လှုပ်ရှားရုံ သို့မဟုတ် အလုပ်နည်းနည်း လုပ်ရုံနဲ့ သာမန်ထက် ပိုမောတာ။
• အသက်ရှူရခက်ခြင်း 😮: အထူးသဖြင့် လဲလျောင်းအိပ်စက်တဲ့အခါ သို့မဟုတ် ညဘက်မှာ အသက်ရှူကြပ်လို့ နိုးလာတာ။
• ရင်တုန်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်း 💓: နှလုံးခုန် မမှန်တာ သို့မဟုတ် တင်းကျပ်စွာ အောင့်တာ။
• ခြေထောက်များ ရောင်ရမ်းလာခြင်း 🦶: နှလုံးက သွေးကို ကောင်းစွာ မညှစ်ထုတ်နိုင်တဲ့အတွက် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေ ရေဝပြီး ရောင်လာတာ။
2️⃣ သတိပြုရန်နှင့် ကာကွယ်စောင့်ရှောက်ရန် အချက်များ 🛡️
⚠️ အရေးကြီးသော မှတ်ချက်: လေးဖက်နာရောဂါကို မကုဘဲ ပစ်ထားရင် ရေရှည်မှာ နှလုံးအဆို့ရှင် ပျက်စီးမှု (Valvular Heart Disease) ကို ဦးတည်သွားစေနိုင်တာမို့ စောစောစီးစီး ထိန်းချုပ်ဖို့ သေချာပေါက် လိုအပ်ပါတယ်။
• လည်ချောင်းနာရင် မဆိုင်းမတွ ကုသပါ မျိုချရခက်ရင် 💊: ကလေး သို့မဟုတ် လူငယ်တွေမှာ လည်ချောင်းနာတာ၊ အာသီးရောင်တာဖြစ်ရင် ဆရာဝန်နဲ့ ပြပြီး ညွှန်ကြားထားတဲ့ ပဋိဇီဝဆေး (Antibiotics) ကို သတ်မှတ်ရက်အတိုင်း ဆေးကုန်အောင် သောက်ပေးရပါမယ်။
• ရေရှည်ကာကွယ်ဆေး ပုံမှန်ထိုးပါ 💉: လေးဖက်နာရောဂါ အတိတ်ရာဇဝင်ရှိသူတွေ သို့မဟုတ် လေးဖက်နာနှလုံးရောဂါရှိသူတွေဟာ နောက်တစ်ကြိမ် ထပ်ပိုးမဝင်အောင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း (ဥပမာ - ၂ ပတ် သို့မဟုတ် ၄ ပတ်တစ်ကြိမ်) ကာကွယ်ဆေး (Long-acting Penicillin) ကို ရက်မပျက် ထိုးနှံရပါမယ်။
• သွားနှင့် ခံတွင်း သန့်ရှင်းရေး ဂရုစိုက်ပါ 𪥰: ခံတွင်း ပိုးဝင်တာမှတစ်ဆင့် ပိုးမွှားတွေ သွေးထဲရောက်ပြီး ပျက်စီးနေတဲ့ နှလုံးအဆို့ရှင်ဆီ ရောက်သွားရင် Infective Endocarditis (နှလုံးအတွင်းမြှေး ပိုးဝင်ခြင်း) ဖြစ်စေနိုင်လို့ သွားကို စနစ်တကျတိုက်ပြီး သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။
• ပုံမှန် နှလုံး ECHO ရိုက်ကူးစစ်ဆေးပါ 🏥: နှလုံးအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသပြီး နှလုံးအဆို့ရှင် အခြေအနေကို Echo စစ်ဆေးမှု မှန်မှန် ပြုလုပ်ပေးရပါမယ်။
• သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ 🏃‍♂️: နှလုံး ခံနိုင်ရည်အပေါ် မူတည်ပြီး သင့်တော်တဲ့ လေ့ကျင့်ခန်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ပြုလုပ်ပါ (အလွန်အမင်း ပင်ပန်းတာတွေကို ရှောင်ကြဉ်ပါ)။
စောစီးစွာ ရောဂါရှာဖွေကုသခြင်းနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ကာကွယ်ဆေးများကို စနစ်တကျ သောက်သုံး/ထိုးနှံခြင်းက လေးဖက်နာနှလုံးရောဂါ ပိုမိုဆိုးရွားမလာအောင် တားဆီးပေးနိုင်တဲ့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ် ✨
သင့်မိသားစုအတွက်.......
"ကျန်းမာရေးအတွက်အဖြေရှာ အကောင်းဆုံးဆေးရုံကန်သာယာ"
We serve the services at our best.Your health is our
priority.Stay tune with " KAN THAR YAR International
Specialist Hospital"





#ကန်သာယာအထူးကုဆေးရုံ

🚨 မသိမသာနဲ့ အသက်အန္တရာယ်ပေးနေတဲ့ ခန္ဓာကိုယ်ထဲက “နှလုံးနှင့် ကျောက်ကပ်” ဆက်နွယ်မှု 🚨"ငါ့နှလုံးက အလုပ်ကောင်းကောင်းလုပ်တယ်၊...
31/07/2026

🚨 မသိမသာနဲ့ အသက်အန္တရာယ်ပေးနေတဲ့ ခန္ဓာကိုယ်ထဲက “နှလုံးနှင့် ကျောက်ကပ်” ဆက်နွယ်မှု 🚨
"ငါ့နှလုံးက အလုပ်ကောင်းကောင်းလုပ်တယ်၊ ကျောက်ကပ်လည်း ဘာမှမဖြစ်ဘူး" လို့ ထင်နေပါသလား…❓ တကယ်တော့ နှလုံးနဲ့ ကျောက်ကပ် ဆိုတာ ခန္ဓာကိုယ်ထဲမှာ တစ်ခုနဲ့တစ်ခု အမြဲ စကားပြောနေကြတဲ့ "အမြွှာညီနောင်" တွေပါ 🫀🤝🩸
တစ်ခုခု မူမမှန်တာနဲ့ ကျန်တစ်ခုက ငြိမ်ခံမနေဘဲ ဒုက္ခလိုက်ပေးတတ်တာကို လူတော်တော်များများ မသိကြပါဘူး!
💡 သူတို့နှစ်ခု ဘယ်လို ဆက်စပ်နေတာလဲ?
🔴 ၁။ နှလုံးက ဒုက္ခပေးရင် ကျောက်ကပ်ပါ ထိတယ် နှလုံးက သွေးကောင်းကောင်း မညှစ်ထုတ်နိုင်ရင် ကျောက်ကပ်ဆီ သွေးနဲ့ အောက်ဆီဂျင် လုံလုံလောက်လောက် မရောက်တော့ပါဘူး။ ရလဒ်ကတော့… ကျောက်ကပ်ရဲ့ သွေးသန့်စင်စနစ်တွေ တဖြည်းဖြည်း ပျက်စီးလာတာပါပဲ 📉
🔴 ၂။ ကျောက်ကပ် အားနည်းရင် နှလုံးက ဝန်ပိတယ် ကျောက်ကပ်က ရေနဲ့ အဆိပ်အတောက်တွေကို ပုံမှန် မစွန့်ထုတ်နိုင်ရင် သွေးထဲမှာ ရေတွေများလာပြီး သွေးတိုး လာပါတယ်။ သွေးတိုးလာတော့ နှလုံးက ပ

ဝါဆိုလပြည့် ~ ဓမ္မစင်္ကြာအခါတော်နေ့ 🌕၂၉ ရက် ၊ ဇူလိုင်လ ၊၂၀၂၆ ခုနှစ်ဝါဆိုလပြည့်နေ့ အခါသမယတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှက...
28/07/2026

ဝါဆိုလပြည့် ~ ဓမ္မစင်္ကြာအခါတော်နေ့ 🌕
၂၉ ရက် ၊ ဇူလိုင်လ ၊၂၀၂၆ ခုနှစ်
ဝါဆိုလပြည့်နေ့ အခါသမယတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကုသိုလ်တရားများ ပွားများနိုင်ကြပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကြပါစေကြောင်း ကန်သာယာအထူးကုဆေးရုံကြီး မိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် 🙏🙏🙏

ရင်ဘတ်အောင့်တာနဲ့ ခြေထောက်ဖောတာ သာမန်ပဲလား၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။ 🩺❤️ရင်ဘတ်အောင့်တာနဲ့ ခြေထောက်ဖောတာဟာ သာမန်...
22/07/2026

ရင်ဘတ်အောင့်တာနဲ့ ခြေထောက်ဖောတာ သာမန်ပဲလား၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။ 🩺❤️
ရင်ဘတ်အောင့်တာနဲ့ ခြေထောက်ဖောတာဟာ သာမန် မောပန်းရုံ၊ လမ်းအကြာကြီး လျှောက်ရုံနဲ့လည်း ဖြစ်နိုင်သလို နှလုံး သို့မဟုတ် ကျောက်ကပ် စတဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေရဲ့ သတိပေးလက္ခဏာလည်း ဖြစ်နိုင်ပါတယ် ⚠️
🚨 သာမန်မဟုတ်ဘဲ ဘယ်အချိန်မှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသရမလဲ။
1️⃣ ရင်ဘတ်အောင့်ခြင်း 🫀
🟣 ရင်ဘတ်ကို တင်းကျပ်စွာ ညှစ်ထားသလို ခံစားရခြင်း 😣
🟣 အောင့်သည့်ဝေဒနာက မေးစေ့၊ လည်ပင်း၊ ပုခုံး သို့မဟုတ် လက်မောင်း (အထူးသဖြင့် ဘယ်ဘက်) သို့ ကူးစက်သွားခြင်း ⚡
🟣 မူးဝေခြင်း၊ ချွေးစေးပြန်ခြင်း၊ အသက်ရှူရခက်ခြင်းတို့နှင့်အတူ တွဲဖြစ်ခြင်း 💦
ဒီလက္ခဏာတွေပါရင် အရေးပေါ်ဌာန သို့မဟုတ် နှလုံးအထူးကု နှင့် ချက်ချင်းပြသပါ။ 🏥🏃‍♂️
2️⃣ ခြေထောက်ဖောရောင်ခြင်း 🦶
🟣 ခြေထောက်နှစ်ဖက်စလုံး ဖောရောင်ပြီး ဖိကြည့်ပါက ချိုင်ဝင်သွားခြင်း 🩸
🟣 ခြေထောက်ဖောခြင်းနှင့်အတူ လှဲအိပ်လိုက်ပါက အသက်ရှူကြပ်လာခြင်း 🛌
🟣 ခြေထောက်တစ်ဖက်တည်း ရုတ်တရက် ရောင်ရမ်းပြီး နာကျင်၊ ပူနွေးလာခြင်း 🔥
ရက်ရှည်ရောင်ရမ်းနေပါက နှလုံး၊ ကျောက်ကပ် သို့မဟုတ် အထွေထွေရောဂါကု ဆရာဝန် နှင့် ပြသစစ်ဆေးသင့်ပါတယ်။ 🩺✨
💡 အကြံပြုချက်
ဒီလက္ခဏာတွေကို လျှစ်လျူမရှုဘဲ ပုံမှန်မဟုတ်ဘူးလို့ ခံစားရပါက စောစောစီးစီး အထူးကုဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုပြုလုပ်တာက အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးဖြစ်ပါတယ် ညီမတို့ ကန်သာယာအထူးကုဆေးရုံကြီးမှာလည်း ကျောက်ကပ်နဲ့နှလုံးဆိုင်ရာရောဂါတွေကို အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ကုသပေးနေတာကြောင့် လာရောက်စစ်ဆေးကြည့်နိုင် ပါတယ်ရှင် 💖

“အာဇာနည်နေ့”၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ သည် (၇၉) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆ...
18/07/2026

“အာဇာနည်နေ့”
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ သည် (၇၉) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားကန်သာယာအထူးကုဆေးရုံကြီး မိသားစုမှ လေးစားစွာဦးညွှတ်အလေးပြုအပ်ပါသည်ရှင် 🙏🏻🙏🏻🙏🏻
’sDay

ကျောက်ကပ်ရောဂါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့်၊ ကျောက်ကပ်လဲလှယ်ခြင်းဟာ သင့်ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ဖို့အတွက်...
16/07/2026

ကျောက်ကပ်ရောဂါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပေမယ့်၊ ကျောက်ကပ်လဲလှယ်ခြင်းဟာ သင့်ဘဝကို အသစ်တစ်ဖန် ပြန်လည်စတင်ဖို့အတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကျောက်ကပ်နဲ့ နှလုံးအထူးကုဆေးရုံမှာ၊ ခေတ်မီနည်းပညာတွေနဲ့ အတွေ့အကြုံရင့် ဆရာဝန်ကြီးတွေက သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်မှုတွေကို ပေးစွမ်းနေပါတယ်။
ကန်သာယာအထူးကုဆေးရုံကြီးရဲ့ ကျောက်ကပ်လဲလှယ်ခြင်း ဝန်ဆောင်မှုတွေကတော့:
တိကျတဲ့ ရောဂါရှာဖွေခြင်း: သင့်ရဲ့ ကျောက်ကပ်ရောဂါအခြေအနေကို တိကျစွာ စစ်ဆေးပေးပြီး၊ သင့်လျော်တဲ့ ကုသမှုနည်းလမ်းကို ရွေးချယ်ပေးပါတယ်။
အရည်အသွေးမြင့် ကျောက်ကပ်အလှူရှင် ရှာဖွေခြင်း: သင့်တော်တဲ့ ကျောက်ကပ်အလှူရှင်ကို ရှာဖွေပေးဖို့အတွက် ကူညီပေးပါတယ်။
ခေတ်မီ ခွဲစိတ်မှုနည်းပညာများ: နောက်ဆုံးပေါ် ခွဲစိတ်မှုနည်းပညာတွေကို အသုံးပြုပြီး၊ ကျောက်ကပ်လဲလှယ်ခြင်းကို အန္တရာယ်ကင်းစွာ ပြုလုပ်ပေးပါတယ်။
ခွဲစိတ်ပြီးနောက် စောင့်ရှောက်မှု: ခွဲစိတ်ပြီးနောက် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပြီး၊ လိုအပ်တဲ့ ကုသမှုတွေကို ပေးစွမ်းပါတယ်။
ဘဝအသစ်ကို ပိုင်ဆိုင်ဖို့အတွက် ကျွန်ုပ်တို့ဆီမှာ တိုင်ပင်ဆွေးနွေးပါ:
သင့်ရဲ့ ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေရင်၊ ကျွန်ုပ်တို့ရဲ့ အထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး လမ်းညွှန်မှုတွေကို ပေးစွမ်းပါမယ်။
ဖုန်းနံပါတ်: 09 340 125 245, 09 340 090 002, 09 340 090 004, 01 751 5601
လိပ်စာ: အမှတ် (၈၇)၊ ပြည်လမ်း၊ (၆)မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
Emergency : 09 340 090 003

Address

No. (87), 6 1/2 Mile, Pyay Road, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when KAN THAR YAR International Specialist Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category