Thukhamingalar Medical and Diagnostic Center - North Dagon Branch

  • Home
  • Myanmar
  • Yangon
  • Thukhamingalar Medical and Diagnostic Center - North Dagon Branch

Thukhamingalar Medical and Diagnostic Center - North Dagon Branch Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thukhamingalar Medical and Diagnostic Center - North Dagon Branch, Medical and health, Min Ye Kyaw Swar Road, Yangon.

😴 အိပ်ရေးမဝရင် ဘာတွေဖြစ်နိုင်လဲ?အိပ်စက်ခြင်းသည် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်သော အနားယူချိန်တစ်ခုဖြစ်ပါသ...
17/06/2026

😴 အိပ်ရေးမဝရင် ဘာတွေဖြစ်နိုင်လဲ?
အိပ်စက်ခြင်းသည် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်သော အနားယူချိန်တစ်ခုဖြစ်ပါသည်။ အလုပ်များခြင်း၊ ဖုန်းအသုံးပြုချိန်များခြင်း သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးမဝဘဲ နေထိုင်နေပါက ကျန်းမာရေးအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
အိပ်ရေးမဝသောအခါ—
🔹 အာရုံစူးစိုက်မှု လျော့နည်းလာနိုင်သည်
အလုပ်လုပ်ရာတွင်ဖြစ်စေ၊ စာဖတ်ရာတွင်ဖြစ်စေ အာရုံမစိုက်နိုင်ဘဲ အမှားများ ပိုမိုဖြစ်ပွားတတ်ပါသည်။
🔹 ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခန်းနေတတ်သည်
လုံလောက်စွာ အနားမယူရသော ခန္ဓာကိုယ်သည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိရောက်စွာ မလုပ်ဆောင်နိုင်တော့ဘဲ အမြဲတမ်း မောပန်းနေသလို ခံစားရနိုင်ပါသည်။
🔹 စိတ်ခံစားချက် အပြောင်းအလဲများ ဖြစ်လာနိုင်သည်
စိတ်တိုလွယ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်မကြည်မလင် ဖြစ်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။
🔹 ကိုယ်ခံအား ကျဆင်းလာနိုင်သည်
အိပ်စက်ချိန်သည် ခန္ဓာကိုယ်ပြန်လည်ပြုပြင်နေသော အချိန်ဖြစ်သောကြောင့် အိပ်ရေးမဝပါက ဖျားနာလွယ်ခြင်းနှင့် ရောဂါကူးစက်ခံရလွယ်ခြင်းများ ဖြစ်နိုင်ပါသည်။
🔹 အသားအရေကိုလည်း ထိခိုက်စေနိုင်သည်
မျက်ကွင်းညိုခြင်း၊ အသားအရေမွဲခြောက်ခြင်း၊ ဝက်ခြံထွက်ခြင်းတို့ကို ပိုမိုကြုံတွေ့ရနိုင်ပါသည်။
🔹 ရေရှည်တွင် ကျန်းမာရေးပြဿနာများ ဖြစ်နိုင်သည်
အချိန်ကြာမြင့်စွာ အိပ်ရေးမဝပါက သွေးတိုးရောဂါ၊ နှလုံးနှင့်ဆိုင်သော ရောဂါများ၊ ကိုယ်အလေးချိန်တိုးလာခြင်း စသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း လေ့လာချက်များက ဖော်ပြထားပါသည်။
💡 အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်ရန် အကြံပြုထားပါသည်။
ကျန်းမာသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ရန် အစားအသောက်ကောင်းမွန်မှုနှင့် လေ့ကျင့်ခန်းများအပြင် အိပ်ရေးဝဝ အိပ်စက်ခြင်းကိုလည်း အရေးကြီးသော ကျန်းမာရေးအလေ့အကျင့်တစ်ခုအဖြစ် ထည့်သွင်းဂရုစိုက်ကြပါစို့။ 💙
📍 Center (1) No.147, Kyun Taw St, Moat (South) Ward, Sanchaung Tsp, Yangon 📞 09458388488 , 09697592937
📍 Center (2) No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon 📞 018385949 , 09661079000 , 09661089000
📍 Center (3) No.1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon 📞 09250646913 , 09767001300 , 09767007900

ရာသီဥတုနဲ့ အရေပြားပြဿနာ (မသိရင် ခံရခက်တဲ့ အယားဖျန်းရောဂါများ) 🌧️☀️မိုးရွာရင် စိုစွတ်လို့၊ နေပူရင် ချွေးထွက်လို့ ဆိုပြီး ...
12/06/2026

ရာသီဥတုနဲ့ အရေပြားပြဿနာ (မသိရင် ခံရခက်တဲ့ အယားဖျန်းရောဂါများ) 🌧️☀️

မိုးရွာရင် စိုစွတ်လို့၊ နေပူရင် ချွေးထွက်လို့ ဆိုပြီး ကျွန်တော်တို့ရဲ့ အရေပြားခမျာ ရာသီဥတုဒဏ်ကို အလူးအလဲ ခံနေရတာပါ။ အဲဒီအခါမှာ ပွေး၊ ညှင်း၊ သဲဝဲ နဲ့ တခြားမှိုစွဲတဲ့ အရေပြားရောဂါတွေက အချိန်ကိုက် ရောက်လာတတ်ကြပါတယ်။

အရေပြားကျန်းမာရေးအတွက် နေ့စဉ်လိုက်နာရမယ့် ရိုးရှင်းတဲ့အချက် (၃) ချက်

1. အမြဲခြောက်သွေ့ပါစေ။ ချွေးစိုနေတဲ့ အဝတ်အစားတွေကို အကြာကြီး ဝတ်မထားပါနဲ့။

2. ကိုယ်ပိုင်ပစ္စည်း ခွဲသုံးပါ။ တံပတ်၊ အဝတ်အစားတွေကို မိသားစုဝင်အချင်းချင်းတောင် မျှဝေမသုံးစွဲတာ အကောင်းဆုံးပါ။ (မှိုရောဂါတွေက ကူးစက်လွယ်လို့ပါ)

3. Chemical ပြင်းတာတွေ ရှောင်ပါ။ ယားယံနေတဲ့အချိန်မှာ ပြင်းထန်တဲ့ ဆပ်ပြာတွေ၊ အမွှေးနံ့သာပါတဲ့ လိုးရှင်းတွေ မသုံးပါနဲ့။

တကယ်လို့ အရေပြားယားယံတာ သုံးလေးရက်ထက် ကျော်လာပြီဆိုရင်တော့ နီးစပ်ရာ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့ဦး။ အသားအရေ လှပကျန်းမာကြပါစေ။ ❤️

အပေါ်ယံပဲဆိုပြီး လျှော့မတွက်ပါနဲ့

အရေပြားရောဂါအများစုက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ထင်ရပေမယ့် တကယ်တမ်း ခံစားရတဲ့သူအတွက်တော့ နေရထိုင်ရ ခက်ခဲစေပြီး ယုံကြည်မှုပါ ကျဆင်းစေပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ အသက်ကြီးပိုင်းအထိ ဖြစ်တတ်တဲ့ နှင်းခူ (Eczema)၊ ဝက်ခြံ (Acne) ပြင်းထန်တာတွေနဲ့ အရေပြားဓာတ်မတည့်မှုတွေကို စနစ်တကျ မကုသရင် အမာရွတ်တွေနဲ့ အရေပြားပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။

မလုပ်သင့်တဲ့အချက် - Online က တွေ့တဲ့ ဆေးတွေ၊ အာမခံချက်မရှိတဲ့ အရေပြားလိမ်းဆေးတွေကို စမ်းသပ်မလိမ်းပါနဲ့။ ခေတ္တခဏ ပျောက်သွားပေမယ့် နောက်ပိုင်း Steroid ဆေးကြောင့် အရေပြား ပိုပျက်စီးတတ်ပါတယ်။

သင့်အသားအရေကို ချစ်တယ်ဆိုရင် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဂရုစိုက်ပါ။ လိုအပ်ရင် အထူးကုဆရာဝန်နဲ့ ပြသဖို့ ဝန်မလေးပါနဲ့။

❤️ “နှလုံးရောဂါက အသက်ကြီးမှဖြစ်တာ မဟုတ်ပါဘူး”ယနေ့ခေတ်မှာ အလုပ်ဖိအားများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးမဝခြင်း၊ အဆီ...
09/06/2026

❤️ “နှလုံးရောဂါက အသက်ကြီးမှဖြစ်တာ မဟုတ်ပါဘူး”

ယနေ့ခေတ်မှာ အလုပ်ဖိအားများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အိပ်ရေးမဝခြင်း၊ အဆီနှင့် အချိုဓာတ်များသော အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် လှုပ်ရှားမှုနည်းပါးသော လူနေမှုပုံစံတို့ကြောင့် နှလုံးရောဂါသည် လူငယ်များအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားလာနိုင်သော ရောဂါတစ်မျိုး ဖြစ်လာပါသည်။

⚠️ ဒီလိုလက္ခဏာတွေကို လျစ်လျူမရှုပါနဲ့

🔸 ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ဖိထားသလို ခံစားရခြင်း
🔸 အသက်ရှူကြပ်ခြင်း
🔸 နှလုံးခုန်မမှန်ခြင်း သို့မဟုတ် မြန်လွန်းခြင်း
🔸 ခေါင်းမူးခြင်း၊ မောပန်းလွယ်ခြင်း
🔸 လက်၊ လည်ပင်း၊ မေးရိုး သို့မဟုတ် ပခုံးများတွင် နာကျင်ခြင်း

အဆိုပါ လက္ခဏာများကို ခံစားရပါက ပေါ့ဆမနေဘဲ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။

❤️ နှလုံးကျန်းမာဖို့ ဘာတွေလုပ်သင့်လဲ?

✅ အသီးအရွက်နှင့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးပါ
✅ လေ့ကျင့်ခန်းကို တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ပြုလုပ်ပါ
✅ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ပါ
✅ သွေးပေါင်ချိန်၊ သွေးချိုနှင့် ကိုလက်စထရောပမာဏများကို ပုံမှန်စစ်ဆေးပါ
✅ စိတ်ဖိစီးမှုများကို လျှော့ချပြီး အိပ်ရေးဝဝ အနားယူပါ

သတိရပါ…

ငွေကြေးဆုံးရှုံးလျှင် ပြန်ရှာနိုင်ပေမယ့် ကျန်းမာရေးဆုံးရှုံးသွားရင် ပြန်လည်ရယူဖို့ အချိန်၊ ငွေကြေးနဲ့ ကြိုးစားမှုများစွာ လိုအပ်ပါတယ်။

📍 Center(1)-No.147, Kyun Taw St, Moat(South)Ward, Sanchaung Tsp, Yangon.
📞 09458388488, 09697592937

📍 Center(2)-No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon.
📞 018385949, 09661079000, 09661089000

📍 Center(3)-No1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon
📞 09250646913, 09767001300, 09767007900

နှစ် ၂၀ အတွင်း ဆေးပညာရပ်ရဲ့ အံ့မခန်း အပြောင်းအလဲများ၂၀၀၅ ခုနှစ်ကို ပြန်တွေးကြည့်ရင် Keypad ဖုန်းခေတ်ကနေ ယနေ့ Smart Phone...
30/05/2026

နှစ် ၂၀ အတွင်း ဆေးပညာရပ်ရဲ့ အံ့မခန်း အပြောင်းအလဲများ
၂၀၀၅ ခုနှစ်ကို ပြန်တွေးကြည့်ရင် Keypad ဖုန်းခေတ်ကနေ ယနေ့ Smart Phone ခေတ်ကို ရောက်လာသလိုပဲ…
ဆေးပညာလောကမှာလည်း ပိုမိုအံ့အားသင့်စရာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
🔬 တစ်ချိန်က “ကုရာနတ္ထိ” လို့ထင်ခဲ့တဲ့ HIV
➡️ ယနေ့မှာတော့ ခေတ်မီ ART ဆေးကုထုံးတွေကြောင့် ဗိုင်းရပ်ပိုးကို သွေးထဲမှာ မတွေ့နိုင်တဲ့အဆင့်အထိ ထိန်းချုပ်နိုင်လာပါပြီ။
🦠 Hepatitis B & C
➡️ ဆေးသစ်များကြောင့် B ပိုးကို ထိန်းချုပ်နိုင်ပြီး
➡️ C ပိုးကိုတော့ ပျောက်ကင်းနိုင်တဲ့အဆင့်အထိ ကုသနိုင်လာပါပြီ။
🦟 ငှက်ဖျားရောဂါ
➡️ Rapid Test များနှင့် လျင်မြန်စွာ ရောဂါရှာဖွေနိုင်ပြီး
➡️ ထိရောက်သော ပေါင်းစပ်ကုထုံးများကြောင့် အမြစ်ဖြတ်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။
🩺 အစာအိမ်အနာရောဂါ
➡️ အရင်က လက္ခဏာပဲ ကုသခဲ့ကြရာမှ
➡️ ယနေ့မှာ H. pylori ပိုးကို ရှာဖွေဖော်ထုတ်ပြီး အကြောင်းရင်းကို တိုက်ရိုက်ကုသနိုင်လာပါပြီ။
❤️ သွေးတိုး၊ ဆီးချို
➡️ သွေးပေါင်၊ သကြားဓာတ်ချရုံသာမက
➡️ ကျောက်ကပ်၊ နှလုံး စတဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်နိုင်တဲ့ treatment strategy တွေ အသုံးပြုလာကြပါတယ်။
🧠 စိတ်ကျန်းမာရေး
➡️ စိတ်ဓာတ်ကျခြင်းကလည်း ကုသလို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး
➡️ ပိုမိုလုံခြုံပြီး ထိရောက်တဲ့ ဆေးကုထုံးများ ရရှိနေပါပြီ။
⚖️ အဝလွန်ခြင်း၊ အသည်းအဆီများခြင်း
➡️ Lifestyle ပြောင်းလဲမှုနဲ့အတူ
➡️ ဆေးပညာကလည်း ကူညီနိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။
✨ ဆေးပညာက အများကြီးတိုးတက်လာပေမယ့်
ကျန်းမာရေးကောင်းဖို့ အခြေခံအရေးကြီးဆုံးကတော့—
🥗 အစားအသောက်
🏃 ကိုယ်လက်လှုပ်ရှားမှု
😴 အိပ်စက်အနားယူမှု
🚭 ကျန်းမာရေးအမူအကျင့်ကောင်းများ
“ဆေးက ကုသပေးနိုင်တယ်…
ဒါပေမယ့် ကျန်းမာစွာနေထိုင်ဖို့က ကိုယ့်ရွေးချယ်မှုပါ။” 💙
📍 Center (1) No.147, Kyun Taw St, Moat (South) Ward, Sanchaung Tsp, Yangon 📞 09458388488 , 09697592937
📍 Center (2) No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon 📞 018385949 , 09661079000 , 09661089000
📍 Center (3) No.1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon 📞 09250646913 , 09767001300 , 09767007900


"ရင်ကြပ်ဝေဒနာကို လျှော့မတွက်ပါနဲ့"ရင်ကြပ်ရောဂါဆိုတာ ရိုးရိုးအအေးမိတာထက် ပိုပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာတဲ့အခါ...
29/05/2026

"ရင်ကြပ်ဝေဒနာကို လျှော့မတွက်ပါနဲ့"

ရင်ကြပ်ရောဂါဆိုတာ ရိုးရိုးအအေးမိတာထက် ပိုပါတယ်။ လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းလာတဲ့အခါ အသက်ရှုရတာ ခက်ခဲလာတာပါ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်က အစပျိုးစေတဲ့အရာတွေကို သိထားဖို့က အရေးကြီးဆုံးပါပဲ။ ကျန်းမာတဲ့ အဆုတ်ပိုင်ရှင်လေးတွေဖြစ်ဖို့ ဒီအချက်တွေကို သတိထားရအောင်...

၁။ ရင်ကြပ်ရခြင်းရဲ့ အဓိက လက္ခဏာများ

• အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း/အသက်ရှုသွင်း/ရှုထုတ်လုပ်တဲ့အခါ လေပြွန်ကျဉ်းနေတာကြောင့် အသံထွက်လာခြင်း။
• အသက်ရှုမဝခြင်း/လုံလောက်တဲ့ လေမရသလို ခံစားရခြင်း။
• ရင်ဘတ်အောင့်ခြင်း (သို့) တင်းကျပ်ခြင်း/ရင်ဘတ်ပေါ်မှာ တစ်ခုခုနဲ့ ဖိထားသလို ခံစားရခြင်း။
• ချောင်းဆိုးခြင်း/အထူးသဖြင့် ညဘက်နဲ့ မနက်စောစောပိုင်းတွေမှာ ပိုဆိုးတတ်ပါတယ်။

၂။ ရင်ကြပ်တာကို ပိုဆိုးစေတဲ့အချက်များ

လူတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပေမဲ့ အဖြစ်များတဲ့ အချက်တွေကတော့ -

• ဓာတ်မတည့်မှုများ/ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွေး။
• ပတ်ဝန်းကျင်ညစ်ညမ်းမှု /ဆေးလိပ်ငွေ့/မီးခိုးငွေ့/အမွှေးနံ့သာ ပြင်းပြင်းများ။
• ရာသီဥတုအကူးအပြောင်း/လေအေး (သို့) ရုတ်တရက် အေးသွားခြင်း။
• ရောဂါပိုးဝင်ခြင်း/အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း။
• ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း။

၃။ ကြိုတင်ကာကွယ်ရေးနှင့် နေထိုင်မှုပုံစံ

ရင်ကြပ်ရောဂါကို အမြစ်ပြတ်ပျောက်အောင် ကုသဖို့ ခက်ခဲပေမဲ့ ကောင်းကောင်း ထိန်းချုပ်ထားလို့ ရပါတယ်။
• ဆေးပုံမှန်သောက်/ရှူပါ/ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ရောင်ရမ်းမှုကျစေတဲ့ဆေး (Preventer) နဲ့ အရေးပေါ်သက်သာစေတဲ့ဆေး (Reliever) ကို စနစ်တကျ သုံးစွဲပါ။
• Trigger များကို ရှောင်ကြဉ်ပါ/မိမိနဲ့ ဘာနဲ့မတည့်ဘူးလဲဆိုတာကို သတိထားပြီး ရှောင်ကြဉ်ပါ။
• သန့်ရှင်းမှုကို ဂရုစိုက်ပါ/အိပ်ရာခင်း၊ စောင်တွေကို ပုံမှန်လျှော်ဖွတ်ပြီး ဖုန်ကင်းစင်အောင် ထားပါ။
• ဆေးလိပ်ငွေ့ကို ရှောင်ပါ/ ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း သာမက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကိုပါ ရှောင်ရပါမယ်။

၄။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ အရေးပေါ်ပြသသင့်သလဲ?

• အသက်ရှုရတာ အရမ်းခက်ခဲလာပြီး စကားပြောရတာတောင် အဆင်မပြေဖြစ်လာရင်
• ရင်ကြပ်ရှုဆေး (Inhaler) သုံးသော်လည်း မသက်သာရင်
• နှုတ်ခမ်း (သို့) လက်သည်းများ ပြာနှမ်းလာရင်။

"အသက်ရှုလမ်းကြောင်း ကျန်းမာမှ၊ ဘဝက အဓိပ္ပာယ်ရှိမှာပါ။ အသက်ဝဝရှုပါ၊ ကျန်းမာစွာ ရှင်သန်ပါ။

📍 Center (1) No.147, Kyun Taw St, Moat (South) Ward, Sanchaung Tsp, Yangon 📞 09458388488 , 09697592937
📍 Center (2) No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon 📞 018385949 , 09661079000 , 09661089000
📍 Center (3) No.1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon 📞 09250646913 , 09767001300 , 09767007900


“မနက်စာ” ကို လျစ်လျူမရှုသင့်တဲ့ အကြောင်းရင်းများ 🌿အလုပ်များလို့ပဲဖြစ်ဖြစ်၊ အချိန်မမီလို့ပဲဖြစ်ဖြစ်မနက်စာကို ကျော်သွားတတ်...
27/05/2026

“မနက်စာ” ကို လျစ်လျူမရှုသင့်တဲ့ အကြောင်းရင်းများ 🌿
အလုပ်များလို့ပဲဖြစ်ဖြစ်၊ အချိန်မမီလို့ပဲဖြစ်ဖြစ်
မနက်စာကို ကျော်သွားတတ်ကြပါတယ်။
ဒါပေမယ့် မနက်စာမစားဘဲ နေ့တစ်နေ့ကိုစတင်ခြင်းက
ခန္ဓာကိုယ်အတွက် မမြင်နိုင်တဲ့ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။

🍽️ မနက်စာဟာ
တစ်ညလုံးအနားယူထားတဲ့ ခန္ဓာကိုယ်အတွက်
လိုအပ်တဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးတဲ့
အရေးကြီးဆုံး အစားအစာတစ်ခုဖြစ်ပါတယ်။

မနက်စာကို ပုံမှန်စားပေးခြင်းအားဖြင့် —
✔️ စွမ်းအင်ပိုမိုရရှိစေခြင်း
✔️ အလုပ်လုပ်ရာတွင် အာရုံစူးစိုက်နိုင်ခြင်း
✔️ အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေခြင်း
✔️ ကိုယ်ခံအားကို ထောက်ပံ့ပေးခြင်း
✔️ နေ့စဉ်စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုရရှိစေခြင်း
တို့ကို အထောက်အကူပြုနိုင်ပါတယ်။

အထူးသဖြင့်
☕ ကော်ဖီတစ်ခွက်တည်းနဲ့ မနက်စာအစားထိုးခြင်း၊
🍜 အဆီများပြီး အာဟာရမပြည့်ဝတဲ့ အစားအစာများကိုသာ စားခြင်းတို့က
ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်
သင့်တော်တဲ့ အာဟာရပါဝင်တဲ့ မနက်စာကို ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။
🥗 ဥပမာ —
• ကြက်ဥ
• နို့
• အသီးအနှံ
• ပဲမျိုးစုံ
• Whole grain အစားအစာများ
ကို ပေါင်းစပ်စားသုံးပေးနိုင်ပါတယ်။

“ကျန်းမာရေးကောင်းတဲ့ဘဝ” ကို စတင်ဖို့
မနက်စာကောင်းကောင်းစားတဲ့ အလေ့အထလေးကနေ စလိုက်ပါ 🌿✨
📍 Center (1) No.147, Kyun Taw St, Moat (South) Ward, Sanchaung Tsp, Yangon 📞 09458388488 , 09697592937
📍 Center (2) No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon 📞 018385949 , 09661079000 , 09661089000
📍 Center (3) No.1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon 📞 09250646913 , 09767001300 , 0976700790



📌📌Seasonal flu(တုပ်ကွေး)ကာကွယ်ဆေးလေး Thukha Mingalar မှာ ရောက်ပြီမို့ လာရောက်ထိုးနှံနိုင်သလို Home Coming Service လည်း ရ...
20/05/2026

📌📌Seasonal flu(တုပ်ကွေး)ကာကွယ်ဆေးလေး
Thukha Mingalar မှာ ရောက်ပြီမို့ လာရောက်ထိုးနှံနိုင်သလို Home Coming Service လည်း ရပါပြီရှင့်📌📌

📌📌ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသလိုပဲ…

💁‍♀️မိမိနှင့် မိမိ မိသားစုဝင်တွေရဲ့ ကျန်းမာရေးကို ကြိုတင် ဂရုစိုက်တဲ့အနေနဲ့ Thukha Mingalar Medical Center မှာ 💉Seasonal flu (တုပ်ကွေး)ကာကွယ်ဆေးလေး လာရောက်ထိုးနှံနိုင်ပါပြီ…

👉ဆေးခန်းသို့ ကိုယ်တိုင်လာရောက်ထိုးနှံဖို့ အဆင်မပြေရင်လည်း လူကြီးမင်းတို့အတွက် Home Coming Service လေးလည်းပေးနေပါပြီရှင်…

👩🏻‍⚕️ မိုးရာသီတုပ်ကွေး အန္တရာယ်ကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ❔

ခုလိုမျိုး နွေအကုန်မိုးအကူးကာလမှာ ကလေးလူကြိီးမရွေး အဖြစ်များကြတဲ့ တုပ်ကွေးရောဂါကို အထူးသတိထားသင့်ပါတယ်။

မိုးရာသီတုပ်ကွေးရောဂါဆိုတာဘာလဲ၊ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ၊ ဘယ်သူတွေ ပိုသတိထားသင့်သလဲ၊ ကာကွယ်ဆေးက ဘယ်လိုအကျိုးကျေးဇူးတွေ ပေးသလဲ ဆိုတာတွေကို အလွယ်တကူ နားလည်နိုင်အောင် ပုံလေးထဲမှာ အချက်အလက်စုံလင်စွာနဲ့ ဖော်ပြပေးထားပါတယ်။

➫ တုပ်ကွေးရောဂါကို ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ နှစ်စဉ်ထိုးနှံသင့်တဲ့ တုပ်ကွေးကာကွယ်ဆေးကို "သုခမင်္ဂလာ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ" မှာ လာရောက်ထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

ဒါကြောင့် ဒီနှစ်မိုးရာသီမှာ မိမိကိုယ်တိုင်နဲ့ မိသားစုဝင်များရဲ့ ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်ဖို့အတွက် သုခမင်္ဂလာကို အခုပဲလှမ်းလာခဲ့လိုက်တော့နော်… 🫶🏻

❝ ယုယကြင်နာ သုခမင်္ဂလာ ❞

💬 လူကြီးမင်းတို့ရဲ့ သိလိုရာမှန်သမျှကို Page Messenger (သို့မဟုတ်) အောက်ပါဖုန်းနံပါတ်အသီးသီးကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📌Center(1)-No.147, Kyun Taw St, Moat(South)Ward, Sanchaung Tsp, Yangon.
09458388488, 09697592937

📌Center(2)-No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon.
018385949, 09661079000, 09661089000

📌Center(3)-No1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon
09250646913, 09767001300, 09767007900


#တုပ်ကွေးကာကွယ်ဆေး #မိုးရာသီကျန်းမာရေး

#ကျန်းမာရေး

ဂျပန်နိုင်ငံသို့ အလုပ်/ပညာသင် သွားရောက်မည့်သူများအတွက် အထူးသတင်းကောင်း 📌📌​ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ဖြစ်စေ၊ ပညာသင်ကြာ...
12/05/2026

ဂျပန်နိုင်ငံသို့ အလုပ်/ပညာသင် သွားရောက်မည့်သူများအတွက် အထူးသတင်းကောင်း 📌📌
​ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ဖြစ်စေ၊ ပညာသင်ကြားဖို့ဖြစ်စေ ပြင်ဆင်နေတဲ့သူတိုင်းအတွက် ကျန်းမာရေးဆေးစစ်ချက် (Medical Check-up) ဟာ ဗီဇာရရှိဖို့ အလွန်အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ မိမိရဲ့ အိပ်မက်တွေဆီ လျှောက်လှမ်းတဲ့အခါ ကျန်းမာရေးပိုင်းဆိုင်ရာ အဟန့်အတားမရှိစေဖို့နဲ့ စိတ်ချလက်ချ လျှောက်လှမ်းနိုင်ဖို့ သုခမင်္ဂလာ Thukha Mingalar Medical & Diagnostic Center က အဆင်သင့်ရှိနေပါပြီ။
​Thukha Mingalar Medical Center မှာ ဂျပန်ဗီဇာအတွက် လိုအပ်တဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အောက်ပါဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အစအဆုံး ဆောင်ရွက်ပေးနေပါတယ် -
​✅ ကျောင်းဗီဇာ (Student Visa) လျှောက်ထားသူများအတွက်:
General Check-up အပါအဝင် ကျောင်းကတောင်းဆိုတဲ့ ကျန်းမာရေးထောက်ခံချက်တွေကို တိကျမြန်ဆန်စွာ စစ်ဆေးပေးပါတယ်။
​✅ အလုပ်ဗီဇာ (Work Visa/Internship) လျှောက်ထားသူများအတွက်:
လုပ်ငန်းခွင်အလိုက် လိုအပ်တဲ့ အထူးစစ်ဆေးချက်များ၊ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းများကို ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် စစ်ဆေးပေးပါတယ်။
​✅ ပြည့်စုံသော စစ်ဆေးမှုကဏ္ဍများ:
​X-Ray စစ်ဆေးခြင်း (တီဘီရောဂါနှင့် အဆုတ်ကျန်းမာရေးအတွက်)
​သွေးစစ်ဆေးခြင်း (ကူးစက်ရောဂါများနှင့် အထွေထွေကျန်းမာရေးအတွက်)
​ဆီးစစ်ဆေးခြင်း နှင့် အခြားသော လိုအပ်သည့် Laboratory Test များအားလုံးကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးပေးနေပါတယ်။
​ဘာကြောင့် သုခမင်္ဂလာကို ရွေးချယ်သင့်တာလဲ?
​အတွေ့အကြုံရင့် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများမှ နွေးထွေးစွာ ဝန်ဆောင်မှုပေးခြင်း။
​ခေတ်မီစက်ကိရိယာများ အသုံးပြုထားခြင်းကြောင့် စစ်ဆေးမှုရလဒ် တိကျမှန်ကန်ခြင်း။
​ဆေးစစ်ချက်အဖြေများကို မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်ခြင်းကြောင့် လူကြီးမင်းတို့ရဲ့ အချိန်ကို အကျိုးရှိစေခြင်း။
​မိမိနှင့် နီးစပ်ရာ Center (၃) ခုလုံးမှာ အလွယ်တကူ လာရောက်စစ်ဆေးနိုင်ခြင်း။
​💡 သတိပြုရန် - ဆေးစစ်ဖို့ လာရောက်တဲ့အခါ မိမိတို့ရဲ့ ကျောင်း (သို့မဟုတ်) အေဂျင်စီက ပေးထားတဲ့ Form လေးတွေကို တစ်ပါတည်း ယူဆောင်လာခဲ့ဖို့ မမေ့နဲ့နော်။
​ဆက်သွယ်စုံစမ်းရန် လိပ်စာနှင့် ဖုန်းနံပါတ်များ -

​📍 Center(1) - Sanchaung
No.147, Kyun Taw St, Moat(South)Ward, Sanchaung Tsp, Yangon.
📞 09458388488, 09697592937
​📍 Center(2) - Kyauktada
No.243/245, Bo Aung Kyaw St, Middle Block, Kyauktada Tsp, Yangon.
📞 018385949, 09661079000, 09661089000
​📍 Center(3) - North Dagon
No1(A), 43 Qtr, Min Ye Kyaw Swar St, North Dagon Tsp, Yangon.
📞 09250646913, 09767001300, 09767007900
​မိမိတို့ရဲ့ ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရတဲ့ သုခမင်္ဂလာ မှာ လာရောက်စစ်ဆေးပြီး ဂျပန်သွားဖို့အိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ။ ✨
​

🏥 ကြွက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ Hantavirus အကြောင်း သိကောင်းစရာမိမိတို့အိမ်မှာ ကြွက်တွေ ရှိနေပါသလား? ဒါဆိုရင်တော့ လူကို ...
09/05/2026

🏥 ကြွက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ Hantavirus အကြောင်း သိကောင်းစရာ
မိမိတို့အိမ်မှာ ကြွက်တွေ ရှိနေပါသလား? ဒါဆိုရင်တော့ လူကို အသက်အန္တရာယ်ပေးနိုင်တဲ့ Hantavirus (ဟန်တာဗိုင်းရပ်စ်) အကြောင်းကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ဆိုးရွားတဲ့ အဆုတ်ရောဂါနဲ့ ကျောက်ကပ်ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
🐁 Hantavirus ဆိုတာ ဘာလဲ?
Hantavirus ဆိုတာ ကြွက်နဲ့ ရှူးပျံကဲ့သို့သော ကိုက်ဖြတ်သတ္တဝါတွေဆီကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ လူအချင်းချင်း ကူးစက်တာမျိုး မရှိသလောက် ရှားပါးပေမဲ့ တိရစ္ဆာန်အညစ်အကြေးကတစ်ဆင့် ကူးစက်မှုဟာ ပြင်းထန်တတ်ပါတယ်။
✅ ဘယ်လိုကူးစက်နိုင်သလဲ?
1. ရှူမိခြင်း (Inhalation): ကြွက်ရဲ့ ဆီး၊ မစင်နဲ့ တံတွေးတွေ ပါဝင်နေတဲ့ ဖုန်မှုန့်တွေကို ရှူမိရာကနေ အဓိက ကူးစက်ပါတယ်။
2. တိုက်ရိုက်ထိတွေ့ခြင်း: ပိုးရှိသော အညစ်အကြေးတွေကို ကိုင်မိပြီးနောက် မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပြန်လည်ထိတွေ့မိခြင်း။
3. အကိုက်ခံရခြင်း: ပိုးရှိသော ကြွက်က လူကို ကိုက်လိုက်ခြင်း။
🔥 သတိပြုရမည့် ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီး (၁) ပတ်မှ (၈) ပတ်အတွင်း အောက်ပါတို့ ခံစားရနိုင်ပါတယ် -
• အကြောင်းရင်းမရှိဘဲ ဖျားခြင်း၊ ချမ်းတုန်ခြင်း။
• ကြွက်သားများ နာကျင်ခြင်း (အထူးသဖြင့် ပေါင်၊ ခါးနှင့် ပုခုံး)။
• ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အော့အန်ခြင်း။
• အရေးကြီးသည့်လက္ခဏာ: ရောဂါပြင်းထန်လာပါက အသက်ရှူရ ခက်ခဲလာခြင်းနှင့် ချောင်းဆိုးခြင်း။
🛡️ မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ?
• ကြွက်နှိမ်နင်းပါ: အိမ်အတွင်းနှင့် ပတ်ဝန်းကျင်တွင် ကြွက်များ မခိုအောင်းနိုင်အောင် သန့်ရှင်းရေးလုပ်ပါ။
• အစာများကို လုံခြုံစွာထားပါ: အစားအစာများကို ကြွက်များ မထိတွေ့နိုင်သော အဖုံးပါသည့် ဗူးများဖြင့် သိမ်းဆည်းပါ။
• သန့်ရှင်းရေးလုပ်လျှင် သတိထားပါ: ကြွက်ချေး သို့မဟုတ် ကြွက်အညစ်အကြေးများကို ရှင်းလင်းရာတွင် ဖုန်မထစေရန် ပိုးသတ်ဆေးရည် (သို့မဟုတ်) ရေဖျန်းပြီးမှ Mask နှင့် လက်အိတ်သုံး၍ ဖယ်ရှားပါ။
• လက်ကို စနစ်တကျဆေးပါ: အပြင်ကပြန်လာလျှင်ဖြစ်စေ၊ သန့်ရှင်းရေးလုပ်ပြီးလျှင်ဖြစ်စေ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။

🩺 ဆရာဝန်နှင့် ပြသရန်:
အကယ်၍ ကြွက်ချေး သို့မဟုတ် ကြွက်အညစ်အကြေးတွေနဲ့ ထိတွေ့မိပြီးနောက် အဖျားတက်တာ၊ အသက်ရှူကျပ်တာမျိုး ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး လာရောက်ပြသရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သုခမင်္ဂလာအထူးကုဆေးခန်းသည် လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် အစဉ်အမြဲ အလေးထားလျက် ရှိပါသည်။

ရုတ်တရက် မိုက်ခနဲ့ မူးဝေတာ ဘာ့ကြောင့်လဲ? 🤦🏻 ထိုင်ရာကနေ ထလိုက်တိုင်း ရုတ်တရက်မူးခနဲ မိုက်ခနဲဖြစ်တာဘာကြာင့်လဲ။ 🌀 ထိုင်ရာကန...
08/05/2026

ရုတ်တရက် မိုက်ခနဲ့ မူးဝေတာ ဘာ့ကြောင့်လဲ?

🤦🏻 ထိုင်ရာကနေ ထလိုက်တိုင်း ရုတ်တရက်မူးခနဲ မိုက်ခနဲဖြစ်တာဘာကြာင့်လဲ။

🌀 ထိုင်ရာကနေ ရုတ်တရက်ထလိုက်တဲ့အခါမှာ မူးခနဲ မိုက်ခနဲ အဖြစ်မျိုး လူတိုင်း ကြုံဖူးကြမှာပါ။

✅ ထိုင်ရာကနေ ရုတ်တရက်ထသွားတဲ့အခါ သွေးပေါင်ကျခြင်းကြောင့် မူးဝေတာမျိုးဖြစ်နိုင်ပြီး၊ အာရုံကြောစနစ်အားမကောင်းတာကြောင့်လည်း ဖြစ်နိုင် ပါတယ်။

✅ ဥပမာ - ဆီးချိုရောဂါကြောင့်၊ အသက်အရွယ်ကြီးမြင့်မှုကြောင့် အာရုံကြောစနစ် ချို့ယွင်းသွားသူတွေအနေနဲ့ ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါ မူးဝေတာမျိုးဖြစ်နိုင်ပါတယ်။

🔸ဘယ်လိုလူမျိုးတွေ အဖြစ်များနိုင်လဲ။

▪️ အသက်ကြီးတဲ့သူတွေ (အထူးသဖြင့် အသက် ၆၅နှစ် အထက်တွေ)
▪️ ဆီးဆေးတွေ၊ သွေးပေါင်ကျဆေးတွေ သောက်နေတဲ့သူတွေ၊ ဆီးသွားများတဲ့သူတွေ၊
▪️ ပါကင်ဆန်ရောဂါအတွက် ဆေးတွေ ဒါမှမဟုတ် စိတ်ကျဆေး၊ မူးယစ်ဆေး သောက်နေတဲ့ သူတွေ
▪️ ရာသီဥတု ပူလွန်းပြီး ချွေးထွက်များတဲ့သူတွေ
▪️ သွေးအားနည်းတဲ့သူတွေ၊ နှလုံးအားမကောင်းတဲ့သူတွေ
▪️ အိပ်ရာထဲ အချိန်အကြာကြီး လဲနေတဲ့သူတွေ (အားပြတ်နေတဲ့အပြင် ရုတ်တရက် ထဖို့ ကြိုးစားမယ်ဆိုရင် သွေးပေါင်ကျတတ်ပါတယ်။)
▪️ ကိုယ်ဝန်ဆောင်နေချိန် (ကိုယ်ဝန်ဆောင်နေတဲ့ချိန်မှာ သွေးကြောတွေ ကျယ်လာတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။ မွေးပြီးရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။)
▪️ အရက်သောက်တဲ့သူတွေ

▪️ယောကျာ်းလေးတွေမှာအဖြစ်များတဲ့ ဆီးကျိတ်ရောဂါကြောင့်၊ သောက်ရတဲ့ဆေးတွေကြောင့် ဒီလိုမျိုး ရုတ်တရက်မူးဝေခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

▪️တစ်ချို့ကတော့ သွေးပေါင်ကျတာကြောင့်မဟုတ်ပဲ ကျီးပေါင်းရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။

▪️သာမန်လူငယ် ကျန်းမာရေးလဲကောင်းတယ်၊ ရောဂါအခံလည်း မရှိတဲ့ လူငယ်တွေမှာတော့ ဆောင့် ကြောင့်ထိုင်တာမျိုးနည်းပါးခြင်း၊

▪️အထိုင်များခြင်းကတစ်ဆင့်၊သွေးလည်ပတ်မှုမရှိရာကနေ မူးကနဲ မိုက်ကနဲဖြစ်တာမျိုး ကြုံရတတ်ပါတယ်။

✔️ရုတ်တရက်မူးဝေတဲ့အခါ ဒီလိုနည်းနဲ့ အမြန်ဆုံးပြုစုကုသပါ။

မိမိနားမှာ ရုတ်တရက်လဲကျသွားတဲ့အခါမျိုးဖြစ်ခဲ့ပါက~

💠 အရင်ဆုံး ခေါင်းကို မထိခိုက်မိအောင်လုပ်ပါ။ ဒီလိုဖြစ်ခြင်းက ဦးနှောက်ကိုသွေးမရောက်တာကြောင့် လူကိုလဲကျစေတာကြောင့်ဖြစ်ပါတယ်။

💠 လဲကျသွားတဲ့အခါ ဦးခေါင်းကို သွေးမြန်မြန်ရောက်အောင် ခန္ဓာကိုယ်ကို လဲချထားပေးပါ။ ခြေထောက်ကိုမြှောက်ထားပါ။

💠 ဒါမျိုးဖြစ်တဲ့အခါတစ်ချို့ကတက်တာ၊သတိလစ် တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တတ်ပါက ခန္ဓာကိုယ်ကို ဘေးတစောင်းထားပါ။

💠 လျှာမကိုက်မိအောင် ဇွန်းခံထားတာမျိုးလုပ်ပေးပါ။

💠 သတိပြန်လည်ပါက ရေ (သို့မဟုတ်) ဓာတ်ဆားလေးတိုက်ပေးပါ။

❌ပါးစပ်ထဲကို လက်ထိုးထားတာမျိုးမလုပ်ပါနဲ့။

ဒီလိုနည်းလမ်းနဲ့ မူးဝေတာသက်သာအောင်လုပ်နိုင် ပါတယ်။

👨‍⚕️အခုလိုမကြာခဏမူးဝေနေခြင်းမျိုးခံစားနေရပါကဆရာဝန်နှင့် အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်ပါတယ်။

သင့်ကျန်းမာရေးအတွက်... ရလာဒ်ကောင်းများနှင့်အကြံဉာဏ်များကိုလည်း Thukhamingalar မှာ ရယူနိုင်ပါပြီ။




#သုခမင်္ဂလာ

Address

Min Ye Kyaw Swar Road
Yangon

Alerts

Be the first to know and let us send you an email when Thukhamingalar Medical and Diagnostic Center - North Dagon Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share