Golden Myanmar

Golden Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Myanmar, Yangon.

09/06/2026

သင့်ဦးနှောက် ကျန်းမာရေး ကောင်းသထက် ပိုကောင်းလာစေဖို့ သင့်တော်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။

09/06/2026

မနက်အိပ်ရာနိုးတဲ့အခါ ပြုံးပျော်ကြည်နူးနိုင်စေဖို့ ကျေးဇူးတင်သင့်တဲ့အရာလေးတွေကို အရင်ဆုံး စဉ်းစားသင့်ပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။

08/06/2026

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ...ဘယ်အရွယ်ပဲရောက်ရောက် နုပျိုစွာ ကျန်းမာနေဖို့ အရေးကြီးပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။

07/06/2026

ကင်ဆာရောဂါ အန္တရာယ် လျော့ကျစေဖို့
ဘာတွေ စားသင့်သလဲ
--------------------
▶ ဘယ်ရီသီးများ
ပိုလီဖီနောဓာတ်ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။

▶ Green Tea ရေနွေးကြမ်း
ကတ်တီချင်က ဆဲလ်တွေရဲ့ ခုခံနိုင်စွမ်းကို ပံ့ပိုးကူညီပေးပါတယ်။

▶ သံလွင်ဆီစစ်စစ်
သွေးကြောနဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ ကျန်းမာရေးကို အားပေးကူညီပေးပါတယ်။

ဘာတွေ လျှော့သင့်သလဲ
-------------------
▶ ပြုပြင်ထားသော အသား၊ မီးတူးနေတဲ့ အသား
အူမကြီးကင်ဆာဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

▶ သကြားပါဝင်မှုများတဲ့ အချိုရည်သောက်စရာများ
ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ရဲ့ လုပ်ငန်းဆောင်တာကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

▶ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း
ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။

07/06/2026

အဆင့်(၃) ဆင့်လုပ်ပြီး Eve500 ဆေးဘူးလက်ဆောင် ယူရအောင်
---------------------------------------
အဆင့်(၁) Eve500 page ကို like & follow လုပ်ပါ။
အဆင့်(၂) Eve500 သောက်ပြီး ရရှိတဲ့ ကောင်းကျိုးတွေကို comment ရေးပါ။
အဆင့်(၃) ဒီပို့စ်ကို Like & Share လုပ်ပါ။
ဒီစည်းကမ်းချက်တွေနဲ့ကိုက်ညီတဲ့ ကံထူးရှင်တွေထဲက (၅) ဦးကိုပြန်လည်ရွေးချယ်ပြီး Eve500 ဆေးဘူးလက်ဆောင်လေး ပို့ပေးပါ့မယ်ရှင်... (Delivery Fees လေးကိုတော့ ကံထူးရှင်များက ပေးဆောင်ပေးရမယ်ဆိုတာလေး အသိပေးပါရစေ) 💛
Eve500 နဲ့အတူ နာကျင်မှုကင်းပြီး ကျန်းမာလှပကြပါစေ…😊
မှတ်ချက်။ ။ အငြင်းပွားဖွယ်တစ်စုံတရာရှိပါက Eve Team၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်ရှင် ✅

07/06/2026

သက်ရှည်ကျန်းမာဖို့ဆိုတာ လူအတော်များများ လိုချင်တဲ့ ဆုလာဘ်တစ်ခုပါ။ သက်ရှည်ကျန်းမာဖို့ မျိုးရိုးဗီဇက အရေးကြီးသလို နေ့စဉ် နေထိုင်စားသောက်တဲ့ ပုံစံကလည်း ကျန်းမာရေးနဲ့ ညီညွတ်ဖို့ လိုအပ်ပါတယ်။ ဒီ (၆) ချက်က ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်စေဖို့ ပံ့ပိုးကူညီပေးနေတာဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။
(၁) အလေးမ လေ့ကျင့်ခန်း ပြုလုပ်ခြင်း
(၂) အိပ်ချိန်လုံလောက်အောင် ပေးပြီး အိပ်ရေးဝ၀ အိပ်စက်ခြင်း
(၃) စိတ်ဖိစီးမှုကို ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ထိန်းချုပ်ဖြေလျှော့တတ်ခြင်း (ဥပမာ- တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း စတာတွေ)
(၄) အပေါင်းအသင်း ဝင်ဆံ့ခြင်း၊ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိခြင်း
(၅) မူးယစ်ဆေးဝါးလိုမျိုး အန္တရာယ်ဖြစ်စေမယ့်အရာတွေကို ဆင်ခြင်ခြင်း
(၆) အာဟာရရှိတာတွေကို ဦးစားပေး ရွေးချယ် စားတတ်ခြင်း
လွတ်လပ်စွာ share နိုင်ပါတယ်။

06/06/2026
06/06/2026

ကန်စွန်းဥရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို မျှဝေပေးလိုက်ပါတယ်။
လွတ်လပ်စွာ share နိုင်ပါတယ်။

05/06/2026

စိတ်ဖိစီးမှုဆိုတာ လူတိုင်းလိုလိုမှာ ရှိစမြဲ။ ကြုံလာရတဲ့ စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘယ်လိုဖြေလျှော့မလဲဆိုတာက အရေးကြီးပါတယ်။ စိတ်ဖိစီးမှုကို ဒီနည်းလမ်း (၆) မျိုးနဲ့ ဖြေလျှော့ပြီး ရှေ့ဆက်နိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။
(၁) ချစ်ခင်ရသူတွေရဲ့ အားပေးမှု
(၂) တရားထိုင်ခြင်း
(၃) အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်း
(၄) လေ့ကျင့်ခန်းလုပ်ခြင်း
(၅) အလှပြင်တာ၊ Self-Care လုပ်တာ စတဲ့နည်းတွေနဲ့ ကိုယ်ကိုယ်ကိုယ် ချစ်ခင်ကြောင်း ပြသခြင်း
(၆) စိတ်ထဲရှိသမျှ ခံစားချက်တွေကို စာအုပ်ထဲ ဖွင့်ဟရေးချလိုက်ခြင်း
လွတ်လပ်စွာ share နိုင်ပါတယ်။

05/06/2026

နှာစေး၊ နှာပိတ်၊ နှာမွှန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အအေးမိဖျားနာဝေဒနာတွေနဲ့ ပတ်သက်ပြီး သိလိုရာ မေးမြန်းနိုင်ပါပြီ
--------------------------------------------------------------------
မိုးတွင်းကာလ ဖြစ်တတ်တဲ့ နှာစေး၊ နှာပိတ်၊ နှာမွှန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အအေးမိဖျားနာစတဲ့ဝေဒနာတွေနဲ့ ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းတွေကို ဒီပို့စ်ရဲ့ Comment မှာ ၅-၆-၂၀၂၆ ရက်နေ့မှ ၁၁-၆-၂၀၂၆ ရက်နေ့အထိ မေးမြန်းနိုင်ပါတယ်။ မိသားစုကျန်းမာရေး စောင့်ရှောက်မှုနှင့် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဘုန်းစည်သူလွင်က ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Decolgen မှ ကူညီအားဖြည့်ပေးထားတာ ဖြစ်ပါတယ်။

Address

Yangon

Telephone

01-385126

Website

Alerts

Be the first to know and let us send you an email when Golden Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share