Define Your Prime By Dr. YE

Define Your Prime By Dr. YE ကျန်းမာစွာနဲ့ အဆီကျ ခန္ဓာကိုယ်ရအော?

သားခေတ်ဇွဲသာ သက်သာ နေကောင်း လို့ ဒီနေ့ ကျောင်းကြီး စတက်ပါတယ် မိတ်ဆွေတို့ရေစိတ်ပူပြီး သတင်းမေးကြတဲ့ မိတ်ဆွေတို့ ရေ ကျေးဇူ...
01/06/2026

သားခေတ်ဇွဲသာ သက်သာ နေကောင်း လို့ ဒီနေ့ ကျောင်းကြီး စတက်ပါတယ် မိတ်ဆွေတို့ရေ

စိတ်ပူပြီး သတင်းမေးကြတဲ့ မိတ်ဆွေတို့ ရေ
ကျေးဇူးပါနော်😇😇😇

ဖအေ ဆရာဝန် တယောက်အနေနဲ့ မိဘ အမြင် ဆေးပညာအမြင်နဲ့ ကိုယ့်မိတ်ဆွေ အတွက် ဒီပို့စ်လေး ရေးလိုက်ရပါတယ် ။

သားက ညဖက်လက်ဖျံရေး နှစ်ချောင်လုံး ကျိုး
Both bone fractures forearm ကို
Manipulation Under Anesthesia ( မေ့ဆေး နဲ့ ပြန်လည် တည့်မတ်ပေးခြင်း ) ကို
POP under C arm ( လက်ဖျံ ကို ကြည့်တဲ့ CT စက် ရဲ့ အောက်မှာ ကျောက်ပတ်တီးစီး ပေးတာပါ )

သားရဲ့ လက်ဖျံရိုးအကြီး radius က ထပ်ပိုင်းကျိုးလုနီးပါး မို့ ဒီအတိုင်း ဖိချ ကျောက်ပတ်တီး စီးရင် လက်က ကောက်သွားနိုင်တာရယ်
တအား နာ မှာရယ် ကြောင့်
Prof ဆရာကြီး ဒေါက်တာကျော်သူထွန်းက သေချာရှင်းပြပေးပါတယ်
ပြီးတော့ အပေါ်က ကုသမှု ကိုရွေးချယ်ခဲ့တာပါ ။

ဆရာ့ ကိုလဲ အထူးကျေးဇူးတင်ပါတယ် ။

ဒါနဲ့ fb နဲ့ TikTok မှာ နံမည်ကြီး လူကြည့်များတဲ့ ဗမာဆရာကြီး တပါး တောင် မျက်စိထဲ ပြေးမြင်ပါတယ်။

☹️သူရဲ့ video တွေမှာကလေးတွေများ အော်ဟစ်နေတာပါပဲ။ (သူ့အရပ်နဲ့ သူ့ဇတ် ဆိုတာ ရှိလို့ အပြစ်ပြောတာ မဟုတ်ရပါဘူး)
ကိုယ်များ သားတော်မောင် နာနေတာ မကြည့်ရက်လို့ မျက်ရည် တရွဲရွဲ နဲ့ ကွယ်ရမှာ ကြိတ်ငို လိုက် ကိစ္စတွေ လိုက်လုပ် လိုက် လုပ်နေခဲ့ရတာ။
သား နာလို့ငိုနေတာ မကြည့်ရက်တဲ့ မိဘ အနေနဲ့ ပြောပြတာပါ ဗျ။

😊အဲ့ဒါနဲ့ ဆရာကြီး ဒေါက်တာ ကျော်သူထွန်းက
ဆရာရေ မြောက်ဉက္ကလာ ဆေးရုံ သွားလိုက် အဲ့ အတိုင်း ကုသပေးလိမ့်မယ်
ကျွန်တော် တပည့်တွေ ဖုန်းလှမ်းဆက်ပြီး လုပ်ခိုင်းလိုက်မယ် ပိုက်ဆံ မကုန်ဘူး ဆရာဝန်အချင်းချင်းဆိုတော့ မကုန်ဘဲနဲ့လဲ ပြီးပါတယ်။

မဟုတ်တာ ဆရာရယ် ကုန်ပါစေ
ဝိတိုရိယ မှာပဲ လုပ်လိုက်မယ် ။ ကုန်ချင်သလောက်သာ ကုန်ပါစေ
(အဲ့စကား ပြောလိုက်တဲ့ အချိန်မှာ ကိုယ့်မျက်စိနဲ့ အတွေးထဲ စဝင်လာတာက ကျွန်တော့် အဖေ ကိုပါပဲ
အဖေရယ် အားနာ လိုက်တာ😌)

အဲ့တာနဲ့ ဆရာကြီး မေ့ဆေးဆရာဝန်တွေ နဲ့ လှမ်းချိတ်ပြီး အဲ့ည ၉:၃၀ မှာ ခွဲခန်း စဝင်ရပါတယ်။

Medical terms လေးတွေ ရှင်းပြပေးတာကလေ

ကျွန်တော့် မိတ်ဆွေတွေရဲ့ ကလေးတွေများလက်ပိုင်းဆိုင်ရာ တခုခု ဖြစ်ရင် ဒီပို့စ်လေးက အကျိုးရှိအောင်လို့ပါ ။

မေ့ဆေးပေးတော့ cannula ထိုးတော့လဲ သားက ကျွန်တော့် ပေါင်ပေါ်မှာ ထိုင်ပြီး ထိုးပေးရတာပါ။

ကျွန်တော့် ဆရာဝန်ဆိုတော့ ခွဲခန်းထဲ လိုက်ဝင်ခိုင်းပါတယ်။

၁၀:၁၅ လောက်မှာ procedure ပြီးပါတယ်။

အဲ့မှာ ကျွန်တော် တယောက်တည်း တိုင်ပတ်တာက
သားတော်မောင် ပြန် မနိူးလာသေးတာပါပဲ။

သားက မွေးရာပါ ASD လေး ပါတော့
မေ့ဆေး ရဲ့ ဘေးထွက်ဆိုးကျိူး အနည်းအပါး ကိုလဲ သိထား တော့ OT coat နဲ့ တိုင်ပတ်ပါလေရော ။
OT monitor တွေက တတီတီ နဲ့ အော် ကိုယ့်မှာ ချွေးပြန် စိတ်ပူ

Little knowledge is too dangerous ပါပဲ ကျွန်တော် သိတာလဲ တီးမိခေါက်မိ လောက်သိတာမို့ပါ
မေ့ဆေး ဆရာဝန်ကြီးကလဲ စိတ်ချရပါတယ်
သား မနိူးမချင်းလာလာကြည့်ပေးတယ်။
OT nurse တွေကလဲ ဂရုစိုက်ရှာပါတယ်။

အဲ့အချိန်မှာ ဆုတောင်းရတာပေါ့
ပြီးခဲ့တဲ့ သကြင်္န် မတိုင်ခင်က သေးမပေါက်နိုင်တဲ့ ကလေး လိင်တံ အရည်ခွံ ပိတ်နေလို့ ပိုက်ဆံကလဲ မတတ်နိုင် ဘယ်ဆေးရုံဆေးခန်း မှာလဲ အဆင်မပြေလို့ ငွေ၁၀ သိန်း လှူပြီး ဆရာ ခိုင်ဇော်ထူး စီ အပ်ပေးခဲ့ ဖူးတယ်
အဲ့အလှူလေး သတိရ အပြန်အလှန် အကျိုးပြုပါစေ ဆိုပြီး ဆုတောင်းရတာပေါ့

သားတော်မောင်က ၁၁:၀၀ မှာ မေ့ဆေးဆရာကြီး ပြုစု လို့ ပြန်နိူးလာပြီး ward ထဲ ပြောင်းလာရပါတယ်။

အိမ်ပြန်ရောက် သားတော်မောင် ဂိမ်းဆော့ စားလိုက်သောက်လိုက်နဲ့ ပျော်နေတာပါပဲ

ကလေး ဆိုတော့ မေ့မေ့ပျောက်ပျောက်ပါပဲ ။
“သား အဲ့နေ့က ဖေဖေ ပေါင်ပေါ်မှာ ဆေးထိုးပြီး သား ဘာတွေ ဖြစ်လဲ ဆိုတာ မှတ်မိလားဆိုတော့။
သား ဘာမှ မသိတော့ဘူးလေ တဲ့ အိပ်ပျော်သွားတာလေ တဲ့။”

ကိုယ်တွေ သာ အသက်ကြီးလာလို့လား မသိ အမှတ်သည်းခြေကြီး တခုခုဆို မေ့လို့ဖျောက်လို့မရ။

သားတော်မောင် ကိုယ်ခြေထောက် ကိုယ်ရပ်တည် နိုင်တဲ့ အထိ ဖေဖေ ဘေးနားမှာ ရှိနေမှာပါ သားရေ။

OT ခွဲခန်းထဲက ဓါတ်ပုံတွေက prof ဆရာဒေါက်တာ ကျော်သူထွန်း ပေးထားတဲ့ ပုံတွေပါ)

သား ကို ချစ်တဲ့စိတ် နဲ့ အဖေလဲ အရမ်းပင်ပန်းရပါတယ်သားရေ ဖိုက်တင်း💪🏻💪🏻💪🏻(အရင်ကျိုးထားတဲ့ ညာဖက်လက်ဖျံ ၂ ချောင်း နောက်တခါ ထပ်...
27/05/2026

သား ကို ချစ်တဲ့စိတ် နဲ့ အဖေလဲ အရမ်းပင်ပန်းရပါတယ်

သားရေ ဖိုက်တင်း💪🏻💪🏻💪🏻

(အရင်ကျိုးထားတဲ့ ညာဖက်လက်ဖျံ ၂ ချောင်း နောက်တခါ ထပ်ကျိုး လို့ပါ
ဒီတခေါက်က ပိုဆိုးလို့ ခွဲခန်းဝင်ရတာပါ )

ကိုကိုကြီး ခေတ်ဇွဲသာ🥰🥰
25/05/2026

ကိုကိုကြီး ခေတ်ဇွဲသာ🥰🥰

☺️တုပ်ကွေး ကာကွယ်ဆေးနဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံလေး ပြောချင်တာ။ (၂)🎈အဓိက message ပေးချင်တာက ကျွန်တော်ဆေးရောင်းချင်လို့လဲ...
23/05/2026

☺️တုပ်ကွေး ကာကွယ်ဆေးနဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံလေး ပြောချင်တာ။ (၂)

🎈အဓိက message ပေးချင်တာက ကျွန်တော်ဆေးရောင်းချင်လို့လဲ မဟုတ်ပါဘူး။
ဒီဆေးက ရွှေအိုးဆေးဆိုင်မှာလည်း ဝယ်လို့ရတယ်။ အင်း နောက်ပြီးတော့ SML ဓါတ်ခွဲခန်းမှာလည်း သွားဝယ်ပြီး ကိုယ့်ဘာသာကိုယ် ထိုးလို့လည်း ရတယ်လေ။

🎈အဲတော့ ကျွန်တော် ပြောနေတယ်ဆိုတာက ဒီနှစ်တုပ်ကွေးက ပြင်းမှ။
အဲတော့ ဟိုနေ့ကပေါ့နော် ကျွန်တော် ကလေးတစ်ယောက် ဆေးကုရတယ်။ ကလေးက ၈ နှစ်။ သူ့အမေက ဆီးချိုရှိတယ်။ သူ့အမေ ဆီးချိုဆိုရင် ၄၀၀၊ ၅၀၀ အဲလောက်ထိ တက်တယ်ဗျာ။

အဲတော့ သူ့က သူ့သားကိုသာစိတ်ပူနေတာ။ တကယ်တော့ သူရောဂါက ပိုစိတ်ပူရပါတယ်။
တကယ် ထားလိုက်ပါတော့။

🎈ကဲ သူ့သားက တုပ်ကွေးဖြစ်တယ်။ သုံးရက် နှစ်ရက်လည်း ကိုယ်ပူမကျ၊လေးရက်လည်း ကိုယ်ပူမကျ၊ ငါးရက်ထဲကို ဝင်လာပြီပေါ့နော်။ အဲတော့ ကျွန်တော်နဲ့လည်း သုံးရက်မြောက်နေ့က စတွေ့တယ်၊ လေးရက်မြောက် စာတွေ့တယ်၊ ငါးရက်မြောက် စတွေ့တယ်၊
ခြောက်ရက်မြောက်မှာ စကောင်းတယ်ပေါ့။
ကဲ ထားပါတော့။

🎈အဲတော့ တုပ်ကွေးမှာ ဒီကလေးကကျတော့ သူက ဖျားတဲ့ တဲ့ နှစ်ရက်မှာ စဖျားတဲ့ နှစ်ရက်မှာ ဆေးသောက်လိုက် သက်သာလိုက်။ ကလေးဆိုတော့ဗျာ ဖျားနေတော့ အမေတွေကလည်း အိမ်ပြင်ပေးမထွက်တော့ အသက်၈ နှစ်ဆိုတော့ ဖုန်းပေးကြည့်တာပေါ့။ ဖုန်းပေးကြည့်တော့ ခေါင်းက မထူနိုင်ဘူး။

🎈ခေါင်းမထူနိုင်တော့ အန်တာ ပျို့တာတွေ တွဲလာတယ်။အဲတော့ အမေရော အဖေရော စိတ်ပူကြတယ်။ ကလေးက ငယ်ငယ်တုန်းက အသက်ကြီးမှလည်း ရတာလဲ ဆိုတော့လေ စိတ်တော်တော်ပူတယ်။

🎈ကျွန်တော့် vital signs စစ်တာတော့ အကုန်ကောင်းနေတယိ။
အဲတော့ မိဘစိတ်ပူတော့လည်း လိုတာတွေ အကုန်စစ်မယ်။ အကုန်စစ်မယ်ဆိုတော့လည်း တစ်သိန်းဝန်းကျင်လောက် ကုန်မယ်ပေါ့နော်။ သွေးလွန်တုပ်ကွေးကို သွေးထဲမှာ စစ်မယ်၊ ဦးနှောက်အမြှေးရောင် တွေ အူရောင်တာတွေ ဖျားဖစစ်မယ်။ တခြား CP & ESR ဖောက်လိုက်ရင် ကျွန်တော်တို့ ဆေးရုံကုသမှု ပေးလို့ရတယ် စစ်မလားဆိုတော့လည်း သူတို့က အဲလောက်ကြီးလည်း မဟုတ်သေးပါဘူးဆိုပြီးတော့ မစစ်ပြန်ဘူး။ ပိုက်ဆံကုန်မှာလည်း ဆိုးနေတာပေါ့နော်။

🎈တစ်သိန်းကျော်လောက် ကုန်မှာပေါ့။ စစ်တာဆေးတာ တစ်သိန်းကျော်လောက် ကုန်မှာပေါ့ဗျာ။ ဖျားတာ လေးရက် ငါးရက်ထဲ ဝင်လာပြီ သူတို့က စိတ်ပူတယ်။ ခေါင်းကလည်း မထူဘူးလေ ကလေးက။ ကျွန်တော့်အပိုင်းက ကြည့်ရင်တော့ ကလေးက ခေါင်းမထူနိုင်တာ ဪ ဆရာဝန်တစ်ယောက် အနေနဲ့ကတော့ လိုက်စစ်ကြည့်တော့ vital signs တွေက အကုန်ကောင်းနေတယ်။ အကုန်ကောင်းနေတော့ စိတ်ပူစရာတော့မရှိဘူး ရိုးရိုးတုပ်ကွေးပေါ့နော်။

🎈ရိုးရိုးတုပ်ကွေးက သူက တုပ်ကွေးဆိုတာကတော့ လက္ခဏာ အမျိုးစုံပြတတ်တယ်။ အသက်ရှူလမ်းကြောင်း တုပ်ကွေးဆို နှာသီးချောင်းဆိုး ဖြစ်မယ်။ သူက ချောင်းမဆိုးဘူးဗျာ။ ဒါပေမဲ့ တုပ်ကွေးဆိုတာမျိုးက အစာလမ်းကြောင်းထဲလည်း ဝင်သွားနိုင်တယ်လေ။ အစာလမ်းကြောင်း တုပ်ကွေးကတော့ အစာမဝင်တာ၊ ပျို့ချင်တာ၊ အန်ချင်တာ နောက်ပြီးတော့ အစာမဝင်တဲ့အတွက် နုန်းတာတွေ ရှိနိုင်တယ်ပေါ့နော်။ အဲတော့ အဲကလေး ထားလိုက်ပါတော့ဗျာ။ အဲတော့ တုပ်ကွေးက ခြောက်ရက် ဖြစ်တယ်။ အမေရော စိတ်ဆင်းရဲရတယ်၊ အဖေလည်း အလုပ်ပျက်ရတယ်ဗျာ။ ကဲ နောက်ပြီးတော့ အဲကလေး ခြောက်ရက်မြောက်လောက် ကျတော့ ကိုယ်ပူက ကျသွားတော့ တုပ်ကွေးက သေချာသွားတာပေါ့

🎈အခု တုပ်ကွေးက ထွက်ပြန်တော့ conjunctivitis မျက်စိတွေ နာပြီး ဆေးခန်း နောက်တခေါက်ထပ်လာရပြန်ရော။ (အခုတုပ်ကွေးက မျက်စိပါ နာတာနော်)
🎈
ကလေးတစ်ယောက် တုပ်ကွေးဖြစ်လိုက်တာ အမေကလည်း ဆီးချိုတွေတက် ဆောင့်တက်ရတယ်၊ အဖေကလည်း အလုပ်ပျက်ရတယ်၊
သူဖြစ်တဲ့ ရောဂါဆိုတာလည်း နောက်ဆုံး မျက်စိနာတဲ့အထိကို ဆေးခန်းကို ဒါ ငါးခေါက် ခြောက်ခေါက်ပေါ့နော်။ ဒါ ဖျားသက်သက် လေးရက်မြောက် စုစုပေါင်း မနက်ရော ညနေရော လာပြရတယ်ဗျာပေါ့နော်။ အဲတော့ ဘာပြောချင်တာလဲဆိုတော့ အဲလိုမျိုး လူနာမျိုးရှိရင် ဆရာဝန် ကြိုက်တာပေါ့ဗျာ။
ခဏခဏ လာနေရတာ။

🎈ကျွန်တော်တို့အတွက် ဒါက တွက်ချေကိုက်တာပေါ့ဗျာ။ ဒါပေမဲ့လည်း အဲလိုကလေးမျိုးသာ တုပ်ကွေးကာကွယ်ဆေးသာ ထိုးထားမယ်ဆိုရင် ဒီလိုခံရမှာ မဟုတ်ဘူးလေ။ အဲဒါလေး ကျွန်တော် မက်ဆေ့ခ်ျ (Message) ပေးချင်တာပါ
☺️☺️☺️

😍ပုံကတော့ သားတော်မောင် ကာကွယ်ဆေး ထိုးခံနေတာပါ ။လုံးဝ မရုန်းဘူး ။ ကိုကိုကြီး ဖြစ်သွားထဲက သတ္တိတွေ ပိုရှိ အဖေ / အမေ အတွက် ပိုအားကိုးရပါသော ကလေး

☺️​တုပ်ကွေး ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံ ၁🤗ကျွန်တော်တို့ နိုင်ငံ ပြည်တွင်းကို တုပ်ကွေးကာကွယ်ဆေး စပြီးတ...
21/05/2026

☺️​တုပ်ကွေး ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံ ၁

🤗ကျွန်တော်တို့ နိုင်ငံ ပြည်တွင်းကို တုပ်ကွေးကာကွယ်ဆေး စပြီးတော့ ဝင်တာ Vaxigrip ပေါ့ဗျာ။ Vaxigrip က သူ ၂၀၁၁၊ ၂၀၁၂ လောက်မှ ထင်တယ်၊ ကျွန်တော်တို့ ဆေးရုံကြီးတွေမှာ လိုက်ပြီးတော့ ကြော်ငြာတွေ... အမ်... ပရိုမိုးရှင်းတွေ ဆင်းတယ်ပေါ့နော်။ ပြီးတော့ သူတို့ product အကြောင်းတွေ ပြောပြတယ်။
​အဲဒါလေးတော့ ကျွန်တော် ကြားဖူးနေတာပေါ့နော်။
🤗ကျွန်တော့်ဆီမှာ စ ကြုံရတာကတော့ လူနာ... .. သူကတော့ ကွမ်းယာစားတယ်။ ကွမ်းယာစားတယ်၊ နောက်ပြီး ဒီလို မိုးတွင်းရောက်ပြီဆိုရင် သူ့မှာ နှလုံးသွေးကြောကျဉ်းတာ... နှလုံးသွေးကြောကျဉ်းတာလည်း ရှိတယ်။ အဲတော့ အဆုတ်ရောင်ရင် နှလုံးသွေးကြောကျဉ်းတာနဲ့ အဆုတ်ရောင်တာနဲ့ဆိုရင် ဆိုးဆိုးရွားရွား ဖြစ်တာပေါ့နော်။ မောလိုက်၊ ကျပ်လိုက်၊ ချောင်းဆိုးလိုက်၊ အဲတော့ အဆုတ်ရောင်တဲ့ဆေးတွေ ပေးရတယ်၊ စတီးရွိုက် (Steroid) တွေ ပေးရတယ်၊ ပိုးသတ်ဆေးတွေ ပေးရတယ်၊ ဂျုံဂျုံကျကျပေါ့နော်၊ ၁၄ ရက်လောက်ဆိုရင် ဂျုံဂျုံကျ။ ပြီးရင် ဟို... နှလုံးအတွက် ပြန်ကုရတာနဲ့ ပတ်ချာလည်နေတာပေါ့။ အဲတော့ တစ်နှစ်ကို နှစ်ကြိမ်လောက် သူက ဆေးရုံတက်ရတယ်။
​ဆေးရုံတက်ရတော့ အဲဒီ Vaxigrip စပေါ်တဲ့ ၂၀၁၂ မှာ အဲတော့ ရန်ကုန်ဆေးရုံကြီးကနေပြီးတော့ သူ့ကို ဒီတစ်ကြိမ် ဖြစ်ပြီးသွားတာကို သေချာကုပြီးရင် နောက်မဖြစ်ရအောင် Vaxigrip ထိုးဖို့ ကျွန်တော်တို့ ဆေးခန်းဆီကို ပြောလိုက်တယ်ပေါ့နော်။ အဲဒီတုန်းက Vaxigrip က နှစ်သောင်း၊ နှစ်သောင်းခွဲလောက် ထင်တယ်။ ရွှေဈေး... ရွှေဈေးတစ်ကျပ်သားကို ၈သိန်းခေတ်ကပေါ့နော်။
​အဲတော့ ဈေးက ကြီးတယ်ဗျ၊ ဈေးက ကြီးတော့ လူနာက ထိုးရင် ကောင်းမလား မကောင်းဘူးလား... "မဟုတ်ဘူး ဆရာကြီးတွေကတော့ လိုလို့ ထိုးခိုင်းတာ၊ အမရယ်... ကျွန်တော် ဝယ်ပြီး ထိုးပေးမယ်" ဆိုပြီးတော့ အဲဒါ သူ့ကို စထိုးပေးတယ်။ ထိုးပေးတဲ့ နေ့ကစပြီးတော့ သူ နောက်တစ်ခါ... နောက်တစ်ခါပေါ့နော်၊ ဒီမိုးအကုန် ဆောင်းအကူး တုပ်ကွေးမှာ သူ မဖြစ်တော့ဘူးဗျ။ နောက်နှစ်တွေမှာလည်း သူ ပုံမှန်ထိုးရမယ့် ပုံမှန်ထိုးသွားရင်းနဲ့ အခုအချိန်ထိ အဆုတ်ရောင်၊ နာတာရှည်ချောင်းဆိုး၊ အဆုတ်အအေးမိတာ မဖြစ်တော့ဘူးပေါ့နော်။
အဲ့ထဲက ကျွန်တော်လဲ တုပ်ကွေးကာကွယ်ဆေး ကို ဆေးခန်းမှ စသုံးနေခဲ့တာပါ

🤗​အခုတော့ သူက ထန်းတပင်ကို ပြောင်းသွားတယ်၊ အဲ့မှာတော့ လေကောင်းလေသန့်ရတော့ ကာကွယ်ဆေးရော ထိုး‌ေကာ ထိုးသေးရဲ့လားတော့ မသိဘူးပေါ့နော်။

အဲတော့ အဆုတ်ခဏခဏ ရောင်တဲ့သူတွေ၊ ကွမ်းယာစား ဆေးလိပ်သောက်တဲ့သူတွေ၊ နောက်ပြီး လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ကျဉ်းကျဉ်းနဲ့ ကျွန်တော်တို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေက တုပ်ကွေးကာကွယ်ဆေးက လိုအပ်တယ်ဆိုတာလေး ဗဟုသုတအနေနဲ့ ပြောပြတာပါဗျာ၊ နော်။

ပုံကတော့
ဇနီးသည် တုပ်ကွေးကာကွယ်ဆေး ထိုးပေးနေတာက ပုံထဲမှ တမိသားစုလုံး ပါနေလို့ တင်လိုက်တာပါ

ဒီနေ့ သက်သက်လွတ်စားတဲ့နေ့ပါ ဇနီးသည် ထည့်ပေးလိုက်တဲ့ ထမင်းဗူးကြည့်ပြီး a little လေး ရင်ခုန်သွားလို့ 😄😄😄
21/05/2026

ဒီနေ့ သက်သက်လွတ်စားတဲ့နေ့ပါ
ဇနီးသည် ထည့်ပေးလိုက်တဲ့ ထမင်းဗူးကြည့်ပြီး
a little လေး ရင်ခုန်သွားလို့ 😄😄😄

🫠တုပ်ကွေး ကာကွယ်ဆေး များ ဒီနှစ်အတွက် ထိုးမယ်ဆိုရင် ကျွန်တော်ပြထားတဲ့ တံဆိပ်လေး ထိုးကြပါလား ။သူက brand အသစ်ပါ ခင်ဗျ။ ကျွန...
19/05/2026

🫠တုပ်ကွေး ကာကွယ်ဆေး များ ဒီနှစ်အတွက် ထိုးမယ်ဆိုရင် ကျွန်တော်ပြထားတဲ့ တံဆိပ်လေး ထိုးကြပါလား ။

သူက brand အသစ်ပါ ခင်ဗျ။

ကျွန်တော့် online မိတ်ဆွေတွေ ဆေးခန်းက လူနာ မိတ်ဆွေ တွေ လဲ သိကြတာပဲ
“ကျွန်တော် ကာကွယ်ဆေး တွေ ပတ်ထိုးတယ်ဆိုတာ “

ဒီနှစ်တွေ အတွင်း ကျွန်တော် ကာကွယ်ဆေးတွေ ထိုးရတာ တော်တော် စိတ်မသက်မသာ ဖြစ်ရပါတယ်။

“ဆေးခန်းမှာ ခွေးကိုက်ခံရတဲ့ လူနာ လာရင် စိတ်တွေ တအား ညစ်တာပါဆို”

ခွေးရူးပြန်ကာကွယ်ဆေးက အရင်လိုမပေါတော့ဘူး
အစိုးရက သွင်းတာ က အစိုးရဆေးရုံတွေ အတွက်ပဲ သွင်းပေးထားတာပါ။
အပြင်မှာ ဝယ်လို့ရတယ်ဆိုရင် ဒီဆေးရတဲ့ လမ်းကြောင်းတွေ စဉ်းစား လိုက်တိုင်း ကာကွယ်ဆေး ထိုးကို မထိုးပေးချင်တော့တာ

တုပ်ကွေးကာကွယ်ဆေး ဆို ကျွန်တော်တို့ ပြည်တွင်း သုံးတာ တံဆိပ် ၂ မျိုးပဲ
(တုပ်ကွေး ကာကွယ်ဆေး ဆို ကျွန်တော့် နဲ့ ထိုးတဲ့ ကျွန်တော့် မိတ်ဆွေ အယောက် ၁၀၀၀ လောက်ရှိတယ် နှစ်စဉ်)

ဒီ ၃ နှစ် မှာ ဆို ကျွန်တော် စိတ်မချလို့ လိုက်ကို မထိုးပေးတော့တာပါ ။ ကာကွယ်ဆေးတွေ ဘယ်လို လမ်းကြောင်းတွေနဲ့ လာလဲ အသိဆုံး။

မနှစ်ထဲက ကျွန်တော် sky cell flu ဒီတံဆိပ်နဲ့ တွေ့တော့ ဒီတံဆိပ်ပဲ ဆေးခန်းမှာပဲ ထိုးပေးတော့တယ်။
ဆေးအသစ် ဆိုတော့ ဆေးခန်းက လူနာ အယောက် ၂၀၀ပဲ ထိုးပေးတယ်။ အယောက် ၂၀၀ မှာ တယောက်လောက်ပဲ ဖျား လ်ို့ လာပြန်ပြတာ ကြုံရတယ်။
(အရင်နှစ်တွေက ဆို တုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့ ကိုယ့်လူနာတွေ ဖျားပြီး အဆုတ်ရောင်လို့ ကိုယ်မှာ့ မျက်နှာ ပူရတဲ့ အထိ)

ဒီနှစ်လဲ ဒီတံဆိပ်ပဲ ထိုးမယ် လို့ ဆုံးဖြတ်ပြီး ဆေးခန်းမှာ နံမည်စာရင်း လာပေးကြတဲ့ လူနာတွေကလဲ မနှစ်က လူရင်းတွေပါပဲ။

အဲ့တော့ ကျွန်တော့် မိတ်ဆွေတို့ တုပ်ကွေးကာကွယ်ဆေး ထိုးရင် ဒီတံဆိပ် skycell flu vaccine လေး ပြောင်းထိုးကြပါလို့ recommend လုပ်ပါတယ် ။

Distributor ကလဲ SML ဓါတ်ခွဲခန်းက ဆိုတော့ ကာကွယ်ဆေး နဲ့ပတ်သက်ပြီး ပိုပြီး စိတ်ချရပါတယ်။

မနှစ်က ဒီလိုကျွန်တော့် မျက်စိရှေ့တင် ကာကွယ်ဆေး ထုတ်ပေးတဲ့ ကောင်တာက ဆရာမလေးက ဖုန်းဖြေပေးနေတာ ကြားရော
“နယ်ပို့ပေးဖို့ customer က ဖုန်းနဲ့လှမ်းပြောနေတာ “
ရှင် cold chain ပြယ်ပြီး လူနာတွေကို ရေထိုးပေးမလို့လားလို့ ဆိုပြီး ရန်တွေ့နေတာ ကြားမိ

နံမည်ကြီး တံဆိပ် ၂ ခုက အခုနှစ်တွေ အတွင်း အဝင် နောက်ကျပါတယ် ။ လိုင်စင်ကိစ္စတွေကြောင့်

“ဆေးရှိတယ် ဆေးလဲ သက်သာတယ်ဆိုရင်လဲ ယိုးဒယား စာတွေ နဲ့ပါလို့”

ဒီတံဆိပ်ကို SML vaccine clinic မှာလဲ သွားထိုးလို့ရပါတယ်။

ကျွန်တော့် တော့ ဆေးခန်းထိုင် တဲ့ အချိန် တိုးထားတဲ့ အတွက် ကာကွယ်ဆေးများ အိမ်တိုင်ရာရောက် လိုက်လံထိုးပေးခြင်းကို နားထားပါတယ်

အဖေဟာ သမီးရဲ့ အချစ်ဉီး ပါ 😍😍😍“Post တွေ ပြန်တင်မလို့အားယူ”
18/05/2026

အဖေဟာ သမီးရဲ့ အချစ်ဉီး ပါ 😍😍😍

“Post တွေ ပြန်တင်မလို့အားယူ”

15/04/2026

က ချင် ခုန် ချင် ကဲချင် တဲ့စိတ်အပြည့် ပါနော်
ဒီနှစ်တော့ ကလေးထိန်းလိုက်အုံးမယ်😄

Address

Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595141126

Website

Alerts

Be the first to know and let us send you an email when Define Your Prime By Dr. YE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share