24/05/2026
Maslow's Hierarchy of Needs ကိုသိကြလား။
Career အစပိုင်းမှာ ခေါင်းငုံ့ပြီးရုန်းကန်ရတာ ဘာမှမဖြစ်ဘူး။ အောက်လည်းကျို့နိုင်တယ်၊ သည်းလည်းခံနိုင်တယ်။ ဘဝကနည်းနည်းအဆင်ပြေသလို ဖြစ်လာတဲ့အခါ စိတ်ခံစားမှုတွေကမတူတော့ဘူး။ အရင်က သည်းခံနိုင်ခဲ့တာတွေက အခုအခါစိတ်အနှောင့်အယှက်ဖြစ်လာတယ်။ အရင်က အဓိပ္ပါယ်ရှိတဲ့အရာတွေက အခုအဓိပ္ပါယ်မရှိသလိုဖြစ်လာတယ်။
တစ်ချို့လူတွေက အဲဒီလိုအချိန်မှာ အရင်နဲ့မတူတော့ဘဲ မောက်မာလာတာမျိုး၊ အထက်ကို ပိုပိုပြီးတက်ချင်တာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ပစ္စည်းတွေပိုမက်မောလာသလိုမျိုးလည်း ဖြစ်တတ်တယ်။ လောဘကပ်သွားပြီး ငွေတွေ၊ ရာထူးတွေနောက် မဆုံးနိုင်အောင် လိုက်ရင်းကျန်းမာရေးနဲ့ မိသားစုကို လစ်လျှူရှုလာတာတွေလည်း မြင်ဘူးကြမှာပါ။
အသက်ကြီးလာတဲ့အခါ မိသားစုလိုအပ်ချက်တွေကပြောင်းလာတယ်- ဥပမာ မိဘကိုပြုစုဖို့လိုလာတယ်၊ ဒါမှမဟုတ် သားသမီးတွေကိုဂရုစိုက်ဖို့လိုလာတယ်။ ဒီလို ဘဝလိုအပ်ချက်တွေပြောင်းလာတဲ့အခါ Career နဲ့ Family ကြားမှာ လွန်ဆွဲတာမျိုး၊ ဒီ့ထက်ပိုပြီးနက်ရှိုင်းတဲ့ အလုပ်တော့လုပ်နေတယ် ရင်ထဲမှာ ဘာလိုနေမှန်းမသိဘူး။ ပျော်လည်းမပျော်၊ ဝမ်းလည်းမနည်းနဲ့ ဘာမှန်းကို မသိဘူးဆိုတဲ့အချိန်မျိုး လူတိုင်းမှာရှိနိုင်တယ်။
ကျွန်မအတွက်တော့ Maslow's Hierarchy of Needs အယူအဆကိုသိရတာ အပေါ်မှာပြောခဲ့တဲ့ Struggle တွေကိုလည်းနားလည်ပြီး ကိုယ့်ဘဝကိုလည်း ရှင်းကနဲ လင်းကနဲ ကိုဖြစ်သွားတာပါပဲ။ ပါတ်ဝန်းကျင်ကကိုယ့်ကိုဖြစ်စေချင်တာတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုတွေထဲမှာ တဝဲလည်လည်ဖြစ်မနေဘဲ ကိုယ့်လမ်းကိုယ်ဖေါက်ချင်တဲ့သူတွေအတွက် ဒီ Mental Model က အထောက်အကူပြုမယ်ထင်ပါတယ်။
(2019) လောက်က ရေးဖြစ်တာလေးက အဲဒီအချိန်ထက် အခုအခြေအနေနဲ့ ပိုကိုက်ညီနေလို့ ပြန်မျှဝေချင်ပါတယ်။ eBook ကို ဒီလင့်ကနေ ရယူနိုင်ပါတယ်။
https://drive.google.com/drive/folders/1F_qrLmZvrRfcFZ9ia5XEZCq1eS-o6b0M?usp=drive_link