03/08/2026
ရုံးမှာ Toxic ဖြစ်နေတဲ့ အခြေအနေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်တဲ့ နေ့တွေမှာ 🛡 ကိုယ့်ရဲ့ Aura ကို ကာကွယ်ဖို့ ရွတ်ဆိုရမယ့် Affirmation 🍃
Hello Ascendants...
ကိုယ့်ရဲ့ မနက်ခင်းမှာ စတင်လိုက်တဲ့ စိတ်ခံစားမှုက တစ်နေ့တာလုံးရဲ့ အလုပ်အကိုင်နဲ့ ငွေကြေးစီးဆင်းမှုအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အလုပ်စားပွဲကို မထိုင်ခင်မှာ ကိုယ့်ရဲ့ Mindset ထဲကနေ စိတ်ရှုပ်ထွေးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို အရင်ဆုံး ရှင်းထုတ်ဖို့ Clear လုပ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာ အကောင်းမြင်စိတ်တွေ လွှမ်းမိုးပြီး အခွင့်အလမ်းကောင်းတွေ ဆွဲဆောင်နိုင်ဖို့ ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် မနက်တိုင်း အလုပ်မစခင်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြောဆိုပေးရမယ့် Affirmations လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Affirmations တွေဆိုတာ နှုတ်ကနေ ရွတ်ဆိုရုံသက်သက် မဟုတ်ဘဲ၊ ရွတ်ဆိုနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်ထဲကနေ "တကယ်ပဲ ဒီလိုဖြစ်နေပြီ" ဆိုတဲ့ Feeling နဲ့ Belief ပါ ပေါင်းစပ်လိုက်မှသာ Law of Attraction အရ အစွမ်းထက်လာမှာ ဖြစ်ပါတယ်။
ဒီနေ့အတွက် ပြောပြပေးမယ့် Affirmation လေးတွေက 🙁 ရုံးမှာ Toxic ဖြစ်နေတဲ့ အခြေအနေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်တဲ့ နေ့တွေမှာ 🛡 ကိုယ့်ရဲ့ Aura ကို ကာကွယ်ဖို့ ကို ကာကွယ်ဖို့ ရွတ်ဆိုဖို့အတွက်ပါ
🧘♀️ ငါ့ပတ်ဝန်းကျင်က Negative Energy တွေဟာ ငါ့ရဲ့ အေးချမ်းမှုကို မထိခိုက်စေနိုင်ဘူး။
🧘🏻♀️ The negative energy around me cannot disturb my inner peace.
🧘♀️ ငါဟာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကိုသာ ဖန်တီးပြီး၊ အလုပ်ခွင်မှာ Positive Vibe တွေကိုပဲ ဖြန့်ဝေတယ်။
🧘🏻♀️ I create only peace and joy, radiating positive vibes throughout my workplace.
🧘♀️ ငါ့ဆီကို ရောက်လာသမျှ လူတိုင်းနဲ့ အဆင်ပြေပြေ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ စွမ်းအင် ငါ့မှာ ရှိတယ်။
🧘🏻♀️ I possess the energy to collaborate smoothly and harmoniously with everyone I encounter.
🧘♀️ ဒီနေ့ ငါ့ရဲ့ စိတ်ဟာ အပြည့်အဝ တည်ငြိမ်နေပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုသာ ချမှတ်နိုင်တယ်။
🧘🏻♀️ Today, my mind is completely centered, allowing me to make only the right decisions.
မိမိနဲ့ အကိုက်ညီဆုံး စာသား ၁ ခု (သို့) ၂ ခုကို ရွေးချယ်ပြီး မြန်မာလိုဖြစ်ဖြစ်၊ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ကိုယ်အားသန်တဲ့ Language နဲ့ မနက်တိုင်း မှန်ကြည့်ပြီးဖြစ်စေ၊ စိတ်ထဲကဖြစ်စေ ယုံကြည်မှုအပြည့်နဲ့ ရွတ်ဆိုပေးနိုင်ပါတယ်ရှင်
Monday တိုင်း ငွေကြေးနဲ့ အလုပ်အကိုင်၊ ပျော်ရွှင်ငြိမ်းချမ်းတဲ့ နေ့ရက်လေးတွေ တည်ဆောက်ဖို့ Affirmation လေးတွေ မျှဝေပေးမှာမလို့ Page လေးကို စောင့်ကြည့်ပေးပါနော်
အားလုံးပဲ စိတ်အေးချမ်းသာ အောင်မြင်ပျော်ရွှင်ကြပါစေရှင်