အောင်မိသားစုဆေးခန်း

အောင်မိသားစုဆေးခန်း မိသားစုေဆးပညာဆရာဝန္မ်ားမွ က်န္းမာေ

31/12/2020

📌 မိမိတို့အိမ်မှာ အသက်ကြီးတဲ့ဖိုးဖိုးဖွားဖွား ဖေဖေမေမေတွေ ရှိကြလား?

📌 သူတို့အတွက် အိမ်က မိသားစုတွေ ဘာကို စိတ်ပူကြသလဲ❓❓❓❓❓

📌 မိမိတို့ ချစ်လှစွာသော မိဘတွေအတွက် ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ပေးပေမဲ့ အသက်အရွယ် ကြီးပြင်းလာလို့ အစားအသောက် သိပ်စားမဝင်တော့ဖူးဆို ဘယ်သူမှ စိတ်ချမ်းသာကြမှာ မဟုတ်ပါဖူး။ 😭

📌 ဒီအတွက် ကျွန်တော်တို့ HDN မှ မိသားစုဆရာဝန်များက အသက်အရွယ်ကြီးသောဖိုးဖိုးဖွားဖွားများကို ကြည့်ရှုစောင့်ရှောက်မှုအတွေ့အကြုံပေါင်းများစွာကို အခြေခံပြီး ဆွေးနွေးတိုင်ပင်အဖြေရှာကုသပေးနိုင်ပါတယ်။ 👍

📌 ဘယ်လိုအချက်တွေက အသက်အရွယ်ကြီးရင့်လာတဲ့ ဖိုးဖိုးဖွားဖွားတွေကို အစားအသောက်ပျက်စေသလဲ?
👨🏼‍⚕️ အသက်ကြီးဖိုးဖိုးဖွားဖွားတွေ အစားအသောက်ပျက်ရခြင်း အကြောင်းများစွာရှိပါတယ်။ ထိုထဲမှ တချို့သော အကြောင်းအရာတွေကတော့
1️⃣ အသက်အရွယ်ကြီးလာ၍ အနံ့ခံမှု ၊ အရသာအာရုံခံစားနိုင်မှု နည်းပါးလာခြင်း။
2️⃣ သန့်ရှင်းရေးလုပ်ရန်ခက်ခဲခြင်း နှင့် သန့်ရှင်း‌ေရး ပြုလုပ်မှု စနစ်မကျခြင်းတို့ကြောင့် ပါးစပ်၊ ပါးစောင်း၊ လည်ပင်းတို့တွင် အပူနာများပေါက်ခြင်း။
3️⃣ ခံတွင်းကျန်းမာရေးနှင့် သွားကြံ့ခိုင်မှု အားနည်းလာခြင်း။
4️⃣ နေထိုင်မကောင်း ဖျားနာခြင်း။
5️⃣ စိတ်ဓာတ်ကျဆင်းခြင်း။ ( Geriatric Depression)
6️⃣ မှတ်ဉာဏ်အားလျော့နည်းခြင်း( Dementia) နှင့် မိမိဖာသာ ရပ်တည်နိုင်မှုစွမ်းရည် ကျဆင်းလာခြင်း(Frailty)
7️⃣ ဝမ်းချုပ်ခြင်း နှင့် အူလမ်းကြောင်းပိတ်ဆို့ခြင်း။
8️⃣ ကင်ဆာနှင့် သိုင်းရွှိုက်ရောဂါ များရှိခြင်း။
9️⃣ ရာသီဥတုအပြောင်းအလဲ‌ ဖြစ်ခြင်း။
စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးတို့ကြောင့်ဖြစ်နိုင်ပါတယ်။

📌 ကျွန်တော်တို့ HDN မှမိသားစု ဆရာဝန်များက ဖြစ်နိုင်သောအကြောင်းအရာကို ရှာဖွေ၍ ကုသဆွေးနွေးပေးရာတွင် အထူးကျွမ်းကျင်ပါသည်။

👩‍💼 ဖိုးဖိုးဖွားဖွားတွေကို အစားအသောက်ပျက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ?
👨🏼‍⚕️ ဖြေရှင်းနည်းတွေ အများကြီးရှိပါတယ်။ အတိုချုံပြောရရင် အစားအသောက်ပျက်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီး ကုသပေးရပါမယ်။ အစားအသောက်‌ကောင်းစေသော ဆေးဝါးများကို မှီဝဲခြင်းကိုလဲ HDNမှဆရာဝန်များနှင့် တိုင်ပင်ပြီးမှီဝဲလို့ရပါတယ်။ အရေးကြီးဆုံးအချက်ကတော့ မိသားစုဝင်များ ပါဝင်ကြိုးစားမှုဘဲဖြစ်ပါတယ်။

👩‍💼 မိသားစုဝင်များ ပါဝင်ကြိုးစားမှုဆိုတာ ဘာလဲ?
👨🏼‍⚕️ ‌အခြေခံအရေးကြီးဆုံးကတော့ ကိုယ်ချင်းစာပေးတတ်မှု နှင့် မေတ္တာတရားဘဲဖြစ်ပါတယ်။
1️⃣ အသက်အရွယ်ကြီးရင့်လာလို့ လှုပ်ရှားမှု နှေးကွေးလာခြင်း။ စာ‌းသောက်မှု နှေးကွေးလာခြင်းတို့ကို လက်ခံနားလည်ပေးရပါမယ်။

2️⃣ အသက်ကြီးလာသဖြင့် အရသာနဲ့ အနံအာရုံခံနိုင်စွမ်းလျော့နည်းလာသောကြောင့် လူငယ်လူရွယ်တို့အဖို့ အရသာရှိသော အစားအစာများဖြစ်သော်ငြားလည်း ဖိုးဖိုးဖွားဖွားတို့ ခံတွင်းတွင် မည်သည့်အရသာမှ မရှိဖြစ်တတ်ပါသည်။ ဤအချက်ကို နားလည်သဘောပေါက်မိစေလိုပါသည်။

3️⃣ အလေးထားမှု
ဖိုးဖိုးဖွားဖွားတို့ ခံတွင်းတွေ့သော အစားအစာများကို စီမံပေးခြင်း၊ မည်သို့စီမံပေးရမည်ကို အလေးထားမေးမြန်းခြင်းတို့ ပြုလုပ်သင့်ပါသည်။ ထိုသို့ပြုမူခြင်းက ဖိုးဖိုးဖွားဖွားတို့ စိတ်ဓာတ်ခွန်အား( psychological support ) ရရှိလာစေကာ အစားအစာများကို စားချင်စိတ်ဖြစ်လာစေနိုင်ပါသည်။

📌 အခြားသော ဆေးဝါးဆိုင်ရာလိုအပ်မ‌ှုများကို HDN မှ မိသားစုဆရာဝန်များနင့် ဖိုးဖိုးဖွားဖွားတို့အိမ်မှ မခွာစေဘဲ ဆေ‌ွးနွေးတိုင်ပင်နိုင်ပါသည်။

👩‍💼 ဖိုးဖိုးဖွားဖွားတို့ အတွက် ဆရာတို့ HDNကနေ ဒီလိုအခြေအနေအတွက် ဘယ်လို စီစဉ်မှု‌ေတွ လုပ်ပေးထားလဲ?
👨🏼‍⚕️ အိမ်ပင့် အတွေ့အကြုံရင့် မိသားစု ဆရာဝန်တွေ ကိုယ်တိုင် အိမ်အရောက်လာကြည့်ပေးတယ်။ ရင်းနှီးစွာနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ပြောမယ်။ မလုပ်သင့်တာကို တားမြစ်မယ်။ သွားကျန်းမာရေးအတွက်လိုအပ်ပါက သွာ‌းဆေးခန်းသို့ သွားစရာမလိုဘဲ မိသားစုသွားဆရာဝန်ကို အိမ်အရောက်ဝန်ဆောင်မှု( သွားဖာ၊ သွားစိုက်၊ ဆေးထည့်ခြင်း) ပေးစေခြင်းတို့ပါပြုလုပ်ပေးပါမယ်။ ပြီးပြည့်စုံသော အိမ်ပင့်ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်ပါတယ်။ 👍

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

📌 Housecall Doctors Network မှ မိသားစုဆရာဝန်များက အိမ်ပင့်ဆေးကုသခြင်း ၃၀၀၀ ကျော်ထိပြုလုပ်ပြီးသော အတွေ့အကြုံရင့် မိသားစုဆရာဝန်များဖြစ်ပါတယ်။

📌 စစ်မှန်သော‌ပြည့်စုံသော Home care service ဖြစ်အောင် ကြိုးစားနေတာနဲ့ အညီ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ကာ ကုသခြင်းများ၊ ညွှန်းဆိုခြင်းများ ပြုလုပ်ပေးနေပါသည်။

📌 ကျန်းမာရေးဆိုင်ရာကိစ္စအဝဝကို အိမ်ပြင်ထွက်စရာမလိုဘဲ မိမိအိမ်တွင်းမှာဘဲ အကုန်ရရှိနိုင်အောင် ကျွန်တော်များ Housecall Doctors Network မှ ဝန်ဆောင်မှုပေးထားပါသည်။

📌 သင့်မိသားစုကျန်းမာရေးအတွက် ကျွန်တော်တို့အမြဲရှိနေပါသည်။

👩‍💼 ဆရာတို့အဖွဲ့ကို ရှာချင်ရင်ဘယ်လိုရှာ ဆက်သွယ်ရမလဲ?
👨🏼‍⚕️ Facebook မှာရှာမယ်ဆို Housecall Doctors Network လို့ရိုက်ပြီး ရှာဖွေလို့ရသလို #အိမ်ပင့်ဆရာဝန် လို့လဲ လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့ ........

🏥 အမှတ် (၂၆)၊ မြေညီထပ်၊ ၁၃ လမ်းအောက်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 953 000 192

#အိမ်ပင့်ဆရာဝန်



27/09/2020
📌 သားသားမီးမီး ရင်သွေးငယ်လေးများဟာ မိဘတွေရဲ့ ရင်နှစ်သည်းချာ တန်ဖိုးထားရတဲ့သူများဖြစ်ပါတယ်။ ယခုလို COVID ဖြစ်ပွါးနေတဲ့ အခ...
13/09/2020

📌 သားသားမီးမီး ရင်သွေးငယ်လေးများဟာ မိဘတွေရဲ့ ရင်နှစ်သည်းချာ တန်ဖိုးထားရတဲ့သူများဖြစ်ပါတယ်။ ယခုလို COVID ဖြစ်ပွါးနေတဲ့ အချိန်ခါ မှာ သားသားမီးမီးတို့ ဖျားနာခဲ့ရင် မိဘတွေ ရတက်မအေး စိတ်ပူပန်ရပါတယ်။

📌 ဆေးရုံသွားဖို့လဲခက်ခဲ ၊ ဆေးခန်းတွေလဲ ရှာရခက်နေချိန်မှာ ဖေဖေမေမေတို့ ရင်ထဲ ဗလောင်ဆူ စိတ်ပင်ပန်းမှုတွေ လျော့ပါးစေဖို့ မိမိအိမ်မှာနေရင်း ကုသနိုင်အောင် ရည်ရွယ်ပြီး အောင်မိသားစုဆေးခန်းမှ ဒီဆောင်းပါးကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

⛔️ဘယ်ချိန်မှာ ကလေးဖျားတယ်လို့ သတ်မှတ်မလဲ?
📌 ပြဒါးတိုင်နဲ့ တိုင်းလို့ အပူချိန် ၉၈.၆ ကျော်လျှင် အဖျားတက်တယ်လို့ ယူဆလို့ ရပါတယ်။

⛔️ အဖျားကို ဘယ်လိုတိုင်းမလဲ?
📌 သာမိုမီတာကို ကလေးရဲ့ ဂျိုင်းကြားမှာ ၁မိနစ်ခန့်ထားပါ။ ရရှိလာတဲ့ အပူချိန်ကို + ၁ပေါင်းပေးပါ။ (ဥပမာ ၉၇ ဆိုလျှင် ၉၇ + ၁ = ၉၈ ရှိပါသည်။)

⛔️ ကိုယ့်ကလေးဖျားပြီဆို ဘာတွေ လုပ်ရမလဲ?
📌 အရေးကြီးဆုံးက မိဘတွေ စိတ်အေးအေးထားပြီး လုပ်စရာရှိတာ လုပ်ထားဖို့ ဖြစ်ပါတယ်။

1️⃣ အပူချိန် ၉၈.၆ ကျော်လျှင် ဖျားသည်ဟု သတ်မှတ်ပြီး ရေပတ်ဝတ်နိုင်နိုင်တိုက်ပေးပါ။ (နဖူး၊ လည်ပင်း၊ ဂျိုင်းကြား ၊ ပေါင်ကြား ၊ တံကောက်ကွေးကြားကို ရေပတ်ဝတ်နိုင်နိုင်တိုက်ပေးပါ။ )

2️⃣ အပူချိန် ၁၀၀ ဒီဂရီသို့ ရောက်လျှင် ပါရာစီတမော စတင်တိုက်ကျွေးပေးပါ။
ဆေးအချိုးအစားကတော့
👍🏼 ၃လမှ ၁နှစ်ထိ တစ်ခါသောက် ၆၀ မီလီဂရမ်
👍🏼 ၁နှစ်မှ ၅နှစ်ထိ တစ်ခါသောက် ၁၂၅ မီလီဂရမ်
👍🏼 ၆နှစ်မှ ၁၁နှစ်ထိ တစ်ခါသောက် ၂၅၀ မီလီဂရမ်
👍🏼 ၁၂နှစ် အထက် တစ်ခါသောက် ၅၀၀ မီလီဂရမ်

ကို တစ်နေ့လျှင် ၃ကြိမ်မှ ၄ကြိမ် ထိတိုက်ကျွေးနိုင်ပါသည်။ သောက်ဆေးနှင့် ရေပတ်ဝတ်ကို တစ်လှည့်စီ လုပ်ပေးခြင်းက ကိုယ်ပူကို တောက်လျောက်ကျနေစေပါသည်။

3️⃣ ပေါ့ပါး၍ ချွေးစုပ်လွယ်သော အထည်များ ဝတ်ဆင်ပေးပါ။

4️⃣ လေဝင်လေထွက်ကောင်းပြီး အေးမြသော အခန်းထဲတွင်ထားပါ။

5️⃣ ချွေးထွက်များလျှင် ရေ သို့ ဓာတ်ဆားရည်များများတိုက်ပေးပါ။ နို့ ၊ ဆန်ပြုတ် စသော အစာကြေလွယ်သော အစားအစာများနှင့် အညိုရောင် မပါသော အစားအစာများကို ကျွေးပေးပါ။ အန်ခဲ့လျှင် ငါးမိနစ် နားပြီး ပြန်ကျွေး ပြန်တိုက်ပေးပါ။

6️⃣ ရေချိုးခြင်းပြုလုပ်သင့်ပါသည်။ ရေချိုးခြင်းသည် အဖျားကျစေရန် အကူအညီပေးပါသည်။

❌ မလုပ်သင့်သည်များ
📌 မက်ကလောင်ဖောက်ခြင်း ၊ မက်ကလောင်ခြစ်ခြင်းတို့ မပြုလုပ်သင့်ပါ။ အခန့်မသင့်လျှင် အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။
📌 အကိုက်အခဲပျောက်ဆေး (NSAID ) များ ကလေးငယ်များကို မတိုက်သင့်ပါ။

⚠️⚠️⚠️ သတိထားရမည့်အချက်များ
၁။ ကလေးမှာ ဖျားလွန်း၊ မှိန်းလွန်း ခြင်း။
၂။ နို့စို့ နည်းလာခြင်း၊ အစားအသောက် နည်းလာခြင်း။
၃။ အညိုရောင်ရှိသော အရာများအန်ခြင်း။
၄။ ဗိုက်အောင့်လွန်းခြင်း။
၅။ ခြေဖျားလက်ဖျားများအေးစက်လာခြင်း။
၆။ သတိလစ်မေ့မျောခြင်းတို့ ရှိလာပါက
#နီးစပ်ရာဆေးရုံသို့ အမြန်သွားရောက်ပြသ ကုသမှု ခံယူသင့်ပါသည်။

📢 ကလေးငယ်များ ဖျားနာလျှင် ဆေးခန်းသို့ခေါ်မလာဘဲ ဆေးခန်းpage message box သို့ လည်းကောင်း၊ ဆေးခန်းဖုန်းဆက်၍ လည်းကောင်း ဆက်သွယ် မေးမြန်းအကြံဥာဏ် ရယူနိုင်ပါသည်။

☎️ ၀၉ ၈၉၃ ၅၃၉၁၂၃

🏥 ၂၁/က ၊ မြေညီထပ်၊ သမာဓိ(၄)လမ်း ၊ ဆ/ကရပ်ကွက်၊ င်္သဃန်းကျွန်းမြို့နယ်။

Dr. ရဲလင်း
M.B.,B.S(YGN)
Dip. Med.Sc(Family Medicine)
အထွေထွေရောဂါကုနှင့် မိသားစုဆေးပညာ ဆရာဝန်

📢📢📢 ဆေးခန်းကို ယနေ့မှစ၍ သုံးရက်ခေတ္တ ခန ပိတ်ပါမည်။  📌📌📌 (၁၄.၉.၂၀၂၀) တနင်္လာနေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်ပါမည်။ Stay a...
11/09/2020

📢📢📢 ဆေးခန်းကို ယနေ့မှစ၍ သုံးရက်ခေတ္တ ခန ပိတ်ပါမည်။

📌📌📌 (၁၄.၉.၂၀၂၀) တနင်္လာနေ့တွင် ပုံမှန်အတိုင်း ပြန်ဖွင့်ပါမည်။ Stay at Home ကာလတွင် တတ်နိုင်သမျှ အိမ်မှာနေပါ။ အပြင်သွားလျှင် maskတပ်ပါ။ အပြင်က ပြန်လာလျှင်လဲ လက်ဆေးပေးပါ။

📌📌📌 ကျန်းမာရေးနဲ့ဆိုင်သော မည်သည့် ပြဿနာမဆို ဆေးခန်း Page Message box သို့ ဆက်သွယ်၍သော်လည်းကောင်း၊ ဆေးခန်းဖုန်းသို့ ဆက်သွယ်၍သော်လည်းကောင်း အကူအညီတောင်းခံနိုင်ပါသည်။

🧑🏻‍⚕️ ထိုအတွက်မည်သည့် အခကြေးငွေမှ ကောက်ခံခြင်းမရှိပါ။ တတ်နိုင်သည့်ဖက်မှ ဆရာအနေနဲ့ ကူညီခြင်းဖြစ်ပါသည်။

💪🏻💪🏻💪🏻 Stay at home ခြင်းဖြင့် COVID 19 ကပ်ကြီးကို အတူတကွ ကျော်ဖြတ်ကြရအောင် 💪🏻💪🏻💪🏻

☎️ ၀၉ ၈၉၃ ၅၃၉၁၂၃

Dr. ရဲလင်း
M.B.,B.S(YGN) ၊
Dip. Med.Sc (Family Medicine)
အထွေထွေ ရောဂါကုနှင့် မိသားစုဆေးပညာဆရာဝန်

တရပ်ကွက်လုံးဆေးခန်းပိတ်ထားလို့ ရင်ဘတ်အောင့်တာ မျိုးဖြစ်တာ သုံးရက်ရှိပြီ။ ဆရာဖွင့်တယ်ကြားလို့ လာခဲ့တာ ဆိုတဲ့ အဖွား။ ECG ရ...
06/09/2020

တရပ်ကွက်လုံးဆေးခန်းပိတ်ထားလို့ ရင်ဘတ်အောင့်တာ မျိုးဖြစ်တာ သုံးရက်ရှိပြီ။ ဆရာဖွင့်တယ်ကြားလို့ လာခဲ့တာ ဆိုတဲ့ အဖွား။ ECG ရိုက်ကြည့်လိုက်တော့ ချက်ချင်းဆေးရုံသွားခိုင်းရတယ်။ မသွားရင် အချိန်မရွေး အသက်အန္တရာယ် ဖြစ်နိုင်တယ်။ သေနိုင်တယ်။

ဒါကြောင့် တောင်းပန်ပါတယ်ဗျာ။ အဖျားလူနာတွေ ဆေးခန်းလာမပြကြပါနဲ့။ Para ကြိုသောက်ပြီး ဆေးခန်း လာမပြကြပါနဲ့ဗျာ။

Positive လူနာ ဆေးခန်းလာတာနဲ့ PPE ဘယ်လောက်ဝတ်ဝတ် အမေးအမြန်းမရှိ Qမိတယ်။ ကျွန်တော် Q မိရင် နောက်မှာ အဲ့လိုလူနာတွေ တကယ်ဒုက္ခရောက် သေကုန်လိမ့်မယ်။ ခုချိန်က ဆေးရုံဆို တော်ရုံ သွားချင်ကြတာမဟုတ်ဖူး။ ဆေးခန်းတွေလဲ အရဲစွန့်ဖွင့်ရဲကြတာမဟုတ်ဖူး။ ဘယ်သူက ဒါမျိုးနှလုံးဖောက်နေတာကို ထင်မိပြီး ဆေးရုံတန်းသွားကြမလဲ? ဆရာဝန်က သွားကိုသွားရမယ်ဆိုမှ မဖြစ်မနေ သွားကြတာ။ ဒီအခြေအနေမျိုးမှာ အချင်းချင်းကိုယ်ချင်းစာကြပါဗျာ။ ကိုယ့်မိဘ ကိုယ့်ဆွေမျိုးထဲမှာ ရောဂါအ‌ခြေအနေ နောက်ကျမှသိရလို့ အသက်ဆုံးသွားတဲ့ အဖြစ်မျိုး မဖြစ်ချင်ကြပါဖူး။

📌📌📌 ဒီချိန်မှာ ဖျားနာတဲ့သူတွေကိုလဲ အရမ်းသနားပါတယ်။ သူတို့အတွက် နိုင်ငံတော်က တကယ်ကောင်းကောင်းမွန်မွန် ကုသပေးနေပါတယ်။ မပစ်ပယ်ထားပါဖူး။

တကယ်တောင်းပန်ပါတယ်။ အချင်းချင်း ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီကြပါ။ ဖျားနေတာကို ဖုံးကွယ်ပြီးဆေးခန်းလာမပြကြပါနဲ့။ 🥺

Credit ကျွန်တော့ သွေးသောက်ညီအကိုမောင်နှစ်မတွေ တယောက်ပြီးတယောက်ဆေးခန်းပိတ်ခံထိQ တွေ ဝင်ကြရတာတွေ့တော့အတော် စိတ်မကောင်းဖြစ်...
06/09/2020

Credit

ကျွန်တော့ သွေးသောက်ညီအကိုမောင်နှစ်မတွေ တယောက်ပြီးတယောက်

ဆေးခန်းပိတ်ခံထိ
Q တွေ ဝင်ကြရတာ
တွေ့တော့
အတော် စိတ်မကောင်းဖြစ်မိတယ်

စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်နေရပြီ

၁. ဖျားနေတဲ့ လူနာတွေကို ကိုယ်ချင်းစာတယ်
သနားတယ်
ကျေးဇူးပြုပြီး ကျွန်တော်တို့ ဆရာဝန်တွေ
ကိုလည်း ပြန်ပြီး သနားပေးပါ
အဖျား သံသယ ရှိရင် ဆေးရုံ သို့ fever clinic ကို
တန်းသွားပြီး ကုသမှု ခံယူပေးပါ 🙏🙏🙏
ဆေးခန်းကို မလာဖို့ အနူးအညွန့်မေတ္တာရပ်ခံပါတယ် ခင်ဗျ😩😩😩😩

၂. Positive case လာသွားတာနဲ့
ဆေးခန်းပိတ်ခံ ထိပြီး
ဆရာဝန်နှင့် ဝန်ထမ်းများ Q
ခံ ထိပါတယ်
မိသားစုပါ Q ခံ ထိပါတယ်😭😭😭😭

၃. ဆေးခန်းကို အားကိုးနေတဲ့ နာတာရှည်လူနာ များ /အ ခြားသေစေနိုင်သော ရောဂါများ
ရှိသည့် လူနာများကို သနားညှာတာပေးပါခဗျ

၄. ဆေးရုံ သွားရမှာ ကြောက်တဲ့ လူနာများ
အကြံ တခု ပေးပါရစေ
( အပြင် ဆေးဆိုင်တွေမှာ ဆေးစပ်မသောက်ပါနဲ့ အရမ်း အန္တရယ် ပိုများပါတယ်)

- အရေးကြီးဆုံးက မိမိကိုယ်တိုင် ပြင်းထန်ရောဂါ အခံ မရှိရင် ၁၀ရက်အတွင်း ပြန်ကောင်းပါတယ် မကြောက်ပါနဲ့
Biogesis ဖျားရင် လည်ပင်းနာရင်သောက်
Bronchest ချောင်းဆိုရင်သောက်
Levocetrizine နှာစီးရင် သောက်
Vitamin C တနေ့ ၂ ပြားသောက်
အားရှိတဲ့ အစာကိုစားပါ
အိပ်ရေးဝဝ အိပ်ပါ
လက်ကို ခဏခဏ ဆေးပါ
အိမ်က လူတွေနဲ့ ၆ပေ အကွာ ခွဲနေပါ
အိမ်မှာပဲ နေပါ ( လုံးဝ လုံးဝ အပြင်မထွက်ပါနဲ့)🖕🏿🖕🏿🖕🏿🖕🏿🖕🏿🖕🏿
အိမ်မှာ နေရင်တောင် mask တတ်ထားပါ
လုံးဝ မချွတ်ပါနဲ့
ကလေးတွေနဲ့ ဝေးဝေးနေပါ

- ရောဂါ အခံ ရှိသော လူနာများ သို့ အိမ်တွင်ရှိပါက
ဆီးချို
ရင်ကျပ်
နှလုံးရောဂါ
ကျောက်ကပ်ရောဂါ
ကိုယ်ခံအား ကျဆင်းစေသော ရောဂါ
လေဖြတ်ရောဂါ
သွေး သို့ အရေပြားလေဖက်နာ ရောဂါ
များ ရှိပါက
ဆေးရုံ သို့သာ မဖြစ်မနေ သွားရောက်ပြသခံယူဖို့ လိုအပ်ပါတယ်
ကိုယ်ကြောင့် မိမိ မိသားစု ဒုက္ခမရောက်ပါစေနဲ့

(အောက်ဆုံး အချက်ကတော့ မိမိတဦးထဲဧ။်
အကြံပေးချက် ဖြစ်သည်)

ကိုယ် ပိုင် အသိ၊သတိ ဖြင့် နေခြင်းဖြင့်
ငတိ covid ကူးစက်မှုကနေ
လွတ်ကင်းကြပါစေ

များများ share ပေးခြင်းဖြင့် ကူညီပေးပါဗျ
🙏🙏🙏🙏

တစ်ဆင့်ကူး ဖော်ပြခြင်းဖြစ်ပါသည်။
Drthihathu
GP
10:30 AM
6/9/2020

03/09/2020
02/09/2020

နာတာရှည် အိပ်ယာထဲလဲ လူနာများနှင့် အိပ်ယာနာ
(bed sore and pressure ulcer)
🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️🧑‍⚕️

📌📌📌 မိမိအိမ်မှာ လှုပ်ရှားမှု နည်းပါးသော သက်ကြီးဖိုးဖိုးဖွားဖွားတွေ၊ နာတာရှည် ရောဂါ ‌ ကြောင့်အိပ်ယာထဲလဲသူတွေ၊ ကင်ဆာရောဂါ‌ဝေဒနာရှင်များ အစရှိသော လှုပ်ရှားရန်ခက်ခဲသူများတွင် အများဆုံး ကြုံတွေ့ရပြီး သွေးလှည့်ပတ်မှု နည်းပါးခြင်းကြောင့် အိပ်ယာနာ ( pressure ulcer ) အဖြစ်များပါသည်။

📌📌📌 Pressure ulcer ဖြစ်စေသော အကြောင်းအရင်းမှာ

ကိုယ်နေဟန်ထား(position)တစ်ခုတွင် အချိန်ကြာမြင့်စွာလှဲလှောင်းနေခြင်း၊ ထိုင်နေခြင်း တို့‌ကြောင့် ဖြစ်ပါသည်။

👩‍🦳👨‍🦳👩‍🦳👨‍🦳 အဖြစ်များသောသူများ

၁။ အသက်အရွယ်ကြီးရင့်လာသူ။
၂။ နာတာရှည်ရောဂါ‌ကြောင့် အာဟာရချို့တဲ့ကာ အိပ်ယာထဲလဲ‌နေသူ။
၃။ ကင်ဆာရောဂါ ‌ဝေဒနာရှင်များ။
၄။ အရိုးကျိုးထားသော ဝေဒနာရှင်များ။
၅။ အာဟာရချို့တဲ့သူများ။
၆။ Nursing care မကောင်းသော လူနာများ။

🕵️‍♀️🕵️‍♀️🕵️‍♀️အဖြစ်များသောနေရာများ

ဖိအားဒဏ်ခံရသောနေရာများတွင် အဖြစ်များသည်။ အထူးသဖြင့် ပခုံး၊ တင်ပါး၊ ခြေဖ‌နောင့်၊ လက်မောင်း၊ နောက်စေ့တို့တွင် အဖြစ်များသည်။ ပုံတွင် ပက်လက်လှဲခြင်း၊ ဘေးတစောင်းနေခြင်း နှင့် မှောက်အိပ်ခြင်း တို့တွင် ဖိအားအများဆုံး တက်ရောက်နိုင် သော နေရာများကို ဖော်ပြထားပါသည်။

🧑‍⚕️🧑‍⚕️🧑‍⚕️ ဖြစ်ပွားသော လက္ခဏာများ
- ဖြစ်စတွင် အရေပြား၌ အနီကွက် ကလေးများကို ရှေးဦးစွာတွေ့ရတတ်သည်။
- ထို့မှတဆင့် အရေပြားပွန်းပဲ့ခြင်းနှင့် ပေါက်ပြဲခြင်းများဖြစ်လာနိုင်ပါသည်။
_ ဆိုးရွားလွန်းသောအခြေအနေတွင် အရိုးထိအောင် အနာနက်သွားခြင်းနှင့် ပိုးဝင်ကာ အသက်ဆုံးရှုံးရခြင်းတို့ထိ ဖြစ်နိုင်ပါသည်။
- ထို့ကြောင့် ဖြစ်ကာစတွင် မပေါ့ဆဘဲ အလျင်အမြန် ကုသခြင်းမျိုး ပြုသင့်ပါသည်။

📌📌📌ပြင်းထန်မှုအဆင့်များ
အဆင့်(၁) - အရေပြားတွင် အနီကွက်များ ပေါ်လာခြင်း။
အဆင့်(၂) - အပေါ်ယံအရေပြား ပွန်းပဲ့ပေါက်ပြဲခြင်း။
အဆင့်(၃) - အရေပြားအလွှာအားလုံး ပါဝင်ခြင်း။
အဆင့်(၄) - အရိုးထိ အနာနက်သွားခြင်း။

😱😱😱 နောက်ဆက်တွဲဆိုးကျိုးများ
- အနာဖြစ်စတွင် သေချာဂရုမစိုက်ပါက အနာပြင်းထန်အဆင့်များပိုမို ဖြစ်လာနို်ငပါသည်။
- အနာကို သန့်သန့်ရှင်းရှင်း မထားလျှင် အနာပိုးဝင်ခြင်း(Local infection)၊ သွေးဆိပ်ပျံ့နှံ့ခြင်း(septicaemia)၊ သွေးဆိပ်တက်ခြင်း‌ကြောင့် ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်းတို့ကြောင့် အသက်ဆုံးရှုံးရခြင်း တို့ဖြစ်ပွားတတ်ပါသည်။

📌📌📌 ကုသခြင်းနှင့် ကာကွယ်ခြင်းများ
- မဖြစ်ပွားခင် ကာကွယ်ခြင်းသည် အကောင်းဆုံးသောကုသမှု တစ်ခုဖြစ်ပါသည်။
- Pressure sore သည် ဖြစ်စတွင် ဂရုတစိုက်နဲ့ ကုသလျှင် လျင်လျင်မြန်မြန်ပျောက်ကင်းနိုင်ပါသည်။

📌📌📌 ကာကွယ်ခြင်းနည်းလမ်းများ
၁။ ကိုယ်အနေအထား(position)ကို နှစ်နာရီတစ်ခါ ပြောင်းပေးခြင်း၊
၂။ (Air mattress) ကိုယ်အလေးချိန်ဖိအား ကိုပြောင်းလဲပေးနိုင်သော မွေ့ရာ အသုံးပြုခြင်း။
၃။ အသားဓာတ်(protein) ‌ပေါကြွယ်ဝစွာ စားသောက်ခြင်း။
၄။ ဗီတာမင်နှင့် ဇင့်ဓာတ်ပါသော အားဆေးများသောက်သုံးပေးခြင်း။
၅။ ဆီး၊ ဝမ်းစသော အညစ်အကြေးများနှင့် အနာကိုမထိမိအောင် သန့်ရှင်းရေးကို ဂရုစိုက်ခြင်း။
၆။ အနာကို ဆေးပုံမှန်ထည့်ခြင်းနှင့် သန့်ရှင်းရေးမှန်မှန် လုပ်ပေးခြင်း။
၇။ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် ပြသခြင်းတို့ ပြုလုပ်ပေးပါက အနာလျင်မြန်စွာ သက်သာနိုင်ပါသည်။

📌📌📌 မည်သည့်အချိန်တွင် တတ်ကျွမ်းနားလည်သော ဆရာဝန်နဲ့ ပြသရန်လိုအပ်သနည်း။

🧑‍⚕️ တတ်နိုင်သမျှ ဆောလျင်စွာပြသနိုင်လျှင် အနာနောက်ဆက်တွဲ ဆိုးကျိုးများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ အရေပြားပေါ််တွင် အနီကွက်ကဲ့သို့သော အ‌ ရောင် ပြောင်းလဲမှုများ ဖြစ်ပေါ််လာပါက အထက်တွင်ဖော်ပြထားသော ကာကွယ်ခြင်း နည်းလမ်းများကို ဆောင်ရွက်ပါ။ ထိုသို့ဆောင်ရွက်သော်လည်း ၂၄ နာရီ ကျော်ကြာသည်အထိ သက်သာပျောက်ကင်းခြင်းမရှိပါက တတ်ကျွမ်းနားလည်သော ဆရာဝန်နဲ့ ပြသ ဆွေးနွေးတိုင်ပင်ပါ။

📌 housecall doctors network (၂၄ နာရီ အိမ်ပင့်ဆရာဝန်များအဖွဲ့) မှ မိသားစုဆရာဝန်များသည် အနာများကို အိမ်အရောက် ဆေးထည့်ပေးခြင်းနှင့်လိုအပ်ပါက အသေးစား ခွဲစိတ်ခြင်းများကို တတ်ကျွမ်းသော မိသားစုဆရာဝန်များဖြစ်ပါသည်။

📌အနာဆေးထည့်ခြင်းတစ်ခုတည်း သာမက အနာကျက်မြန်စေရန် ဘက်ပေါင်းစုံမှ ကုသခြင်းမျိုးသည် Housecall doctors network မှ မိသားစုဆရာဝန်များ အတွေ့အကြုံရှိကာ အထူးကျွမ်းကျင်တတ်မြောက်ပါသည်။

📌 မိသားစုတစ်စုမှာ ကျွမ်းကျင်သော မိသားစုဆရာဝန်ရှိခြင်းက မိမိ မိသားစုရဲ့ကျန်းမာရေးကို စိတ်ချလက်ချဖြစ်စေပါသည်။

📌 ကျွမ်းကျင်သော သင့်မိသားစု ဆရာဝန်နဲ့ ဆက်သွယ်ရန် ဖုန်းဆက်လိုက်ပါ။

🏥 အမှတ် (၉၆)၊ မြေညီထပ်၊ (၆) လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️၀၉ ၉၅၃ ၀၀၀ ၁၉၂ သို့ဖုန်းဆက်ကာ သင့်မိသားစုဆရာဝန်နဲ့ ဆက်သွယ်နိုင်ပါပြီ။

#အိမ်ပင့်ဆရာဝန်

သင်္ဃန်းကျွန်း၊ ဆ/ကရပ်ကွက်  သမာဓိ(၄)လမ်းတွင် ရှိသော အောင်မိသားစုဆေးခန်းကို ယခု COVID 19 ကာလအတွင်း ပုံမှန်အချိန်အတိုင်း ဆ...
02/09/2020

သင်္ဃန်းကျွန်း၊ ဆ/ကရပ်ကွက် သမာဓိ(၄)လမ်းတွင် ရှိသော အောင်မိသားစုဆေးခန်းကို ယခု COVID 19 ကာလအတွင်း ပုံမှန်အချိန်အတိုင်း ဆက်လက် ဖွင့်ထားပါသည်။

မိဘပြည်သူများ ကျန်းမာရေးကို ရှေးရှုလျက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ကူးစက်မှု နည်းပါးစေရေးအတွက် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။

📌 ဆေးခန်းသို့ လူနာနှင့် လူနာရှင် တစ်ဦး (စုစုပေါင်း ၂ဦး) သာ လာပါရန်။

📌 Mask များ ဝတ်ဆင်ပြီး ဆေးခန်းဝင်လာလျှင် လက်ဆေးပေးပါရန်။

📌 ကလေးသူငယ်များ ဆေးခန်းသို့ မလိုအပ်ဘဲ မခေါ်ဆောင်လာရန်။

📌 ဆေးခန်းတွင် တစ်ဦးနှင့် တစ်ဦး ထိတွေ့မှုမရှိစေရန် ထိုင်ခုံများကို နေရာရွေ့ပြောင်းခြင်းမပြုလုပ်ပါရန်။

📌 ဖျားနာသော လူနာများ မိမိ အိမ်တွင်သာ အနားယူပါ (သို့) မြို့နယ်အတွင်းရှိ အဖျားဆေးကုခန်း(Fever Clinic) တွင်သွားရောက် ပြသနိုင်ပါသည်။ ဖျားနာခြင်းနှင့်ပက်သက်၍ အကူအညီများ ရရှိလိုပါက ဆေးခန်းဖုန်းနံပါတ်သို့ ဖုန်းဆက်၍ အကူအညီများမေးမြန်းတောင်းခံနိုင်ပါသည်။ ဤသည်ကို ကျွန်တော်များ အောင်မိသားစုဆေးခန်းမှ မေတ္တာဖြင့် အခမဲ့ ဆောင်ရွက်ပေးပါမည်။

📌 ဆေးခန်းတွင်စောင့်ဆိုင်းရခြင်းမျိုးမဖြစ်ပွားစေရန် ဆေးခန်းဖုန်းနံပါတ် 09 893 539123သို့ဖုန်းဆက်ကာ Booking တင်နိုင်ပါသည်။

📌 ဆေးခန်းသို့ မလာနိုင်သော ဖိုးဖိုးဖွားဖွား သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါကြောင့် အိပ်ရာထဲလဲနေသူများအတွက်လဲ အိမ်အရောက်ဆေးကုသခြင်းဝန်ဆောင်မှုကို ဆက်လက်ဝန်ဆောင်ပေးနေပါသည်။ (အိမ်ပင့်မလိုက်မှီ ဆရာဝန်မှ ရောဂါရာဇဝင်သေချာမေးမြန်းခြင်း ကို စိတ်ရှည်စွာဖြေကြားပေးရန်လိုအပ်ပါသည်။)

💪🏻 COVID 19ကြောင့် ဆေးခန်းပြသဖို့ မခက်ခဲစေရေးသည် အောင်မိသားစုဆေးခန်း၏ အရေးဖြစ်ပါသည်။

🏥 အမှတ်(၂၁/က) ၊ မြေညီထပ်၊ သမာဓိ(၄)လမ်း၊ ဆ/ကရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09 893 539 123
🕛 ဆေးခန်းဖွင့်ချိန်
မနက် ၉:၀၀ မှ ၁၁:၃၀
ည‌ ၅:၃၀ မှ ၉:၀၀
(နေ့စဉ် ဖွင့်ပါသည်။ တနင်္ဂနွေနေ့ မနက်ပိုင်းဆေးခန်းပိတ်ပါသည်။)

🧑🏻‍⚕️ Dr. ရဲလင်း 🧑🏻‍⚕️
M.B.,B.S(YGN)
Dip. Med.Sc(Family Medicine)
အထွေထွေရောဂါကုနှင့် မိသားစုဆေးပညာဆရာဝန်

02/09/2020
22/06/2020

အစာထည့်မယ့်နှာခေါင်းပိုက် ဘယ်လိုဂရုစိုက်
(Nasogastric tube or Ryle’s tube care)
**********************************************
▪️နှာခေါင်းပိုက် ဆိုသည်မှာ နှာခေါင်းပေါက်မှ တဆင့် အစာအိမ်ထဲထည့်ထားသော ပိုက်ပျော့ တစ်ချောင်း ဖြစ်ပါတယ်။
▪️နှာခေါင်းပိုက်သည် အကြောင်းကြောင်းကြောင့် အစာမစားနိုင်သူများကို (ဥပမာ-လေဖြတ်သူများ) အစာထည့်ကျွေးရန်နှင့် အစာအိမ်ထဲမှ မလိုလားအပ်သည့်အရာများ (သွေးကျန်၊ အစာကျန် စသည်) ကို ဖယ်ထုတ်ရန် သုံးကြသည်။
▪️ lတတ်ကျွမ်းသူ ဆရာဝန်များသာ ထည့်ပေးနိုင်ပါသည်။

▪️နှာခေါင်းပိုက် တပ်ခါစတွင် ကသိကအောက်ဖြစ်ခြင်း၊ ယားခြင်း၊ လည်ချောင်းနာခြင်း၊ နှာခေါင်းသွေးလျှံခြင်းများကို လူနာများမှ ခံစားရတတ်သော်လည်း အချိန်ခဏကြာလျှင် မခံစားရတော့ပါ။ တချို့လူနာများမှာ နှာခေါင်းပိ်ုက်ကို ဆွဲဖြုတ်တတ်၍ မိသားစုဝင် လူနာစောင့်များမှ သတိထားစောင့်ကြည့်ရန် လိုအပ်ပါတယ်။


နှာခေါင်းပိုက်မှ အစာထည့်ခြင်း
----------------------------
▪️နှာခေါင်းပိုက်မှ တဆင့် အစာ၊ ဖြည့်စွက်စာ၊ ရေ၊ ဆေး စတာတွေ ကျွေးလို့ရပါတယ်။
▪️ထမင်း၊ အသား၊ အသီးအရွက် အကုန်လုံးကို ပိုက်ထဲထည့်လို့ဆန့်အောင် အရည်အနေနဲ့ လုပ်ပြီး အစာများကို ကျွေးနိုင်ပါတယ်။ ဥပမာ-ဖျော်ရည်စက် (blender စက်) ဖြင့် ကျိတ်၍ ကျွေးလို့ရပါတယ်။
▪️လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် ကယ်လိုရီပမာဏကို ဆရာဝန်က တွက်ချက်ပြီး ကျွေးဖို့ ညွှန်ကြားပါလ်ိမ့်မယ်။
▪️အကြမ်းဖျင်း လူတစ်ဦးဟာ တစ်နေ့ကို ကယ်လိုရီ ၂၀၀၀-၂၅၀၀ kcal/day လိုပါတယ်။ အဲ့ဒါကို ပြည့်မီဖို့ တစ်နေ့လုံးကို ကျွေးရပါမယ်။ အဲ့အခါ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ရေဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ လိုပါတယ်။ ဒါကို တတ်ကျွမ်းတဲ့ ဆရာဝန်က စနစ်တကျ စီစဉ်ညွှန်ကြားပေးပါလိ့်မ်မယ်။ အဲ့အတိုင်း မိသားစုဝင်/လူနာစောင့်က လိုက်ကျွေးပေးဖို့ လိုပါတယ်။
▪️ဖြည့်စွက်စာ (nutritional supplements) တွေကိုလည်း ဖြည့်ကျွေးလို့ ရပါတယ်။ ဒါပေမယ့် ဘူးတွေမှာပါတဲ့ အညွှန်းအတိုင်း အတိအကျကျွေးမှ အာဟာရကယ်လိုရီဓာတ် ပြည့်မီမှာ ဖြစ်ပါတယ်။
▪️ဆေးတိုက်တဲ့အခါ ဆေးရည်များကို ရွေးချယ်တိုက်သင့်ပါတယ်။ ဆေးလုံးများ အမှုန့်ကြိတ်တိုက်ခြင်းဟာ နှာခေါင်းပိုက်ကို ပိတ်စေနိုင်ပါတယ်။ ထိုကဲ့သို့ တိုက်ရမည်ဆိုလျှင် ရေများများဖြင့် ဖျော်တိုက်ပါ။ ဆေးတွင် SR, XR, MR ပါသည့်ဆေးများသည် ဆေး၏အစွမ်းပြချိန်ကြာအောင် စီစဉ်ထားသည်ဖြစ်ရာ အမှုန့်ကြိတ်လိုက်ပါက ထိုအစွမ်းများပျောက်တတ်သည်ကို သတိပြုပါ။


နှာခေါင်းမှ တဆင့် အစာကျွေးတဲ့အခါ
----------------------------------
▪️လူနာစောင့်များအနေနှင့် နှာခေါင်းပိုက်မကိုင်မီ လက်ကို စင်ကြယ်အောင်ဆေးပါ။
▪️ဆေးထိုးပြွန် ကြီးကြီးသုံးပါ။ သေးသေးက ထိုးသွင်းဖိအားများပြီး နှာခေါင်းပိုက် ကွဲနိုင်ပါတယ်။
▪️ဆေးထိုးပြွန်များကို ဖြစ်နိုင်လျှင် တစ်ခါသုံးအနေနဲ့ပဲ သုံးပါ။ အနည်းဆုံး တစ်ရက်တစ်ခါတော့လဲပါ။ တစ်ရက်အတွင်း ပြန်သုံးမယ်ဆို ရေနွေးနဲ့ ဆေးပြီး သေချာသန့်သန့်ရှင်းရှင်း သိမ်းပါ။
▪️အစာ စ မကျွေးခင် နှာခေါင်းပိုက်ကို ဆေးထိုးပြွန်ဖြင့် စုပ်ကြည့်ပါ။ အစာအိမ်မှ အစာခြေရေများ ပါလာပါက နှာခေါင်းပိုက်သည် နေရာမှန်တွင်ရှိနေပါသည်။ သို့သော် အစာခြေရည်နှင့် အစာဟောင်းများ အများအပြား ပါလာပါက အစာအိမ် အလုပ်မလုပ်ခြင်း ဖြစ်ပါတယ်။ ထိုအရည်များကို ပြန်ထိုးထည့်ပြီး ၁-၂နာရီခန့် ခဏစောင့်ပါ။
▪️ဖြစ်နိုင်လျှင် အစာထည့်ချိန် လူနာကိုထိုင်ခိုင်းပါ။ မထိုင်နိုင်ပါက ခေါင်းကို နည်းနည်းမြှောက်ထားပါ။ ပက်လက်အိပ်လျက် ကျွေးလျှင် အစာသီးတတ်ပါတယ်။ ထိုအခါ လေပြွန်မှ တဆင့် အဆုတ်ထဲ အစာများ ရောက်သွားပြီး အဆုတ်ရောင်ခြင်း၊ အဆုတ်ပြည်တည်ခြင်းများ ဖြစ်တတ်ပါတယ်။
▪️အစာကျွေးသည့်အခါ အစာပုလင်း/အထုပ်ကို ချိတ်ဆွဲထားခြင်း၊ ဆေးထိုးပြွန်ဖြင့် ကျွေးခြင်းစတာတွေ လုပ်နိုင်ပါတယ်။
▪️ဆေးထိုးပြွန်ဖြင့် သုံးတဲ့အခါ ၅၀ စီစီ ပြွန်ကိုသုံးလေ့ရှိကြပါတယ်။ ဆေးထိုးထည့်တဲ့အခါ တခါ ဆေးထိုးပြွန်တစ်ပိုက်ကို အနည်းဆုံး ၂-၃ မိနစ်ကြာအောင် အချိန်ယူပြီးထည့်စေချင်ပါတယ်။
▪️တစ်ခါ တစ်ခါ ထည့်တဲ့အခါ စုစုပေါင်း ၃၀၀-၄၀၀ စီစီထက် မပိုရပါ။
▪️စားပြီး တစ်နာရီကြာအောင် လူနာကို ခေါင်းဆက်ထောင်ထားပါ။
▪️အစာထည့်ပြီးတဲ့အခါ နှာခေါင်းပိုက်အစွန်းကို ပလတ်စတစ်အိတ်ဖြင့်ထုပ်ပိုးထားပါ။


သန့်ရှင်းရေး
-----------
▪️လူနာကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။
▪️နှုတ်ခမ်းခြောက်ပါက ရေစွတ်နိုင်၊ နှုတ်ခမ်းနီအဆီ လိမ်းနိုင်ပါတယ်။
▪️နှာခေါင်းပိုက်ထည့်ထားသည့်နေရာ နှာခေါင်းဝကို နေ့စဉ် ဂွမ်းအစိုနှင့် သန့်ရှင်းရေးလုပ်ပါ။ အကယ်၍ ထိုနေရာမှာ ပွန်း၍နာနေပါက lubricant တစ်ခုခုလိမ်းနိုင်ပါတယ်။
▪️နှာခေါင်းပိုက်ကပ်ထားတဲ့ တိပ်ကို တစ်ရက်ခြားတခါ လဲပေးပါ။
▪️နှာခေါင်းပိုက် မပိတ်အောင် အစာကျွေးပြီးတိုင်း/ဆေးတိုက်ပြီးတိုင်း ဆေးထိုးပြွန် တစ်ပြွန်စာ ၅၀ စီစီ ရေကိုသုံး၍ ပိုက်ကို ထိုးဆေးပါ။

နှာခေါင်းပိုက် ပိတ်နေပါက
------------------------
▪️နှာခေါင်းပိုက်ပိတ်နေသည်ဟု ယူဆပါက ဆေးထိုးပြွန်ဖြင့် စုပ်ဆွဲကြည့်ပါ။
▪️ဘာမှလိုက်ပါမလာက ရေနွေးနွေး (မပူရ) ဖြင့် ပိုက်ကို ထိုးဆေးကြည့်ပါ။
▪️မရပါက ဆရာဝန်ကို ဆက်သွယ်ပါ။ နှာခေါင်းပိုက် အသစ်လဲရနိုင်ပါတယ်။


အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ကို ဆက်သွယ်ခေါ်ယူပါ
----------------------------
(၁) နှာခေါင်းပိုက်ပြုတ်ပါက/ပြုတ်နေသည်ထင်ပါက
(၂) အစာကျွေးလိုက်ချိန်မှာ အစာသီး၊ ချောင်းအဆက်မပြတ်ဆိုး၊ အသက်ရှုကျပ်၊ မော၊ ပြာနှမ်းလာပါက
(၃) နှာခါင်းပိုက် ပိတ်နေပါက
(၄) ဝမ်းလျှော၊ ဝမ်းချုပ်၊ ဆီးရောင်ပြောင်းပါက
(၅) လူနာမှ အန်ပါက
(၆) အစာအိမ်တွင်း အရည်အမြောက်အများကျန်ပါက

ဘယ်လောက်တစ်ခါ နှာခေါင်းပိုက်လဲမလဲ
----------------------------------
▪️၄-၆ ပတ်မှာတခါ လဲပေးဖို့ စဉ်းစားရပါမယ်။
▪️နှစ်ရှည်လများ နှာခေါင်းပိုက်ထည့်ရတော့မယ်ဆိုရင် PEG tube ခေါ် ဗိုက်ကတဆင့် အစာအိမ်ထဲ တိုက်ရိုက်ထည့်ထားတဲ့ ပိုက်ကို လဲဖို့ HDN မှ မိသားစု ဆရာဝန်များနဲ့ တိုင်ပင်နိုင်ပါတယ်။

❤️❤️❤️❤️❤️
(၂၄) နာရီ အိမ်ပင့်ဆေးကုသမှု ဝန်ဆောင်မှုအတွက်
ဆက်သွယ်ရန် ☎️. 09 953000192
🏥 အမှတ် ၉၆ ၊ မြေညီထပ်၊ ၆ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

#အိမ်ပင့်ဆရာဝန်

Address

အမှတ်(၂၁/က)၊ သမာဓိ(၄)လမ်း၊ သင်္ဃန်းကျွန်းမြို့နယ်။
Yangon
11142

Telephone

+959893539123

Website

Alerts

Be the first to know and let us send you an email when အောင်မိသားစုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share