Piyavate Hospital - Myanmar Representative Office,Yangon

Piyavate Hospital - Myanmar Representative Office,Yangon Piyavate Hospital (Bangkok,Thailand)
Myanmar Representative Office
Your Trusted Partner for Health Care . Contact- 09792777799 , 01223542

❇️ မကြာခင် မိုးတွင်းကာလကို ရောက်ရှိလာတော့မှာမို့ သားသားမီးမီး ရှိတဲ့ မိဘတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကို အထူးဂ...
01/06/2021

❇️ မကြာခင် မိုးတွင်းကာလကို ရောက်ရှိလာတော့မှာမို့ သားသားမီးမီး ရှိတဲ့ မိဘတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကို အထူးဂရုစိုက်ကြရတော့မှာ ဖြစ်ပါတယ် ..
ဒါကြောင့်မို့ သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာလေးတွေကို ပြောပြချင်ပါတယ်

❇️ သွေးလွန်တုပ်ကွေးရောဂါ ဟာဆိုရင် သွေးလွန်တုပ်ကွေးပိုး (Dengue virus) သယ်ဆောင်ထားတဲ့ Aedes ခြင်ကျား အကိုက်ခံရရာမှတဆင့် လူကို ကူးစက်တာဖြစ်ပါတယ်....

ရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရပြီး ၃ရက် မှ ၁၄ရက် အတွင်း သွေးလွန်တုပ်ကွေး လက္ခဏာတွေ ပေါ်တတ်ပါတယ်....အခုဆိုရင် သွေးလွန်တုပ်ကွေးရောဂါဟာ မွေးကင်းစကလေးတွေ၊ ကလေးငယ်တွေတင်မကပဲ အရွယ်ရောက်ပြီး လူကြီးတွေမှာပါ ဖြစ်ပွါးလာတတ်ပါတယ်

❇️ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာတွေကတော့ တစ်ဦးနဲ့တစ်ဦး ကွဲပြားပါတယ်၊ အများစုမှာတော့ …
▪️ငွေ့ငွေ့လေး ဖျားခြင်း၊
▪️အဖျားကြီးခြင်း၊
▪️ခေါင်းကိုက်ခြင်း၊
▪️အရိုးအဆစ်နဲ့ ကြွက်သားများနာခြင်း၊
▪️ခန္ဓာကိုယ်တွင် အနီစက်များထွက်ခြင်း စသည်ဖြင့် တွေ့ရတတ်ပါတယ်...
▪️ဖျားတဲ့ရက်ကလည်း ၂ရက်မှ ၇ရက်ထိ ကြာတတ်ပါတယ်

❇️ သွေးလွန်တုပ်တွေးရောဂါဟာ အသက်ဆုံးပါးသည်အထိ ဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး....အပေါ်က လက္ခဏာရပ်များနဲ့ ဆင်တူပြီးဖျားပြီဆိုတာနဲ့ နီးစပ်ရာ ဆေးခန်းသို့ သွားပြီး ကုသမှုခံယူသင့်ပါတယ်၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး အနားယူပါ၊ အရည်များများသောက်ပါ၊ ကော်ဖီရောင် ကဲ့သို့အရောင်ရှိသော အရည်များ၊အစားအစာများမကျွေးပါနဲ့

စဖျားတဲ့ရက်မှ ၄ရက်မြောက်နေ့မှ ၆ရက်မြောက်နေ့အတွင်း သေချာဂရုစိုက်ပေးပါ
🔺ဗိုက်အောင့်လျှင်
🔺ဆက်တိုက်အန်လျှင်
🔺သွားဖုံးသွေးယိုလျှင်
🔺ကော်ဖီရောင်အန်လျှင်
🔺ကတ္တရာစေးလို ဝမ်းမည်းမည်းသွားလျှင်
🔺ကလေးငယ်လေးတွေ ငြိမ်သွားလျှင် သို့် ဂဏာမငြိမ်ဖြစ်နေလျှင်
🔺ခြေဖျား လက်ဖျားတွေ အေးစက်လာလျှင်
နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားပါ

❇️ နောက်ဆုံးအနေနဲ့ကတော့ သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာပါပဲ
✔️ သားသားမီးမီးတို့ကို ကျောင်းလွှတ်ရင် အင်္ကျီလက်ရှည် ဘောင်းဘီလက်ရှည်ဝတ်ပေးပါ
✔️ နေ့ခင်း နေ့လည်သိပ်လျှင် ခြင်ထောင်ဖြင့်သိပ်ပါ
✔️ အိမ် အနီးအနားက ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းလင်းပါ၊ ရေမြောင်းတွေကို ရေစီးရေလာ ကောင်းအောင်လုပ်ပါ
✔️ ရေဝပ်နိုင်တဲ့နေရာတွေကို မြေဖို့ပါ၊ ဘီးတာယာ အဟောင်းတွေ ခွက်တွေ အိုးတွေကို ဖုံးအုပ်ပါ သို့ လွှင့်ပစ်ပါ
✔️ ရေလှောင်ကန်တွေ၊ ရေအိုးတွေကို စနစ်တကျဖုံးအုပ်ပါ
✔️ ခြင်ဆေးခွေထွန်းခြင်း၊ ခြင်ဆေးဖြန်းခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ ခြေမကိုက်တဲ့လိမ်းဆေးလိမ်းခြင်း စသည်ဖြင့် ခြင်ကိုက်မခံရအောင် ကာကွယ်ပါ
✔️ အထက်ပါ ရောဂါလက္ခဏာတွေဖြစ်လျှင် ဖျားလျှင် ကျန်းမာရေးကုသမှု ခံယူပါ

အားလုံးပဲ သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ရန်စွယ်ကနေ ကင်းဝေးပြီး ကျန်းမာရွှင်လန်း နိုင်ကြပါစေခင်ဗျာ 😇

🎉🎉 ဘန်ကောက် သို့ အရေးပေါ် သွားရောက် ဆေးကုသလိုသူများအတွက် သတင်းကောင်း 🎉🎉✅ အရေးပေါ်ကုသမှု ခံယူလိုသူများအနေဖြင့်ရန်ကုန် မှ ...
14/07/2020

🎉🎉 ဘန်ကောက် သို့ အရေးပေါ် သွားရောက် ဆေးကုသလိုသူများအတွက် သတင်းကောင်း 🎉🎉

✅ အရေးပေါ်ကုသမှု ခံယူလိုသူများအနေဖြင့်
ရန်ကုန် မှ ဘန်ကောက်သို့ အခါအားလျော်စွာ ပြေးဆွဲပေးလျက်ရှိသော ကယ်ဆယ်ရေး (Relief Flight) များတွင် နာမည်စာရင်းပေးသွင်း၍ သွားရောက်ကုသမှုခံယူနိုင်ပါပြီခင်ဗျာ

✳️ အဓိက လိုအပ်သည့်အချက်အလက်များ -

👉🏻 ထိုင်းနိုင်ငံအတွင်း ဝင်ခွင့်လက်မှတ်
👉🏻 ကျန်းမာရေးထောက်ခံစာ
👉🏻 ၇၂နာရီအတွင်း ရရှိထားသော Covid-19 ရောဂါကင်းရှင်းကြောင်းထောက်ခံချက်
👉🏻 အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ ကျန်းမာရေး အာမခံ
👉🏻 ဆေးဖက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပေးသော နိုင်ငံမှ ထွက်ခွာခွင့်လက်မှတ်
👉🏻 ထိုင်းနိုင်ငံအစိုးရမှ ထုတ်ပေးသော (၁၄)ရက်အနည်းဆုံးရှိသည့် ဆေးရုံအတွင်းရောဂါမကူးစက်စေရန်ခွဲခြားနေထိုင်ရန် ခွင့်ပြုချက်
👉🏻 မြန်မာနိုင်ငံမှအထွက် စိစစ်ချက်

✅အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံမှသာ လေယာဉ်လက်မှတ် ရောင်းချပေးမည့် ခရီးသည်စာရင်းတွင် အမည်စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်

❇️သွားရောက်ကုသမှုခံယူလိုသူများအတွက် အဆင့်ဆင့် လွယ်ကူချောမွေ့မှုရှိစေရန်
ကျွန်တော်တို့ Visionary Healthcare Service မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ

အသေးစိတ်အချက်အလက်များကို
☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

🍀Mammogram နှင့် ရင်သားကင်ဆာ🍀📌Mammogram (ရင်သားဓာတ်မှန်ရိုက်ခြင်း) ဆိုတာဟာ ရင်သားကိုဓာတ်မှန်ရိုက်ထားတဲ့ ပုံရိပ်များမှတဆင...
23/04/2020

🍀Mammogram နှင့် ရင်သားကင်ဆာ🍀

📌Mammogram (ရင်သားဓာတ်မှန်ရိုက်ခြင်း) ဆိုတာဟာ ရင်သားကိုဓာတ်မှန်ရိုက်ထားတဲ့ ပုံရိပ်များမှတဆင့် ရောဂါလက္ခဏာ ရှာဖွေခြင်းဖြစ်ပါတယ်။ Mammogram ရိုက်ခြင်းအားဖြင့် ရင်သားကင်ဆာရှိမရှိသိနိုင်ခြင်း၊ ရင်သားကင်ဆာမဖြစ်ခင် အစောဆုံးဖြစ်လာသောလက္ခဏာများကိုလည်း စောစီးစွာ သိရှိနိုင်ပါတယ်။

📌Mammogram ပုံမှန်စစ်ဆေးခြင်းဟာ ရင်သားကင်ဆာကာကွယ်ကုသရန်အတွက် အကောင်းဆုံး စစ်ဆေးမှုဖြစ်ပြီး တစ်ခါတစ်လေမှာ ရင်သားကင်ဆာအကျိတ်များကို သတိမထားမိခင် ၃ နှစ်အထိ ကြိုတင်၍ စောစီးစွာ သိရှိနိုင်ပါတယ်။

📌အမေရိကန်ကင်ဆာအဖွဲ့အစည်းက ပုံမှန်အမျိုးသမီးတစ်ယောက် အနေဖြင့် အသက် ၄၅ နှစ်မှ စ၍ ၅၄ နှစ်အထိ နှစ်စဉ်ရင်သားဓာတ်မှန်ရိုက်သင့်ကြောင်း နှင့် အသက် ၅၄ နှစ်ကျော်သွားပြီးရင်တော့နှစ်နှစ်ခြားတစ်ခါ ရိုက်သင့်ကြောင်း အကြံပြုထားပါတယ်။

📌အချို့အမျိုးသမီးတွေဟာ ရင်သားဓာတ်မှန်ရိုက်နေစဉ် အနည်းငယ်နာကျဉ်ခြင်း၊ မသက်မသာခံစားရခြင်းများ ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ဓာတ်မှန်ရိုက်ရန်ကြာမြင့်ချိန်မှာ ခဏလေးသာဖြစ်ပါတယ်။

📌Mammogram မရိုက်ခင် အကြံပြုချင်တာကတော့ ရာသီလာနေစဉ်နှင့် မလာခင် တစ်ပတ်အလိုတွေမှာ မရိုက်မိဖို့ အကြံပေးချင်ပါတယ်။ ဒီလိုအချိန်တွေမှာ မိန်းမသားများ၏ ရင်သားဟာ တင်းပြီး နာကျင်နေတတ်ပါတယ်။ နောက်တစ်ချက်ကတော့ ရိုက်တဲ့နေ့မှာ ရေမွှေးဆွတ်ခြင်း၊ ပေါင်ဒါလိမ်းခြင်းများ ရှောင်ရှားသင့်ပါတယ်။ တစ်ခါတစ်ရံ ဒီပစ္စည်းတွေဟာ ဓာတ်မှန်ပုံရိပ်များပေါ်မှာ အဖြူကွက်များအဖြစ် ပေါ်စေတတ်လို့ပါ။

🌺 We Care You Like Family 🌺

🍀ပီရာဝေ့ဆေးရုံကြီး အနေဖြင့် ရင်သားဓာတ်မှန် (Mammogram) စစ်ဆေးခြင်း ကို ကုန်ကျစရိတ် သက်သာစွာ စစ်ဆေးမှုခံယူနိုင်ရန် ပတ်ကေ့များလည်း စီစဉ်ထားရှိပေးလျက်ရှိပါသည်

✔️ ဘန်ကောက်သို့လာရောက်ကုသရန် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း များပြုလုပ်လိုပါက

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

မင်္ဂလာပါခင်ဗျာ 🙏🙏🙏ကျွန်တော်တို့ ပီရာဝေ့ဆေးရုံကြီး၏ ကျန်းမာရေးစစ်ဆေးခြင်း Check-up စင်တာကြီး နှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ...
17/03/2020

မင်္ဂလာပါခင်ဗျာ 🙏🙏🙏

ကျွန်တော်တို့ ပီရာဝေ့ဆေးရုံကြီး၏
ကျန်းမာရေးစစ်ဆေးခြင်း Check-up စင်တာကြီး နှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ

✅အာရောဂျံ ပရမံလာဘံ (ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး) ဆိုအတိုင်း လူတိုင်းမဖြစ်မနေပြုလုပ်သင့်သည့် ကျန်းမာရေးစစ်ဆေးမှု (medical checkup) တွေကို အဓိကထားလုပ်ဆောင်ပေးနေတဲ့ စင်တာတစ်ခုဖြစ်ပါသည် ☘️

✅ ဤစင်တာကြီးတွင် ကျန်းမာရေးစစ်ဆေးမှု Whole Body Checkup များကို ချိုသာသော စျေးနှုန်း ပတ်ကေ့များဖြင့် ခေတ်မှီနောက်ဆုံးပေါ် စမ်းသပ်စစ်ဆေးမှုကိရိယာများကို အသုံးပြုပြီး တိကျမှန်ကန် မြန်ဆန်စွာ စစ်ဆေးပေးလျက်ရှိပါသည်

✅ စစ်ဆေးရရှိလာသော အဖြေရလာဒ်များကိုလည်း အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများမှ လူနာတစ်ဦးချင်းစီအလိုက် ကျန်းမာရေးဆိုင်ရာ ပြဿနာများ, အစားအသောက် အနေအထိုင်မှအစ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ၊ ကုသမှုများကို သေချာစစ်ဆေးဆွေးနွေးပေးလျက်ရှိပါသည် 🌺

✅ဤစင်တာကြီးသည် တစ်နှစ်လျှင် လာရောက်စစ်ဆေးသူ ၃၀,၀၀၀ကျော် ရှိသော ဘန်ကောက်မြို့ရှိ အကြီးမားဆုံး check-up စင်တာကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည် 🏥

✔️ ပီရာဝေ့ဆေးရုံကြီးတွင် လာရောက်ကုသလိုသူများအနေဖြင့် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ✴️

Piyavate Myanmar Office

✔️ခါးနာခြင်းသည် နေ့စဉ်လူနေမှုဘဝတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာများထဲမှ တစ်ခုဖြစ်ပါသည်။ ✔️ခါးနာခြင်းသည် အသက်အရွယ်မရွေး...
06/03/2020

✔️ခါးနာခြင်းသည် နေ့စဉ်လူနေမှုဘဝတွင် အဖြစ်အများဆုံးသော ရောဂါလက္ခဏာများထဲမှ တစ်ခုဖြစ်ပါသည်။

✔️ခါးနာခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အထူးသဖြင့် အထိုင်များသော လူလတ်ပိုင်းနှင့် လူကြီးပိုင်းများတွင် အများဆုံးတွေ့ရှိရပါသည်။

✔️အဓိကအားဖြင့် ခါးနာခြင်းသည် ခါးရိုးဆစ်အရိုးပွခြင်း၊ ခါးရိုးဆစ်အတွင်းရှိ အရိုးနုပြားပါးလွှာခြင်း၊ အရည်အိတ်ခမ်းခြောက်ခြင်း၊ ခါးပတ်လည်ရှိ ကြွက်သားများ၊ အရွတ်များ၊ ခါးရိုးဆစ်အတွင်းရှိ ပင်မအာရုံကြောနှင့် အာရုံကြောငယ်များ ယောင်ယမ်းခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထို့အပြင် ခါးကျီးပေါင်းရောဂါ၊ ခါးအရိုးအတက်ထွက်ခြင်း ကြောင့် ခါးနာခြင်း၊ ပေါင်နှင့်ခြေထောက်တစ်လျှောက်ကြွက်သားများ ယောင်ယမ်းနာကျင်ခြင်း၊ ထုံကျင်ခြင်းများ ဖြစ်နိုင်ပါသည်။

✔️ခါးနာခြင်းကိုခံစားနေရသည့်အဓိကအကြောင်းအရင်းများမှာ ရုတ်တရက်ခါးကုန်းနေရာမှ ဆတ်ခနဲထမိခြင်း၊ တစ်နေရာထဲတွင်ထိုင်၍ အချိန်ကြာကြာအလုပ်လုပ်ခြင်း၊ အလေးအပင်များမမိရာမှ အခန့်မသင့်၍ခါးနာသွားခြင်း၊ ကားကြာကြာမောင်းရခြင်း၊ ကလေးကိုအချိန်ကြာကြာချီပိုးရခြင်း၊ မှောက်လျက်အိပ်ပျော်ခြင်း၊ ဒေါက်ဖိနပ်စီးခြင်း တို့ ဖြစ်ပါသည်။

💡ခါးနာခြင်းဝေဒနာခံစားရသူများအတွက် သတိပြုစရာဆောင်ရန်ရှောင်ရန် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
• အချိန်ကြာကြာ တဆက်တည်း ထိုင်မနေသင့်ပါ။ နှစ်နာရီခန့်ထိုင်ပြီးတိုင်း ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် လမ်းထလျှောက်သင့်ပါသည်။
• လေးလံသောပစ္စည်းများကို ခါးကုန်းပြီးမခြင်း မပြုလုပ်သင့်ပါ။
• အိပ်သည့်အခါ ပျော့သောအိပ်ရာဖြင့် မအိပ်သင့်ပါ။ ခါးအောက်တွင် ခေါင်းအုံးအပါးတစ်ခုကိုခု၍ အိပ်သင့်ပါသည်။
• ဒေါက်မြင့်ဖိနပ်မစီးသင့်ပါ။
• ခရီးဝေးကားမောင်းသူများအတွက် တစ်နာရီတစ်ခါ ကားပေါ်ကဆင်း၍ အညောင်းပြေ အကျောဆန့်ခြင်း၊ လမ်းလျှောက်ခြင်းများပြုသင့်ပါသည်။
• ခါးကြောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်ပါသည်။

💡ခါးနာတတ်သူများသည် ခါးမနာသည့်အချိန်များတွင် လေ့ကျင့်ခန်းကြိုတင်ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
ခါးကြောလေ့ကျင့်ခန်းများမှာ
• ကုလားထိုင်နောက်မှီကိုလက်နှင့်ကိုင်၍ ခြေဖျားထောက်ကာ ထိုင်ထပြုလုပ်ခြင်း
• ထိုင်ပြီး ခြေထောက်ကိုဆန့်တန်း၍ တတ်နိုင်သလောက်လက်နှင့်ထိနိုင်အောင် အကြောလျှော့ခြင်း
• ခြေထောက်တစ်ဖက်ထောက်၍ ကျန်တစ်ဖက်ကိုဒူးကွေးကာလက်နှင့်ထိန်းထားပြီး အကြောလျှော့ခြင်း
• ခြေထောက်တစ်ဖက်ထောက်၍ ကျန်တစ်ဖက်ကိုနောက်သို့ကွေးကာလက်နှင့်ထိန်းထားပြီး အကြောလျှော့ခြင်း
• ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကား၍ တတ်နိုင်သမျှခါးကိုကုန်းကာ အကြောလျှော့ခြင်း
• ပက်လက်အိပ်၍ ဒူးနှစ်ဖက်ကို ရင်ဘတ်ဆီသို့ ကွေးကာ အကြောလျှော့ခြင်း တို့ဖြစ်ပါသည်။

💡အကယ်၍ ခါးနာရောဂါခံစားနေရပါက
ခါးကြောကို ထိန်းပေးသော ခါးပတ် Lumbar support ကို တပ်ဆင်ထားသင့်ပါသည်။
ထို့အပြင် မသက်သာပါက အရိုးအကြောအထူးကုသမားတော်နှင့် ပြသပြီး လိုအပ်သော အကိုက်အခဲပျောက်ဆေးသောက်သုံးခြင်း၊ အကြောအဆစ်ဆိုင်ရာကုထုံးများ ( Physiotherapy) ခံယူခြင်း တို့အပြင် ခါးထဲဆေးထိုးကုသခြင်း၊ လိုအပ်ပါက ခွဲစိတ်ကုသခြင်း စသည့် ကုသနည်းများကိုပါ ဆက်လက်ခံယူရမည် ဖြစ်ပါသည်။

🌞ပီရာဝေ့ဆေးရုံကြီးအနေဖြင့် ခါးနာရောဂါဝေဒနာခံစားနေရသူများကို ရောဂါအခြေအနေပေါ်မူတည်၍ သင့်တော်သောကုထုံးများ၊ ခွဲစိတ်ကုသခြင်းများကို ကုန်ကျစရိတ်သက်သာစွာ ကုသမှုခံယူနိုင်ရန် စီစဉ်ထားလျက်ရှိပါသည်။

💊ဘန်ကောက်သို့လာရောက်ကုသရန် ခန့်မှန်းကုန်ကျစရိတ်များမေးမြန်းခြင်း၊ အသေးစိတ်အချက်အလက်များမေးမြန်းခြင်း၊ ဆရာဝန်နှင့်ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️09772777799, 09792777799
✉️Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အစာအိမ် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ဆိုတာ ဘာလဲ ??📌မှန်ပြောင်းကြည့်စစ်ဆေးခြင်းဆိုသည်မှာ ခေတ်မီနည်းပညာတစ်ခု ဖြစ်ပြီး ပျ...
26/02/2020

အစာအိမ် မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ဆိုတာ ဘာလဲ ??

📌မှန်ပြောင်းကြည့်စစ်ဆေးခြင်းဆိုသည်မှာ ခေတ်မီနည်းပညာတစ်ခု ဖြစ်ပြီး ပျော့ပြောင်းသော မှန်ပြောင်းကို အသုံးပြုကာ အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်လုံး၏ အတွင်းနံရံများကို ကင်မရာမှတစ်ဆင့် စစ်ဆေးကြည့်ရှုခြင်းဖြစ်ပါသည်။

📌အစာအိမ်မှန်ပြောင်း (Gastroscopy) ကြည့်ရှုသင့်သူများမှာ

👉နာတာရှည် အစာမကြေခြင်း ခံစားနေရသူများ။
👉အစာမျိုချရ ခက်ခဲသူများနှင့် အစာမျိုချလျှင် နာကျင်မှုခံစားနေရသူများ။
👉အစာအိမ်နှင့် အူလမ်းကြောင်း သွေးယိုစိမ့်မှု ဖြစ်ပွားနေသူများ။
👉အစာအိမ်၌ သွေးကြောပေါက်နေသူများ။
👉အစာအိမ်အနာပေါက်နေသူများ။
👉နာတာရှည် အစာအိမ်ရောဂါ ခံစားနေရသူများ။
👉အစာရေမျိုပြွန် ၊ အစာအိမ်နှင့် အူမကြီးကင်ဆာ မျိုးရိုးရှိသူများ။
👉အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများမှ အစာအိမ်မှန်ပြောင်းကြည့်ရှုရန် အကြံပြုခံထားရသူများ

🔴 ကျွန်တော်တို့ ပီရာဝေ့ ဆေးရုံကြီး၏ အကောင်းဆုံးသော အထူးကုဆရာဝန်များ အဖွဲ့မှ မိတ်ဆွေတို့၏ အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ရောဂါဝေဒနာ အမျိုးမျိုးကို တိကျမြန်ဆန်စွာဖြင့် နွေးထွေးစွာ စောင့်ရှောက်ကုသမှုများပေးလျက်ရှိပါသည်

🔴 ပီရာဝေ့ဆေးရုံကြီး အနေဖြင့် အစာအိမ် မှန်ပြောင်းကြည့်ရှု စစ်ဆေးခြင်း ကို ကုန်ကျစရိတ် သက်သာစွာ ကုသမှုခံယူနိုင်ရန် ပတ်ကေ့များလည်း စီစဉ်ထားရှိပေးလျက်ရှိပါသည်

✔️ ဘန်ကောက်သို့လာရောက်ကုသရန် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

မင်္ဂလာပါခင်ဗျာ 🙏🙏🙏ကျွန်တော်တို့ ပီရာဝေ့ဆေးရုံကြီး၏ မျက်စိနှင့် လေဆာပစ်ခြင်းအထူးကုစင်တာ (Eye & Lasik Centre) နှင့် မိတ်ဆ...
17/02/2020

မင်္ဂလာပါခင်ဗျာ 🙏🙏🙏

ကျွန်တော်တို့ ပီရာဝေ့ဆေးရုံကြီး၏
မျက်စိနှင့် လေဆာပစ်ခြင်းအထူးကုစင်တာ (Eye & Lasik Centre) နှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ

✅ဤစင်တာကြီးအား ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်ကြီးများ, သူနာပြုဝန်ထမ်းများ အပါအဝင် အဆင့်မှီစက်ကိရိယာများစွာဖြင့် စနစ်တကျ ဖွဲ့စည်းထားရှိပါသည်ခင်ဗျာ

✅ဤစင်တာကြီးတွင် -

👉မျက်လုံးသားနှင့်ဆိုင်သော ဝေဒနာများ အမြင်အာရုံကြောနှင့်ဆိုင်သော ရောဂါများကို Visual field testများဖြင့် စစ်ဆေးပေးခြင်းများ

👉မျက်မှန်/မျက်ကပ်မှန် တပ်ရန် လို/မလိုကြောင်းကို Visual acuity testများ စစ်ဆေးပေးခြင်းများ

👉မျက်သားတက်ခြင်း, အတွင်းတိမ်, ရေတိမ်, ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါများနှင့်

👉တခြားသော မျက်လုံးဆိုင်ရာ ရောဂါဝေဒနာများကို စမ်းသပ်ရှာဖွေခြင်းနှင့် ကုသခြင်းများကိုအောင်မြင်စွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။

✔️ ပီရာဝေ့ဆေးရုံကြီးတွင် လာရောက်ကုသလိုသူများအနေဖြင့် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်ခင်ဗျာ

Piyavate Myanmar Office

┏━━━━━━━━━━━━━━━━━━━━┓🛑   ဒူးအစားထိုးခွဲစိတ်ကုသခြင်းဆိုတာဘာလဲ         🛑          ┗━━━━━━━━━━━━━━━━━━━━┛👉 ဒူးနာနေတဲ့ သင့်...
13/02/2020

┏━━━━━━━━━━━━━━━━━━━━┓
🛑 ဒူးအစားထိုးခွဲစိတ်ကုသခြင်းဆိုတာဘာလဲ 🛑
┗━━━━━━━━━━━━━━━━━━━━┛

👉 ဒူးနာနေတဲ့ သင့်ရဲ့ မိဘ ၊ ဆွေမျိုး ၊သူငယ်ချင်းတွေ အတွက်လည်း Share ပေးလိုက်ပါဦးနော်

🔵 ဒူးအစားထိုးကုသခြင်း ဆိုတာ ဒူးနာဝေဒနာခံစားနေရသော ယိုယွင်းနေတဲ့ ဒူးဆစ်ကို ပုံစံတူ သတ္တု ဖြင့်ပြုလုပ်ထားသော ဒူးဆစ်အတု တစ်ခုနှင့် အစားထိုးလဲလှယ်ပေးတဲ့ အရိုးခွဲစိတ်ကုသမှုတစ်ခုပဲဖြစ်ပါသည်

🔶 အသက်အရွယ်ကြောင့် ဒူးဆစ်ရောင်ပြီး သွားလာရ ခက်ခဲနေခြင်း
🔶 အထိုင် အထ အဆင်မပြေပဲ စိတ်သွားတိုင်းကိုယ်မပါနိုင်ခြင်း
🔶 ဒူးဒဏ်ရာ ပြင်းထန်စွာ ရဖူးခြင်း
🔶 မွေးရာပါ ဒူးဆစ်ခွင်ခြင်း
🔶 အဆစ်အမြစ်မခိုင်မြဲခြင်း
🔶 ဒူးဆစ် လှုပ်ရှားမှုများတောင့်တင်းလာခြင်း

🔵 အထက်ပါ အကြောင်းရပ်များတွင် ဒူးအစားထိုးခွဲစိတ်ကုသခြင်း ဖြင့် သိသာထင်ရှားသော အကျိုးကျေးဇူးများကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားနိုင်မှာ ဖြစ်ပါသည်

🔴 ကျွန်တော်တို့ ပီရာဝေ့ဆေးရုံကြီး၏ ကျွမ်းကျင်ပြီး အတွေ့အကြုံများပြားသော အရိုးအထူးကုဆရာဝန်ကြီးများ မှ ဒူးအစားထိုးခွဲစိတ်ကုသခြင်း ကို အကောင်းဆုံး အောင်မြင်မှု ရလာဒ်များဖြင့် ခွဲစိတ်ကုသပေးလျက်ရှိပါသည်

🔴 ပီရာဝေ့ဆေးရုံကြီး အနေဖြင့် ဒူးအစားထိုးခွဲစိတ်မှု ဈေးနှုန်းအနေဖြင့်လည်း ကုန်ကျစရိတ် သက်သာစွာ ကုသမှုခံယူနိုင်ရန် ပတ်ကေ့များလည်း စီစဉ်ထားရှိပေးလျက်ရှိပါသည်

✔️ ဘန်ကောက်သို့လာရောက်ကုသရန် ခန့်မှန်းကုန်ကျစရိတ် မေးမြန်းခြင်း, အသေးစိတ် အချက်အလက်များ မေးမြန်းခြင်း, ဆရာဝန်နှင့် ကြိုတင်ရက်ချိန်းယူခြင်းများပြုလုပ်လိုပါက

☎️ 09 792 777799 / 09 772 777799
💬 Facebook chat box မှ တဆင့်ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်

💥 ယခုတလော နိုင်ငံတကာမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ Corona Virus(Wuhan) virus အလွယ်တကူ ကူးစက်ခြင်းမခံရအောင် ကြိုတင်က...
31/01/2020

💥 ယခုတလော နိုင်ငံတကာမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ Corona Virus(Wuhan) virus အလွယ်တကူ ကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးများကို ဝေမျှပေးလိုက်ရပါတယ်နော် 💥

မြန်မာပြည်သူပြည်သား အားလုံးအတွက် အမြဲ အသင့်ရှိနေမယ် ပီရာဝေ့ ဆေးရုံကြီး 🙏🏻🙏🏻

ဆက်သွယ်ရန် 👇🏻👇🏻
☎️ 09792777799
☎️ 09772777799

💥💥၂၀၂၀ ကို Promotion အစီအစဉ်လေးတွေနဲ့ တူတူ ကြိုဆိုလိုက်ရအောင် 💥💥👉ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီ ပီရာဝေ...
29/01/2020

💥💥၂၀၂၀ ကို Promotion အစီအစဉ်လေးတွေနဲ့ တူတူ ကြိုဆိုလိုက်ရအောင် 💥💥

👉ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာအဆင့်မီ ပီရာဝေ့ ဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူလိုသူများအတွက် အထူးသတင်းကောင်း 🥳

👉ဘန်ကောက်မြို့မှာ စျေးလည်းဝယ်မယ် ကျန်းမာရေးလည်းစစ်ဆေးကြမယ် 👍👍

🚨မြန်မာငွေကျပ် ငါးသိန်းဝန်းကျင် နဲ့ မိမိကျန်းမာရေး ကို အလုံးစုံ စစ်ဆေးနိုင်မှာပါ 🚨

👉အတန် တကာ့ အတန်ဆုံး အစီအစဉ်လေးတွေမို့ လက်မလွှတ်စေနဲ့နော် 🎉🎉

📌ကျန်းမာသောခန္ဓာကိုယ် နှင့် ပျော်ရွှင်သော မိသားစု ဘဝ များ ပိုင်ဆိုင်ကြစေရန်

ကျွန်ုပ်တို့ ပီရာဝေ့ အထူးကု ဆေးရုံကြီးမှ အကောင်းဆုံးသော ဝန်ဆောင်မှုများဖြင့် နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါတယ်ခင်ဗျာ 😇

📌ဒါ့အပြင် ဆေးရုံကြီးမှ 👇🏻👇🏻

👉🏻လေဆိပ် ကြို/ပို့ အခမဲ့ ✈️
👉🏻ဟော်တယ်ကြို/ပို့ အခမဲ့ 🚐
👉🏻ကျွမ်းကျင်မြန်မာစကားပြန်အခမဲ့🙏

တို့ဖြင့်လည်း အခမဲ့ ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်ခင်ဗျာ 🎉🎉🎉

အသေးစိတ်ကို ...
☎ 09 772 777799 / 09 792 777799
✉️ page
တို့မှတဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်ခင်ဗျာ 🙏🏻

25/12/2019

Address

Building A-11, Room-1, Anawyahtar Housing, Pyay Road, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09792777799

Alerts

Be the first to know and let us send you an email when Piyavate Hospital - Myanmar Representative Office,Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Piyavate Hospital - Myanmar Representative Office,Yangon:

Share

Category