Dr. Mon Myat Htun GP

Call Directions Contact the practice

Dr. Mon Myat Htun GP International certified General Practitioner, Doctor, who loves sharing women's health, maternal and child health. Health Education channel!

05/10/2026

ကာလသားရောဂါမရှိဘဲ ရှိတဲ့အဖြေထွက်တတ်လား ?
#ကာလသားရောဂါ



#လိင်မှတစ်ဆင့်ကူးစက်ရောဂါ

01/10/2026

စတာပါ အမှန်က တိုင်ပင်ရမယ်နော် တိုင်ပင်ပြီးမှလာကြနော် တူတူလာရင်ပိုကောင်းတယ်နော် 😁😉

ကာလသားရောဂါ သတိပြုပါ( တစ်ပုံချင်းစီ နှိပ်၍ဖတ်ပေးပါ) ရေးသားသူ ✍Dr. Mon Myat Htun - GPM.B.,B.S(YGN)MRCGP[International]Dip...
23/09/2026

ကာလသားရောဂါ သတိပြုပါ
( တစ်ပုံချင်းစီ နှိပ်၍ဖတ်ပေးပါ)
ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
MRCGP[International]
Dip. Child Psychology & ECCD (UK)
အ ထွေထွေရောဂါကု ဆရာဝန်

စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ 🚫
~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ ကျန်းမာရေး ဗဟုသုတ တိုးပွားချင်ပါက Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)

22/09/2026

ကလေးယူရန် ကြိုးစားနေသူများလိုက်နာရန်
#ကလေးလိုချင်သူများ
#ကျန်းမာရေးဗဟုသုတ

17/09/2026

ဆီးစစ်တံမှာ အရောင် မှိန်မှိန် ဖျော့ဖျော့ပဲ ပေါ်တာကကိုယ်၀န်ရှိလား ?
#ဆီးစစ်တံ
#ကိုယ်၀န်
#အမျိုးသမီးကျန်းမာရေး

14/09/2026

ရာသီလာချိန်ခေါင်းလျှော်လို့ရလား ?
#အမျိုးသမီးကျန်းမာရေး
#ရာသီလာချိန်
#ခေါင်းလျှော်လို့ရလား

ကိုယ်ဝန်ပျက်ကျခြင်းနှင့်ပတ်သတ်သော အယူအဆအမှားများအကြောင်းအမျိုးမျိုးကြောင့် ကံမကောင်းစွာဖြင့် ကိုယ်ဝန်ပျက်ကျခဲ့သော် ဘေးပတ...
08/09/2026

ကိုယ်ဝန်ပျက်ကျခြင်းနှင့်ပတ်သတ်သော အယူအဆအမှားများ

အကြောင်းအမျိုးမျိုးကြောင့် ကံမကောင်းစွာဖြင့် ကိုယ်ဝန်ပျက်ကျခဲ့သော် ဘေးပတ်ဝန်းကျင်ကရော မိမိကိုယ်ကိုယ်ရော အပြစ်တင်ဝေဖန်တတ်ကြပါတယ်။ ဒါကြောင့်ကိုယ်ဝန်ပျက်ကျခြင်းက ဘာလို့ဖြစ်ပြီး ဘာတွေကြောင့်မဖြစ်ဘူးလဲဆိုတာကို ရှင်းပြပေးလိုက်ပါတယ်။

❌ အလုပ်ပင်ပန်းလို့
ဓာတုပစ္စည်းများ၊ ဓာတ်ရောင်ခြည် များနှင့်ထိတွေ့ရသော အလုပ်များကလွဲ၍ အခြားသောသာမာန်အလုပ်များလုပ်ခြင်းကြောင့် ကိုယ်ဝန်မပျက်ကျစေနိုင်ပါ။ အလုပ်ပင်ပန်းခြင်းက ရင်သွေးရဲ့ကြီးထွားဖွံဖြိုးမှုအပေါ်သက်ရောက်မှုရှိတာမလို့ အရမ်းအပင်ပန်းမခံဖို့တော့လိုအပ်ပါတယ်။

❌လိင်ဆက်ဆံလို့
ကိုယ်ဝန်ဆောင်ချိန် အတူနေလိင်ဆက်ဆံလို့ရပါတယ်။ ကိုယ်ဝန်မပျက်ကျစေနိုင်ပါ။

❌ယောကျာ်းနဲ့ရန်ဖြစ်လို့
ရန်ဖြစ်စကားများခြင်းက ကိုယ်ဝန်အတွက်မကောင်းဘူးဆိုပေမယ့် ကိုယ်ထိလက်ရောက်လွန်လွန်ကျူးကျူးမဟုတ်ပါက ပျက်ကျလောက်စေတဲ့အထိမဖြစ်နိုင်ပါ။

❌ကိုယ်ဝန်မရခင်တားဆေးတွေသုံးခဲ့လို့ ကိုယ်ဝန်မခိုင်တာ
သားဆက်ခြားသောက်ဆေး ထိုးဆေးမည်သည့်နည်းလမ်းမဆို ကိုယ်ဝန်ပျက်ကျခြင်း လုံးဝမဖြစ်စေပါ။

❌လေ့ကျင့်ခန်းလုပ်လို့
Contact sports လို့ခေါ်တဲ့ ကိုယ်ခန္ဓာကိုထိခိုက်နိုင်တဲ့ လေ့ကျင့်ခန်းမျိုး ဥပမာ လက်ဝှေ့ထိုးခြင်း၊ နပန်းလုံးခြင်း၊ တိုင်ကွမ်ဒို ကဲ့သို့သော ကစားနည်းများမှ လွဲ၍ သာမန် ပြေးရုံ၊ workout လုပ်ရုံဖြင် ့ မပျက်ကျစေနိုင်ပါ။ မိမိမှာ ကိုယ်ဝန်ရှိပြီဆိုပါက trainer များကိုအသိပေးပြီး ကိုယ်ဝန်နဲ့သင့်လျော်တဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျတဲ့အခါ ဒီလောက်ဂရုစိုက်လျက်နဲ့
ဘာကြောင့်ပျက်ရလဲဆိုပြီး ကာယကံရှင်ကိုယ်တိုင်ကလည်းသိချင်ပါတယ် ။ အဲ့လိုတွေးနေတဲ့သူတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ ဦးစွာပြောချင်ပါတယ်။ ဘာအကြောင်းရင်းမှမရှိဘဲနဲ့လည်း ပျက်ကျနိုင်ချေရှိလို့ပါ။

ဆေးပညာအရ ကိုယ်ဝန်ပျက်ကျမှုများစေနိုင်တဲ့ အကြောင်းရင်းတွေကတော့
✅အသက်ကြီးလာခြင်း
အသက်ကြီးလေ ပျက်ကျနိုင်ချေများလေဖြစ်ပါတယ်။ အသက် ၃၀ ကျော်အမျိုးသမီး ၅ယောက်မှာ၁ယောက်ပျက်ကျနိုင်ချေရှိပြီး
အသက်၄၀ ကျော်အမျိုးသမီး ၂ယောက်မှာ၁ယောက်ထိ ပျက်ကျနိုင်ချေရှိပါတယ်

✅အစာအဆိပ်သင့်ခြင်း
ဘက်တီးရီးယား ဗိုင်းရစ် ကပ်ပါးကောင် ပါဝင်နေသော မသန့်ရှင်းသောအစားအစာ များစားမိ၍ အထက်လှန်အောက်လျှော ဖြစ်ပါက ကိုယ်ဝန်ပျက်ကျခြင်းဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သန့်ရှင်းသော သေချာချက်ပြုတ်ထားသော အစားအစာများကိုသာစားသင့်ပါတယ်။

✅ဟော်မုန်းမမှန်သောရောဂါများ
ဆီးချိုကောင်းစွာမထိန်းနိုင်ခြင်း၊ လည်ပင်းဟော်မုန်း သိုင်းရွိက်ပြသနာ၊ ဦးနှောက်အကျိတ်ရှိခြင်း စတာတွေက ကိုယ်ဝန်ပျက်နိုင်ချေမြင့်တက်ပါတယ်

✅နေထိုင်စားသောက်မှုပုံစံအမှားများ
ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်အလေးချိန်နည်းလွန်းပိန်လွန်း ဝလွန်းခြင်း၊ ကော်ဖီ၂ခွက်ထပ်ပိုသောက်ခြင်း စတာတွေက ကိုယ်ဝန်ပျက်ကျနိုင်ချေများစေနိုင်ပါတယ်။

✅အမျိုးသမီးရောဂါများ
သားအိမ်အနေထားမမှန်ခြင်း၊ သားအိမ်ခေါင်းအားနည်းခြင်း၊ သားအိမ်အတွင်းအသားလုံးရှိခြင်း၊ မျိုးဥအိမ်ရေအိတ်ငယ်များစွာရှိခြင်းရောဂါ၊ စတဲ့ရောဂါများရှိပါက ကိုယ်ဝန်ပျက်ကျနိုင်ချေများတတ်ပါတယ်။

✅အခြားရောဂါများ
အရေပြားလေးဘက်နာ၊ သွေးမတိတ်ရောဂါ၊ မျိုးရိုးဗီဇ chromosome ပြသနာ၊ ကြောင်ကတစ်ဆင့်ကူးစက်ရောဂါ Toxoplasmosis ၊ အချင်းပုံစံမမှန်ခြင်း၊ ၃ခါနှင့်အထပ် ကိုယ်ဝန်ပျက်ကျဖူးတဲ့ recurrent Miscarriage အစရှိတဲ့ရောဂါများ အခြေအနေများကြောင့်လည်း ပျက်ကျနိုင်ချေများတတ်ပါတယ်။

ခုပြောသွားတဲ့အချက်တွေက ပျက်ကျနိုင်ချေများနိုင်ကြောင်း လေ့လာတွေ့ရှိချက်များဖြစ်ပါတယ်။ အဲ့လိုအခြေအနေတွေရှိတိုင်း ပျက်ကျမယ်လို့မဆိုလိုပါ။ ကိုယ့်မှာ ဒီလိုအချက်တွေရှိခဲ့ရင် ကိုယ်ဝန်ရှိမှန်းသိတာနဲ့ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်လိုအပ်ပါတယ်။ သတိထားရန်လိုပေမယ့် ကြောက်နေဖို့တော့မလိုပါ။

ကိုယ်ဝန်ဆောင်မေမေတို့ ကိုယ်ဝန်တစ်လျှောက်ကျန်းမာစွာဖြင့် ရင်သွေးလေးတွေကို ချောချောချူချူမွေးဖွားနိုင်ကြပါစေလို့ ဆုတောင်းရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါတယ်။

ဆောင်းပါးလေးက အကျိုးရှိစေမယ်ဆိုရင် sharing လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦးနော်။ 🤗

ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
MRCGP [ International]
Dip. Child Psychology & ECCD( UK)
အ ထွေထွေရောဂါကု ဆရာဝန်

( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း မပြုရန်မေတ္တာရပ်ခံအပ်ပါတယ်)
#အမျိုးသမီးကျန်းမာရေး
#ကိုယ်ဝန်ပျက်
#ကိုယ်ဝန်

~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး၊ မိခင်နှင့်ကလေး၊ အထွေထွေကျန်းမာရေးဗဟုသုတ ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
(ကြိုတင်စာရင်းပေးရန်လိုသည်)

🤔 ကိုယ်ဝန်မရှိဘဲ ဘာလို့ကိုယ်ဝန်ရှိသလိုခံစားနေရတာလဲ? 👱🏻‍♀️ဆီးစစ်ကြည့်တော့လည်း တစ်ကြောင်းပဲ ရာသီကလည်းလာရမှာကိုနောက်ကျနေတယ်...
04/09/2026

🤔 ကိုယ်ဝန်မရှိဘဲ ဘာလို့ကိုယ်ဝန်ရှိသလိုခံစားနေရတာလဲ?

👱🏻‍♀️ဆီးစစ်ကြည့်တော့လည်း တစ်ကြောင်းပဲ ရာသီကလည်းလာရမှာကိုနောက်ကျနေတယ်မလာသေးဘူး
👉 လူကလည်း ပျို့ချင်သလို အန်ချင်သလို မူးချင်သလို နေလို့မကောင်း
👉 ဆီးခုံကလည်း ဖောင်းနေသလိုပဲ
စသဖြင့် ခံစားရတာတွေ မိန်းကလေးတွေမှာကြုံဖူးကြမယ်ထင်ပါတယ်။

💃 ရည်းစားမရှိ အိမ်ထောင်မရှိ လိင်ကိစ္စမရှိတဲ့အမျိုးသမီးတွေကတော့ ဒီလို ဖြစ်ရင် အမှုမဲ့အမှတ်မဲ့ အေးဆေး လေဥဥသွားပြီလားဆိုပြီး ဟာသလုပ်နေနိုင်ပေမယ့်

လိင်ကိစ္စရှိထားတဲ့👫 အမျိုးသမီးတွေကတော့ ကိုယ်ဝန်ရသွားတာလား အကာကွယ်သုံးထားလျက်နဲ့ ဆေးသောက်ထားလျက်နဲ့ ဖြစ်နိုင်လားဆိုပြီး စိတ်ပူနေတတ်ကြပါတယ်။

❗ အရင်ဆုံး သံသယတွေအတည်ပြုဖို့ ကိုယ်ဝန်ရှိမရှိဆီးအရင်စစ်ကြည့်ဖို့လိုပါမယ်။

🧐တစ်ကြောင်းတည်း ကိုယ်ဝန်မရှိဘူးလို့ထွက်တယ် ကိုယ်ကလည်း ကိုယ်ဝန်ရှိနေသလိုထင်ရင် စစ်တာမှားလားစစ်ဆေးရန်အတွက်
👉စစ်တဲ့ဆီးစစ်တံက expire date ကောင်းလား၊ 👉 ကိုယ်စစ်ဆေးတုန်းကစစ်နည်းမှန်လား Max အမှတ်ထပ်ကျော်ပြီးဆီးကိုနှစ်လိုက်မိသလား
👉 အဖြေဖတ်တာ အရမ်းကြာသွားမှကြည့်မိတာလား (၂မိနစ်အတွင်းဖတ်တာအကောင်းဆုံး) စသဖြင့် စမ်းစစ်ပါ။
အကုန်လုံးမှန်တယ်ဆို အဖြေမှားတာမဖြစ်နိုင်ပါ။ ဆီးစစ်တံအများစုက ဆီးထဲက hCG ဟော်မုန်းပမာဏကို ကောင်းစွာတိုင်းနိုင်တာဖြစ်လို့ ယုံကြည်လို့ရပါတယ်။

နောက်တစ်ခုက ကိုယ်စစ်တာစောလွန်းနေလားပေါ့ ။ ရာသီလာရမယ့်ရက်ကို ၁ရက်နောက်ကျပြီဆိုတာနဲ့ ဆီးစစ်လို့ရပါပြီ ပေါ်ပါတယ်။ ရာသီမှန်တဲ့သူတော့ဖြစ်ရပါမယ်။ ရာသီစက်ဝန်းမမှန်တဲ့သူဆိုရင်တော့ မရပါ။

🤔 အဲ့တော့ ကိုယ်ဝန်မရှိဘဲ ရာသီကဘာလို့နောက်ကျနေတာ လဲ?
ဖြစ်နိုင်ချေရှိတဲ့အကြောင်းရင်းတွေကတော့
👉စိတ်ဖိစီးမှုများခြင်း stress ကြောင့် ကအဖြစ်အများဆုံးပါ။ ကိုယ်ဝန်ရသွားမှာစိတ်ပူပြီး စိုးရိမ်စိတ်များ stress တွေတက်လေ သားဥကမကြွေ ရာသီကပိုနောက်ကျလေဖြစ်ပါတယ်။ စီးပွားရေး လူမှုရေး အမျိုးမျိုးသော ကိစ္စတွေကြောင့်လည်း စိတ်ဖိစီးစရာရှိတဲ့အခါ သားဥကြွေချိန်နောက်ကျတာ သားဥမကြွေတာတွေဖြစ်ပြီးရာသီသွေးကမပေါ်ဘဲနေတတ်ပါတယ်
👉ကိုယ်အလေးချိန်ပြောင်းလဲခြင်း
ဝိတ်အမြန်ချတဲ့သူတွေ ပိန်ဆေးသောက်ဆေးထိုးဆေးသုံးပြီး ကိုယ်အလေးချိန်ကျသွားတဲ့အခါ ရာသီသွေးမပေါ်တာဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်အရမ်းတက်လာရင်လည်း သွေးပေါ်တာနောက်ကျတာဖြစ်တတ်ပါတယ်။
👉Eating disorder လို့ခေါ်တဲ့ အစားစားလျှင်ဝမှာကြောက်လို့ အလွန်အမင်းလျှော့စားတဲ့သူတွေ၊ စားပြီးပြန်အန်အောင်လုပ်သူ ဝမ်းနှုတ်ဆေးတွေသောက်သူ တွေမှာလည်း ရာသီမပေါ်တော့တာတွေဖြစ်တတ်ပါတယ်
👉အချို့သော ရောဂါများ
PCOS ကဲ့သို့ သားဥအိမ်ရေအိတ်ငယ်များတည်ခြင်းရောဂါစု၊ လည်ပင်းဟော်မုန်း သိုင်းရွိက်ပြသနာ၊ ဦးနှောက်အကျိတ်ရှိခြင်း ဒီလိုရောဂါတွေတစ်ခုခုကြောင့်လည်း ရာသီမမှန်တာ မပေါ်တာ နောက်ကျတာတွေဖြစ်တတ်ပါတယ်။
👉အချို့သောဆေးဝါးများ
စိတ်ကျန်းမာရေးဆေးများ၊ မူးယစ်ဆေးများ၊ ကိုယ်ဝန်တားဆေးထိုးဆေး ကဲ့သို့သော ဆေးဝါးများကလည်း ရာသီထိန်စေတတ်ပါတယ်
❗ဘာကြောင့်ဖြစ်လဲအတွက် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ရန်လိုပါတယ်။

🤔 ကိုယ်ဝန်ရှိသလိုလက္ခဏာတွေခံစားနေရတာရော ဘာကြောင့်လဲ?
အဖြစ်အများဆုံးကတော့ စိတ်ထင်တာပါ။ စာတွေလျှောက်ဖတ်ထားပြီး ရာသီလည်းမလာတော့ ကြားဖူးဖတ်ဖူးတဲ့ ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေခံစားနေရသလိုဖြစ်ပါတယ်။ Psychosomatic symptom လို့ ဆေးပညာအရခေါ်ဝေါ်ပါတယ်။ ဦးနှောက်က စိုးရိမ်ပြီးဒါကိုပဲတွေးမိနေလို့ ခံစားရသမျှအကုန် ကိုယ်ဝန်ရှိနေတာလားဆိုပြီးဖြစ်တာပါ။
အမှန်တကယ်ခံစားနေရသူတွေလည်းရှိပါတယ်။ ဘာလို့လဲဆို ဒီလိုကိုယ်ဝန်လက္ခဏာလို့ပြောတဲ့ မူးတာပျို့တာအန်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အစားကောင်းကောင်းမစားမိရင် မသန့်တာစားမိရင် အစာအိမ်အချဥ်ပြန်ရင်လည်း ပျို့အန်ချင် မူးမောတာဖြစ်တတ်လို့ပါ။
နောက်တစ်ခုက ဆီးအိမ်ဖောင်းပြီး ဗိုက်ကြီးတယ်ထင်တဲ့အချက်ပါ။ ကိုယ်ဝန်တကယ်ရှိရင်တောင် ၄လ ၅လ လောက်မှ ဗိုက်က စသိသာတာပါ။ ဒါကြောင့် ရက်ပိုင်းလောက်ရာသီနောက်ကျရုံနဲ့ ဆီးစပ်ဖောင်းတယ်ဆိုတာ ကလေးကြောင့်လို့ပြောလို့မရပါ။ ရာသီလာခါနီးလေပွပြီး ဖောင်းတာမျိုးပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်မို့ အရမ်းစိတ်မပူ အတွေးမလွန်ကြဖို့ပြောချင်ပါတယ်။ အဓိက ကိုယ်ဝန်ရသွားမှာစိတ်ပူကြတာများလို့ ကိုယ်ဝန်မလိုချင်သေးရင် သားဆက်ခြားနည်းလမ်းများကို သေချာသုံးပေးပါလို့ပဲပြောကြားရင်း စာလေးရှည်သွားလို့ အဆုံးသတ်လိုက်ပါရစေ။

ဆောင်းပါးလေးက အကျိုးရှိစေမယ်ဆိုရင် sharing လုပ်ပေးခြင်းဖြင့် ကူညီပေးကြပါဦးနော်။ 🤗

ရေးသားသူ ✍
Dr. Mon Myat Htun - GP
M.B.,B.S(YGN)
MRCGP [ International]
Dip. Child Psychology & ECCD( UK)
အ ထွေထွေရောဂါကု ဆရာဝန်

( စာများကို တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်း ခွင့်မပြုပါ) ❌❌❌
~~~~~~~~~~~~~~~~~~~~~~~~~
အမျိုးသမီး ကျန်းမာရေး၊ မိခင်နှင့်ကလေး၊ အထွေထွေကျန်းမာရေးဗဟုသုတ ဆောင်းပါးများ video များကို ရေးသားဖန်တီးသွားမှာ ဖြစ်လို့ Dr. Mon Myat Htun GP Page လေးကို Like and Follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် 😉 👍🤗

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
နေ့သစ် မိသားစုဆေးခန်း
🏥 အမှတ် ၂ ( A) ၊ ၁၆၆လမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်။
☎ 09795389583, 095063031
⏱နံနက် ၉နာရီ မှ ည၇နာရီ ထိ ( ပိတ်ရက်မရှိ)
(ကြိုတင်စာရင်းပေးရန်လိုသည်)

03/09/2026

မိန်းမကိုယ်က အရည်ကြည်ဆင်းတာ စိုးရိမ်ရလား ?
#အမျိုးသမီးကျန်းမာရေး
#မိန်းမကိုယ်ကျန်းမာရေး
#အဖြူဆင်းခြင်း

အတူနေပြီးနောက် ဆီးအိမ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရောင်ခြင်းဆေးခန်းထဲသို့ လူလတ်ပိုင်းစုံတွဲတစ်တွဲ၀င်လာတယ်။ အမျိုးသမီးမျက်...
02/09/2026

အတူနေပြီးနောက် ဆီးအိမ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရောင်ခြင်း

ဆေးခန်းထဲသို့ လူလတ်ပိုင်းစုံတွဲတစ်တွဲ၀င်လာတယ်။ အမျိုးသမီးမျက်နှာကဆူပုတ်ပြီးဒေါသထွက်နေ၊ အမျိုးသားကလည်းစိတ်ညစ်နေတဲ့ရုပ်နဲ့ပေါ့။
🧑‍⚕️ဘာများဖြစ်လို့လဲ ညီမ
🧑ဒေါက်တာ ကျွန်မကိုကူးစက် ရောဂါအကုန်စစ် ပေးပါ။

🧑‍⚕️ဘာဝေဒနာခံစား နေရလို့လဲအရင် ပြောပြပါ။ဆရာမလိုအပ်တာလုပ်ပေးပါ့မယ်။
🧑ကျွန်မကလေးငယ် လေး မွေးထားတာ 6လ ရှိပါပြီ။ ကြားထဲ ကလေးနဲ့ပင်ပန်းတာနဲ့ အမျိုးသားနဲ့လည်းအတူမနေဖြစ်တာ 6လတောင်ရှိသွားပြီဆရာမရယ်။ အဲ့တာမနေ့ကပြန်နပြီးတာနဲ့ ဒီမနက်
ရောဂါလက္ခဏာများ
📌 ဆီးသွားတာ သွေးတွေပါလာရော
📌ဆီီးလည်းကျဉ်ပြီး နာလိုက်တာဆိုတာတစ်ခါခါဆီးထွက်ဖို့အရေး
📌ခဏခဏလည်းသွားချင် နေတယ် ပေါက်တာ့လည်းနည်းနည်း
📌ခါးလည်းနာ ဆီးစပ်ကလည်းတင်းသလို‌‌ေအာင့်
📌ခုချမ်းစိမ့်စိမ့်နဲ့ ဖျားချင်သလိုပါဖြစ်လာတယ်

အဲ့တာ သူနဲ့နေပြီးမှဖြစ်တာ condom သုံးပါဆိုတာမသုံးဘူး ။ အဲ့တာကျွန်မရောဂါပိုးကူးတာလား ဆရာမ ? အဲ့တာရှင့် ကြောင့်ဖြစ်ရတာ မှန်မှန်ပြော ကျွန်မသွေးနုသားနုစိတ်မပါတဲ့အချိန် ရှင်ဘယ်သူနဲ့သွားပတ်သတ်ထားလဲ ?
🧒မဟုတ်ပါဘူးဆို မိန်းမရာ လိုက်စွပ်စွဲနေတယ် ဒုက္ခပဲ ရုပ်ရှင်ကြည့်တာများသွားပြီထင်တယ်

🧑‍⚕️ခဏလေး နေ ‌‌ကြပါဦး ဆရာမ ရှင်းပြပါရ စေ
ညီမ အခုပြောသွားတဲ့လက္ခဏာတွေအရ ဆီးအိမ် ရောင်တဲ့ လက္ခဏာပါ။ ဆီးပိုး၀င်တယ်လို့ပြောရမှာ ပေါ့။ ဒါက လိင်ဆက်ဆံအပြီးမှာဖြစ်တယ် ဆိုပေမယ့်
📌 လိင်ကတစ်ဆင့်ကူးစက်ရောဂါမဟုတ်ပါဘူး ❌
ဆေးပညာအ ခေါ်အ ဝေါ်အရဆို Honeymoon Cystitis လို့ခေါ်တယ်။ ChatGPT မှာလည်းရှာဖတ်ကြည့်လို့ရပါတယ်။ ပုံမှန်အချိန်မှာလည်း အမျိုးသမီးတွေက ဆီးပိုးပို၀င်တတ်တယ်။ အတူနေချိန်မှာ ပွတ်တိုက်မှုကတစ်ဆင့် စအိုလမ်းကြောင်းမှာ‌ရှိ နေတဲ့ ဘက်တီးရီးယားကို ဆီးလမ်းကြာင်းထဲ စွဲသွင်းလိုက်သလိုဖြစ်ပြီး ဆီးပိုး၀င်ရခြင်းဖြစ်ပါတယ်။

🧑အော်အဲ့လိုလား ဆရာမ ကူးစက် ရောဂါမဟုတ်ဘူး ပေါ့
🧒တွေ့လား အား နေငါ့ပဲလာစွပ်စွဲနေ
🧑မဟုတ်ရင်ပြီးရော။

🧑 အဲ့တာဘာလို့ခုမှဖြစ်တာလဲ အရင်ကမဖြစ်ဖူးပါဘူးဆရာမ
🧑‍⚕️ညီမ ပြောတာအရဆို အတူမနေတာကြာပြီးပြန် နေတဲ့အခါမျိုးမှာဖြစ်တာပါ။ သမီးရည်းစားတွေ ပထမဆုံးအကြိမ်စအတူနေတဲ့အခါမျိုးမှာလည်းဖြစ်တတ်တယ်။ နေတဲ့အကြိမ်ရေများသွားတဲ့အခါလည်းဖြစ်တတ်တယ်။
🧑အယ် အဲ့တာဆိုမနေတာကြာပြီးမှပြန် နေတိုင်းအခုလိုဖြစ်မှာလား အဲ့တာဆို အတူနေဖို့ တောင် ကြောက်လာပြီဆရာမရယ်။

🧑‍⚕️မကြောက်ပါနဲ့ကွယ် မဖြစ် အောင်ကာကွယ်လို့ရပါတယ်။ အဓိက
📌အတူမနေခင် ဆီးသွားချင်ချင်မချင်ချင် ဆီးကုန် ‌ေအာင် တစ်ခါပေါက်ပါ
📌အတူနေပြီးချိန်မှာလည်း ဆီးတစ်ခါထပ်သွားပါ
ဆီးအိမ်ထဲမှာဆီးကျန်မရှိရင် ဘက်တီးရီးယား၀င်ရင် တောင် ပွားလို့မရ စေလို့ပါ။
📌အတူနေချိန်မှာ ညင်ညင်သာသာနေဖို့
📌လိုအပ်ရင် ချောဆီသုံးပေးဖို့
အဲ့လိုကလည်းကာကွယ် ပေးပါတယ်။

🧑 ဆေးကုရင် ရော အရှင်း ပျောက်ပါတယ် နော် ဆရာမ
🧑‍⚕️ဆီးပိုးလိုပဲ ပိုးသတ်‌ ဆေး သောက်ရင်အရှင်း ပျောက်ပါတယ် မစိုးရိမ်ပါနဲ့။
🧒တော်သေးတာ ပေါ့ ဆရာမ ရေ မဟုတ်ရင်ကျွန် တော်ပဲ ဖောက်ပြန်တယ်ဖြစ် တော့မှာ 😅

ရေးသားသူ ✍
Dr. Mon Myat Htun
M.B.,B.S(YGN)
MRCGP[ International]
Dip.Child Psychology & ECCD(UK)
အထွေထွေရောဂါကု ဆရာဝန်

( စာများကိုတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါတယ်)

အထွေထွေ နှင့်အမျိုးသမီးရောဂါများကို ယုံကြည်စိတ်ချစွာ ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးနိင်ပါသည်။
Online မှ ဆွေးနွေးလိုလျှင် page Messenger မှတစ်ဆင့် ချိန်းဆိုနိင်ပါတယ်။

ဆေးခန်းသို့လာရောက်ပြသမည်ဆိုပါက
🏥ဆေးခန်းလိပ်စာ - အမှတ် ၂က၊ (၁၆၆) လမ်း၊ တာမွေကြီး (ခ)ရပ်ကွက်၊ တာမွေမြို့နယ်။
⏱ဆေးခန်း ဖွင့်ချိန် - နံနက် ၉ နာရီ မှ ည၇နာရီထိ
095063031, 09795389583
(ကြိုတင်စာရင်းပေးရန်လိုသည်)
#ဆီးပိုးဝင်ခြင်း
#ဆီးအိမ်ရောင်ခြင်း
#အမျိုးသမီးကျန်းမာရေး

Address

Yangon

Telephone

+959795389583

Website

Alerts

Be the first to know and let us send you an email when Dr. Mon Myat Htun GP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Mon Myat Htun GP:

Shortcuts

Share