Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး

  • Home
  • Myanmar
  • Yangon
  • Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး

Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး We are here to help you and your beloved ones health care.

ဇူလိုင်လ ၁၉ရက်နေ့၊ ၂၀၂၆ခုနှစ် တွင်ကျရောက်သည့် ၇၉ နှစ်မြောက် အာဇာနည်နေ့ ဤနေ့ထူးနေ့မြတ်တွင် မြန်မာပြည်သူများအားလုံး ဘေးအန္...
19/07/2026

ဇူလိုင်လ ၁၉ရက်နေ့၊ ၂၀၂၆ခုနှစ် တွင်ကျရောက်သည့် ၇၉ နှစ်မြောက် အာဇာနည်နေ့ ဤနေ့ထူးနေ့မြတ်တွင် မြန်မာပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Phyathai Phaholyothin ဆေးရုံကြီးမှ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

ညဘက်တွေမှာ ဆီးခဏခဏထသွားရလို့ အိပ်ရေးမဝတော့တာ၊ ဆီးသွားချင်ရင်လည်း ချက်ချင်းမထွက်ဘဲ အားစိုက်နေရတာမျိုးတွေ ဖြစ်နေပြီလား? ဒါ...
13/07/2026

ညဘက်တွေမှာ ဆီးခဏခဏထသွားရလို့ အိပ်ရေးမဝတော့တာ၊ ဆီးသွားချင်ရင်လည်း ချက်ချင်းမထွက်ဘဲ အားစိုက်နေရတာမျိုးတွေ ဖြစ်နေပြီလား? ဒါဟာ အသက်ရလာတဲ့ အမျိုးသားအများစု ခံစားရလေ့ရှိတဲ့ ဆီးကျိတ်ကြီးခြင်း (BPH) ရဲ့ ကနဦးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒီလို အဆင်မပြေမှုတွေကို ဖြေရှင်းဖို့အတွက် ခွဲစိတ်မှုကြီးတွေ လုပ်စရာမလိုဘဲ ထိရောက်မြန်ဆန်တဲ့ အဆင့်မြင့်နည်းပညာသစ်တစ်ခု Phyathai Phaholyothin ဆေးရုံကြီး မှာ ရှိနေပါပြီ။ အဲဒါကတော့ PAE (Prostatic Artery Embolization) လို့ခေါ်တဲ့ ခေတ်မီသွေးကြောပိတ်ကုထုံးပဲ ဖြစ်ပါတယ်။ ✨

ဒီကုထုံးကတော့ အထူးကုပါရဂူကြီးတွေက လက်ကောက်ဝတ် ဒါမှမဟုတ် ပေါင်ခြံကနေတစ်ဆင့် ဆီးကျိတ်ဆီသွားတဲ့ သွေးကြောလေးတွေကို သွားရောက်ပြုပြင်ပေးပြီး ဆီးကျိတ်ကို တဖြည်းဖြည်းနဲ့ သဘာဝအတိုင်း ပြန်ကျုံ့သွားအောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘေးပတ်ဝန်းကျင်က တစ်သျှူးတွေကို ထိခိုက်မှုမရှိစေဘဲ ဆီးလမ်းကြောင်း ပိတ်ဆို့မှုကို သက်သာစေပါတယ်။

PAE ကုထုံးရဲ့ အားသာချက်များအနေနဲ့ —
✅ ဓားကိုင်ခွဲစိတ်စရာမလိုခြင်း – ခွဲစိတ်မှုကြီးတွေ လုပ်စရာမလိုဘဲ အဆင့်မြင့်စက်ကိရိယာများဖြင့်သာ ဆောင်ရွက်ခြင်း။
✅ ဒဏ်ရာသေးငယ်ခြင်း – လက်ကောက်ဝတ် သို့မဟုတ် ပေါင်ခြံကနေပဲ လုပ်တာမို့ သိသာတဲ့ ခွဲစိတ်ရာကြီးကြီးမားမား မကျန်ခြင်း။
✅ ဆေးရုံတက်ရက် တိုတောင်းခြင်း – ဆေးရုံမှာ ကြာကြာနေစရာမလိုဘဲ နာလန်ထမြန်ဆန်ခြင်း။
✅ ပုံမှန်ဘဝထဲ ချက်ချင်းပြန်ဝင်ဆံ့နိုင်ခြင်း – နာကျင်မှုသက်သာပြီး နေ့စဥ်လှုပ်ရှားမှုတွေကို အမြန်ဆုံး ပြန်လည်လုပ်ကိုင်နိုင်ခြင်း
စတဲ့အကျိုးကျေးဇူးတွေရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး နေ့စဥ်ဘဝကို နှောင့်ယှက်နေတဲ့ ဆီးကျိတ်ဝေဒနာတွေကနေ ရေရှည်စိတ်အေးသွားဖို့အတွက် Phyathai Phaholyothin ဆေးရုံကြီး ရဲ့ ကျွမ်းကျင်ပါရဂူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာကြည့်ဖို့ အကြံပြုပါရစေ။ မိမိရဲ့ အခြေအနေနဲ့ ဒီ PAE ကုထုံး ကိုက်ညီမှု ရှိ၊ မရှိ အသေးစိတ် သိရှိနိုင်ရန် Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


မမြင်နိုင်တဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးအခြေအနေများကို အချိန်မီ အသေးစိတ် သိရှိနိုင်ခြင်းက အကောင်းဆုံး ကာကွယ်ကုသခြင်း ဖြစ...
08/07/2026

မမြင်နိုင်တဲ့ ခန္ဓာကိုယ်တွင်း ကျန်းမာရေးအခြေအနေများကို အချိန်မီ အသေးစိတ် သိရှိနိုင်ခြင်းက အကောင်းဆုံး ကာကွယ်ကုသခြင်း ဖြစ်ပါတယ်။ ဒီလိုမျိုး ရောဂါရှာဖွေမှု တိကျမှသာ မှန်ကန်သော ကုသမှုရလဒ်ကို ရရှိစေမှာ ဖြစ်တာကြောင့် Phyathai Phaholyothin ဆေးရုံကြီးတွင် ကမ္ဘာ့အဆင့်မီ CT Scan နှင့် MRI စစ်ဆေးမှုများကို ယုံကြည်စိတ်ချစွာ ရယူနိုင်ပါပြီ..
Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်...

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


Scan

ပြီးပြည့်စုံတဲ့ လူမှုဘဝမှာ... ယုံကြည်မှုအပြည့်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ဝန်လေးနေရခြင်းဟာ သင့်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်မ...
06/07/2026

ပြီးပြည့်စုံတဲ့ လူမှုဘဝမှာ... ယုံကြည်မှုအပြည့်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ဝန်လေးနေရခြင်းဟာ သင့်အတွက် အနှောင့်အယှက်တစ်ခု ဖြစ်မနေသင့်ပါဘူး။

နေ့စဥ် လုပ်ငန်းခွင်အတွင်း အသေးစိတ်ကိစ္စရပ်တိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ "လက်ဖဝါးချွေးထွက်လွန်ခြင်း (Palmar Hyperhidrosis)" ဝေဒနာကို ကမ္ဘာ့အဆင့်မီ ဆေးပညာဖြင့် အမြစ်ပြတ် ကုသနိုင်ပါပြီ။

Phyathai Phaholyothin ဆေးရုံကြီး ၏ အဆင့်မြင့် ETS (Endoscopic Thoracic Sympathectomy) မှန်ပြောင်းခွဲစိတ်မှုဟာ —
✅ ၁.၅ စင်တီမီတာခန့်သာရှိသော အနုစိတ်ဆုံး ခွဲစိတ်ရာကြောင့် အမာရွတ် ထင်ကျန်မှုမရှိခြင်း
✅ နာကျင်မှု အနည်းဆုံးဖြင့် နေ့ချင်းပြန်နီးပါး လျင်မြန်စွာ နာလန်ထူနိုင်ခြင်း
✅ တန်ဖိုးရှိလှတဲ့ သင့်ရဲ့ နေ့ရက်တိုင်းကို အကောင်းဆုံး ပြန်လည်ထိန်းချုပ်နိုင်ခြင်း စတဲ့ အားသာချက်များကို ပေးစွမ်းနိုင်ပါတယ်။

ခွဲစိတ်မှုပေါင်း ၄,၀၀၀ ကျော် အတွေ့အကြုံရှိ ရင်ခေါင်းခွဲစိတ်ပါရဂူ တွဲဖက်ပါမောက္ခ ဆရာဝန်ကြီး Sira Laohathai ကိုယ်တိုင် တာဝန်ယူ ခွဲစိတ်ကုသပေးမှာဖြစ်တာမို့ ရလဒ်ပိုင်းကို လုံးဝ စိတ်ချယုံကြည်နိုင်မှာ ဖြစ်ပါတယ်

သင့်ရဲ့ စိတ်အေးချမ်းသာမှုနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ နေ့ရက်တွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အဆင့်မြင့် ETS ကုသမှုအစီအစဉ်ကို ၁၈၀,၀၀၀ ဘတ်မှစတင်၍ ကုသနိုင်ပါပြီ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်...

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Phyathai Phaholyothin ဆေးရုံကြီးတွင် ခေတ်မီဆေးပညာများဖြင့် လိုအပ်သည့်ခွဲစိတ်ကုသမှုကိုအခက်ခဲမရှိ  အောင်မြင်စွာခွဲစိတ်ကုသခ...
27/06/2026

Phyathai Phaholyothin ဆေးရုံကြီးတွင် ခေတ်မီဆေးပညာများဖြင့် လိုအပ်သည့်ခွဲစိတ်ကုသမှုကိုအခက်ခဲမရှိ အောင်မြင်စွာခွဲစိတ်ကုသခဲ့သည့် လူနာ၏ ကိုယ်တွေ့အတွေ့အကြုံကို ပြန်လည်မျှဝေပေးလာပါတယ်။
"ကျွန်မ မြန်မြန်ဆန်ဆန် သက်သာကောင်းမွန်လာအောင် အဘက်ဘက်ကနေ ဂရုတစိုက်စောင့်ရှောက်ပေးခဲ့ကြတဲ့ ဆရာဝန် နဲ့ သူနာပြုများ၊စကားပြန်များ အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဆရာဝန်ကြီးရဲ့ ကျွမ်းကျင်မှုကြောင့် နာကျင်မှုမရှိသလောက် သက်တောင့် သက်သာရှိသလို၊ဆေးရုံတက်စဉ်အတွင်းမှာလည်းဂရုတစိုက် စစ်ဆေးစောင့်ရှောက်ပေးခဲ့ကြပါတယ်။ဒီမှာ လာရောက်ကုသရလို့ အလွန်ကျေနပ်မိပြီး အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။"

ရှေ့လျှောက်လည်း အကောင်းဆုံး ဝန်ဆောင်မှုများနဲ့
သင့်ကျန်းမာရေးခရီးစဉ်ကို အမြဲအတူရှိနေပါမည်။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။



အပြင်ပန်းကြည့်ရင် ကျန်းမာနေပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင်တွေ တကယ်ပဲ ပြည့်ဝရဲ့လား။ 🔋✨နုံးချိတာ၊ အိပ်ရေးမဝသလို ခံစားရတာ...
18/06/2026

အပြင်ပန်းကြည့်ရင် ကျန်းမာနေပေမဲ့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင်တွေ တကယ်ပဲ ပြည့်ဝရဲ့လား။ 🔋✨

နုံးချိတာ၊ အိပ်ရေးမဝသလို ခံစားရတာတွေက သာမန်ပင်ပန်းရုံတင် မဟုတ်ဘဲ ဗီတာမင်နဲ့ အဏုအာဟာရဓာတ် (Micronutrients) တွေ ရေရှည်လိုနေတဲ့ အချက်ပြလက္ခဏာ ဖြစ်နိုင်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီးရဲ့ Elite Lifestyle Wellness Center မှာ သင့်ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ အန်တီအောက်စီဒင့်နဲ့ သတ္တုဓာတ် (၁၉) မျိုး ကို အသေးစိတ် တိုင်းတာစစ်ဆေးနိုင်ပါပြီ။

စစ်ဆေးမှုရလဒ်အပေါ် မူတည်ပြီး သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ ကွက်တိကိုက်ညီမယ့် နေထိုင်စားသောက်မှုပုံစံကို အထူးကုဆရာဝန်ကြီးများက တိကျစွာ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

🎁 အထူးပရိုမိုးရှင်းစျေးနှုန်း: ၁၆,၅၀၀ ဘတ် (မူရင်းစျေး ၁၈,၅၀၀ ဘတ်)
🗓️ သက်တမ်း: ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ

ပိုမိုတက်ကြွလန်းဆန်းတဲ့ ဘဝအဆင့်အတန်းအတွက် သင့်ခန္ဓာကိုယ်ရဲ့ ဗီတာမင်အဆင့်ကို ယနေ့ပဲ ကြိုတင်ဆန်းစစ်လိုက်ပါ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

မိုးရာသီအကူးအပြောင်းမှာ မိသားစုဝင်တစ်ဦးဦး ဖျားလာပြီဆိုရင် ရိုးရိုးတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလားဆိုတာ ခွဲခြားရခက်ခဲပြီ...
10/06/2026

မိုးရာသီအကူးအပြောင်းမှာ မိသားစုဝင်တစ်ဦးဦး ဖျားလာပြီဆိုရင် ရိုးရိုးတုပ်ကွေးလား၊ သွေးလွန်တုပ်ကွေးလားဆိုတာ ခွဲခြားရခက်ခဲပြီး ပေါ့ဆမိရာကနေ အသက်အန္တရာယ်အထိ ကြုံတွေ့ရတတ်ပါတယ်။

အထူးသဖြင့် ကလေးငယ်များနှင့် လူကြီးများတွင် သွေးလွန်တုပ်ကွေးရောဂါသည် အဖျားတက်နေစဉ်ထက် "အဖျားကျသွားသည့်အချိန်" တွင် သွေးလန့်ခြင်း (Shock) ပိုမိုဖြစ်ပွားတတ်သဖြင့် အိမ်မှာတင် စနစ်တကျ မျက်ခြေမပြတ် စောင့်ကြည့်နိုင်ရန် အရေးကြီးပါတယ်။

ဖျားစပြုတဲ့ ပထမရက်တွေမှာ အဖျား ၃၉°C ကနေ ၄၀°C အထိ ချက်ချင်း ပြန်တက်လာခြင်း ရှိ/မရှိ သတိထားရမှာဖြစ်ပြီး ရေဓာတ်ပြည့်ဝနေဖို့က အဓိကကျပါတယ်။ ဒီအချိန်မှာ သတိပြုရမယ့်အချက်က သမားရိုးကျ ပါရာစီတမောတစ်မျိုးတည်းကိုသာ အသုံးပြုရမှာဖြစ်ပြီး သွေးထွက်လွယ်စေတဲ့ အခြားအကိုက်ဲခဲပျောက်ဆေးတွေကို လုံးဝရှောင်ကြဉ်ရပါမယ်။

အန္တရာယ်အရှိဆုံး အပိုင်းကတော့ ဖျားပြီး ၃ ရက်ကနေ ၅ ရက်အတွင်း အဖျားကျသွားတဲ့အချိန် ဖြစ်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ခဏခဏအော့အန်ခြင်း၊ ခြေဖျားလက်ဖျားအေးစက်ကာ မှိန်းနေခြင်းနှင့် သွားဖုံး/နှာခေါင်း သွေးယိုစိမ့်ခြင်းစတဲ့ အရေးပေါ် အချက်ပြလက္ခဏာများ ပြလာပါက သွေးလန့်သည့် အဆင့် (Critical Phase) သို့ ရောက်ရှိသွားနိုင်တာကြောင့် နီးစပ်ရာ အထူးကြပ်မတ်ကုသဆောင် (ICU) ရှိသော ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ရန် အလွန်အရေးကြီးပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ၏ အရေးကြီးဆုံးအဆင့်တွင် သွေးဥမွှား (Platelet) နှင့် သွေးရည်ကြည်အပြောင်းအလဲကို မိနစ်မလပ် တိကျစွာ စောင့်ကြည့်နိုင်သည့် ၂၄ နာရီပတ်လုံး အနီးကပ်စောင့်ကြည့်ကုသမှု (Clinical Monitoring) သာလျှင် လူနာ၏ အသက်ကို ကယ်တင်နိုင်မည် ဖြစ်ပါတယ်။

ထို့ကြောင့် မိသားစုဝင်တစ်ဦးဦးတွင် အထက်ပါ အန္တရာယ်ရှိ လက္ခဏာများ တွေ့ရှိရပါက အချိန်ဆွဲမနေဘဲ နီးစပ်ရာ အထူးကြပ်မတ်ကုသဆောင် (ICU) နှင့် စနစ်ကျသော ဓာတ်ခွဲခန်း တည်ရှိရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း ပို့ဆောင်ကာ ကျွမ်းကျင်ပါရဂူများနှင့် အနီးကပ် ကုသမှုခံယူရန် Phyathai Phaholyothin ဆေးရုံကြီးမှ မှ အသိပညာပေး နှိုးဆော်လိုက်ရပါတယ်ရှင်...

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။


#သွေးလွန်တုပ်ကွေး #ကျန်းမာရေးဗဟုသုတ

"အိပ်ချိန်တွေ အများကြီး ပေးလိုက်ပေမဲ့ ဘာလို့ ဆက်ပြီး ပင်ပန်းနေရတာလဲ?"ညဘက်ဆို ဘေးကလူပါ အိပ်မရလောက်အောင် ဟောက်တတ်တာ၊ အိပ်ခ...
09/06/2026

"အိပ်ချိန်တွေ အများကြီး ပေးလိုက်ပေမဲ့ ဘာလို့ ဆက်ပြီး ပင်ပန်းနေရတာလဲ?"

ညဘက်ဆို ဘေးကလူပါ အိပ်မရလောက်အောင် ဟောက်တတ်တာ၊ အိပ်ချိန်ဘယ်လောက်ပြည့်ပြည့် မနက်ခင်းမှာ လန်းလန်းဆန်းဆန်းမရှိဘဲ နုံးချည့်နေတာမျိုးကို သာမန်ကိစ္စဆိုပြီး လျစ်လျူမရှုသင့်ပါဘူး။

အိပ်ပျော်နေတုန်း အသက်ရှူလမ်းကြောင်း ခဏခဏပိတ်ပြီး အောက်ဆီဂျင် ပြတ်တောက်သွားတဲ့ "အိပ်စက်ခြင်းဆိုင်ရာ ချို့ယွင်းချက် (Sleep Disorders)" တွေက သင့်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုကို မသိမသာ ဝါးမြိုနေတတ်လို့ပါပဲ။

ရေရှည်မှာ လုပ်ငန်းခွင် အာရုံစူးစိုက်မှုတွေ လျော့နည်းလာမယ့်အပြင် သွေးတိုးနဲ့ နှလုံးရောဂါလိုမျိုး နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။

ကျန်းမာပြီး အားအင်ပြည့်ဝတဲ့ မနက်ခင်းတွေကို ပြန်လည်ပိုင်ဆိုင်ဖို့ မိမိရဲ့ အိပ်စက်ခြင်း အရည်အသွေးကို Sleep Test (Polysomnography) နဲ့ အဖြေရှာကြည့်ပါ။ ဆေးရုံရဲ့ သီးသန့် Sleep Lab အခန်းမှာ တစ်ညတာ ကောင်းကောင်းမွန်မွန် အိပ်စက်ရင်း ဦးနှောက်လှိုင်း၊ နှလုံးခုန်နှုန်းနဲ့ အသက်ရှူလမ်းကြောင်း အခြေအနေတွေကို ခေတ်မီစက်ကိရိယာတွေနဲ့ မိနစ်မလပ် တိကျစွာ တိုင်းတာစစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

Phyathai Phaholyothin ဆေးရုံကြီးမှာ ယခုစစ်ဆေးမှု​ကို အထူးစျေးနှုန်းအနေဖြင့် ၁၉,၀၀၀ ဘတ် မှ စတင်၍ စစ်ဆေးနိုင်မှာပဲ ဖြစ်ပါတယ်။

ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းနဲ့အတူ အသက်ရှည်ကျန်းမာဖို့အတွက် ကိုယ့်ရဲ့ အိပ်စက်ခြင်းပြဿနာကို သေသေချာချာ ရင်ဆိုင်ပြီး အဖြေရှာကြည့်လိုက်ရုံပါပဲ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

#အိပ်စက်ခြင်းစစ်ဆေးမှု #ကျန်းမာရေး

03/06/2026

အချို (Sugar) စားသုံးမှုက ကိုယ်အလေးချိန် တိုးလာစေရုံတင် မဟုတ်ပါဘူး။ 🍭🚫

ကျွန်တော်တို့ ခန္ဓာကိုယ်က အသုံးမပြုနိုင်တဲ့ သကြားအပိုအလျှံတွေဟာ အသည်းမှာ အဆီ (Triglycerides) အဖြစ် ပြောင်းလဲသွားပြီး သင့်ကျန်းမာရေးကို တိတ်တဆိတ် ခြိမ်းခြောက်နေနိုင်ပါတယ်။

⚠️ အချိုစားသုံးမှု လွန်ကဲခြင်းရဲ့ နောက်ကွယ်မှာ...
✅ အသည်းအဆီဖုံးခြင်း (Fatty Liver)
✅ သွေးကြောကျဉ်းခြင်းနှင့် သွေးတိုးရောဂါ
✅ နှလုံးရောဂါ ဖြစ်နိုင်ခြေ မြင့်မားခြင်း
စတဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

ဒါကြောင့် အချိုကို ကန့်သတ်စားသုံးဖို့ လိုသလို၊ မိမိရဲ့ ကိုယ်တွင်းအင်္ဂါ ကျန်းမာရေး အခြေအနေကိုလည်း ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းပါရစေ။

သင့်ရဲ့ အသည်းနဲ့ နှလုံးကျန်းမာရေးအတွက် ပိုမိုစိတ်ချရအောင် Phyathai Phaholyothin ဆေးရုံကြီး မှာ အခုပဲ အသေးစိတ် တိုင်ပင်ဆွေးနွေးလိုက်ပါ။


မိမိရဲ့ ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာတဲ့အခါ အစိုးရိမ်ရဆုံးအချက်က ကုသမှုရဲ့ အရည်အသွေးနဲ့ ကုန်ကျစရိတ်တွေ...
02/06/2026

မိမိရဲ့ ကျန်းမာရေးအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာတဲ့အခါ အစိုးရိမ်ရဆုံးအချက်က ကုသမှုရဲ့ အရည်အသွေးနဲ့ ကုန်ကျစရိတ်တွေပဲ မဟုတ်လား။ ခြေလှမ်းတိုင်းမှာ စိတ်အေးရစေဖို့အတွက် အခုဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီးတစ်ခုဖြစ်တဲ့ Phyathai Phaholyothin ဆေးရုံကြီး မှာ ခေတ်မီဆန်းသစ်တဲ့ ကုသမှုပိုင်းဆိုင်ရာ အရည်အသွေးတွေကို စိုးရိမ်ပူပန်မှုမရှိဘဲ ခံယူနိုင်ဖို့ Special Promotion အထူးအစီအစဉ်တွေကို စီစဉ်ပေးထားပါတယ် ခင်ဗျာ။ 🩺🌟

နှလုံးသွေးကြောပိတ်ရောဂါ၊ အတွင်းတိမ်၊ ဒူးဆစ်နှင့် တင်ပါးဆုံရိုး အစားထိုးခြင်းများအပြင် အမျိုးသမီးရောဂါဆိုင်ရာနှင့် အခြားခွဲစိတ်မှု အမျိုးမျိုးအတွက် အထူးသက်သာသော ကန့်သတ်ဈေးနှုန်းများဖြင့် ကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ် ။

ဒါတင်မကသေးဘဲ အစာအိမ်နှင့် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း Gastroscopy & Colonoscopy အတွက်လည်း Buy 1 Get 1 အထူးပရိုမိုးရှင်း (၃၂,၀၀၀ ဘတ်) ပါ ရှိတာမို့ မိသားစုဝင်နှစ်ဦးဖြစ်စေ၊ မိမိတစ်ဦးတည်းအတွက်ဖြစ်စေ အလွန်တန်ဖိုးရှိတဲ့ ကျန်းမာရေးစစ်ဆေးမှုတစ်ခု ဖြစ်မှာပါ။

🎯 အထူးပရိုမိုးရှင်း ခွဲစိတ်ကုသမှု ဝန်ဆောင်မှုများနှင့် ဈေးနှုန်းများ -

• Coronary Angiogram (CAG) - ၄၈,၀၀၀ ဘတ်
• Phacoemulsification Cataract Surgery - ၄၅,၀၀၀ ဘတ်
• Laparoscopic Cystectomy - ၁၅၅,၀၀၀ ဘတ်
• Laparoscopic Myomectomy - ၁၇၉,၀၀၀ ဘတ်
• TLH (Total Laparoscopic Hysterectomy) - ၂၂၅,၀၀၀ ဘတ်
• Total Knee Replacement - ၂၅၀,၀၀၀ ဘတ်
• Total Hip Replacement - ၂၅၀,၀၀၀ ဘတ်
• Laparoscopic Cholecystectomy - ၁၆၀,၀၀၀ ဘတ်
• Hemorrhoidectomy - ၈၉,၀၀၀ ဘတ်

ပရိုမိုးရှင်းကာလ: ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိသာ။

Phyathai Phaholyothin ဆေးရုံကြီး၏ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုပါက
🇲🇲 09 950 950 733
09 950 950 388
09 977 776 742
🇹🇭 08 188 608 56
သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။

ရုံးလိပ်စာ
အမှတ် (၄၁/၂၈) ရွှေတောင်ကုန်းရိပ်သာလမ်း၊ရွှေတောင်ကြား (၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

Address

41/28 Golden Hill Avenue, Golden Valley, Bahan
Yangon
11162

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959977776742

Website

Alerts

Be the first to know and let us send you an email when Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Phyathai Phaholyothin Hospitalမြန်မာပြည်ရုံး:

Shortcuts

Share