အာဟာရ စကားဝိုင်း by Dr. ဆုမြတ်သဇင်

  • Home
  • Myanmar
  • Yangon
  • အာဟာရ စကားဝိုင်း by Dr. ဆုမြတ်သဇင်

အာဟာရ စကားဝိုင်း by Dr. ဆုမြတ်သဇင် အာဟာရဆိုင်ရာကျန်းမာရေးဗဟုသုတများ မျှဝေရာ ✅

ရက်ချိန်းယူ ပြသနိုင်ပါပြီ 😇🍀
01/09/2026

ရက်ချိန်းယူ ပြသနိုင်ပါပြီ 😇🍀

𝐌𝐞𝐝𝐢𝐥𝐚𝐧𝐝 𝐔𝐇𝐂 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 တွင် အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ဆုမြတ်သဇင် နဲ့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် မနက် (၁၀) နာရီ မှ နေ့လည် (၂) နာရီ အထိ နှင့် စနေနေ့တွင် မနက် (၁၀) နာရီ မှ နေ့လည် (၁) နာရီ အထိ လာရောက် ဆွေးနွေးတိုင်ပင် ကုသနိုင်ပါတယ်ရှင့်
𝐎𝐏𝐃 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 အတွက် 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐧𝐮𝐦𝐛𝐞𝐫 𝟎𝟗 𝟕𝟓 𝟗𝟔 𝟑𝟑𝟑 𝟗𝟏 ~ 𝟎𝟗 𝟕𝟓 𝟗𝟔 𝟑𝟑𝟑 𝟗𝟐 တို့ကို ဆက်သွယ်နိုင်ပါတယ်ရှင့်။
အမှတ် (၄၃၉/၄၄၁)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။


ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ယေဘူယျဘယ်လိုခွဲခြားမလဲ။ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။ဝမ်းပျက်ဝမ်းလျှောရောဂါဆိ...
14/08/2026

ကာလဝမ်းရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ယေဘူယျဘယ်လိုခွဲခြားမလဲ။ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ ၂၄ နာရီအတွင်း (၃) ကြိမ်/ (၃) ကြိမ်နှင့်အထက် ဝမ်းသွားခြင်းကို ခေါ်ပါတယ်။ (ပျို့အန်ခြင်းတွေနဲ့လည်း တွဲတတ်ပါတယ်)

သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကာလဝမ်းရောဂါတို့က မတူညီပါဘူး။ မိမိ ဝမ်းပျက်ဝမ်းလျှောပြီဆိုတိုင်း ကာလဝမ်းရောဂါလို့ သတ်မှတ်လို့မရပါဘူး။ ကွာခြားမှုတွေကတော့ -
(၁) ဖြစ်စေတဲ့ပိုးကောင်အမျိုးအစား ကွဲပြားပါတယ်

(၂) သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါက ဝမ်းဗိုက်နာခြင်း၊ ရစ်ခြင်း၊ အန်ခြင်း၊ ဝမ်းအရည်/အပျော့များသွားခြင်း၊ ဝမ်းသွားစဉ် ဗိုက်နာခြင်းတွေ ပိုဖြစ်ပါတယ်။ ကာလဝမ်းရောဂါကတော့ ဆန်ဆေးရည်လို အရည်များ အများအပြားသွားခြင်း၊ ပြင်းထန်စွာ အန်ခြင်းတို့ဖြစ်ပြီး အများအားဖြင့် ဝမ်းသွားစဉ် ဗိုက်နာတာ/ရစ်တာ နည်းပါးပါတယ်။

(၃) သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါက ဝမ်း ၁-၂ ကြိမ်သွားအပြီးမှာ သွေးပေါင်ချိန်ထိုးကျခြင်း ဖြစ်ပွါးမှု နည်းပါတယ်။ ကာလဝမ်းရောဂါမှာ ဆန်ဆေးရည် ဝမ်းတွေ သွားပြီးရင် သွေးပေါင်ချိန် ထိုးကျခြင်း အဖြစ်များပါတယ်။

အရေးပေါ်ကုသခြင်း
- မည်သည့် ဝမ်းပျက်ဝမ်းလျှောခြင်းမှာမဆို ဓာတ်ဆားရည် သောက်သုံးပေးရပါမယ်။
- ဓာတ်ဆားထုပ်များ မရှိပါက အုန်းရည်/ ရေ/ဖျော်ရည်/ဟင်းချိုများ အရင်ဦးဆုံး တိုက်ကျွေးထားနိုင်ပါတယ်
- အိမ်လုပ်ဓာတ်ဆားရည်ပြုလုပ်ရန် - ရေ တစ်လီတာဘူးထဲတွင် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း + သကြား လက်ဖက်ရည်ဇွန်း ၆ ဇွန်း နှင့်ဖျော်ကာ သောက်နိုင်ပါတယ်။
- ထွက်သလောက် များများ ပြန်သောက်ပေးဖို့ လိုပါတယ်။
- ဝမ်းလျှောနေချိန်တွင် သွေးတိုးရောဂါရှိသူများလည်း ဓာတ်ဆားရည်ကို စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။

အရေးပေါ်လက္ခဏာများ
- သတိလစ်မေ့မြောခြင်း၊ တက်ခြင်း၊ ကြွက်သားများ အကြောဆွဲခြင်း၊ အမှီမပါပဲ မထိုင်နိုင်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းများ ဖြစ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်ပါတယ်။

(ဒေါက်တာဆုမြတ်သဇင်)

25/07/2026

ဒီနေ့ လာပြတဲ့ ကိုယ်အလေးချိန်ချလူနာတစ်ယောက်ပြောတာက - ဆရာမက သူ့ရည်းစားကောင်လေးထက်တောင် စာပို့တာမှန်သေးတယ်တဲ့ 😅
မနက် ၉-၁၀ နာရီလောက်ဆို “Ting” ဆိုတာနဲ့ အဲ့တာ ကိုယ်ပဲ
ကိုယ်အလေးချိန်ကျရဲ့လား၊ ဘယ်လောက်ကျလဲ၊ ဒီနေ့ ရေသောက်ဖို့ မမေ့နဲ့ စသဖြင့် ပွါးရတာကိုး
အိမ်မှာ Treatment ယူပြီး တစ်ပတ်တစ်ခါအွန်လိုင်းက ပြတဲ့လူနာတွေဆို ပိုတောင် check လုပ်ရသေးတယ်
Weight reduction and Behavioral Change need consistency ✅💪

Mediland UHC Hospital

အမှတ်တရများနဲ့ လူနာ (၃၀) ဒီ ၃ လအတွင်း GLP - 1 နဲ့ GIP-GLP-1 ဆေးတွေကို စားသောက်နေထိုင်မှု ပုံစံပြောင်းခြင်းနဲ့ တွဲသုံးပြီ...
15/07/2026

အမှတ်တရများနဲ့ လူနာ (၃၀)

ဒီ ၃ လအတွင်း GLP - 1 နဲ့ GIP-GLP-1 ဆေးတွေကို စားသောက်နေထိုင်မှု ပုံစံပြောင်းခြင်းနဲ့ တွဲသုံးပြီး လူနာ ၃၀ ဦးကို ကိုယ်အလေးချိန်ချပေးရာမှာ စိတ်ဝင်စားစရာ အချက်အလက်အချို့ တွေ့ရှိရပါတယ်။

(၁) ဆေးရပ်ပြီးတဲ့အခါမှာ ကိုယ်အလေးချိန်ပြန်တက်ခြင်းဟာ - ဆေးရပ်တာကြောင့် မဟုတ်ပဲ၊ ဆေးရပ်ပြီးပြီးချင်း ၁၄ ရက်အတွင်း စားချင်စိတ်များခြင်းကို မထိန်းချုပ်ပဲ စားကြတာကြောင့် ဖြစ်ပါတယ်
ဖြေရှင်းနည်းအနေနဲ့က ၁၄ ရက်အတွင်း စနစ်တကျရေးဆွဲထားတဲ့ စားသောက်မှုပုံစံက်ု ဆက်လက်လိုက်နာပေးရင် ဆေးမရှိတော့တာတောင် ကိုယ်အလေးချိန်လည်း မတက်တဲ့အပြင် အပတ်စဉ် ၁-၂ ပေါင်ခန့် ဆက်ကျတာကို မြင်တွေ့ရပါတယ်။

(၂) ဆေးထိုးနေစဉ် ဘီယာသောက်မိရင်၊ အဆီအနှစ်များတဲ့ အစားအသောက်တွေ စားမိရင် ကိုယ်အလေးချိန်ကျတာ နှေးတတ်ပါတယ်။ ဒါ့အပြင် ဆေးထိုးလို့ ဗိုက်မဆာတာကို “ဝါးချင်စိတ်” တစ်ခုတည်းနဲ့ စားတဲ့ လူနာတွေမှာ ကိုယ်အလေးချိန်ကျတာ မမှန်တာ (ခန္ဓာကိုယ်က ဆေးကို ပုံမှန်မတုံ့ပြန်တာ) ကို လူနာ ၂ ဦးမှာ တွေ့ရပါတယ်။

(၃) ဆေးထိုးအပြီးမှာ ဝမ်းချုပ်ခြင်းကို အပြောများကြပေမယ့် တကယ်တမ်း အစားမှားရင် ဝမ်းလျှောတဲ့ပုံစံမျိုးကိုလည်း လူနာတွေရဲ့ ၁၀% မှာ တွေ့ရပါတယ်။

(၄) ဆေးပမာဏ ချိန်ဆတဲ့နေရာမှာ ကိုယ်အလေးချိန် အနည်းအများပေါ် မူတည်ပြီး စတင်တဲ့ပမာဏ (start dose) ကနေ တိုးထိုးတဲ့ ပမာဏ (loading dose and then maintenance dose) တွေ အလိုက် ကိုယ်အလေးချိန်ကျပုံ ကွဲပြားတာကို တွေ့ရပါတယ်။

(၅) လူနာတွေရဲ့ ၉၀% ဟာ တစ်လအကြာမှာ Clinical Parameter တွေ အနေနဲ့ Blood Pressure, Blood glucose နဲ့ ခါးလုံးပတ်တွေ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ၃ လအကြာမှာတော့ ၅၀% သော လူနာတွေဟာ Fatty liver အသည်းအဆီဖုံးခြင်း ပါးလျားလာခြင်းနဲ့ သွေးတွင်းအဆီဓာတ်တွေ ပုံမှန်ဖြစ်လာတာကို တွေ့ရပါတယ်။

(၆) ရေသောက်နည်းတဲ့ လူနာ၊ အသားဓာတ်စားတာ မလုံလောက်တဲ့လူနာတွေမှာ ကိုယ်အလေးချိန်ကျဖို့ ပိုနှေးတာကို တွေ့ရပါတယ်။ ဒါကို အပတ်စဉ် အသားဓာတ် စားဖို့ ညှိနှိုင်း တွက်ချက်ပေးရုံနဲ့ ပြေလည်နိုင်ပါတယ်။

(၇) ဆေးထိုးတဲ့နေရာမှားလို့ အဆီထဲမရောက်ပဲ ကြွက်သားထဲရောက်သွားရင်တော့ ၎င်းအပတ်အတွက် ကိုယ်အလေးချိန်မကျတာမျိုးဖြစ်တာကိုလည်း လူနာကိုယ်တိုင် မိမိကိုယ်မိမိ ထိုးတဲ့ လူနာတွေမှာ တွေ့ရပါတယ်။

(၈) ဆေးထိုးခြင်းတစ်ခုတည်းထက် အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်း တွဲလုပ်ခြင်းက ကိုယ်အလေးချိန် ပိုကျစေပြီး ဆေးထိုးနေစဉ် အသားဓာတ် လုံလောက်အောင်စားခြင်းက ကြွက်သားတက်စေပြီး ချထားတဲ့ ပေါင်ချိန်တွေ ပြန်မတက်အောင် ကူညီပေးပါတယ်။

(၉) နောက်ဆုံးအချက်ကတော့ ရယ်စရာပါ 🤭😃 လူနာအန်တီတွေ ဆေးထိုးကြတဲ့အခါ တစ်လအကြာမှာ “၁၀-၁၂ ပေါင်” ကျသွားကြပြီး လှသွားကြရော။ အဲ့အခါမှာ ဆေးထိုးဒုတိယလလည်း ရောက်ရော စကားနားမထောင်ပဲ စားချင်တာတွေ တိတ်တိတ်လေး ခိုးစားကြလို့ ကိုယ်အလေးချိန်တွေ မကျလို့ ဆူရတဲ့ အဖြစ်ပါပဲ 💓

အမှတ်တရများနဲ့ လူနာ (၃၀) ☺️

Dr. SMT

"ဒူးရင်းသီးနှင့် ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ - အာဟာရဆိုင်ရာ သိကောင်းစရာ"          ဒူးရင်းသီး ဆိုတာ ကြိုက်တတ်သူတွေ...
13/05/2026

"ဒူးရင်းသီးနှင့် ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာရောဂါများ - အာဟာရဆိုင်ရာ သိကောင်းစရာ"
ဒူးရင်းသီး ဆိုတာ ကြိုက်တတ်သူတွေ အတွက်တော့ နတ်သုဒ္ဒါအလား ပါ။ ဒီလို လှိုင်လှိုင်ပေါတဲ့ ရာသီအခါမှာ ဒူးရင်းသီး အင်မတန်ကြိုက်ပေမယ့် ရောဂါနဲ့ မတည့်မှာ စိုးတာကြောင့် ဆီးချိုရှိသူ ကျောက်ကပ်ရောဂါ ရှိသူတွေမှာ စားရအခက် ပစ်ရအခက် ဖြစ်ကြပါတယ်။ ဒါဆိုရင် ဒီစာစုလေးကို ဗဟုသုတ အဖြစ်ဖတ်ကြည့်ပြီး စားလို့ရမရ စူးစမ်းကြည့်ရအောင်။
ဒူးရင်းသီး (Durian) - အစေ့မပါ နွှာထားတဲ့ တရုတ်ပန်းကန်လုံး တစ်လုံးစာ ဒူးရင်းသီးမှာ
​- ကယ်လိုရီ ၃၅၇ kcal ၊ ကစီဓာတ် (carbohydrate) ၆၆ ဂရမ်၊ အသားဓာတ် ၄ ဂရမ်၊ အဆီဓာတ် ၁၃ ဂရမ် နဲ့ အမျှင်ဓာတ် ၉ ဂရမ် ပါဝင်ပါတယ်။
- ဗီတာမင် စီ၊ ဘီ နဲ့ အခြား သတ္တုဓာတ် ၊ ဓာတ်တိုးဆန့်ကျင်တဲ့ ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ အဓိကအားဖြင့် ပိုတက်ဆီယမ်ဓာတ်ဆိုရင် တစ်နေ့တာလိုအပ်ချက်ရဲ့ ၃၀% ထိတောင် ပါဝင်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးရဲ့ အရွက် အမြစ် အခေါက် နဲ့ အစေ့တွေကို ပြည်ပ နိုင်ငံအချို့မှာ တိုင်းရင်းဆေးအနေနဲ့တောင် သုံးကြပါတယ်
- ဒူးရင်းသီးစားခြင်းဟာ (၁) နှလုံးကျန်းမာရေးကို အထောက်အကူပြု (၂) ဆီးချိုမရှိသူတွေမှာ စားရင် သွေးတွင်းသကြားဓာတ် အလွန်အမင်းတက်ခြင်း ကို လျှော့ချနိုင် (၄) ကင်ဆာရောဂါ ဖြစ်နှုန်း (ဥပမာ ရင်သားကင်ဆာ) ကို လျှော့ချ နိုင်ကြောင်း သုတေသန တွေ အရသိရှိရပါတယ်။

"ဒူးရင်းသီးနှင့် ဆီးချိုရောဂါ"
ဆီးချိုရောဂါရှိသူတွေ အနေနဲ့ကတော့
- တစ်နေ့လျှင် အရွယ်တော် တစ်မြွာသာ စားပါ (စားသင့်တဲ့ အရွယ်ကို ဒီ post ရဲ့ ပထမဆုံး comment မှာ ပုံနဲ့ ပြပေးထားပါတယ် - သကြားဓာတ်အလွန်များတဲ့ အတွက် ဆီးချိုသမားတွေ အများကြီး မစားသင့်ပါဘူး)
- နေ့ခင်းဘက်မှာ စားပါ
- အချိုဓာတ်တက်နေချိန် မစားပါနဲ့
- ထမင်းစားပြီးပြီးချင်း မစားသင့်ပါ
- ဒူးရင်းသီးကို အရည်ဖျော်သောက်တာ ရေခဲမုန့်တို့ အုန်းနို့ဆမ်းတို့နဲ့ စားတာ လုံးဝ မလုပ်သင့်ပါ။
"ဒူးရင်းသီးနှင့် ကျောက်ကပ်ရောဂါ"
ပိုတက်ဆီယမ်ဓာတ်တွေ အများကြီးပါတဲ့ အတွက် နာတာရှည် ကျောက်ကပ်ရောဂါ ရှိသူတွေ ကျောက်ကပ်ဆေးနေရသူတွေမှာတော့ စိတ်မကောင်းစွာပဲ လုံးဝ စားလို့မရပါဘူး။ အရမ်း အာသီသဖြစ်လို့ စားချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
"ဒူးရင်းသီးနှင့် ကင်ဆာ"
ဒူးရင်းသီးမှာ ဓာတ်တိုးဆန့်ကျင် သတ္တိတွေ အခြားအသီးတွေထက်ကို ပိုပါတာကြောင့် ကင်ဆာရောဂါအချို့ (အထူးသဖြင့် ရင်သားကင်ဆာ) ရဲ့ ရောဂါဆိုးဝါးလာခြင်းကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ကြောင်း သုတေသနများအရ သိရပါတယ်။ ဒါကြောင့် ကင်ဆာရှိပေမယ့် ဒူးရင်းသီးကို ကြောက်လို့ မစားရဲသူတွေ အတွက် သတင်းကောင်းပါ။ ဆီးချိုသွေးတိုး အခံမရှိရင် တစ်နေ့ကို ဒူးရင်းသီး အရွယ်တော် ၄ မြွာအထိစားပေးလို့ရပါတယ်။
အစာလည်းဆေး ဆေးလည်းအစာဖြစ်လို့ အားလုံးကျန်းမာပါစေ။
မေတ္တာဖြင့်
Dr. ဆုမြတ်သဇင်
အာဟာရအထူးပြု ဆရာဝန်

ဆီတန်းစီရင်း အပူရှပ်ခြင်းမဖြစ်စေဖို့ဒီရက်ပိုင်း အပူလှိုင်းဖြတ်နေတာကို စာဖတ်သူအားလုံးပဲ သတိထားမိကြမှာပါ။ ပူပြင်းတဲ့ ရာသီဥ...
29/03/2026

ဆီတန်းစီရင်း အပူရှပ်ခြင်းမဖြစ်စေဖို့

ဒီရက်ပိုင်း အပူလှိုင်းဖြတ်နေတာကို စာဖတ်သူအားလုံးပဲ သတိထားမိကြမှာပါ။ ပူပြင်းတဲ့ ရာသီဥတုနဲ့ အပူရှိန်က Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ဆီတန်းစီနေကြရတဲ့သူတွေ၊ နေပူထဲ ကြာမြင့်စွာ နေရသူတ္မမှာလည်း အပူရှိန်ကြောင့် မူးမေ့လဲတာ၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးတိုးခြင်းနဲ့ ဦးနှောက်သွေးကြောပြတ်ခြင်းတွေအထိပါ ဖြစ်နိုင်ပါတယ်။

အပူရှပ်ခြင်း မဖြစ်စေဖို့ ဘာလုပ်ကြမလဲ
✅ ရေများများသောက်ပါ (၂-၃ လီတာ) - ဆီ တန်းစီချိန်မှာ အိမ်သာကို သွားရမှာကြောက်လို့ ရေမသောက်တာမျိုး မလုပ်ပါနဲ့။
✅ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ပါ။ (ယပ်တောင်ခပ်ပေးတာမျိုးလည်း လုပ်လို့ရပါတယ်)
✅ မနက်စောစော/ညနေစောင်းအချိန်တွေကို ပိုမိုရွေးချယ်ပြီး အပြင်ထွက်ပါ။
✅ အေးမြတဲ့ပတ်ဝန်းကျင်တွေကို ရွေးချယ်ပါ (ဥပမာ - ကားထဲက ထွက်ပြီး ဘေး သစ်ပင်ရိပ်မှာ ခဏ ခိုနားတာမျိုး လုပ်ကြည့်နိုင်ပါတယ်)
✅ နေရောင်ကာခရင်တွေ လိမ်းပါ (အရေပြားမှ ရေဓာတ်ခမ်းခြောက်ခြင်းကို သက်သာစေပါတယ်) လူကြီးတွေမှာ သနပ်ခါးလိမ်းတာမျိုးလည်း လုပ်နိုင်ပါတယ်
💯 ကားတံခါး မှန်ပိတ်ထားတာမျိုး မလုပ်ပါနဲ့။

တစ်စုံတစ်ဦး Heat Stroke (အပူရှပ်ခြင်း) ဖြစ်နေပြီဆိုရင်…
(၁) အရိပ်ရပြီး အေးတဲ့နေရာကို ချက်ချင်းရွှေ့ပါ
(၂) ရေအေးစွတ်ထားတဲ့ အဝတ်နဲ့ တစ်ကိုယ်လုံးကို သုတ်ပေးပါ
(၃) အဝတ်နဲ့ သုတ်ပေးပြီးရင် နဖူး၊ လည်ပင်း၊ ဂျိုင်း နဲ့ ပေါင်ခြံတွေကို ရေစွတ်ထားတဲ့ အဝတ်/ရေခဲထုပ်နဲ့ ကပ်ပေးပါ
(၄) သတိရလာတာနဲ့ ရေဓာတ်ကြွယ်ဝတဲ့ အရည်၊ ရေ၊ ဓာတ်ဆားတွေကို တိုက်ကျွေးပေးရပါမယ်

ဒေါက်တာဆုမြတ်သဇင်
Mediland UHC ဆေးရုံ (ရန်ကုန်)

ဆေးထိုးခြင်းဖြင့် ကိုယ်အလေးချိန်ချခြင်း ဆိုရာဝယ်…ပြန်ရောက်ပြီး သိပ်မကြာခင် ဆေးခန်း စထိုင်ချိန်မှာ weight ချဖို့လာတဲ့လူနာ...
26/03/2026

ဆေးထိုးခြင်းဖြင့် ကိုယ်အလေးချိန်ချခြင်း ဆိုရာဝယ်…

ပြန်ရောက်ပြီး သိပ်မကြာခင် ဆေးခန်း စထိုင်ချိန်မှာ weight ချဖို့လာတဲ့လူနာလေးတွေ ပြန်စကြည့်ရပါတယ်။ လူနာအဟောင်းတွေပါသလို အသစ်လေးတွေလည်း လာကြပါတယ်။
ဒီအခါမှာ သူတို့ အမေးဆုံး မေးခွန်းက “ပိန်ဆေး ထိုးချင်တယ် ရလားဆရာမ” ဆိုတဲ့ မေးခွန်းပါပဲ။

ပိန်ဆေးလို့ အလွယ်ခေါ်ကြတဲ့ ဒီဆေးမှာ တကယ်တမ်းက အမျိုးအစား အများကြီးရှိပါတယ်။ ထိုးပြီး ၁၃ နာရီလောက်ပဲ အာနိသင်ခံတဲ့ဆေးရှိသလို ၅-၇ ရက်ထိခံတဲ့ဆေးတွေလည်း ရှိပါတယ်။ ဆေးတွေရဲ့ အမျိုးအစားပေါ်လိုက်ပြီး နောက်ဆက်တွဲ ခံစားရတဲ့ (ပျို့အန်ခြင်း၊ ရင်ပြည့်ခြင်း၊ ခေါင်းမူးခြင်း) အနည်းအများစတာတွေလည်း ကွာခြားပါတယ်။

💯 ဒီဆေးတွေ မထိုးခင်….
(၁) ရောဂါရာဇဝင်မေးရဲ့လား (ဘာကြောင့် မေးတယ်ဆိုတာ ရှင်းပြလား)
(၂) သင့်တော်/မတော်ကို သွေးသေချာစစ်ရဲ့လား (စစ်တဲ့ သွေးအမျိုးအစားတွေကရော မှန်ရဲ့လား)
(၃) ကိုယ်အလေးချိန်တိုင်းတာ၊ ချိန်တာ၊ Inbody test စတာတွေရော စစ်ရဲ့လား
(၄) ဆေးရဲ့ ကောင်းကျိုးဆိုးပစ်တွေ ရှင်းပြရဲ့လား
(၅) ဆေးမထိုးခင် အစားအစာ၊ လေ့ကျင့်ခန်း နည်းလမ်းတွေကို ရွေးချယ်ကြိုးစားကြည့်ဖို့ တိုင်ပင်ရဲ့လား
(၆) တခြားသောက်နေတဲ့ ဆေးတွေ (အလှအပဆိုင်ရာ ကုထုံးတွေ) နဲ့ ကိုက်ညီရဲ့လား
(၇) ဆေးထိုးချိန် စားသောက်မှုပုံစံ စနစ်တကျ ပေးလား
စတာတွေကို မေးမြန်းတတ်ရပါမယ် ✅

ဆေးက ထိုးတိုင်းမပြီးပဲ ဆေးအတိုးအလျှော့တွေလည်း လုပ်ဖို့ လိုတာရှိနိုင်ပါတယ်။ အထူးသဖြင့် ပေါင် ၂၀ ခန့်ကျအပြီးမှာ ဘာလို့ ဝိတ်ကျတာ နှေးသွားလဲ တန့်သွားလဲ -
(၁) ထိုးတဲ့ပမာဏ မမှန်ခြင်း
(၂) ဇီဝကမ္မဖြစ်စဉ် ပြောင်းသွားခြင်း
(၃) ခန္ဓာကိုယ်က အနည်းငယ်သားစားခြင်းကို ကျင့်သားရသွားခြင်း
စတာတွေကြောင့်ဖြစ်ပါတယ်။

တကယ်လိုအပ်တဲ့သူတွေအတွက် ဒီဆေး ထိုးပုံထိုးနည်းက Mayo Clinic နဲ့ အခြားသော research paper တွေလို စနစ်တကျချမှတ်ထားတဲ့ guideline တွေမှာ ရှိပါတယ်။

ဒါ့အပြင် ဒီဆေးထိုးဖို့ မသင့်တော်တဲ့ရောဂါတွေလည်း ရှိတာကြောင့် မထိုးခင် သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဘယ်ဆေးမဆို “တန်ဆေး၊ လွန်ဘေး” မဟုတ်ပါလား။

ဒေါက်တာဆုမြတ်သဇင်
Clinical Nutritionist
Mediland UHC Hospital (ရန်ကုန်)

လေရှူရင်တောင် ဝနေပြီဆိုတာ.....ဒီစကားလေးကို မကြာခဏကြားဖူးကြမှာပါ။ သက်လတ်ပိုင်းရောက်လာတဲ့အခါ... အထူးသဖြင့် အသက် ၃၅ နှစ်နော...
24/03/2026

လေရှူရင်တောင် ဝနေပြီဆိုတာ.....

ဒီစကားလေးကို မကြာခဏကြားဖူးကြမှာပါ။ သက်လတ်ပိုင်းရောက်လာတဲ့အခါ... အထူးသဖြင့် အသက် ၃၅ နှစ်နောက်ပိုင်းကစလို့ အမျိုးသမီးတွေဟာ ဘာမှသိပ်မစားတာတောင် ကိုယ်အလေးချိန်တက်လာတာ ကြုံရတတ်ပါတယ်။ အမျိုးသားတွေမှာတော့ ကိုယ်အလေးချိန်သိပ်မတက်ပေမယ့် ဗိုက်ပူလာတာမျိုးဖြစ်တတ်ပါတယ်။
ဒါဟာ ဘာကြောင့်လဲ။

💯(၁) ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နှေးလာခြင်း
- အသက်ကြီးလာတဲ့အမျှ ခန္ဓာကိုယ်တွင်းက ဆဲလ်တွေဟာ စွမ်းအင်ကို သုံးစွဲတာနှေးလာပြီး သိမ်းဆည်းတာ ပိုများလာပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ အသက် ၂၀ အရွယ်က စားပုံသောက်ပုံအတိုင်း အသက် ၄၀ မှာ ဆက်စားမယ်ဆိုရင် သေချာပေါက် ဝလာမှာဖြစ်ပါတယ်။
- ဒါကြောင့် စားတာနည်းလည်းပဲ ပိုပိုဝလာတာဖြစ်ပါတယ်။

💯 (၂) လှုပ်ရှားမှုနည်းလာခြင်း
- အသက်ကြီးလာတဲ့အခါမှာ ဒူးတွေ ခါးတွေ နာလို့ဖြစ်စေ၊ အချိန်မပေးနိုင်လို့ဖြစ်စေ၊ ရာထူးအရ အထိုင်များလာလို့ဖြစ်စေ လှုပ်ရှားမှု နည်းလာကြပါတယ်။ ဒီအခါ ဇီဝကမ္မဖြစ်စဉ်နှေးတာနဲ့လည်း ပေါင်းရော လေရှုရင်းတောင် ဝတယ်ဆိုတဲ့ ပြဿနာဖြစ်လာရပါတယ်။
✅ ဒါဆိုရင် ဇီဝကမ္မဖြစ်စဉ်ကို ပြန်လည်မြန်ဆန်လာအောင် ဘယ်လိုလုပ်နိုင်ပါသလဲ

လွယ်ပါတယ်..... “အသား၊ သကြား၊ ကစား၊ နား” ဖြစ်ပါတယ်။
- အသားဓာတ် လုံလောက်အောင်စားပါ
- သကြားဓာတ် စားတာလျှော့ပါ
- ကစားခုန်စား (လေ့ကျင့်ခန်းတစ်ခု) နေ့တိုင်းပြုလုပ်ပါ
- ညဖက်ကို ကောင်းကောင်းအိပ်စက်အနားယူပါ

ဒါပေမယ့် တချို့သူတွေမှာ ဒီ လွယ်ကူတဲ့ အချက် (၄) ချက်လေးကိုတောင် အကြောင်းကြောင်းကြောင့် မလုပ်နိုင်တာမျိုး ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ ဆေးသောက်ခြင်း၊ ဆေးထိုးခြင်း စတဲ့နည်းလမ်းတွေနဲ့လည်း ဇီဝကမ္မဖြစ်စဉ်ကို ပြန်လည်မြန်ဆန်လာအောင်လုပ်ကာ ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ 😇

ဒေါက်တာဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန်
Mediland UHC Hospital (ရန်ကုန်)

ဒီနေ့ 12th March က ကမ္ဘာ့ကျောက်ကပ်နေ့ (World Kidney Day) ဖြစ်ပါတယ် ☺️💪🏻နာတာရှည်ကျောက်ကပ်ရောဂါရှင်လူနာတွေဟာဆိုရင် ဆီးချို...
10/03/2026

ဒီနေ့ 12th March က ကမ္ဘာ့ကျောက်ကပ်နေ့ (World Kidney Day) ဖြစ်ပါတယ် ☺️💪🏻

နာတာရှည်ကျောက်ကပ်ရောဂါရှင်လူနာတွေဟာဆိုရင် ဆီးချို၊သွေးတိုးရောဂါအခံတွေကို ကောင်းစွာ မကုသမှု၊ ကျန်းမာရေးအသိပညာနည်းမှု၊ မှားယွင်းသောစားသောက်မှုပုံစံများကို လိုက်နာစားသောက်နေမှုများကြောင့် ရောဂါလက္ခဏာများကို ဆိုးဝါးစွာခံရခြင်း၊ ကျောက်ကပ်ဆေးရချိန် များပြားခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ ငွေကုန်ကြေးကျများပြားခြင်းတို့ကို ကြုံတွေ့နေကြရပါတယ်။

World Kidney Day မှာ ဒီအချက်တွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့၊ ကျောက်ကပ်ကို ဂရုစိုက်သင့်ကြောင်း Public awareness ရဖို့၊ ရောဂါဖြစ်ရင် စနစ်တကျ တိုင်ပင်ကုသဖို့နဲ့ နာတာရှည်ကျောက်ကပ်ဝေဒနာရှင်များ လူတန်းစေ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့တို့ကို အဓိက မျှဝေပေးချင်ပါတယ်

နာတာရှည်ကျောက်ကပ်ဝေဒနာရှင်တွေမှာ အစားအသောက် မှားယွင်းရင် မှားယွင်းသလို နောက်ဆက်တွဲဆိုးကျိုးကို ပိုမိုခံစားရတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ဆေးနေတဲ့လူနာတွေမှာ ပိုမိုဆိုးတတ်ပါတယ်။ တကယ်က အစားအသောက်ကို မှန်ကန်စွာစားသောက်နေထိုင်မယ်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါရှင်လူနာတိုင်း ပိုမိုပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အာဟာရဆိုင်ရာဆရာဝန်တစ်ဦးအနေနဲ့ World Kidney Day မှာ နာတာရှည်ကျောက်ကပ်လူနာများအတွက် အာဟာရဆိုင်ရသိကောင်းစရာများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျောက်ကပ်ဆေးခြင်းနှင့် အာဟာရ
https://www.facebook.com/455494715211141/posts/694894717937805/?d=n
ကျောက်ကပ်ဆေးခြင်း နှင့် အာဟာရ (၂)
https://www.facebook.com/455494715211141/posts/699343387492938/?d=n
ကျောက်ကပ်ဆေးခြင်း နဲ့ အာဟာရ (၃)
https://www.facebook.com/455494715211141/posts/710167406410536/?d=n
ကျောက်ကပ်ရောဂါ နဲ့ အာဟာရ အပိုင်း (၄)
https://www.facebook.com/455494715211141/posts/743486916411918/?d=n

ဒေါက်တာဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန်

မိုးရာသီနဲ့ ဗီတာမင် စီ         အခုလို မိုးတွင်းမှာ ကူးစက်ရောဂါတွေ များပြားတဲ့အတွက် ကိုယ်ခံအားကောင်းဖို့ ဗီတာမင်စီ လိုအပ်...
30/08/2025

မိုးရာသီနဲ့ ဗီတာမင် စီ
အခုလို မိုးတွင်းမှာ ကူးစက်ရောဂါတွေ များပြားတဲ့အတွက် ကိုယ်ခံအားကောင်းဖို့ ဗီတာမင်စီ လိုအပ်ကြောင်း ကလေးကစလို့ လူကြီးအဆုံး သိကြပါတယ်။ ဒါပေမယ့် ဗီတာမင် စီ ကို ဘယ်အစားအစာတွေကရတယ်။ လိုအပ်တဲ့သူတွေမှာ ဘယ်လောက်ပဲ သောက်ရမယ်ဆိုတာ သေချာ သိတဲ့လူနည်းပါတယ်။

❌⁉️ များလေကောင်းလေထင်ပြီး အများကြီး သောက်တဲ့အခါ နောက်ဆက်တွဲပြသာနာတွေ ရှိလာပါတယ်။

✅ အသက် ၁၈-၆၅ နှစ်အထိ တစ်နေ့တာ ဗီတာမင် စီ (Vitamin C) လိုအပ်ချက်က ၆၅-၉၀ မီလီဂရမ်ပဲ ဖြစ်ပါတယ်

⚠️ ဗီတာမင် စီ ကို megadose လို့ခေါ်တဲ့ ၂၀၀၀ မီလီဂရမ်အထက် မဟားတရားစွတ် သောက်တာမျိုး မလုပ်ရပါဘူး။

⚠️ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်အထက် သောက်မယ်ဆိုရင် >> ပျို့အန်၊ ဝမ်းလျှော၊ ရင်ပူ၊ ဗိုက်နာ၊ ခေါင်းကိုက်၊ အိပ်မပျော်တာတွေ ဖြစ်နိုင်ပါတယ်။

⚠️ တစ်နေ့ကို ၄၀၀ မီလီဂရမ်အထက် သောက်သမျှ ဗီတာမင် စီ ဟာ ဆီးထဲမှာ ပါသွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဘာမှ မသိမ်းဆည်းထားပါဘူး။ ဒါကြောင့် တစ်နေ့ကို အလွန်ဆုံး ၅၀၀ မီလီဂရမ် အထိပဲ သောက်သင့်ပါတယ်။
အကြောင်းကတော့ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာ ပိုနေတဲ့ ဗီတာမင် စီကို စွန့်ပစ်ရလို့ ကျောက်ကပ်ဝန်ပိတဲ့ အပြင် ဆီးကျောက်တည်ခြင်းကိုလည်း အားပေးပါတယ်။

☘️ ကိုယ် နေ့စဉ်စားနေတဲ့ အစားအစာထဲမှာ >> ပန်းပွင့်စိမ်း၊ ပန်းပွင့်ဝါ၊ ငရုတ်ပွသီး၊ မုန်ညင်း၊ မာလကာသီး၊ ဘယ်ရီသီးများ၊ လိမ္မော်သီး၊ သဘော်သီး၊ ခရမ်းချဉ်သီး၊ ဗိုလ်စားပဲ နဲ့ ချဉ်တဲ့ သစ်သီးတွေ ပါတယ်ဆိုရင် >> ဗီတာမင် စီ ကို ထူးပြီး ပိုက်ဆံကုန်ခံသောက်စရာမလိုပါဘူး။ ဒီအစားအစာတွေကို ပုံမှန် တစ်နေ့တစ်မျိုး အနည်းဆုံးပါအောင်စားရုံနဲ့ ဗီတာမင်စီ အများကြီးရပါတယ်
(သောက်ချင်သပဆိုရင်တောင် တစ်နေ့ကို ဗီတာမင် စီ ဆေးပြား၂၀၀-၃၀၀ မီလီဂရမ်ထက် ပိုစရာ မလိုတော့ပါဘူး (ဒါမှမဟုတ်) ၅၀၀ မီလီဂရမ်ကို ရက်ခြားသောက်နိုင်ပါတယ်)

"တန်ဆေးလွန်ဘေးမို့လို့ မိုးတွင်းကာလမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မေးမြန်းစူးစမ်းပြီး လိုမှ သောက်ဖို့ အကြံပြုချင်ပါတယ်"

ဒေါက်တာဆုမြတ်သဇင်
အာဟာရအထူးပြုဆရာဝန်
References
(1) ESPENCongress2020 (2) OHND 2nd Edition (3) www.mayoclinic.org

Address

Yangon
11011

Opening Hours

Monday 10:00 - 21:30
Tuesday 10:00 - 21:30
Wednesday 10:00 - 21:30
Thursday 10:00 - 21:30
Friday 10:00 - 19:00
Saturday 00:00 - 17:30
Sunday 12:00 - 17:30

Website

Alerts

Be the first to know and let us send you an email when အာဟာရ စကားဝိုင်း by Dr. ဆုမြတ်သဇင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အာဟာရ စကားဝိုင်း by Dr. ဆုမြတ်သဇင်:

Shortcuts

Share

Category