𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥

  • Home
  • Myanmar
  • Yangon
  • 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥

𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥 ZIWALAN Medical Travel is one of the leading medical referral service providers in Myanmar.

ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အနာဂတ်ခေတ်သစ်ဆီသို့ Bangkok Hospital ရဲ့ Medical Robot Hub – Asia Pacific Robotic Innovatio...
04/09/2026

ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အနာဂတ်ခေတ်သစ်ဆီသို့ Bangkok Hospital ရဲ့ Medical Robot Hub – Asia Pacific Robotic Innovation Center နဲ့အတူ လျှောက်လှမ်းလိုက်ပါ။

ဆေးဘက်ဆိုင်ရာနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ခွဲစိတ်ကုသမှုနဲ့ ပြန်လည်သန်စွမ်းရေးကဏ္ဍတွေမှာလည်း ခေတ်မီစက်ရုပ်နည်းပညာတွေကို ပိုမိုအသုံးပြုလာကြပါတယ်။

Bangkok Hospital တွင် ခေတ်မီဆန်းသစ်သော စက်ရုပ်နည်းပညာနှင့် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုကို ပေါင်းစပ်ကာ လူနာတစ်ဦးချင်းစီအတွက် ပိုမိုတိကျထိရောက်သော ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဘယ်လို ခေတ်မီစက်ရုပ်နည်းပညာတွေကို အသုံးပြုထားလဲ

da Vinci Xi Robotic-Assisted Surgery
ခွဲစိတ်ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုကို စက်ရုပ်နည်းပညာနဲ့ ပံ့ပိုးပေးပြီး ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေမှာ ပိုမိုတိကျစွာ ခွဲစိတ်ကုသနိုင်ဖို့ အသုံးပြုပါတယ်။

VELYS™ robotic solutions Robotic Technology for Knee Replacement
လူနာတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ သင့်လျော်အောင် ဒူးအစားထိုးကုသမှုကို ပိုမိုတိကျစွာ ဆောင်ရွက်နိုင်တဲ့ Robotic Technology စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှုနည်းပညာကို အသုံးပြုပါတယ်။

Walkbot Robotic Gait Training
ထိခိုက်ဒဏ်ရာ (သို့မဟုတ်) ရောဂါကြောင့် လမ်းလျှောက်ရန်ခက်ခဲလာသူများအတွက် ပြန်လည်ကောင်းမွန်လာစေရန်နှင့် ပိုမိုတိုးတက်စေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှုများတွင် အသုံးပြုပါတယ်။

ARTIS pheno Robotic Imaging
အရိုးအထူးကုဆိုင်ရာ ကုသမှုများနှင့် ပုံရိပ်ဖော်လမ်းညွှန်ကုသမှုများ (Interventional Procedures) တွင် ပိုမိုတိကျရှင်းလင်းသော ပုံရိပ်များ ရရှိစေရန် အသုံးပြုသည့် ခေတ်မီ ပုံရိပ်ဖော်နည်းစနစ် Robotic Imaging Technology ဖြစ်ပါတယ်။

အဆိုပါနည်းပညာတွေကို အသုံးပြုရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကုသမှုကိုပိုမိုတိကျစေခြင်း၊ လူနာတွေရဲ့ ဘေးကင်းလုံခြုံမှုကို ပိုမိုကောင်းမွန်စေခြင်းနဲ့ ကုသပြီးနောက် မြန်ဆန်စွာပြန်လည်
ကောင်းမွန်လာနိုင်ရန် ကူညီပေးခြင်း ဖြစ်ပါတယ်။

ဘယ်လိုရောဂါတွေနဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်လဲ

ရင်ခေါင်းပိုင်းဆိုင်ရာရောဂါများ
အဆုတ်ကင်ဆာ၊ ရင်ဘတ်နံရံကင်ဆာ၊ Thymus Gland ဆိုင်ရာရောဂါများ

ဝမ်းဗိုက်၊ အသည်း၊ သည်းခြေအိတ်နှင့် ပန်ကရိယ (မုန့်ချိုအိတ်) ဆိုင်ရာရောဂါများ
အူကျွံခြင်း၊ သည်းခြေကျောက်၊ အသည်းကင်ဆာ၊ ပန်ကရိယ (မုန့်ချိုအိတ်) ကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ

အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများ
အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ

ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ
ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ

အမျိုးသမီးရောဂါများ
သားအိမ်အလုံး၊ သားအိမ်ကင်ဆာ၊ သားဥအိမ်အလုံးနဲ့ တင်ပါးဆုံတွင်းအင်္ဂါများ ကျွံခြင်း

ဒူးအဆစ်ဆိုင်ရာရောဂါများ
ဒူးအဆစ်ရောင်ရမ်းခြင်းနှင့် ဒူးအစားထိုးကုသမှုလိုအပ်သည့် အခြေအနေများ

အရိုးနှင့် အာရုံကြောဆိုင်ရာ အခြေအနေများ
အရိုးကျိုးခြင်း၊ လေဖြတ်ခြင်းနဲ့ ကျောရိုးဒဏ်ရာများ

Bangkok Hospital မှာ ခေတ်မီစက်ရုပ်နည်းပညာတွေနဲ့ အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှုကို ပေါင်းစပ်ပြီး လူနာတစ်ဦးချင်းစီအတွက် ပိုမိုတိကျဘေးကင်းပြီး ထိရောက်တဲ့ ကုသမှုရရှိစေဖို့ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။

သင့်ကျန်းမာရေးအခြေအနေနှင့် အသင့်တော်ဆုံးသော စစ်ဆေးမှုများ၊ ဆေးကုသမှုခရီးစဉ်များကို ကျွန်ုပ်တို့ ZIWALAN Medical Travel နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါပြီ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



03/09/2026

အစာစားချင်စိတ်ကို လျော့ကျစေတဲ့ ဟော်မုန်းဆေး (Hunger Control Hormones) တွေကို မည်သူမဆို သုံးစွဲလို့သင့်တော်ပါသလား

Bangkok Hospital မှ အထူးကုဆရာဝန်ကြီး Dr. SomchodokChakriyarat က ဒီဆေးတွေကို ဘယ်သူတွေ သင့်တော်စွာ အသုံးပြုနိုင်သလဲ၊ ဘယ်သူတွေမှာ သတိထားဖို့လိုသလဲ ဆိုတာကို အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

ပိုမိုကျန်းမာပြီး တက်ကြွတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ZIWALAN Medical Travel က သင့်ကျန်းမာရေးခရီးစဉ်မှာ အနီးကပ် ကူညီပေးပါရစေ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



ကျွမ်းကျင်မှုနှင့် ခေတ်မီနည်းပညာတို့ ပေါင်းစပ်ထားသော Bangkok Hospital ၏ Robotic Surgery Center “စက်ရုပ်နည်းပညာဖြင့် ခွဲစ...
02/09/2026

ကျွမ်းကျင်မှုနှင့် ခေတ်မီနည်းပညာတို့ ပေါင်းစပ်ထားသော Bangkok Hospital ၏ Robotic Surgery Center

“စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသမှုစင်တာ”

Bangkok Hospital တွင် အတွေ့အကြုံရင့်ကျက်သော ခွဲစိတ်ဆရာဝန်ကြီးများအဖွဲ့၏ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကမ္ဘာ့အဆင့်မီ da Vinci Xi Robotic Surgical System နည်းပညာတို့ကို ပေါင်းစပ်ကာ ရှုပ်ထွေးသော ရောဂါအခြေအနေများအတွက် တိကျသေချာပြီး စနစ်ကျသော ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဘာကြောင့် Bangkok Hospital ၏ စက်ရုပ်နည်းပညာဖြင့် ခွဲစိတ်ကုသမှုစနစ် (Robotic Surgery) ကို ရွေးချယ်သင့်သလဲ

တိကျသေချာသော ခွဲစိတ်ကုသမှု

ခွဲစိတ်ရန် ခက်ခဲသောနေရာများနှင့် သေးငယ်နုနယ်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စက်ရုပ်နည်းပညာ၏ အကူအညီဖြင့် မီလီမီတာအဆင့်အထိ ပိုမိုတိကျစွာ ခွဲစိတ်ကုသနိုင်ပါသည်။

ခွဲစိတ်ဒဏ်ရာ သေးငယ်ခြင်း

ဒဏ်ရာအသေးငယ်ဆုံးဖြင့် ခွဲစိတ်ကုသနိုင်သောကြောင့် ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျော့နည်းစေပြီး အမြန်ဆုံးပြန်လည်သက်သာလာစေရန် အထောက်အကူပြုပါသည်။

မြန်ဆန်စွာ ပြန်လည်ကောင်းမွန်နိုင်ခြင်း

ခွဲစိတ်ပြီးနောက် ပြန်လည်နာလန်ထူမှုကို အထောက်အကူပြုပြီး နေ့စဉ်လူနေမှုဘဝသို့ ပိုမိုမြန်ဆန်စွာ ပြန်လည်ဝင်ရောက်နိုင်ရန် ကူညီပေးနိုင်ပါသည်။

ခိုင်မာသော ခွဲစိတ်ကုသမှု အတွေ့အကြုံနှင့် မှတ်တမ်းများ

Bangkok Hospital ၏ Robotic Surgery Center တွင် အောက်ပါ ရောဂါအခြေအနေအမျိုးမျိုးအတွက် စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်—

● သည်းခြေပြွန်လမ်းကြောင်း၊ အသည်းနှင့် ပန်ကရိယ (မုန့်ချိုအိတ်)ဆိုင်ရာ ရောဂါများ
● အူကျခြင်း (သို့မဟုတ်) အူကျွံခြင်းနှင့် ရင်ခေါင်းအတွင်းပိုင်းဆိုင်ရာ ရောဂါများ
● ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများ
● အမျိုးသမီးမီးယပ်ဆိုင်ရာ ရောဂါများ

အောင်မြင်မှုမှတ်တမ်းများ

၂၀၂၃ ခုနှစ်မှစတင်၍ Bangkok Hospital တွင် စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ကုသမှုပေါင်း ၁,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

✓ ခွဲစိတ်ပြီးနောက် နောက်ဆက်တွဲပြဿနာ ဖြစ်ပွားမှုနှုန်း ၀.၆၁% အောက်သာရှိခြင်း*

✓ မမျှော်လင့်ဘဲ နောက်တစ်ကြိမ် ပြန်လည်ခွဲစိတ်ရမှုနှုန်း ၀.၆၀% အောက်သာရှိခြင်း*

(၂၀၂၆ ခုနှစ်၊ မတ်လအထိ ရရှိထားသော အချက်အလက်များအရ)

Precision. Expertise. Innovation.

Bangkok Hospital ၏ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများနှင့် ကျွမ်းကျင်သော ဆေးဘက်ဆိုင်ရာအဖွဲ့၏ စောင့်ရှောက်မှုကို ရယူလိုပါက၊ သင့်ကျန်းမာရေးအခြေအနေနှင့် အသင့်တော်ဆုံးသော စစ်ဆေးမှုများနှင့် ဆေးကုသမှုခရီးစဉ်များကို ZIWALAN Medical Travel နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါပြီ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)

+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)

+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)

+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)

+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



ကျောရိုးဆစ် နာကျင်မှုဝေဒနာများ ခံစားနေရပါသလား နာကျင်မှုကင်း‌‌‌ဝေးပြီးတက်ကြွလန်းဆန်းတဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ...
31/08/2026

ကျောရိုးဆစ် နာကျင်မှုဝေဒနာများ ခံစားနေရပါသလား

နာကျင်မှုကင်း‌‌‌ဝေးပြီးတက်ကြွလန်းဆန်းတဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ Bangkok International Hospital ရဲ့ Spine Center မှာ တိကျမှုနှင့် ဘေးကင်းမှုကို မြှင့်တင်ပေးသည့် ခွဲစိတ်မှုကြီးကြီးမားမား ပြုလုပ်ရန် မလိုဘဲ သေးငယ်သောခွဲစိတ်ရာမှတဆင့် ကျောရိုးခွဲစိတ်ကုသမှုနှင့် ခွဲစိတ်စရာမလိုဘဲ နာကျင်မှုကိုလျှော့ချပေးနိုင်သည့် Spinal Interventional Procedures ကုထုံးများကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။

အဆင့်မြင့် ကျောရိုးဆစ် ကုသမှုများမှာ-

Epidural Steroid Injections

နာကျင်မှုကိုဖြစ်စေတဲ့ အာရုံကြောအနီးကို ထုံဆေးနဲ့ Steroid ဆေးများအား တိကျစွာ ထိုးသွင်းပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေတဲ့ ထိုးဆေးကုထုံး

Facet Joint Injections

ကျောရိုးဆစ်အဆက် ၂ခုကြား ချိတ်ဆက်ထားသည့် ကျောရိုးဆစ် အဆက်နေရာကို ဆေးထိုးကုသခြင်း

Nerve Root Block Injections

နာကျင်မှုဖြစ်စေသော အာရုံကြောအား ဆေးထိုးပြီး အာရုံခံစားမှု ပိတ်ဆို့ကာ နာကျင်မှုကိုသက်သာစေခြင်း

Radiofrequency Ablation

ရေဒီယိုလှိုင်းအပူစွမ်းအင်သုံး၍ အာရုံကြော နာကျင်မှုကိုလျှော့ချ ကုသခြင်း

ဒါ့အပြင် လူနာတစ်ဦးချင်းစီရဲ့ အခြေအနေအလိုက် အခြားသော အဆင့်မြင့် ကျောရိုးဆစ်ကုသမှုနည်းလမ်းများကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

အတွေ့အကြုံရင့် ကျောရိုးအထူးကုဆရာဝန်ကြီးများက သင့်ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစွာ စစ်ဆေးအကဲဖြတ်ပြီး လူနာတစ်ဦးချင်းစီအတွက် အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို အကြံပြုပေးသွားမှာ ဖြစ်ပါတယ်။

Bangkok International Hospital သည် Newsweek နှင့် Statista 2026 တို့မှ အရိုး၊ အကြော၊ အဆစ်ကုသရေး ကဏ္ဍများတွင် အာရှ-ပစိဖိတ်ဒေသ၏ အကောင်းဆုံး အထူးကုဆေးရုံများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။

Expat Super Care – Expert Care. Expat Trust.

သင့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ စစ်ဆေးမှုနဲ့ ကုသမှုအစီအစဉ်ကို ZIWALAN Medical Travel နဲ့အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါတယ်။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)

+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)

+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)

+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)

+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)




29/08/2026

🎥💙 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်၊ တနင်္ဂနွေနေ့တွင် Bangkok Hospital, BDMS Wellness Clinic နှင့် ZIWALAN Medical Travel တို့ ပူးပေါင်းကျင်းပခဲ့သော

💙 Beauty & Beyond: Elevating Wellness, Confidence and Vitality 💙

ကျန်းမာရေးဆွေးနွေးပွဲ၏ အမှတ်တရ Video ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အခမ်းအနားတွင် တက်ရောက်အားပေးခဲ့ကြသော ဧည့်သည်တော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ 💙

ကျန်းမာရေးဗဟုသုတများကို အတူတကွ မျှဝေခဲ့သည့် အမှတ်တရအခိုက်အတန့်များနှင့် နွေးထွေးပျော်ရွှင်ဖွယ် အတွေ့အကြုံများကို ဤ Video မှတစ်ဆင့် ပြန်လည်ကြည့်ရှုခံစားနိုင်ပါသည်။

နောက်လာမည့် ကျန်းမာရေးအစီအစဉ်များတွင်လည်း ထပ်မံဆုံတွေ့နိုင်ရန် မျှော်လင့်လျက် ရှိပါသည်။ ✨

သင့်ကျန်းမာရေးအခြေအနေနှင့် အသင့်တော်ဆုံးသော စစ်ဆေးမှုများ၊ ဆေးကုသမှုခရီးစဉ်များကို ကျွန်ုပ်တို့ZIWALAN Medical Travel နှင့်အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါပြီ။

အမှတ် ၁၈၁၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)

+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)

+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)

+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)

+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



ကြွက်သားများကို မထိခိုက်စေဘဲ ခွဲစိတ်နိုင်သော အဆင့်မြင့် Direct Anterior Approach (DAA) နည်းပညာသုံး တင်ပါးဆုံဆစ်အစားထိုးလ...
28/08/2026

ကြွက်သားများကို မထိခိုက်စေဘဲ ခွဲစိတ်နိုင်သော အဆင့်မြင့် Direct Anterior Approach (DAA) နည်းပညာသုံး တင်ပါးဆုံဆစ်အစားထိုးလဲလှယ်ကုသခြင်းဖြင့် နာကျင်မှုကင်းဝေးတဲ့ ဘဝသစ်ကိုပြန်လည်ပိုင်ဆိုင်လိုက်ပါ

Bangkok International Hospital ရဲ့ အရိုး၊ အဆစ် အထူးကု ဆရာဝန်ကြီးများဟာ အဆင့်မြင့် Direct Anterior Approach (DAA) နည်းပညာကို အသုံးပြု၍ တင်ပါးဆုံဆစ် အစားထိုးခွဲစိတ်မှုများကို အောင်မြင်စွာ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

DAA နည်းပညာဆိုတာ ယခင်ကခွဲစိတ်မှုတွေလို ဘေးဘက် (သို့မဟုတ်) နောက်ဘက်ကနေ ခွဲစိတ်တာမျိုးမဟုတ်ဘဲ ပေါင်၏အရှေ့ဘက်ကနေ တိုက်ရိုက်ဝင်ရောက်ခွဲစိတ်တာကြောင့် ခွဲစိတ်သည့်နေရာ အနီးတဝိုက်ရှိ အရေးကြီးတဲ့ ကြွက်သားများနှင့် အာရုံကြောများကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပြီး၊ ခွဲစိတ်မှုဝေဒနာကို လျော့နည်းစေခြင်း၊ သွေးထွက်နည်းခြင်းနှင့် ပြန်လည်နာလန်ထူမှု ပိုမိုမြန်ဆန်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေပါတယ်။

DAA နည်းပညာသုံး တင်ပါးဆုံဆစ်အစားထိုးကုသခြင်း၏ အားသာချက်များ

ခွဲစိတ်ပြီး (၂၄) နာရီအတွင်း စတင် လမ်းလျှောက်နိုင်ခြင်း

ကြွက်သားများကို မထိခိုက်စေဘဲ ခွဲစိတ်နိုင်သောကြောင့် ခွဲစိတ်ပြီးနောက် နာကျင်မှုသက်သာပြီး လျင်မြန်စွာ နာလန်ထူနိုင်ခြင်း။

ခွဲစိတ်မှုနှင့်ဆက်စပ်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ခြင်း။

ခြေထောက်နှစ်ဖက်၏ အရှည်နှင့် ဟန်ချက်ညီမျှမှုကို ပိုမိုတိကျစွာ ပုံဖော်ပေးနိုင်ခြင်း။

ခွဲစိတ်ပြီး (၆) ပတ်ခန့်မှာပင် နေ့စဉ်လူနေမှုဘဝအတိုင်း လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်ခြင်း။

Bangkok International Hospital သည် Newsweek နှင့် Statista 2026 တို့၏ အသိအမှတ်ပြုမှုဖြင့် အာရှ-ပစိဖိတ် ဒေသအတွင်း အရိုး၊ အကြော၊ အဆစ်ရောဂါဆိုင်ရာ အကောင်းဆုံး အထူးကုဆေးရုံကြီးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရပါသည်။

Expat Super Care – Expert Care. Expat Trust.

နာကျင်မှုကင်းပြီး လွတ်လပ်စွာ ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့ကျွန်ုပ်တို့ ZIWALAN Medical Travel မှ တာ၀န်ယူဆောင်ရွက်ပေးပါရစေ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



“Beauty & Beyond” — အလှအပထက် ပိုမိုနက်ရှိုင်းတဲ့ စစ်မှန်သော အလှတရားဆီသို့ Bangkok Hospital၊ BDMS Wellness Clinic နှင့် Z...
27/08/2026

“Beauty & Beyond” — အလှအပထက် ပိုမိုနက်ရှိုင်းတဲ့ စစ်မှန်သော အလှတရားဆီသို့

Bangkok Hospital၊ BDMS Wellness Clinic နှင့် ZIWALAN Medical Travel တို့မှ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသားများအတွက် ပူးပေါင်းကျင်းပသည့် “Beauty & Beyond” အထူးအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်၊ တနင်္ဂနွေနေ့တွင် Bangkok Hospital Headquarters ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

“အလှအပထက် ပိုမိုနက်ရှိုင်းတဲ့ စစ်မှန်သော အလှတရားဆီသို့” ဆိုသည့်အတိုင်း စစ်မှန်သောအလှတရားဆိုသည်မှာ အပေါ်ယံ အသွင်အပြင် အလှအပတစ်ခုတည်းသာမဟုတ်ဘဲ ကျန်းမာခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းနှင့် တက်ကြွလန်းဆန်းမှု တို့ ပေါင်းစပ်တည်ရှိနေခြင်းဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် အကြံပြုချက်များကို မျှဝေဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစီအစဉ်တွင် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ အထူးကုဆရာဝန်များက တက်ရောက်လာသူများကို ကျန်းမာရေးဗဟုသုတများမျှဝေပေးပြီးအပြန်အလှန် အမေးအဖြေကဏ္ဍများနှင့် သိလိုသည်များကို ဆွေးနွေးပေးခဲ့ကြပါသည်။

သဘာဝကျပြီး ယုံကြည်မှုရှိသော အပြုံးအတွက် သွားနှင့်ခံတွင်းကျန်းမာရေး

Bangkok Hospital Headquarters, Dental Center မှ Operative Dentistry နှင့် Esthetics အထူးပြု သွားဘက်ဆိုင်ရာဆရာဝန် Dr. Palika Luangruangrong က လှပပြီး သဘာဝကျသောအပြုံးသည် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးနိုင်ပုံနှင့် သွားနှင့်ခံတွင်းကျန်းမာရေး၏ အရေးပါမှုတို့ကို မျှဝေဆွေးနွေးပေးခဲ့ပါသည်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း

Bangkok Hospital Headquarters, Diabetes, Thyroid and Endocrine Center မှ Weight Management အထူးပြု ဟော်မုန်းအထူးကုဆရာဝန် Dr. Somchodok Chakriyarat က ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန် လိုအပ်သည့် အချက်များနှင့် ကျန်းမာသောလူနေမှုပုံစံ၏ အရေးပါမှုတို့ကို ရှင်းလင်းမျှဝေပေးခဲ့ပါသည်။

အသက်အရွယ်နှင့်အညီ ကျန်းမာတက်ကြွစွာ နေထိုင်ခြင်း

BDMS Wellness Clinic, Soonvijai ၏ Director of Preventive Medicine ဖြစ်သူ Dr. Soipetch Prathuangset က အသက်အရွယ်ကြီးရင့်လာမှုကို တားဆီးခြင်းမဟုတ်သည့် မိမိ၏အသက်အရွယ်နှင့်အညီ ကျန်းမာတက်ကြွပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစွာ နေထိုင်နိုင်ရန် အရေးကြီးကြောင်း စိတ်ဝင်စားဖွယ်ရာ အပြန်အလှန်ဆွေးနွေးမှုများမှတစ်ဆင့် မျှဝေပေးခဲ့ပါသည်။

ထို့အပြင် တက်ရောက်လာသူများအတွက် Bangkok Hospital ၏အလှအပဆိုင်ရာ စစ်ဆေးခြင်းအစီအစဉ်များကို ခံစားခွင့်ရရှိနိုင်မည့် ကံစမ်းမဲဆုလက်ဆောင်များကိုလည်း ပေးအပ်ခဲ့ပါသည်။

ရေရှည်လက်တွဲလာခဲ့သော မိတ်ဖက် ZIWALAN Medical Travel (ယခင် Sea Lion Medical Travel) နှင့်အတူ Bangkok Hospital သည် လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့် လူနေမှုဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဘက်စုံကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါသည်။

ကျန်းမာခြင်း၊ ယုံကြည်မှုနှင့် တက်ကြွလန်းဆန်းမှုတို့ကို တစ်ပြိုင်နက်တည်း မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့သည့် “Beauty & Beyond” အစီအစဉ်သို့ ပါဝင်တက်ရောက်ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)

အသားအရေ တင်းရင်းစိုပြေပြီး ပိုမိုလှပနုပျိုစေဖို့ StiCol  15% OFF (၁၅) ရာခိုင်နှုန်းလျှော့စျေး အခွင့်အရေးကို ရယူလိုက်ပါ  ...
26/08/2026

အသားအရေ တင်းရင်းစိုပြေပြီး ပိုမိုလှပနုပျိုစေဖို့ StiCol 15% OFF (၁၅) ရာခိုင်နှုန်းလျှော့စျေး အခွင့်အရေးကို ရယူလိုက်ပါ


ကျန်းမာစိုပြေပြီး တင်းရင်းလှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်သူတွေအတွက် အဆင့်မြင့် Aesthetic Treatment တွေနဲ့အတူ အသားအရေကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်မယ့် StiCol အထူးပရိုမိုးရှင်း ရောက်ရှိလာပါပြီ။


Ulthera Prime (သို့မဟုတ်) သတ်မှတ်ထားသော Aesthetic Treatment တွေကို ပြုလုပ်ပါက အသားအရေ တင်းရင်းမှု၊ ရေဓာတ်ပြည့်ဝမှု၊ ကြည်လင်တောက်ပမှုနဲ့ လန်းဆန်းတက်ကြွမှု ကို အားဖြည့်ပေးနိုင်မယ့် StiCol Package ကို (၁၅) ရာခိုင်နှုန်း လျှော့စျေး ဖြင့် ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်သော အထူး Treatment များ

• Ulthera Prime (300 Lines | 500 Lines | 600 Lines)

• Royal Bright

• Royal Microdermabrasion

• Acne Treatment

• Advanced Rehydrating Treatment

• Royal Radiance Skin Treatment

• Royal Crystal Skin

Promotion ကာလ

၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာလ (၃၁) ရက်အထိ

သင့်အသားအရေကို ပိုမိုဂရုစိုက်ပေးဖို့ အချိန်ရောက်ပါပြီ။ ဒီအထူးအခွင့်အရေးဖြင့် တင်းရင်းစိုပြေကာ ကျန်းမာလှပတဲ့ အသားအရေ ကို စတင်ခံစား ပိုင်ဆိုင်လိုက်ပါ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။



+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)

+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)

+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)

+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)

+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)





အပြေးဝါသနာရှင်များ သတိပြုသင့်တဲ့ နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ် (၃) မျိုးအပြေးလေ့ကျင့်ခန်းဟာ ကျန်းမာကြံ့ခိုင်ဖို့အတွက်...
24/08/2026

အပြေးဝါသနာရှင်များ သတိပြုသင့်တဲ့ နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ် (၃) မျိုး

အပြေးလေ့ကျင့်ခန်းဟာ ကျန်းမာကြံ့ခိုင်ဖို့အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပေမယ့် အားစိုက်ထုတ်မှုများတဲ့အချိန်မှာ နှလုံးက ပိုမိုအလုပ်လုပ်ရတာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကြိုတင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် အပြေးသမားများအနေနဲ့ အောက်ပါ နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို သတိပြုထားသင့်ပါတယ်-

၁။ နှလုံးခုန်နှုန်း မမှန်ခြင်း

၂။ ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း

၃။ ရုတ်တရက် နှလုံးအမောဖောက်ခြင်း

အောက်ပါ လက္ခဏာတွေ ခံစားရတဲ့အခါ အပြေးလေ့ကျင့်ခြင်းကို ခေတ္တရပ်တန့်ဖို့လိုပါတယ်။

အပြေးလေ့ကျင့်နေစဉ် (သို့မဟုတ်) ပြိုင်ပွဲဝင်နေစဉ်မှာ အောက်ပါလက္ခဏာများထဲက တစ်ခုခု ခံစားရပါက ခန္ဓာကိုယ်ကို အတင်းအကျပ် မစေခိုင်းဘဲ ချက်ချင်းရပ်တန့်ပြီး အနားယူသင့်ပါတယ်—

မကြာခဏ ရင်တုန်ခြင်း (သို့မဟုတ်) နှလုံးခုန် မမှန်ခြင်း

နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ အလွန်နှေးခြင်း (သို့မဟုတ်) မြန်ခြင်း

ခေါင်းမူးခြင်း၊ မျက်စိပြာခြင်း (သို့မဟုတ်) မူးမေ့လုနီးပါး ခံစားရခြင်း

ရင်ဘတ်ထဲ တင်းကျပ်နေခြင်း (သို့မဟုတ်) ရင်ဘတ်အောင့်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် ပုံမှန်ထက် ပိုမိုလွန်ကဲစွာ မောပန်းနွမ်းနယ်ခြင်း

စောစီးစွာစစ်ဆေးပါ - မိမိနှလုံးအကြောင်းကို ပိုမိုသိတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ ဆက်လက်လေ့ကျင့်နိုင်ပါတယ်။

Bangkok Hospital ၏ Active Heart Check အထူးစစ်ဆေးမှုက ကိုယ်လက်လှုပ်ရှားပြီး အားစိုက်ထုတ်ချိန်မှာ သင့်နှလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးပေးပြီး နှလုံးနဲ့ သွေးကြောဆိုင်ရာ မူမမှန်တဲ့အခြေအနေတွေကိုလည်း ကြိုတင်ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။

ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်သူတွေ၊ အပြေးဝါသနာရှင်တွေနဲ့ ပြိုင်ပွဲဝင်မယ့်သူတွေအနေနဲ့ မိမိရဲ့ နှလုံးကျန်းမာရေးအခြေအနေကို ကြိုတင်သိရှိထားခြင်းက ပိုမိုစိတ်ချယုံကြည်စွာ လေ့ကျင့်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

သင့်ကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ စစ်ဆေးမှုများနဲ့ ဆေးကုသမှုခရီးစဉ်တွေကို ZIWALAN Medical Travel နဲ့အတူ ယုံကြည်စိတ်ချစွာ စတင်နိုင်ပါပြီ။

အမှတ် (၁၈၁)၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

+၉၅ (၀)၉ ၅၁၀ ၆၆၆၆၊ +၉၅ (၀)၉ ၉၈ ၇၀၀ ၆၆၆၆ (ရန်ကုန်)
+၉၅ (၀)၉ ၇၉ ၇၉၀ ၆၆၆၆ (မန္တလေး)
+၉၅ (၀)၉ ၉၄ ၅၆၅ ၆၆၆၆ (နေပြည်တော်)
+၉၅ (၀)၉ ၉၅ ၅၁၀ ၆၆၆၆ (မော်လမြိုင်)
+၆၆ (၀)၉ ၇၁၇၁ ၈၆၆၆ (ဘန်ကောက်)



Address

181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9518202120

Alerts

Be the first to know and let us send you an email when 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐙𝐈𝐖𝐀𝐋𝐀𝐍 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐯𝐞𝐥:

Shortcuts

Share