အောင် အထူးကုဆေးခန်း

အောင် အထူးကုဆေးခန်း Offer Special Consultation

Save the date💪Adult male circumcision reached up to 30 persons ✂️🔪    ****in
28/07/2026

Save the date💪
Adult male circumcision reached up to 30 persons ✂️🔪



****in

26/07/2026

ဆေးခန်းအကူ
Runner မိန်းခလေး တဦး အလိုရှိပါသည်။

စာရိတ္တကောင်းမွန် ရန် အထူးလိုအပ်ပါသည်။
မတက်တာ ကို သင်ပေးလို့ရပါတယ် အလုပ်လုပ်ချင် စိတ်နဲ့ ဖော်ရွေပီး သွက်သွက်လက်လကါ ရှိဖို့တော့ လိုပါမယ်။

မနက်သွား-ညပြန်
အလုပ်ချိန် မနက် 9am- ညနေ 7pm အထိ
တလ ကို ၂-၄ရက် ပိတ်ရက်ပေးထားပါသည်။
အခြေခံလစာ- ၃သိန်း+++

Nurse Aid မှ လျောက်လို့ရတာမျိုး မဟုတ်ပါ ဆေးပညာကို စိတ်ဝင်စားသူ မည်သူမဆို အလုပ်လျောက်ထားနိုင်ပါသည်။
-မှတ်ပုံတင်
-ရပ်ကွက်ထောက်ခံစာ လိုအပ်ပါသည်။

အလုပ်ဆင်းရမည့် နေရာ- “အောင်”အထူးကုဆေးခန်း
အနောက်မင်းလမ်း၊ ဆရာစံတောင်ရပ်ကွက်၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
စိတ်ဝင်စားသူများ page messenger က တဆင့် စုံစမ်းမေးမြန်း နိုင်ပါသည်။

တုပ်ကွေးရာသီ ရောက်နေပီနော် H1N1 မှ မဟုတ်ဘူး Any Virus မှာ prevention က အကုန်တူတူပါပဲ
20/06/2026

တုပ်ကွေးရာသီ ရောက်နေပီနော် H1N1 မှ မဟုတ်ဘူး Any Virus မှာ prevention က အကုန်တူတူပါပဲ

01/06/2026

ဖျားနာလူနားများအတွက်
လက်ဆောင်ပါနော်
ဒီအချိန်မှာ မဖျားအောင် ဘယ်လိုနေမလဲ ဖျားနေရင် ဘာလုပ်ရမလည်း
1)မဖျားအောင် ဘယ်လိုနေမှာလည်း
-အိပ်ရေးဝအောင်အိပ်ပါ
-သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာစားပါ
-ရေချိုးတဲ့ အချိန်က တက်နိုင်ရင် မနက်စောစော(7am-10am)ပဲချိုးပါအအေးမပက် အပူမရှပ်အောင်ဂရုစိုက်)
-အားအင်ကုန်ခမ်းမယ့် ပင်ပင်ပန်းပန်းအလုပ်တွေရှောင်ပေးပါ
-ခြင်ပေါက်ဖွားတဲ့ အချိန်ရာသီဖြစ်တော့ ခြင်မကိုက်အောင် ခြင်တွေ ခိုအောင်းနိုင်တဲ့နေရာတွေကို တနိုင်တပိုင်ရှင်းကြပါ
-ရေများများသောက်ပေးပါ
-လတ်ဆတ်တဲ့ အသီးများများစားပါ။

2)ဖျားလာရင် ဘယ်လိုကုရမလည်း
-ဖျားတိုင်း ဆရာဝန်နဲ့ ပြစရာ မလိုပါဘူး ကိုယ့်ဘာသာ အရင်ဆုံး Home Treamentယူပါ
-ဖျားလျင် Paracetamol ကို 5/6နာရီခြား တလုံး/2လုံး တနေ့ကို ၄ကြိမ်သောက်ပါ
-မြန်မြန်ပျောက်ချင်လို့ ဆေးထိူးချချင်တာလား မလုပ်ပါနဲ့ Para suppository ကို 1000အားထည့်ပါ စျေးကွက်ထဲမှာ ParaSuppo က 500အားပဲလာတော့ ၂တောင့်ထည့်ရပါမယ်
-ဖျားနေလို့ ရေမချိုးရ ရေမကိုင်ရ အအေးမခံ ရဆိုတဲ့ ရှေးရိုးဆွဲ အယူတွေကို လက်မခံစေချင်ပါဘူး
ဖျားနေလည်း ရေချိုးလို့ရပါတယ် တကယ်တမ်းအဖျားတက်လာတဲ့ အချိန်မှာ ရေကိုမြန်မြနိချိုး ရေချိုးပြီး အချမ်းတက်လာရင် ရေနွေးပူပူလေး ကြိုခပ်ထားမယ်ဆို အချမ်းပြေသောက်လို့ရပါတယ်
-တကယ်တမ်းဖျားနာ တိုင်း ပိုးသတ်ဆေးက မလိုအပ်ပါဘူး ဒီရာသီ မှာ အဖျားတော်တော်များများဟာ Virusကြောင့်ဖြစ်သဖြင့် ၃ရက်လောက် ကြာကြာ ဆေးသောက်လို့ မပျောက်မှပဲ ဆရာဝန်နဲ့ ပြကြပါ
-Fever Clinicတွေ မှာ ပြခြင်းဖြင့် ကူညီပေးစေချင်ပါတယ်
-နောက်ပြီးတော့ ဆေးခန်း မရောက်ခင်မှာ Para နဲ့ တွဲပြီးတော့ Cevitကို ထည့်သောက်လို့ရသလို
ကျတော်လူနာတော်တော်များများမှာတော့ ဒီရာသီမှာ Probioticတွေ ကို အဓိက တိုက်ဖြစ်ပါတယ်
-ယေဘုယျ ဖျားတဲ့ သူတော်တော်များများဟာ အစာအိမ်နဲ့အူလမ်းကြောင်းမသန့်လို့သာ ရက်ကြာကြာဖျားနေကြတာပါ ကိုယ့်ဘာသာ ကြိုပြီး Probiotic ကို ထပ်ြထည့်သောက်မယ်ဆိုလည်း အန္တရယ်ကင်းကင်း သောက်လို့ရပါတယ်နော်။

ကဆုန်လပြည့်နေ့မတိုင်ခင် တရက်က Operation လုပ်ပေးထားတဲ့ DM foot လေး တော်တ်ောများများ DM footတွေက painမရှိကြတာများတယိ အခုလူ...
02/05/2026

ကဆုန်လပြည့်နေ့မတိုင်ခင် တရက်က Operation လုပ်ပေးထားတဲ့ DM foot လေး
တော်တ်ောများများ DM footတွေက painမရှိကြတာများတယိ အခုလူနာက နာတက်တာမှ လွန်ရော အထိကို မခံနိုင်တာ Neuropathy မဝင်သေးတာ သူတော့ကံကောင်းနေပေမယ့် ကိုယ့်တော့ အကျပ်ရိုက်တာပဲ အနာကို ခွဲပေးဖို့ ဘယ်လိုမှ နည်းလမ်းရှာမရ😥
နောက်ဆုံးတော့ စဉ်းစားလိုက်မိတာ Ankle block နဲ့မှ အဆင်ပြေနိုင်မှာ။
အဲ့လိုမှန်းသိ ortho referလိုက်ပါတယ်😓 ခုတော့ အကုန်plan ချပီး ခွဲဖို့ စီစဉ်ပီးနေလို့ ကုတင်ပေါ်တောင် လူနာက အခန့်သား ရောက်နေပီ။Antibiotics လည်းထိုးထားပီးပီ ဆော်တယ်ကွာ Ankle blockနဲ့တီးလိုက်တယ်။ ကြာခဲ့ပီ အဲ့လိုမျိုး ဘောင်ကျော်ပီး မလုပ်ပေးတော့တာတွေ success ဖြစ်သွားလ်ု့ တော်သေးတယ်။
နောက်လာမလုပ်ခိုင်းနဲ့ မလုပ်ပေးတော့ဘူးနော် ကိုယ့်ဘာသာလုပ်ပီး ကိုယ့်ဘာသာ complication ဝင်မှာ ကြောက်နေရတာ။ ဆေးခန်းကလည်း ၂ရက်ဆက်ပိတ်မှာဆိုတော့ စိတ်ပူပူနဲ့ပဲ အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ပါတယ်💪

မခွဲခင်တုန်းက အဆီကျိပ်ထင်လိုက်တာ လူနာမေးတော့လည်း အဲ့ထဲက ဘာတွေထွက်သေးလည်းဆိုတော့ ဘာမှမထွက် punctum လည်းမတွေ့။Incision ပေး...
18/03/2026

မခွဲခင်တုန်းက အဆီကျိပ်ထင်လိုက်တာ လူနာမေးတော့လည်း အဲ့ထဲက ဘာတွေထွက်သေးလည်းဆိုတော့ ဘာမှမထွက် punctum လည်းမတွေ့။
Incision ပေးလိုက်တော့မှ Sebeceous cyst မှန်းသိရတယ်။
Sac က အထဲကိုတော်တော် မြုတ်ဝင်နေတာ မနည်းကုန်ထောင် ထုတ်ယူရတယ်။

ထိုးကြတယ်နော် ပိန်ချင်တာတော့ ပိန်ချင်တာပေါ့ခက်တာ က လူနာကုတဲ့ ဆေးခန်းဆိုတော့လည်း သူတိူ့ မြန်မြန်ပိန်ချင်တိုင်းလည်း လုပ်ပေ...
28/02/2026

ထိုးကြတယ်နော် ပိန်ချင်တာတော့ ပိန်ချင်တာပေါ့
ခက်တာ က လူနာကုတဲ့ ဆေးခန်းဆိုတော့လည်း သူတိူ့ မြန်မြန်ပိန်ချင်တိုင်းလည်း လုပ်ပေးလို့ မရ

(နာမည်ကြီးAsthetic ဆေးခန်းတခုတော့ အစားစားချင်စိတ်ဖြစ်တိုင်း ဆေးလာပြန်ထိုးခိုင်းတယ်ကြားမိ အဲ့လိုမျိုးကြီးတွေတော့ လုံးဝအားမပေးပါဘူးနော်)

ဆေးရဲ့Guideline အတိုင်းပဲ ကိုယ်က လုပ်ပေးနိုင်တာ။ တခါထိုးဖို့ အရေး ဆေးအကြောင့်းရှင်းပြရ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေရှိလည်းဆို မမေးတဲ့ သူမရှိသလောက်ပဲ၊
မထိုးခင် weightချိန် အရပ်တိုင်း BMI တွက်ပီး target body weight ရပီဆိုမှ planချပြရ ထိုးတဲ့ သူတိုင်းကိုတော့ ၂လ အနည်းဆုံးထိုးဖို့ ပြောဖြစ်တယ်။

အဲ့ကြားထဲ အမ တယောက် က”ဆရာ အမကို ၁၈နှစ်တုန်းကလို ပေါင်၁၁၀ ထိချပေးပါလား” ဆိုတာရှိသေး
နောက်တယောက်ကျ အမ ဘယ်လောက်ထိ weight ချချင်လည်း မေးမိတာ “ဆရာ့ sizeလောက်ရရင် ကျေနပ်ပီ”🤣🤣တဲ့

အေးနော် ထိုးပေးတဲ့ ဆရာကလည်း မော်ဒယ်ဘွိုင်း ဆိုတော့ အားကျ ကြမှာပဲလေ😜

မနေ့က ခွဲပေးခဲ့တဲ့ Keloid Scar လေး လူနာပဲ ကံကောင်းတာလား ကိုယိပဲ ကံဆိုးတာလား မပြောတက်မျက်မှန် အိမ်မှာ ကျန်ခဲ့တဲ့ ရက်မှ မန...
14/01/2026

မနေ့က ခွဲပေးခဲ့တဲ့ Keloid Scar လေး
လူနာပဲ ကံကောင်းတာလား ကိုယိပဲ ကံဆိုးတာလား မပြောတက်
မျက်မှန် အိမ်မှာ ကျန်ခဲ့တဲ့ ရက်မှ မနည်းစိအောင် ဆွဲချုပ်ရတာ။

ပီးတော့လည်း suture လေး ကြည့်ပီး သဘောတွေ ကျမိ

လူနာပဲ ကံကောင်းတာလား မပြောတက် သူ့မိန်းမ စိတ်ပူပီး ECG ဆွဲခိုင်းလို့သာပဲကိုယ်က ဘော်ဒါကလည်း ဖြစ် Cardiologist မကြိုက်လို့ ...
05/01/2026

လူနာပဲ ကံကောင်းတာလား မပြောတက်
သူ့မိန်းမ စိတ်ပူပီး ECG ဆွဲခိုင်းလို့သာပဲ

ကိုယ်က ဘော်ဒါကလည်း ဖြစ် Cardiologist မကြိုက်လို့ တခြား cardiologist ကို ပြန်ရွေးပီး လွှဲပေးထားတာ ဆိုတော့ လူနာ နေပြည်တောါရောက်မှ လိုတာတွေ ထပ်စစ်ပီး နှလုံးအထူးကု plan ချပေးမယ်လို့ စီစဉ်ထားပီးသား ကို

သေကံမရောက်သေးတော့လည်း
သူဖြစ်နေတာ ၂ပါတ်ကျော်ပီ Subacute MI 💕

Fatty liver လို့ စသိထဲ က treatment ယူရင်တော့ ပိုကောင်းတာပေါ့။
03/01/2026

Fatty liver လို့ စသိထဲ က treatment ယူရင်တော့ ပိုကောင်းတာပေါ့။

Address

No(21), Min Lan Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959443637371

Website

Alerts

Be the first to know and let us send you an email when အောင် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အောင် အထူးကုဆေးခန်း:

Shortcuts

Share

Category