Khitthit Academy

Khitthit Academy Khitthit Academy is Educational Initiative of Citta Consultancy - Psychological Services.

We provide online and in-person courses for your professional and personal development.

Please check your email‼️🍀မင်္ဂလာပါရှင်💞 🍀Khitthit Academy မှ Counseling for Relationship - Training အတန်း 50%  Scholars...
25/05/2026

Please check your email‼️

🍀မင်္ဂလာပါရှင်💞

🍀Khitthit Academy မှ Counseling for Relationship - Training အတန်း 50% Scholarship အတွက် ရွေးချယ်ခံခဲ့ရသူများကို Email ပို့ပြီး ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။

ခေတ်သစ်အကယ်ဒမီရဲ့ အတန်းများကို စိတ်ဝင်စားမှုနဲ့ လျှောက်ထားမှုအတွက် ကျွန်မတို့ Khitthit Academy မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ 🥰

ခေတ်သစ်မှ နောက်ထပ်လာမယ့်အတန်းများကိုလည်း စောင့်မျှော်ပေးကြပါဦးနော်။ 💕

ဆက်ဆံရေးပြဿနာများနောက်ကွယ်က စိတ်ပိုင်းဆိုင်ရာရှု့ထောင့်အမြင် 💬Relationship တခုက အပြင်ပန်းကြည့်ရင် ရိုးရှင်းတယ်လို့ ထင်ကေ...
24/05/2026

ဆက်ဆံရေးပြဿနာများနောက်ကွယ်က စိတ်ပိုင်းဆိုင်ရာရှု့ထောင့်အမြင် 💬

Relationship တခုက အပြင်ပန်းကြည့်ရင် ရိုးရှင်းတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမဲ့ အတွင်းထဲမှာတော့ မကြာခဏဆိုသလို

▫️မသိသာတဲ့ စိတ်ခံစားချက်ပုံစံ (Emotional patterns) တွေ၊
▫️နားလည်မှုလွဲခြင်း (Misunderstanding) တွေ၊
▫️အကွာအဝေးပေါ်မူတည်ပြီး ပြောင်းလဲသွားတဲ့ နွေး‌ထွေးမှုတွေ၊
▫️အတွေးလွန်ကဲမှုတွေ၊
▫️ထပ်ခါတလဲလဲဖြစ်နေတဲ့ ပြဿနာတွေ၊
▫️“ဘာကြောင့်မှန်းမသိ၊ အမြဲအဆင်မပြေနေတာပဲ” ဆိုတဲ့ စိတ်အတွေးခံစားချက်တွေကို သယ်ဆောင်ထားတတ်ပါတယ်။

ဒီလိုကြုံတွေ့ရတဲ့ ဆက်ဆံရေးပြဿနာတွေကို ကြည့်မယ်ဆိုရင် နှစ်ဦးကြားက Relationship တခုတည်းကြောင့်မဟုတ်ဘဲ -

🪢 Relationship ထဲမှာ ရှိနေတဲ့လူတွေရဲ့ တွယ်ငြိတတ်တဲ့ပုံစံ (attachment style)၊

🪢 မတူညီတဲ့ဆက်သွယ်ပြောဆိုမှုပုံစံတွေ၊

🪢 ကိုယ့်စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိဖို့ကြိုးစားတတ်တဲ့ပုံစံတွေအပြင်

🪢 အတိတ်ကအတွေ့အကြုံတွေနဲ့ မဖြည့်ဆည်းရသေးတဲ့ emotional needs တွေနဲ့လည်း အများကြီး ဆက်စပ်နေနိုင်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့အရာကတော့ စိုးရိမ်စရာ၊ အဆင်မပြေစရာကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံစံနဲ့ ကာကွယ်တတ်သလဲ ဆိုတဲ့ Psychological Patterns တွေပဲ ဖြစ်ပါတယ်။ 🌹

Relationship တွေကို စိတ်ပိုင်းဆိုင်ရာရှု့ထောင့်ကနေ နားလည်ခြင်းက ဒီ Relationship ကို ခပ်မြန်မြန်ပြင်ဆင်နိုင်ဖို့ဆိုတာထက် ကိုယ့်စိတ်အတွင်းထဲမှာ ဖြစ်ပျက်နေတာတွေကို အရင်ကထက်ပိုမိုသိမြင်လာစေဖို့က ကနဦးခြေလှမ်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ဘဲ နားလည်ဖို့ကြိုးစားတာက ကိုယ်တိုင်ရဲ့ Emotional Well-beingတွေအတွက်အပြင် တခြားသူတွေရဲ့ပြုမူပုံ၊ တွေးတောပုံတွေကိုလည်း အရင်ထက်ပိုမိုသိမြင်နိုင်လာစေဖို့ ရည်ရွယ်ပါတယ်။ 🩷

Relationship ဆိုတဲ့သဘောကိုက ‘တည်ငြိမ်လွန်းတဲ့အရာမဟုတ်ဘဲ မတူညီတဲ့လူတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့ Dynamic process’ ဖြစ်တာမို့လို့ အချိန်အခါ၊ အခြေအနေ၊ အတွေ့အကြုံ၊ စိတ်ခံစားချက်နဲ့ တယောက်နဲ့တယောက်မတူတဲ့ Emotional needs တွေပေါ်မူတည်ပြီး အမြဲပြောင်းလဲနေတတ်ပါတယ်။

ဒါကြောင့် ကိုယ်တိုင်က Relationshipတခုထဲမှာ ရှိနေလို့ဖြစ်စေ၊ Relationship issue တွေကို ကိုင်တွယ်ရလေ့ရှိတဲ့ စိတ်ကျန်းမာရေးပညာရှင်ဖြစ်စေ
💌 awareness မြှင့်တင်ခြင်းနဲ့
💌 “ဘာမှားသလဲ - What is wrong with me/them?” ဆိုတာထက် “ဘာတွေဖြစ်နေရတာလဲ - What is happening to me/them?” ဆိုတာကို မြင်ကြည့်ခြင်းက အရေးကြီးပါတယ်။ အလောတကြီးပြင်ဆင်ဖို့ထက် “နားလည်ဖို့၊ သိမြင်ဖို့၊ သတိထားမိဖို့” အရင်ကြိုးစားရမှာပါ။

ကိုယ့်ရဲ့စိတ်နဲ့ခန္ဓာရဲ့ wellness အတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ပိုမိုတည်ဆောက်နိုင်ကြပါစေလို့ ကျွန်မတို့ ခေတ်သစ်အကယ်ဒမီက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🩷

—--------------------------------------------------------------
👩‍❤️‍👨 စုံတွဲများ (သို့) မိသားစုဝင်များကြားထဲက ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိလေ့လာလိုတဲ့ စိတ်ကျန်းမာရေးနယ်ပယ်က Professionals တိုင်းအတွက် စိတ္တရဲ့ CEO & Principal Consultant တဦးလည်းဖြစ်၊ Licensed Marriage and Family Therapist (California, USA) တဦးလည်းဖြစ်တဲ့ ဆရာမဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling for Relationships - Training ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ရှင်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက -

▪️Training details Post - https://www.facebook.com/share/p/18auNK37XU/?mibextid=wwXIfr ကို ဖတ်ရှုပြီးတော့သော်လည်းကောင်း၊
▪️Khitthit Academy page messengerကတဆင့်သော်လည်းကောင်း၊
▪️Phone number - 09 965 121 551 , Email - [email protected] ကနေတဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 💌

#စိတ်ကျန်းမာရေးအတွက်စိတ္တ


Married & Family Therapist ဆရာမဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling for Relationship- Training ကို en...
23/05/2026

Married & Family Therapist ဆရာမဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling for Relationship- Training ကို enroll လုပ်လို့ရပါပြီရှင်။ ဆရာမရဲ့ Professional Profile အပြည့်အစုံကိုတော့ ဒီပို့စ်မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ Training နဲ့ပတ်သက်တဲ့အသေးစိတ်ကို commentမှာ post linkလေး ရေးထားပေးပါမယ်ရှင်။ 📌

အတန်းနဲ့ပတ်သက်ပြီး သိလိုတာရှိရင် Khitthit Academy page messengerမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#စိတ်ကျန်းမာရေးအတွက်စိတ္တ

အားလုံးပဲမင်္ဂလာပါရှင်။ 🩷

မကြာခင် အချိန်အတွင်းမှာ ဖွင့်လှစ်မယ့် ခေတ်သစ်အကယ်ဒမီရဲ့ Advanced Counseling Skills for Relationship အတန်းမတိုင်ခင် ဒီအတန်းရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်ပြီး Program advisor တဦးလည်းဖြစ်တဲ့ ဆရာမ ဒေါ်စုစုမောင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆရာမစုစုမောင်က စိတ္တရဲ့ Founder and CEO တဦးဖြစ်တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်မှ အိမ်ထောင်ရေးနှင့်မိသားစု စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် (License အမှတ် MFT 51546) ၊ အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုပေးသူ (BC-TMH 342) တို့ကို ရရှိကိုင်ဆောင်ထားသူဖြစ်ပြီး Certified Integrative Mental Health Professional (CIMHP) တဦးလည်းဖြစ်ပါတယ်။ မတူညီတဲ့နိုင်ငံ (၄) နိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့အတွက် အဆိုပါပြောင်းရွေ့နေထိုင်‌‌မှု အတွေ့အကြုံများမှတဆင့် မတူညီတဲ့ယဉ်ကျေးမှုများ၊ စနစ်များ၊ အပြန်အလှန်ဆက်နွယ်မှုဆိုင်ရာ ရှုထောင့်များမှနေပြီး client တွေကို ချဉ်းကပ်ဆွေးနွေးလေ့ရှိပါတယ်။ 🩷

ဒါ့အပြင် ဆရာမက လူမှုဆက်ဆံရေးတွေမှာ တွေ့ရလေ့ရှိတဲ့အရာတွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေဖြေရှင်းရမှာ အထောက်အကူဖြစ်အောင်၊ ဆက်ဆံရေးတွေရဲ့အကြောင်း သေသေချာချာသတိထားမိအောင် ဆွေးနွေးပေးသူတဦးလည်းဖြစ်ပါတယ်။

ဒီလိုဆက်ဆံရေးနဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေကိုတော့ ဆရာမဒေါ်စုစုမောင် သင်တဲ့ Video Class - Counseling for Relationship အတန်းမှာ လေ့လာနိုင်ပါတယ်ရှင်။

နောက်ပြီး ဒီအတန်းကိုတက်ရောက်ထားပြီးသား (သို့) Advanced အတန်းမတိုင်ခင် Video Class တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေသူများအတွက် ဆရာမဒေါ်စုစုမောင်ရဲ့ “Advanced Counseling Skills for Relationship” အတန်းကို မေလမှာ ဖွင့်လှစ်တော့မယ်ဆိုတဲ့ သတင်းကောင်းလေးကိုလည်း ဒီပို့စ်လေးကတဆင့် ပါးလိုက်ပါရစေနော်။ 😉

ဆက်လက်ပြီးတော့လည်း ဆရာမဒေါ်စုစုမောင်ရဲ့ Continuous Professional Development (CPD) အတွက် လေ့လာမှုတွေနဲ့ စိတ်ဝင်စားတဲ့နယ်ပယ်တွေအကြောင်းကို ဖော်ပြချင်ပါတယ်ရှင်။

Daw Su Su Maung (CEO and Principal Consultant)

▫️Licensed Marriage and Family Therapist in California, USA,
▫️Master of Arts in Counseling Psychology,
▫️ Bachelor of Arts in Psychology (with Honors),
▫️ Post-graduate Advanced Training Certificate in Psychodynamic Psychotherapy,
▫️ Advanced Training Certificate in Ecotherapy,
▫️ Art Therapy Practitioner Certificate,
▫️ Specialized Certificate in Online Teaching,
▫️ Certificate in Social Sector Leadership,
▫️ Diploma in Aromatherapy,
▫️ Diploma in Journal Therapy,
▫️ Diploma in Sand tray Therapy,
▫️ Intensive training in Organizational Development,
▫️ Master of Education in Advanced Teaching(candidate),
▫️ Certificates in Infertility Counseling,
▫️ Certified Employee Assistance Professional,
▫️ Board-Certified Tele mental Health Provider,
▫️ Certified Integrative Mental Health Professional,
▫️ Credentialed Disaster Mental Health Counselor,
▫️ Certified ADHD Clinical Services Provider,
▫️ Certified Autism Spectrum Disorder Clinical Specialist,
▫️ Certified Dementia Care Specialist,
▫️ Certified S*x Therapy Informed Professional,
▫️ Certificate in Intellectual Disability Counseling,
▫️ Certified Dancing Mindfulness Facilitator

🧑‍🏫 Interested Areas: cross-cultural issues in psychotherapy, transgenerational trauma, education as social change, creativity, women's issues and emotional labor, identity development, integrative mental health, and gender and sexuality issues

Advanced Counseling Skills for Relationship သင်တန်းကို မကြာခင်အချိန်အတွင်းမှာ ကြေညာပေးသွားမှာမို့ Khitthit Academy pageကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

—--------------------------------------------------------------------------------------

Professional Development သင်တန်းများအတွက် မေးမြန်းလိုပါက -
ခေတ်သစ်အကယ်ဒမီရဲ့ page Messenger မှသော်လည်းကောင်း
Email - [email protected] ကနေသော်လည်းကောင်း၊
Ph no: - 09 965 121 551 ကိုသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

#စိတ်ကျန်းမာရေးအတွက်စိတ္တ

မတူညီတဲ့ ကိုယ်ပိုင် ခံစားချက်တွေ၊ အမြင်တွေ၊ လိုအင်တွေ ရှိတတ်တဲ့ လူသားတွေမို့ ဆက်ဆံရေး တွေမှာ သဘောထားကွဲလွဲမှုတွေ ၊ ပဋိပက...
21/05/2026

မတူညီတဲ့ ကိုယ်ပိုင် ခံစားချက်တွေ၊ အမြင်တွေ၊ လိုအင်တွေ ရှိတတ်တဲ့ လူသားတွေမို့ ဆက်ဆံရေး တွေမှာ သဘောထားကွဲလွဲမှုတွေ ၊ ပဋိပက္ခတွေ ရှိတတ်တာဟာ သဘာဝပါ။

ဒါပေမဲ့ ဘဝရဲ့ဖိစီးမှုတွေ စုပုံလာတဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေအပေါ်မှာ ပုံချမိတာ၊ အပြန်အလှန် အပြစ်တင်တာ၊ နာကျင်အောင်ပြောဆိုတာတွေကြောင့် ဒီပြဿနာတွေကို ပြေလည်အောင် မဆွေးနွေးနိုင်တာ၊ မဖြေရှင်းနိုင်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

မလွဲမရှောင်သာ ကိုယ့်ဆက်ဆံရေးမှာ ဒီသဘောထားကွဲလွဲမှုတွေ၊ ပဋိပက္ခတွေကို ကြုံရတတ်လို့ ရင်ဆိုင်ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိထားပြီး လက်တွေ့ ကျင့်သုံးဖို့ အရေးကြီးပါတယ်။

ဆက်ဆံရေးပြဿနာ ရင်ဆိုင်ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေ မသုံးဖြစ်တဲ့အခါ -

⛓️‍💥အပြန်အလှန် ဆက်ဆံရေးပုံစံများ၊ အမြင်များ အဆိုးဘက်ကို ပြောင်းလဲလာတာ၊
⛓️‍💥 အပြန်အလှန် ယုံကြည်မှု လျော့လာတာ၊
⛓️‍💥 မကျေနပ်မှုများ၊ ဒေါသများ စုပုံလာတာ၊
⛓️‍💥 အကြောင်းအရာတစ်ခုကို ထပ်ခါတလဲလဲ ငြင်းခုံရတဲ့ သံသရာထဲမှာ ပိတ်မိတာ၊
⛓️‍💥 စိတ်ချင်းဝေးသလို ခံစားလာတာ၊
⛓️‍💥 ဆက်ဆံရေးပဋိပက္ခ ဖြစ်လာမှာကို စိုးရိမ်ပြီး ကိုယ့်ခံစားချက်၊ လိုအင်တွေကို ဖွင့်ပြောဖို့ တွန့်ဆုတ်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဒါဆိုရင် ဆက်ဆံရေးပြဿနာ ရင်ဆိုင်ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေ ဘာတွေဖြစ်မလဲ ❓

🕯 သုံးသပ်ခြင်း - ဆက်ဆံရေးပြဿနာ ဖြစ်တဲ့အခါ ဘယ်လိုတွေ ကိုင်တွယ်တတ်လဲ၊ ဘယ်လို အပြုအမူတွေ၊ ဆက်သွယ်မှု ပုံစံတွေက ပြဿနာတွေကို ပိုဆိုးရွားစေတတ်လဲဆိုတာကို သုံးသပ်ပါ။

🕯 အချိန်ယူခြင်း - ခံစားချက်တွေ ပြင်းထန်လာတဲ့အခါ စိတ်ဖြေလျှော့ဖို့၊ အေးအေးဆေးဆေး ဆွေးနွေးနိုင်ဖို့ အချိန်ယူပါ။

🕯 အဖြေအတူရှာခြင်း- “You vs Me” ဆိုပြီး “နင်နဲ့ ငါ” ပြိုင်ဖြစ်တဲ့၊ အနိုင်ယူရမယ့် ရန်ပွဲထက် “Us vs the Problem” ဆိုတဲ့ နှစ်ယောက် အတူတူ အဖြေရှာရမယ့် စိန်ခေါ်မှု အနေနဲ့ မြင်ပါ။

🕯 နားလည်ဖို့အတွက် နားထောင်ခြင်း- ကိုယ့်လက်တွဲဖော် ပြောတဲ့အရာတွေကို ပြန်လည် ချေပဖို့၊ ငြင်းနိုင်ဖို့ထက် သူ့အမြင်၊ သူ့စိတ်ခံစားချက်တွေကို အမှန်တကယ် နားလည်ဖို့ အပြည့်အဝနားထောင်ပေးပါ။

🕯 လက်ရှိ ပြဿနာကို အာရုံစိုက်ခြင်း- မကျေနပ်ချက် အားလုံးကို တစ်ချိန်ထဲပြောတဲ့ အခါ စကားလမ်းကြောင်း လွဲသွားပြီး လက်ရှိ ပြဿနာကို ဆွေးနွေးအဖြေရှာဖို့ ခက်သွားနိုင်ပါတယ်။

🕯 တောင်းပန်တတ်ခြင်း- ဆင်ခြေမပေးဘဲ ကိုယ့်စကားလုံးတွေ၊ အပြုအမူတွေအတွက် တာဝန်ယူတတ်ဖို့ လိုအပ်ပါတယ်။

🕯 ဆက်သွယ်မှု ပြန်ယူခြင်း- သဘောထားကွဲလွဲမှုတွေ ၊ ပဋိပက္ခတွေ ဖြေရှင်းပြီးတဲ့အခါလည်း လက်တွဲဖော်နဲ့ ဆက်သွယ်မှု ပြန်ယူဖို့ လိုအပ်ပါတယ်။

ဆက်ဆံရေးပြဿနာ ကြုံရတဲ့အခါ ဒီလို ရင်ဆိုင်ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေ အသုံးပြုမယ်ဆိရင် ကိုယ့်ဆက်ဆံရေးမှာ အပြန်အလှန်နားလည်မှုတိုးပြီး ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို အတူ တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။

ဆက်ဆံရေး ပဋိပက္ခများကို ကိုင်တွယ်ရာမှာ အခက်အခဲ ကြုံတွေ့ရတဲ့အခါ Relationship counseling မှာ ဆက်ဆံရေးပဋိပက္ခများ ကိုင်တွယ်တဲ့ အလေ့အကျင့်ကောင်းတွေကို တည်ဆောက်ဖို့၊ ပိုမို ကောင်းမွန်တဲ့ ဆက်သွယ်မှုပုံဆံတွေကို အသုံးပြုနိုင်ဖို့ ဆွေးနွေးပြီး အကူအညီရယူနိုင်ပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို အခုထက်ပိုပြီး တည်ဆောက်နိုင်ဖို့ကိုလည်း ခေတ်သစ်အကယ်ဒမီက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ☺️

—----------------------------------------

စုံတွဲများ (သို့) မိသားစုဝင်များကြားထဲက ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိလေ့လာလိုတဲ့ စိတ်ကျန်းမာရေးနယ်ပယ်က Professionals တိုင်းအတွက် စိတ္တရဲ့ CEO & Principal Consultant တဦးလည်းဖြစ်၊ Licensed Marriage and Family Therapist (California, USA) တဦးလည်းဖြစ်တဲ့ ဆရာမဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling for Relationships - Training ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ရှင်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက -

▪️Training details Post - https://www.facebook.com/share/p/18auNK37XU/?mibextid=wwXIfr ကို ဖတ်ရှုပြီးတော့သော်လည်းကောင်း၊
▪️Khitthit Academy page messengerကတဆင့်သော်လည်းကောင်း၊
▪️Phone number - 09 965 121 551 , Email - [email protected] ကနေတဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 💌

#စိတ်ကျန်းမာရေးအတွက်စိတ္တ


Attention Please ‼️💕ခေတ်သစ် အကယ်ဒမီရဲ့ လာမယ့် ဇွန်လမှာဖွင့်လှစ်မယ့် "Advance Counseling for Relationship - Training" အတန...
21/05/2026

Attention Please ‼️
💕ခေတ်သစ် အကယ်ဒမီရဲ့ လာမယ့် ဇွန်လမှာဖွင့်လှစ်မယ့် "Advance Counseling for Relationship - Training" အတန်းအတွက် Scholarship လျှောက်လွှာများကို တင်သွင်းရန် ၂ရက်သာကျန်ရှိတော့လို့ စိတ်ဝင်စားသူတွေအနေနဲ့ အမြန်ဆုံးလာရောက် လျှောက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်။ 🏃🏻💨⌛️
Scholarship နဲ့ ပတ်သတ်လို့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါ link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။🍀
https://m.facebook.com/story.php?story_fbid=1502213168587364&id=100063960852615&mibextid=wwXIfr

#စိတ်ကျန်းမာရေးအတွက်စိတ္တ

အားလုံးပဲမင်္ဂလာပါ။ ခေတ်သစ်အကယ်ဒမီရဲ့ Advanced Counseling for Relationships အတန်း Scholarship Application deadline ကို မ...
19/05/2026

အားလုံးပဲမင်္ဂလာပါ။ ခေတ်သစ်အကယ်ဒမီရဲ့ Advanced Counseling for Relationships အတန်း Scholarship Application deadline ကို မေလ ၁၉ရက်နေ့ကနေ မေလ ၂၃ရက်နေ့အထိ တိုးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်ရှင်။ 📢

Khitthit Academy ရဲ့ ကျောင်းသားဟောင်းများအနေနဲ့ အခွင့်အရေးကို လက်မလွှတ်လိုက်စေရအောင်လို့ ရက်ကို ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရဲ့ Professional development ကို Polish လုပ်ချင်တဲ့ စိတ်ကျန်းမာရေးနယ်ပယ်ကပညာရှင်တွေကို ကျွန်မတို့ခေတ်သစ်အကယ်ဒမီက အမြဲ support လုပ်ပေးချင်ပါတယ်ရှင်။

Scholarship အခွင့်အရေးကို သေချာလေးအရယူနိုင်ဖို့လည်း ဒီပို့စ်လေးကနေတဆင့် တိုက်တွန်းလိုက်ပါရစေနော်။ 😉

#စိတ်ကျန်းမာရေးအတွက်စိတ္တ

📍 Relationship ထဲက ကာယကံရှင်ပဲဖြစ်ဖြစ်၊ Relationship တခုရဲ့ 3rd person နေရာကနေ နှစ်သိမ့်ဆွေးနွေးပေးရတဲ့သူပဲဖြစ်ဖြစ် သိသင...
15/05/2026

📍 Relationship ထဲက ကာယကံရှင်ပဲဖြစ်ဖြစ်၊ Relationship တခုရဲ့ 3rd person နေရာကနေ နှစ်သိမ့်ဆွေးနွေးပေးရတဲ့သူပဲဖြစ်ဖြစ် သိသင့်တာက ဒီလို Relationship တွေရဲ့အလုပ်လုပ်ပုံပဲ ဖြစ်ပါတယ်။

ကျွန်မတို့တတွေက ပြောင်းလဲမှုလုပ်ဖို့ကို တင်းခံနေတတ်ခြင်း (Resistant to change) ကို အမြဲကြုံရတတ်ပါတယ်။ Relationship တခုက အဆင်မပြေနေရင်တောင်မှ ဘာလို့ ဒီထဲမှာဆက်ရှိနေရတာလဲဆိုတဲ့ မေးခွန်းမျိုး မေးဖူးကြလိမ့်မယ်ထင်ပါတယ်။ ဒါက အပေါ်မှာပြောထားတဲ့ Resistance ကြောင့်ပါ။ ဒီလိုကနေ normalize လုပ်မိပြီး ဘယ်ဟာက healthy ဖြစ်လဲ၊ ဘယ်လိုအရာဆို healthy မဖြစ်တာလဲဆိုတဲ့ ပင်ကိုယ်သိမှုကိုပါ ပျောက်လာတတ်ပါတယ်။

Counselor တွေနဲ့ therapist တွေ တော်တော်များများကလည်း ဒီလို Resistance ကို ကြုံဖူးကြပါလိမ့်မယ်။ အဲဒီအခါ counseling ကို ဘယ်လိုရှေ့ဆက်ရမလဲ၊ client ရဲ့ လိုအပ်ချက်နဲ့ မျှော်လင့်ချက် (Needs & expectations) တွေက ဘာတွေလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဝေဝါးလာတတ်ပါတယ်။ Relationship တခု (လူနှစ်ယောက်) ကို counseling လုပ်ပေးနေပေမဲ့ ကိုယ်က တဖက်ထဲမှာ ရပ်နေမိတာမျိုး၊ ဘယ်လိုရှေ့ဆက်ရမလဲ မသိတာမျိုး၊ ဘယ်conceptကို အသုံးပြုရမလဲ ဝေဝါးလာတာမျိုးတွေ ရှိလာတတ်ပါတယ်။ 🏠

ဒါတွေအားလုံးနဲ့ပတ်သက်ပြီး Theoretical Point of View အပြင် လက်တွေ့လုပ်ကြည့်ရင်း ပိုပြီးမြင်လာနိုင်ဖို့ စိတ္တရဲ့ CEO and Principal Consultant ဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling Skills for Relationship အတန်းက ရည်ရွယ်ပါတယ်။

(အရေးကြီးတဲ့ မှတ်ချက်အနေနဲ့ကတော့ ဒီအတန်းကိုတက်နိုင်ဖို့ဆိုရင် ခေတ်သစ်အကယ်ဒမီရဲ့ Counseling for Relationship - video class ကို အရင်ပြီးထားဖို့လိုပါတယ်။ သင်တန်းအရှည်မတိုင်ခင် Video class ကို အရင်တက်နိုင်ပါတယ်ရှင်)

Advanced Counseling for Relationship သင်တန်းကနေတဆင့် Counselor / Therapist တွေအနေနဲ့ -

📓 စုံတွဲ (သို့) မိသားစုကြားထဲမှာ 3rd space ကို ဘယ်လိုထားပေးနိုင်မလဲ၊

📓 Relationship နဲ့ပတ်သက်တဲ့ assessment တွေကို ဘယ်လိုလုပ်နိုင်မလဲ၊

📓 ကိုင်တွယ်နေတဲ့ Relationshipတွေထဲက လူတွေကို ဘယ်လို coach လုပ်ပေးနိုင်မလဲ၊

📓 မှန်ကန်တဲ့နည်းလမ်း (Techniques) တွေနဲ့ Skills တွေကို ဘယ်လိုအသုံးချနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး Skills level-up လုပ်နိုင်မှာဖြစ်ပါတယ်။

Counselor/Therapistမဟုတ်ဘူး ဆိုရင်တောင်မှပဲ ဆက်ဆံရေးတွေကြားထဲက အကြောင်းအရာတွေနဲ့ ဒီ Relationship မှာ ကိုယ်ကဘယ်လိုပုံစံပါဝင်နေမလဲ၊ healthy RS ကို ဘယ်လို concept တွေကနေတဆင့် တည်ဆောက်နိုင်မလဲဆိုတာကို သေသေချာချာနားလည်သိရှိဖို့ ဒီသင်တန်းကို တက်ရောက်နိုင်ပါတယ်။ ☺️

Advanced Counseling for Relationship Post Link: https://www.facebook.com/share/p/18ftiJxsHj/?mibextid=wwXIfr

Class size သတ်မှတ်ချက်လေးရှိတာမို့လို့ အချိန်မှီ register လုပ်ဖို့ တိုက်တွန်းပါရစေရှင်။ နောက်ပြီး 50% Scholarship လျှောက်နိုင်မယ့် အစီအစဉ်လေးကလည်း မေလ ၁၉ ရက်နေ့ deadline ဖြစ်ပါတယ်နော်။

50% Scholarship Post Link: https://www.facebook.com/share/p/1CanSe9deL/?mibextid=wwXIfr

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက link တွေကတဆင့် ဖတ်ရှု့နိုင်သလို Khitthit Academy page messenger ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ 💌

#စိတ်ကျန်းမာရေးအတွက်စိတ္တ

📌 Boundaries in Relationshipsဘယ်ဆက်ဆံရေးမျိုးမှာမဆို ခိုင်မာတဲ့၊ နွေးထွေးလုံခြုံတဲ့ ဆက်ဆံရေးကို အတူတူ တည်ဆောက်ပြီး ထိန်း...
13/05/2026

📌 Boundaries in Relationships

ဘယ်ဆက်ဆံရေးမျိုးမှာမဆို ခိုင်မာတဲ့၊ နွေးထွေးလုံခြုံတဲ့ ဆက်ဆံရေးကို အတူတူ တည်ဆောက်ပြီး ထိန်းသိမ်းသွားနိုင်ဖို့အတွက်ဆိုရင် စည်းများ လိုအပ်ပါတယ်။ ❤️

ကောင်းမွန်တဲ့စည်းများ (Healthy Boundaries)

“စည်း” ဆိုတာ ကိုယ့်အတွက် လက်ခံနိုင်သောအရာများ၊ လက်မခံနိုင်သော အရာများနဲ့ပတ်သတ်တဲ့ စည်းမျဉ်းတွေကို ဆိုလိုပါတယ်။

ဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်တဲ့စည်းတွေကို သတ်မှတ်ထားမယ်ဆိုရင် ကိုယ်ခံစားနေတဲ့အရာတွေ၊ လိုအင်တွေ၊ အမြင်တွေကို ငြင်းပယ်ခံရမှာ၊ ဝေဖန်ခံရမှာကို မကြောက်ရွံ့ဘဲ ဖော်ပြနိုင်အောင် ကူညီပေးနိုင်ပါတယ်။

👩‍❤️‍👨 ဆက်ဆံရေးတွေမှာ-
စိတ်ခံစားမှုဆိုင်ရာစည်းများ- ခံစားချက်များကို မျှဝေခြင်း နဲ့ပတ်သတ်တဲ့ စည်းများ၊
ရုပ်ပိုင်းဆိုင်ရာ စည်းများ - ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိမှု၊ ကိုယ်ရဲ့ကိုယ်ပိုင် နေရာ၊ ထိတွေ့မှုနဲ့ပတ်သတ်တဲ့ စည်းများ၊
အချိန် စည်းများ- အချိန်ပေးမှု အတိုင်းအတာ၊ အတူ အချိန်အတူကုံဆုံးတဲ့ပုံစံနဲ့ ပတ်သတ်တဲ့ စည်းများ၊
ငွေကြေးစည်းများ - ကုန်ကျစရိတ်များကို မျှဝေခြင်းနှင့် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနဲ့ပတ်သတ်တဲ့ စည်းများ ရှိတတ်ပါတယ်။

လူတစ်ဦးချင်းမှာ မတူညီတဲ့ စည်းများ ရှိတတ်သလို ဆက်ဆံရေးများတွင်လည်း မတူညီတဲ့ စည်းများ ရှိတတ်ပါတယ်။ ဒီစည်းတွေကို နှစ်ဦးနှစ်ဖက် ဆက်သွယ်ပြောဆိုခြင်း၊ ညှိနှိုင်းခြင်းကနေ
သဘောတူညီချက်ရရှိဖို့ အရေးကြီးပါတယ်။ 💕

ဆက်ဆံရေးတွေမှား စည်းမရှိတာ၊ စည်းမလေးစားတာမျိုး ရှိရင် -

🟩 မကျေနပ်မှုများ၊ ဒေါသများ စုပုံလာတာ၊

🟩 ပဋိပက္ခကို မဖြေရှင်းဘဲ ရှောင်ရှားတာ၊

🟩 ကိုယ့်အတွက် အဆင်မပြေတဲ့ အပြုအမူ၊ အခြေအနေများကို ခေါင်းညိတ်လက်ခံလာတာ၊

🟩 ရှင်းလင်းစွာ ဆက်သွယ်ပြောဆိုတဲ့အစား လက်တွဲဖော်က စိတ်ကို ဖတ်လိမ့်မယ်လို့ မျှော်လင့်လာတာ၊

🟩 လက်တွဲဖော်ရဲ့အပြုအမူတွေကို ခြယ်လှယ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားတာမျိုးတွေ ရှိနိုင်ပါတယ်။

ဒါဆိုရင် ကောင်းမွန်တဲ့ စည်းတွေကို ကျွန်မတို့ ဘယ်လိုသတ်မှတ်မလဲ?

▶️ ကိုယ့် ကိုယ်ပိုင်တန်ဖိုးတွေ၊ လိုအင်တွေကို နားလည်ပါ။

▶️ ကိုယ့်လက်တွဲဖော်နဲ့ ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပြောဆိုပါ။

▶️ အပြစ်တင်တာ၊ အပြစ်ရှိတယ်လို့ ခံစားအောင်ပြောဆိုတာ (guilt-tripping) ရှောင်ကြဉ်ပါ။

▶️ ကိုယ့်စည်းတွေကို သတ်မှတ်ပြီး ကိုယ့်လက်တွဲဖော်ရဲ့ စည်းတွေကိုလည်း လေးစားပါ။

▶️ ကိုယ့်လက်တွဲဖော်မှာ မတူညီတဲ့ လိုအင်တွေနဲ့ စည်းတွေ ရှိနိုင်တယ်ဆိုတာကို နားလည်ပေးပါ။

▶️ စည်းတွေကို ချမှတ်ပြီး လက်တွေ့ လေ့ကျင့်ပါ။

အချိန်ကြာလာတာနဲ့အမျှ ကိုယ့်လက်တွဲဖော်နဲ့ ဆက်ဆံရေးစည်းတွေကို ပြန်လည်ဆွေးနွေးညှိနှိုင်းဖို့လည်း လိုအပ်နိုင်ပါတယ်ရှင်။

စည်းတွေ သတ်မှတ်ပြီး စတင်လေ့ကျင့်ဖို့ ခက်ခဲနိုင်ပေမယ့် နှစ်ဦးသဘောတူ ဆက်ဆံရေး
စည်းတွေဟာ စိတ်လုံခြုံမှုပေးတဲ့၊ ပျော်ရွှင်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အထောက်အကူဖြစ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးတွေကို အခုထက်ပိုပြီး တည်ဆောက်နိုင်ဖို့ကိုလည်း ခေတ်သစ်အကယ်ဒမီက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ☺️

—-----------------------------------------

စုံတွဲများ (သို့) မိသားစုဝင်များကြားထဲက ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ပိုမိုသိရှိလေ့လာလိုတဲ့ စိတ်ကျန်းမာရေးနယ်ပယ်က Professionals တိုင်းအတွက် စိတ္တရဲ့ CEO & Principal Consultant တဦးလည်းဖြစ်၊ Licensed Marriage and Family Therapist (California, USA) တဦးလည်းဖြစ်တဲ့ ဆရာမဒေါ်စုစုမောင်ကိုယ်တိုင် သင်ကြားမယ့် Advanced Counseling for Relationships - Training ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်ရှင်။

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက -

▪️Training details Post - https://www.facebook.com/share/p/18auNK37XU/?mibextid=wwXIfr ကို ဖတ်ရှုပြီးတော့သော်လည်းကောင်း၊
▪️Khitthit Academy page messengerကတဆင့်သော်လည်းကောင်း၊
▪️Phone number - 09 965 121 551 , Email - [email protected] ကနေတဆင့်သော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ 💌

#စိတ်ကျန်းမာရေးအတွက်စိတ္တ


🎊 ဆရာမဒေါ်စုစုမောင်ကိုယ်တိုင်သင်ကြားပေးမယ့် Advanced Counseling Skills for Relationship Training အတွက် Scholarship ရနိုင...
11/05/2026

🎊 ဆရာမဒေါ်စုစုမောင်ကိုယ်တိုင်သင်ကြားပေးမယ့် Advanced Counseling Skills for Relationship Training အတွက် Scholarship ရနိုင်မယ့်အခွင့်အရေး 🎊

အားလုံးပဲမင်္ဂလာပါ။ ခေတ်သစ်အကယ်ဒမီကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ☺️

ရှေ့ရက်က ကြေညာခဲ့တဲ့ Advanced Counseling for Relationship - Long Course အတွက် ပညာသင်ဆုအစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။ (စာလေးကို အဆုံးထိ ဖတ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်ရှင်)

ခေတ်သစ်အကယ်ဒမီရဲ့ သင်တန်းတွေတိုင်းက စိတ်ကျန်းမာရေးနယ်ပယ်မှာ Continuous Professional Development (CPD) ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ ပိုမိုကောင်းမွန်ပြီး ဒီနယ်ပယ်က ပညာရှင်တိုင်းအတွက် လိုအပ်တဲ့သင်တန်းတွေကို ဖွင့်လှစ်လျှက်ရှိပါတယ်။ အခုတခေါက်မှာလည်း အားလုံးအတွက် Skills ဖြည့်တင်းရာမှာ အရေးကြီးတဲ့ Relationship တွေနဲ့ ပတ်သက်ပြီး Advanced Counseling Training ကို ဖွင့်လှစ်လိုက်ပါပြီရှင်။

🩷 Scholarship Opportunity အနေနဲ့ကတော့ Scholarship လျှောက်ထားသူတွေထဲက ၃ ယောက်ကို 50% Scholarship (USD 125 ကင်းလွတ်ခွင့်) ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

မှတ်ချက်အနေနဲ့ သင်တန်းတက်ရောက်ဖို့ရာအတွက် ခေတ်သစ်အကယ်ဒမီကနေ ကနဦးဖွင့်လှစ်ထားတဲ့ Counseling for Relationship - video class ကိုတော့ အရင်တက်ထားနှင့်ဖို့ လိုအပ်ပါတယ်ရှင်။

Scholarship (ပညာသင်ဆု) လျှောက်ထားချင်သူတွေအနေနဲ့ အောက်ပါအချက်တွေကို သိထားဖို့ အရေးကြီးပါတယ်။

▫️ ခေတ်သစ်ပညာသင်ဆုလျှောက်ထားသူသည် Counseling for Relationship - Video Class ကို ပြီးထားပြီးသား (သို့) တက်ရောက်နေလက်စသူ ဖြစ်ဖို့လိုပါတယ်။ တက်ရောက်လက်စသူများကလည်း ဇွန်လ သင်တန်းမစခင် Video class ပြီးထားရပါမယ်ရှင်။

▫️ Scholarship Application Form ကို ဖြည့်ရပါမယ်။ (Form ကို အောက်မှာဆက်လက်ဖော်ပြထားပါတယ်ရှင်)

▫️ Scholarship form Deadline - May 19, 2026 ဖြစ်ပါတယ်။

▫️ Scholarship (ပညာသင်ဆု) နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်တစုံတရာဖြစ်လာပါက ခေတ်သစ်အကယ်ဒမီ (Khitthit Academy) ရဲ့ ဆုံးဖြတ်ချက်ကသာလျှင် အတည်ဖြစ်ပါတယ်။

▫️ Scholarship ရရှိသူများကိုသာ May 25, 2026မှာ Email ကတဆင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်။

▫️ Scholarship ရရှိသူများအနေနဲ့ ရရှိကြောင်း Email နှင့်တကွ Khitthit Academy page messenger ကို လာရောက်ဆက်သွယ်ပြောကြားပေးရမှာဖြစ်ပါတယ်။

ဒီအချက်လေးတွေကို သိရှိပြီးပြီဆိုရင်တော့ Scholarship (ပညာသင်ဆု)ကို အောက်ပါ link ကတဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ပါတယ်ရှင်။

📍Scholarship Application Form : https://forms.gle/Y7SqTa8qUvhNK6yU7

Scholarship မလျှောက်ထားတော့ဘဲ တခါတည်း Register လုပ်ချင်တဲ့သူတွေအတွက် Course Registration Form ကိုတော့ ဒီ post မှာ သွားရောက်ရယူနိုင်ပါပြီရှင်။

📄Advanced Counseling for Relationship : https://www.facebook.com/share/p/18auNK37XU/?mibextid=wwXIfr

Professional Development လုပ်ဖို့ စိတ်ဝင်စားသူများထံ ပိုမိုရောက်ရှိဖို့ ဒီပို့စ်လေးကို မျှဝေပေးဖို့လည်း တောင်းဆိုပါရစေရှင်။

စာရင်းသွင်းရာမှာအခက်အခဲရှိပါက (သို့) သင်တန်းအကြောင်းမေးမြန်းလိုပါက -Khitthit Academy page messenger ကနေသော်လည်းကောင်း၊Phone number - 09 965 121 551 ကိုသော်လည်းကောင်း၊Email - [email protected] ကိုသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 💌

❗️Important Notice***All training outlines, materials, and stylistic content provided are the intellectual property of Khitthit Academy. Unauthorized use, reproduction, distribution, or adaptation of these materials for personal or professional purposes is strictly prohibited.

“Advanced Counseling Training for Relationship” အတန်းကိုစောင့်မျှော်နေကြတဲ့သူတွေအတွက် သတင်းကောင်းလာပါပြီရှင်။ ☺️ကျွန်မတိ...
10/05/2026

“Advanced Counseling Training for Relationship” အတန်းကိုစောင့်မျှော်နေကြတဲ့သူတွေအတွက် သတင်းကောင်းလာပါပြီရှင်။ ☺️

ကျွန်မတို့ ခေတ်သစ်အကယ်ဒမီကနေ ဖွင့်လှစ်ထားတဲ့ ဆရာမဒေါ်စုစုမောင်ရဲ့ Counseling for Relationship အတန်းကို အားလုံးရင်းနှီးပြီးသားဖြစ်ပါတယ်ရှင်။ အခု advanced training ကတော့ အဲဒီ Video Class ကို တက်ထားနှင့်ပြီးသားသူတွေအတွက် ဆက်လက်လေ့လာနိုင်မယ့်အတန်းပဲဖြစ်ပါတယ်။ (သင်တန်းအကြောင်းအရာအသေးစိတ်ကို အောက်မှာဖော်ပြထားပါတယ်)

🖌️ ဆရာမဒေါ်စုစုမောင်က စိတ္တရဲ့ Founder and CEO တဦးဖြစ်တဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်မှ ‘အိမ်ထောင်ရေးနှင့်မိသားစု စိတ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင် (License အမှတ် MFT 51546)’ ၊ အွန်လိုင်းကျန်းမာရေးဝန်ဆောင်မှုပေးသူ (BC-TMH 342) တို့ကို ရရှိကိုင်ဆောင်ထားသူဖြစ်ပြီး Certified Integrative Mental Health Professional (CIMHP) ဖြစ်ပါတယ်။

ဆရာမရဲ့ Professional Profile ကို ဒီ link မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်ရှင်။
Link - https://www.facebook.com/share/p/1FXfCm4Ado/?mibextid=wwXIfr

📝 ဒီသင်တန်းမှာတော့ လူတိုင်းရဲ့ဘဝမှာ ရှောင်လွှဲလို့မရတဲ့ ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ theory ပိုင်းတွေအပြင် စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးသူ (Counselor/ Therapist/ Psychologist/Psychiatrist/etc.,) တို့အားလုံးအတွက် လိုအပ်တဲ့ Skills set-up အပိုင်းကိုပါ လက်တွေ့သင်ကြားလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Advanced Counseling Skills for Relationship က “၂၄ နာရီအပြည့်” Zoom live class နဲ့ “ရုံးချိန်လွတ်၊ ကျောင်းချိန်လွတ်” ဖို့ စီစဉ်သင်ကြားပေးမယ့်သင်တန်းဖြစ်ပါတယ်။

ဒါ့အပြင် သင်ခန်းစာတွေအကုန်လုံးနဲ့ Assessment တွေအားလုံးပြီးတဲ့အခါ ဆရာမဒေါ်စုစုမောင် (Licensed Marriage and Family Therapist, California, USA)ရဲ့ လက်မှတ်နဲ့ Certificate of Completion ကို ရရှိမှာပါ။ 📩

ဒီသင်တန်းရဲ့ Syllabus Outline နဲ့ သင်တန်းအကြောင်းအသေးစိတ်ကို အောက်မှာ ဆက်လက်ဖတ်ရှု့နိုင်ပါတယ်ရှင်။ ☺️

“Advanced Counseling Skills for Relationship - Syllabus Outline”

Basic Concepts in Relationship Counseling
▪️System perspectives and transactional analysis
▪️Complementary roles
▪️Foundations for Healthy Relationship
> Romantic Competency Skills
> Sound Relationship House
Assessment of Relationship
▪️Relationship History
▪️Relational Patterns
▪️Abuse and Violence Risk
Holding the Third Space
▪️Joining with the couple as the third space
▪️Attending to implicit needs and emotional messages
▪️Holding Framework Relational Health and Needs of the Unit
Interrupting and Transforming Unhealthy Relational Patterns
▪️Gottman Model
> 7 Principles
> 4 Horsemen
> Making Repairs during Arguments
▪️Boundary Exploration and Negotiation
▪️Fair Fighting Rules
▪️Non-Violent Communication Skills
Termination and Discharge: Evaluation, Process, and Plan for Progress Sustainability

သင်တန်းအသေးစိတ် 📍

Trainer - Daw Su Su Maung (CEO and Principal Consultant)
Training Period - 6 Weeks (Total 24 hours)
Training Type - ZOOM live class
Starting Date - June 20, 2026 (Every Saturday and Sunday)
End Date - July 26, 2026
Time - 7:30 PM - 9:30 PM

Training Fees အသေးစိတ် 📍

Total Training Fees - USD 250
(သင်တန်းကြေးကို ၂ ခါခွဲပြီး သွင်းနိုင်ပါတယ်။)
Please kindly contact us for payment details or Please kindly register to pay directly.❤️

အရေးကြီးတဲ့မှတ်ချက်အနေနဲ့ကတော့ အထက်မှာပြောခဲ့သလို ခေတ်သစ်အကယ်ဒမီမှာ ဖွင့်လှစ်တဲ့ Counseling for Relationship - video class ပြီးထားပြီးသားသူတွေအတွက်ပဲဖြစ်တာကြောင့် advanced အတန်းမတိုင်ခင် video class ကို အရင်တက်ဖို့ လိုအပ်ပါတယ်ရှင်။

သင်တန်းအပ်ဖို့အတွက် ဒီ link မှာ စာရင်းသွင်းနိုင်ပါတယ်။

Registration link: https://forms.gle/BFq695s7dL8QLfEMA

class size limitationရှိတာကြောင့် စာရင်းလေးမြန်မြန်ပေးသွင်းဖို့ တိုက်တွန်းပါရစေရှင်။ 📣

စာရင်းသွင်းရာမှာအခက်အခဲရှိပါက (သို့) သင်တန်းအကြောင်းမေးမြန်းလိုပါက -
Khitthit Academy page messenger ကနေသော်လည်းကောင်း၊
Phone number - 09 965 121 551 ကိုသော်လည်းကောင်း၊
Email - [email protected] ကိုသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 💌

ခေတ်သစ်အကယ်ဒမီရဲ့ သင်တန်းတွေအားလုံးက သင်ယူ၊ လေ့လာ၊ အသုံးချပြီး ဦးဆောင်နိုင်ဖို့ အထူး ရည်ရွယ်ပါတယ်ရှင်။

❗️Important Notice***All training outlines, materials, and stylistic content provided are the intellectual property of Khitthit Academy. Unauthorized use, reproduction, distribution, or adaptation of these materials for personal or professional purposes is strictly prohibited.



ပျော်ရွင်စရာ အမေများနေ့ပါရှင်။ 👵🌹💛 မိသားစုတိုင်းမှာ အရေးကြီးတဲ့ အသက်သွေးကြောနေရာကနေ ပါဝင်နေကြတဲ့ မိခင်များအားလုံးကို ဒီန...
10/05/2026

ပျော်ရွင်စရာ အမေများနေ့ပါရှင်။ 👵🌹

💛 မိသားစုတိုင်းမှာ အရေးကြီးတဲ့ အသက်သွေးကြောနေရာကနေ ပါဝင်နေကြတဲ့ မိခင်များအားလုံးကို ဒီနေ့ အမေများနေ့မှာ ဂုဏ်ပြုလိုက်ရပါတယ်။ အမေများရဲ့ မေတ္တာတရား နဲ့ ဂရုစိုက်စောင့်ရှောက်မှုတွေကို ကျေးဇူးတင်အသိမှတ်ပြုရုံသာမက ချစ်ရတဲ့ မေမေတို့ကိုလည်း ကိုယ်ပိုင်အချိန်လေးတွေမှာ အနားယူနိုင်ဖို့၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေနဲ့ ကျန်းမာရေးဂရုစိုက်မှုတွေရရှိနိုင်ဖို့ ကူညီပံ့ပိုးပေးခြင်းဖြင့် မေမေတို့အတွက် ချစ်ခြင်းမေတ္တာကို ပြသလိုက်ကြပါစို့။💪🥳

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Alerts

Be the first to know and let us send you an email when Khitthit Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khitthit Academy:

Share