Khitthit Academy

Call Directions Website Contact the practice

Khitthit Academy Khitthit Academy is Educational Initiative of Citta Consultancy - Psychological Services.

We provide online and in-person courses for your professional and personal development.

🩷Available services of Khitthit Academy for August 2026 ▫️ Khitthit အကယ်ဒမီရဲ့ 8လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services မျာ...
01/08/2026

🩷Available services of Khitthit Academy for August 2026

▫️ Khitthit အကယ်ဒမီရဲ့ 8လပိုင်း တစ်လတာ ရရှိနိုင်မဲ့ services များကို မျှဝေပေးလိုက်ပါတယ်ရှင် 🩷
_______________________________

▫️ခေတ်သစ်အကယ်ဒမီတွင် စိတ်ပညာ၊ နှစ်သိမ့်ဆွေးနွေးပညာ၊ စိတ်လူမှုထောက်ပံ့ရေးအစီအစဉ်နှင့် စိတ်ကျန်းမာရေးတို့အတွက် ပညာရေးပိုင်းဆိုင်ရာအတန်းများနှင့် လက်တွေ့အသုံးချမှုပညာအတန်းများ ဖွင့်လှစ်လျက်ရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏တိုးတက်မှုပိုင်းဆိုင်ရာလမ်းကြောင်းများ၊ စိတ်လူမှုပျိုးထောင်နိုင်ရေးနည်းလမ်းများ နှင့် လူမှုအဖွဲ့အစည်း၏ ကောင်းမွန်မှုအတွက် လမ်းကြောင်းပေးနိုင်သော ပညာရေးသင်တန်းများ ပါဝင်ပါသည်။ သင်တန်းများအားလုံးကို အွန်လိုင်းပလက်ဖောင်းများမှတဆင့် သင်ကြားနိုင်ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့များမှတဆင့် သင်တန်းများပို့ချလျက်ရှိပါသည်။

☎️သိလိုသည့် informationများအတွက် ခေတ်သစ်အကယ်ဒမီသို့ ဆက်သွယ်စုံစမ်းရန်-

Email - [email protected]
Ph number - 09 - 965 121 551



☘️မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။☘️💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများန...
31/07/2026

☘️မင်္ဂလာပါရှင်။ Khitthit Academy Page မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်ရှင်။☘️

💗စိတ်ကျန်းမာရေးနယ်ပယ်ကို စိတ်ဝင်စားသူများနဲ့ မိမိကိုယ်ကိုယ်နှင့် ပတ်ဝန်းကျင်ကို ပိုမိုနားလည်သဘောပေါက်လိုသူများအတွက် Khitthit Academy ရဲ့ ဩဂုတ်လမှာ ဖွင့်လှစ်သွားမယ့် သင်တန်းများနဲ့ မိတ်ဆက်ပေးပါရစေ။

Khitthit Academy ရဲ့ သင်တန်းများအားလုံးကို Citta Consultancy မှ အတွေ့အကြုံရင့် ကျွမ်းကျင်သော Wellness Counselor များမှဦးဆောင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🌺 ပြီးခဲ့တဲ့ဇူလိုင်လတုန်းကတော့ Grief Counseling for Mental Health Professionals ( Video Class)၊ Professionalism in Mental Health Field (Video Class)၊ Introduction to Dialectical Behavioral Therapy (DBT) (Video Class) တို့ကို ဖွင့်လှစ်ခဲ့ပါတယ်ရှင်။

🌸 လာမယ့် ဩဂုတ်လမှာတော့ အောက်ပါသင်တန်းများကို ဖွင့်လှစ်ပေးသွားမယ့်အကြောင်း သတင်းကောင်းပါးချင်ပါတယ်။

🌺 Applied Counseling Training Level - 1 Batch - 5 (Long Course)
Applied Counseling (လက်တွေ့အသုံးချ နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်) ကို စိတ်ဝင်စားပြီး Career အဖြစ် စိတ်ဝင်စားသူတွေသာမကဘဲ စိတ်ပညာနှင့် Counseling ပိုင်းကို အခြေခံ စနစ်တကျ သိထားချင်တဲ့သူများအတွက် စိတ်ကျန်းမာရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ လက်တွေ့အသုံးချမှုပိုင်းဆိုင်ရာ သင်ခန်းစာများကို အတွေ့အကြုံရှိတဲ့ Professional Wellness Counselor များ ကိုယ်တိုင် လက်တွေ့သင်ကြားပို့ချပေးသွားမှာပဲဖြစ်ပါတယ်။

🌺 Diaster Mental Health (Video Class)
စိတ်ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းကို မိမိအတွက်သာမက မိမိနေထိုင်ရာ ရပ်ရွာပတ်ဝန်းကျင်အတွက်ပါ ထိရောက်မှုရှိစေရန်၊ စိတ်ကျန်းမာရေးအခြေခံများကို ပိုင်ပိုင်နိုင်နိုင်သိထားနိုင်စေရန်၊ ရပ်ရွာလူထုအတွင်း ကျရောက်တဲ့ ဘေးအန္တရာယ်တွေကတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို သိရှိနိုင်စေရန်နှင့် စနစ်တကျ နည်းမှန်လမ်းမှန် ကိုင်တွယ်နိုင်စေရန်ရည်ရွယ်ပြီး လိုအပ်တဲ့ အသိပညာများကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

🌺Workplace Mental Health (Video Class)
လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်၊ နှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်ကို စနစ်တကျအသုံးချနိုင်စေရန်၊ ဆက်ဆံရေးအတွင်း လိုအပ်တဲ့ စွမ်းရည်များကို သိရှိနိုင်စေရန်၊ ကျန်းမာကောင်းမွန်သော ဆက်ဆံရေးပုံစံများကို သိရှိလေ့လာနိုင်စေရန် အထိရောက်ဆုံးနဲ့ အခြေခံကျတဲ့ သင်ခန်းစာများကို လေ့လာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်။

🌺 All available video classes
ခေတ်သစ်အကယ်ဒမီမှ သင်ကြားဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့
(၁) Disaster Mental Health Class
(၂) Su***de Prevention Training
(၃) Relationship Counseling
(၄) Grief Counseling for Mental Health Professionals
(၅) Workplace Mental Health
(၆) Professionalism in Mental Health Video Class အတန်းများကို ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ အခုလာမယ့် ဩဂုတ်လအတွင်း မိမိနှစ်သက်ရာကို ရွေးချယ်ပြီး အပ်နှံတက်ရောက်နိုင်မှာဖြစ်ပါတယ်။

Khitthit Academy မှ ပို့ချပေးနေတဲ့ သင်တန်းတွေဟာ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဗဟုသုတများကို တိုးပွားစေဖို့အပြင်၊ ပတ်ဝန်းကျင်က လူအများနှင့် လူမှုဆက်ဆံရေးများအကြောင်းကို ပိုမိုနားလည်သိရှိပြီး ကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေဖန်တီးပေးနိုင်ဖို့ ဖြစ်ပါတယ်ရှင်။🩷

သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက [email protected] သို့မဟုတ် 09 - 965 121 551 သို့လည်း ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

&August

💯"စိတ်ကျန်းမာရေးပညာရပ်တွေကို စနစ်တကျ လေ့လာချင်ပေမဲ့ အလုပ်တဖက်၊ ကျောင်းတဖက်နဲ့ အချိန်ညှိရခက်နေတဲ့သူတွေအတွက်…..” 👩🏻‍🏫ကိုယ်...
28/07/2026

💯"စိတ်ကျန်းမာရေးပညာရပ်တွေကို စနစ်တကျ လေ့လာချင်ပေမဲ့ အလုပ်တဖက်၊ ကျောင်းတဖက်နဲ့ အချိန်ညှိရခက်နေတဲ့သူတွေအတွက်…..” 👩🏻‍🏫

ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့လာဖို့ လိုနေပေမဲ့ ဘယ်ကစလေ့လာရမလဲ ဝေခွဲမရဖြစ်နေတယ်၊ အချိန်ကလည်း မရှိတာကြောင့် လေ့လာရခက်နေတယ်ဆိုတဲ့သူတွေအတွက် Khitthit Academy ရဲ့ Video Class အတန်းတွေကို အချိန်မရွေး နေရာမရွေး တက်ရောက်နိုင်ပါပြီ။

လက်တွေ့ အသုံးချနိုင်မယ့် စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Video Class အဖြစ် ပြင်ဆင်ပေးထားတာ ဖြစ်တာကြောင့်

🎯အားလပ်တဲ့အချိန်မှာ အေးအေးဆေးဆေးလေ့လာနိုင်သလို၊

🎯သင်တန်းပြီးဆုံးရင်လည်း အရည်အချင်းစစ်ဆေးပြီး Certificate ပါ ရယူနိုင်မှာဖြစ်လို့ Career အတွက်ရော၊ လက်တွေ့ဘဝအတွက်ပါ အထူးသင့်တော်ပါတယ်ရှင်။

Khitthit Academy မှာ ဖွင့်လှစ်လျှက်ရှိတဲ့ သင်တန်းတွေကတော့ -

📩 Counseling for Relationship
👩🏻‍💻 Instructor - Daw Su Su Maung (CEO and Principal Consultant)

📩 Professionalism in Mental Health Field
👩🏻‍💻 Instructor - Daw Su Su Maung (CEO and Principal Consultant)

📩Workplace Mental Health (or) Employee Counseling
👩🏻‍💻 Instructors
Ma Shwe Yee Zaw (Trainer, Senior Wellness Counselor & Art Therapy Practitioner)
Ma Esther Nang Ii Mun (Trainer, Outreach and Wellness Counselor)

📩Grief Counseling for Mental Health Professionals
👩🏻‍💻 Instructor - Ma Hlaing Thazin Aung (Trainer and Wellness Counselor)

📩Disaster Mental Health
👩🏻‍💻 Instructor - Ko Nay Thit (Trainer and Wellness Counselor)

📩Su***de Prevention Training
👩🏻‍💻 Instructor - Ma Eaint Hmu Khin (Trainer and Wellness Counselor)

📩Introduction to Dialectical Behavioral Therapy (DBT)
👩🏻‍💻 Instructor - Ma Mya Myet Thwe Khin (Counseling Psychologist Associate)

အခုလို Khitthit Academy (Educational Initiative of Citta Consultancy) ရဲ့ Professional Trainer တွေ လေ့ကျင့်သင်ကြားပေးမယ့် စုံလင်တဲ့ စိတ်ကျန်းမာရေး သင်တန်းတွေကို တနေရာထဲမှာ တစုတစည်းတည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလို Video Class တွေကို တက်သင့်တာလဲ 📍

✅ Self-Paced Learning: ကိုယ့်ရဲ့ အားလပ်ချိန်မှာ လွတ်လပ်စွာ လေ့လာနိုင်ခြင်း

✅ Expert Guidance: အတွေ့အကြုံရှိ ပညာရှင်များ ကိုယ်တိုင် သင်ကြားပေးခြင်း

✅ Practical Support: သီအိုရီတင်မက လက်တွေ့အသုံးချနိုင်မယ့် Assignment များ ပါဝင်ခြင်း

✅ Google Classroom: လွယ်ကူရိုးရှင်းတဲ့ နည်းပညာဖြင့် လေ့လာနိုင်ခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်ရှင်။

Video Class ဖြစ်ပေမဲ့ လွယ်ကူထိရောက်စွာ သင်ယူနိုင်ဖို့ကို ရည်ရွယ်ပြီး ပြင်ဆင်ထားတာ ဖြစ်လို့ သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင် နှစ်သက်ရာသင်တန်းကို အချိန်မရွေး စာရင်းပေးသွင်းနိုင်ပါပြီနော်။ 📩

📌 သင်တန်းအသေးစိတ်နဲ့ Registration link များအတွက် ပုံကိုထောက်ပါရှင်။

အတန်းတွေအတွက် သင်တန်းကြေးများ စုံစမ်းလိုပါကKhitthit Academy ရဲ့ page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

နောက်ထပ်ဖွင့်မယ့် Zoom live class တွေနဲ့ Video Class အသစ်တွေအကြောင်းကို update သိနိုင်ဖို့ ခေတ်သစ်အကယ်ဒမီ page ကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။


🧐Introduction to Dialectical Behavioral Therapy (DBT) Video Class ကို ဘာကြောင့်တက်ရောက်သင့်တာလဲ?☘️ဒီအတန်းမှာတော့ DBT ရဲ့...
26/07/2026

🧐Introduction to Dialectical Behavioral Therapy (DBT) Video Class ကို ဘာကြောင့်တက်ရောက်သင့်တာလဲ?

☘️ဒီအတန်းမှာတော့ DBT ရဲ့ အခြေခံသဘောတရားများအပြင် Mindfulness၊ Emotional Regulation (စိတ်ခံစားချက်ထိန်းညှိခြင်း)၊ Distress Tolerance (စိတ်ဖိစီးမှုကို ကိုင်တွယ်နိုင်ခြင်း) နဲ့ Interpersonal Effectiveness (ဆက်ဆံရေးကျွမ်းကျင်မှု) တို့ကို အခြေခံကျကျ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်
🌱 စိတ်ခံစားချက်များကို ပိုမိုနားလည်ပြီး ကျန်းမာသောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုသော လက်တွေ့အသုံးချနိုင်သည့် DBT Skills များကို လေ့လာရရှိနိုင်မှာဖြစ်ပါတယ်။
🧘 Stress နှင့် အခက်အခဲများကို ပိုမိုတည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး စိတ်ခံနိုင်ရည် (Resilience) ကို တိုးတက်စေနိုင်မှာပါ။
Clientတွေရဲ့ “မိမိကိုယ်ကိုယ် လက်ခံပြီး ရှေ့ဆက်နိုင်တဲ့ ခရီးစဉ်” မှာ အထောက်အကူပြုပေးတဲ့ Skill တစ်ခုကို သင်ယူရမှာလည်း ဖြစ်ပါတယ်။
💼 Counseling၊ Psychology၊ Education၊ Healthcare နှင့် လူမှုဝန်ဆောင်မှုနယ်ပယ်များတွင် လုပ်ကိုင်နေသူများအတွက် လက်တွေ့အသုံးချနိုင်သော အသိပညာနှင့် Skills များကို ရရှိစေဖို့ ရည်ရွယ်ပါတယ်ရှင်။

🥰ဒီအတန်းကို သင်ကြားပို့ချပေးသွားမှာကတော့ Citta Consultancy ရဲ့ Counseling Psychologist Associate အဖြစ်တာဝန်ယူ လုပ်ကိုင်လျက်ရှိတဲ့ ဆရာမ မြမျက်သွယ်ခင်ပဲဖြစ်ပါတယ်။
ဆရာမကတော့ ၂၀၁၉ ခုနှစ်မှာ BA Psychology ဘွဲ့ကိုရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှစပြီး ၂၀၂၃ ခုနှစ်အထိ စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးမှု အစီအစဉ်များမှာလည်း စေတနာ့ဝန်ထမ်းအဖြစ်ထမ်းဆောင်ခဲ့သူတစ်ဉီးလည်းဖြစ်ပါတယ်။ ကျောင်းသူဘဝမှာလည်း ကျား/မအခြေပြုအကြမ်းဖက်ခံရသူများကို စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ Counseling Psychology ဖြင့် မဟာဘွဲ့ကို ဆက်လက်တက်ရောက်ရန် ဆုံးဖြတ်လိုက်ပြီး ယခုအခါတွင် ကျောင်းသူအဖြစ်လည်းတလှည့် Counseling Psychologist Associate အဖြစ်လည်းတလှည့် စိတ္တတွင် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ထို့အပြင် ဆရာမဟာ လူငယ်များကို အဓိကထားပြီး အားသာချက်အခြေပြုကုထုံး (strength-based methods) နဲ့ အပြုသဘောဆောင်စိတ်ပညာ (positive psychology) ကို လက်ရှိစိတ်ဝင်စားကာ လေ့လာအသုံးချလျက်ရှိပါတယ်။

🎥 မိမိအဆင်ပြေတဲ့ အချိန်မှာ လေ့လာနိုင်တဲ့ Video Class ဖြစ်တာကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာနဲ့ လက်တွေ့အသုံးချနိုင်မယ့် Skills တွေကို တိုးမြှင့်လိုသူများအတွက် အထူးသင့်တော်ပါတယ်။

💚Introduction to Dialectical Behavioral Therapy (DBT) အတန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်သူတွေအနေနဲ့ အောက်ပါ link ကနေတဆင့် Registerလေး လုပ်ဖို့တော့လိုပါမယ်။

Register here: https://forms.gle/yTp8NkbViChVKLp38
Date: August, 2026 (1 Month)
Class: Google Classroom (Video class)
Fees: 55,500MMK


✨Professionalism in Mental Health Field ✨လုပ်ငန်းခွင်မှာ သင့်ရဲ့ လက်ရှိ professionalism ကို ထပ်ပြီး upgrade လုပ်ချင်ပြီလ...
20/07/2026

✨Professionalism in Mental Health Field ✨

လုပ်ငန်းခွင်မှာ သင့်ရဲ့ လက်ရှိ professionalism ကို ထပ်ပြီး upgrade လုပ်ချင်ပြီလား ? အထူးသဖြင့် သင်က Mental Health Field မှာလုပ်ကိုင်နေတဲ့သူတစ်ဦးဆိုရင် Mental Health Service Provider တစ်ဦးအနေနဲ့ ထားရှိရမယ့် ကျင့်ဝတ်တွေနဲ့ စည်းဘောင်တွေ၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပိုမိုသိရှိပြီး လေ့လာကျင့်သုံးချင်တဲ့သူတစ်ယောက်လား?
🌟 Join our Professionalism in Mental Health Field Course in December🌟

Khitthit Academy ကနေ တောင်းဆိုမှုအများဆုံးအတန်းတွေထဲက တစ်ခုဖြစ်တဲ့ " Professionalism in Mental Health Field" အတန်းသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ 🎊🎊

“ Professionalism in Mental Health Course “ ဆိုတာကတော့ Counselors, Social workers, Mental health workers, Mental health advocate, Psychology students, MHPSS specialists, MHPSS workers, Psychologists, Counseling trainees, Teachers, Doctors, Humanitarian workers တို့အတွက် Khitthit Academy ကနေ ထပ်မံဖွင့်လှစ်သွားမယ့် Course တစ်ခုပဲဖြစ်ပါတယ် ✨

ဒီအတန်းလေးမှာဆိုရင်လေ့လာနိုင်မယ့် သင်ခန်းစာခေါင်းစဉ်တွေကတော့ 🤩📚:

✅ Review of Counseling Skills
✅ What is Professionalism?
✅ Knowledgeable and Skilled as Counselor
✅ Confidence and Risk Management
✅ Moral and Ethics in Counseling
✅ Professional Development, Accountability, and Responsibility
✅ Career Pathways to Counseling
✅ Training Programs and Resources စတဲ့သင်ခန်းစာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

🎓 သင်ခန်းစာခေါင်းစဉ်တွေကိုပြောပြပြီးပြီဆိုတော့ ဘယ်လိုသူမျိုးတွေလေ့လာသင့်လဲ:

🎖️Mental Health Professional တစ်ဦးအနေဖြင့် ကိုယ့်ရဲ့ skill နဲ့ career အပေါ်မှာထားရှိတဲ့ယုံကြည်ချက်ကို ပိုမိုမြင့်တက်လာစေရန် ကြိုးစားနေသူများ။
🎖️Ethical challenges (ကျင့်ဝတ်ဆိုင်ရာစိန်ခေါ်မှု ) များနှင့်ပတ်သက်၍ ပိုမိုလေ့လာလိုသူများ။
🎖️Professional တစ်ဦးအနေဖြင့် ကိုယ့်ရဲ့ Career pathway ကို ပိုမိုချဲ့ထွင်ရန်အတွက် လိုအပ်တဲ့ အသိပညာများကို ဖြည့်တင်းလိုသူများအတွက် အထူးရည်ရွယ်ပါတယ်။

သင်ကြားမယ့်ပုံစံကတော့ မိမိအားလပ်ချိန်မှာ အချိန်နေရာမရွေးလွယ်ကူစွာ လေ့လာနိုင်ရန်အတွက် စီစဉ်ပေးထားတဲ့ Self-paced/ Video Class (Google Classroom ) အတန်းလေးပဲ ဖြစ်ပါတယ် 👩‍🏫👩‍💻

"Professionalism in Mental Health Course " အတွက် လူဦးရေ အကန့်သတ်ရှိတာဖြစ်လို့ တက်ရောက်ချင်သူလေးတွေအနေနဲ့ မြန်မြန်လေး register လုပ်မှစိတ်ချရမယ်နော် 🏃‍♂️

Register here :
https://forms.gle/yTp8NkbViChVKLp38

Duration : 1 month
Classtype : Google Classroom (Video Class)
Fees : 55,500 MMK per person

❤️‍🩹Grief counseling for Mental Health Professional ! 🧑🏻‍🏫လူတိုင်း လူတိုင်းက ဘဝရဲ့ တစ်ကွေ့မှာတော့ အကြောင်းအမျိုးမျိုးကြေ...
19/07/2026

❤️‍🩹Grief counseling for Mental Health Professional ! 🧑🏻‍🏫

လူတိုင်း လူတိုင်းက ဘဝရဲ့ တစ်ကွေ့မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ပူဆွေးသောကရောက်ရတဲ့အခြေအနေမျိုးကြုံတွေ့ရတတ်ပါတယ်။ Grief ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ မဖြစ်မနေ ဖြတ်သန်းရတတ်တဲ့ ခရီးစဉ်တခုလည်း ဖြစ်ပါတယ်။

Khitthit Academy ကနေ ထပ်မံဖွင့်လှစ်သွားမယ့် Grief counseling for Mental Health Professional အတန်းဟာဆိုရင်

💭ဆုံးရှုးမှုကြောင့် ပူဆွေးသောကရောက်နေတဲ့သူတွေကို သေချာစနစ်တကျ နှစ်သိမ့်ဆွေးနွေးပေးချင်သူများ။

💭 စိတ်ကျန်းမာရေးနယ်ပယ်မှာ လုပ်ကိုင်ရပ်တည်နေပြီး ကိုယ်တိုင်ရဲ့ Professional skills တွေကို အားလပ်တဲ့အချိန်မှာ ဖြည့်တင်းချင်တယ်ဆိုသူများ။

💭 ဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးခြင်းအကြောင်း ပိုမိုလေ့လာလိုသူများ။

💭 စိတ်ဒဏ်ရာအခြေပြုနှစ်သိမ့်ဆွေးနွေးခြင်းပညာရပ်ကို ပိုမိုလေ့လာချင်သူများ အတွက် ရည်ရွယ်ပြီး Counselors, Social workers, Mental health workers, Mental health advocate, Psychology students, MHPSS specialists, MHPSS workers, Psychologists, Counseling trainees, Teachers, Doctors, Humanitarian workers တို့အတွက် အထူးသင့်တော်တဲ့ Course တစ်ခုပဲဖြစ်ပါတယ် ✨

Grief Counseling for Mental Health Professionals ( Video Class) မှာ သင်ယူသွားရမယ့် အရာတွေကတော့

Module 1 - Understanding loss and grief
Module 2 - Grieving process
Module 3 - Complicated grief and their risk factors
Module 4 - Trauma and grief
Module 5 - Trauma-informed grief counseling
Module 6 - Self-care considerations
Module 7 - Role of supervision
Module 8 - Conclusion တိုပဲဖြစ်ပါတယ်။

Counselors, Social workers, Mental health workers, Mental health advocate, Psychology students, MHPSS specialists, MHPSS workers, Psychologists, Counseling trainees, Teachers, Doctors, Humanitarian workers တို့အတွက် အထူးသင့်တော်တဲ့ Course တစ်ခုပဲဖြစ်ပါတယ် ✨

🩷ဒီ Course ကို သင်ပေးသွားမယ့်သူကတော့ Citta Consultancy ရဲ့ Wellness Counselor တစ်ဦးဖြစ်တဲ့ ဆရာမလှိင်သဇင်အောင်က သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဆုံးရှုးမှုကြောင့် ပူဆွေးမှုခရီးစဉ်ကို ဖြတ်သန်းနေရတဲ့သူတွေကို ဒီထက်ပိုမိုကူညီနိုင်ဖိုဆိုရင်တော့ Register လုပ်ထားဖို လိုပါတယ်ရှင်။

သင်ဟာ ကိုယ့်ရဲ့ Professional skillsတွေကို upgrade လုပ်ချင်တဲ့သူဖြစ်ရင်တော့ ဒီ course ကိုလာ join ဖို ဖိတ်ခေါ်ပါရစေနော်။❕

🚀 Register here :
https://forms.gle/yTp8NkbViChVKLp38

Duration : 1 month
Classtype : Google Classroom (Video Class)
Fees : 55,500 MMK per person

စိတ်ခံစားချက်တွေကို နားလည်ပြီး ကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်နိုင်ဖို့အတွက် Psychotherapy တစ်မျိုးကို ပြောပြချင်ပါတယ်။ ...
16/07/2026

စိတ်ခံစားချက်တွေကို နားလည်ပြီး ကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်နိုင်ဖို့အတွက် Psychotherapy တစ်မျိုးကို ပြောပြချင်ပါတယ်။ ❤️

“ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်တာက လက်လျှော့လိုက်တာ၊ အရှုံးပေးလိုက်တာပဲ” လို့ တစ်ခါတစ်ရံတွေးမိတတ်ကြပါသလားရှင်။ 💭

ဒီလိုတွေးမိတဲ့အခါ လက်မခံဘဲနဲ့ ပြောင်းလဲပစ်မှရမယ်၊ ခံစားချက်တွေကို ဖိနှိပ်ထားမှရမယ်ဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဦးတည်စေတတ်ပါတယ်။ ကျွန်မတို့တစ်တွေဆီမှာ ကိုယ်မကြိုက်တဲ့ခံစားချက်၊ အစိတ်အပိုင်းရယ်လို့ ရှိတတ်ကြတာချည်းပါပဲ။ အဲဒီအရာကို ပိုကျန်းမာကောင်းမွန်တဲ့ ပြောင်းလဲမှုဆီ သွားတဲ့လှေကားလေးလို့ တွေးဖို့လည်း ခက်တတ်ကြပါတယ်။

ဒီနေရာမှာ စိတ်ကျန်းမာရေးပညာရှင်တွေအနေနဲ့ မဖြစ်မနေသိထားသင့်၊ သုံးသင့်တဲ့ Psychotherapy တစ်ခုကို ပြောပြချင်ပါတယ်။ 🤗

ဟုတ်ပါတယ်။ အဲဒါကတော့ Dialectical Behavioral Therapy (DBT) ပါ။

ကျွန်မတို့ဆီမှာ စိတ်ခံစားချက်တွေ ပြင်းထန်များပြားလွန်းလာတဲ့အခါ ကျန်းမာတဲ့နည်းလမ်းနဲ့ ရင်ဆိုင်ဖို့၊ တုံ့ပြန်ဖို့ အထောက်အကူပေးတဲ့ Psychotherapy တစ်မျိုးလို့ ပြောလို့ရပါတယ်။ ဒီ psychotherapy ကနေရတဲ့ skillတွေဟာ ကျွန်မတို့ရဲ့နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်၊ ကျောင်း၊ မိသားစုနဲ့ မိတ်ဆွေဆက်ဆံရေးတွေမှာအထိ အသုံးဝင်တာကိုလည်း စစ်တမ်းတွေအရ၊ evidence တွေအရ သိရှိရပါတယ်ရှင်။

ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုင်တွယ်နေရတဲ့ client တွေမှာပဲဖြစ်ဖြစ်

🟨 လက်ခံခြင်းနဲ့ ပြောင်းလဲခြင်းကို မျှတစွာကိုင်တွယ်နိုင်စေဖို့၊

🟨 ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာနိုင်စေဖို့၊

🟨 တုံ့ပြန်မှုတွေမှာ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေတဲ့အပြုအမူတွေ မရှိနေစေဖို့

DBT က သိကိုသိသင့်တဲ့အရာဖြစ်ပါတယ်။ ဘဝက အဖြူနဲ့အမည်းပဲ ရှိတာမဟုတ်ဘူးဆိုတာကို ပိုမိုထင်သာမြင်သာတဲ့ဘက်အခြမ်းကနေ ကြည့်ရှု့နိုင်ဖို့ပါ။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်လက်ခံခြင်းနဲ့ တိုးတက်ပြောင်းလဲခြင်းဆိုတဲ့အရာနှစ်ခုစလုံးကို ရွေးချယ်ပိုင်ခွင့် အပြည့်အဝရှိကြပါတယ်။ 🫂

ဘယ်လိုရွေးချယ်မလဲ၊ ကိုယ့်ကိုယ်ကိုယ် အညင်သာဆုံးဘယ်လိုလက်ခံနိုင်မလဲ ဆိုတာကပဲ အရေးကြီးတာပါရှင်။ ❤️

—------------------------------------------

DBT နဲ့ပတ်သက်ပြီး စိတ်ဝင်စားပါက -
Counseling Psychologist ဆရာမ မြမျက်သွယ်ခင်ရဲ့ Introduction to Dialectical Behavioral Therapy - Video Class ရှိပါတယ်ရှင်။ အတန်းလေးက နောက်လမှ စမှာဖြစ်ပြီး မိမိအားလပ်တဲ့အချိန်မှာ ဝင်ရောက်သင်ကြားနိုင်တာမို့လို့ အချိန်မရှိတဲ့ဆရာဆရာမတွေ၊ ရုံးချိန်၊ ကျောင်းချိန်နဲ့ မအားလပ်တဲ့ ဆရာဆရာမတွေအတွက် အထူးသင့်တော်ပါတယ်ရှင်။

အတန်းအပ်ချင်ပါက - https://forms.gle/yTp8NkbViChVKLp38

အတန်းအကြောင်းပိုမိုသိရှိလိုပါက - https://www.facebook.com/share/p/1CM5sRdBM2/?mibextid=wwXIfr

Register လုပ်ဖို့အခက်အခဲရှိရင်
- Khitthit Academy page messenger ကိုသော်လည်းကောင်း၊
- ဖုန်း - 09 965 121 551 (or) Email - [email protected] ကိုသော်လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

လူငယ်တွေရဲ့စွမ်းရည်မှာ ရင်းနှီးမြှုပ်နှံခြင်းကသာ အဖြေပါ။ ✨ကျွန်မတို့တတွေရဲ့အနီးအနားကလူငယ်တွေ✔️ ဘယ်လိုလေ့လာသင်ယူနေလဲ။✔️ အ...
15/07/2026

လူငယ်တွေရဲ့စွမ်းရည်မှာ ရင်းနှီးမြှုပ်နှံခြင်းကသာ အဖြေပါ။ ✨

ကျွန်မတို့တတွေရဲ့အနီးအနားကလူငယ်တွေ
✔️ ဘယ်လိုလေ့လာသင်ယူနေလဲ။
✔️ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်နေကြလဲ။
✔️ မအောင်မြင်တဲ့အချိန်မှာ ဘယ်လိုပြန်လည်တိုးတက်အောင် လုပ်နေကြလဲ။

ဒီအရာတွေအားလုံးကနေမှဖြစ်လာတဲ့ စိန်ခေါ်မှုတွေရှိနေတာတောင်မှ ဆက်လက်ကြိုးစားနိုင်ခြင်း၊ အမှားတွေကနေ သင်ယူနိုင်ခြင်း၊ ကိုယ့်အရည်အချင်းကို ဖွံ့ဖြိုးတိုးတက်လာအောင် တည်ဆောက်နိုင်ခြင်း စတဲ့အရာတွေဟာ လူငယ်တွေအတွက် တကယ်အဖိုးတန်တဲ့အရာတွေပဲဖြစ်ပါတယ်။

ဒီလို လူငယ်တွေရဲ့စွမ်းရည်တွေကို အသိအမှတ်ပြုရင်း ဇူလိုင် ၁၅ ရက်နေ့မှာ ကျရောက်တဲ့ World Youth Day ကို ခေတ်သစ်အကယ်ဒမီကနေလည်း ဂုဏ်ပြုလိုက်ချင်ပါတယ်ရှင်။ ဒါ့အပြင် ပညာရေးကိုတန်ဖိုးထားပြီး ရှေ့ဆက်မယ့်လမ်းတွေအတွက် အစွမ်းကုန်ပြင်ဆင်ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ကြံ့ခိုင်မှုကို ခေတ်သစ်အကယ်ဒမီက Polish လုပ်ပေးနိုင်မယ့် Online Workshop တစ်ခုကို စီစဉ်ထားပါသေးတယ်ရှင်။ ☺️

အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ အရည်အချင်းတွေသာ မဟုတ်ဘဲ၊ ထိရောက်စွာ သင်ယူနိုင်ခြင်း၊ စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနိုင်ခြင်းနဲ့ ကိုယ့်ရဲ့ စွမ်းရည်ကို ယုံကြည်ပြီး တိုးတက်အောင် တည်ဆောက်နိုင်ခြင်းတို့ကလည်း အရေးကြီးပါတယ်။ 💪

ဒါကြောင့် Khitthit Academy ရဲ့ Study Skills and Mindset for Academic Success Workshop မှာ ဒီလို အခြေခံကျွမ်းကျင်မှုတွေကို လက်တွေ့အသုံးချနိုင်အောင် အတူတကွ လေ့လာသွားမှာ ဖြစ်ပါတယ်။ ဦးဆောင်ပြီး Facilitate လုပ်မယ့်ဆရာကလည်း သင်ကြားရေးအတွေ့အကြုံအပြည့်အဝရှိပြီး လူငယ်တွေရဲ့ပညာရေးပန်းတိုင်ကို တဖက်တလမ်းကနေ ပံ့ပိုးပေးနေတဲ့ Saya Zayya Moe Kyaw (MSc Graduate Psychologist) ဖြစ်ပါတယ်။ 🧑‍🏫

Workshop အသေးစိတ်အတွက် ဒီ Link မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။ 🩷

Workshop post link: https://www.facebook.com/share/p/193EHcuVwG/?mibextid=wwXIfr

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ Register ပြုလုပ်နိုင်ပါတယ်။

Registration link: https://forms.gle/itJ2CmCFk4xMTtfG6

Registerလုပ်ရာမှာအခက်အခဲရှိပါက
- Khitthit Academy page messenger ကနေသော်လည်းကောင်း၊
- ဖုန်းနံပါတ် 09 965 121 551 (သို့) အီးမေးလ် [email protected] ကနေသော်လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။ 💌

#စိတ်ကျန်းမာရေးအတွက်စိတ္တ

Stress (စိတ်ဖိစီးမှု) နဲ့ Anxiety (စိုးရိမ်ပူပန်မှု) ဘာကွာသလဲ?“ငါ စိတ်ဖိစီးနေတာလား?”“ငါ Anxiety ဖြစ်နေတာလား?”ဒီနှစ်ခုကို...
14/07/2026

Stress (စိတ်ဖိစီးမှု) နဲ့ Anxiety (စိုးရိမ်ပူပန်မှု) ဘာကွာသလဲ?

“ငါ စိတ်ဖိစီးနေတာလား?”
“ငါ Anxiety ဖြစ်နေတာလား?”

ဒီနှစ်ခုကို လူတော်တော်များများ ရောထွေးတတ်ကြပါတယ်။
Stress (စိတ်ဖိစီးမှု) ဆိုတာက ပြင်ပကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာပါ။

ဥပမာ -
စာမေးပွဲနီးလာတာ
အလုပ် deadline ကပ်လာတာ
ငွေရေးကြေးရေး အခက်အခဲတွေ
ဒီလို အခြေအနေတွေရှိတဲ့အခါ ခန္ဓာကိုယ်က “အန္တရာယ်ရှိနိုင်တယ်” လို့ သတ်မှတ်ပြီး stress response ကို စတင်လုပ်ဆောင်ပါတယ်။

Anxiety (စိုးရိမ်ပူပန်မှု) ကတော့ အန္တရာယ် တကယ်မရှိသေးရင်တောင် “တစ်ခုခု မကောင်းတာ ဖြစ်တော့မယ်” ဆိုတဲ့ ခံစားချက်နဲ့ ဆက်လက်စိုးရိမ်နေခြင်း ဖြစ်ပါတယ်။

ဥပမာ -
✅အလုပ်က အဆင်ပြေနေပေမယ့် အလုပ်ပြုတ်မှာ စိုးရိမ်နေခြင်း
✅ကျန်းမာရေးကောင်းနေပေမယ့် ရောဂါကြီးရှိနေမလား စဉ်းစားနေခြင်း
✅ဘာအကြောင်းပြချက်မှ မရှိဘဲ စိတ်ပူနေခြင်း

🩺 ဆေးပညာအရ Stress ဟာ ပုံမှန်လူတိုင်း ကြုံရနိုင်တဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတစ်မျိုး ဖြစ်ပါတယ်။
ဒါပေမယ့် Anxiety က နေ့စဉ်ဘဝ၊ အလုပ်၊ စာသင်ကြားမှု၊ လူမှုဆက်ဆံရေးတွေကို ထိခိုက်လာတဲ့အထိ ပြင်းထန်လာရင် စိတ်ကျန်းမာရေးပညာရှင် (Mental Health Professional) နဲ့ ဆွေးနွေးသင့်ပါတယ်။

❤️အောက်ပါ လက္ခဏာတွေ ၂ ပတ်ကျော် ဆက်တိုက်ရှိနေရင် အကူအညီ ရယူဖို့ စဉ်းစားသင့်ပါတယ်။

✅ အမြဲတမ်း စိုးရိမ်နေခြင်း
✅အိပ်မပျော်ခြင်း
✅ရင်တုန်ခြင်း
✅စိတ်မငြိမ်ခြင်း
✅အာရုံစူးစိုက်ရခက်ခြင်း
✅နေ့စဉ်လုပ်ငန်းတွေ ထိခိုက်လာခြင်း

စိတ်ကျန်းမာရေးဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ ဂရုစိုက်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
အကူအညီလိုအပ်နေတယ်လို့ ခံစားရရင် တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့။

တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့ ခံစားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို နားထောင်ပေးမယ့်သူ တစ်ယောက်ရှိနေရုံနဲ့တင် အခြေအနေတွေက ပိုမိုပေါ့ပါးသွားနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိစီးပင်ပန်းနေလို့ ဆွေးနွေးတိုင်ပင်လိုပါက Citta Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး မိမိပညာရေးနဲ့ပတ်သက်လို့ လမ်းပျောက်နေတယ်၊ ပိုပြီးရှေ့ကိုရောက်ချင်ပေမဲ့ ဖိစီးတဲ့စိတ်တွေပဲ များနေတယ်ဆိုရင်တော့ Khitthit Academy က စီစဉ်ထားတဲ့ Workshop လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ Workshop နာမည်ကတော့ “Study Skills & Mindset for your Academic Success” ဖြစ်ပြီး ဆရာဇေယျမိုးကျော် (MSc Graduate Psychologist) က Facilitate လုပ်ပေးသွားမှာဖြစ်ပါတယ်။ Workshop အသေးစိတ်အတွက် ဒီ Link မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်ရှင်။ 🩷

Workshop post link: https://www.facebook.com/share/p/193EHcuVwG/?mibextid=wwXIfr

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ Register ပြုလုပ်နိုင်ပါတယ်။

Registration link: https://forms.gle/itJ2CmCFk4xMTtfG6

#စိတ်ကျန်းမာရေးအတွက်စိတ္တ

ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ အချိန်ဆွဲနေမိပြီဆိုရင်…..New feed ပေါ်မှာ ဒီလိုtopic မျိုးတွေ့ရင် ကျွန်တော်ကတော့ “နောက်မှဖတ်...
13/07/2026

ကိုယ်တိုင်တောင်မသိလိုက်ပါဘဲ အချိန်ဆွဲနေမိပြီဆိုရင်…..

New feed ပေါ်မှာ ဒီလိုtopic မျိုးတွေ့ရင် ကျွန်တော်ကတော့ “နောက်မှဖတ်မယ်” ဆိုပီး Saveထားလိုက်မိတာပဲ။ အဲ့လို “နောက်မှ လုပ်တော့မယ်” ဆိုတဲ့ အရာတွေ များလာတခါ ကိုယ့်ကိုကိုယ် အချိန်ဆွဲတတ်တဲ့ပြသနာရှိနေပြီး နေ့စဉ်ဘဝကို အနှောက်ယှက်ဖြစ်နေတာ သိလာတယ်။

လူတွေဘာကြောင့် အချိန်ဆွဲနေကြတာလဲ?

စိတ်ပညာရဲ့ပြောကြားချက်အရ-
လူတွေက ရှောင်လွှဲလိုက်လို့ အခြေနေပိုဆိုးနိုင်ပေမယ့် လက်ရှိစိတ်ခံစားချက်အဆင်ပြေနေတာကို ပိုဦးစားတတ်ကြပါတယ်။

📌Task တခုလုပ်လိုက်လို့ ဖြစ်လာနိုင်တဲ့ ပင်ပန်းခြင်း၊
📌စိတ်အနှောက်ယှက်ဖြစ်ခြင်း၊
📌ငြီးငွေ့စရာဖြစ်နိုင်ခြင်းတို့ကြောင့် ကိစ္စတွေကို ရှောင်လွှဲတတ်ကြတယ်။

ကိုယ်လုပ်ရမယ့် task တခုအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မူမရှိခြင်း၊ အမှားလုပ်မိမှာကြောက်ခြင်း၊ ဘယ်က စရမြန်းမသိဖြစ်နေခြင်း၊ ဝေဖန်ခံရနိုင်ခြင်းတို့ကိုလဲ စိုးရိမ်တတ်ကြပါတယ်။😟

အဲ့လိုရှောင်လွှဲနေတဲ့အတွက် deadline နီးကပ်လာမှ အလျင်စလိုလုပ်မိပြီး task ရဲ့ quality ကျဆင်းသွားနိုင်ပါတယ်။ ပြီးတော့ နောက် task တွေကြုံလာတဲ့အခါ “ထပ်မလုပ်နိုင်ရင်?” ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာပြီး အချိန်ပိုဆွဲမိတဲ့ cycle တစ်ခုလို ဖြစ်လာနိုင်ပါတယ်။ဒီလိုအခြေအနေတွေက စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါဆို procrastination cycle ထဲက ဘယ်လိုထွက်ကြမလဲ
အချိန်ဆွဲတာကို ချက်ချင်း ဖျောက်နိုင်ဖို့ ခက်ပေမယ့် ဒီလို နည်းလမ်းသေးသေးလေးတွေကနေ အကူအညီရနိုင်ပါတယ်-

🖇 Task တစ်ခုကို သေးသေးလေးတွေ ခွဲလုပ်ပါ

ဥပမာ- assignment တခုလုံးကို ဒီနေ့ပြီးရမယ် ဆိုတာမျိုးမဟုတ်ပဲ ခေါင်းစဉ်ပဲ စဉ်းစားမယ်၊ ၅မျက်နှာပဲ ဖတ်မယ်၊ ၅-၁၀မိနစ်ပဲ လုပ်မယ်၊ အ့တာပြီးရင် နားမယ်ဆိုရင်လဲ နားနိုင်တာမျိုးပေါ့နော်၊
တခါတလေ taskတွေကို စရမှာက ပိုခက်ခဲနေပီး စလုပ်လိုက်တာနဲ့ ဆက်လုပ်ဖြစ်သွားတာလဲ ရှိတတ်ပါတယ်။

🖇 အာရုံအနှောက်ယှက်ဖြစ်စရာတွေကို လျှော့ချပါ

စာလုပ်နေချိန်မှာ social media notifications တွေကြောင့် focus ပျက်သွားနိုင်ပါတယ်။
Phone ကိုခဏဝေးဝေးထားခြင်း၊ timer သုံးခြင်းတို့က အထောက်အကူဖြစ်နိုင်ပါတယ်။

🖇 Pomodoro Technique နဲ့ small rewards ကို တွဲသုံးကြည့်ပါ

Pomodoro Technique ကတော့
• 25 minutes focus လုပ်
• 5 minutes break ယူ
ဆိုပြီး အချိန်တိုတိုနဲ့ ခွဲလုပ်တဲ့ method တစ်ခုပါ။
5 minutes break အတွင်း သီချင်း နားထောင်ခြင်း၊ snack စားခြင်း၊ ခဏလမ်းလျှောက်ခြင်းတို့လို reward သေးသေးလေးတွေ ထားပေးတာက motivation ဆက်ရှိနေဖို့နဲ့ energy balance ဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်

🖇5 Second Ruleကို သုံးကြည့်ပါ

တခါတလေ overthinking များနေလို့ task တစ်ခုကို စဖို့ခက်သွားတတ်ပါတယ်။
အဲ့လိုအချိန်မှာ
“5…4…3…2…1”
လို့ countdown လုပ်ပြီး ချက်ချင်းစလုပ်လိုက်တာက အချိန်ဆွဲတာကို လျှော့ပေးနိုင်ပါတယ်။
ဒီနည်းက overthinking လျှော့ပေးပြီး small action တစ်ခုကို စနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

🖇 Self-compassion ကို လေ့ကျင့်ကြည့်ပါ

Procrastination ဖြစ်နေတဲ့အချိန်မှာ လူအများစုက ကိုယ့်ကိုကိုယ် အရမ်းဝေဖန်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အပြစ်တင်လေလေ stress နဲ့ anxiety ပိုများလာပြီး task တွေကို ပိုရှောင်လွှဲမိတတ်ပါတယ်။
အဲ့အစား
“အခုခက်နေတာပဲ”
“နည်းနည်းချင်း စကြည့်လို့ရတယ်”
ဆိုပြီး ကိုယ့်ကိုကိုယ် နားလည်ပေးတာက pressure လျှော့ပေးပြီး ပြန်စနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

Perfect ဖြစ်ဖို့ထက် စတင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
နည်းနည်းချင်း ရှေ့ဆက်သွားတာကလည်း progress ပါပဲ။

—-------------------------------------------------------------------

ပညာရေးခရီးလမ်းမှာ လျှောက်နေရင်းနဲ့ တစ်နေရာရာမှာ ရပ်တန့်သွားသလို၊ ရှေ့ဆက်ဖို့ခက်ခဲသလို ခံစားရတဲ့ လူငယ်တိုင်းအတွက် ခေတ်သစ်အကယ်ဒမီမှာ Workshop လေးတစ်ခုကို မိတ်ဆက်ပေးထားပါတယ်။ Workshop နာမည်ကတော့ “Study Skills & Mindset for your Academic Success” ဖြစ်ပြီး ဆရာဇေယျမိုးကျော် (MSc Graduate Psychologist) က Facilitate လုပ်ပေးသွားမှာဖြစ်ပါတယ်။ Workshop အသေးစိတ်အတွက် ဒီ Link မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်ရှင်။ 🩷

Workshop post link: https://www.facebook.com/share/p/193EHcuVwG/?mibextid=wwXIfr

စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ Register ပြုလုပ်နိုင်ပါတယ်။

Registration link: https://forms.gle/itJ2CmCFk4xMTtfG6

#စိတ်ကျန်းမာရေးအတွက်စိတ္တ

Address

No. 59, 2nd Floor, Dhammayone Street, Myaynigone, Sanchaung Township
Yangon
11111

Alerts

Be the first to know and let us send you an email when Khitthit Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khitthit Academy:

Shortcuts

Share