Powerful Health Vitamins and Dietary Supplements

Powerful Health Vitamins and Dietary Supplements Vitamins and Supplements manufactured in USA.Made with Non-GMO ingredients.Distributed by Mingalar
(1)

29/07/2026

အရည်သွေးပြည့်ဝ GMP စက်ရုံထုတ် Powerful Health CoQ10 Production

Powerful health မိသားစု ဝါဆိုသကဲန်းကပ်လှူခြင်း————————————————————————                 Powerful health မိသားစု ရဲ့ ဝါဆို...
28/07/2026

Powerful health မိသားစု ဝါဆိုသကဲန်းကပ်လှူခြင်း
————————————————————————
Powerful health မိသားစု ရဲ့ ဝါဆိုသင်္ကန်းကပ်လှူခြင်း အခန်းအနားကို ယနေ့ ဇူလိူင် -၂၈ ရက် အင်္ဂါနေ့ မနက် ၉ နာရီတွင် powerful health ရုံးခန်း တွင် ကျင်းပ ပြုလုပ်ကြပါသည်။
operations Director ၊ General Manager ၊Marketing Manager ၊ Accounting Manager နှင့် ဝန်ထမ်းများ တက််ရောက် ကြပါသည်။
အားလုံးဘေးဘယာဝေးကွာပြီးကျန်းမာချမ်းသာကြပါစေ

📢📢📢 Vacancy Announcement for Urgent Required Post 📢📢📢Powerful Health Vitamins and Supplements တွင် လုပ်ငန်းတိုးချဲ့မည် ဖ...
25/07/2026

📢📢📢 Vacancy Announcement for Urgent Required Post 📢📢📢

Powerful Health Vitamins and Supplements တွင် လုပ်ငန်းတိုးချဲ့မည် ဖြစ်ပါသဖြင့် လုပ်ငန်းလိုအပ်ချက်အရ

(1) Product Executive (1) post

(2) Sales Representative - ( 2 ) Posts

(3) Medical Representative - ( 2 ) Posts

အလိုရှိသည်။

✅(1) Product Executive - ( 1 ) Post
============================
M.B.B.S, B.Pharm, B.N.Sc ဘွဲ့ရ
သို့မဟုတ် လုပ်ငန်း အတွေ့အကြုံရှိသူ သို့မဟုတ် သင်ယူလိုစိတ်ရှိပြီး သင်လွယ်တတ်လွယ်သူများ လျှောက်ထားနိုင်ပါသည်

-Academic and Public Product Marketing Campaign များ ဆောင်ရွက်နိုင်ရမည်။

-Team Members များနှင့် အတူသော်လည်းကောင်း တဦးတည်းသော်လည်းကောင်း KOLs ကြီးများနှင့်တွေ့ဆုံနိုင်ရမည်

-Modern Trade တာဝန်ယူဖူးသူ (သို့) လုပ်ငန်းအတွေ့အကြုံရှိသူ ကိုဦးစားပေးမည်။

- Creating Power ရှိသူ ၊ Microsoft Office ( Excel, Word, Powerpoint ) ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။

-Internal-External Product Training နှင့် Marketing Materials များ တာဝန်ယူ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

-Market Survey ပြုလုပ်နိုင်ရမည်။

-ရန်ကုန်မြို့အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်ပြီး၊ လိုအပ်လျှင် နယ်မြို့များသို့ ခရီးသွားလာနိုင်သူဖြစ်ရမည်။

-သွက်လက်ချက်ချာသူ၊ သင်ယူလိုစိတ်ရှိသူ၊ အလုပ်အသစ်ကိုစိန်ခေါ်နိုင်သူနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရမည်။
---------------------------------------------------------------------------

✅(2) Sales Representative - ( 2 ) Posts
==============================

တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ (သို့မဟုတ်) အခြေခံတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရပါမည်။
လုပ်ငန်း အတွေ့အကြုံရှိသူများကို ဦးစားပေးခေါ်ယူပါမည်။
- ဆေးဆိုင် များနှင့် Relationship ကောင်းမွန်ရမည်။
- Creating Power ရှိသူဖြစ်ရမည်။
- Market အကြောင်းသိရှိနားလည်ပြီး အလုပ်တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
-Market Survey ပြုလုပ်နိုင်ရမည်။
-ရန်ကုန်မြို့အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်ပြီး၊ လိုအပ်လျှင် နယ်မြို့များသို့ ခရီးသွားလာနိုင်သူဖြစ်ရမည်။
-သွက်လက်ချက်ချာသူ၊ သင်ယူလိုစိတ်ရှိသူ၊ အလုပ်အသစ်ကိုစိန်ခေါ်နိုင်သူနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရမည်။

-----------------------------------------------------------------------------

✅(3) Medical Representative - ( 2 ) Posts ================================

တက္ကသိုလ်မှဘွဲ့တခုခုရရှိပြီးသူ (သို့မဟုတ်) လုပ်ငန်း အတွေ့အကြုံရှိသူများလျှောက်ထားနိုင်ပါသည်။
- ဆရာဝန်များ ၊ Customers များနှင့် Relationship ကောင်းမွန်ရမည်။
- Creating Power ရှိသူဖြစ်ရမည်။
- Market အကြောင်းသိရှိနားလည်ပြီး အလုပ်တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။
-Market Survey ပြုလုပ်နိုင်ရမည်။
-ရန်ကုန်မြို့အတွင်း ကျွမ်းကျင်စွာ သွားလာနိုင်ပြီး၊ လိုအပ်လျှင် နယ်မြို့များသို့ ခရီးသွားလာနိုင်သူဖြစ်ရမည်။
-သွက်လက်ချက်ချာသူ၊ သင်ယူလိုစိတ်ရှိသူ၊ အလုပ်အသစ်ကိုစိန်ခေါ်နိုင်သူနှင့် အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရမည်။

✅အတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်းပေးပါမည်။
✅လျှောက်ထားလိုသူ မည်သူမဆို မိမိတို့ ၏ CV form တွင် လုပ်ငန်းအတွေ့အကြုံ နှင့် မျှော်မှန်းလစာ ရေးသား၍

☎️ Viber 09777189729 နှင့် 09760640351 သို့
CV ပေးပို့ လျှောက်ထားနိုင်ပါသည်။

🏛️ Optimas Myanmar Company Limited
အမှတ် - 113, 49 လမ်း ( အလယ်ဘလောက်)၊ ပုဇွန်တောင်၊ ရန်ကုန်မြို့။

‼️Dead Line: 7-8-2026 မတိုင်ခင်လျှောက်ထားပေးပါရန်။

#အလုပ်ခေါ်စာ

#ကုမ္ပဏီတိုက်ရိုက်
#ဆေးကုမ္ပဏီ

❓Powerful Health Probiotic နဲ့ပတ်သက်ပြီး အမေးများဆုံး မေးခွန်းများQ1. အရင်က 40 Billion (40B) လို့ ရေးထားပြီး အခု 20 Bill...
20/07/2026

❓Powerful Health Probiotic နဲ့ပတ်သက်ပြီး အမေးများဆုံး မေးခွန်းများ

Q1. အရင်က 40 Billion (40B) လို့ ရေးထားပြီး အခု 20 Billion CFU ဆိုတော့ Probiotic ပမာဏ လျော့သွားတာလား?

A. မဟုတ်ပါဘူး။

အရင် Label မှာ ဖော်ပြထားတဲ့ 40 Billion CFU က တစ်နေ့သောက်ရမယ့် ၂ လုံးစုစုပေါင်း (Total Daily Serving) ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

ယခု Label မှာတော့ ၁ လုံး (1 Capsule) = 20 Billion CFU ကို ရှင်းလင်းစွာ ဖော်ပြထားတာဖြစ်ပါတယ်။

➡️ တစ်လုံးချင်းမှာ ပါဝင်တဲ့ Probiotic CFU ပမာဏက အရင် Formula နဲ့ အတူတူပဲ ဖြစ်ပါတယ်။



Q2. Label အရှေ့ဘက်မှာ Prebiotic မပါတော့လို့ Formula ထဲမှာ မပါတော့တာလား?

A. မဟုတ်ပါဘူး။

ယခု Label အရှေ့ဘက်မှာ Probiotic Supplements ဖြစ်သည့်အတွက် ထင်ရှားစေဖို့ Probiotic ကိုပဲ ဖော်ပြထားပေမယ့် Prebiotic က Formula ထဲမှာ မူလအတိုင်း ပါဝင်နေဆဲ ဖြစ်ပါတယ်။

Supplement Facts မှာ ဖော်ပြထားတဲ့

✔️ Complex Marine Polysaccharides
✔️ Fructooligosaccharide (FOS)

တို့ဟာ Prebiotic များ ဖြစ်ပြီး Probiotic တွေ ကြီးထွားရှင်သန်ဖို့ အထောက်အကူပြုပါတယ်။



Q3. MAKTREK® 90 mg ဆိုတာ Probiotic အမျိုးအစားတစ်မျိုးလား?

A. မဟုတ်ပါဘူး။

MAKTREK® 90 mg က Probiotic Strain မဟုတ်ပါ။

ဒါဟာ Bi-Pass Technology ဖြစ်ပြီး Probiotic တွေကို အစာအိမ်အက်ဆစ် (Stomach Acid) နဲ့ Bile တွေကြောင့် မပျက်စီးခင် အူလမ်းကြောင်းအထိ ရှင်သန်စွာ ရောက်ရှိနိုင်အောင် ကာကွယ်ပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။

90 mg ဆိုတာက Bi-Pass Technology အတွက် အသုံးပြုထားတဲ့ ပမာဏ ကို ဖော်ပြထားတာဖြစ်ပြီး 90 mg Probiotic လို့ မဆိုလိုပါ။



💚 Powerful Health Probiotic
✅ 1 Capsule = 20 Billion CFU
✅ Prebiotic ပါဝင်ပြီး Formula မပြောင်းလဲပါ
✅ MAKTREK® Bi-Pass Technology ဖြင့် အူလမ်းကြောင်းအထိ Probiotic များကို ကာကွယ်ပို့ဆောင်ပေးနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။

🚛🚛Order မှာယူလိုပါက
Page Messanger 📩📩 နှင့်
Viber Ph 09-777189729, 09-442631415 ☎☎ များတွင်ဆက်သွယ်မေးမြန်း မှာယူနိုင်ပါတယ်ရှင့်




゚viralシfypシ゚viralシalシ

🇲🇲 မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်း ဖြန့်ချိသော Powerful Health Products များ၏ ထူးခြားချက် 🇲🇲✅ မြန်မာဘာသာဖြင့် အသုံးပြု...
16/07/2026

🇲🇲 မြန်မာနိုင်ငံသို့ တရားဝင်တင်သွင်း ဖြန့်ချိသော Powerful Health Products များ၏ ထူးခြားချက် 🇲🇲

✅ မြန်မာဘာသာဖြင့် အသုံးပြုပုံနှင့် လိုအပ်သော အချက်အလက်များ ပါဝင်သော အညွှန်းစာရွက် ထည့်သွင်းပေးထားပါသည်။ Bottles များတွင် Optimas Myanmar နာမည်နှင့် hologram လေးကပ်ထားပါတယ်။

✅ D-Ribose 500g တွင်လည်း မြန်မာစာဖြင့် ရိုက်နှိပ်ထားသော Box Packaging ပါရှိသဖြင့် အသုံးပြုရ ပိုမိုလွယ်ကူစေပါသည်။Box အတွင်းတွင် Original Aluminum Foil Bag ကို ထည့်သွင်းပေးထားသောကြောင့် ထုတ်ကုန်၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် လတ်ဆတ်မှု ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပါသည်။

Powerful Health Products များကို အလွယါတကူဝယ်ယူ နိုင်စေရန် မြို့နယ်အသီးသီးရှိ ဆေးဆိုင်၊ စတိုးဆိုင်တိုင်းမှာ ရရှိစေရန် ဖြန့်ချီထားပေးပါတယ်။

🇺🇸USA Made အရည်သွေးမြင့် Powerful Health Products များကို

✅တဆင့်ပြန်လည်ရောင််းချလိုသူများ၊

✅ လက်တွဲလုပ်ကိုင်လိုသူများ၊

✅လစ်လပ် ရာထူး အလုပ်ကိုင်များ လျောက်ထားလိုသူများ

Page Messanger 📩📩 နှင့်
Viber Ph 09-777189729, 09-442631415 ☎☎ များတွင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

💚 Powerful Health
Your Health, Our Success.

‼️‼️Urgent Required‼️‼️📢📣We are Hiring !!!!!📢📣Sale Associate ( 4 ) Posts --------------------------------------------✅ဆယ...
15/07/2026

‼️‼️Urgent Required‼️‼️

📢📣We are Hiring !!!!!📢📣

Sale Associate ( 4 ) Posts
--------------------------------------------

✅ဆယ်တန်းအောင် (သို့) မည်သည့် ဘွဲ့ရ မဆို လျှောက်ထားနိုင်ပါသည်။

✅️ အရောင်းပိုင်းနှင့် ပတ်သက်ပြီး တာ၀န်ယူ လုပ်ဆောင်ရမည် ဖြစ်ပါသည်။

✅️ Page admin အဖြစ် လုပ်ကိုင်ရမည် ဖြစ်ပြီး Page
နှင့် Page messanger ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

✅️ အရောင်းပိုင်းနှင့်ပတ်သက်သည့် အချက်အလက် များ၊ Customer များနှင့်ပတ်သက်သည့် အချက် အလက်များ မှတ်သားနိုင်ရမည်။ Customer များနှင့် Relationship တည်ဆောက်နိုင်ရမည်။

✅အရောင်းဘောက်ချာများ ရေးသွင်းရမည်။ အရောင်းနှင့် ပတ်သက်သည့် Software အား အသုံးပြုနိုင်ရမည်။

✅️ Stock စာရင်း အ၀င်အထွက် ထိန်းသိမ်းနိုင်ရမည်။

✅ အပေါ်မှပေးအပ်သည့် တာဝန်များကို အချိန်နှင့်တပြေးညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

✅️ Microsoft Excel, Word နှင့် Computer အခြေခံ တက်ကျွမ်းသူဖြစ်ရမည်။

✅️ အလုပ်အပေါ် စိတ်ဝင်စားမှု ရှိသူ၊ သင်ယူတက်မြောက်လိုစိတ် ရှိသူ၊ တာဝန်ယူမှု / တာဝန်ခံမှု ရှိသူဖြစ်ရမည်။

✅ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေးပြေပြစ်သူ၊ team work ဖြင့် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

✅ လစာ ( ညှိနှိုင်း)

✅ အသက် 18 နှစ် မှ 35 နှစ် အတွင်း လျှောက်ထားလိုသူ မည်သူမဆို မိမိတို့၏ CV နှင့်အတူ မျှော်မှန်းလစာ ရေးသား ပေးပို့ လျှောက်ထားနိုင်ပါသည်။
🛑🗓️ (24-7-2026) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။
🗓🕗 အလုပ်ချိန် -
Mon to Fri - 8 Am to 4 Pm
Sat - 8 Am to 12 Am
🛑 ပိတ်ရက်- Sunday & Gazetted Holiday

🏠Optimas Myanmar Co.,Ltd
Powerful Health Vitamins and Supplements
အမှတ်(၁၁၃)၊ ၄၉ လမ်း(အလယ်)
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

☎ 09 777 189 729
☎ 09 442 631 415

#အရောင်းဝန်ထမ်း

#ကုမ္ပဏီတိုက်ရိုက်
#အလုပ်ခေါ်စာ
#အလုပ်အကိုင်ရှာဖွေရေး

15/07/2026

💚 POWERFUL HEALTH PROBIOTIC 📩 Powerful Health Probiotic အကြောင်း သိလိုသည်များကို Comment သို့မဟုတ် Messenger မှာ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်ရှင့်

IBS (Irritable Bowel Syndrome) အမျိုးစားနှင့် Probiotic အမျိုးစားလိုက် အာနိသင်ကွဲပြားပုံအကြောင်းနှင့်Prebiotics ကို IBS ...
11/07/2026

IBS (Irritable Bowel Syndrome) အမျိုးစားနှင့် Probiotic အမျိုးစားလိုက် အာနိသင်ကွဲပြားပုံအကြောင်းနှင့်
Prebiotics ကို IBS မှာ သောက်လို့ ရလား?

IBS (Irritable Bowel Syndrome) သည် အူလမ်းကြောင်း၏ လုပ်ဆောင်မှုမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော အခြေအနေတစ်ခုဖြစ်ပြီး အဓိကအားဖြင့် အမျိုးအစား (၄) မျိုးရှိပါသည်။

IBS အမျိုးအစားတစ်ခုချင်းစီမှာ Probiotic အမျိုးစားလိုက်အပေါ် တုံ့ပြန်ပုံ မတူနိုင်ပါ။
Powerful Health Probiotic မှာပါတဲ့ Strains အမျိုးစားလိုက်ပြီး၊ IBS အမျိုးမျိုးပေါ် အကျိုးသက်ရောက်ပုံကို ဗဟုသုတဖော်ပြပေးလိုက်ပါတယ်။

1. IBS-D (Diarrhea Predominant)

လက္ခဏာများ

* ဝမ်းလျှောလွယ်ခြင်း
* ဗိုက်နာခြင်း
* အရေးပေါ် အိမ်သာသွားလိုခြင်း
* ဗိုက်အောင့်ခြင်း

Powerful Health Probiotic မှာပါဝင်သော Strains များနှင့်

* Lactobacillus rhamnosus – အူလမ်းကြောင်းအကာအကွယ်ကို ထောက်ပံ့ပေးနိုင်ပြီး ဝမ်းလျှောပြီးနောက် အူလမ်းကြောင်းပြန်လည်ကောင်းမွန်လာရန် ကူညီနိုင်သည်။
* Bifidobacterium longum – IBS ရှိသူအချို့တွင် ဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းကို လျော့နည်းစေနိုင်ကြောင်း လေ့လာမှုအချို့တွင် ဖော်ပြထားသည်။



2. IBS-C (Constipation Predominant)

လက္ခဏာများ

* ဝမ်းချုပ်ခြင်း
* ဗိုက်ဖောင်းခြင်း
* ဝမ်းသွားရခက်ခြင်း
* ဝမ်းမစင်သေးသလို ခံစားရခြင်း

Powerful Health Probiotic မှာပါဝင်သော Strains များနှင့်

* Bifidobacterium bifidum – အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ထောက်ပံ့ပေးနိုင်ပြီး ဝမ်းမှန်စေရန် အထောက်အကူဖြစ်နိုင်သည်။
* Lactobacillus acidophilus – အစာချေစနစ်ကို ထောက်ပံ့ပေးပြီး အူလမ်းကြောင်းကျန်းမာရေးကို ကူညီပေးနိုင်သည်။



3. IBS-M (Mixed Type)

လက္ခဏာများ

* တစ်ခါဝမ်းချုပ်၊ တစ်ခါဝမ်းလျှော
* ဗိုက်ဖောင်းခြင်း
* ဗိုက်နာခြင်း

Powerful Health Probiotic
Multi-strain probiotic ဖြစ်သောကြောင့် အူလမ်းကြောင်းရှိ microbiome ကို မျှတစေရန် အထောက်အကူဖြစ်နိုင်ပြီး IBS-M ရှိသူအချို့တွင် အစာချေစနစ်ကို ထောက်ပံ့ပေးနိုင်ပါသည်။



4. IBS-U (Unclassified)

ဤအမျိုးအစားတွင် IBS လက္ခဏာများရှိသော်လည်း အထက်ပါအမျိုးအစားများနှင့် တိတိကျကျ မကိုက်ညီပါ။ Probiotic သည် အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးနိုင်သော်လည်း တုံ့ပြန်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။

Powerful Health Probiotic မှာ Prebiotics ပါလို့ IBS ကို ပိုဆိုးစေနိုင်သလား?

တချို့လူများမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ ယာယီသာ ဖြစ်တတ်ပါတယ်။

Probiotic ကို စတင်သောက်သုံးတဲ့ ပထမ ၁–၂ ပတ်အတွင်း အချို့သောသူများမှာ အောက်ပါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

* လေပိုထွက်ခြင်း
* ဗိုက်ဖောင်းခြင်း
* ဗိုက်မအီမသာဖြစ်ခြင်း(အနည်းငယ်)

ဒီလက္ခဏာတွေဟာ အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများ (gut microbiome) က “ပြောင်းလဲညှိနှိုင်း” နေတဲ့ အချိန်မှာ ဖြစ်တတ်ပြီး၊ အများအားဖြင့် ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။

သတိပြုသင့်တဲ့အချက်

Powerful Health Probiotic မှာ Fructooligosaccharides (FOS) ဆိုတဲ့ Prebiotic ပါဝင်တဲ့အတွက် FODMAPs ကို အာရုံခံလွယ်တဲ့ IBS လူနာများ သို့မဟုတ် SIBO (Small Intestinal Bacterial Overgrowth – အူသေးအတွင်း ဘက်တီးရီးယားများ များပြားနေသောအခြေအနေ) ရှိသူများမှာ အစပိုင်းတွင် ဗိုက်ဖောင်းခြင်း၊ လေထခြင်း ပိုမိုခံစားရနိုင်ပါတယ်။

အကယ်၍ လက္ခဏာများ ပြင်းထန်လာခြင်း သို့မဟုတ် ၂–၄ ပတ်ကျော်အထိ မသက်သာဘဲ ဆက်လက်ရှိနေပါက Probiotic သောက်သုံးခြင်းကို ရပ်နားပြီး ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

Prebiotic ပါဝင်တဲ့ Powerful Health Probiotic အမျိုးစားကို IBS မှာ သောက်သုံးနိုင်ပါတယ်။ လေထိုးလေပွ လက္ခဏာများယာယီဖြစ်ပြီး ပျောက်ကင်းသွားပါတယ်။ အူလမ်းကြောင်းပြုပြင်ခြင်းဖြစ််ပြီး ရေရှည်မှာ အကျိုးများပါတယ်။

SIBO အူချိုအူသေးပိုင်းတွင်း ဘက်တီးရီးယားများနေခြင်းသည် IBS မဟုတ်ပါ။ SIBO ဆိုတာ အူသေး (Small Intestine) အတွင်းမှာ ဘက်တီးရီးယားများ ပုံမှန်ထက် ပိုမိုများပြားလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဲဒီဘက်တီးရီးယားတွေက အစားအစာကို အချိန်မတိုင်မီ ချေဖျက်ပြီး ဓာတ်ငွေ့ (Gas) များစွာ ထုတ်လုပ်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

IBS ဆိုတာ အူလမ်းကြောင်းရဲ့ လုပ်ဆောင်ပုံ မမှန်ခြင်း (Functional Gastrointestinal Disorder) ဖြစ်ပြီး အူထဲမှာ အနာ၊ ရောင်ရမ်းမှု သို့မဟုတ် ကင်ဆာလို ဖွဲ့စည်းပုံပြောင်းလဲမှု မရှိဘဲ လက္ခဏာတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

SIBO နှင့် IBS သည် လက္ခဏာများ ဆင်တူစွာဖြစ်ပေါ်နေတတ်ပြီး ဆရာဝန်များကသာ စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

Powerful Health Probiotic တွင် MAKTREK® Bi-Pass Technology ကို အသုံးပြုထားသောကြောင့် Probiotic ဘက်တီးရီးယားများကို အစာအိမ်အက်စစ် (Stomach Acid) နှင့် သည်းရည် (Bile Acid) မှ ကာကွယ်ပေးနိုင်ပြီး အူလမ်းကြောင်း (Intestine) အထိ အသက်ရှင်စွာ ရောက်ရှိနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။

MAKTREK® Bi-Pass Technology ရဲ့ အားသာချက်

✅ အစာအိမ်အက်စစ်ကို ခံနိုင်ရည်ပိုကောင်းစေသည်။
✅ Probiotic များကို အူလမ်းကြောင်းအထိ အသက်ရှင်စွာ ပို့ဆောင်နိုင်ရန် ကူညီပေးသည်။
✅ အကျိုးပြုဘက်တီးရီးယားများ အူလမ်းကြောင်းတွင် ပိုမိုတည်ငြိမ်စွာ အလုပ်လုပ်နိုင်ရန် ထောက်ပံ့ပေးသည်။
ထိရောက်သော အာနိသင်ပြည့်ဝသော Powerful Health ဖြစ်ပါတယ်။

💚 ဝမ်းလျှောနေလို့ Probiotic သောက်လို့ရလား?အဖြေကတော့ ရပါတယ်။ ✅ဝမ်းလျှောနေချိန်မှာ အူလမ်းကြောင်းအတွင်းရှိ ကောင်းမွန်တဲ့အကျ...
09/07/2026

💚 ဝမ်းလျှောနေလို့ Probiotic သောက်လို့ရလား?

အဖြေကတော့ ရပါတယ်။ ✅

ဝမ်းလျှောနေချိန်မှာ အူလမ်းကြောင်းအတွင်းရှိ ကောင်းမွန်တဲ့အကျိုးပြုဘက်တီးရီးယား (Good Bacteria) တွေ လျော့နည်းသွားနိုင်ပါတယ်။ Probiotic က အူလမ်းကြောင်းရှိ အကျိုးပြုဘက်တီးရီးယားများကို ပြန်လည်ဖြည့်တင်းပေးပြီး အူလမ်းကြောင်း၏ သဘာဝညီမျှမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။

🌿 Probiotic သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ
✅ ဝမ်းလျှောဖြစ်နေတဲ့ကာလကို တိုစေနိုင်ရန် အထောက်အကူပြုနိုင်သည်။
✅ အူလမ်းကြောင်း Microbiome ကို ပြန်လည်ညီမျှစေသည်။
✅ အစာချေဖျက်မှုကို ကူညီပေးသည်။
✅ Antibiotic သောက်ပြီးနောက် ဖြစ်တတ်သော ဝမ်းလျှောခြင်းကိုလည်း လျော့နည်းစေရန် အထောက်အကူပြုနိုင်သည်။
✅ အူလမ်းကြောင်းကျန်းမာရေးနှင့် ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်သည်။

💧 ဝမ်းလျှောနေချိန်မှာ
• ရေများများသောက်ပါ။
• ဓာတ်ဆားရည် (ORS) ကို လိုအပ်သလို သောက်ပါ။
• အဆီများသောအစားအစာများနှင့် အစပ်အရမ်းများသောအစားအစာများကို ခေတ္တရှောင်ပါ။

⚠️ သတိပြုရန်
ဝမ်းလျှောခြင်းသည် ၂ ရက်မှ ၃ ရက်ကျော်ကြာနေခြင်း၊ သွေးပါဝမ်းသွားခြင်း၊ အဖျားမြင့်ခြင်း၊ သို့မဟုတ် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါသည်။

💚 Powerful Health Probiotic သည် အူလမ်းကြောင်းကျန်းမာရေးကို နေ့စဉ်ထိန်းသိမ်းရန်နှင့် အကျိုးပြုဘက်တီးရီးယားများကို ထောက်ပံ့ပေးရန် ရည်ရွယ်ထုတ်လုပ်ထားသော အာဟာရဖြည့်စွက်စာ ဖြစ်ပါသည်။

📩 Probiotic အကြောင်း သိလိုသည်များကို Comment သို့မဟုတ် Messenger မှာ လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်။

04/07/2026

Address

No. 113, 49th Street Middle Block, Pazundaung Township
Yangon

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00

Telephone

+959777189729

Alerts

Be the first to know and let us send you an email when Powerful Health Vitamins and Dietary Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share