07/09/2026
ခါးနာပေါင်တန်းနာ (Sciatica) ဘာကြောင့်ဖြစ်တာလဲ ❓❓❓
👉ခါးအောက်ပိုင်းကနေ စတင်ပြီး တင်ပါး၊ ပေါင်နောက်ဘက်နဲ့ ခြေသလုံးအထိ အပ်နဲ့ထိုးသလို သို့မဟုတ် စူးစူးရှရှ တန်းပြီး နာကျင်နေခြင်း။
👉ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ ဒါမှမဟုတ် ရုတ်တရက် လှည့်လိုက်တဲ့အခါ နာကျင်ကိုက်ခဲမှု ပိုဆိုးခြင်း။
👉ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် ဝမ်းညှစ်လိုက်တဲ့အခါ နာကျင်မှု ပိုတိုးလာတတ်ခြင်း။
👉နာကျင်တဲ့ ခြေထောက်တစ်ဖက်တည်းမှာပဲ ထုံကျင်နေတာ၊ အနေရခက်တာ၊ ခြေထောက် သို့မဟုတ် ခြေဖဝါးမှာ အားမရှိတော့ဘဲ လေးပင်နေသလို ခံစားရခြင်း၊ ခြေထောက်ကြွက်သားတွေ အားနည်းသွားခြင်း။
ဒီလက္ခဏာတွေကတော့ လူအများစုမှာ အဖြစ်များတဲ့ ခါးကြောညပ်ခြင်း (သို့မဟုတ်) ဆိုင်ယာတစ်အာရုံကြော ဖိမိခြင်း (Sciatica / ခါးနာပေါင်တန်းနာ) ရဲ့ ပုံစံလက္ခဏာတွေဖြစ်ပါတယ်။
🧑⚕️ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအာရုံကြောဖြစ်တဲ့ Sciatic Nerve ဟာ ခါးအောက်ပိုင်းကနေ စတင်ပြီး တင်ပါးနဲ့ ခြေထောက်နှစ်ဖက်ဆီ ဆင်းသွားပါတယ်။ ဒီအာရုံကြောလမ်းကြောင်းမှာ
♦️ခါးရိုးဆစ်များကျွံခြင်း (Herniated Disc)
♦️ခါးရိုးဆစ် ရောင်ရမ်းဟောင်းနွမ်းခြင်း (Degenerative Disc Disease)
♦️ခါးရိုးဆစ် လမ်းကြောင်း ကျဉ်းသွားခြင်း (Spinal Stenosis)
♦️တင်ပါးဆုံတွင်းရှိ ကြွက်သားများ တင်းလွန်းခြင်း (Piriformis Syndrome)
တစ်ခုခုကြောင့် ဆိုင်ယာတစ် အာရုံကြောကိုဖိမိပြီး အခုလို စူးရှပြီး ပေါင်တန်းနာတဲ့ဝေဒနာ ခံစားရခြင်းဖြစ်ပါတယ်။
#ကျန်းမာသုခအထူးကုဆေးခန်းနှင့်တိုင်ပင်ပါ