07/08/2026
ဒီအပတ်မှာတော့ အမာရွတ် အကြောင်း သိကောင်းစရာများကို မျှဝေပေးပါရစေ....📣
အမာရွတ် ဆိုပြီး အမျိုးမျိုး အမည်တပ်ကြတဲ့အထဲမှာမှ အရေပြားအပေါ်ဘက် အသားတက် ဖောင်းကြွပြီး ကြည့်ရဆိုးနေတဲ့ အမာရွတ် အကြီးကြီးတွေအကြောင်း ပြောပြပေးပါရစေ 🗣
သူတို့တွေဟာ သတ်လတ်ပိုင်းအရွယ်မှာတော့ ပိုအဖြစ်များကြပါတယ် 👨🏻🦰👱♀️
ကျားမ 🚹🚺မရွေးဖြစ်နိုင်ပြီး သွေးအုပ်စု အေ 🅰️သမားတွေရယ် အသားညိုတဲ့🧑🏽🦱👩🏽🦱လူမျိုးတွေမှာ ပိုအဖြစ်များပါတယ်
ဘာကြောင့်ဖြစ်တာလဲ ဆိုတာတော့ တိတိကျကျမသိကြသေးပါဘူး ❓
အရေပြားထိခိုက်ဒဏ်ရာရတဲ့နေရာတွေမှာ ဖြစ်တတ်ကြပါတယ် ဥပမာ ခွဲစိတ်အနာတွေမှာဖြစ်တာမျိုး ဆီပူလောင်တဲ့နေရာတွေ ဝက်ခြံညှစ်ထားတဲ့နေရာ ရေကျောက်ပေါက်ထားတဲ့နေရာတွေ နားဖောက်တဲ့နေရာ တက်တူးထိုးထားတဲ့နေရာ တက်တူးဖျက်ထားတဲ့နေရာတွေ မှာလည်း ဖြစ်တတ်ကြပါတယ်
သူတို့တွေက တစ်ခါတရံယားယံတတ်ကြပြီး ထိမိရင်လည်း နာတတ်ကြပါတယ် 😖
အရောင်အားဖြင့် အသားရောင် သို့ အနီရောင် သို့ အပြာရောင်သန်းတတ်ကြပါတယ်
အဖြစ်များတဲ့နေရာတွေကတော့ နား(ဖျား) ပုခုံး နောက်ကျော ရင်ဘတ် တွေမှာအဖြစ်များတတ်ပါတယ်ရှင်
အရေပြားအပေါ် ဖောင်းကြွနေတဲ့ အမာရွက်မှာမှ ၂ မျိုး ရှိပါသေးတယ်2️⃣
ဒဏ်ရာရဲ့ အရွယ်အစားအတိုင်း ဖြစ်တဲ့ အမာရွတ် (Hypertrophic scar)နဲ့ ဒဏ်ရာ အရွယ်အစားထက်ပိုကြီးပြီး ဖြစ်တတ်တဲ့ အမာရွတ် (Keloid) တို့ပဲ ဖြစ်ပါတယ်
Hypertrophic scar ကတော့ အချိန်ကြာလာရင် တဖြည်းဖြည်းမှိန်ဖျော့ ပျောက်လာနိုင်ပြီး Keloid scar ကတော့ အရွယ်အစားတဖြည်းဖြည်းကြီးလာနိုင်ပါတယ်
Keloid scar က ထိခိုက်ဒဏ်ရာ မရဘဲနဲ့တောင် ရင်ဘတ်အထက်နားတဝိုက်မှာ သူ့အလိုလို ပေါ်လာနိုင်ပါသေးတယ်
ကုသမှုတွေက
အမာရွတ်အတွင်းသို့ ဆေးထိုးကုသခြင်း
အအေးဓာတ်ဖြင့် ကုသခြင်း
Silicone ဖြင့် ကုသခြင်း
လေဆာဖြင့်ကုသခြင်း
အထက်ပါ ကုသခြင်းများနဲ့တွဲဖက်ပြီး ခွဲစိတ်ကုသခြင်း၊ သောက်ဆေးဖြင့်ကုသခြင်းတို့ အမျိုးမျိုးရှိတဲ့အတွက်
တတ်ကျွမ်းနားလည်တဲ့ အရေပြားအထူးကုများနဲ့ 👨⚕️👩⚕️တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုပါတယ်နော်
အရေပြားမှာ ဒီလိုမျိုးအမာရွတ် ဖြစ်တတ်တဲ့သူတွေက ထိခိုက်ဒဏ်ရာမရအောင်နေဖို့ အရမ်းအရေးကြီးပါတယ်🛑
ဘယ်လောက်တောင် အရေးကြီးလဲဆိုရင်တော့ နားကပ်ဝတ်ဖို့ နားတောင် မဖောက်သင့်ဘူး🙅🏻♀️လို့တောင် ဆိုပါတယ်နော်
အားလုံး လှပကျန်းမာကြပါစေ🙏🙏
💘💘💘💘💘💘💘💘💘💘💘💘💘💘💘
အရေပြားအထူးကုဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူချင်ရင် ဟိန်းအရေပြားအထူးကုဆေးခန်းကို ကြွခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
🎄ဟိန်း🎄
အရေပြားဆေးခန်း(1)
N3၊ အခန်း၀၀၂
လေးထောင့်ကန်လမ်းမကြီး
တာမွေမြို့နယ်
ကျိုက်က္ကစံ superone အနီး
တာမွေ ILBC အရှေ့
📲09960792942
⏰နေ့စဥ် ညနေ ၃ နာရီစဖွင့်ပါတယ်
စနေနေ့ မနက်ပိုင်း မနက်၉း၀၀မှ ၁၁း၀၀နါရီထိ
🚐ရောက်တဲ့ ဘတ်စ်အမှတ်တွေက 3 ' 7 '13' 62တို့ပါရှင်
တာမွေသံလမ်းမှတ်တိုင်မှာ ဆင်းရပါမယ်နော်
🎄ဟိန်း🎄
အရေပြားဆေးခန်း(2)
ထက်ထက်ဓာတ်ခွဲခန်း
၂၅၁
ဗိုလ်မြတ်ထွန်းလမ်းမကြီး
ရွှေကူရပ်ကွက်
ဟသာ်တမြို့
📲💘💘💘💘💘💘💘💘💘💘💘💘💘💘💘
အရေပြားအထူးကုဆရာဝန်တွေနဲ့ ပြသကုသမှု ခံယူချင်ရင် ဟိန်းအရေပြားအထူးကုဆေးခန်းကို ကြွခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
🎄ဟိန်း🎄
အရေပြားဆေးခန်း(1)
N3၊ အခန်း၀၀၂
လေးထောင့်ကန်လမ်းမကြီး
တာမွေမြို့နယ်
ကျိုက်က္ကစံ superone အနီး
တာမွေ ILBC အရှေ့
📲09960792942
⏰နေ့စဥ် ညနေ ၃ နာရီစဖွင့်ပါတယ်
စနေနေ့ မနက်ပိုင်း မနက်၉း၀၀မှ ၁၁း၀၀နါရီထိ
🚐ရောက်တဲ့ ဘတ်စ်အမှတ်တွေက 3 ' 7 '13' 62တို့ပါရှင်
တာမွေသံလမ်းမှတ်တိုင်မှာ ဆင်းရပါမယ်နော်
🎄ဟိန်း🎄
အရေပြားဆေးခန်း(2)
၂၅၁
ဗိုလ်မြတ်ထွန်းလမ်းမကြီး
ရွှေကူရပ်ကွက်
ဟသာ်တမြို့
📲09797196435
တနလာ်မှ စနေထိ မနက်၇:၃၀မှ ၉:၃၀ထိ
ညနေ ၄ နာရီ မှ ၆ နာရီ အထိပါ
တနလာ်မှ စနေထိ မနက်၇:၃၀မှ ၉:၃၀ထိ
ညနေ ၄ နာရီ မှ ၆ နာရီ အထိပါ