04/09/2026
မွေးမြူရေးကြက်တွေမှာ ဝမ်းရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ
ယခုအပတ်မှာတော့ မြန်မာနိုင်ငံအတွင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် မွေးမြူရေးကြက်တွေမှာ ဝမ်းရောဂါဖြစ်ရတဲ့ အကြာင်းအရင်းတွေနဲ့ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ ယခုလိုမိုးရာသီကာလနှင့် မိုးနှောင်းပိုင်းကာလတွေမှာ မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ မိမိမွေးမြူတဲ့ကြက်တွေမှာ ဝမ်းရောဂါဖြစ်တာကို အများစုရင်ဆိုင်နေရပါတယ်။
(၁) တိရစ္ဆာန်အစာမှာ မှိုဆိပ်ပါဝင်မှုများခြင်း
ယခုလိုမိုးရာသီကာလမှာ မှိုတွေဟာ တိရစ္ဆာန်အစာကုန်ကြမ်းများဖြစ်တဲ့ ဂျုံ၊ ပြောင်းနှင့် မုယောစပါးအပြင် အဆင်သင့် စားသုံးနိုင်တဲ့ ကြက်စာ (Finished feed) တွေမှာလည်း လုံလောက်တဲ့အပူချိန်နှင့် စိုထိုင်းစရရှိနေလျှင် မှိုဆိပ်များကို ထုတ်လုပ်လေ့ရှိပါတယ်။ တိရစ္ဆာန်အစာကုန်ကြမ်းများတွင် အများဆုံးတွေ့ရတတ်တဲ့ မှိုဆိပ်အမျိုးစားအချို့မှာ Aflatoxins၊ Altenaria mycotoxins၊ Ergot alkaloids၊ Fumonisins ၊ Ochratoxins နှင့် Trichothecenes A & B တို့ပဲဖြစ်ပါတယ်။ ယခုလို မှိုဆိပ် (Mycotoxins) တွေပါရှိနေတဲ့ ကြက်စာကို စားသုံးမိတဲ့အခါ ကြက်တွေမှာ အူလမ်းကြောင်းကျန်းမာရေး ထိခိုက်တာကြောင့် ဝမ်းရောဂါအတွေ့ရများရခြင်းပဲဖြစ်ပါတယ်။
(၂) ကြက်ခြံကို လွဲမှားစွာ စီမံခန့်ခွဲမှု
မိမိကြက်ခြံအတွင်း အပူချိန်နှင့် စိုထိုင်းစမြင့်မားလာတဲ့အခါ ကြက်များအပူဒဏ်သင့်ပြီး ကြက်သောက်ရေကို လိုအပ်သည်ထက်ပိုသောက်သုံးတာကြောင့် တစ်ခါတစ်ရံ ဝမ်းပျော့တာကိုတွေ့ရတတ်ပါတယ်။ အပူဒဏ်သင့်တဲ့ ကြက်များမှာ အူလမ်းကြောင်း၏ ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်ဆောင်မှုအားနည်းလာကာ နောက်ဆက်တွဲအနေနှင့် ဝမ်းရောဂါအဖြစ်များလာတာတွေ့ရတတ်ပါတယ်။ ဒါ့အပြင်ယခုလို မိုးရာသီကာလမှာ ကြက်သောက်ရေမှာ ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားများ ပိုမိုပေါက်ဖွားနိုင်တာကြောင့် မွေးမြူတဲ့ကြက်များမှာ ဝမ်းရောဂါဖြစ်တာကို ပိုမိုတွေ့ရတတ်ပါတယ်။
(၃) ဝမ်းရောဂါကိုဖြစ်စေတဲ့ရောဂါပိုးများ
ယခုလိုမိုးရာသီကာလမှာ မွေးမြူရေးလုပ်ငန်းရှင်အများစုဟာ မိမိမွေးမြူထားတဲ့ ကြက်တွေမှာ သွေးဝမ်းရောဂါ (coccidiosis) အဖြစ်များတာ တွေ့ရတတ်ပါတယ်။ ၎င်းရောဂါဟာ ကြက်တွေရဲ့အူလမ်းကြောင်း ကို ပျက်စီးစေတဲ့ အူတွင်းကပ်ပါးပိုး (protozoan parasite) ကြောင့်ဖြစ်ပွားရခြင်းပဲဖြစ်ပါတယ်။ ယခုလို မိုးရာသီကာလမှာ ကြက်ခြံအခင်းစိုစွတ်မှုကြောင့် တစ်ကောင် သွေးဝမ်းရောဂါခံစားရလျှင် ကြက်တစ်အုပ်စုလုံး ရောဂါအလွယ်တကူ ကူးစက်နိုင်ပါတယ်။
နိုင်ငံတစ်ကာမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးကြက်တွေမှာ ဝမ်းရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရန်နှင့် ဝမ်းရောဂါကြောင့်ပျက်ဆီးသွားသော အကျိုးပြုဘက်တီးရီးယား နေရာတွင် အစားထိုးနိုင်ရန် လက်ခံအသုံးပြုနေတဲ့ ပစ္စည်းမှာ Probiotics ပဲဖြစ်ပါတယ်။ ၎င်းအကျိုးပြုပိုးတွေပါဝင်တဲ့ Probio-P ကိုကြက်သောက်ရေ (သို့) ကြက်စာတွင်ထည့်စပ်တိုက်ကျွေးခြင်းဖြင့် အူလမ်းကြောင်းကျန်းမာရေးကို ပြန်လည်ထိန်းညှိနိုင်ပါတယ်။
_______
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 အနေဖြင့် ကြက်နှင့် ဝက်မွေးမြူရေးနှင့် ကျန်းမာရေးအတွက် အရေးကြီးသည့် အူလမ်းကြောင်းအားဖြည့်ဆေး 𝐏𝐑𝐎𝐁𝐈𝐎 ကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန 𝐅𝐃𝐀 ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ ပြည်တွင်း၌ ထုတ်လုပ်ကာ မြန်မာနိုင်ငံရှိ ကြက်၊ဝက်နှင့် အခြားသောတိရိစ္ဆာန်များ မွေးမြူရေးလုပ်ငန်းရှင်များကို ကူညီနိုင်ရန်အသင့်ရှိနေပါတယ်။
𝐏𝐑𝐎𝐁𝐈𝐎 ဖြန့်ချိရေးနှင့် ကိုယ်စားလှယ်မှာယူလိုသူများ တိုက်ရိုက်ဆက်သွယ်ရန် -
အထက်မြန်မာပြည်ရုံးချုပ်
09259061312
09440008164
အောက်မြန်မာပြည်ရုံးချုပ်
09770916892
09442647210
ရန်ကုန်ရုံးချုပ် - 09263709553
Myanmar Innovative Life Sciences (MILS)
အမှတ် ၁၆၅၊ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
Facebook: https://www.facebook.com/share/18fKARm67Z
Viber: https://invite.viber.com/?g2=AQBEhFLj8bcs0lW3cesV5Eqj%2BxoXjU8viVQqChfb11L
Xwp1peg7HibY%2BiP5j9aIY
TikTok: https://www.tiktok.com/?_r=1&_t=ZS-95wQrvTAqhw
Website: www.milsciences.com
E-mail: [email protected]