Kan Thar Specialist Clinic - ကံသာ အထွေထွေရောဂါ နှင့် ခွဲစိတ်အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Kan Thar Specialist Clinic - ကံသာ အထွေထွေရောဂါ နှင့် ခွဲစိတ်အထူးကုဆေးခန်း

Kan Thar Specialist Clinic - ကံသာ အထွေထွေရောဂါ နှင့် ခွဲစိတ်အထူးကုဆေးခန်း Specialist clinic focused on General Medicine and Surgical Care. Your health is our priority.

မိခင်ကော ကလေးပါ ကျန်းမာပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးဖြစ်ဖို့ 'သားဆက်ခြားခြင်း' ကို စနစ်တကျ တိုင်ပင်ဖူးပါသလား?သားဆက်ခြာ...
08/08/2026

မိခင်ကော ကလေးပါ ကျန်းမာပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးဖြစ်ဖို့ 'သားဆက်ခြားခြင်း' ကို စနစ်တကျ တိုင်ပင်ဖူးပါသလား?

သားဆက်ခြားတယ်ဆိုတာ သားသမီးမယူတော့တာ မဟုတ်ပါဘူး။ မိခင်ရဲ့ ခန္ဓာကိုယ် ပြန်လည်ကျန်းမာဖို့နဲ့ မွေးဖွားလာမယ့် ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်လုံလောက်စွာ ရရှိစေဖို့ ဖြစ်ပါတယ်။

ကံသာဆေးခန်းတွင် အမျိုးသမီးများနှင့် အိမ်ထောင်ရှင်မများအတွက် စိတ်ချရသော သားဆက်ခြား ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါတယ် -
လက်မောင်းအတွင်း သားဆက်ခြားပစ္စည်း (Implant) ထည့်ခြင်း/ထုတ်ခြင်း။
သားဆက်ခြားဆေး ထိုးနှံပေးခြင်း နှင့် သားဆက်ခြားခြင်းဆိုင်ရာ ကျန်းမာရေးဆွေးနွေး အကြံပေးခြင်း။
သင့်ဘဝတွက်ချက်မှုနဲ့ အကိုက်ညီဆုံးဖြစ်မယ့် နည်းလမ်းကို ကံသားဆေးခန်းမှာစိတ်ချလက်ချ လာရောက်ဆွေးနွေးလိုက်ပါရှင့် ။

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #သားဆက်ခြားခြင်း #ကျန်းမာရေးဗဟုသုတ #တောင်ဥက္ကလာပ #ကျန်းမာရေး

နည်းလမ်းကို ကံသာဆေးခန်းမှာ စိတ်ချလက်ချ လာရောက်ဆွေးနွေးလိုက်ပါရှင့်✨

ခန္ဓာကိုယ်ပေါ်မှာ ဒါမှမဟုတ် ရင်သားမှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်လေးတွေ စမ်းမိနေပါသလား?အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ...
28/07/2026

ခန္ဓာကိုယ်ပေါ်မှာ ဒါမှမဟုတ် ရင်သားမှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်လေးတွေ စမ်းမိနေပါသလား?

အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ်မှာ အလုံးအကျိတ်တစ်ခုခု စမ်းမိတဲ့အခါ ကင်ဆာဖြစ်မှာ ကြောက်လို့ ဆေးခန်းမပြဘဲ နေတတ်ကြပါတယ်။ တကယ်တော့ စောစောစီးစီး စစ်ဆေးတွေ့ရှိရင် အလွယ်တကူ ခွဲစိတ်ဖယ်ရှားပြီး အသက်အန္တရာယ်ကနေ စိတ်ချလက်ချ ကာကွယ်နိုင်ပါတယ်။

ကံသာဆေးခန်းတွင် -
အမျိုးသမီး ရင်သားအကျိတ်များ
သားအိမ်နှင့် မမျိုးဥအိမ်ဆိုင်ရာ အကျိတ်များ
ခန္ဓာကိုယ်အနှံ့ရှိ အဆီကျိတ်၊ အကျိတ်နာမျိုးစုံကို ခွဲစိတ်အထူးကု ဆရာဝန်ကြီးက သေချာစွာ စမ်းသပ်စစ်ဆေးပြီး အောင်မြင်စွာ ခွဲစိတ်ကုသပေးနေပါတယ်။

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #ကျန်းမာရေးဗဟုသုတ #အဆီကျိတ် #ရင်သားကင်ဆာ #ကျန်းမာရေး #တောင်ဥက္ကလာပ

စိုးရိမ်စိတ်တွေနဲ့ နေ့ရက်တွေကို မဖြတ်သန်းပါနဲ့။ ကံသာမှာ လာရောက်ပြသ တိုင်ပင်နိုင်ပါတယ်။

ခဏခဏ ခေါင်းမူး၊ ရင်တုန်၊ မောပန်းလွယ်နေပြီး သာမန်ပင်ပန်းတာပဲဆိုပြီး ပစ်ထားမိနေသလား?သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ အသည်းရောဂ...
22/07/2026

ခဏခဏ ခေါင်းမူး၊ ရင်တုန်၊ မောပန်းလွယ်နေပြီး သာမန်ပင်ပန်းတာပဲဆိုပြီး ပစ်ထားမိနေသလား?

သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ အသည်းရောဂါတွေဟာ အစပိုင်းမှာ လက္ခဏာသိပ်မပြဘဲ နောက်ဆက်တွဲ ဆိုးကျိုးကြီးမားတတ်တဲ့ ‘တိတ်ဆိတ်တဲ့ လူသတ်သမား’ တွေ ဖြစ်ကြပါတယ်။ မိမိ ခန္ဓာကိုယ်ရဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို လျစ်လျူမရှုပါနဲ့။

ကံသာဆေးခန်းတွင် ခွဲစိတ်ရောဂါများအပြင် ~
နှလုံး၊ သွေးတိုး၊ ဆီးချို ဝေဒနာရှင်များအသည်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါအခံရှိသူများ၊ဖျားနာ၊ချောင်းဆိုး၊ အထွေထွေကျန်းမာရေး ချို့ယွင်းသူများအတွက် အထူးကုဆရာဝန်ကြီးကိုယ်တိုင် အနီးကပ် သေချာစွာ စမ်းသပ်စစ်ဆေးပြီး စနစ်တကျ ရေရှည်ဆေးကုသမှု လမ်းညွှန်ပေးနေပါတယ်ရှင်✨

ကျန်းမာရေးဆိုတာ အချိန်ဆွဲလို့မရတဲ့အရာမို့ အခုပဲ လာရောက်တိုင်ပင်ပြသလိုက်တော့နော်✨

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #တောင်ဥက္ကလာပ

မိမိဆီကနေတစ်ဆင့် အိမ်သူအိမ်သားတွေဆီ မသိလိုက်ဘဲ ကူးစက်သွားနိုင်တဲ့ ‘အသည်းရောင်အသားဝါပိုး’ အကြောင်း ကြိုတင်ပြင်ဆင်ထားပါသလာ...
12/07/2026

မိမိဆီကနေတစ်ဆင့် အိမ်သူအိမ်သားတွေဆီ မသိလိုက်ဘဲ ကူးစက်သွားနိုင်တဲ့ ‘အသည်းရောင်အသားဝါပိုး’ အကြောင်း ကြိုတင်ပြင်ဆင်ထားပါသလား?

ခန္ဓာကိုယ်က နေကောင်းနေတာပဲ... ဘာရောဂါမှမရှိလောက်ပါဘူး" ဆိုပြီး ပေါ့ပေါ့လေး တွေးနေတုန်းလား?

အသည်းရောင်အသားဝါ B ပိုးနဲ့ C ပိုးတွေဟာ ခန္ဓာကိုယ်ထဲကို ရောက်ရှိနေပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ မည်သည့်လက္ခဏာမှ ပြသခြင်းမရှိဘဲ တိတ်တဆိတ် အသည်းကို ဖျက်ဆီးတတ်ကြပါတယ်။ ရောဂါကျွမ်းလာပြီး အသားဝါ၊ မျက်လုံးဝါ၊ ဗိုက်နာဗိုက်အောင့် ဖြစ်လာတဲ့အချိန်ကျမှ သိရရင်တော့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာဖြစ်ပွားခြင်းတို့အထိ ပြင်းထန်တဲ့ အသက်အန္တရာယ်ကို ကြုံတွေ့ရတတ်ပါတယ်။
ဖျားနာကိုက်ခဲပြီး ရောဂါဝေဒနာ ခံစားရမှ ကုသရတာဟာ ငွေကုန်ကြေးကျများတဲ့အပြင် လူလည်း ပင်ပန်းရပါတယ်။ ဒါကြောင့် မိမိခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ရှိ၊ မရှိကို စောစီးစွာ စစ်ဆေးပြီး မဖြစ်ခင်က ကြိုတင်ကာကွယ်ထားခြင်းကသာ မိမိနဲ့ မိမိမိသားစုအတွက် အကောင်းဆုံး သံချပ်ကာ ဖြစ်ပါတယ်။

🏥 Kanthar (ကံသာ) ဆေးခန်းတွင် မိသားစုဝင်အားလုံး ရောဂါဘယကင်းဝေးပြီး စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့အတွက် အထူးကုဆရာဝန်ကြီးကိုယ်တိုင် အနီးကပ် သေချာစွာ စမ်းသပ်စစ်ဆေးပြီး စနစ်တကျ လမ်းညွှန်တိုင်ပင် ကုသပေးနေတာပါပြီးနော် 😍

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#အသည်းရောင်အသားဝါပိုး #အသည်းရောင် #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး

#ကံသာဆေးခန်း #တောင်ဥက္ကလာပ

အနာက သေးသေးလေးပဲ၊ နာလည်းမနာဘူးဆိုပြီး ပစ်ထားမိသလား? ဆီးချိုအနာတွေရဲ့ တိတ်ဆိတ်တဲ့အန္တရာယ်ကို မပေါ့ဆပါနဲ့။ 🚨🚨"ဆီးချိုအနာက ...
29/06/2026

အနာက သေးသေးလေးပဲ၊ နာလည်းမနာဘူးဆိုပြီး ပစ်ထားမိသလား? ဆီးချိုအနာတွေရဲ့ တိတ်ဆိတ်တဲ့အန္တရာယ်ကို မပေါ့ဆပါနဲ့။ 🚨🚨

"ဆီးချိုအနာက မနာတော့ သိပ်မစိုးရိမ်ရဘူး" လို့
ပေါ့ပေါ့လေး တွေးနေမိပါသလား?
ဆီးချိုဝေဒနာရှင်တွေဟာ သွေးကြောနဲ့ အာရုံကြော ထိခိုက်မှုတွေကြောင့် ခြေထောက်မှာ အနာတရဖြစ်ရင် ကောင်းကောင်းမသိသာတတ်ကြသလို၊ သွေးလှည့်ပတ်မှု အားနည်းတာကြောင့် အနာကျက်ဖို့ အလွန်ခက်ခဲတတ်ပါတယ်။
သာမန်ပွန်းပဲ့နာ၊ ဖိနပ်ပေါက်တာလေးကို ပေါ့ဆပြီး ပစ်ထားမိရင် အချိန်တိုအတွင်းမှာပဲ ပြည်တည်နာ ဖြစ်လာတတ်ပြီး၊ ရောဂါကျွမ်းသွားပါက အသားပုပ်ကာ ခြေထောက် ဖြတ်ရသည်အထိ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့် ဆီးချိုအခံရှိသူတွေအနေနဲ့ မိမိခြေထောက်မှာ အနာအသေးအမွှားလေးပဲဖြစ်ဖြစ် တွေ့ရှိတာနဲ့ ချက်ချင်း စနစ်တကျ ကုသမှုခံယူဖို့ အရေးကြီးဆုံးပါပဲ။

🏥 Kanthar (ကံသာ) ဆေးခန်းတွင် ဆီးချိုဝေဒနာရှင်များအတွက်...
✅ ဆီးချိုကြောင့် ဖြစ်တတ်တဲ့ ပြည်တည်နာ၊ အနာရောဂါအမျိုးမျိုးတို့ကို အနာကျက်မြန်အောင် အထူးဂရုစိုက် ကုသပေးခြင်း။
✅ ခွဲစိတ်အထူးကုဆရာဝန်ကြီးကိုယ်တိုင် အနီးကပ် သေချာစွာ စမ်းသပ်စစ်ဆေးပြီး စနစ်တကျ လမ်းညွှန်ကုသပေးခြင်း။
✅ ဆီးချိုအနာတွေကို ကြိတ်မှိတ်အောင့်ခံမနေဘဲ အချိန်မီ ကာကွယ်ကုသပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်လိုက်ပါရှင့်✨

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း, ၆ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #ဆီးချိုနာ #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #တောင်ဥက္ကလာပ

ခုလို မိုးရာသီမှာ ကလေးက ရုတ်တရက် အပြင်းဖျားပြီး မှိန်းနေပါသလား? သာမန်အအေးမိဖျားနာတာ မဟုတ်ဘဲ‘သွေးလွန်တုပ်ကွေး’ ဖြစ်နိုင်တ...
21/06/2026

ခုလို မိုးရာသီမှာ ကလေးက ရုတ်တရက် အပြင်းဖျားပြီး မှိန်းနေပါသလား?

သာမန်အအေးမိဖျားနာတာ မဟုတ်ဘဲ
‘သွေးလွန်တုပ်ကွေး’ ဖြစ်နိုင်တာမို့ ပေါ့ဆလို့ လုံးဝမရပါဘူး။

မိုးဦးကျကာလကစလို့ မိုးရာသီတစ်လျှောက်လုံးမှာ အိမ်တွင်း၊ အိမ်ပြင် ပတ်ဝန်းကျင်တွေမှာ ခြင်ကျားတွေ ပေါက်ပွားမှု ပိုမိုများပြားလာပြီး ကလေးငယ်တွေနဲ့ လူကြီးတွေမှာ "သွေးလွန်တုပ်ကွေးရောဂါ" ကူးစက်ခံရနိုင်ခြေ အလွန်မြင့်မားလာပါတယ်။
🚨သွေးလွန်တုပ်ကွေးရဲ့ အဓိကသတိပြုရမည့်လက္ခဏာများ
▪️(၂) ရက်မှ (၇) ရက်အထိ အပြင်းဖျားခြင်း
မျက်ကွင်းညိုခြင်း၊ ကျောကုန်းနှင့် ကြွက်သားများ ကိုက်ခဲခြင်း
▪️ခန္ဓာကိုယ်ပေါ်တွင် အနီစက်များ ထွက်လာခြင်း
မကြာခဏ အော့အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း သို့မဟုတ် သွေးပါခြင်း
▪️ကလေးငယ်များဖြစ်ပါက အစားမဝင်ဘဲ ဂဏာမငြိမ်ဖြစ်ခြင်း သို့မဟုတ် အလွန်အမင်းမှိန်းခြင်း
သွေးလွန်တုပ်ကွေးရောဂါဟာ အချိန်မီ မကုသဘဲ ရောဂါကျွမ်းသွားပါက သွေးလန့်ပြီး အသက်အန္တရာယ်အထိ ဖြစ်ပွားစေနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

🛡️ ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ?
❗️ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ကို တိကျစွာ လိုက်နာပြီး အိမ်တွင်း၊ အိမ်ပြင် ရေတင်ကျန်နိုင်သော နေရာများကို ရှင်းလင်းပါ။
❗️ကလေးငယ်များကို နေ့ဘက်ဖြစ်စေ၊ ညဘက်ဖြစ်စေ အိပ်စက်သည့်အခါ ခြင်ထောင်အတွင်း၌သာ အိပ်စက်စေပါ။
❗️ခြင်မကိုက်စေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပေးပါ။
မိမိတို့ရဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ (အထူးသဖြင့် ကလေးငယ်များ) နေမကောင်းဖြစ်ပြီး အပြင်းဖျားလာပါက မိမိဘာသာ အကိုက်အခဲပျောက်ဆေးများ ဝယ်တိုက်ပြီး အချိန်မဆွဲပါနဲ့။

Kanthar ဆေးခန်း တွင် အထွေထွေရောဂါဝေဒနာရှင်များနှင့် ကလေးငယ်များအတွက် အတွေ့အကြုံရင့်ကျက်သော အထူးကုဆရာဝန်ကြီးကိုယ်တိုင် သေချာစွာ စမ်းသပ်စစ်ဆေးကုသပေးနေတာမို့ အမြန်ဆုံး လာရောက်ပြသတိုင်ပင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။

#ကံသာဆေးခန်း #ကျန်းမာရေးဗဟုသုတ #တောင်ဥက္ကလာပ #ကျန်းမာရေး #ကာကွယ်ဆေး #ကာကွယ်ဆေး #သွေးလွန်တုပ်ကွေး

မကြာခဏ ‘ဗိုက်အောင့် လေထိုးတယ်’ ဆိုပြီး အစာကြေဆေးတွေပဲ ဆက်တိုက်သောက်နေမိသလား?  တကယ်တော့ သင့်ရဲ့ ‘သည်းခြေအိတ်ထဲမှာ ကျောက်တ...
15/06/2026

မကြာခဏ ‘ဗိုက်အောင့် လေထိုးတယ်’ ဆိုပြီး အစာကြေဆေးတွေပဲ ဆက်တိုက်သောက်နေမိသလား? တကယ်တော့ သင့်ရဲ့ ‘သည်းခြေအိတ်ထဲမှာ ကျောက်တည်နေတာ’ လည်း ဖြစ်နိုင်ပါတယ်။

အဆီများတဲ့ အစားအစာတွေ၊ အသားတွေကို စားပြီးတဲ့အခါမှာ ရင်ညွန့် သို့မဟုတ် ညာဘက်နံရိုးအောက်ကနေ စူးပြီးအောင့်တာ ၊ လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ ပျို့အန်ချင်တာတွေဟာ သည်းခြေအိတ်ထဲမှာ ကျောက်တည်နေတဲ့ အဓိက လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

အချို့က သာမန် အစာမကြေ လေထိုးတာပဲဆိုပြီး ပေါ့ဆတတ်ကြပေမယ့် သည်းခြေကျောက်တည်ခြင်းကြောင့် ဖြစ်တတ်တာကို မေ့နေကြပါတယ် သည်းခြေအိတ်ရောင်ခြင်း ၊ ပြည်တည်ခြင်းနှင့် သည်းခြေပြွန်ပိတ်ဆို့ပြီး မျက်လုံးဝါ၊ ကိုယ်ဝါခြင်း (Jaundice) အထိ ပြင်းထန်ဆိုးရွားတဲ့ အသက်အန္တရာယ် နောက်ဆက်တွဲဝေဒနာတွေကို ကြုံတွေ့ခံစားရတတ်ပါတယ်။
ဒါကြောင့် ဝေဒနာကို ကြိတ်မှိတ်အောင့်ခံမနေဘဲ အချိန်မီ ထိရောက်စွာ ကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။

ကံသာ ဆေးခန်း တွင် သည်းခြေဝေဒနာရှင်များအတွက် -
သည်းခြေအိတ်နှင့် သည်းခြေလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများ ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးကိုယ်တိုင်သေချာစွာ စမ်းသပ်စစ်ဆေးပေးပြီး
ခေတ်မီပြီး စနစ်ကျလှသော နည်းလမ်းများဖြင့် သည်းခြေအိတ်ထုတ် ခွဲစိတ်ကုသပေးခြင်း (Cholecystectomy) ဝန်ဆောင်မှုများကို အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခွဲစိတ်ကုသမှု ခံယူရမှာကို စိုးရိမ်ပူပန်နေစရာမလိုဘဲ အတွေ့အကြုံရင့်ကျက်ပြီး ဝါရင့်အထူးကုဆရာဝန်ကြီးကိုယ်တိုင် စိတ်ချရဆုံးသော အနီးကပ် နွေးထွေးစွာ ဂရုစိုက်ကုသပေးနေတာမို့ ကံသာဆေးခန်းသို့ ယုံကြည်စိတ်ချစွာ လာရောက်ပြသ တိုင်ပင်နိုင်ပါတယ်ရှင့်။

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း, ၆ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။
📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ကံသာဆေးခန်း #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #တောင်ဥက္ကလာပ #သည်းခြေကျောက်

နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘာကြောင့် မဖြစ်မနေ ထိုးနှံသင့်တာလဲ?"တုပ်ကွေးဖြစ်တာ ခဏပါပဲ... ဆေးသောက်ရင် ပျောက်သွားမှာပ...
11/06/2026

နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘာကြောင့် မဖြစ်မနေ ထိုးနှံသင့်တာလဲ?"တုပ်ကွေးဖြစ်တာ ခဏပါပဲ... ဆေးသောက်ရင် ပျောက်သွားမှာပါ" လို့ ပေါ့ပေါ့လေး တွေးနေမိပါသလား? ရာသီတုပ်ကွေး (Influenza) ဗိုင်းရပ်စ်ဟာ သာမန်နှာစေးချောင်းဆိုးတာထက် ပိုမိုပြင်းထန်ပြီး၊ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အဆုတ်ရောင်တာမျိုးအထိ ဖြစ်ပွားနိုင်ပါတယ်။

ဒါဆို ကျွန်မတို့တွေ ဘာကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးနှံသင့်တာလဲ?

၁။ ဗိုင်းရပ်စ်ပိုးက အမြဲပုံစံပြောင်းနေလို့ပါ 🦠
တုပ်ကွေးဗိုင်းရပ်စ်ဟာ တစ်နှစ်နဲ့တစ်နှစ် ပုံစံမတူဘဲ မျိုးဗီဇပြောင်းလဲနေတတ်ပါတယ်။ ဒါကြောင့် မနှစ်ကထိုးထားတဲ့ ကာကွယ်ဆေးဟာ ဒီနှစ်ပိုးအတွက် အာနိသင်မပြည့်ဝနိုင်တော့လို့ နှစ်စဉ်ပုံမှန် အသစ်ထိုးပေးဖို့ လိုအပ်တာဖြစ်ပါတယ်။

၂။ အသက်အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဝေဒနာတွေကို တားဆီးပေးနိုင်လို့ပါ 🛡️
ကာကွယ်ဆေးထိုးထားခြင်းဖြင့် တုပ်ကွေးပိုး ကူးစက်ခံရလျှင်တောင် ပြင်းပြင်းထန်ထန် ဖျားနာတာ၊ အဆုတ်ရောင်တာနဲ့ ဆေးရုံတက်ရလောက်တဲ့အထိ ဖြစ်ပွားနိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးပါတယ်။

၃။ မိမိကြောင့် မိသားစုဝင်တွေဆီ မကူးစက်စေဖို့ပါ 👨‍👩‍👧‍👦
အိမ်မှာ ကိုယ်ခံအားနည်းတဲ့ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေရှိရင် ကိုယ့်ဆီကနေတစ်ဆင့် ကူးစက်ပြီး ပြင်းထန်စွာမဖျားနာစေဖို့ ကိုယ်တိုင် ကာကွယ်ဆေးကြိုထိုးထားခြင်းက မိသားစုကိုပါ ကာကွယ်ရာရောက်ပါတယ်။

၄။ ငွေကုန်ကြေးကျနဲ့ အလုပ်ပျက်တာတွေ သက်သာစေလို့ပါ 💰
ဖျားနာကိုက်ခဲပြီးမှ ဆေးကုသရတာဟာ ပင်ပန်းတဲ့အပြင် ငွေကုန်ကြေးကျလည်း များလှပါတယ် ။ ကြိုတင်ကာကွယ်ထားခြင်းက အချိန်ရော ငွေပါ အကုန်အသက်သာဆုံး သံချပ်ကာပါပဲ ။

Kanthar ဆေးခန်း မှာတော့ လူကြီးမင်းတို့ မိသားစုဝင်အားလုံး စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) ကို စနစ်တကျ ထိုးနှံပေးလျက်ရှိပါတယ် ။

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #တုပ်ကွေးကာကွယ်ဆေး #ကျန်းမာရေးဗဟုသုတ #ကာကွယ်ဆေး #ကျန်းမာရေး #တောင်ဥက္ကလာပ

🌧 မိုးရာသီမှာ ဖျားတိုင်း ရာသီတုပ်ကွေးလို့ ထင်နေပါသလား?မိုးရာသီရောက်လာတာနဲ့ ဖျားနာသူတွေ ပိုများလာတတ်ပါတယ်။ ဒါပေမယ့် ဖျားတ...
06/06/2026

🌧 မိုးရာသီမှာ ဖျားတိုင်း ရာသီတုပ်ကွေးလို့ ထင်နေပါသလား?

မိုးရာသီရောက်လာတာနဲ့ ဖျားနာသူတွေ ပိုများလာတတ်ပါတယ်။ ဒါပေမယ့် ဖျားတိုင်း ရာသီတုပ်ကွေး (Flu) မဟုတ်ပါဘူး။
ဖျားခြင်းရဲ့ နောက်ကွယ်မှာ အခြားရောဂါတွေ ရှိနေနိုင်ပါတယ်။
🦟 သွေးလွန်တုပ်ကွေး (Dengue)
အဖျားမြင့်တက်ခြင်း
ခေါင်းကိုက်ခြင်း
မျက်လုံးနောက်ဘက် နာကျင်ခြင်း
ကိုယ်လက်ကိုက်ခဲခြင်း
အရေပြားအနီစက်များ ပေါ်လာခြင်း
🤧 ရာသီတုပ်ကွေး (Influenza)
ဖျားခြင်း
နှာစေး၊ ချောင်းဆိုးခြင်း
လည်ချောင်းနာခြင်း
ကိုယ်လက်ကိုက်ခဲခြင်း
🦠 COVID-19
ဖျားခြင်း
ချောင်းဆိုးခြင်း
လည်ချောင်းနာခြင်း
အနံ့၊ အရသာ ပျောက်ခြင်း (အချို့လူနာများတွင်)

⚠️ သတိပြုရန်
ဖျားနာခြင်းကို ပေါ့ဆမထားဘဲ အကြောင်းရင်းကို စောစီးစွာ သိရှိပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
အထူးသဖြင့်
✅ အဖျား ၂ ရက်ကျော် မသက်သာပါက
✅ အန်ခြင်း၊ ဗိုက်အောင့်ခြင်း ရှိပါက
✅ အားအင်အလွန်နည်းလာပါက
ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါတယ်။

🏥 Kan Thar Clinic အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကု ဆေးခန်း
📌 ကျန်းမာရေးပြဿနာများကို အချိန်မီ စစ်ဆေးကုသနိုင်ရန် လာရောက်တိုင်ပင်နိုင်ပါသည်။

☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြိုနယ်။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #တုပ်ကွေးကာကွယ်ဆေး #ကျန်းမာရေးဗဟုသုတ #ကာကွယ်ဆေး #တောင်ဥက္ကလာပ #ကျန်းမာရေး

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပြီးပြီလား?ဖျားနာခြင်း၊ အလုပ်ပျက်ခြင်း၊ မိသားစုကို ကူးစက်စေခြင်းတို့ကို လျော့နည်းစေဖို့ ကာကွယ်...
05/06/2026

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပြီးပြီလား?

ဖျားနာခြင်း၊ အလုပ်ပျက်ခြင်း၊ မိသားစုကို ကူးစက်စေခြင်းတို့ကို လျော့နည်းစေဖို့ ကာကွယ်ဆေးထိုးပြီ ကြိုတင်ကာကွယ်ထားပါ။
ဘ

🌧️ မိုးရာသီသည် ရာသီတုပ်ကွေး (Influenza) ဖြစ်ပွားမှု ပိုများတတ်သော ကာလဖြစ်ပါသည်။

ရာသီတုပ်ကွေးသည် သာမန်အအေးမိခြင်းထက် ပိုမိုပြင်းထန်နိုင်ပြီး

🤒 အဖျားကြီးခြင်း
😷 ချောင်းဆိုးခြင်း
🤧 နှာစေးခြင်း
😵 ကိုယ်လက်ကိုက်ခဲခြင်း

စသည့် လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါသည်။

💉 ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းဖြင့်
✅ ရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေသည်
✅ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပေးသည်
✅ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကူးစက်နိုင်ခြေကို လျော့နည်းစေသည်

အထူးသဖြင့်
👶 ကလေးငယ်များ
👵 အသက်ကြီးသူများ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
🩺 နာတာရှည်ရောဂါရှိသူများ

အတွက် ကာကွယ်ဆေးထိုးနှံရန် အထူးအကြံပြုပါသည်ရှင့်။

🏥 ရာသီတုပ်ကွေး (Influenza) ကာကွယ်ဆေးကို Kan Thar Specialist Clinic တွင် ထိုးနှံနိုင်ပါသည်။

🏥 Kanthar အထွေထွေရောဂါနှင့် ခွဲစိတ်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ် - 09794580964.
📍 လိပ်စာ - အမှတ် ၁၀၂၇၊ သုမင်္ဂလာလမ်း,၆ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။

⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် ညနေ ၄:၀၀ မှ ည၈:၀၀ အထိ ။

📩 ပိုမိုသိရှိလိုပါက Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ကံသာဆေးခန်း #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေး #ကာကွယ်ဆေး #တုပ်ကွေးကာကွယ်ဆေး #တောင်ဥက္ကလာပ

Address

No. 1027, Thu Mingalar Road, 6 Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 16:00 - 20:00
Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 16:00 - 20:00
Sunday 16:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Kan Thar Specialist Clinic - ကံသာ အထွေထွေရောဂါ နှင့် ခွဲစိတ်အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share