06/09/2026
ယနေ့ခေတ်စားလာတဲ့ ဗဟုသုတအနေနဲ့ သိကောင်းစရာ အကြောင်းအရာလေး 💫🍀
Semaglutide vs Tirzepatide 💉
ဝိတ်ချဆေးနှစ်မျိုးထဲမှာ ဘာတွေကွာခြားလဲ?
Weight Management အကြောင်းလေ့လာနေသူတွေအနေနဲ့ Semaglutide နဲ့ Tirzepatide ဆိုတဲ့နာမည်နှစ်ခုကို မကြာခဏ ကြားဖူးကြမှာပါ။
နှစ်မျိုးလုံးက ဆာလောင်မှု၊ အစားစားချင်စိတ်နဲ့ အစာချေဖျက်မှုကို ထိန်းညှိပေးခြင်းကနေ ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်တဲ့ ဆေးဝါးတွေဖြစ်ပေမယ့် အလုပ်လုပ်တဲ့ receptor နဲ့ ရရှိနိုင်တဲ့ရလဒ်မှာ ကွာခြားချက်ရှိပါတယ်။
🔹 Semaglutide ဆိုတာ ဘာလဲ?
Semaglutide က GLP-1 receptor agonist ဖြစ်ပါတယ်။
GLP-1 ရဲ့အာနိသင်ကို တုပပြီး
• ဗိုက်ပြည့်နေတဲ့ခံစားချက် ပိုကြာစေခြင်း
• အစားစားချင်စိတ် လျော့ကျစေခြင်း
• အစာအိမ်က အစာထွက်နှုန်းကို နှေးစေခြင်း
တို့ကနေ အစားအစာစားသုံးပမာဏ လျော့နည်းလာအောင် ကူညီပေးပါတယ်။
Weight management အတွက် လူသိများတဲ့ Semaglutide brand တစ်ခုက Wegovy ဖြစ်ပါတယ်။
🔸 Tirzepatide ကရော?
Tirzepatide ကတော့ GIP + GLP-1 receptor နှစ်မျိုးလုံးကို target လုပ်တဲ့ dual agonist ဖြစ်ပါတယ်။
ဒါကြောင့် appetite နဲ့ energy metabolism ကို လမ်းကြောင်းတစ်ခုထက်ပိုပြီး သက်ရောက်စေတဲ့ ဆေးဖြစ်ပါတယ်။
Weight management အတွက် လူသိများတဲ့ Tirzepatide brand တစ်ခုက Mounjaro ဖြစ်ပါတယ်။
📊 ဒါဆို ဘယ်ဆေးက ဝိတ်ပိုကျနိုင်သလဲ?
2025 ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Semaglutide နဲ့ Tirzepatide ကို တိုက်ရိုက်နှိုင်းယှဉ်ထားတဲ့ Clinical Trial မှာ
ပျမ်းမျှ ကိုယ်အလေးချိန်လျော့ကျမှုက—
➡️ Tirzepatide – 20.2% ဝန်းကျင်
➡️ Semaglutide – 13.7% ဝန်းကျင်
ဖြစ်ခဲ့ပြီး Tirzepatide သုံးတဲ့အုပ်စုမှာ ပျမ်းမျှ weight loss ပိုများခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီရာခိုင်နှုန်းတွေဟာ လူတိုင်းအတွက် အတိအကျရမယ့် Result မဟုတ်ပါဘူး။ ဆေးပမာဏ၊ ဆေးခံနိုင်ရည်၊ အစားအသောက်၊ လှုပ်ရှားမှု၊ ရောဂါအခံနဲ့ တစ်ဦးချင်းတုံ့ပြန်မှုအပေါ် မူတည်ပါတယ်။
🤢 Side Effects ကရော ဘာတွေဖြစ်နိုင်လဲ?
ဆေးနှစ်မျိုးလုံးမှာ အများဆုံးတွေ့ရတာက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်ပြီး—
• ပျို့ခြင်း
• အန်ခြင်း
• ဝမ်းလျှောခြင်း
• ဝမ်းချုပ်ခြင်း
• ဗိုက်မအီခြင်း / ဗိုက်နာခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် ဆေးစသုံးချိန်နဲ့ Dose တိုးနေချိန်တွေမှာ ပိုတွေ့ရနိုင်ပါတယ်။
“Tirzepatide ဖြစ်လို့ side effect အမြဲနည်းတယ်” ဒါမှမဟုတ် “Semaglutide ဖြစ်လို့ side effect အမြဲပိုများတယ်” လို့တော့ လူတိုင်းအတွက် တစ်ပုံစံတည်း သတ်မှတ်လို့မရပါဘူး။
🥗 ဆေးထိုးရုံနဲ့ လုံလောက်လား?
မလုံလောက်ပါဘူး။
Weight Management ဆေးသုံးနေချိန်မှာ အစားအစာကို အလွန်အမင်းလျှော့စားပြီး “မစားရင် ဝိတ်ပိုမြန်မြန်ကျမယ်” လို့ မယူဆသင့်ပါဘူး။
ဝိတ်ကျနေချိန် muscle mass များများဆုံးရှုံးမသွားဖို့—
✅ Protein လုံလောက်အောင်စားခြင်း
✅ ဟင်းသီးဟင်းရွက်နဲ့ Fibre ပါဝင်တဲ့အစားအစာရွေးခြင်း
✅ ရေလုံလောက်အောင်သောက်ခြင်း
✅ Portion ကိုသင့်တင့်အောင် ထိန်းခြင်း
✅ ပုံမှန်လှုပ်ရှားမှုနဲ့ Strength Exercise ပါ ထည့်သွင်းခြင်း
တို့ကို အတူတကွ လုပ်ပေးဖို့ အရေးကြီးပါတယ်။
💡 Semaglutide နဲ့ Tirzepatide — ဘယ်ဟာကိုရွေးသင့်လဲ?
“ပိုဝိတ်ကျတဲ့ဆေး = ကိုယ့်အတွက်ပိုကောင်းတဲ့ဆေး” လို့ အမြဲမဆိုနိုင်ပါဘူး။
မိမိရဲ့—
• BMI နဲ့ Weight-related health problems
• ဆီးချိုရှိ/မရှိ
• သောက်သုံးနေတဲ့အခြားဆေးများ
• အစာအိမ်၊ သည်းခြေ၊ ပန်ကရိယ စတဲ့ ကျန်းမာရေးအခြေအနေများ
• Pregnancy plan
• Side-effect tolerance
• ရေရှည် Weight-management plan
စတဲ့အချက်တွေကို ဆရာဝန်က သေချာသုံးသပ်ပြီးမှ သင့်တော်တဲ့ဆေးနဲ့ Dose ကိုရွေးချယ်သင့်ပါတယ်။
⚠️ Weight-loss injection တွေဟာ Cosmetic Injection မဟုတ်ဘဲ Medical Treatment ဖြစ်ပါတယ်။
Online ကနေ ကိုယ်တိုင်ဝယ်ခြင်း၊ သူများသုံးတဲ့ Dose ကိုလိုက်သုံးခြင်း၊ Dose ကိုကိုယ်တိုင်မြှင့်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။
ဆေး + အာဟာရ + လှုပ်ရှားမှု + ရေရှည်ထိန်းသိမ်းနိုင်တဲ့အလေ့အကျင့်
လေးခုလုံးကို ပေါင်းစပ်နိုင်မှ Weight Management ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဝိတ်ကျရုံတင်မကဘဲ ကျန်းမာရေးပိုကောင်းလာပြီး ရေရှည်ထိန်းထားနိုင်ခြင်း ကို ရရှိနိုင်မှာဖြစ်ပါတယ်။ 🌿
Dr Su
Clinical Nutritionist & Aesthetic Doctor
Gangnam Medical
“Nourish Within, Glow Beyond.”