Cosmic Tarot and Healing by Pearl Thorn Chel

Directions

Cosmic Tarot and Healing by Pearl Thorn Chel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cosmic Tarot and Healing by Pearl Thorn Chel, Astrologist & Psychic, Yangon.

28/08/2026

🌕✨ ဝါခေါင်လပြည့်နေ့ ✨🌕
💗 မေတ္တာအခါတော်နေ့ 💗

မေတ္တာဆိုတာ
သူတစ်ပါးကို ပေးလိုက်ရုံနဲ့ မကုန်ခမ်းသွားတဲ့ အရာပါ။
ပေးလေလေ…
ကိုယ့်နှလုံးသားထဲမှာလည်း
အေးချမ်းမှုတွေ ပိုပြည့်လာလေလေပါပဲ။ 🌕✨
ဒီဝါခေါင်လပြည့်နေ့မှာ
မေတ္တာတရားများ ပွားများနိုင်ကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 🪷🙏

💗 May all beings be happy.
May all beings be peaceful.
May all beings be free from suffering. 💗
#ဝါခေါင်လပြည့်နေ့
#မေတ္တာအခါတော်နေ့
#မေတ္တာ



🌕 Full Buck Moon in Aquarius ✨ July 29, 2026 | Peak: 8:06 PM (Myanmar Time) and Thailand (ICT)8:36PMဒီည ကောင်းကင်မှာ Ful...
29/07/2026

🌕 Full Buck Moon in Aquarius ✨ July 29, 2026 | Peak: 8:06 PM (Myanmar Time) and Thailand (ICT)8:36PM

ဒီည ကောင်းကင်မှာ Full Buck Moon လပြည့်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

🦌🌕"Buck Moon" ဆိုတဲ့အမည်ကတော့ ဒီရာသီမှာ သမင်အထီးတွေ ချိုအသစ်ပေါက်လာတဲ့ အချိန်ကို ကိုယ်စားပြုတဲ့ ရိုးရာအမည်တစ်ခု ဖြစ်ပါတယ်။

Astrology အရတော့ ဒီ Full Moon ဟာ Aquarius ရာသီမှာ ဖြစ်တာကြောင့်...
✨ မလိုအပ်တော့တဲ့ အတွေးဟောင်းတွေကို လွှတ်ချခြင်း။
✨ အနာဂတ် Vision ကို ပြန်လည်ရှင်းလင်းခြင်း။
✨ ကိုယ့်ရဲ့ တန်ဖိုးနဲ့ နယ်နိမိတ် (Boundaries) ကို လေးစားခြင်း။
✨ လူအများအတွက် အကျိုးရှိတဲ့ စိတ်ထားကို မွေးမြူခြင်း။
စတဲ့ အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုအဖြစ် ယူဆကြပါတယ်။

သို့သော်... လ ကိုယ်တိုင်က ကျွန်ုပ်တို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။
တကယ့် အလင်းကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်... ကိုယ့်ရဲ့ သတိ... ကိုယ့်ရဲ့ ကောင်းမှုတွေကသာ တကယ် ပြောင်းလဲစေတဲ့ အရာတွေ ဖြစ်ပါတယ်။

🌕 ဒီည... လကို ကြည့်ရင်း မိနစ်အနည်းငယ် ငြိမ်သက်စွာ ထိုင်ကြည့်ပါ။
ကိုယ့်ကိုယ်ကို မေးကြည့်ပါ...
"ငါ ဘာကို လွှတ်ချချင်သလဲ?"
"ငါ ဘယ်လိုလူတစ်ယောက် ဖြစ်ချင်သလဲ?"
"ငါ ဘာကို စတင်မလဲ?"

အဖြေက သင့်နှလုံးသားထဲမှာ ရှိပြီးသား ဖြစ်နိုင်ပါတယ်။

🔮 ဒီနေ့ညမှာ ပြုလုပ်နိုင်တဲ့ Spiritual & Energetic Practices များ -
1️⃣ အနှောင်အဖွဲ့ဖြတ်တောက်ခြင်း (Cord-Release Ritual):
📝ကိုယ့်ကို အဟန့်အတား ဖြစ်စေတဲ့ စိုးရိမ်စိတ်၊ သံသယနဲ့ အလေ့အထ ၃ ခုကို စာရွက်ပေါ်မှာ ရေးပြီး စွမ်းအင်ဖြတ်တောက်တဲ့ အနေနဲ့ မီးရှို့/စွန့်ပစ်ပေးပါ။

2️⃣ စွမ်းအင်သန့်စင်ခြင်း & Reiki Healing:
🔮💎မိမိရဲ့ Tarot Cards၊ Crystals တွေကို လရောင်အောက်မှာ စွမ်းအင်ဖြည့်ပါ။ Crown & Heart Chakra တွေကို Reiki စွမ်းအင် သို့မဟုတ် စိတ်ညွှတ်မှုနဲ့ သန့်စင်ပေးပါ။

3️⃣ Authentic Belonging Meditation:
"ငါ့ရဲ့ အမှန်တရားအတိုင်း လွတ်လပ်စွာ ရှင်သန်ဖို့ ငါ့ကိုယ်ငါ ခွင့်ပြုပါတယ်" ဆိုတဲ့ စိတ်ညွှတ်မှုနဲ့ ၁၀ မိနစ်ခန့် ငြိမ်သက်စွာ ဘာဝနာပွားများပါ။

✨ ဒီနေ့ည လပြည့်စွမ်းအင်နဲ့အတူ သင်တို့ရဲ့ စိတ်နှလုံး ငြိမ်းချမ်းပြီး အလင်းသစ်များ ပိုင်ဆိုင်နိုင်ကြပါစေ။🙏

👉 Tarot Reading & Energy Healing ဝန်ဆောင်မှုများအတွက် Inbox သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။ ✨
✨ Love. ✨ Light. ✨ Awareness.
Cosmic Tarot & Healing by Pearl TC ✦

Pearl TC

01/05/2026

🌕 Kason Full Moon Energy: Release. Heal. Receive. ✨

“Tonight, we release the old and welcome divine blessings.” 🕊️💫

ဒီနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ရဲ့ Energy ဟာ သင့်ဘဝလမ်းကြောင်းကို သန့်စင်ပေးဖို့ ရောက်ရှိလာတာပါ။

ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး... Universe က သင့်အတွက် သတင်းစကား ပေးပို့နေတာ ဖြစ်ပါတယ်။ ✨

🔮 The Star — သင့်ဘဝရဲ့ မျှော်လင့်ချက် လမ်းပြကြယ်ကို ပြန်လည်တွေ့ရှိမယ်။

⚖️ Temperance — စိတ်နဲ့ကိုယ်ကို ဟန်ချက်ညီအောင် ကုသပြီး အေးချမ်းမှုကို ရရှိမယ်။

🍷 Ace of Cups — အချစ်နဲ့ ကောင်းချီးအသစ်တွေ စတင်စီးဆင်းတော့မယ်။

“ဒီနေ့ Energy က သင့်ဘဝကို အကောင်းဘက်ကနေ ပြောင်းလဲပေးနိုင်ပါတယ်... လက်ခံဖို့ အချိန်ရောက်ပါပြီ။” 🙏💧

⚡ Comment “READY” if you accept your blessings! 💫
ဒီကောင်းချီးတွေကို လက်ခံယူဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် “READY” လို့ ရေးခဲ့ပေးပါရှင်

✨ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ✨ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ "ဗုဒ္ဓနေ့" ဖ...
30/04/2026

✨ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ✨

ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ "ဗုဒ္ဓနေ့" ဖြစ်သလို ကုသိုလ်ရေစင် အေးမြစေမယ့် "ကဆုန်ညောင်ရေသွန်းပွဲတော်" နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။ 🙏☀️

ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ထူးခြားလှတဲ့ သမိုင်းမှတ်တိုင် (၄) ခု ဆုံစည်းရာနေ့ ဖြစ်လို့ မိမိတို့ တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ဖြတ်သန်းကြရအောင်လားရှင်။ 🌸

✅ ကဆုန်လပြည့်နေ့ရဲ့ ထူးခြားချက် (၄) ရပ်:
🌱 ဗျာဒိတ်ခံယူ‌တော်မူသည့်နေ့
👶 ဖွားမြင်တော်မူသည့်နေ့
🧘‍♂️ ဘုရားအဖြစ်သို့ ရောက်ရှိ‌တော်မူသည့်နေ့
🕯️ ပရိနိဗ္ဗာန်စံတော်မူသည့်နေ့

​ပူပြင်းခြောက်သွေ့တဲ့ ကဆုန်လရာသီမှာ မဟာဗောဓိညောင်ပင်ကို အေးမြတဲ့ ရေစင်တွေ သွန်းလောင်းပူဇော်သလိုပဲ... 💦🌿
​လူသားအားလုံးရဲ့ စိတ်နှလုံးအိမ်မှာလည်း ပူပင်သောကတွေ ကင်းစင်ပြီး အေးမြသာယာတဲ့ ငြိမ်းချမ်းမှုတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Cosmic Tarot and Healing မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏✨
​ဒီနေ့လို ထူးမြတ်တဲ့ ဗုဒ္ဓနေ့မှာ မေတ္တာဓာတ်တွေ စီးဆင်းပြီး ကောင်းကျိုးလိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေရှင်။ 🌕🌸
​မေတ္တာဖြင့် ...
Pearl Thorn Chel 💫
(Cosmic Tarot and Healing)

​ #ကဆုန်လပြည့်ဗုဒ္ဓနေ့ #ကဆုန်ညောင်ရေသွန်းပွဲတော် #ဗုဒ္ဓနေ့ TC

🌃 ညတာဟာ ကြယ်လေးတွေနဲ့ လှပနေသလိုပဲ... ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာလည်း အရာရာတိုင်းက သူ့အချိန်နဲ့သူ ဖြစ်တည်လာမှာပါ။ ✨🌌 ​ဒီညရဲ့ ...
12/04/2026

🌃 ညတာဟာ ကြယ်လေးတွေနဲ့ လှပနေသလိုပဲ...
ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာလည်း အရာရာတိုင်းက သူ့အချိန်နဲ့သူ ဖြစ်တည်လာမှာပါ။ ✨
🌌 ​ဒီညရဲ့ Energy လေးကတော့...

⛩️​The High Priestess: ကိုယ့်ရဲ့ အတွင်းစိတ် (Intuition) ကို ယုံကြည်ပါ။
⭐​ Knight of Pentacles: စိတ်မလောပါနဲ့၊ ပန်းတိုင်ဆီကို ပုံမှန်ခြေလှမ်းလေးတွေနဲ့ စိတ်ရှည်လက်ရှည် သွားပါ။
⚖️🌊 ​Temperance: အစွန်းမရောက်ဘဲ မျှတအောင် နေထိုင်ပါ။

​"I trust the timing of my life." 🌙

ကိုယ့်ဘဝရဲ့ အချိန်ဇယားကို ယုံကြည်မှုအပြည့်နဲ့ ဒီညကို အေးချမ်းစွာ ဖြတ်သန်းလိုက်ရအောင်။

​

✨မနက်ဖြန်ဟာ သင်္ကြန်အကြိုနေ့... အသစ်တဖန် ပြန်လည်စတင်ခြင်းတွေရဲ့ အစ" ✨⏳နှစ်ဟောင်းမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံခဲ့ပါစေ🎇အခု ရ...
12/04/2026

✨မနက်ဖြန်ဟာ သင်္ကြန်အကြိုနေ့... အသစ်တဖန် ပြန်လည်စတင်ခြင်းတွေရဲ့ အစ" ✨
⏳နှစ်ဟောင်းမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံခဲ့ပါစေ
🎇အခု ရောက်ရှိလာတော့မယ့် New Beginning Energy နဲ့အတူ
ကိုယ့်ရဲ့လမ်းကြောင်းကို ကိုယ်ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းလိုက်ပါ။
🌼​ပန်းတိုင်းဟာ တစ်ချိန်တည်း မပွင့်သလိုပဲ🌸
👉သင်ဟာလည်း သင့်ရဲ့ ကိုယ်ပိုင်အချိန်ဇယားနဲ့ သင် အောင်မြင်အောင် ပွင့်လန်းလာမှာပါ။
အလျင်စလို မလုပ်ပါနဲ့။
⌛ကိုယ့်ကိုယ်ကိုယ် ကြီးထွားဖို့ အချိန်ပေးပါ။ 🌸
🗨️ ​Affirmation for today:

"ကျွန်ုပ်၏ ဘဝခရီးလမ်းကို ယုံကြည်ပြီး အသစ်တဖန် စတင်ခြင်းများကို နွေးထွေးစွာ ကြိုဆိုပါသည်။"
​အားလုံးပဲ စိတ်သစ်၊ လူသစ်နဲ့

အေးချမ်းတဲ့ အတာသင်္ကြန်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေရှင်။ ✨💦
​

✨ အတင်းအကြပ် ဖမ်းဆွဲမနေဘဲ စီးဆင်းခွင့်ပေးလိုက်ရအောင် 💫​တချို့နေ့ရက်တွေမှာ ရှေ့ဆက်ဖို့ ခက်ခဲနေတယ်၊ အရာရာက ပိတ်ဆို့နေတယ်လိ...
11/04/2026

✨ အတင်းအကြပ် ဖမ်းဆွဲမနေဘဲ စီးဆင်းခွင့်ပေးလိုက်ရအောင် 💫

​တချို့နေ့ရက်တွေမှာ ရှေ့ဆက်ဖို့ ခက်ခဲနေတယ်၊ အရာရာက ပိတ်ဆို့နေတယ်လို့ ခံစားရဖူးပါသလား?

​တကယ်တော့ သင်ဟာ ပိတ်ဆို့နေတာ မဟုတ်ပါဘူး။ တစ်လောကလုံးက သင့်ကို ပေးအပ်ချင်တဲ့ လက်ဆောင်တွေကို ဘယ်လို "လက်ခံ (Receive)" ရမလဲဆိုတာ သင်ယူနေရတာပါ။

​"Allow & Receive" 💛
အရာရာကို အားနဲ့မာန်နဲ့ လိုက်လံဖမ်းဆွဲနေဖို့ မလိုပါဘူး။ တချို့သော ကောင်းချီးမင်္ဂလာတွေက သင့်ရဲ့ စိတ်တံခါးကို ဖွင့်ပေးမယ့်အချိန်၊ အေးချမ်းစွာ လက်ခံနိုင်မယ့်အချိန်ကိုပဲ စောင့်ဆိုင်းနေကြတာပါ။

​ဒီနေ့မှာတော့...
✨ခက်ခဲကြမ်းတမ်းတဲ့ ကြိုးစားမှုတွေထက်၊ ကိုယ့်ဆီကို စီးဆင်းလာမယ့် ကြွယ်ဝမှုနဲ့ မေတ္တာတရားတွေကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီး စောင့်ကြိုနေလိုက်ရအောင်။ 🌿

​💚 Affirmation of the Day:
"ကျွန်ုပ်သည် ကြွယ်ဝချမ်းသာခြင်း၊ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းများ ကျွန်ုပ်ထံသို့ စီးဆင်းလာစေရန် ခွင့်ပြုလိုက်ပါသည်။"

​ဒီ Energy လေးကို လက်ခံရရှိဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် "READY" လို့ Comment ရေးပေးသွားပါဦးနော်။

​🔮 Cosmic Tarot and Healing by Pearl TC

သင်္ကေတများနှင့် စွမ်းအင်မှတစ်ဆင့် သင့်ဘဝရဲ့ လမ်းပြမြေပုံကို အတူတူ ဖော်ထုတ်ကြည့်ရအောင်။
📩 Personal Reading အတွက် Messenger မှာ စုံစမ်းနိုင်ပါတယ်ရှင်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cosmic Tarot and Healing by Pearl Thorn Chel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share