Dr Kyal Sin - Mom & Nutritionist

Dr Kyal Sin - Mom & Nutritionist Dr Kyal Sin Yu Mon is a medical doctor and nutritionist from Myanmar and an author of 3 books. And a happy mom/wife too!

16/09/2026

⭐️🌟6 Years with BB ⭐️🌟
အမှတ်တရ လက်ဆောင်လေးတွေ ပါပါမယ်ရှင် 🎁💝

**ဘယ်တုန်းက BB ကို စသိခဲ့တာလဲ၊ ဘာအမှတ်တရလေးတွေ ရှိလဲ** ဆိုတာ ကော်မန့်မှာ ပြောပြပေးခဲ့ပါဦးနော်။

ပြီးတော့ BB Collagen ရဲ့ page BB Collagen Broth ကိုလည်း **Like & Follow** လုပ်ထားပေးနော်။

ကော်မန့်ပေးထားတဲ့သူ (၆)ဦးကို ရွေးပြီးBB ရဲ့ ၆ နှစ်ပြည့် အမှတ်တရလက်ဆောင်လေးတွေ ပေးသွားမယ်နော်။

BB နဲ့အတူ ဒီ ၆ နှစ်တာလုံး ဖြတ်သန်းလာခဲ့ကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

**နောက်ထပ်နှစ်ပေါင်းများစွာအထိ BB နဲ့အတူ နေ့စဉ်အာဟာရကောင်းတွေ ဖြည့်တင်းနိုင်ကြပါစေရှင်။ 💛**

မေတ္တာဖြင့်

Dr ကြယ်စင်

16/09/2026

ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ဆိုဒီယမ်၊ ပိုတက်စီယမ် နဲ့ ဖော့စဖရပ်တွေကို ရှောင်ရမယ်ဆိုတော့ အပြင်စာစားရမှာ အရမ်းစိတ်ပူပန်မိတယ်၊ ဒါကိုဘယ်လိုထိန်းချုပ်ရမလဲ? ဆိုတဲ့ မေးခွန်းအပေါ်မှာ အာဟာရအထူးပြုဆရာဝန် Dr. Kyal Sin Yu Mon မှ ဖြေကြားပေးထားပါတယ်။

🔜 နောက်လာမယ့် အပိုင်းတွေမှာလည်း လူတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအကြောင်း အရာတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

13/09/2026

တစ်မိသားစုလုံး အာဟာရပြည့်ဝအောင် ဘယ်လို စားသုံးမလဲ?

BLm Myanmar မှ Millet လူးဆန်လေး ပါဝင်ထားပါတယ်

11/09/2026

ကိုယ်အလေးချိန် ထိန်းညှိနေတဲ့သူတွေ အတွက် အသားဓာတ်များတဲ့ ခေါက်ဆွဲ

✅ love earth- Thick Noodle ကို သုံးထားပါတယ်

အရည်အသွေးကောင်းတဲ့ ကလေးနဲ့ လူကြီးစားသောက်ကုန်များကို Ocean Zone Trading M&P BABY STORE က တင်သွင်းဖြန့်ချီတာဖြစ်ပါတယ်ရှင်

10/09/2026

ကလေးတွေ အတွက် အာဟာရပြည့် ကောက်နှံစုံ ထမင်း ချက်နည်း
(Bear - Smart Rice Cooker နဲ့ ချက်ထားပါတယ်)

မင်္ဂလာပါ 💛
တစ်နေ့တစ်နေ့ မိသားစုကို အာဟာရပြည့်တာတွေ ချက်ကျွေးနေတဲ့ မေမေတို့အတွက် အသုံးဝင်စေမယ့် ကောက်နှံစုံထမင်း ချက်နည်းလေး မျှဝေထားပါတယ်ရှင်။ ကျမတို့အိမ်မှာ ချက်နေကြ နည်းလေးပါ။ Bear တံဆိပ် ထမင်းပေါင်းအိုးလေး သုံးပြီးချက်ထားပါတယ်။ မတူညီတဲ့ ကောက်နှံ ၃ မျိုး ရောပြီးချက်တာဆိုပေမယ့် ထမင်းမနပ်တာ၊ တူးတာ၊ ပွတာ မကျက်တာ မရှိလို့ စိတ်ချမ်းသာရပါတယ်။ Bear ထမင်းပေါင်းအိုး အတွင်းအိုးလေးက လုံးဝန်းတဲ့ ပုံစံကြောင့် ဆန်သားကို အကျက်ညီစေပါတယ်။ အတွင်းသားကလည်း ကြွေလွှာ ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ရှင်။

✅ အရည်အသွေးကောင်းမွန်တဲ့ အိမ်သုံးပစ္စည်းများကို လေ့လာဝယ်ယူနိုင်ရန် အတွက် -
Bear- Home Appliances page Bear- Home Appliances
https://www.facebook.com/profile.php?id=61584859804399&mibextid=wwXIfr&mibextid=wwXIfr

TikTok
https://www.tiktok.com/?_r=1&_t=ZS-99cGYNhtG0y

မေမေတို့လည်း ကောက်နှံစုံထမင်းလေး ချက်ကြည့်ကြပါဦးရှင် :)

မေတ္တာဖြင့်

Dr ကြယ်စင်

09/09/2026

ကျောက်ကပ်အားနည်းနေတဲ့သူတွေက ပရိုတင်းလျှော့စားရမယ်လို့ ကြားဖူးပါတယ် ဒါဆို အာဟာရမှုန့်တွေမှာပါတဲ့ ပရိုတင်းကိုရော သောက်လို့ရပါသလား? ဆိုတဲ့ မေးခွန်းအပေါ်မှာ အာဟာရအထူးပြုဆရာဝန် Dr. Kyal Sin Yu Mon မှ ဖြေကြားပေးထားပါတယ်။

🔜 နောက်လာမယ့် အပိုင်းတွေမှာလည်း လူတိုင်း သိထားသင့်တဲ့ ကျန်းမာရေးအကြောင်း အရာတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

🧐🧠ကလေးငယ်တွေရဲ့ ဦးနှောက်နှင့် အမြင်အာရုံ စနစ်တကျ ဖွံ့ဖြိုးဖို့အတွက် **DHA 🧠🧐(Docosahexaenoic Acid)** ဟာ မရှိမဖြစ် လိုအပ်...
06/09/2026

🧐🧠ကလေးငယ်တွေရဲ့ ဦးနှောက်နှင့် အမြင်အာရုံ စနစ်တကျ ဖွံ့ဖြိုးဖို့အတွက် **DHA 🧠🧐

(Docosahexaenoic Acid)** ဟာ မရှိမဖြစ် လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ DHA ဆိုတာ Omega-3 ဖက်တီးအက်ဆစ် တစ်မျိုးဖြစ်ပြီး ဦးနှောက်ဆဲလ်တွေရဲ့ တည်ဆောက်ပုံနဲ့ လုပ်ဆောင်ချက်တွေကို အဓိက အထောက်အကူပြုပေးပါတယ်။

1️⃣ ၁။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် DHA ရဲ့ အဓိကအခန်းကဏ္ဍ

* **ဦးနှောက်ဆဲလ်များ တည်ဆောက်ခြင်း:** ကလေးငယ်များ၏ ဦးနှောက်ဆဲလ် အမှေးပါးများ (Cell membranes) တွင် DHA အများအပြား ပါဝင်ပြီး ဆဲလ်တစ်ခုနှင့်တစ်ခု သတင်းအချက်အလက် ပေးပို့မှုကို လျှင်မြန်ချောမွေ့စေပါသည်။

* **မှတ်ဉာဏ်နှင့် သင်ယူနိုင်စွမ်း မြှင့်တင်ပေးခြင်း:** DHA ပြည့်ဝစွာ ရရှိသော ကလေးများသည် အာရုံစူးစိုက်နိုင်စွမ်း၊ မှတ်ဉာဏ်နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့တွင် ပိုမို အားကောင်းသည်ကို တွေ့ရပါသည်။

* **အမြင်အာရုံ ကောင်းမွန်စေခြင်း:** မျက်စိသူငယ်အိမ် (Retina) ဖွံ့ဖြိုးမှုအတွက်လည်း DHA ဟာ အဓိကကျသော တည်ဆောက်ပုံဆိုင်ရာ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါသည်။

2️⃣ ကလေးများ၏ အသက်အလိုက် DHA လိုအပ်ချက်များ

* **ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ:** ကလေးငယ်များသည် မိခင်ဝမ်းတွင်းရှိစဉ်နှင့် နို့စို့အရွယ်များတွင် မိခင်မှတစ်ဆင့် DHA ကို ရရှိသည့်အတွက် မိခင်ကိုယ်တိုင် DHA ကြွယ်ဝသော အစားအစာများကို စနစ်တကျ မှီဝဲရန် လိုအပ်ပါသည်။

* **ဖြည့်စွက်စာ စတင်စားသုံးချိန် (၆ လနှင့်အထက်):** ကလေးငယ်များ မိခင်နို့အပြင် ဖြည့်စွက်စာ စတင်စားချိန်တွင် DHA ပါဝင်သည့် အစားအစာများကို ပုံမှန် ထည့်သွင်းကျွေးမွေးပေးရပါမည်။

3️⃣ DHA ကြွယ်ဝစွာ ပါဝင်သော သဘာဝ အစားအစာများ

ကလေးငယ်များ၏ အသက်အရွယ်အလိုက် သင့်တော်သော အောက်ပါ အစားအစာများမှတစ်ဆင့် DHA ကို သဘာဝအတိုင်း ရရှိနိုင်ပါသည်-

* **ပင်လယ်ငါးများနှင့် ငါးကြီးဆီ:** ဆယ်လ်မွန်ငါး (Salmon)၊ တူနာငါး (Tuna) နှင့် သေတ္တာငါး (Sardines)

* **ဥအမျိုးမျိုး:** DHA အားဖြည့်ထားသော ကြက်ဥများ

* **အစေ့အဆန်နှင့် အဆီများ:** သစ်ကြားသီး (Walnuts)၊ Flaxseeds နှင့် Chia seeds (မိခင်များ စားသုံးရန် သို့မဟုတ် သင့်တော်သော အသက်အရွယ်တွင် ထည့်သွင်းကျွေးရန်)

ကလေးငယ်များ အသက်အရွယ်အလိုက် လိုအပ်သော အာဟာရဓာတ်များကို သဘာဝ အစားအစာများမှ စနစ်တကျ မျှတစွာ ရရှိအောင် ပြုစုပျိုးထောင်ပေးခြင်းသည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ဖြစ်ပါသည်။

ဒီနေ့တော့ BLm Myanmar က pancake powder လေးနဲ့ မနက်စာလေး လုပ်ထားပါတယ်။ ပါဝင်ပစ္စည်းတွေကလည်း ရိုးရှင်းပြီး ပြုလုပ်ရလွယ်ကူတာကြောင့် မေမေတို့ အတွက် အဆင်ပြေစေမှာပါ။ DHA ပါဝင်တာကြောင့် ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို အားပေးပါတယ်။

အသက် ၇လ အထက်ကစပြီး လက်နဲ့ကိုင်စားလို့ရတဲ့ အစားအစာလေးတွေ များများကျွေးပေးနော်။ ကလေးတွေကို ကိုယ်တိုင်ကိုင်စားစေခြင်းအားဖြင့် အစားချေးများတာ ကို ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်နည်းလေးကို ပုံမှာကြည့်ပေးနော်။ အသီးကို ကိုယ်ကြိုက်တာ ထည့်ပါ။ 🙂

မေတ္တာဖြင့်

Dr ကြယ်စင်

💙

04/09/2026

ကလေးတွေရဲ့ အစာစားချိန်က ပျော်စရာကောင်းဖို့ ဘာလို့အရေးကြီးတာလဲ?

ဖေဖေမေမေ တို့ကို ဒီ Video လေးကို သေချာနားထောင်စေချင်ပါတယ်

အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

လွယ်ကူတဲ့ love earth ပါစတာ ချက်နည်းလေး လည်း မျှဝေထားပါတယ်ရှင်။အရည်အသွေးကောင်းမွန်တဲ့ ကလေးစားသောက်ကုန်များကို Ocean Zone Trading M&P BABY STORE!မှ တင်သွင်းဖြန့်ချီတာဖြစ်ပါတယ်။

မိသားစုများအားလုံး ကျန်းမာကြပါစေရှင်

မေတ္တာဖြင့်

Dr ကြယ်စင်

02/09/2026

ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေ အားနည်းနေလို့ နေ့စဉ်စားသောက်တဲ့အခါ အရည်ပမာဏနဲ့အာဟာရဓာတ်တွေကို လွန်လွန်ကဲကဲ ကန့်သတ်ထိန်းချုပ်နေရပါသလား?



“သွေးတိုးရောဂါရှိသော လူကြီးများအတွက် သင့်တော်သော အာဟာရနှင့် စားသောက်နေထိုင်မှု ပုံစံ လမ်းညွှန်ချက်များ” **မြန်မာ့အစားအစာ...
28/08/2026

“သွေးတိုးရောဂါရှိသော လူကြီးများအတွက် သင့်တော်သော အာဟာရနှင့် စားသောက်နေထိုင်မှု ပုံစံ လမ်းညွှန်ချက်များ”

**မြန်မာ့အစားအစာနှင့် အငန်ဓာတ် (ဆိုဒီယမ်)**

မြန်မာ့ရိုးရာ အစားအစာတွေဟာ အရသာရှိပေမယ့် အငန်ဓာတ်ပါဝင်မှု မြင့်မားသည့် အစားအစာများ ပါဝင်နေတတ်ပါတယ်။ သွေးတိုးရောဂါ ထိန်းချုပ်ရာတွင် အဓိက အတားအဆီးဖြစ်စေတဲ့ အရာများ-

* **ငါးပိ၊ ငါးခြောက်နှင့် ပုစွန်ခြောက်:**

ငါးပိရည်၊ ငါးပိထောင်နှင့် ငါးခြောက်ကြော်/ချက်များသည် ဆားနှင့် အငန်ဓာတ် အလွန်များပြားသည်။

* **အချိုမှုန့်နှင့် ဟင်းခတ်မှုန့်:**

ဟင်းချက်ရာတွင် အသုံးပြုသော အချိုမှုန့် (MSG) နှင့် ဟင်းခတ်မှုန့်များတွင် ဆိုဒီယမ်ဓာတ် သို့မဟုတ် အငန်ဓာတ်များစွာ ပါဝင်သည်။

* **အချဉ်တည်ထားသော အစားအစာများ:**

မုန်ညှင်းချဉ်၊ သရက်သီးသနှပ် နှင့် ငါးချဉ်/ပုဇွန်ချဉ်များသည် ဆားဖြင့် စိမ်ထားခြင်းဖြစ်၍ သွေးပေါင်ချိန်ကို တက်စေသည်။

* **အသင့်စား ငံပြာရည်နှင့် အနှစ်များ:**

ဟင်းချက်ရာတွင် ငံပြာရည်၊ ခရုဆီ သို့မဟုတ် အသင့်ရောင်းသော ဟင်းနှစ်များကို လွန်ကဲစွာ အသုံးပြုခြင်း။

✅လိုက်နာရန် အာဟာရလမ်းညွှန်များ✅

* **ဆိုဒီယမ် လျှော့ချပါ:**

တစ်နေ့လျှင် ဆားပမာဏ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်) ထက် ပိုမစားသင့်ပါ။ ငါးပိ၊ ငါးခြောက် စသည်တို့ကို တတ်နိုင်သမျှ လျှော့စားပါ သို့မဟုတ် ရှောင်ပါ၊ ဟင်းချက်လျှင် ဆား သို့မဟုတ် ငံပြာရည်ကို လျှော့ထည့်ပါ။

* **ပိုတက်ဆီယမ် ကြွယ်ဝသော အစားအစာများ စားပါ:**

ပိုတက်ဆီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွင်းမှ အငန်ဓာတ်များကို စွန့်ထုတ်ရာတွင် ကူညီပေးသည်။ ဟင်းသီးဟင်းရွက်စိမ်းများ၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးနှင့် အစေ့အဆံများကို ပိုမိုစားသုံးပါ။

* **အဆီနည်းသော ပရိုတင်း (Protein) ကို ရွေးချယ်ပါ:**

အရေခွံမပါသော ကြက်သား၊ ငါး၊ တိုဖူးနှင့် ပဲအမျိုးမျိုးကို အဓိက စားပေးပါ။

* **အမျှင်ဓာတ် များသော အစာများ စားပါ:**

ကောက်နှံတစ်ခုလုံးပါသော ဆန်ကြမ်း၊ ဂျုံနှင့် သီးနှံများကို ပိုမိုစားသုံးပါ။

⚠️⚠️ရှောင်ကြဉ်ရမည့် အရာများ⚠️⚠️

* အသင့်စား အစားအစာများ၊ အချဉ်ရည်၊ အကင်အနှစ်များနှင့် စည်သွပ်ဘူးများ
* ဝက်သား၊ အမဲသား ကဲ့သို့သော အနီရောင်အသားများနှင့် အဆီများသော အစားအစာများ။
* အရက်နှင့် ဆေးလိပ်။

✅ အထက်ပါ လမ်းညွှန်ချက်များနှင့်အတူ သတ်မှတ်ထားသော သွေးတိုးထိန်းဆေးများကို မှန်မှန်သောက်သုံးရန်နှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရန်လည်း လိုအပ်ပါသည်။

🧂🧂🧂Himalayan Pink Salt (ဟိမဝန္တာ ဆားပန်းရောင်) ဟာ သွေးတိုးရှိသူတွေအတွက် များများစားချင်တိုင်း စားလို့ရတဲ့ ဆား တော့ မဟုတ်ပါဘူး။

🧂🧂🧂Himalayan salt မှာ ဆိုဒီယမ် (Sodium) ပါဝင်မှုက ပုံမှန် အိမ်သုံးဆား (Table salt) ထက် နည်းနည်းလျော့ပါတယ်။ ပုံမှန်ဆားမှာ ဆိုဒီယမ် ၉၈% မှ ၉၉% အထိ ပါဝင်ပြီး Himalayan salt မှာတော့ ၉၆% မှ ၉၈% ဝန်းကျင် ပါဝင်ပါတယ်။

✅ ဘယ်လိုနေရာတွေမှာ အကျိုးကျေးဇူး ရှိသလဲ? ✅

• ဆိုဒီယမ် ပါဝင်မှု အနည်းငယ် လျှော့ချပေးခြင်း: အထက်မှာ ပြောခဲ့သလိုပဲ ဆိုဒီယမ် ပမာဏ နည်းနည်း ပိုနည်းတာကြောင့် ပုံမှန်ဆားထက်စာရင် သွေးတိုးကို သက်ရောက်မှု အနည်းငယ် သက်သာစေပါတယ်။

• သဘာဝ သတ္တုဓာတ်များ ပါဝင်ခြင်း: Potassium (ပိုတက်ဆီယမ်)၊ Magnesium (မဂ္ဂနီဆီယမ်) နဲ့ Calcium (ကယ်လ်ဆီယမ်) စတဲ့ သတ္တုဓာတ် ပါဝင်တာကြောင့် ပုံမှန် ပြုပြင်ထားတဲ့ ဆားဖြူထက်စာရင် သဘာဝ ပိုကျပါတယ်။

⚠️ သတိထားရမည့် အချက်⚠️
Himalayan salt ဆိုရင် အကန့်အသတ်မရှိ စားလို့ရတယ်ဆိုတဲ့ အယူအဆက အမှားကြီးဖြစ်ပါတယ်။ သူလည်း ဆား (Sodium chloride) ဘဲ ဖြစ်တာကြောင့် ပမာဏ အများကြီး စားရင် သွေးတိုးတက်စေမှာ အမှန်ပဲဖြစ်ပါတယ်။

✅ အစားအစာကို ချင့်ချိန်စားသုံးခြင်းဟာ ရေရှည်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတာလေးကို သတိချပ်စေချင်ပါတယ်ရှင်။

🙏ဒီနေ့ ဆောင်းပါးလေးမှာ ပါဝင်ကူညီထားတာကတော့ love earth ရဲ့ Himalaya Mineral Rock Salt ပဲဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ စားသောက်ကုန်များကို Ocean Zone Trading M&P BABY STORE က တင်သွင်း ဖြန့်ချီတာဖြစ်ပါတယ်။

မိသားစုများအားလုံး ဘေးကင်းကျန်းမာကြပါစေရှင်။

မေတ္တာဖြင့်

Dr ကြယ်စင်

💙

Address

Kabaraye Pagoda Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr Kyal Sin - Mom & Nutritionist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Kyal Sin - Mom & Nutritionist:

Shortcuts

Share