Kyal Sin Clinics

Kyal Sin Clinics မြောက်ဒဂုံမြို့နယ်ရှိ ကြယ်စင်ဆေးကုခန်းများ၏ page အသစ်ဖြစ်ပါသည်။

မျက်နှာ တခြမ်း ရွဲ့ခြင်း (Bell’s Palsy) အကြောင်း မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်း ရာသီဥတုက နည်းနည်းလေး...
17/11/2026

မျက်နှာ တခြမ်း ရွဲ့ခြင်း (Bell’s Palsy) အကြောင်း

မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း ရာသီဥတုက နည်းနည်းလေးအေးလာတော့ မျက်နှာတခြမ်းရွဲ့၊ နှုတ်ခမ်းရွဲ့သွားတဲ့လူနာတွေ စတွေ့လာရပါတယ်။ ဒီတပါတ်မှာတင် လူနာနှစ်ယောက် တွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း Tik Tok မှာ ကောင်မလေးတယောက်က ရာသီလာနေချိန် ခေါင်းလျှော်မိလို့ မျက်နှာတခြမ်းရွဲ့သွားတဲ့အကြောင်း တင်ထားတာ တွေ့လိုက်ရပါတယ်။ ဒီလိုမျိုး မျက်နှာတခြမ်းပဲရွဲ့သွားတာက Bell's Palsy လို့ခေါ်တဲ့ မျက်နှာအာရုံကြော ရောင်ရမ်းတဲ့ ရောဂါတခုဖြစ်ပါတယ်။ ဒီရောဂါအကြောင်းလေးကို သေချာလေး ရှင်းပြပေးချင်ပါတယ်။

၁။ Bell’s Palsy ဆိုတာ ဘာလဲ? 🧠
ကျွန်တော်တို့ မျက်နှာအမူအရာတွေကို ထိန်းချုပ်ပေးတဲ့ နံပါတ် (၇) အာရုံကြော (seventh Facial Nerve) လေး ရှိပါတယ်။ အဲဒီ အာရုံကြောလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ရောင်ရမ်းပြီး ဖိမိသွားတဲ့အခါ မျက်နှာတစ်ခြမ်းက ကြွက်သားတွေ အလုပ်မလုပ်နိုင်တော့ဘဲ အကြောသေသွားသလို ဖြစ်သွားတာကို Bell’s Palsy လို့ ခေါ်တာပါ။ ဦးနှောက်ထဲမှာ သွေးကြောပေါက်တာ၊ သွေးကြောပိတ်တာ လုံးဝ မဟုတ်တဲ့အတွက် လေဖြတ်တာနဲ့ မတူပါဘူး။

၂။ ဘာကြောင့်ဖြစ်တာလဲ? (Causes) 🦠
အဓိက တရားခံကတော့ ဗိုင်းရပ်စ်ပိုး (Virus) ဝင်တာကြောင့်ပါ။ ရေယုန်ဗိုင်းရပ်စ် (Herpes simplex)၊ ရေကျောက်ဗိုင်းရပ်စ်၊ ဒါမှမဟုတ် တုပ်ကွေးဗိုင်းရပ်စ် တစ်မျိုးမျိုးကြောင့် အာရုံကြောလေး ရောင်ရမ်းသွားတာ ဖြစ်ပါတယ်။
ညဘက် အဲကွန်း/ပန်ကာလေ တိုက်ရိုက်ခံပြီး အိပ်တာ၊ လေစိမ်းတိုက်ခံရတာ၊ ရေအကြာကြီးချိုးမိတာ၊ ခေါင်းအကြာကြီးလျှော်မိတာ၊ ခေါင်းလျှော်ပြီးတဲ့အခါ ရေခြောက်အောင်မသုတ်တာတွေကလည်း အစပျိုးပေးတဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။

၃။ ဘယ်သူတွေ ပိုဖြစ်နိုင်လဲ? (Risk Factors) ⚠️
* ကိုယ်ဝန်ဆောင် အမျိုးသမီးများ (အထူးသဖြင့် ကိုယ်ဝန်နောက်ဆုံးလပိုင်း)�
* ဆီးချိုရောဂါ ရှိသူများ�
* မကြာသေးမီက အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး ဖျားနာထားသူများ�
* ကိုယ်ခံအားကျဆင်းနေသူများ ပိုပြီး ဖြစ်နိုင်ပါတယ်။ �

၄။ လက္ခဏာတွေက ဘာတွေလဲ? (Symptoms) 🤒
* မျက်နှာတခြမ်း ရုတ်တရက် ရွဲ့သွားခြင်း (များသောအားဖြင့် တညတွင်းချင်း သို့မဟုတ် နာရီပိုင်းအတွင်း ဖြစ်တတ်ပါတယ်)။�
* မျက်လုံး တဖက် လုံးဝ မှိတ်လို့မရတော့ခြင်း၊ မျက်လုံးခြောက်ခြင်း သို့မဟုတ် မျက်ရည်ပူတွေ အမြဲကျနေခြင်း။�
* ပါးစပ်တခြမ်း ရွဲ့သွားပြီး ရေသောက်၊ ထမင်းစားတဲ့အခါ ဘေးကနေ ပြန်ယိုကျခြင်း။�
* ပြုံးလိုက်ရင် မျက်နှာက တဖက်ကို ဆွဲသွားခြင်း။�
* နားနောက်ဘက်နားတွင် ကိုက်ခဲနာကျင်ခြင်း၊ အသံတွေ အရမ်းကျယ်လွန်းနေသလို ခံစားရခြင်း။�
* လျှာရဲ့ အရသာခံနိုင်စွမ်း လျော့ကျသွားခြင်း။�

၅။ ပျောက်ကင်းနိုင်ခြေ နဲ့ ကြာချိန် (Recovery Time) ⏳
မကြောက်ပါနဲ့၊ သေချာကုသရင် လုံးဝ ပျောက်ပါတယ်။ သုတေသနတွေအရ လူနာ (၈၀-၉၀ ရာခိုင်နှုန်း) ဟာ လုံးဝ ပုံမှန်အတိုင်း ပြန်ကောင်းသွားတတ်ပါတယ်။

* များသောအားဖြင့် (၂) ပတ် ကနေ (၃) ပတ် အတွင်း စတင် သက်သာလာပါတယ်။�
* လုံးဝ အပြည့်အဝ ပုံမှန်ပြန်ဖြစ်ဖို့ကတော့ (၃) လ ကနေ (၆) လ အထိ အချိန်ယူရတတ်ပါတယ်။�

✅ အကြံပြုချက်
Bell's Palsy ဖြစ်ပြီဆိုရင် အရေးကြီးဆုံးက ပထမဆုံး (၃) ရက် (၇၂ နာရီ) အတွင်း ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး အာရုံကြောရောင်ကျဆေး (Steroid) နဲ့ ဗိုင်းရပ်စ်သတ်ဆေးတွေကို အချိန်မီ သောက်ဖို့ပါပဲ။ အချိန်မီ ဆေးသောက်မှသာ အာရုံကြော ပျက်စီးတာကို ကာကွယ်နိုင်မှာပါ။

ဒါ့အပြင် မျက်လုံးမှိတ်မရတဲ့အတွက် မျက်လုံးမခြောက်အောင်၊ မျက်ကြည်လွှာမပျက်စီးအောင် မျက်ရည်တု (Artificial Tears)ခဏခဏ ခတ်ပေးရပါမယ်။ ညအိပ်ရင် မျက်လုံးကို ပလာစတာလေးနဲ့ ပိတ်အိပ်ပါ။ ဆရာဝန် ညွှန်ကြားတဲ့ မျက်နှာကြွက်သား လေ့ကျင့်ခန်းတွေကိုလည်း နေ့စဉ် မှန်မှန် လုပ်ပေးရပါမယ်။ ဒါဆိုရင် အမြန်ဆုံး ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။

အခုဆိုရင်တော့ မျက်နှာတခြမ်းရွဲ့သွားတဲ့ Bell’s palsy ရောဂါအကြောင်းကို အကြမ်းဖျင်းသိသွားလောက်ပြီထင်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ သိရှိသွားအောင် ဒီ Post လေးကို မျှဝေ (Share) ပေးလိုက်ပါဦးဗျ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။�
#မျက်နှာတခြမ်းရွဲ့ခြင်း #လေဖြတ်

နေမကောင်းဖြစ်တာနဲ့၊ နည်းနည်းအားနည်းတာနဲ့ 'မော်ရီယာမင်းလေး တစ်လုံးလောက် သွင်းလိုက်ရင် အားရှိသွားမှာ' ဆိုပြီး ပြောနေကြတာ မ...
10/11/2026

နေမကောင်းဖြစ်တာနဲ့၊ နည်းနည်းအားနည်းတာနဲ့ 'မော်ရီယာမင်းလေး တစ်လုံးလောက် သွင်းလိုက်ရင် အားရှိသွားမှာ' ဆိုပြီး ပြောနေကြတာ မကြာခဏ ကြားဖူးကြမှာပါ...

လူတော်တော်များများက Moriamin ကို အားရှိစေတဲ့ တန်ခိုးထူးတဲ့ အားဆေးတစ်မျိုးလို့ ထင်နေကြပါတယ်။ တကယ်ပဲ အားနည်းတိုင်း ဒီဆေးကို သွင်းဖို့ လိုအပ်သလား၊ ထိုးလိုက်ရင် တကယ်ပဲ အားရှိရဲ့လားဆိုတာကို ဒီနေ့ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

💡 မော်ရီယာမင်း (Moriamin) ဆိုတာ ဘာလဲ?

Moriamin ဆိုတာ တကယ်တော့ အားဆေး (Energy Booster) စစ်စစ် မဟုတ်ပါဘူး။ သူက 'အမိုင်နိုအက်စစ် (Amino Acids)' လို့ခေါ်တဲ့ အာဟာရဓာတ်တွေ အဓိကပါဝင်တဲ့ ဆေးရည်တစ်မျိုးပါ။
အမိုင်နိုအက်စစ်ဆိုတာ ခန္ဓာကိုယ်အတွက် ပရိုတင်းဓာတ်တည်ဆောက်ပေးတဲ့ အခြေခံအုတ်မြစ်လေးတွေပါပဲ။ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ ဟော်မုန်းတွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

✅ ဘယ်လိုအချိန်တွေမှာ မော်ရီယာမင်းကို တကယ်လိုအပ်လဲ?

ဆရာဝန်တွေက ဒီဆေးရည်ကို အောက်ပါအခြေအနေတွေမှာ အဓိက အသုံးပြုလေ့ရှိပါတယ်-

* အစာ လုံးဝ မစားနိုင်တဲ့ လူမမာတွေ: ခွဲစိတ်မှုကြီးကြီးမားမားလုပ်ထားလို့၊ အစာမျိုပြွန်မှာ ပြဿနာရှိလို့ စားသောက်လို့မရတဲ့ သူတွေကို အာဟာရဓာတ်တိုက်ရိုက်ရအောင် သွေးကြောကနေ သွင်းပေးရပါတယ်။

* အာဟာရစုပ်ယူမှုအားနည်းတဲ့ ရောဂါရှိသူတွေ: အူလမ်းကြောင်းရောဂါတချို့ကြောင့် စားလိုက်တဲ့အစာကနေ အာဟာရကို ကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါမျိုးမှာ သုံးပါတယ်။

* ပြင်းထန်စွာ အာဟာရချို့တဲ့နေသူတွေ: အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ် အလွန်အမင်းနည်းနေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ အရေးပေါ်သုံးရပါတယ်။

❓ ဒါဆို မော်ရီယာမင်းထိုးရင် အားရှိလား?

ဒီမေးခွန်းရဲ့အဖြေကတော့ "ထင်သလောက်မဟုတ်ဘူး" လို့ပြောချင်ပါတယ်။

ပုံမှန်အတိုင်း အစားအသောက်စားနိုင်တဲ့သူတစ်ယောက် နည်းနည်းအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာအတွက် Moriamin သွင်းလိုက်တဲ့အခါ...

* စိတ်ပိုင်းဆိုင်ရာအာနိသင် (Placebo Effect): "ဆေးသွင်းလိုက်ပြီ၊ အားရှိတော့မယ်" ဆိုတဲ့ စိတ်ကြောင့် တကယ်ပဲ လန်းဆန်းသွားသလို ခံစားရတာဖြစ်ပါတယ်။

* ရေဓာတ်ဖြည့်တင်းခြင်း: ဆေးပုလင်းချိတ်တဲ့အခါ Moriamin ဆေးရည်အပြင် Dextrose (သကြားရည်)၊ Saline (ဆားရည်) တွေပါ ရောစပ်ထားတာမို့ ခန္ဓာကိုယ်မှာ ရေဓာတ်ပြန်ပြည့်သွားပြီး လန်းဆန်းလာတာ ဖြစ်ပါတယ်။


⚠️ မလိုအပ်ဘဲ ဆေးသွင်းခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ?

* ပိုးဝင်နိုင်ခြေ: အသားကိုအပ်နဲ့ဖောက်ရတာမို့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ပစ္စည်းသန့်ရှင်းမှု အားနည်းရင် ပိုးဝင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

* ဓာတ်မတည့်ခြင်း (Allergic Reaction): ဆေးနဲ့ဓာတ်မတည့်ရင် အသက်ရှူကျပ်တာ၊ အနီစက်တွေထွက်တာတွေကနေ ပြင်းထန်တဲ့၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။

* ကိုယ်တွင်းအင်္ဂါများ ဝန်ပိခြင်း: အထူးသဖြင့် နှလုံး၊ အသည်း၊ ကျောက်ကပ်ရောဂါအခံရှိသူတွေမှာ ရေဓာတ်နဲ့ အာဟာရဓာတ်တွေ များသွားတာကြောင့် ရောဂါပိုဆိုးစေနိုင်ပါတယ်။

* ငွေကုန်ကြေးကျများခြင်း: တကယ်တမ်း အာဟာရပြည့်ဝတဲ့ အစားအစာ (ဥပမာ- ကြက်ဥပြုတ်တစ်လုံး၊ နွားနို့တစ်ခွက်) စားလိုက်တာက ပိုပြီး စိတ်ချရသလို ငွေကုန်သက်သာစေပါတယ်။

🚫 အထူးသတိပြု ရှောင်ကြဉ်သင့်သူများ

-အောက်မှာဖော်ပြထားတဲ့ ရောဂါအခံရှိသူတွေအတွက်ဆိုရင် မော်ရီယာမင်းသွင်းတာဟာ "အားရှိ" စေတာထက် "ဒုက္ခရောက်" စေနိုင်ပါတယ်။

* ကျောက်ကပ်ရောဂါအခံရှိသူများ
ကျောက်ကပ်ဟာ ခန္ဓာကိုယ်က မလိုအပ်တဲ့အညစ်အကြေးတွေကို စွန့်ထုတ်ပေးရပါတယ်။ မော်ရီယာမင်းမှာပါတဲ့ ပရိုတင်းဓာတ် (အမိုင်နိုအက်စစ်) တွေက အညစ်အကြေးတွေပိုထွက်စေပြီး အားနည်းနေတဲ့ ကျောက်ကပ်ကို ဝန်ပိစေပါတယ်။ ဒါဟာ ကျောက်ကပ်ကို ပိုပြီးပျက်စီးစေနိုင်ပါတယ်။

* နှလုံးရောဂါအခံရှိသူများ
ဆေးပုလင်းချိတ်လိုက်တဲ့အခါ သွေးကြောထဲကို ရေဓာတ်တွေ အများကြီး ရုတ်တရက်ရောက်လာပါတယ်။ နှလုံးအားနည်းနေတဲ့သူတွေမှာ ဒီပိုလျှံလာတဲ့ရေတွေကို နှလုံးက မညှစ်ထုတ်နိုင်တော့ဘဲ အဆုတ်ထဲရေဝင်တာ၊ ဖောရောင်တာတွေဖြစ်ပြီး အသက်ရှူကျပ်ကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

* အသည်းရောဂါအခံရှိသူများ
အသည်းမကောင်းတဲ့သူ (ဥပမာ - အသည်းခြောက်နေသူ) ကို မော်ရီယာမင်းသွင်းလိုက်ရင် အသည်းက အလုပ်မလုပ်နိုင်တော့ဘဲ အဆိပ်အတောက်တွေဦးနှောက်ထဲရောက်ပြီး သတိလစ်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။

( * အသည်းနဲ့ ကျောက်ကပ် သမားတွေအတွက် သီးသန့်ဖော်မြူလာနဲ့ထုတ်ထားတဲ့ မော်ရီယာမင်းအားဆေးတွေ ရှိပါတယ်။* )

ဒါကြောင့် သင့်မှာ ဒီလိုရောဂါအခံတွေရှိနေရင် "အားနည်းတယ်" ဆိုတဲ့ ခံစားချက်တစ်ခုတည်းနဲ့ ဆေးသွင်းဖို့ လုံးဝမစဉ်းစားသင့်ပါဘူး။

👨‍⚕️ အကြံပြုချက်

နိဂုံးချုပ်ရရင်တော့ မော်ရီယာမင်းဟာ အရေးပေါ်လိုအပ်တဲ့လူတွေအတွက် အာဟာရဖြည့်ဆေးကောင်းတစ်ခုဖြစ်ပေမယ့်၊ လူတိုင်းအတွက် အားရှိအောင် ထိုးရတဲ့ "အားဆေး" မဟုတ်ပါဘူး။
တကယ်လို့ သင် အားနည်းနေတယ်၊ နွမ်းနယ်နေတယ်လို့ ခံစားရရင်...

* အာဟာရပြည့်ဝအောင် စားပါ (အသား၊ ငါး၊ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်)။
* ရေများများသောက်ပါ။
* အိပ်ရေးဝအောင် အိပ်ပါ။
* ဒါတွေလုပ်တာတောင် မသက်သာရင် အားနည်းရတဲ့ အကြောင်းရင်းမှန်ကို သိနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပါ။
ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး တကယ်လိုအပ်တယ်လို့ ညွှန်ကြားမှသာ ဆေးသွင်းကုသမှုကို ခံယူသင့်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မိတ်ဆွေတို့ရဲ့ အတွေ့အကြုံလေးတွေ၊ အမြင်လေးတွေကိုလည်း comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#မော်ရီယာမင်း #အားဆေး #ဆေးပုလင်းချိတ်ခြင်း #ကျန်းမာရေးဗဟုသုတ #ဒေါက်တာရဲ

"မိတ်" တွေထွက်ပြီး အရမ်း ယားနေပါသလား? မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။ ရာသီဥတုက ပူအိုက်စွတ်စိုလာတာနဲ့အမျှ ကလေးတွေရ...
05/11/2026

"မိတ်" တွေထွက်ပြီး အရမ်း ယားနေပါသလား?

မင်္ဂလာပါခင်ဗျာ…. ဒေါက်တာရဲ ဖြစ်ပါတယ်။

ရာသီဥတုက ပူအိုက်စွတ်စိုလာတာနဲ့အမျှ ကလေးတွေရော လူကြီးတွေမှာပါ ကျောကုန်း၊ ရင်ဘတ်နဲ့ လည်ပင်းတွေမှာ နီရဲပြီး ယားယံတဲ့ "မိတ်ဖု" လေးတွေ အများကြီး ထွက်လာတတ်ပါတယ်။ တချို့ဆို ယားလွန်းလို့ ညဘက်တောင် ကောင်းကောင်း မအိပ်ကြရပါဘူး။

ဒါကြောင့် "မိတ်" ဘာကြောင့်ထွက်ရသလဲဆိုတာနဲ့ အမြန်ဆုံး သက်သာအောင် ဘယ်လို သဘာဝနည်းလမ်းတွေ၊ ဘယ်လို လိမ်းဆေးတွေ သုံးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

🛑 မိတ် ဘာကြောင့် ထွက်ရတာလဲ?
အဓိက တရားခံကတော့ "ချွေးပေါက်တွေ ပိတ်သွားလို့" ပါပဲ။ ရာသီဥတု အရမ်းပူလို့ ချွေးတွေ အများကြီးထွက်တဲ့အခါ လေဝင်လေထွက်မကောင်းတဲ့ အဝတ်အစားတွေ ကြောင့်ဖြစ်စေ၊ ချွေးပေါက်ကို ပိတ်စေတဲ့ အဆီတွေ လိမ်းထားလို့ဖြစ်စေ ချွေးတွေက အပြင်ကို မထွက်နိုင်တော့ဘဲ အရေပြားအောက်မှာ ပိတ်မိသွားပါတယ်။ အဲဒီ ပိတ်မိနေတဲ့ ချွေးတွေက အရေပြားကို ရောင်ရမ်းစေပြီး နီရဲတဲ့ မိတ်ဖုလေးတွေနဲ့ အလွန်အမင်း ယားယံမှုကို ဖြစ်စေတာပါ။

✅ သဘာဝအတိုင်း သက်သာအောင် ဘယ်လိုလုပ်ရမလဲ?

၁။ ရေအေးအေးနဲ့ ချိုးပါ: ရေခဲရေ မဟုတ်ဘဲ ရိုးရိုးရေအေးအေးလေးနဲ့ တနေ့ (၂) ကြိမ် ရေချိုးပေးတာက အရေပြား အပူချိန်ကို ကျစေပြီး ချွေးပေါက်တွေကို ပွင့်စေပါတယ်။

၂။ ချည်သားပွပွ ဝတ်ဆင်ပါ: ချွေးစုပ်လွယ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား (Cotton) အင်္ကျီ ပွပွချောင်ချောင်လေးတွေကိုသာ ဝတ်ဆင်ပါ။

၃။ အေးမြတဲ့ နေရာမှာ နေပါ: ပန်ကာ သို့မဟုတ် အဲယားကွန်း ရှိတဲ့နေရာမှာ နေပါ။ ယားယံနေတဲ့ နေရာတွေကို ရေခဲဝတ်လေး (၁၀) မိနစ်ခန့် ကပ်ပေးတာ၊ ရှားစောင်းလက်ပတ် (Aloe Vera gel) အေးအေးလေး လိမ်းပေးတာကလည်း ယားယံခြင်းကို အမြန်သက်သာစေပါတယ်။

✅ ဘယ်လို ဆေးဝါးတွေ သုံးလို့ရလဲ?
မိတ်က များသောအားဖြင့် အရေပြားအေးသွားရင် ရက်အနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အရမ်းယားယံနေရင် ဒီဆေးတွေ သုံးနိုင်ပါတယ်။

၁။ Calamine Lotion (ကာလာမင်း လိုးရှင်း): မိတ်ထွက်တဲ့ နေရာတွေကို သန့်ရှင်းအောင်လုပ်ပြီး Calamine lotion လေး လိမ်းပေးတာက အရေပြားကို အေးမြစေပြီး ယားယံတာကို သက်သာစေပါတယ်။

၂။ ယားယံသက်သာစေသော သောက်ဆေးများ: ညဘက် ယားလွန်းလို့ အိပ်မရဘူးဆိုရင် ဆရာဝန်ညွှန်ကြားချက်နဲ့ Cetirizine ၊Levocetrizine လိုမျိုး (Antihistamines) ဆေးတွေ သောက်သုံးနိုင်ပါတယ်။

၃။ အရမ်းရောင်ရမ်းပြီး နီရဲနေလျှင် ဆရာဝန်ညွှန်ကြားချက်နဲ့ Hydrocortisone 1% လို စတီးရွိုက် လိမ်းဆေး အပျော့စားကို ၂ ရက်၊ ၃ ရက်ခန့် သုံးနိုင်ပါတယ်။ (မိမိသဘောဖြင့် မလိမ်းရပါ)

⚠️ သတိပေးချက်
မိတ်ဖုတွေကို ပေါင်ဒါမှုန့်တွေ၊ အဆီများတဲ့ လိမ်းဆေးတွေ မလိမ်းသင့်ပါဘူး။ ချွေးပေါက်တွေကို ပိုပိတ်စေပြီး မိတ် ပိုဆိုးသွားတတ်ပါတယ်။ ယားလို့ဆိုပြီးလည်း အရမ်းမကုတ်သင့်ပါဘူး၊ လက်သည်းထဲက ဘက်တီးရီးယားပိုးတွေကြောင့် မိတ်ဖုတွေကို ပိုးဝင်စေတတ်ပါတယ်။

မိတ်ဖုတွေက မသက်သာဘူး၊ ပိုများလာတယ်၊ ပြည်တည်လာတယ်၊ ကိုယ်ပူလာတယ်၊ ဖျားလာတယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

ကိုယ့်အိမ်မှာ မိတ်တွေထွက်ပြီး ယားယံနေတဲ့ ကလေးတွေနဲ့ မိသားစုဝင်တွေ အမြန်ဆုံး သက်သာသွားအောင် ဒီ Post လေးကို အခုပဲ Share ပြီး မျှဝေပေးလိုက်ပါဦးခင်ဗျာ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ



#မိတ်ထွက်ခြင်း #ယားယံခြင်း #ကျန်းမာရေးဗဟုသုတ
#မိတ်ပျောက်ဆေး

စီးကရက် တစ်နေ့တစ်လိပ် သောက်ခြင်း၏ ခန္ဓာကိုယ်အတွင်းမှ အမှန်တရားကို တိကျစွာ တင်ပြပေးလိုက်ပါသည်။​"သတိမထားမိတဲ့ ခြိမ်းခြောက်...
31/10/2026

စီးကရက် တစ်နေ့တစ်လိပ် သောက်ခြင်း၏ ခန္ဓာကိုယ်အတွင်းမှ အမှန်တရားကို တိကျစွာ တင်ပြပေးလိုက်ပါသည်။
​"သတိမထားမိတဲ့ ခြိမ်းခြောက်မှု"
​သင် စီးကရက်တစ်လိပ်ကို မီးညှိပြီး ရှူသွင်းလိုက်သည့်အခါ၊ သင့်ခန္ဓာကိုယ်၏ အတွင်းပိုင်းစက်ယန္တရားသည် စက္ကန့်ပိုင်းအတွင်း အပြင်းအထန် တုံ့ပြန်မှုများ စတင်တော့သည်။
​ပထမအဆင့် - အသက်ရှူလမ်းကြောင်းသို့ ကျူးကျော်ဝင်ရောက်ခြင်း
မီးခိုးငွေ့များသည် သင့်လေပြွန် (Trachea) ကို ဖြတ်သန်းကာ အဆုတ်လေပြွန်ခွဲများ (Bronchial tubes) ထဲသို့ အရှိန်ဖြင့် ဝင်ရောက်သည်။ ထိုအချိန်တွင် မီးခိုးငွေ့ပါ အဆိပ်အတောက်များနှင့် ကတ္တရာစေး (Tar) များသည် လေပြွန်အတွင်းရှိ အလွန်နူးညံ့သော တစ်ရှူးများကို စတင်ဖုံးလွှမ်းသွားသည်။ ဤသည်မှာ အဆုတ်လေအိတ် (Alveoli) များ ပျက်စီးခြင်း၏ အစဖြစ်သည်။
​ဒုတိယအဆင့် - သွေးကြောစနစ်သို့ အဆိပ်အတောက်များ စိမ့်ဝင်ခြင်း
အဏုကြည့်မှန်ပြောင်းအဆင့်တွင် ကြည့်လျှင်၊ နီကိုတင်း၊ ကာဗွန်မိုနောက်ဆိုဒ်နှင့် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများသည် အဆုတ်လေအိတ်နံရံကို ဖောက်ထွက်ကာ သွေးကြောထဲသို့ တိုက်ရိုက်ဝင်ရောက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သွေးနီဥဆဲလ်များ၏ အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်းကို ကာဗွန်မိုနောက်ဆိုဒ်က လုယူသွားပြီး၊ သင့်ကိုယ်အင်္ဂါအစိတ်အပိုင်းများအတွက် အသက်ရှူကြပ်မှုကို စတင်ဖြစ်ပေါ်စေသည်။
​တတိယအဆင့် - ဦးနှောက်နှင့် နှလုံးကို ထိန်းချုပ်ခြင်း
နီကိုတင်းသည် ဦးနှောက်အတွင်း ဒိုပါမင်းဓာတ်ကို အတင်းအဓမ္မ ထုတ်လွှတ်လိုက်ခြင်းဖြင့် သင် "ကောင်းသည်" ဟု ထင်ယောင်ထင်မှား ဖြစ်စေသည်။ သို့သော် ၎င်းသည် အမှန်တကယ်တွင် ဦးနှောက်၏ အာရုံခံနိုင်စွမ်းကို လျော့နည်းသွားစေပြီး စီးကရက်ကို ဆက်လက်တောင်းဆိုလာစေရန် ဦးနှောက်ကို အတင်းအကျပ် လေ့ကျင့်ပေးလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သွေးလွှတ်ကြောများ ကျဉ်းမြောင်းသွားပြီး နှလုံးသည် ပုံမှန်ထက် ပိုမိုအားစိုက်ထုတ်ကာ သွေးညှစ်ပေးနေရသည်။ ဤဖိအားသည် အချိန်ကြာလာသည်နှင့်အမျှ နှလုံးသွေးကြောဆိုင်ရာ ရောဂါများဆီသို့ တိုက်ရိုက်လမ်းကြောင်း ပေးလိုက်ခြင်း ဖြစ်သည်။
​စတုတ္ထအဆင့် - ဆဲလ်အဆင့်မှ တိတ်တဆိတ် ပျက်စီးခြင်း
စီးကရက်တစ်လိပ်တိုင်းတွင် ပါဝင်သော ဓာတုပစ္စည်းပေါင်း ၇,၀၀၀ ကျော်သည် သွေးကြောတစ်လျှောက် လှည့်ပတ်ပြီး ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို ထိခိုက်စေသည်။ အထူးသဖြင့် ဆဲလ်များ၏ စွမ်းအင်စက်ရုံ (Mitochondria) များ မှေးမှိန်သွားကာ ခန္ဓာကိုယ်၏ အိုမင်းခြင်းဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေးသည်။ တစ်ချိန်တည်းမှာပင် အစာခြေစနစ်အတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ ပျက်စီးသွားပြီး အူလမ်းကြောင်း ရောင်ရမ်းမှုများ ဖြစ်ပေါ်လာသည်။
​နိဂုံး
"တစ်နေ့တစ်လိပ်လောက်တော့ ဘာမှမဖြစ်ပါဘူး" ဟု သင်ယူဆနေချိန်တွင်၊ သင့်ခန္ဓာကိုယ်သည် အဆိုပါ အဆိပ်အတောက်များကို နေ့စဉ်နှင့်အမျှ စုပုံမှတ်တမ်းတင်နေသည်။ ဤသည်မှာ မမြင်နိုင်သော၊ သို့သော် အလွန်တိကျပြီး စုပုံလာနေသည့် ကျန်းမာရေးပျက်စီးမှု ဖြစ်စဉ်တစ်ခုပင် ဖြစ်သည်။ သင် သတိမထားမိသည့်တိုင်၊ သင့်ခန္ဓာကိုယ်ကမူ အမြဲတမ်း စာရင်းကိုင်နေပါသည်။
#ကျန်းမာရေးဗဟုသုတ

- သင့်ကျောက်ကပ်ကို တိတ်တဆိတ် ဖျက်ဆီးနေတဲ့ နေ့စဉ်အမူအကျင့်များ- မင်္ဂလာပါခင်ဗျာ ဒေါက်တာရဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္...
27/10/2026

- သင့်ကျောက်ကပ်ကို တိတ်တဆိတ် ဖျက်ဆီးနေတဲ့ နေ့စဉ်အမူအကျင့်များ

- မင်္ဂလာပါခင်ဗျာ ဒေါက်တာရဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ "ကျောက်ကပ်" (Kidneys) တွေက 'တိတ်တဆိတ် အလုပ်လုပ်တဲ့ အင်္ဂါအစိတ်အပိုင်း' တွေပါ။ သူတို့ဟာ ၂၄ နာရီပတ်လုံး ခန္ဓာကိုယ်က အညစ်အကြေးတွေကို စစ်ထုတ်ပေးတယ်၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်၊ ဆီးသွားစေပြီး ရေဓာတ်ကို မျှတစေပါတယ်။

ဒါပေမဲ့ ကျောက်ကပ်ရဲ့ ကြောက်စရာအကောင်းဆုံးအချက်က ၇၀%၊ ၈၀% လောက် ပျက်စီးသွားတဲ့အထိ ဘာလက္ခဏာမှ ကောင်းကောင်းမပြတတ်တာပါပဲ။ နောက်ဆုံးအဆင့်ရောက်ခါနီးမှ သိရတာမျိုး များပါတယ်။

ဒါကြောင့် ကျောက်ကပ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့၊ တဖြည်းဖြည်း ပျက်စီးစေတဲ့ နေ့စဉ်အမူအကျင့်တချို့ကို မျှဝေပေးချင်ပါတယ်။

-🚫 ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေသော အဓိကအမူအကျင့်များ

၁။ အကိုက်အခဲပျောက်ဆေးတွေကို လွယ်လွယ်ကူကူ သောက်သုံးခြင်း 💊
ဒါက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံး အချက်တစ်ချက်ပါ။ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ညောင်းညာတာနဲ့ ဆေးဆိုင်ကနေ NSAID အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ (ဥပမာ- Ibuprofen, Mefenamic Acid (Mefa), Diclofenac, ) ကို ရေတောင်းသောက်သလို လွယ်လွယ်ကူကူ ဝယ်ယူသောက်သုံးနေကြတာဟာ ကျောက်ကပ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။
-ဒီဆေးတွေက ကျောက်ကပ်ဆီသွားတဲ့ သွေးကြောတွေကို ကျဉ်းစေပြီး ကျောက်ကပ်ရဲ့ သွေးစစ်ထုတ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ရေရှည် လုံးဝမသောက်သုံးသင့်ပါဘူး။

၂။ အငန်ဓာတ် (ဆိုဒီယမ်) များလွန်းတဲ့ အစားအစာများ
မြန်မာအစားအစာတွေ ချက်ပြုတ်တဲ့အခါ ငံပြာရည်၊ ငါးပိ၊ အချိုမှုန့်၊ ငါးခြောက်၊ ငပိရည်၊ ဆား တို့ကို အများအပြား သုံးစွဲလေ့ရှိပါတယ်။ ဒီအစားအစာတွေမှာ ဆိုဒီယမ် (Sodium) အလွန်အကျွံ ပါဝင်ပါတယ်။
-ဆိုဒီယမ်များတာက သွေးတိုးစေပါတယ်။ သွေးတိုးဟာ ကျောက်ကပ်ပျက်စီးခြင်းရဲ့ နံပါတ် (၁) အကြောင်းရင်း ဖြစ်ပါတယ်။ ဒါ့အပြင် အငန်ဓာတ်က ကျောက်ကပ်ကျောက်တည်နိုင်ခြေကိုလည်း မြင့်တက်စေပါတယ်။ တတ်နိုင်သလောက် အရသာကို "ပေါ့ပေါ့" စားသုံးတဲ့ အကျင့်ကို မွေးမြူပါ။

၃။ သွေးတိုး နဲ့ ဆီးချိုကို ပေါ့ဆစွာထားခြင်း
ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်ဆေးနေရတဲ့ လူနာအများစုရဲ့ အရင်းခံရောဂါတွေက "ဆီးချို" နဲ့ "သွေးတိုး" ပါ။ "ငါက ဆေးမသောက်ချင်ဘူး၊ ဘာမှမဖြစ်ဘူး" ဆိုပြီး ဆေးကို ပုံမှန်မသောက်တာ၊ သွေးပေါင်ချိန်နဲ့ သွေးချိုဓာတ်ကို ပုံမှန်မစစ်ဆေးဘဲ ပစ်ထားတာဟာ ကျောက်ကပ်ကို တိတ်တဆိတ် သတ်နေတာနဲ့ အတူတူပါပဲ။
-သွေးတိုး၊ ဆီးချို ရှိမှန်းသိရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကို "နေ့စဉ်" မှန်မှန်သောက်ပါ။ သွေးပေါင်ချိန်နဲ့ သွေးချိုကို ပုံမှန်အဆင့်မှာ ထိန်းထားနိုင်လေ၊ သင့်ကျောက်ကပ်က ပိုပြီး အသက်ရှည်လေပါပဲ။

၄။ ရေသောက်နည်းလွန်းခြင်း
ရေဓာတ်ပြည့်ဝနေမှ ကျောက်ကပ်က အဆိပ်အတောက်တွေကို ကောင်းကောင်းစစ်ထုတ်နိုင်မှာပါ။ ရေသောက်နည်းလွန်းရင် ဆီးထဲမှာ အနည်အနှစ်တွေ ပျစ်ခဲလာပြီး ကျောက်ကပ်ကျောက်တည် နိုင်ခြေ အရမ်းများလာပါတယ်။
-တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက် ကနေ (၁၀) ခွက် (သို့) ကိုယ့်ခန္ဓာကိုယ်၊ ရာသီဥတု၊ လုပ်ဆောင်တဲ့ အလုပ်ပေါ်မူတည်ပြီး လုံလောက်အောင် သောက်ပါ။ (ဒါပေမဲ့ ကျောက်ကပ်ပျက်စီးနေပြီး ဆရာဝန်က ရေကန့်သတ်ထားသူတွေကတော့ ညွှန်ကြားချက်အတိုင်းပဲ သောက်ရပါမယ်)။

၅။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အဆုတ်တင်မကပါဘူး၊ ကျောက်ကပ်ဆီသွားတဲ့ သွေးကြောလေးတွေကိုပါ ပျက်စီးစေပါတယ်။ သွေးကြောတွေ ပျက်စီး/ကျဉ်းမြောင်းလာတဲ့အခါ ကျောက်ကပ်က သွေးအလုံအလောက်မရတော့ဘဲ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်လာပါတယ်။
-ကျောက်ကပ်ကျန်းမာချင်ရင် ဆေးလိပ်ဖြတ်ပါ။

၆။ အစွမ်းထက်မြန်မာဆေး/တိုင်းရင်းဆေး အချို့ကို စစ်ဆေးမှုမရှိဘဲ သောက်သုံးခြင်း
ဒါလည်း အရေးကြီးပါတယ်။ တချို့သော သစ်ဥသစ်ဖု၊ အမြစ်တွေ၊ သဘာဝဆေး၊ အားဖြည့်ဆေးနာမည်ခံထားတဲ့ (FDA အသိအမှတ်ပြု မဟုတ်တဲ့) ဆေးတွေမှာ ကျောက်ကပ်ကို ဒုက္ခပေးနိုင်တဲ့ Heavy Metals (ပြဒါး၊ ခဲ) သတ္တုဓာတ်တွေ ပါလာတတ်ပါတယ်။ ဒီဆေးတွေကြောင့် "ကျောက်ကပ်ရုတ်တရက်ပျက်စီးခြင်း" (Acute Kidney Injury) ဖြစ်ပြီး အရေးပေါ်ကျောက်ကပ်ဆေးရတဲ့ လူနာတွေ အများအပြားရှိပါတယ်။
-ကိုယ်သောက်မယ့်ဆေးက ကျောက်ကပ်ကို မထိခိုက်နိုင်ဘူးဆိုတာ သေချာအောင် အမြဲတမ်း ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။FDA အသိအမှတ်ပြုဟုတ်မဟုတ် စစ်ဆေးပါ။

👨‍⚕️ အကြံပြုချက်
ကျောက်ကပ်က တစ်ခါပျက်စီးသွားရင် ပြန်ကောင်းဖို့ သိပ်မလွယ်ပါဘူး။ အစားထိုးကုသဖို့ (ကျောက်ကပ်ဆေးဖို့၊ ကျောက်ကပ်လဲဖို့) ကုန်ကျစရိတ်ကလည်း အလွန်ကြီးမားပါတယ်။
ဒါကြောင့် "ကာကွယ်ခြင်းက ကုသခြင်းထက် အဆပေါင်းများစွာ ထိရောက်ပါတယ်" ဆိုတာကို အမြဲသတိရပါ။

ဒီအမူအကျင့်တွေထဲက ဘယ်နှစ်ခုကို သင်လုပ်မိနေပါသလဲ?

ဒီပိုစ့်က အကျိုးရှိတယ်ဆိုရင် Yes လို့မန့်ခဲ့ပါ။ နောက်ထပ် ကျန်းမာရေးဗဟုသုတများအတွက်လည်း Dr. Ye page ကို follow လုပ်ထားပါ။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ။

#ကျောက်ကပ် #ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်အထူးကု #ကျောက်ကပ်ပျက်စီးခြင်း #သွေးတိုး #ဆီးချို #အကိုက်အခဲပျောက်ဆေး #ကျန်းမာရေးဗဟုသုတ

22/10/2026

🩸 သင့်ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေကြောင်း ပြသနေတဲ့ အချက် (၁၄) ချက် 🩺✨

မကြာခဏ အကြောင်းရင်းမရှိဘဲ ပင်ပန်းနွမ်းနယ်နေသလား၊ ဒါမှမဟုတ် အေးစက်တဲ့ ရေခဲတုံးတွေကို အမြဲတစေ ကြိတ်ဝါးစားချင်စိတ် ပြင်းပြနေပါသလား? ဒါတွေဟာ သင့်ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါ (Iron Deficiency Anemia) ဖြစ်နေကြောင်း သင့်ခန္ဓာကိုယ်က အချက်ပြနေတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် သံဓာတ်ချို့တဲ့ခြင်းကို ကြိုတင်စစ်ဆေးသိရှိခြင်းဟာ... နောက်ကွယ်က အူမကြီးကင်ဆာ (Colorectal Cancer) ကဲ့သို့သော အသံတိတ် အစာအိမ်နှင့်အူလမ်းကြောင်း သွေးယိုစိမ့်မှုရောဂါကြီးတွေကို စောစီးစွာ ဖော်ထုတ်ကုသနိုင်ဖို့ ဆေးပညာအရ အလွန်အရေးကြီးပါတယ်။ ဆရာဝန်ကိုယ်တိုင် ရှင်းပြထားတဲ့ သံဓာတ်ချို့တဲ့ခြင်းရဲ့ ထင်ရှားတဲ့ လက္ခဏာ (၁၄) ချက်ကို လေ့လာကြည့်ကြရအောင်ပါ👇

🔍 သံဓာတ်ချို့တဲ့ခြင်း၏ ထင်ရှားသော လက္ခဏာ (၁၄) ချက်
👤 အရေပြား၊ မျက်နှာနှင့် လက်သည်းလက္ခဏာများ
👁️ ၁။ အသားအရေနှင့် မျက်ခွံအောက်ပိုင်း ဖြူဖျော့ခြင်း - သွေးနီဥဆဲလ်တွေမှာ အောက်ဆီဂျင်သယ်ဆောင်တဲ့ ဟီမိုဂလိုဘင် (Hemoglobin) နည်းသွားတဲ့အတွက် အသားအရေ၊ မျက်ခွံအတွင်းပိုင်း အရေပြားနဲ့ နှုတ်ခမ်းတွေဟာ သွေးရောင်မရှိဘဲ ဖြူဖျော့နေတတ်ပါတယ်။

🖐️ ၂။ လက်ဖဝါး အရောင်ဖျော့ခြင်း - လက်ဖဝါးကို ဖြန့်ကြည့်တဲ့အခါ လက်ဖဝါးရှိ အရေးအကြောင်း လမ်းကြောင်းလေးများဟာ ပုံမှန်ထက် နီမြန်းမှုမရှိဘဲ ဖြူဆွတ်နေတတ်ပါတယ်။

💅 ၃။ လက်သည်းများ ဇွန်းပုံသဏ္ဍာန်ဖြစ်ခြင်း (Koilonychia / Spoon Nails) - လက်သည်းခွံများဟာ မာကျောမှုမရှိဘဲ ပါးလွှာလာပြီး အလယ်တွင် ချိုင့်ဝင်ကာ ဇွန်းပုံစံ ခွက်ဝင်သွားတတ်ပါတယ်။

🐼 ၄။ ဆံပင်ကျွတ်ခြင်းနှင့် မျက်ကွင်းညိုခြင်း - ဆဲလ်များဆီ အောက်ဆီဂျင်မရောက်သဖြင့် ဆံပင်များ အဆမတန်ပါးကာ ကျွတ်လာခြင်း၊ အသားအရေဖြူဖျော့မှုကြောင့် မျက်ဝန်းအောက်ခြေရှိ သွေးကြောငယ်များကို အပြင်ကထင်ထင်ရှားရှား မြင်ရကာ မျက်ကွင်းပိုညိုလာတတ်ပါတယ်။

🫁 ခန္ဓာကိုယ်နှင့် အာရုံခံစားမှုဆိုင်ရာ လက္ခဏာများ
🏃‍♂️ ၅။ မောပန်းလွယ်ခြင်းနှင့် ရင်တုန်ခြင်း - တစ်ကိုယ်လုံးကို အောက်ဆီဂျင် အလုံအလောက် မပို့ဆောင်ပေးနိုင်သဖြင့် လှေကားတက်ခြင်းကဲ့သို့ သာမန်လှုပ်ရှားမှုလေးတွေမှာတင် အသက်ရှူမဝခြင်း၊ မောဟိုက်ခြင်းနဲ့ နှလုံးက အားထည့်ညှစ်ရသဖြင့် ရင်တုန်ခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။

🧊 ၆။ ထူးဆန်းသောအရာများကို စားချင်စိတ်ဖြစ်ပေါ်ခြင်း (Pica) - အာဟာရမဟုတ်သော ရေခဲတုံးများ၊ မြေဖြူ၊ အစိမ်းစားခေါက်ဆွဲ၊ ရွှံ့စေးနှင့် ဖုန်မှုန့် စတဲ့အရာတွေကို တမ်းတမ်းတတ ဝါးစားချင်စိတ် ပြင်းပြတတ်ပါတယ်။

👅 ၇။ လျှာချောမွတ်ပြောင်လက်နေခြင်း (Glossitis) - လျှာပေါ်ရှိ သဘာဝအရသာခံဖုလေးများ (Papillae) ပျောက်ကွယ်သွားပြီး လျှာမျက်နှာပြင်တစ်ခုလုံး နီရဲချောမွတ်နေကာ ပူစပ်ပူလောင်ဖြစ်ခြင်း၊ အရသာပျက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

👄 ၈။ ပါးစပ်ထောင့်များ ကွဲခြင်း (Angular Cheilitis) - ပါးစပ်ထောင့်နှစ်ဖက်စလုံး ရောင်ရမ်း၊ အက်ကွဲပြီး အာဟာရချို့တဲ့သည့် အနာများ ဖြစ်ပေါ်ကာ နာကျင်တတ်ပါတယ်။

🧃 ၉။ ဆီးအရောင် ထူးဆန်းစွာ ပြောင်းလဲခြင်း (Beeturia) - မုန်လာဥနီ (Beets) စားပြီးနောက် သာမန်လူများတွင် ဆီးအရောင်မပြောင်းသော်လည်း သံဓာတ်ချို့တဲ့သူများတွင်မူ ဆီးရောင်ဟာ ပန်းရောင် သို့မဟုတ် အနီရောင်အထိ ထူးဆန်းစွာ သွားတတ်ပါတယ်။

🧠 အာရုံကြောနှင့် ကိုယ်ခံအားစနစ် လက္ခဏာများ
🦠 ၁၀။ ရောဂါပိုးဝင်လွယ်ခြင်း - ဆဲလ်များကြီးထွားမှု လျော့ကျကာ ကိုယ်ခံစွမ်းအားကျဆင်းပြီး ပွေး၊ ညှင်း ကဲ့သို့သော အရေပြားမှိုရောဂါများနှင့် ဘက်တီးရီးယားပိုးများ လွယ်ကူစွာ ကူးစက်ခံရနိုင်ပါတယ်။

🛌 ၁၁။ ခြေထောက်များ ဂနာမငြိမ်ဖြစ်ခြင်း (Restless Leg Syndrome) - ညဘက်ငြိမ်သက်စွာ အိပ်စက်ချိန်တွင် ခြေထောက်ထဲ၌ တရွရွဖြစ်နေသလို ခံစားရပြီး ခြေထောက်ကို မလှုပ်ဘဲမနေနိုင်အောင် ဂနာမငြိမ် ဖြစ်တတ်ပါတယ်။

🧠 ၁၂။ စိတ်ဓာတ်ကျခြင်း (Depression) - ဦးနှောက်တွင်း စိတ်ပျော်ရွှင်မှုပေးသည့် Dopamine နှင့် Serotonin ဟော်မုန်း ထုတ်လုပ်မှုစနစ်များ ကမောက်ကမဖြစ်သွားသဖြင့် အကြောင်းမဲ့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ခံစားမှုပြောင်းလဲခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

🧠 ၁၃။ လေဖြတ်နိုင်ခြေ မြင့်မားခြင်း - သံဓာတ်ချို့တဲ့မှုကို တုံ့ပြန်ရန် ခန္ဓာကိုယ်က သွေးဥမွှား (Platelets) များကို ပိုမိုထုတ်လုပ်ရာမှ သွေးခဲလွယ်ပြီး သွေးကြောပိတ်ကာ လေဖြတ်ခြင်း (Stroke) အန္တရာယ်ကို ပိုများစေပါတယ်။

🔥 ၁၄။ အကြောင်းရင်းမရှိဘဲ အရေပြားယားယံခြင်း - အရေပြားဆဲလ်များ ခြောက်သွေ့လာပြီး အနီကွက်မရှိဘဲ တစ်ကိုယ်လုံး နာတာရှည် လိုက်လံယားယံတတ်ပါတယ်။

💡 ဆေးပညာအရ သံဓာတ်စုပ်ယူမှု အားကောင်းစေရန် လိုက်နာရမည့်အချက်များ

ခန္ဓာကိုယ်ဟာ အစားအစာထဲက သံဓာတ်ကို စုပ်ယူဖို့ အလွန်ခက်ခဲတတ်တာမို့ အောက်ပါနည်းလမ်းများဖြင့် ကူညီပေးရပါမယ် -

🍊 ဗီတာမင် စီ (Vitamin C) နှင့် တွဲစားပါ : ဗီတာမင် စီ ဟာ သံဓာတ်စုပ်ယူမှုကို အဆပေါင်းများစွာ အားကောင်းစေတဲ့အတွက် သံဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ အသည်းများ စားသည့်အခါ လိမ္မော်သီး၊ ရှောက်သီး၊ ခရမ်းချဉ်သီး သို့မဟုတ် ဗီတာမင်စီ ဖြည့်စွက်ဆေးတို့ကို တပြိုင်နက်တည်း တွဲဖက်စားသုံးပေးပါ။

🚫 ဤအရာများကို တွဲဖက်မသောက်ပါနဲ့ : သံဓာတ်စုပ်ယူမှုကို တိုက်ရိုက်အဟန့်အတားဖြစ်စေတဲ့ ကယ်လ်စီယမ်ဆေးများ၊ နွားနို့၊ လက်ဖက်ရည်ကြမ်းနှင့် ကော်ဖီ တို့ကို သံဓာတ်ပါတဲ့ အစားအစာများ/သံဓာတ်အားဆေးများနှင့် အတူတူ တွဲမစားပါနဲ့။ (အနည်းဆုံး ၂ နာရီခန့် ခြားရပါမယ်)။ ထို့ပြင် ကောက်ပဲသီးနှံနှင့် အစေ့အဆန်များတွင် ပါဝင်တတ်သည့် Phytates (ဖိုက်တိတ်) ဓာတ်သည်လည်း သံဓာတ်ကို ဆွဲချုပ်ထားတတ်သဖြင့် အစေ့အဆန်များကို ရေစိမ်ပြီးမှ ချက်ပြုတ်စားသုံးသင့်ပါတယ်။

🍳 သံထည်ဒယ်အိုး (Cast Iron Pan) အစစ်ကို အသုံးပြုပြီး ဟင်းချက်ပြုတ်ခြင်းကလည်း အစားအစာထဲကို သဘာဝသံဓာတ် အနည်းငယ် စိမ့်ဝင်စေနိုင်သဖြင့် သံဓာတ်မြင့်တက်စေရန် သဘာဝအတိုင်း အထောက်အကူပြုပါတယ်။

💡 ဆေးပညာလမ်းညွှန်ချက်
သင့်မှာ အထက်ပါ လက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိရင် မိမိသဘောဖြင့် သံဓာတ်အားဆေး (Iron Supplements) များကို ဇွတ်ဝယ်မသောက်ပါနဲ့ဦး ခင်ဗျာ။ ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ လိုအပ်တာထက် ပိုလျှံသွားပါကလည်း အသည်းနဲ့ နှလုံးကို ပျက်စီးစေနိုင်တဲ့ သံဓာတ်အဆိပ်သင့်ခြင်း (Iron Overload) ဖြစ်တတ်လို့ပါ။

ဒါကြောင့် အရင်ဆုံး ဆရာဝန်နှင့်ပြသပြီး ခန္ဓာကိုယ်တွင်း တကယ်ကျန်ရှိနေတဲ့ သံဓာတ်သိုလှောင်မှုပမာဏကို အတိအကျ သိရှိနိုင်တဲ့ Ferritin (ဖာရစ်တင်) သွေးစစ်ဆေးမှု နှင့် သွေးတွင်းဆဲလ်ပမာဏ (CBC) စစ်ဆေးမှုတို့ကို သေချာစွာ ပြုလုပ်ပြီးမှသာ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပမာဏမှန်ကန်စွာ မှီဝဲဖို့ အထူးတိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

မကြာခဏ ပင်ပန်းနွမ်းနယ်ပြီး သွေးအားနည်းလို့ စိတ်ညစ်နေရတဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းများအားလုံး သံဓာတ်ချို့တဲ့ခြင်းရဲ့ သတိပေးလက္ခဏာတွေကို ကြိုတင်သိရှိပြီး အချိန်မီ စနစ်တကျ ကုသနိုင်ကြဖို့ ဒီအရေးကြီး ဆေးပညာဗဟုသုတ Post လေးကို အခုပဲ Share လုပ်ပြီး လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။ 💙✨

#သွေးအားနည်းရောဂါ #သံဓာတ်ချို့တဲ့ခြင်း #ကျန်းမာရေးဗဟုသုတ

"ကြွက်သေးရောဂါ (Leptospirosis)" အကြောင်း မင်္ဂလာပါခင်ဗျာ... ဒေါက်တာရဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ကြွက်ကတဆင့် ကူးစက်ပြီး အသက်...
19/10/2026

"ကြွက်သေးရောဂါ (Leptospirosis)" အကြောင်း

မင်္ဂလာပါခင်ဗျာ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကြွက်ကတဆင့် ကူးစက်ပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ "ကြွက်သေးရောဂါ (Leptospirosis)" အကြောင်းကို သေချာလေး ရှင်းပြပေးချင်ပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းကလည်း ဒီရောဂါကြောင့် လူငယ်လေး(၂) ယောက် ဆုံးပါးသွားတဲ့သတင်းတွေ ကြားသိနေပြီး ဖြစ်ကြမှာပါ။

၁။ ကြွက်သေးရောဂါ (Leptospirosis) ဆိုတာ ဘာလဲ?
ဒီရောဂါဟာ (Leptospira) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပါ။ နာမည်က ကြွက်သေးရောဂါလို့ ခေါ်ပေမယ့်၊ တကယ်တော့ ကြွက် တမျိုးတည်းကနေ ကူးစက်တာ မဟုတ်ပါဘူး။ ခွေး၊ ဝက်၊ နွား၊ မြင်း နဲ့ အခြား တောရိုင်းတိရစ္ဆာန်တွေရဲ့ ဆီး(အညစ်အကြေး) တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။

၂။ ဘယ်လို ကူးစက်သလဲ? (Mode of Transmission) 🌊
ပိုးရှိတဲ့ တိရစ္ဆာန်တွေ ဆီးသွားချလိုက်တဲ့အခါ အဲဒီပိုးတွေဟာ မြေကြီးနဲ့ ရေတွေထဲမှာ လနဲ့ချီပြီး ရှင်သန်နေနိုင်ပါတယ်။ ရေကြီးရေလျှံတဲ့အခါ ရေဆိုးတွေ၊ ရွှံ့နွံတွေထဲမှာ ဒီပိုးတွေ ပျံ့နှံ့နေတတ်ပါတယ်။ အဲဒီ ရေဆိုးတွေနဲ့ ထိတွေ့တဲ့အခါ -

* ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ ပွန်းပဲ့ဒဏ်ရာ၊ အနာတရတွေကနေတစ်ဆင့် လည်းကောင်း၊�
* မျက်စိ၊ နှာခေါင်း၊ ပါးစပ် တွေကနေတဆင့် လည်းကောင်း လူရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ဝင်ရောက်ကူးစက်တာ ဖြစ်ပါတယ်။�
* ရေသန့်ဗူးတွေ၊ အချိုရည်ဗူးတွေ၊ မဖုံးအုပ်ထားတဲ့ အစားအသောက်၊ ပန်းကန်ခွက်ယောက်တွေပေါ်မှာ ကြွက်သေးတွေ ပေကျံနေတာကိုမသိဘဲ၊ သေချာမဆေးကြောဘဲ စားသုံးမိရာကနေလည်း ကူးစက်တတ်ပါတယ်။

၃။ ရောဂါပျိုးချိန် (Incubation Period) ⏳
ပိုးဝင်ပြီးပြီးချင်း ချက်ချင်း လက္ခဏာ မပြပါဘူး။ ပိုးဝင်ပြီး (၂) ရက် ကနေ (၄) ပတ် အတွင်း (များသောအားဖြင့် ၅ ရက် ကနေ ၁၄ ရက်အတွင်း) မှာ ရောဂါလက္ခဏာတွေ စတင်ပြသတတ်ပါတယ်။

၄။ ဘယ်လို လက္ခဏာတွေ ပြတတ်လဲ? 🤒
* ရုတ်တရက် အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း�
* ခေါင်းအလွန်အမင်း ကိုက်ခြင်း�
* ကြွက်သားများ ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ခြေသလုံးနှင့် ပေါင်ကြွက်သားများ)�
* မျက်လုံးများ ရဲလာခြင်း (မျက်ချေးမထွက်ဘဲ သွေးကြောများ နီရဲနေခြင်း)�
* ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း နဲ့ အရေပြားမှာ အနီစက်များ ထွက်ခြင်း။�

၅။ ဘယ်အချိန်မှာ ဆေးရုံ/ဆေးခန်း အမြန်သွားရမလဲ?
အောက်ပါ လက္ခဏာတွေထဲက တစ်ခုခု ပြလာပြီဆိုရင်တော့ အချိန်မဆွဲဘဲ ဆေးရုံကို ချက်ချင်း သွားရပါမယ် -

* အဖျားရက်ရှည်ဖြစ်နေခြင်း
* အသားများ၊ မျက်လုံးများ ဝါလာခြင်း (Jaundice)�
* ဆီးသွားနည်းသွားခြင်း သို့မဟုတ် ဆီးလုံးဝ မထွက်တော့ခြင်း�
* အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း�
* သွေးအန်ခြင်း၊ ခန္ဓာကိုယ် အနှံ့ သွေးယိုစိမ့်ခြင်း။�

၆။ ဘယ်လို ကာကွယ်ကြမလဲ? (How to Prevent) 🛡️

* ရေကြီးနေသော ရေဆိုးများ၊ ရွှံ့နွံများထဲသို့ ဆင်းခြင်း၊ ရေကစားခြင်း၊ လမ်းလျှောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။�
* မဖြစ်မနေ ရေထဲဆင်းရပါက ရေလုံဖိနပ် (Rubber Boots/ သားရေဖိနပ်ရှည်) နဲ့ လက်အိတ်များ ဝတ်ဆင်ပါ။�
* ခန္ဓာကိုယ်တွင် အနာတရ ရှိပါက ရေစိုခံ ပလာစတာ ဖြင့် သေချာ ဖုံးအုပ်ထားပါ။�
* ရေဆိုးများနှင့် ထိတွေ့မိပါက ဆပ်ပြာနှင့် ရေသန့်ကို သုံး၍ ခန္ဓာကိုယ်ကို ချက်ချင်း ပြောင်စင်အောင် ဆေးကြောပါ။�
* အစားအသောက်များကို သေချာဖုံးအုပ် သိမ်းဆည်းထားပါ။
* ရေသန့်ဗူး၊ အချိုရည်ဗူးများကို သေချာဆေးကြော သန့်စင်ပြီးမှ သောက်ပါ။�

ဒီလောက်ဆိုရင်တော့ ကြွက်သေးရောဂါ (leptospirosis) အကြောင်းကို အကြမ်းဖျင်းသိသွားလောက်ပြီ ထင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#ကြွက်သေးရောဂါ


#ကျန်းမာရေးဗဟုသုတ

" အရက်၊ ဘီယာ မသောက်နဲ့ 🍺”ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆေးခန်းနားက အသက် ၂၀ ကျော် ကောင်လေးတယောက် ဆုံးပါးသွားတယ်။ အသက် ၁၆ နှစ်ကတည...
15/10/2026

" အရက်၊ ဘီယာ မသောက်နဲ့ 🍺”

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆေးခန်းနားက အသက် ၂၀ ကျော် ကောင်လေးတယောက် ဆုံးပါးသွားတယ်။ အသက် ၁၆ နှစ်ကတည်းက အရက်စသောက်တယ်။ အရက်ကို မနက် နေ့ ည အချိန်မရွေးသောက်နေတာ ၂ နှစ်ရှိပြီ။

လွန်ခဲ့တဲ့ ၁ လကပဲ ဆေးခန်းလာပြသွားသေးတယ်။ အရက်သောက်တာများ၊ အစာမစားတော့ ခန္ဓာကိုယ်ထဲမှာ ပိုတက်ဆီယမ် (potassium) လျော့နည်းပြီး ခြေထောက်တွေ ထုံကျဉ်၊ လမ်းလျှောက်မရ၊ လူတွဲနဲ့ ထူထရတဲ့အဆင့်အထိ ဖြစ်သွားတယ်။

ဆေးရုံလွှဲလိုက်ပြီး ဆေးရုံတက်၊ ဆေးသွင်း ဆေးသောက်နဲ့ ပြန်ကောင်းလာပြီး သိပ်မကြာပါဘူး အရက်ပြန်သောက်တယ်။ အိမ်မှာ ဘုံးဘုံးလဲနေတော့ ထုံးစံအတိုင်း ဆေးခန်းပြန်လာပြ၊ သွေးပေါင်တွေကျဆိုတော့ ဆေးရုံလွှဲရပြန်တာပါပဲ။ ဒီတခါတော့ ပြန်ကောင်းမလာတော့ဘူး၊ ဆေးရုံမှာပဲ ဆုံးပါးသွားတယ်ပေါ့လေ။

သူ့အပေါင်းအသင်း သက်တူရွယ်တူ အသက်မတိမ်းမယိမ်းလေးတွေ ဆုံးပါးသွားသွားတာ ၄ ယောက်လောက် ရှိပြီပြောတယ်။ အရှေ့မှာဘယ်လောက်ပဲ ဥပမာတွေရှိရှိ ဆက်သောက်နေကြဦးမှာပါပဲ။

"အရက်၊ ဘီယာဆိုတာ ကျန်းမာရေးအတွက် သင့်တော်တဲ့ ပမာဏဆိုတာ လုံးဝ မရှိပါဘူး"။ တခွက်လေးပဲ သောက်သောက်၊ တကျိုက်လေးပဲ သောက်သောက် အသည်း၊ ဦးနှောက်နဲ့ သွေးကြောတွေကို ထိခိုက်စေပြီး ကျန်းမာရေးအတွက် မကောင်းစေပါဘူး။

အရင်က အရက်ကြောင့် အသည်းရောင်၊ အသည်းခြောက်၊ ရေဖျင်းစွဲ၊ သွေးအန်တာတွေက အသက် ၅၀ ကျော်၊ ၆၀ အရွယ်တွေမှ ဖြစ်ကြတာပါ။ အခုနောက်ပိုင်းမှာ အသက် ၂၀ ကျော်၊ ၃၀ အရွယ် လူငယ်လေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကြောင့် အသည်းတွေ ပျက်စီး၊ ကိုယ်တွင်းကလီစာတွေ ထိခိုက်ကာ အသက်ဆုံးပါးသွားရသူတွေ မနည်းပါဘူး။

အရက်၊ ဘီယာသောက်တာ မကောင်းဘူးဆိုပြီး ဆရာရော မသောက်ဘူးလားဆိုရင်တော့၊ ဆရာလည်း သောက်ပါတယ်။ သို့သော်ငြားလည်း တပါတ်မှ တခါ၊ တလမှ ၂ ခါလောက်ပဲ သောက်ဖြစ်ပါတယ်။ တခါတလေ မသောက်ဖြစ်တဲ့ လတွေလည်း ရှိပါတယ်။ မသောက်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့လေ။ နည်းနည်းသောက်ရင် နည်းနည်းမကောင်းဘူး၊ များများသောက်ရင် များများ မကောင်းဘူးပေါ့။

အခုဆိုရင် အယ်လ်နီညိုကြောင့် ရာသီဥတုက တော်တော်လေး ပူနေပြီဆိုတော့ ပိုလို့တောင် အရက်၊ ဘီယာ မသောက်သင့်သေးတယ်။ ရာသီဥတုပူလို့ ရင်အေးအောင် ဘီယာဆိုင်သွားပြီး ဘီယာအေးအေးလေး ကစ်လိုက်မယ် မလုပ်နဲ့နော် ပိုဆိုးသွားမယ်။

အရက်၊ ဘီယာက ဆီးရွှင်စေတော့ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ဆားဓာတ် ဆုံးရှုံးစေတယ်။ ရာသီဥတုပူတော့လည်း ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ ဆားဓာတ် ဆုံးရှုံးစေပြန်ရော။ အပူပြင်းနေချိန် အရက် ဘီယာ သောက်တော့ ပိုဆိုးစေတာပေါ့လေ။ အပူရှပ်ခြင်း (Heat Stroke) ၊ ရုတ်တရက် နှလုံးရပ်ခြင်း နဲ့ ကျောက်ကပ် ရုတ်တရက် ပျက်စီးခြင်း တွေ ဖြစ်လာစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် အရက်၊ ဘီယာ သောက်နေတဲ့သူတွေအနေနဲ့ မိမိကျန်းမာရေးနဲ့ မိမိကျန်းမာရေးမကောင်းတဲ့အခါ ပြုစုပေးရမယ့် မိသားစုကို ငဲ့ကွက်သောအားဖြင့် အရက် ဘီယာကို လျှော့၊ ဖြတ်ဖို့ အကြံပေးချင်ပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#အရက်ဘီယာမသောက်နဲ့ #ကျန်းမာရေးဗဟုသုတ #ဒေါက်တာရဲ

12/10/2026

🩸 သွေးတွင်း အဆီဓာတ် (ကော်လက်စထရော) အကြောင်း သိကောင်းစရာများနှင့် နှလုံးကျန်းမာရေး ထိန်းသိမ်းနည်း 🩺✨

"သွေးစစ်လိုက်လို့ သွေးထဲမှာ အဆီတွေများနေတယ်" လို့ ပြောတဲ့အခါ ဘယ်အဆီတွေက အန္တရာယ်ရှိတာလဲ၊ ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။

ကော်လက်စထရော (Cholesterol) ဆိုတာ အသည်းကနေ သဘာဝအတိုင်း ထုတ်လုပ်ပေးတဲ့ ဖယောင်းကဲ့သို့ အဆီဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဆဲလ်အသစ်တွေ တည်ဆောက်ဖို့နဲ့ ဟော်မုန်းတွေ ထုတ်လုပ်ဖို့အတွက် ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်ပေမဲ့ သွေးတွင်းမှာ ပမာဏ များပြားလွန်းပါက နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်း အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။

🔍 သွေးတွင်းအဆီ အမျိုးအစား (၃) မျိုးကို ဘယ်လို ခွဲခြားမလဲ

၁။ LDL (Bad Cholesterol - မကောင်းသော အဆီဓာတ်)

သွေးလွှတ်ကြော နံရံတွေမှာ အဆီချေးတွေ စုပုံစေပြီး သွေးကြောမာကျော ကျဉ်းမြောင်းစေပါတယ် (Atherosclerosis)။

ရင်ဘတ်အောင့်ခြင်း၊ နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်းတို့၏ အဓိက တရားခံဖြစ်တာကြောင့် LDL ပမာဏကို နည်းနိုင်သမျှ နည်းအောင် ထိန်းသိမ်းရပါမည်။

၂။ HDL (Good Cholesterol - ကောင်းသော အဆီဓာတ်)

သွေးကြောတွေထဲမှာ ကျန်နေတဲ့ မကောင်းသော LDL အဆီပိုတွေကို အသည်းဆီ ပြန်လည်သယ်ဆောင်သွားပေးပြီး စွန့်ထုတ်ဖျက်ဆီးစေပါတယ်။

ထို့ကြောင့် ပုံမှန်ပမာဏထက် မနည်းအောင် ထိန်းထားသင့်ပါတယ်။

၃။ Triglycerides (ထရိုင်ဂလစ်စရိုက်)

အစားအစာမှ ပိုလျှံသွားသော ကယ်လိုရီများကို ခန္ဓာကိုယ်က အဆီအဖြစ် ပြောင်းလဲသိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။

အဆီစားခြင်းထက် သကြား၊ အချိုရည်၊ ကစီဓာတ်လွန်ကဲခြင်းနှင့် အရက်/ဘီယာ သောက်သုံးခြင်း တို့ကြောင့် အဓိက တက်လေ့ရှိပြီး၊ LDL မြင့်ခြင်းနှင့် ပေါင်းစပ်ပါက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုမိုမြင့်မားစေပါတယ်။

💡 ကော်လက်စထရောကို လျှော့ချပေးမည့် နေထိုင်စားသောက်မှု ပုံစံများ

🥗 ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ပါ -

ရှောင်ရန်/လျှော့ရန် - ပြည့်ဝဆီ (အဆီများသောအသား၊ ဝက်ဆီ၊ ကြက်အရေခွံ၊ ထောပတ်) နှင့် ထရန်ဆီ (Trans fat - ကိတ်မုန့်၊ ဘီစကစ်၊ အကြော်အလှော်များ) ကို လျှော့စားပါ။

စားရန် - အုတ်ဂျုံ (Oats)၊ ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ် (Soluble fiber) သည် အူလမ်းကြောင်းမှ အဆီစုပ်ယူမှုကို လျှော့ချပေးပါတယ်။ ဆယ်လ်မွန်၊ တူနာ၊ ငါးသလောက်ကဲ့သို့ အိုမီဂါ-၃ ကြွယ်ဝသော ငါးများကို စားပေးပါ။

ဆီရွေးချယ်မှု - ဆီကြော်မည့်အစား ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ဖုတ်ခြင်းကို ဦးစားပေးပြီး ဟင်းချက်ရာတွင် သံလွင်ဆီ၊ ကာနိုလာဆီ စသည့် အပင်ထွက်ဆီများကို အချိုးအစားသင့်ရုံ သုံးစွဲပါ။

🏃‍♂️ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ -
တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် (တစ်ရက်လျှင် မိနစ် ၃၀ နှုန်းဖြင့် ၅ ရက်) လမ်းသွက်သွက်လျှောက်ခြင်း သို့မဟုတ် စက်ဘီးနင်းခြင်းက HDL (ကောင်းသော အဆီ) ကို မြှင့်တင်ပေးပြီး LDL နှင့် Triglyceride ကို ကျဆင်းစေပါတယ်။

🚭 ဆေးလိပ်ဖြတ်ပါ -
ဆေးလိပ်သောက်ခြင်းသည် ကောင်းသော HDL ကို ကျဆင်းစေပြီး သွေးကြောနံရံများကို ရောင်ရမ်းကာ အဆီချေးပိုမို ကပ်လွယ်စေပါတယ်။

😴 အိပ်ရေးဝဝ အိပ်စက်ပါ -
တစ်ညလျှင် ၇ နာရီမှ ၈ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းသည် ခန္ဓာကိုယ်၏ အဆီဓာတ်နှင့် သကြားဓာတ် ဇီဝဖြစ်စဉ်များကို ဟန်ချက်ညီစေပါတယ်။

🩺 အကြံပြုချက်

မိသားစုထဲတွင် မျိုးရိုးလိုက် ကိုလက်စထရောမြင့်မားသည့် ရာဇဝင်ရှိသူများ သို့မဟုတ် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲသော်လည်း အဆီဓာတ် မကျဆင်းသူများအနေဖြင့် နှလုံးနှင့် ဦးနှောက်သွေးကြောများကို ကာကွယ်နိုင်ရန် ဆရာဝန်ညွှန်ကြားချက်အတိုင်း စတေတင် (Statin) ကဲ့သို့သော အဆီကျဆေးများကို စနစ်တကျ သောက်သုံးထိန်းချုပ်သင့်ပါတယ်ခင်ဗျာ။ 🩺✨

#ကိုလက်စထရော #သွေးတွင်းအဆီ #နှလုံးကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

Address

North Dagon Township
Yangon
11421

Website

Alerts

Be the first to know and let us send you an email when Kyal Sin Clinics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share