Min Mahar Swe Medical Center

Min Mahar Swe Medical Center Diagnostics and specialists clinic

07/09/2026

ကျန်းမာရေးအတွက်
ယုံကြည်စိတ်ချရတဲ့ ဆေးစစ်မှုတွေနဲ့ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေပေးဖို့ မင်းမဟာဆွေ က အမြဲအဆင်သင့် ရှိနေပါတယ်ရှင့် 💙

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 လိပ်စာ
အမှတ် (၂၀၂-B)၊ (၅) ရပ်ကွက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာပမြို့နယ်။ (ပင်းယမှတ်တိုင်အနီး)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ ဖွင့်လှစ်ချိန်
မနက် (၈:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီအထိ (ပိတ်ရက်မရှိ)

#ဆေးစစ်

" တစ်ရက်တစ်ဘူးတော့ သောက်လိုက်တာပဲ... ဘာဖြစ်မှာမို့လို့လဲ? "  အလုပ်ပင်ပန်းတဲ့အခါဖြစ်ဖြစ်ရာသီဥတုပူလို့ပဲဖြစ်ဖြစ် ‌အေးမြတဲ့...
04/09/2026

" တစ်ရက်တစ်ဘူးတော့ သောက်လိုက်တာပဲ... ဘာဖြစ်မှာမို့လို့လဲ? "

အလုပ်ပင်ပန်းတဲ့အခါဖြစ်ဖြစ်
ရာသီဥတုပူလို့ပဲဖြစ်ဖြစ် ‌
အေးမြတဲ့ အချိုရည်တစ်ဘူး သောက်လိုက်ရတာ အရမ်းလန်းဆန်းစေတာ အမှန်ပါပဲ။

ဒါပေမဲ့ ဒီလို အချိုရည်တွေကို
"နေ့စဉ်နဲ့အမျှ" သောက်သုံးနေမိမယ်ဆိုရင်တော့ ကျွန်မတို့ ခန္ဓာကိုယ်ထဲကို သကြားဓာတ်တွေ ပိုလျှံစွာ ဝင်ရောက်သွားပြီး ရေရှည်မှာ အခုလို ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

⚠️ နေ့စဉ်သောက်သုံးရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ -

🔹 ကိုယ်အလေးချိန် ရုတ်တရက်တက်လာခြင်း - အချိုရည်မှာပါတဲ့ ကယ်လိုရီတွေက ဗိုက်မဝစေဘဲ ကိုယ်အလေးချိန်နဲ့ အဝလွန်နိုင်ခြေကို မြင့်တက်စေပါတယ်။

🔹 သွားပိုးစားခြင်းနှင့် သွားဖုံးပြဿနာများ - သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်ပေါင်းစပ်မှုကြောင့် သွားကြmel (Enamel) စားပြီး သွားပိုးစားလွယ်စေပါတယ်။

🔹 Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်း - သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်မှု ခင်းများပြားလာတဲ့အခါ အင်ဆူလင် (Insulin) ထိန်းညှိမှုကို ထိခိုက်စေပါတယ်။

🔹 နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ - ရေရှည်မှာ သွေးတိုးခြင်း၊ အဆီဖုံးခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။

🤔 ကျန်းမာရေးအတွက် ဘာလုပ်သင့်သလဲ?

✅ နေ့စဉ် ရေဓာတ်ဖြည့်တင်းဖို့အတွက် "ရေသန့်" ကိုပဲ အဓိက ဦးစားပေး သောက်သုံးပေးပါ။
✅ အချိုရည်တွေကိုတော့ တတ်နိုင်သမျှ လျှော့ချ သောက်သုံးပေးတာ အကောင်းဆုံးပါ။

👉 အချိုရည် တစ်ခါတစ်ရံ သောက်ရုံနဲ့ ချက်ချင်း ရောဂါဖြစ်ပွားသည်ဟု မဆိုလိုပါ။
👉 ပမာဏများစွာနှင့် နေ့စဉ် ရက်ဆက် သောက်သုံးခြင်းကသာ ရေရှည်ကျန်းမာရေးကို ထိခိုက်စေတာဖြစ်ပါတယ်။

🩺 ကျန်းမာရေးဆိုင်ရာ ဗဟုသုတကောင်းတွေကို ဝေမျှပေးသွားမှာဖြစ်လို့ Min Mahar Swe Page လေးကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ❤️

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

#အချိုရည်

" တစ်နှစ်မှာ Health Check-up ဘယ်နှကြိမ်လုပ်သင့်လဲ? "အများစုက ကျန်းမာရေးနဲ့ပတ်သက်လာရင်" ဘာမှမဖြစ်သေးဘူး၊ နေကောင်းတယ်" ဆို...
02/09/2026

" တစ်နှစ်မှာ Health Check-up ဘယ်နှကြိမ်လုပ်သင့်လဲ? "

အများစုက ကျန်းမာရေးနဲ့ပတ်သက်လာရင်
" ဘာမှမဖြစ်သေးဘူး၊ နေကောင်းတယ်" ဆိုပြီး ဆေးစစ်ဖို့ မေ့နေတတ်ကြပါတယ်။

တကယ်တော့ Health Check-up ဆိုတာ
နေမကောင်းမှ သွားစစ်ရတာမျိုး မဟုတ်ပါဘူး။
👉 ရောဂါလက္ခဏာ မပြသေးခင်မှာပဲ
မိမိရဲ့ ကျန်းမာရေးအခြေအနေကို သိထားနိုင်ဖို့၊
👉 မမြင်ရသေးတဲ့ ကျန်းမာရေးပြဿနာတွေကို စောစောရှာဖွေနိုင်ဖို့
ပုံမှန် Health Check-up လုပ်ထားတာက အရေးကြီးပါတယ်။

အထွေထွေအနေနဲ့ ကျန်းမာရေးပြဿနာမရှိတဲ့ လူကြီးတွေအတွက်
တစ်နှစ်ကို အနည်းဆုံး ၁ ကြိမ်ခန့် ပုံမှန် Health Check-up လုပ်ထားနိုင်ပါတယ်။

အသက်အရွယ်အလိုက် အကြမ်းဖျင်းအားဖြင့်
✅ 18–40 နှစ် → တစ်နှစ် ၁ ကြိမ်ခန့်
✅ 40–60 နှစ် → တစ်နှစ် ၁–၂ ကြိမ်ခန့်
✅ 60 နှစ်အထက် → တစ်နှစ် ၂ ကြိမ်ခန့်

ဒါတွေက အကြမ်းဖျင်းလမ်းညွှန်ချက်သာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

အထူးသဖြင့် နာတာရှည်ရောဂါရှိသူတွေ၊ ရောဂါလက္ခဏာတစ်ခုခု ခံစားနေရသူတွေ၊ မိသားစုမှာ ရောဂါရာဇဝင်ရှိသူတွေ အနေနဲ့တော့ မိမိအခြေအနေနဲ့ သင့်တော်တဲ့ စစ်ဆေးမှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်စစ်ဆေးသင့်ပါတယ်။

ဘာကြောင့်ပဲ ဆေးစစ်ဖို့လိုလို မင်းမဟာဆွေကို သတိရလိုက်ပါရှင့် 🥰

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

30/08/2026

ဒီနေ့စစ် ဒီနေ့ရတဲ့
Min Mahar Swe ရဲ့ Medical Check-Up Service !!

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

ဝမ်းလျှောတာများလာရင် ကျောက်ကပ်ထိတာ ဘာကြောင့်လဲ?" ဝမ်းလျှောတာက အစာအိမ်နဲ့အူလမ်းကြောင်းကိစ္စပဲ မဟုတ်ဘူးလား? "ဟုတ်ပါတယ်။ ဒါ...
19/08/2026

ဝမ်းလျှောတာများလာရင် ကျောက်ကပ်ထိတာ ဘာကြောင့်လဲ?

" ဝမ်းလျှောတာက အစာအိမ်နဲ့အူလမ်းကြောင်းကိစ္စပဲ မဟုတ်ဘူးလား? "

ဟုတ်ပါတယ်။ ဒါပေမယ့်…
ဝမ်းလျှောတာက အဓိကအားဖြင့် အူလမ်းကြောင်းနဲ့ဆိုင်ပေမယ့် ဝမ်းလျှောတာများပြီး ရေဓာတ်ပြန်မဖြည့်နိုင်ရင် ကျောက်ကပ်အထိ ထိခိုက်လာနိုင်ပါတယ်။

ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေနဲ့ သတ္တုဓာတ်တွေကို ဆုံးရှုံးပါတယ်။
ရေဓာတ်အများကြီးဆုံးရှုံးပြီး မလုံလောက်တော့တဲ့အခါ…
ဝမ်းလျှောများခြင်း
⬇️
ရေနဲ့ သတ္တုဓာတ် ဆုံးရှုံးခြင်း
⬇️
Dehydration ဖြစ်ခြင်း
⬇️
သွေးလည်ပတ်မှုပမာဏ လျော့ကျခြင်း
⬇️

ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု လျော့ကျခြင်း
⬇️
Acute Kidney Injury (AKI)
ဖြစ်နိုင်ပါတယ်။

🤔 ကျောက်ကပ်က ဘာကြောင့် သွေးစီးဆင်းမှုလိုတာလဲ?
👉 ကျောက်ကပ်ဟာ သွေးထဲက အညစ်အကြေးတွေကို စစ်ထုတ်ပြီး ဆီးအဖြစ် ဖယ်ရှားပေးတဲ့အတွက် လုံလောက်တဲ့ သွေးစီးဆင်းမှုနဲ့ အရည်ဓာတ် လိုအပ်ပါတယ်။

👉 Dehydration ( ရေဓာတ်ခန်းခြောက်ခြင်း ) ပြင်းလာရင် ကျောက်ကပ်ဆီရောက်တဲ့ သွေးစီးဆင်းမှု လျော့ကျနိုင်ပြီး ကျောက်ကပ်လုပ်ဆောင်ချက် ရုတ်တရက်ကျဆင်းနိုင်ပါတယ်။

✅ ဒီလက္ခဏာတွေကို သတိထားပါ
• ဆီးပမာဏ ပုံမှန်ထက် သိသိသာသာနည်းလာခြင်း
• ရေအလွန်ငတ်ခြင်း
• မူးဝေ၊ အားနည်းခြင်း
• အန်တာ/ဝမ်းလျှောတာ ဆက်တိုက်ဖြစ်နေခြင်း
• ရေသောက်လို့မရအောင် အန်နေခြင်း
• အလွန်အမင်း ငိုက်မြည်းခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း
ဒီလိုလက္ခဏာတွေရှိရင် အိမ်မှာပဲ ဆက်စောင့်မနေဘဲ ကျန်းမာရေးဝန်ထမ်း/ဆရာဝန်ထံ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။

✅ မှတ်ထားပါ — ဝမ်းလျှောတာက ဝမ်းသွားတာတင်မဟုတ်ပါဘူး။
ရေဓာတ်အလွန်အမင်းဆုံးရှုံးလာရင် ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဝမ်းလျှောတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုကို မပေါ့ဆပါနဲ့။

Min Mahar Swe Medical Center
မှန်ကန်. တိကျ. မြန်ဆန် တဲ့ဆေးစစ်မှု

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?အခုလို မိုးရာသီကာလတွေ၊ ရာသီဥတုပြောင်းလဲနေတဲ့အချိန်တွေမှာ👉 ဝမ်းပျက်ဝမ်းလျှော...
14/08/2026

ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

အခုလို မိုးရာသီကာလတွေ၊ ရာသီဥတုပြောင်းလဲနေတဲ့အချိန်တွေမှာ
👉 ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုဝင်တွေကို ကာကွယ်ဖို့
နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို ဂရုစိုက်ကြဖို့လိုပါတယ်။

1️⃣ သောက်သုံးရေကို သေချာဂရုစိုက်ပါ
သန့်ရှင်းမှန်း မသေချာတဲ့ ရေတွေကို မသောက်ဘဲ
ကျိုချက်ထားတဲ့ သို့မဟုတ် သန့်စင်ထားတဲ့ ရေကိုသာ သောက်သုံးပါ။

2️⃣ လက်သန့်ရှင်းရေးကို အမြဲလုပ်ပါ
အိမ်သာအသုံးပြုပြီးတိုင်း၊
အစားမစားခင်နဲ့ အစားအစာမချက်ပြုတ် မပြင်ဆင်ခင်မှာ
ဆပ်ပြာနဲ့ လက်ကို သေချာဆေးကြောပေးပါ။

3️⃣ အစားအသောက်ကို သန့်ရှင်းစွာ စားသုံးပါ
အစားအစာတွေကို သေချာချက်ပြုတ်ပြီး
ပူပူနွေးနွေး စားသုံးပါ။
မသန့်ရှင်းနိုင်ချေများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။

4️⃣ အသီးအရွက်နဲ့ အသီးအနှံတွေကို သေချာဆေးကြောပါ
မစားသုံးခင် သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပြီးမှ စားသုံးပေးပါ။

5️⃣ ဝမ်းပျက် ဝမ်းလျှောဖြစ်လာရင် မပေါ့ဆပါနဲ့
ခန္ဓာကိုယ်က ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနိုင်တာကြောင့်
ORS ဓာတ်ဆားရည်ကို မှန်ကန်တဲ့နည်းလမ်းနဲ့ သောက်သုံးပေးပါ။

✅ အခြေအနေ ပိုဆိုးလာရင် နီးစပ်ရာ ဆေးရုံဆေးခန်းစီ သွားရောက်ပြသပါ။

Min Mahar Swe Medical Center
𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

11/08/2026

ဆေးစစ်ဖို့အတွက် သွေးလေးပဲဖောက်မယ့်ဟာကို 👀

ဘာကြောင့်ပဲဆေးစစ်ဖို့ လိုလို Min Mahar Swe ကိုသာလာခဲ့လိုက်နော်☺️

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

သင်္ဘော Join ဖို့ Medical Check-up ကို ဘယ်နှစ်လအတွင်း စစ်ထားရမလဲ? 🤔သင်္ဘောသားအများစု မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့...သ...
10/08/2026

သင်္ဘော Join ဖို့ Medical Check-up ကို ဘယ်နှစ်လအတွင်း စစ်ထားရမလဲ? 🤔

သင်္ဘောသားအများစု မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုကတော့...
သင်္ဘော Join ဖို့ ဘယ်နှစ်လအတွင်း စစ်ထားတဲ့ ဆေးစာဆိုရလဲ ညီမလေး ?

အဖြေကတော့...
Medical Certificate ရဲ့ Validity က အများအားဖြင့် ၂ နှစ် ရှိပေမယ့်
သင်္ဘော မတက်ခင် ဘယ်လောက်အတွင်း စစ်ထားရမလဲ ဆိုတာကတော့
👉 Ship Company နဲ့ Flag State ရဲ့ Requirement ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

အများအားဖြင့်တော့...
✅ ၃ လအတွင်း စစ်ထားရမယ်လို့ သတ်မှတ်တဲ့ Company တွေလည်း ရှိပါတယ်။
✅ ၆ လအတွင်း စစ်ထားရမယ်လို့ သတ်မှတ်တဲ့ Company တွေလည်း ရှိပါတယ်။

ဒါကြောင့် Next Contract ရလာပြီဆိုရင်...
Medical Certificate ရှိပြီးသားဖြစ်နေရင်တောင် Company ရဲ့ Requirement ကို အရင်စစ်ဆေးထားဖို့ အရေးကြီးပါတယ်။

အချိန်မီ Medical Check-up ပြန်စစ်ထားနိုင်ရင်
👉 Join Delay ဖြစ်တာ
👉 Document ပြန်လုပ်ရတာတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Seafarer Medical Check-up ပြုလုပ်ဖို့ လိုအပ်တယ်ဆိုရင်...
Min Mahar Swe Medical Center မှာ သင်္ဘောသားများအတွက် လိုအပ်တဲ့ Seafarer Medical Check-up ဝန်ဆောင်မှုများကို
✅ ISO 9001 စံနှုန်းများနှင့်အညီ စနစ်တကျနဲ့ ဂရုတစိုက် ဆောင်ရွက်ပေးနေပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

07/08/2026

ကျွန်တော်တို့တွေက မိုးရွာတိုင်း...

အဲ့ဒီမိုးကို အကြောင်းပြပြီး
တစ်စုံတစ်ယောက်ကို ပိုလွမ်းတတ်ကြပါတယ်... 🤍

ဒါပေမယ့်...
"မိုးမိတာလေးပဲ..." ဆိုပြီး ပေါ့ဆလိုက်တဲ့အချိန်မှာ...
🤧 နှာချေ
😷 ချောင်းဆိုး
🤒 ဖျားနာ
ဒီ Combo Set ကတော့ ဖိတ်မခေါ်လည်း တံခါးလာခေါက်တတ်ပါတယ်။

ဒီမိုးရာသီမှာ အလွမ်းထက် ကျန်းမာရေးကို ပိုဂရုစိုက်လိုက်ရအောင်။
မဟုတ်ရင်...
အလွမ်းဒဏ်နဲ့အတူ အဖျားဒဏ်ပါ ခံစားနေရနိုင်ပါတယ်။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

"အမြဲမောနေတာ... အလုပ်ပင်ပန်းလို့ပဲလား?"တစ်နေ့လုံး အားမရှိသလို ခံစားရတာ၊ခေါင်းမူးတာလှေကားနည်းနည်းတက်ရုံနဲ့ မောနေတာမျိုး ဖ...
06/08/2026

"အမြဲမောနေတာ... အလုပ်ပင်ပန်းလို့ပဲလား?"

တစ်နေ့လုံး အားမရှိသလို ခံစားရတာ၊ခေါင်းမူးတာ
လှေကားနည်းနည်းတက်ရုံနဲ့ မောနေတာမျိုး ဖြစ်နေပြီလား?

"အလုပ်များလို့ပဲ" လို့ ထင်နေပေမယ့် တစ်ခါတလေတော့ သွေးအားနည်းခြင်း (Anemia) ရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်နော် 🤔

အထူးသဖြင့်...
👉 အမြဲမောပန်းလွယ်နေခြင်း
👉 ခေါင်းမူးခြင်း၊ မူးဝေခြင်း
👉 မျက်နှာ၊ နှုတ်ခမ်း ဖြူဖျော့လာခြင်း
👉 အသက်ရှူမဝသလို ခံစားရခြင်း
နှလုံးခုန်မြန်ခြင်း..စတဲ့ လက္ခဏာတွေ မကြာခဏ ဖြစ်နေတယ်ဆိုရင် ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။

ဒါပေမယ့် ဒီလက္ခဏာတွေရှိတိုင်း သွေးအားနည်းတာလို့ မဆိုလိုပါဘူး။အခြားကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကြောင့် ခန့်မှန်းမနေဘဲ စစ်ဆေးတာက ပိုအရေးကြီးပါတယ်။

✅ သွေးအားနည်းခြင်းရှိ၊ မရှိကို သိချင်ရင် CBC Test လုပ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးက ခန့်မှန်းရမယ့်အရာ မဟုတ်ပါဘူး။ စစ်ဆေးပြီးမှ စိတ်ချပါ။

𝐘𝐨𝐮𝐫 𝐇𝐞𝐚𝐥𝐭𝐡, 𝐎𝐮𝐫 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲.

📍 Location
No. 202-B, (5) Quarter, Parami Road, South Okkalapa Township, Yangon. (Near Pingya Bus Stop)

📞 Hotline
09 9 888 94 111
09 9 888 94 222
09 9 888 94 333

⏰ OPENING HOURS
8:00 AM - 5:00 PM
(Open Daily)

Address

202B, Parami Road, 5 Wards, South Okkalapa
Yangon
11031

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when Min Mahar Swe Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share