The Hair Clinic By CDS

The Hair Clinic By CDS The hair clinic by clinique de skin. It is a hope and transformation in the world of hair care. Clinique de Skin Dermatology & Laser Clinic

လူတိုင်းကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ အလှဆုံး မင်းသမီးလေးတွေနဲ့ မင်းသားလေးတွေပါပဲ။🤍ကိုယ်ပိုင်အလှတရားတွေနဲ့အတူ ပိုမို လ...
24/07/2026

လူတိုင်းကတော့ သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ အလှဆုံး မင်းသမီးလေးတွေနဲ့ မင်းသားလေးတွေပါပဲ။🤍

ကိုယ်ပိုင်အလှတရားတွေနဲ့အတူ ပိုမို လှပတဲ့ အလှတွေကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်အလေးချိန် ထိန်းတတ်တဲ့ သူတွေလည်း ရှိကြပါတယ်။
ဒီလို ကိုယ်အလေးချိန် ထိန်းတဲ့အခါ ဆံပင်တွေ ကျွတ်တတ်လားဆိုတာနဲ့ပတ်သက်ပြီးတော့လည်း ဝေခွဲရခက်နေကြတဲ့ သူတွေ ရှိကြတယ်ဟုတ်။

ဝေခွဲရခက်နေတာတွေ ပြေလည်သွားစေဖို့ ဒီနေ့မှာတော့ ကိုယ်အလေးချိန် ထိန်းတဲ့အခါ ဆံပင်ကျွတ်နိုင်လားဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ပြောပြပေးလိုက်ချင်ပါတယ်။

ဝိတ်ချလိုက်တာနဲ့ ဆံပင်ကျွတ်သွားတာမျိုးတော့ မဟုတ်ပေမဲ့ ဝိတ်ချပုံ၊ ဝိတ်ချနည်း မမှန်ရင်တော့ ဆံပင်တွေ ကျွတ်တတ်ပါတယ်။
အများစုက ကိုယ်အလေးချိန် ကျဖို့အတွက် အစားအသောက်တွေကို ပုံမှန်ထက် ပိုပြီး လျှော့ချလိုက်တာမျိုးကနေ စတင်ကြတာမို့ ဆံသားဥတွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေပါ လျော့နည်းသွားပြီး ဆံပင်ကျွတ်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။
ဆံသားဥတွေဟာ ခန္ဓာကိုယ်ကနေ အာဟာရပြည့်ဝစွာ ရရှိနေမှ ဆံပင်ကျွတ်တာ၊ ဆံသားပျက်စီးတာတွေကို သက်သာစေမှာမို့ ကိုယ်အလေးချိန် ထိန်းတဲ့အခါမှာလည်း နည်းစနစ်ကျကျ ဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပေးဖို့ မမေ့ပါနဲ့နော်။✨

ဆံသားကျန်းမာရေးနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးကုသချင်လို့ပဲ ဖြစ်ဖြစ်၊ ဆံကေသာပြဿနာတွေနဲ့ပတ်သက်လို့ အသေးစိတ် စုံစမ်းမေးမြန်းချင်လို့ပဲ ဖြစ်ဖြစ် ☎️ 09793113114 ကိုသာ ဆက်သွယ်လိုက်ပါ။






ဆံပင်စည်းတဲ့အခါ တင်းကြပ်စွာ မစည်းပါနှင့် နဖူးပြောင်၊ ဆံပင်ပါးရခြင်းရဲ့ အကြောင်းအရင်းတစ်ခု▪️ဆံပင်ကို သေသေသပ်သပ်နဲ့ စမတ်ကျ...
22/07/2026

ဆံပင်စည်းတဲ့အခါ တင်းကြပ်စွာ မစည်းပါနှင့်
နဖူးပြောင်၊ ဆံပင်ပါးရခြင်းရဲ့ အကြောင်းအရင်းတစ်ခု

▪️ဆံပင်ကို သေသေသပ်သပ်နဲ့ စမတ်ကျကျလေး ဖြစ်ချင်လို့ မြင့်မြင့်လေးနဲ့ တင်းတင်းလေး စည်းထားခြင်းသည် နောက်ပိုင်းမှာ ဆံပင်တွေ ခဏခဏကျွတ်ပြီး ရှေ့ဆံစပ်တွေ ပြောင်လာသလိုပဲ ဆိုတဲ့ မမတို့ ရှိလားရှင့်။

▪️သာမန်ဆံပင်ကျွတ်တာ မဟုတ်ဘဲ ဆံပင်ကို တင်းကြပ်စွာ စည်းနှောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အရေပြားနဲ့
ဆံသားပြဿနာတစ်ခုပဲ ဖြစ်ပါတယ်ရှင့်။

✅ဆံပင်ကျွတ်ရောဂါ ဖြစ်စေခြင်း
ဆံပင်ကို တင်းကြပ်စွာ နောက်လှန်ပြီး စည်းတာကြောင့် ဆံသားမြစ်တွေအပေါ်မှာ အမြဲတမ်း အားပြင်းပြင်းနဲ့ ဆွဲဆန့်ထားသလို ဝန်ပိနေစေပါတယ်။ ဒါကြောင့် ဆံသားမြစ်တွေ အားနည်းလာပြီး ရေရှည်မှာ ဆံပင်အသစ် ပြန်မပေါက်နိုင်တော့ဘဲ ဆံပင်အုံကို တဖြည်းဖြည်း ပါးလာစေပါတယ်ရှင့်။

✅ရှေ့ဆံစပ်များ နောက်ဆုတ်ပြီး နဖူးပြောင်လာခြင်း
ဆံပင်ကို တင်းတင်းစည်းတဲ့အခါ အဓိက အဆွဲခံရဆုံးနေရာကတော့ နဖူးအထက် ရှေ့ဆံစပ်က ဆံပင်နုလေးတွေပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရှေ့ဆံစပ်က ဆံပင်တွေ အရင်းကနေ ပြတ်ထွက်ကျွတ်သွားပြီး ဆံစပ်က နောက်ကို တဖြည်းဖြည်း ဆုတ်သွားကာ နဖူးပြောင်လာတတ်ပါတယ်ရှင့်။

✅ဇက်ကြောတက်ပြီး ခေါင်းကိုက်ခြင်း
ဆံပင်ကို တင်းကြပ်စွာ စည်းထားခြင်းက ဦးရေပြားပေါ်က အကြောတွေကိုပါ တင်းကျပ်သွားစေပါတယ်။ အထူးသဖြင့် ဇက်ပိုးနဲ့ ပုခုံးတစ်ဝိုက်က အကြောတွေကိုပါ လိုက်ပြီး တောင့်တင်းလာစေလို့ တစ်နေ့ကုန် အလုပ်လုပ်တဲ့အခါ ဇက်ကြောတက်တာ၊ ခေါင်းအုံပြီး ခေါင်းကိုက်တာမျိုးတွေ ဖြစ်ပွားတတ်ပါတယ်။

▪️ဆံသားမြစ်တွေကို မထိခိုက်စေမယ့်
ဆံပင်စည်းနည်းများ

✅ခပ်လျော့လျော့သာ စည်းပေးပါ
ဆံပင်စည်းတဲ့အခါ အသားထဲ နစ်ဝင်သွားတဲ့အထိ တင်းကြပ်စွာ မစည်းဘဲ ဦးရေပြား မနာရုံ ခပ်လျော့လျော့လေးသာ စည်းပေးပါ။

✅ပိုးသားဆံပင်ကွင်းများ သုံးပါ
သားရေကွင်း အကြမ်းစားတွေက ဆံပင်ကို ပိုမိုတင်းကျပ်စေပြီး ချွတ်တဲ့အခါ ဆံပင်တွေကို ဆွဲခွာသလို ဖြစ်စေပါတယ်။ ဒါကြောင့် ဆံသားကို ညင်သာမှုရှိစေတဲ့ ဆံပင်ကွင်း အိအိလေးတွေကို ပြောင်းသုံးပေးပါ။

✅ညအိပ်ချိန်မှာ ဆံပင်ကို လုံးဝဖြန့်အိပ်ပါ
ညဘက်အိပ်စက်တဲ့အချိန်ဟာ ဆံသားမြစ်တွေနဲ့ ဦးရေပြားက အောက်ဆီဂျင်အပြည့်အဝရပြီး 𝘀𝗲𝗹𝗳-𝗵𝗲𝗮𝗹 ပြန်ဖြစ်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ရင် ဆံပင်ကို စည်းမထားဘဲ လွတ်လွတ်လပ်လပ် ဖြန့်အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်ရှင့်။

▪️ဆံပင်ကို တင်းကြပ်စွာ စည်းမိလို့ ရှေ့ဆံစပ်တွေ ပါးလာတာ၊ ဦးရေပြားအားနည်းပြီး ဆံပင်တွေ အမြဲကျွတ်နေတာမျိုး ကြုံတွေ့နေရပြီဆိုရင်တော့ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။🥰

10/07/2026

🌿ဆံပင် တစ်နေ့ထက်တစ်နေ့ ပါးလာရခြင်းရဲ့
အကြောင်းရင်းများ

▪️ခေါင်းလျှော်တိုင်း၊ ဘီးဖြီးတိုင်း ဆံပင်တွေ အထွေးလိုက်ကျွတ်ပြီး ဆံပင်အုံက တဖြည်းဖြည်း ပါးလာတယ်ဆိုတာ အမျိုးသမီး တော်တော်များများ ကြုံတွေ့ရတဲ့ စိတ်ညစ်စရာ ပြဿနာတစ်ခုပါပဲ။

▪️အောက်ပါအချက်တွေကြောင့် ဖြစ်တတ်ပါတယ်

✅ဦးရေပြား ချွေးပေါက်ပိတ်ဆို့ခြင်း
ဦးရေပြားကထွက်တဲ့ အဆီပိုတွေ၊ ဗောက်တွေနဲ့ ခေါင်းလျှော်ရည်/ပေါင်းဆေးကြောင့် ဦးရေပြားချွေးပေါက် ပိတ်ဆို့တဲ့အခါ ဆံပင်ဆဲလ်မြစ်ဆီကို အာဟာရ မရောက်တော့ဘဲ ဆံပင်အုံကို တဖြည်းဖြည်း ပါးလာစေပါတယ်။

✅သွေးလှည့်ပတ်မှု အားနည်းခြင်း
ဦးရေပြားဆီ သွေးစီးဆင်းမှုစနစ် နှေးကွေးနေရင် ဆံပင်အသစ်ပြန်ပေါက်ဖို့ လိုအပ်တဲ့ အောက်စီဂျင်နဲ့ ဗီတာမင်ဓါတ်တွေ မရရှိတော့ဘဲ ဆံပင်ကျွတ်နှုန်း ပိုမြန်လာတတ်ပါတယ်။

✅ဗီတာမင်နှင့် အာဟာရဓာတ် ချို့တဲ့ခြင်း
ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ 𝗢𝗺𝗲𝗴𝗮-3 လိုမျိုး ကောင်းမွန်တဲ့ အဆီဓာတ်တွေ နည်းပါးနေတဲ့အခါ ဆံသားမြစ်တွေကို အားနည်းစေပြီး ဆံပင်ကျွတ်ရုံတင်မကဘဲ ဆံပင်အသစ်ပြန်ပေါက်ဖို့ပါ နှေးကွေးသွားစေပါတယ်။

▪️ဆံပင်ကျွတ်သက်သာပြီး ဆံပင်အသစ်
ပြန်လည်ထွက်ပေါ်စေနိုင်မည့် နည်းလမ်းများ

✅ ဦးရေပြားကို သွေးလှည့်ပတ်မှုကောင်းအောင်
နှိပ်နယ်ပေးပါ
ခေါင်းလျှော်တဲ့အခါမှာဖြစ်ဖြစ်၊ ညအိပ်ရာဝင်ခါနီးမှာဖြစ်ဖြစ် လက်ချောင်းထိပ်လေးတွေ သုံးပြီး ဦးရေပြားကို ခပ်ဖွဖွလေး စနစ်တကျ ၅ မိနစ်ခန့် နှိပ်နယ်ပေးပါ။ ဒါက ဦးရေပြားရဲ့ သွေးပြန်ကြောစီးဆင်းမှုကို အားကောင်းစေပြီး ဆံပင်အသစ် ပေါက်ဖွားမှုကို သိသိသာသာ မြှင့်တင်ပေးပါတယ်။

✅ခေါင်းလျှော်ပြီးတိုင်း ဦးရေပြားကို
ချက်ချင်းအခြောက်ခံပါ
ဦးရေပြား အမြဲစိုထိုင်းနေရင် မှိုပိုးစွဲပြီး ဗောက်ထွက်ကာ ဆံသားမြစ်တွေကို ပျက်စီးစေပါတယ်။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်တင်မကဘဲ ဦးရေပြား အတွင်းပိုင်းပါ လုံးဝခြောက်သွေ့သွားအောင် လေအေးနဲ့ သေချာမှုတ်ပြီး အခြောက်ခံပေးပါရှင့်။

✅အတွင်းပိုင်းကနေ အာဟာရ ဖြည့်တင်းပေးပါ
ဆံပင်အသစ် ပြန်လည်သန်စွမ်းလာဖို့အတွက် ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေနဲ့ 𝗢𝗺𝗲𝗴𝗮-3 ကဲ့သို့ ဖြည့်စွက်စာမျိုးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းက ဆံသားမြစ်ကို အရင်းကနေ အားကောင်းစေပြီး ဆံပင်အုံကို ပြန်လည်ထူထဲလာစေပါတယ်ရှင့်။

▪️ဆံပင်အလွန်အမင်းကျွတ်လို့ ဆံပင်အုံပါးတဲ့ပြဿနာကို အိမ်မှာတင် ထိန်းသိမ်းရခက်နေပြီဆိုရင်တော့ 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။🥰

19/06/2026

ဟော်မုန်းကြောင့် ထိပ်ပြောင်ခြင်း

▪️ဦးခေါင်းပေါ်ရှိဆံပင်များဟာ 𝗛𝗮𝗶𝗿 𝗚𝗿𝗼𝘄𝘁𝗵 𝗖𝘆𝗰𝗹𝗲 အတိုင်း ပုံမှန်ရှိနေတတ်ပါတယ်။

▪️𝗗𝗛𝗧 (𝗗𝗶𝗵𝘆𝗱𝗿𝗼𝘁𝗲𝘀𝘁𝗼𝘀𝘁𝗲𝗿𝗼𝗻𝗲) လို့ခေါ်တဲ့ ဟော်မုန်း တစ်မျိုးက အချို့လူတွေရဲ့ 𝗛𝗮𝗶𝗿 𝗙𝗼𝗹𝗹𝗶𝗰𝗹𝗲 ကို အနည်းငယ် အားနည်းစေပြီး ဆံပင်ပါးသွားစေတတ်တယ်။

✅အမျိုးသားများ (𝗚𝗲𝗻𝗲𝘁𝗶𝗰 + 𝗛𝗼𝗿𝗺𝗼𝗻𝗲 ပေါင်းစပ်သဘာဝ)

✅အမျိုးသမီး (𝗛𝗼𝗿𝗺𝗼𝗻𝗲 𝗶𝗺𝗯𝗮𝗹𝗮𝗻𝗰𝗲 ဖြစ်ချိန်)

✅မျိုးရိုးကြောင့် ဆံပင်ပါးထိပ်ပြောင် ဖြစ်တတ်သူများ

စတဲ့အချက်များကြောင့် ဖြစ်တတ်ပါတယ်ရှင်။

▪️ထိုသို့ဖြစ်ပြီဆို

✅𝗛𝗼𝗿𝗺𝗼𝗻𝗲 𝗹𝗲𝘃𝗲𝗹 စစ်ဆေးခြင်း

✅𝗣𝗥𝗣 / 𝗛𝗮𝗶𝗿 𝗥𝗲𝗴𝗿𝗼𝘄𝘁𝗵 𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁𝘀

✅𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗹𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 & 𝗻𝘂𝘁𝗿𝗶𝘁𝗶𝗼𝗻 စတာတွေကို စစ်ဆေးဖို့လိုအပ်ပါတယ်ရှင်။

▪️ထိပ်ပြောင်ခြင်းဖြစ်ပေါ်လာပြီဆို 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 မှ ကျွမ်းကျင်ဆရာဝန်များနဲ့ကုသဖို့လိုအပ်လာပါပြီရှင်။အချိန်ကြာသွားလျှင် 𝗛𝗮𝗶𝗿 𝗙𝗼𝗹𝗹𝗶𝗰𝗹𝗲 တွေ မပြန်ဖြစ်နိုင်တော့တာကြောင့် ဖြစ်ပါတာမို့ရှင်။

▪️ဘယ်လိုကြောင့်ဘဲ ထိပ်ပြောင်ပြောင် 𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှ ဆရာဝန်များနှင့်လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။

🏢𝗞𝘆𝗶𝗺𝘆𝗶𝗻𝗱𝗶𝗻𝗲 𝗕𝗿𝗮𝗻𝗰𝗵
◾𝗡𝗼.11, 𝗨 𝗟𝘂𝗻𝗶 𝗥𝗼𝗮𝗱 𝗞𝘆𝗶𝗻𝗺𝘆𝗶𝗻𝗱𝗶𝗻𝗲 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.
☎️09 79 311 311 4

#𝘁𝗵𝗲𝗵𝗮𝗶𝗿𝗰𝗹𝗶𝗻𝗶𝗰𝗯𝘆𝗖𝗗𝗦 #𝗵𝗮𝗶𝗿𝘁𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁

ဆေးဆိုးထား‌သော ဆံပင်တွေ အရောင်မကျဘဲ စိုအိနေစေဖို့ 𝗛𝗮𝗶𝗿 𝗠𝗮𝘀𝗸 ဘယ်လိုရွေးမလဲ?▪️ဆံပင်ဆေးဆိုးလိုက်တဲ့အခါ ကာလာလှလှလေး ရလာပေမယ့...
31/05/2026

ဆေးဆိုးထား‌သော ဆံပင်တွေ အရောင်မကျဘဲ
စိုအိနေစေဖို့ 𝗛𝗮𝗶𝗿 𝗠𝗮𝘀𝗸 ဘယ်လိုရွေးမလဲ?

▪️ဆံပင်ဆေးဆိုးလိုက်တဲ့အခါ ကာလာလှလှလေး ရလာပေမယ့် နောက်ဆက်တွဲအနေနဲ့ ဆံသားခြောက်တာ၊ ဖွာတာနဲ့ ဆံပင်ပြတ်ထွက်တာမျိုးတွေ ကြုံရတတ်ပါတယ်ရှင့်။

▪️ဆေးဆိုးဆံသားများအတွက် ရွေးချယ်သင့်သော
ပါဝင်ပစ္စည်းများကတော့

✅𝗖𝗼𝗹𝗼𝗿-𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗻𝗴 𝗠𝗮𝘀𝗸
ဆံပင်အရောင်ကို လျင်မြန်စွာ မှိန်ဖျော့မသွားစေဘဲ
ဆိုးထားတဲ့ကာလာကို ကြာရှည်တောက်ပနေအောင် ထိန်းပေးပါတယ်။

✅𝗞𝗲𝗿𝗮𝘁𝗶𝗻 သို့မဟုတ် 𝗣𝗿𝗼𝘁𝗲𝗶𝗻 ပါဝင်မှုကို ရွေးပါ
ဆံပင်ဆေးဆိုးစဉ်မှာ ပျက်စီးသွားတဲ့ ဆံသားအောက်ခြေက ပရိုတင်းဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးလို့ ဆံပင်ပြတ်ထွက်ခြင်းကို သိသိသာသာ လျော့နည်းစေပါတယ်ရှင့်။

𝗔𝗿𝗴𝗮𝗻 𝗢𝗶𝗹 သို့မဟုတ် 𝗦𝗵𝗲𝗮 𝗕𝘂𝘁𝘁𝗲𝗿 ပါဝင်မှုကို ရွေးပါ
ဆိုးဆေးကြောင့် ခြောက်သွေ့ကြမ်းတမ်းသွားတဲ့ ဆံသားတွေကို အစိုဓာတ် အပြည့်အဝပြန်ဖြည့်ပေးပြီး ဆံပင်ကို ပိုးသားလေးလို အိအိလေးဖြစ်စေပါတယ်။

✅𝗛𝗮𝗶𝗿 𝗠𝗮𝘀𝗸 စနစ်တကျ သုံးစွဲနည်းကတော့
ခေါင်းလျှော်ရည်နဲ့ သန့်စင်ပြီးနောက် ဆံပင်က ရေတွေကို ညှစ်ထုတ်ပါ။ (ရေဆက်ဆက်နဲ့ ကျနေရင် 𝗠𝗮𝘀𝗸 ရဲ့ အာနိသင်တွေ လျော့သွားတတ်ပါတယ်ရှင်။)

▪️𝗛𝗮𝗶𝗿 𝗠𝗮𝘀𝗸 ကို ဦးရေပြားထဲမထိစေဘဲ ဆံပင်အလယ်ပိုင်းကနေ အဖျားပိုင်းအထိ သေချာနှံ့စပ်အောင် လိမ်းပေးပါ။

▪️(၅ မိနစ်မှ ၁၀ မိနစ်) ခန့် ထားပြီးနောက် ရေအေးအေးလေးနဲ့ ပြောင်စင်အောင် ပြန်လည်ဆေးကြောပေးရပါမယ်။

▪️ဆေးဆိုးဆံပင်တွေဟာ အပူဒဏ်ကို အရမ်းကြောက်တာမို့ ခေါင်းလျှော်တဲ့အခါ ရေနွေးနဲ့ လုံးဝမလျှော်ဘဲ ရေအေး (သို့မဟုတ်) ရေကြက်သီးနွေးနဲ့သာ လျှော်ပေးရင် ဆံပင်အရောင် ပိုခံပါတယ်ရှင့်။🥰

🍀ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ လူတိုင်းနီးပါး မှားယွင်းလေ့ရှိတဲ့ (၄) ချက်▪️ဆံပင်တွေ ကျွတ်နေတယ်၊ အဆီပြန်လွယ်တယ်၊ ဖွာထွက်န...
26/05/2026

🍀ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ
လူတိုင်းနီးပါး မှားယွင်းလေ့ရှိတဲ့ (၄) ချက်

▪️ဆံပင်တွေ ကျွတ်နေတယ်၊ အဆီပြန်လွယ်တယ်၊ ဖွာထွက်နေတယ်ဆိုရင် ခေါင်းလျှော်ရည်ဦးရေပြားနဲ့ မကိုက်ညီလို့ ဖြစ်နိုင်ပါတယ်ရှင့်။

✅ဦးရေပြားအမျိုးအစားအလိုက်
ရွေးချယ်အသုံးမပြုခြင်း
ခေါင်းလျှော်ရည်ဆိုတာ ဆံသားထက် ဦးရေပြား ကို သန့်စင်ဖို့ ဖြစ်ပါတယ်။ ဆံပင်အဖျားပိုင်း ခြောက်သွေ့တာကိုကြည့်ပြီး ရွေးမယ့်အစား ကိုယ့်ဦးရေပြားက အဆီပြန်တာလား၊ ခြောက်သွေ့တာလား ဆိုတာကို အရင်ဆုံး ကြည့်ရပါမယ်။

✅အမြှုပ်အများကြီးထွက်တာကိုပဲ သဘောကျခြင်း
အမြှုပ်ထွက်စေတဲ့ 𝗦𝘂𝗹𝗳𝗮𝘁𝗲𝘀 (𝗦𝗟𝗦/𝗦𝗟𝗘𝗦) ဓာတ်တွေဟာ ဦးရေပြားအတွက် လိုအပ်တဲ့ သဘာဝအဆီတွေကို အကုန်အစင် ဖယ်ရှားပစ်တတ်ပါတယ်။ ဒါကြောင့် ဦးရေပြား ပိုခြောက်သွေ့ပြီး အဆီတွေ ပိုပြန်လာတတ်ပါတယ်။

✅မွှေးရနံ့ပြင်းတာကိုပဲ အဓိကထား ရွေးချယ်ခြင်း
မွှေးရနံ့ အလွန်အမင်း ပြင်းထန်တဲ့ ခေါင်းလျှော်ရည်သည် ဦးရေပြားကို ယားယံစေပြီး နီရဲတာ၊ ဗောက်ထတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

✅ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေး
၂ မျိုးစပ် (2-𝗶𝗻-1) ကိုပဲ သုံးခြင်း
ခေါင်းလျှော်ရည်က သန့်စင်ဖို့ဖြစ်ပြီး ပေါင်းဆေးက အာဟာရဖြည့်ဖို့ ဖြစ်ပါတယ်။ ၂ မျိုးစပ်တွေဟာ ဦးရေပြားပေါ်မှာ ပိုမိုပိတ်ဆို့မှုဖြစ်စေပြီး ဆံပင်အမြစ်တွေကို အားနည်းစေကာ ဆံပင်ကျွတ်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။

▪️ဆံပင်ကျွတ်တာ၊ ဗောက်ထတာနဲ့ ဦးရေပြားပြဿနာတွေကို အမြစ်ပြတ်ကုသဖို့ဆိုရင် ကိုယ့်ရဲ့ ဦးရေပြားအခြေအနေအစစ်အမှန်ကို အရင်ဆုံး သိဖို့လိုပါတယ်။

ဆံသားလေးတွေ ကျန်းမာလှပကြပါစေရှင်။🥰

ခေါင်းဖြီးတဲ့အခါ  သတိမထားမိဘဲ မှားတတ်သောအချက် (၃)ချက်▪️နေ့တိုင်း ခေါင်းဖြီးနေပေမယ့် ဆံပင်တွေ အများကြီး ကျွတ်နေတုန်းပဲဆို...
23/05/2026

ခေါင်းဖြီးတဲ့အခါ သတိမထားမိဘဲ
မှားတတ်သောအချက် (၃)ချက်

▪️နေ့တိုင်း ခေါင်းဖြီးနေပေမယ့် ဆံပင်တွေ အများကြီး ကျွတ်နေတုန်းပဲဆိုရင် ဘီးကို မှားယွင်းစွာ အသုံးပြုနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်ရှင်။

✅အပေါ်ကနေ အောက်ကို အတင်းဆွဲဖြီးခြင်း
ဆံပင်ဖြီးတဲ့အခါ အပေါ်မြစ်ကနေ အောက်ကို တန်းပြီး အတင်းဆွဲဖြီးရင် ဆံပင်အထုံးတွေနဲ့ ငြိပြီး ပိုကျွတ်တတ်ပါတယ်။

အောက်ဆံပင်အဖျားက အထုံးတွေကို အရင် ညင်သာစွာ ရှင်းပြီးမှ အပေါ်ကနေ အောက်ကို ဖြည်းဖြည်းချင်း ပြန်ဖြီးပေးရပါမယ်။

✅ခေါင်းလျှော်ပြီးစ ဆံပင်စိုစွတ်နေချိန် အတင်းဖြီးခြင်း
ဆံပင်စိုနေချိန်သည် ဆံသားအမြစ်တွေ အားအနည်းဆုံးနဲ့ ပြတ်ထွက်လွယ်ဆုံး အချိန်ဖြစ်ပါတယ်။ သာမန်ဘီးတွေနဲ့ အတင်းဆွဲဖြီးရင် ဆံပင်တွေ အဆမတန် ကျွတ်ထွက်လာပါလိမ့်မယ်။

ဆံပင်ကို အဝတ်နဲ့ ခြောက်အောင် အရင်သုတ်၊ (သို့မဟုတ်) အနည်းငယ် ခြောက်သွားမှသာ ဖြီးပေးရပါမယ်။

✅ဘီးကို ပုံမှန် ဆေးကြောသန့်စင်မှု မရှိခြင်း
ဘီးအသွားတွေကြားမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဆဲလ်သေတွေ၊ အဆီတွေနဲ့ ဖုန်မှုန့်တွေ ကပ်ညှိနေတတ်ပါတယ်။ မဆေးဘဲ ဆက်သုံးရင် ဦးရေပြားကို ဘက်တီးရီးယားတွေ ပြန်ကပ်ပြီး ဗောက်ထခြင်း၊ ယားယံခြင်းကို ဖြစ်စေပါတယ်။

တစ်ပတ်ကို အနည်းဆုံး (၁) ကြိမ် ဘီးကို ခေါင်းလျှော်ရည် အနည်းငယ်နဲ့ သန့်စင်ပေးရပါမယ်။

🥰နေ့စဉ်ပြုလုပ်မှုများထဲမှ ဘီးဖြီးခြင်းကို သတိထားပြုလုပ်ပြီး လှပတဲ့ဆံသားများကို ကာကွယ်နိုင်ပါတယ်ရှင့်။

21/05/2026

𝗘𝘅𝗼𝘀𝗼𝗺𝗲 ကုသနည်း အသစ်အကြောင်း

◾️အလှအပရေးရာကုထုံးတွေက ခေတ်နဲ့အမှီ တိုးတက်ပြောင်းလဲလာပါတယ်။

◾️ပြောင်းလဲလာတဲ့ ကုထုံးနည်းအသစ်တွေထဲမှာ ခေတ်စားလွန်းတဲ့ 𝗘𝘅𝗼𝘀𝗼𝗺𝗲 𝗧𝗵𝗲𝗿𝗮𝗽𝘆 သည် မျက်နှာအတွက်တင်မဟုတ်ဘဲ ဆံသားကောင်းမွန်မှုအတွက်ပါ အသုံးပြုလာကြပါတယ်ရှင်။

◾️𝗘𝘅𝗼𝘀𝗼𝗺𝗲 အကြောင်းကို သေချာလေးသိရှိနားလည်ရန်
𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 ရဲ့ 𝗖𝗼-𝗳𝗼𝘂𝗻𝗱𝗲𝗿
👨‍⚕️ 𝗗𝗿 𝗬𝗲 𝗧𝗵𝘄𝘆𝗻 မှ ရှင်းပြပေးထားပါတယ်နော်။

➡️ဆံသားပြသာနာများဖြေရှင်းရန်
◾️ကျွမ်းကျင်ဆရာဝန်များနဲ့ ကုသချင်တယ်
◾️ခေတ်နဲ့အညီ ကုသနည်းများနဲ့လည်း ကုသချင်တယ်ဆို

➡️𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 မှာ လာရောက်ဆွေးနွေးကုသနိုင်ပါတယ်နော်။

🟥ဆက်သွယ်ရန်
☎️09793113114




🌿Weekend အိမ်မှာ Hair Mask ပေါင်းတင်ခြင်း▪️ဆံသားဖွာတာသက်သာပြီး စိုအိစေဖို့ ✅ပါဝင်ပစ္စည်း အုန်းဆီ (၂) ဇွန်း + ကြက်ဥအနှစ် ...
16/05/2026

🌿Weekend အိမ်မှာ Hair Mask ပေါင်းတင်ခြင်း

▪️ဆံသားဖွာတာသက်သာပြီး စိုအိစေဖို့
✅ပါဝင်ပစ္စည်း
အုန်းဆီ (၂) ဇွန်း + ကြက်ဥအနှစ် (၁) လုံး

✅အကျိုးကျေးဇူး
ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အုန်းဆီရဲ့ အစိုဓာတ်က ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးပြီး ချက်ချင်း ကြည်လင်တောက်ပစေပါတယ်။

✅အသုံးပြုပုံ
ဆံပင်အဖျားပိုင်းအထိ အနှံ့လိမ်းပြီး (၃၀) မိနစ်ထားကာ ရေအေးအေးနဲ့ လျှော်ချပါ။

▪️ဗောက်ပျောက်ပြီး ဦးရေပြားသန့်စင်စေဖို့
✅ပါဝင်ပစ္စည်း
ဒိန်ချဉ် (၄) ဇွန်း + သံပရာရည် အနည်းငယ်

✅အကျိုးကျေးဇူး
ဒိန်ချဉ်က ဦးရေပြားကို အေးမြစေပြီး သံပရာရည်က ဗောက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

✅အသုံးပြုပုံ
ဦးရေပြားကို ညင်သာစွာ နှိပ်နယ်လိမ်းပေးပြီး (၁၅) မိနစ်ခန့်ထားကာ လျှော်ချပါ။

▪️Mask ပေါင်းတင်နေစဉ်အတွင်း ရေနွေးငွေ့နဲ့ ပေါင်းတင်ထားတဲ့ မျက်နှာသုတ်ပဝါလေးကို ခေါင်းမှာ (၅) မိနစ်ခန့် ပတ်ထားပေးရင် ဆံသားထဲကို အာဟာရဓာတ်တွေ ပိုမိုစိမ့်ဝင်သွားစေပါတယ်နော်။

▪️ဒီလို အိမ်တွင်းနည်းလမ်းလေးတွေက ထိန်းသိမ်းပေမယ့်၊ ဆံပင်ကျွတ်တာနဲ့ ဦးရေပြားပြဿနာတွေကို

▪️အထိရောက်ဆုံးနှင့် အမြန်ဆုံးကုသချင်တယ်ဆိုရင်တော့ The Hair Clinic by CDS မှာ ကုသမှု ခံယူဖို့ နွေးထွေးစွာဖိတ်ခေါ်ပါတယ်ရှင်။💙🖤

နဖူးဗွေရာမှာ သဘာဝဆန်တဲ့ဆံပင်များထွက်ပေါ်ရန်𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 လာရောက်ပြုလုပ်တဲ့ အစ်ကို ပါရှင်။𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 နဲ့ပတ်သတ်ရင် ...
13/05/2026

နဖူးဗွေရာမှာ သဘာဝဆန်တဲ့ဆံပင်များထွက်ပေါ်ရန်
𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 လာရောက်ပြုလုပ်တဲ့ အစ်ကို ပါရှင်။

𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 နဲ့ပတ်သတ်ရင်

◾️စိတ်ချရတဲ့ ကျွမ်းကျင်ပညာရှင်ဆရာဝန်များ

◾️စနစ်တကျရှိတဲ့ ကုသမှု 𝗣𝗿𝗼𝗰𝗲𝗱𝘂𝗿𝗲 များ

◾️𝗣𝗮𝘁𝗶𝗲𝗻𝘁 များကို လိုအပ်တာမှန်သမျှ ဂရုစိုက်ပေးမည့်
ဝန်ထမ်းများ

◾️𝗧𝗿𝗲𝗮𝘁𝗺𝗲𝗻𝘁 များပြီးဆုံးသွားချိန်ထိ 𝗔𝗳𝘁𝗲𝗿 𝗖𝗮𝗿𝗲 အနေနဲ့ ဂရုစိုက်ပေးခြင်း စတဲ့ ဝန်ဆောင်မှုများဖြင့် ‌ဝန်ဆောင်ပေးလျက်ရှိပါတယ်ရှင်။

🔸️ သဘာဝဆန်သော ရလာဒ်ကောင်းများလိုချင်သူများအတွက်
𝗧𝗵𝗲 𝗛𝗮𝗶𝗿 𝗖𝗹𝗶𝗻𝗶𝗰 𝗯𝘆 𝗖𝗗𝗦 တွင် 𝗛𝗮𝗶𝗿 𝗧𝗿𝗮𝗻𝘀𝗽𝗹𝗮𝗻𝘁 ပြုလုပ်ရန်ချစ်ခင် နွေးထွေးစွာဖိတ်ခေါ်ပါတယ်နော်။

အသေးစိပ်အချက်အလက်ကို
☎️ 09793113114 သို့တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ရှင့်။

Address

11, U Lu Ni Street, KyeeMyinDaing Township
Yangon
11101

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959793113114

Website

Alerts

Be the first to know and let us send you an email when The Hair Clinic By CDS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The Hair Clinic By CDS:

Shortcuts

Share