15/09/2026
သွေးတိုးတယ်ဆိုတာ သာမန် လူတိုင်းဖြစ်တတ်တဲ့ ရောဂါတစ်ခုလို့ပဲ ထင်နေပါသလား? ⚠️
သွေးတိုး (Hypertension) ဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးကြောစနစ်တစ်ခုလုံးကို တိတ်တဆိတ် ပျက်စီးစေပြီး ခန္ဓာကိုယ်အင်္ဂါအဓိက (၅) မျိုးကို တပြိုင်နက်တည်း ထိခိုက်စေနိုင်တဲ့ အန္တရာယ်တစ်ခုဖြစ်ပါတယ်။
သွေးဖိအားမထိန်းနိုင်ရင် ဘယ်လိုနောက်ဆက်တွဲ ရောဂါတွေ ဆက်တိုက်ဖြစ်လာနိုင်မလဲဆိုတာ domino effect လို ဆက်စပ်ကြည့်ရအောင်…
🚨 သွေးတိုးကြောင့် ပျက်စီးသွားနိုင်သည့် အဓိက အင်္ဂါအစိတ်အပိုင်း (၅) ခု
🧠 ဦးနှောက် (Brain) ⏩ လေဖြတ်ခြင်း (Stroke)
သွေးဖိအားများပြားမှုကြောင့် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ထွက်ခြင်း (သို့မဟုတ်) သွေးကြောပိတ်ခြင်းတို့ဖြစ်ပြီး လေဖြတ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia) တို့ ဖြစ်စေပါတယ်။
👁️ မျက်လုံး ⏩ အမြင်အာရုံ ကွယ်ခြင်း (Blindness)
သွေးဖိအားကြောင့်မျက်လုံးထဲက နုနယ်တဲ့ သွေးကြောမျှင်လေးတွေ ပျက်စီးပြီး အမြင်အာရုံ ဝေဝါးလာခြင်း၊ Retinopathy ခေါ် မျက်ကြည်လွှာ သွေးကြောပျက်စီးပြီး အမြင်အာရုံ ကွယ်သွားခြင်းတို့ ဖြစ်နိုင်ပါတယ်။
❤️ နှလုံး ⏩ နှလုံးကြီးခြင်းနှင့် နှလုံး ဖောက်ခြင်း (Heart Attack/Failure)
သွေးကြောတွေ တင်းမာနေတဲ့အတွက် နှလုံးက သွေးကို ပိုမိုအားစိုက် ညှစ်ထုတ်ရပါတယ်။ ကြာလာတဲ့အခါ နှလုံးကြွက်သားများ ထူလာပြီး နှလုံးကြီးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် နှလုံးရပ်တန့်ခြင်းတို့ နောက်ဆက်တွဲဖြစ်လာပါတယ်။
🩺 ကျောက်ကပ် ⏩ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်း (CKD)
ကျောက်ကပ်ရဲ့ အဓိကအလုပ်ဖြစ်တဲ့ အဆိပ်အတောက်စစ်ထုတ်ပေးသည့် သွေးကြောမျှင်လေးများကို ပျက်စီးစေပါတယ်။ ကျောက်ကပ် ပျက်စီးသွားပါက သွေးတိုးကို ပိုမိုဆိုးရွားစေပြီး နောက်ဆုံးတွင် ကျောက်ကပ်ဆေးရခြင်း (Dialysis) သို့မဟုတ် ကျောက်ကပ်အစားထိုးရခြင်း အထိ ဦးတည်သွားပါတယ်။
🩸 သွေးကြောများ ⏩ သွေးကြောနံရံမာခြင်း (Atherosclerosis)
သွေးကြောနံရံများ မာကျောထူထဲလာပြီး ခန္ဓာကိုယ်အနှံ့ သွေးလှည့်ပတ်မှု မကောင်းတော့ဘဲ ခြေလက်များ သွေးမလျှောက်ခြင်း၊ သွေးကြောဖောင်းခြင်း (Aneurysm) တို့ ဖြစ်စေပါတယ်။
🔄 ဒီလိုသွေးတိုးရောဂါသံသရာဆိုးကို ဘယ်လိုဖြတ်တောက်မလဲ?
သွေးပေါင်ချိန်ပုံမှန် တိုင်းတာပါ: သွေးတိုးသည် လက္ခဏာမပြဘဲ ငြိမ်နေတတ်သဖြင့် သွေးဖိအားကို ပုံမှန်တိုင်းတာ စစ်ဆေးပါ။
အငန်ဓာတ် လျှော့ပါ: နေ့စဉ် အစားအသောက်တွင် ဆားနှင့် အငန်ဓာတ် (Sodium) လျှော့စားပါ။
ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ: ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းဖြင့် သွေးကြောများကို ကျုံ့နိုင်ဆန့်နိုင်စွမ်း ကောင်းမွန်စေပါတယ်။
ဆေးဝါး ပုံမှန်သောက်ပါ: ဆရာဝန်ညွှန်ကြားထားသည့် သွေးတိုးဆေးများကို မိမိသဘောဖြင့် မရပ်ပါနှင့်။
🏥 မိမိ သို့မဟုတ် မိသားစုဝင်များ၏ သွေးတိုး၊ နှလုံးနှင့် ကျောက်ကပ် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို စိစစ်ကုသလိုပါက Apollo Hospitals Myanmar Hub သို့ ဆက်သွယ်တိုင်ပင်နိုင်ပါသည်။
----------------------------------------------------------------------------------------------------
📩 သင့်ရဲ့ ရောဂါရာဇဝင်နဲ့ ဆေးမှတ်တမ်းများကို Viber သို့ Page Messenger ကနေတစ်ဆင့် ပေးပို့ပြီး ယခုပဲ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
“ကရုဏာရှေ့ ထား ကုသပေးတာ အပိုလိုပါ၊ ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိစေဖို့ အပိုလိုဆေးရုံနှင့် ဆက်သွယ်လိုက်ကြပါစို့”
---------------------------------------------------------------------------------------------------
နိုင်ငံခြားမှာဆေးကုဖို့ WeCare ရုံးကိုဆက်သွယ်စို့
ရန်ကုန်ရုံး
📍 အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့။
📲 ဖုန်း 09756662930, 09970716074, 09945755525
မန္တလေးရုံး
📍 အမှတ်၁၈၅၊ ၃၅လမ်း၊ ၇၇×၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📲 ဖုန်း 09451922992 , 09765397900
တာချီလိတ်
📍ရှေ့ဆောင်ဆေးရုံ၊ မြို့ဝင်ဆိုင်းဘုတ်အနီး
ပါဆတ်ရပ်ကွက်၊ တာချီလိတ်မြို့။
📲 ဖုန်း 09767469496