03/09/2026
''နားကလော်ခြင်း ဆိုးကျိုးများ''
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
''ဆရာ ကျွန်တော်နားနာနေလို့"
"ဆရာ ကျွန်မနားပိတ်ပြီးအူနေလို့"
"ဆရာ သမီးနားပြည်ယိုနေလို့"
ထိုစကားသံများသည် ပြင်ပလူနာဌာနတွင် နေ့စဉ်ကြားနေရသော လူနာများ၏စကားသံများဖြစ်သည်။အဓိကတရားခံကား နားကလော်ခြင်းကြောင့် ဖြစ်ပါတယ်။
နားကလော်ခြင်း(သို့)နားကြပ်ခြင်း သည် ကလေး၊လူကြီးမရွေး ပြုလုပ်သည့် မကောင်းသည့် အကျင့်တစ်ခုဖြစ်ပါသည်။ ပလပ်စတစ်တုတ်တံထိပ်မှာ ဂွမ်းပါသည့် ဟာမျိုးအများဆုံးအသုံးပြုကြပါတယ်။ လူတို့၏ပြင်ပနားစည်သည် နားအပြင်မှနေ၍ ၂.၅ မှ ၃ စင်တီမီတာသာ ရှည်ပါတယ်။ ဒါကြောင့် နားကြပ်တောင်ဖြင့် အလွယ်တကူ ထိုးမိနိုင်ပါတယ်။ထိုသို့နားစည်ကိုထိုးမိပါက
၁/ နားစည်ပေါက်ခြင်းအပြင်
၂/ နားအပြင်နံရံရှိသွေးကြောပေါက်ခြင်း
၃/ နားဖာချေးများ အပြင်မထွက်ဘဲ အတွင်းပိုဝင်သွားခြင်း
၄/ နားမှိုစွဲခြင်း စသည့်ဆိုးကျိုးများ ဖြစ်တတ်သည်။
လူနာတွေကိုနားဘာကြောင့် ကလော်လဲ(သို့) ကြပ်တာလဲ မေးလျှင် အများစုက နားယားခြင်းကြောင့် ဟုဖြေကြသည်။အဲဒီမှာ စိတ်ဝင်စားစရာက နားဘာကြောင့် ယားတာလဲ ဖြစ်စဉ်ဖြစ်သည်။ အဓိကအကြောင်းရင်း (၄) ချက်ရှိပါတယ်။
၁/ နားဖာချေးကြောင့်ယားယံခြင်း
လူတို့၏ ပြင်ပနားကိုထောက်ပံ့ပေးထားသော အာရုံကြောများသည် များပြား၍ သိမှတ်ခံစားလွယ်ကြသည်။ထို့ကြောင့် နားထဲတွင်နားဖာချေး နည်းနည်းရှိလျှင်ပင် ယားယံတတ်ပါတယ်။ အိမ်မှာအလွယ်တကူ ဂွမ်းတံလေးနဲ့ ကလော်တတ်ကြပါတယ်။ အခန့်မသင့်လျှင် နားဖာချေးများ အပြင်မထွက်ဘဲ အတွင်းပိုဝင်သွားတတ်ပါတယ်။အမှန်ကနားဖာချေးပျော်ဆေး ဖြန်းခြင်း၊ နားဖာချေး ကလော်ရန် သီးသန့်ပြုလုပ်ထားသော ပစ္စည်းများ ဖြင့်သာ ဖယ်ရှားသင့်သည်။
၂/ နားထဲပိုးဝင်ခြင်းကြောင့်ယားယံခြင်း
ဘက်တီးရီးယား သို့ ဗိုင်းရပ်စ် များသည်လည်းနားယားစေပါတယ်။ ပိုးဝင်သည်ကိုမသိဘဲ ကလော်မိလျှင်လည်း နားရောဂါကို ပိုဆိုးစေပါသည်။
၃/ ဓါတ်မတည့်မှုကြောင့် (allergy)
စားသုံးသည့် အစားအစာ၊ သောက်ဆေး ၊ဒါတွေနဲ့ မတည့်ရင်လဲ နားယားစေပါတယ်။
၄/ နားအတွင်း အာရုံကြောများ မှ နားကလော်စေခြင်း
နားကလော်ကျင့်ရှိသူများသည် နားကလော်လိုက်ရမှ အယားပြေသည်ဟု အကြောင်းပြလေ့ရှိသည်။ ဘာကြောင့်ဖြစ်ရလဲ ဆိုတော့ နားအတွင်း အာရုံကြောများ သည်နားကလော်ဂွမ်းတံ နှင့် ထိတွေ့မိလျှင် အထိအတွေ့မှာသာယာ၍ နောက်တစ်ကြိမ် ကလော်စေရန် စေခိုင်း သဖြင့် ''နားယားနေပီ မကလော်သေးဘူးလား''ဟုထင်ရလောက်အောင် မကလော်မချင်းလှုံ့ဆော်တတ်သည်။
အချုပ်ဆိုရသော် အကောင်းဆုံးမှာ နားကလော် သို့ နားကြပ်ခြင်း ကို အစမလုပ်ပါနှင့် ၊ကောင်းကျိုးထက်ဆိုးကျိုးသာများတတ်ပါတယ်။ နားကလော်ခြင်း ရဲ့ဆိုးကျိုးများကို သိရှိစေရန်ရေးသားလိုက်ပါတယ်။
နားအကြားအာရုံ လျော့နည်းသူများအတွက် နားစမ်းသပ်ခြင်း၊ နားနှာခေါင်းလည်ချောင်းနှင့်ပတ်သတ်သော ရောဂါများကို မှန်ပြောင်းဖြင့် မနာမကျင် ရောဂါရှာဖွေခြင်း၊ အဏုကြည့်မှန်ပြောင်း အသုံးပြု၍ နားစည်ဖာခြင်း တို့ကို ဝန်ဆောင်မှုပေးနေပါပြီ။
#ဆေးကမ္ဘာ (၂) Vision 23 နားနှာခေါင်းလည်ချောင်း အထူးကုဆေးခန်း။
ပိတ်ရက်မရှိ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၆ အတွင်း
အမှတ် (၂၃) လမ်းသစ်လမ်း ၊ အင်းစိန်မြို့နယ်
09767297971
#မျက်စိ #နား #နှာခေါင်း #လည်ချောင်း
#ရောဂါ #ကျန်းမာရေး