ပဒုမ္မာ Yoga Studio

Call Directions Contact the practice

ပဒုမ္မာ Yoga Studio “ ကျွန်မနဲ့ ထိတွေ့ရေစက်ဆုံသူတိုင်း စိတ်နှင့်ခန္ဓာကျန်းမာဖို့ ကူညီပေးချင်တယ်။ “

Tr. Nan Kay
ပဒုမ္မာ Yoga Studio

05/10/2026

#ရုံးသမားများ အတွက်
Chair Yoga
Tr.Nan Kay

ဒါလေးတွေက ကိုယ့်မိတ်ဆွေတွေကို Mental Support ပေးတဲ့ သင်တန်းလေးပါ။ဒီသင်တန်းပြီးရင် အောင်မြင်တဲ့ ဘာကြီးတော့ ဖြစ်လာမယ်ငွေတွ...
05/10/2026

ဒါလေးတွေက ကိုယ့်မိတ်ဆွေတွေကို Mental Support ပေးတဲ့ သင်တန်းလေးပါ။

ဒီသင်တန်းပြီးရင် အောင်မြင်တဲ့ ဘာကြီးတော့ ဖြစ်လာမယ်
ငွေတွေ ဒလဟော ဝင်လာပါ့မယ့် ဆိုပြီး အာမခံနဲ့ သင်ပေးတဲ့
အတန်းမဟုတ်ပေမယ့်

သူတို့တွေရဲ့ ကိုယ် စိတ် နှလုံး သုံးပါးလုံး ကျန်းမာခြင်းတွေ ရရှိလာတာ တော့ အမှန်ပါပဲရှင်။

Oct လမှာ တော့ Yoga & Mental Support တွဲပြီး Sharing လုပ်ပေးမယ့် အစီ အစဉ်လေးရှိပါတယ်ရှင်။

အသေးစိတ်ကို ထပ်ပြောပေးပါ့မယ်ရှင်။

Basic Yoga Online Class Online Class တွေ မသင်တာ ကြာပြီဖြစ်လို့ အားလုံးကို ခွင့်တောင်းပြီး အမှတ်တရပုံလေး ရိုက်လိုက်သည်
02/10/2026

Basic Yoga Online Class

Online Class တွေ မသင်တာ ကြာပြီဖြစ်လို့

အားလုံးကို ခွင့်တောင်းပြီး အမှတ်တရပုံလေး ရိုက်လိုက်သည်

ည ၈:၃၀ ဆုံကြမယ်ရှင်။
02/10/2026

ည ၈:၃၀ ဆုံကြမယ်ရှင်။

ကိုယ့် ခန္ဓာကိုယ်နဲ့ ကိုယ့်နဲ့ မိတ်ဆွေ ဖြစ်ဖို့အတွက် 5 days Yoga Class က အဆင်သင့်ရှိနေပါတယ်ရှင်Zoom Link ချပေးလို့ အဆင်မ...
02/10/2026

ကိုယ့် ခန္ဓာကိုယ်နဲ့ ကိုယ့်နဲ့ မိတ်ဆွေ ဖြစ်ဖို့အတွက်
5 days Yoga Class က အဆင်သင့်ရှိနေပါတယ်ရှင်

Zoom Link ချပေးလို့ အဆင်မပြေတော့လို့
Viber Channel လေးကို join ပေးပါရှင်။

5 Days Yoga Class နဲ့ သက်ဆိုင်တဲ့ Information အားလုံး တင် Viber Channel မှာ တင်ပေးသွားပါ့မယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင်။

ကိုယ် စိတ် နှလုံး သုံးပါးစလုံး ကျန်းမာချမ်းသာဖို့ Yogaလေ့ကျင့်ကြပါစို့

Yoga နဲ့ Weight ချလို့ရလား …???Yoga နဲ့ Weight (ဝိတ်) ကျအောင် လုပ်လို့ ရပါတယ်ရှင်။ဒါပေမဲ့ Yoga က ပြင်းထန်တဲ့ ကာဒီယိုလေ့က...
28/09/2026

Yoga နဲ့ Weight ချလို့ရလား …???

Yoga နဲ့ Weight (ဝိတ်) ကျအောင် လုပ်လို့ ရပါတယ်ရှင်။
ဒါပေမဲ့ Yoga က ပြင်းထန်တဲ့ ကာဒီယိုလေ့ကျင့်ခန်းတွေလို အဆီကို ချက်ချင်းအမြန်ဆုံး လောင်ကျွမ်းစေတာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို မြှင့်တင်ပေးခြင်း၊ ဟော်မုန်းကို ညီမျှစေခြင်း နဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း တို့ကနေတစ်ဆင့် ဝိတ်ကို စနစ်တကျနဲ့ ရေရှည်တည်တံ့အောင် ကျစေတာ ဖြစ်ပါတယ်။

Yoga နဲ့ ဝိတ်ကျစေဖို့အတွက် အောက်ပါအချက်တွေက အဓိက ကူညီပေးပါတယ်ရှင်…

၁။ အဆီလောင်ကျွမ်းမှု မြင့်မားသည့် Yoga အမျိုးအစားများ လေ့ကျင့်ခြင်း
Weight ကျချင်သူများအတွက် ခန္ဓာကိုယ်လှုပ်ရှားမှု များပြီး ကြွက်သားအားစိုက်ရသော ယောဂအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်ရှင်။
( ခုလက်ရှိ ကျွန်မတို့ ပဒုမ္မာ Yoga Studio မှာ လေ့ကျင့်ပေးနေပါတယ်)✅


၂။ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို ကျဆင်းစေခြင်း
စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်က Cortisol ဟော်မုန်းတွေ ထုတ်ပေးပြီး ဗိုက်အဆီနဲ့ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေကို စုဆောင်းလေ့ရှိပါတယ်။
Yin Yoga သို့မဟုတ် Yoga Nidra (အနားယူခြင်း ယောဂ) နဲ့ အသက်ရှုလေ့ကျင့်ခန်း (Pranayama) တို့ကို ပါဝင်လေ့ကျင့်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး ဗိုက်အဆီစုခြင်းကို သဘာဝအတိုင်း တားဆီးပေးပါတယ်။
(Oct 2 မှာ စမယ့် 5 Days Free Class ကို join ကြည့်ပါရှင်) ✅

၃။ Mindful Eating (သတိရှိရှိ စားသောက်တတ်သည့် အလေ့အကျင့်ရရှိခြင်း)
Yoga ပုံမှန်လေ့ကျင့်သူတွေဟာ မိမိခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ပိုမိုသိရှိလာကြပါတယ်။ စိတ်လိုက်မာန်ပါ စားချင်စိတ် (Emotional Eating) နဲ့ အဆာပြေ မုန့်စားချင်စိတ်တွေကို ထိန်းချုပ်ရလွယ်ကူလာပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို သတိရှိရှိ ရွေးချယ်စားသုံးတတ်လာစေပါတယ်။

၄။ ကြွက်သားများကို တင်းရင်းစေပြီး Metabolism မြှင့်
တင်ပေးခြင်းကြောင့် ကျောပြင်၊ ဝမ်းဗိုက်၊ ပေါင်နဲ့ တင်ပါး ကြွက်သားတွေကို အားပြုရတဲ့ ထိန်းနည်း (Poses) များဟာ ခန္ဓာကိုယ်မှာ ကြွက်သားထုထည် (Lean Muscle) ကို တည်ဆောက်ပေးပါတယ်။ ကြွက်သားထုထည် ရှိလာပါက ခန္ဓာကိုယ်က ငြိမ်နေချိန်မှာတောင် ကယ်လိုရီကို ပိုမိုလောင်ကျွမ်းပေးနိုင်ပါတယ်။

Weight ထိရောက်စွာကျဖို့ အတွက်ဆို တစ်ပတ်လျှင် ၃ ကြိမ်မှ ၅ ကြိမ်အထိ၊ တစ်ကြိမ်လျှင် ၄၅ မိနစ်မှ ၁ နာရီခန့် ပုံမှန်လေ့ကျင့်ပေးပါ။အမျှင်ဓာတ်၊ ပရိုတင်း (Protein) နဲ့ ရေဓာတ်ကို လုံလောက်စွာ မှီဝဲပြီး အချိုလွန်ကဲသော အစားအစာများကို လျှော့ချပါ။

ညစဉ် ၇ နာရီမှ ၈ နာရီအထိ အပြည့်အဝ အိပ်စက်ပေးပါ။
Yoga ဟာ ဝိတ်ကျရုံတင်မက ခန္ဓာကိုယ်ပုံစံ (Posture) ကို ကြည့်ကောင်းစေပြီး စိတ်ချမ်းသာမှုကိုပါ ရရှိစေတဲ့အတွက် ရေရှည်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။

# ဒီအလေ့အကျင့်လေးတွေကို တစ်ယောက်ထဲ လေ့ကျင့်ရတာ အခက်အခဲ ရှိသူများအတွက် 21 Days Wight loss Challenge လေး ဖွင့်ဖို့ ရှိပါတယ်ရှင်။

#21 ရက်အတွင်းမှာ Body & Mind သိသိသာသာ ပြောင်းလဲသွားမှာ အသေအချာပါပဲ။

Tr.Nan Kay
ပဒုမ္မာ Yoga Studio
09263635607

Photo Yogi တကယ်တော့ ဒီပုံတွေက ကေ တကယ်လေ့ကျင့်နိုင်တဲ့ ပုံတွေ မဟုတ်ပါဘူး။ဆရာမရဲ့ အကူအညီ ၅၀ % ယူထားမှ ရတဲ့ ပုံတွေပါ။ Aeria...
27/09/2026

Photo Yogi

တကယ်တော့ ဒီပုံတွေက ကေ တကယ်လေ့ကျင့်နိုင်တဲ့ ပုံတွေ မဟုတ်ပါဘူး။ဆရာမရဲ့ အကူအညီ ၅၀ % ယူထားမှ ရတဲ့ ပုံတွေပါ။

Aerial Yoga မှာတော့ Photo Yogi အဆင့်သာသာပဲရှိပါသေးတယ်။ Real Yogi ဖြစ်ဖို့ ကြိုးစားရပါဦးမယ် ။ လေ့ကျင့်ရပါဦးမယ်။

ဒါက ကိုယ့်ကိုကိုယ် ထင်ယောင်ထင်မှားနဲ့ ငါသိပ်တော်တယ် ငါလုပ်နိုင်တယ် ဆိုတဲ့ စိတ်ကြီးဝင်တတ်တဲ့ ကိုယ့်ကိုကိုယ် အသိပေးဆုံးမခြင်းသာ🙏🙏🙏

Tr.Nan Kay
ပဒုမ္မာ Yoga Studio
09263635607

Yoga Nidra ဆိုတာ ဘာလဲ …???…………………………………………….Yoga အတန်းရဲ့ နောက်ဆုံးအချိန်မှာကေက “ ဖျာလေးပေါ်မှာ ပက်လက်ကလေး လှန်လိုက်ကြရအ...
25/09/2026

Yoga Nidra ဆိုတာ ဘာလဲ …???
…………………………………………….

Yoga အတန်းရဲ့ နောက်ဆုံးအချိန်မှာ
ကေက “ ဖျာလေးပေါ်မှာ ပက်လက်ကလေး လှန်လိုက်ကြရအောင် ….”

Yogi လေးတွေ ပြန်ဖြေတာ….
“ ဒီ Pose အကြိုက်ဆုံးပါပဲ …”

Yoga အတန်းနဲ့ နောက်ဆုံးမှာ Savasana ( Sleeping pose ) နဲ့အတူ တပတ်တစ်ရက်တော့ Yoga Nidra လေးလက်ဆောင်ထည့်ပေးဖြစ်တယ်။

🧘🏻‍♀️Yoga Nidra ဆိုတာ ဘာလဲ…?
Yoga Nidra (ယောဂနိဒြာ) ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင် "နိုးကြားနေသော အိပ်စက်ခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
ဒါဟာ ခန္ဓာကိုယ်ကို အစွမ်းကုန် အနားပေးပြီး စိတ်ကိုတော့ နိုးကြားမှုအပြည့်နဲ့ ထားရှိတဲ့ ရှေးဟောင်း ယောဂကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။
အိပ်ယာပေါ်မှာဖြစ်စေ၊ ဖျာပေါ်မှာဖြစ်စေ ပက်လက်လှန် (Savasana) အနေအထားနဲ့ ငြိမ်ငြိမ်လေးလဲလျောင်းပြီး လမ်းညွှန်ပေးသူရဲ့ အသံနောက်ကို စိတ်နဲ့လိုက်ပါရတဲ့ ကျင့်စဉ်မျိုးပါ။

🧘🏻‍♀️Yoga Nidra ရဲ့ ထူးခြားချက်များ

🌻ပြင်းထန်တဲ့ လှုပ်ရှားမှုမလိုခြင်း

တခြားယောဂတွေလို ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်စရာမလိုဘဲ ငြိမ်ငြိမ်လေး လဲလျောင်းနေရုံပါပဲ။

🌻စိတ်ဖိစီးမှု လျော့ကျခြင်း
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သိသိသာသာ လျော့ကျစေပြီး အာရုံကြောစနစ်ကို ပြန်လည်အနားပေးပါတယ်။

🌻အိပ်စက်ခြင်းကို အထောက်အကူပြုခြင်း
Yoga Nidra ၄၅ မိနစ်ခန့် ကျင့်ကြံတာဟာ သာမန်အိပ်စက်ခြင်း ၃ နာရီစာလောက် ခန္ဓာကိုယ်ကို လန်းဆန်းစေတယ်လို့ ဆိုကြပါတယ်။ အိပ်မပျော်တဲ့ရောဂါ (Insomnia) ရှိသူတွေအတွက် အင်မတန် ထိရောက်ပါတယ်။

🌻ဦးနှောက်လှိုင်းများကို ထိန်းညှိခြင်း
ကျင့်စဉ်အတွင်းမှာ ဦးနှောက်ဟာ Beta wave (နိုးကြားခြင်း) ကနေ Alpha နဲ့ Theta waves (နက်ရှိုင်းစွာ အနားယူခြင်း) အခြေအနေကို ရောက်ရှိသွားစေပါတယ်။

Yoga Nidra ကိုဘယ်လိုလေ့ကျင့်နိုင်လဲ။

ပုံမှန်အားဖြင့် အဆင့် ၈ ဆင့်လောက် ပါဝင်တတ်ပါတယ်-
1. ပြင်ဆင်ခြင်း အဆင့် (သက်တောင့်သက်သာ လဲလျောင်းခြင်း)
2. Sankalpa (အဓိဋ္ဌာန်) (မိမိဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို စိတ်ထဲက ခိုင်ခိုင်မာမာ ဆုံးဖြတ်ခြင်း)

3. ခန္ဓာကိုယ်အစိတ်အပိုင်းများကို အာရုံပြုခြင်း( ခြေဖျားကနေ ခေါင်းအထိ တစ်ချက်ချင်း အနားပေးခြင်း)

4. ထွက်သက်ဝင်သက်ကို မှတ်ခြင်း( အသက်ရှူမှုကို အာရုံစိုက်ခြင်း)

5. ခံစားချက်များကို သတိပြုခြင်း (အေးခြင်း၊ ပူခြင်း စတဲ့ ဆန့်ကျင်ဘက် ခံစားချက်တွေကို အာရုံခံခြင်း)

6. စိတ်ကူးပုံဖော်ခြင်း (လမ်းညွှန်ချက်အတိုင်း ပုံရိပ်တွေကို စိတ်ထဲက မြင်ယောင်ခြင်း)

7. အဓိဋ္ဌာန်ကို ပြန်လည်ရွတ်ဆိုခြင်း( အစကဆုံးဖြတ်ချက်ကို ပြန်သတိရခြင်း)

8. ပြန်လည်နိုးထခြင်း( ဖြည်းဖြည်းချင်း သတိပြန်သွင်းပြီး နိုးထခြင်း)

Yoga Nidra ဟာ ဘာသာရေးထက် စိတ်ပညာနဲ့ အာရုံကြောစနစ်အပေါ် ပိုမိုအခြေခံတာကြောင့် မည်သူမဆို ကျင့်ကြံနိုင်ပါတယ်။

(Copy ယူခြင်းသီးခံပါ ။ လွတ်လပ်စွာ Share နိုင်သည်)

🌸5 days Basic Yoga & Yogi Nidra အတန်းလေးရဲ့ Zoom Link ကို Viber Channel မှာ ချပေးထားပါပြီရှင် ။Viber Channel ကို join ထားဖို့ နွေးထွေးစွာ ဖေါ်ခေါ်ပါတယ်ရှင်။

https://invite.viber.com/?g2=AQAHQRsac1n61FaTxXcD3QoCNdVnBDpxMcjjfO8wsTObhRnI7WFgtiV3y7BCjSsv

HypnoYogi,
Happiness Coach Nan Kay
ပဒုမ္မာYoga Studio
09263635607
09263635607

🎀Yoga ကို ခုမှ စတင်မည့်သူများအတွက် ဘာ့ကြောင့် Basic Yoga နဲ့ စသင့်လဲ..???Yoga ကို ခုမှ စတင်လေ့ကျင့်မည့်သူများအတွက် Basic...
25/09/2026

🎀Yoga ကို ခုမှ စတင်မည့်သူများအတွက် ဘာ့ကြောင့် Basic Yoga နဲ့ စသင့်လဲ..???

Yoga ကို ခုမှ စတင်လေ့ကျင့်မည့်သူများအတွက် Basic Yoga နဲ့ စတင်သင့်သည့် အဓိကအကြောင်းအရင်းများ…
၁။ အခြေခံပုံစံ (Postures & Alignment) များကို မှန်ကန်စွာ နားလည်စေခြင်း
Basic Yoga တွင် ခန္ဓာကိုယ်၏ ဒူး၊ ခါး၊ ပုခုံးနှင့် ကျောရိုးတို့ကို မှန်ကန်သော ပုံစံဖြင့် မည်သို့ ထားရှိရမည်ကို သေချာသင်ကြားပေးပါသည်။ အခြေခံအကွက်များကို စနစ်တကျ မသိဘဲ ခက်ခဲသော Posture များကို တန်းလုပ်ပါက ခန္ဓာကိုယ် ပုံစံမမှန်ဘဲ နာကျင်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။

၂။ ဒဏ်ရာရရှိမှုမှ ကာကွယ်ပေးခြင်း (Injury Prevention)
ကြွက်သားနှင့် အဆစ်အမြစ်များ မပျော့ပျောင်းသေးမီ ခက်ခဲသော လေ့ကျင့်ခန်းများ ပြုလုပ်ပါက ဒဏ်ရာရရန် လွယ်ကူပါသည်။ Basic Yoga သည် ကြွက်သားများကို အဆင့်လိုက် ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးသည့်အတွက် ဒဏ်ရာရရှိနိုင်ခြေကို အထူးလျှော့ချပေးပါသည်။

၃။ အသက်ရှူနည်း (Pranayama) နှင့် လှုပ်ရှားမှုကို ပေါင်းစပ်တတ်စေခြင်း
ယောဂ၏ အဓိကအသက်မှာ အသက်ရှူခြင်း ဖြစ်သည်။ Basic Yoga Class တွင် အသက်ရှူသွင်း/ရှူထုတ် ပြုလုပ်ပုံနှင့် လှုပ်ရှားမှုကို မည်သို့ ဟန်ချက်ညီညီ ပေါင်းစပ်ရမည်ကို သေချာလေ့ကျင့်ပေးသဖြင့် စိတ်တည်ငြိမ်မှုနှင့် သတိကပ်မှုကို ပိုမိုရရှိစေပါသည်။

၄။ ကြွက်သားခွန်အားနှင့် ပျော့ပျောင်းမှု (Strength & Flexibility) ကို ဖြည်းဖြည်းချင်း တည်ဆောက်ပေးခြင်း
ခန္ဓာကိုယ် ပျော့ပျောင်းမှုနှင့် ကြွက်သားခွန်အားသည် ချက်ချင်း ဖြစ်မလာနိုင်ပါ။ Basic Yoga သည် ခန္ဓာကိုယ်အတွက် ဝန်မပိစေဘဲ ကြွက်သားခွန်အားနှင့် ပျော့ပျောင်းမှုကို တဆင့်ပြီးတဆင့် ရယူနိုင်ရန် အခြေခံအုတ်မြစ် ချပေးပါသည်။

၅။ ယုံကြည်မှု (Confidence) တည်ဆောက်နိုင်ခြင်း
စတင်သူတစ်ယောက်အနေဖြင့် အစပိုင်းတွင် ခက်ခဲလွန်းပါက အားလျှော့သွားပြီး လေ့ကျင့်မှုကို စွန့်လွှတ်သွားတတ်ပါသည်။ မိမိခန္ဓာကိုယ် ပြုလုပ်နိုင်သော အခြေခံ ရိုးရှင်းသည့် ပုံစံများမှ စတင်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာပြီး ယောဂလေ့ကျင့်ရသည်ကို ပျော်ရွှင်လာစေပါသည်။

🌸October လမှာ ကျွန်မရဲ့ မိတ်ဆွေများကို Basic Yoga & Yoga Nidra Class လေးလက်ဆောင်ပေးချင်ပါတယ်ရှင်။

🌺October..2,3,5,6,7

🌹8:30 Pm to 9:30 Pm

🪷Zoom

🎀100% Free Class

🍀Basic Yoga အတွက် စိတ်ဝင်စားသူများ Page Messenger မှာ Zoom Link ယူနိုင်ပါတယ်ရှင်။

🌹Viber Channel ကိုလည်း Joins ထားနိုင်ပါတယ်ရှင်။

https://invite.viber.com/?g2=AQAHQRsac1n61FaTxXcD3QoCNdVnBDpxMcjjfO8wsTObhRnI7WFgtiV3y7BCjSsv

Tr.Nan Kay
ပဒုမ္မာ Yoga Studio
09263635607

တကယ်တော့ Yoga သင်တယ် ဆိုတာ Yoga pose တွေ လုပ်နိုင်ရုံတင် သင်ရတာ မဟုတ်ပါဘူးရှင် စိတ်ကိုပါပျော်ရွှင်အောင် ပေါ့ပါးအောင် ၊သက...
22/09/2026

တကယ်တော့ Yoga သင်တယ် ဆိုတာ

Yoga pose တွေ လုပ်နိုင်ရုံတင် သင်ရတာ မဟုတ်ပါဘူးရှင်

စိတ်ကိုပါပျော်ရွှင်အောင်

ပေါ့ပါးအောင် ၊သက်သောင့် သက်သာ ဖြစ်အောင် သင်ကြားပေးရတာပါရှင်။

အခြေခံ မရသေးသူတွေမှာ Yoga လေ့ကျင့်တဲ့ အချိန်မှာလည်း စိတ်ဖိစီးမှုရှိပါတယ်။ အဖြစ် အများဆုံး စိတ်ဖိစီးမှု (၇) ချက်ကတော့….

၁။ အများနည်းတူ ငါလုပ်နိုင်ပါ့မလား။
၂။ ငါ့ကို စောင့်ခေါ်နေရလို့ တခြားသူတွေ အနှောင့်အယှက် ဖြစ်နေမလား။
၃။ ငါ လုပ်တာ မှန်ရဲ့လား။
၄။ လေ့ကျင့်နေရင်း ခါးတွေနာ ဒူးတွေနာရင် ဘယ်လို လုပ်မလဲ။
၅။ တီချယ်က ငါ့ကို ဂရုစိုက်ပါ့မလား ။
၆။ငါ အသက်ရှုနေတာ မှားနေလား ။
၇။ ငါ့ရဲ့ မလှမပ ပုံကြီး ရိုက်ထားလား မသိ ။

Yoga လေ့ကျင့်သူများ အနေနဲ့ရော ဒီ (၇) ချက်ထဲက ဘယ်အချက်တွေ ခံစား ဘူးလဲရှင်။
ကေ ကတော့ (၇) ချက်လုံးကို ခံစားဘူးပါတယ်ရှင်။

ဒါ့ကြောင့် Yoga လေ့ကျင့်ပြီးတဲ့ အချိန်မှာ
Yoga လေ့ကျင့်တဲ့ တစ်နာရီ အတွင်း ဖြစ်ပေါ်လာတဲ့ စိတ်ပင်ပန်းမှု ခန္ဓာကိုယ် ပင်ပန်းမှုတွေ အားလုံးကို ပြန်ပြီး
ဖြေလျော့ပေးတဲ့ Savasana Pose နဲ့ အနားပေးလိုက်ပါ
Yoga လေ့ကျင့်ခြင်းရဲ့ အနှစ်သာရကို ကောင်းစွာရရှိမှာ ဖြစ်ပါတယ်။

#အခြေခံမှ စပြီး Yoga ကိုစနစ်တကျ လေ့ကျင့်လိုသူများအတွက် အတန်းချိန် အသစ်လေးတွေ ရှိလို့သင်တန်း အပ်နိုင်ပါတယ်ရှင်။

အသေးစိပ်ကို Comments မှာ ကြည့်နိုင်ပါတယ်ရှင်။

Tr.Nan Kay
ပဒုမ္မာ Yoga Studio
09263635607

Address

14/1 Quarter, Myin Thar 4th Street
Yangon
11091

Opening Hours

Monday 09:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959263635607

Website

Alerts

Be the first to know and let us send you an email when ပဒုမ္မာ Yoga Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပဒုမ္မာ Yoga Studio:

Shortcuts

Share

Category