Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

  • Home
  • Myanmar
  • Yangon
  • Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်

Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် Shwe La Min Hospital

🕯အထူးဝမ်းနည်းကြေကွဲခြင်း🕯"ပါမောက္ခ ဒေါက်တာ ကျော်စွာလှိုင်"အသက် (၆၈) နှစ်ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရောဂါ ခွဲစိတ်အထူးကု...
27/07/2026

🕯အထူးဝမ်းနည်းကြေကွဲခြင်း🕯

"ပါမောက္ခ ဒေါက်တာ ကျော်စွာလှိုင်"
အသက် (၆၈) နှစ်

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရောဂါ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကျော်စွာလှိုင် သည် (၂၄.၇.၂၀၂၆)၊ သောကြာနေ့၊ ညနေ (၅)နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ရွှေလမင်းဆေးရုံများမိသားစုမှ ကျန်ရစ်သူမိသားစုနှင့် ထပ်တူ
အထူးဝမ်းနည်းကြေကွဲရပါသည်။

Marketing Manager -1postRequirements - Any graduate. (MBBS, MBA,more preferred) - Bachelor’s degree in Marketing, or a r...
14/07/2026

Marketing Manager -1post
Requirements

- Any graduate. (MBBS, MBA,more preferred)

- Bachelor’s degree in Marketing, or a related field.

- Experience and Strong knowledge of the healthcare industry

- Prefer 5 years of relevant experience in the marketing field.

- Excellent written and verbal communication skills

- Strong skills in market research and data analysis

- Prof Proficiency in digital marketing and social media management

- Must be able to effectively explain the Hospital’s services to external clinics and doctors.

Job Descriptions

- Develop and execute marketing strategies to promote the hospital’s services and brand

- Manage digital marketing activities (face-book, websites, online ads)

- Plan and run promotional campaigns, events, and health awareness programs.

- Collaborate with internal teams (Doctors, Admin) and manage external partners (Specialists and other clinics).

- Monitor marketing budget and prepare performance reports.

- Collect feedback and market trends to improve service visibility.

👉- Interested candidates can send your CVs to
09-254064323 (Viber)
E-mail: [email protected]

Phone: 09-786838156

Address: Building A, Level 1, No-15/16, Lanmadaw Township, Yangon

✅မေမေဗိုက်ကလေးတို့အတွက် အထူးအစီအစဉ်✅လမ်းမတော်ရွှေလမင်းဆေးရုံရဲ့ Maternity Package ကိုရွေးချယ်ပေးထားတဲ့မေမေတို့အတွက်  အထူ...
11/07/2026

✅မေမေဗိုက်ကလေးတို့အတွက် အထူးအစီအစဉ်✅

လမ်းမတော်ရွှေလမင်းဆေးရုံရဲ့ Maternity Package ကိုရွေးချယ်ပေးထားတဲ့မေမေတို့အတွက် အထူးအစီအစဉ်ကောင်းလေးလာပါပြီနော်။
သားသားမီးမီးလေးတို့ကိုမွေးဖွားဖို့ ရွှေလမင်း လမ်းမတော်ဆေးရုံကြီးရဲ့ Maternity Package ကို Booking လေးပေးပြီးတာနဲ့ ဘေဘီလေးတို့မွေးဖွားရာမှာ အသုံးပြုရမယ့် အသုံးအဆောင် ပစ္စည်းလေးတွေကို ငွေအိုး One Stop Baby Store မှာ စျေးသက်သာစွာဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် အခုပဲ Booking ပေးပြီး ငွေအိုး One Stop Baby Store ရဲ့ Discount Coupon လေးကို တောင်းယူဖို့ မမေ့ပါနဲ့နော်။


မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေတို့ အကြောက်ရဆုံးက ရင်သွေးလေးတွေ 'သွေးလွန်တုပ်ကွေး' ဖြစ်မှာပါပဲ။ 😓သွေးလွန်တုပ်ကွေးရောဂါဟာ ခ...
11/07/2026

မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေတို့ အကြောက်ရဆုံးက ရင်သွေးလေးတွေ 'သွေးလွန်တုပ်ကွေး' ဖြစ်မှာပါပဲ။ 😓
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျားကိုက်ခံရရာကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး ပြင်းထန်ရင် အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ 🔴

ဒါကြောင့် သားသားမီးမီးတို့ကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ရွှေလမင်းဆေးရုံ(လမ်းမတော်)က ဝေမျှပေးလိုက်ပါတယ်နော် 🤗

🛡️ သွေးလွန်တုပ်ကွေး ကာကွယ်ရန် နည်းလမ်း (၄) ချက်ကတော့

🔰ဖုံး၊ သွန်၊ ပိတ်၊ စစ် (၄) ချက်ကို အမြဲလုပ်ပေးပါ။ ကလေးတွေ ဆော့ကစားတတ်တဲ့ အိမ်တွင်း၊ အိမ်ပြင် ပတ်ဝန်းကျင်မှာ ရေတင်ကျန်နိုင်တဲ့ ဘူးခွံ၊ တာယာခွံတွေနဲ့ ပန်းအိုးတွေကို ခြင်မပေါက်ဖွားနိုင်အောင် အမြဲရှင်းလင်းပါ။

🔰နေ့ခင်းဘက်ပဲဖြစ်ဖြစ်၊ ညဘက်ပဲဖြစ်ဖြစ် ကလေးကို အိပ်ရင် ခြင်ထောင်နဲ့ အမြဲသိပ်ပါ။ အထူးသဖြင့် ခြင်ကျားက နေ့ခင်းဘက်မှာ အကိုက်များတတ်တာကြောင့် ပိုမိုသတိထားရပါမယ်။

🔰ကလေးတွေကို လက်ရှည်၊ ဘောင်းဘီရှည် အဝတ်အစား ခပ်ပွပွလေးတွေ ဝတ်ဆင်ပေးပါ။ အပြင်သွားရင် ကလေးငယ်တွေအတွက် သီးသန့်ထုတ်ထားတဲ့ ခြင်ပြေးခရင်မ် (Mosquito Repellent) မျိုး လိမ်းပေးပါ။

🔰အိမ်တွင်းကို လေဝင်လေထွက် ကောင်းအောင်ထားပြီး မှောင်ရိပ်ကျတဲ့နေရာတွေကို ခြင်ခိုအောင်းမှုမရှိအောင် ရှင်းလင်းထားပေးပါ။

🚨 သွေးလွန်တုပ်ကွေးရောဂါက သာမန်တုပ်ကွေး မဟုတ်ကြောင်း ဘယ်လိုသိမလဲ?

📌ကလေးက အဖျားအလွန်ကြီးခြင်း (၃) ရက်ထက်ကျော်ပြီး ဖျားခြင်း၊ အသားအရေနီမြန်းလာခြင်း၊ မှိန်းနေခြင်း၊ အော့အန်ခြင်း သို့မဟုတ် ဗိုက်နာခြင်း စတဲ့ လက္ခဏာတွေပြလာရင် သာမန်တုပ်ကွေးမဟုတ်ဘဲ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေ အလွန်များပါတယ်။

❌မိုးရာသီမှာ ကလေးဖျားပြီဆိုရင် မိဘတွေအနေနဲ့ အကိုက်အခဲပျောက်ဆေး (ဥပမာ - ဘာမီတွန်၊ အိုင်ဗျူပရိုဖန်) တွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ လုံးဝ (လုံးဝ) မတိုက်ပါနဲ့။ ❌

သွေးလွန်တုပ်ကွေးဖြစ်နေရင် သွေးထွက်လွယ်ပြီး ပိုမိုအန္တရာယ်ကြီးတတ်လို့ ပါရာစီတမောတစ်မျိုးပဲ တိုက်သင့်ပါတယ် မေမေတို့ရေ။✔️

ကလေးက သွေးလွန်တုပ်ကွေးလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ အချိန်ဆွဲမထားဘဲ နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) ဆေးရုံ၊ဆေးခန်းကို သွားဖို့ တိုက်တွန်းလိုက်ပါတယ်။📢

ဒါ့အပြင် ကလေးအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် စနစ်တကျ ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ရွှေလမင်းဆေးရုံ (လမ်းမတော်) ရဲ့ (၂၄) နာရီ အရေးပေါ်ဌာနသို့ ချက်ချင်းလာရောက်ပြသနိုင်ကြောင်း အသိပေးအကြောင်းကြားလိုက်ပါတယ်။💚💛

🏨ရွှေလမင်းဆေးရုံ(လမ်းမတော်)
အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 01 230 1949, 01 230 1948, 01 230 1950, 01 231 4825, 01 231 4826, 01 231 4892, 01 231 4809
01 231 4750, 09 758 972 866 , 09 899 338 813 , 09 883 988 327

#ရွှေလမင်း
#လမ်းမတော်
#သွေးလွန်တုပ်ကွေး

07/07/2026

အတွေ့အကြုံမရှိသေးတဲ့ ကိုယ်ဝန်ဆောင်မေမေလောင်းလေးတွေအနေနဲ့ ကလေးမီးဖွားဖို့ရာ ဘယ်လိုပစ္စည်းတွေလိုအပ်လဲဆိုတာ သိရှိစေဖို့ ဒီVideoလေးကို တင်ပေးလိုက်ပါတယ်နော်။
ဒီVideo လေးကိုတော့ ငွေအိုး One stop baby Store မှပူးပေါင်းပါဝင်ပေးထားပါတယ်ရှင်..။

နောက်ထပ်ဗဟုသုတရစရာ Videoလေးတွေကိုလဲတင်ပေးဦးမှာမို့ ရွှေလမင်း(လမ်းမတော်)ဆေးရုံPage ကို ထပ်မံစောင့်ကြည့်ပေးကြပါဦးနော်။



"မေမေတို့ရေ... ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ပရိုတင်း (Protein) ဟာ မရှိမဖြစ်လိုအပ်တဲ့ အဓိက အုတ်မြစ်တစ်ခုပါပဲ။🧱အထ...
01/07/2026

"မေမေတို့ရေ... ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ပရိုတင်း (Protein) ဟာ မရှိမဖြစ်လိုအပ်တဲ့ အဓိက အုတ်မြစ်တစ်ခုပါပဲ။🧱
အထူးသဖြင့် အသက် (၆) နှစ်အောက် ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတဲ့အချိန်မှာ ပရိုတင်းက ဘယ်လောက်တောင် အရေးပါလဲဆိုတာကို အောက်မှာ တစ်ချက်ချင်းဖတ်ကြည့်လိုက်တော့နော်။⬇️

✨ ကလေးတွေအတွက် ပရိုတင်းရဲ့ အဓိကအခန်းကဏ္ဍ (၄) ချက်ကတော့

၁။ အရပ်ရှည်ပြီး ကိုယ်အလေးချိန်တက်စေခြင်း (Growth)
ပရိုတင်းဟာ ကြွက်သားနဲ့ ဆဲလ်အသစ်တွေကို တည်ဆောက်ပေးတာကြောင့် ကလေးငယ်တွေ အရပ်ပုတာမျိုးမဖြစ်ဘဲ အရွယ်အလိုက် ထွားကြိုင်းကျန်းမာစေပါတယ်။💪

၂။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း (Immunity)
ခန္ဓာကိုယ်ရဲ့ ရောဂါခုခံအားဆဲလ်တွေကို ပရိုတင်းနဲ့ တည်ဆောက်ထားတာမို့ ပရိုတင်းပြည့်ဝတဲ့ကလေးက ပိုးမွှားတွေကို ပိုတွန်းလှန်နိုင်ပြီး ဖျားနာမှု နည်းပါးစေပါတယ်။🛡️🦠

၃။ ဉာဏ်ကောင်းပြီး မှတ်ဉာဏ်တိုးစေခြင်း (Brain Function)
ဦးနှောက်ဆဲလ်တွေ အချင်းချင်း အချက်ပြဆက်သွယ်မှုကို ပံ့ပိုးပေးလို့ ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်၊ အာရုံစူးစိုက်မှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်။💡🧠

၄။ နေ့စဉ် တက်ကြွလန်းဆန်းစေခြင်း (Energy)
ဆော့ကစားရတာ ဝါသနာပါတဲ့ သားသားမီးမီးတို့ တစ်နေ့တာလုံး မောပန်းနွမ်းနယ်ခြင်းမရှိဘဲ တက်တက်ကြွကြွနဲ့ လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးပါတယ်။🤩

(၆) လပြည့်ပြီး ဖြည့်စွက်စာစားတဲ့အရွယ်ကစလို့ မေမေတို့အနေနဲ့ ဆန်ပြုတ်တင်မကဘဲ ကြက်သား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်း စတဲ့ ပရိုတင်းဓာတ် ကြွယ်ဝတာတွေကို နေ့စဉ် မျှတအောင် ထည့်ကျွေးပေးဖို့ မမေ့ပါနဲ့နော်။🦈🫘🥚🥛

ဖြည့်စွက်စာထဲမှာ ပရိုတင်းဓာတ်နဲ့အာဟာရပြည့်ဖို့အတွက် (၆)အထက်ကလေးသီးသန့် စားသုံးနိုင်တဲ့ ကြက်သားမှုန့်ကို အသုံးပြုလို့ရပါတယ်✅

👶🏻ရင်သွေးလေးတွေရဲ့ အရွယ်အလိုက် ကိုယ်အလေးချိန်နဲ့ အာဟာရဖွံ့ဖြိုးမှုအတွက် ပိုမိုသေချာချင်ရင်တော့ ရွှေလမင်းဆေးရုံ (လမ်းမတော်) ရဲ့ ကလေးအထူးကုဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 💛💚

🏨ရွှေလမင်းဆေးရုံ(လမ်းမတော်)
အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 01 230 1949, 01 230 1948, 01 230 1950, 01 231 4825, 01 231 4826, 01 231 4892, 01 231 4809
01 231 4750, 09 758 972 866 , 09 899 338 813 , 09 883 988 327

#ရွှေလမင်း
#လမ်းမတော်
#အသက်(၆)လ #ပရိုတင်းဓာတ်

ကလေးဘဝ ပထမဆုံးရက်တွေမှာ ထိုးရတဲ့ ကာကွယ်ဆေးတွေဟာ ရင်သွေးလေးတွေအတွက် အကောင်းဆုံး ကျန်းမာရေးအကာအကွယ်ပါပဲ။💉👶🏻မေမေတို့ရေ... က...
19/06/2026

ကလေးဘဝ ပထမဆုံးရက်တွေမှာ ထိုးရတဲ့ ကာကွယ်ဆေးတွေဟာ ရင်သွေးလေးတွေအတွက် အကောင်းဆုံး ကျန်းမာရေးအကာအကွယ်ပါပဲ။💉👶🏻

မေမေတို့ရေ... ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်က အနုနယ်ဆုံးဖြစ်တာကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါဆိုးတွေကနေ ကြိုတင်ကာကွယ်ဖို့ အစောဆုံးထိုးထားသင့်တဲ့ ကာကွယ်ဆေး (၃) အုပ်စုကို ဒေါက်တာလမင်းက မျှဝေပေးလိုက်ပါတယ်နော်။🥰💚

🚼မွေးကင်းစအရွယ် (မွေးဖွားပြီး ၂၄ နာရီအတွင်း)မှာ
🔺မိခင်ထံမှတစ်ဆင့် အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှု ကာကွယ်ရန်အတွက် ဘီပိုးကာကွယ်ဆေး
🔺ပြင်းထန် တီဘီအဆုတ်ရောဂါပိုး မဝင်ရောက်အောင် တားဆီးရန်အတွက် BGC ကာကွယ်ဆေး နဲ့ 🔺အကြောသေရောဂါအတွက် ပိုလီယိုအစက်ချကာကွယ်ဆေး တို့ကိုထိုးနှံပေးရပါတယ်။

🚼အသက် (၂) လ၊ (၄) လ၊ (၆) လအရွယ် (အသက် ၁ နှစ်မပြည့်ခင်) မှာတော့
🔺ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်ဘီနဲ့ ဦးနှောက်မြှေးရောင် (Hib) ရောဂါ (၅) မျိုးစလုံးကို တစ်ပြိုင်နက် ကာကွယ်ပေးနိုင်တဲ့ ငါးမျိုးစပ်ဆေး
🔺ကလေးတွေမှာ ဖြစ်တတ်တဲ့ ပြင်းထန် အဆုတ်အအေးမိခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် PCVကာကွယ်ဆေး
🔺ကလေးအသက်အန္တရာယ်ဖြစ်စေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန် ရိုတာဗိုင်းရပ်စ်အစက်ချဆေး တို့ကို အသုံးပြု၊ထိုးနှံပေးရပါမယ်။

🚼အသက် (၉) လ နှင့် (၁) နှစ်ခွဲအရွယ်မှာတော့
🔺အပြင်းဖျားပြီး အဆုတ်ပွခြင်း၊ ဦးနှောက်ရောင်ခြင်း ဖြစ်စေတဲ့ ဝက်သက်ရောဂါအတွက် ဝက်သက်ကာကွယ်ဆေး
🔺ခြင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ဦးနှောက်ရောင်ရောဂါအတွက် ဂျပန်ဦးနှောက်ရောင် (JE)ကာကွယ်ဆေး တို့ကို မဖြစ်မနေထိုးနှံပေးရပါမယ်။

အစိုးရကသတ်မှတ်ပေးထားတဲ့ကာကွယ်ဆေးတွေအပြင် ကလေးရဲ့ ကိုယ်ခံအား ပိုမိုစုံလင်ဖို့ ရာသီတုပ်ကွေး (Flu)၊ ရေကျောက် (Chickenpox) နဲ့ အသည်းရောင်အေပိုး စတဲ့ အပိုဆောင်းကာကွယ်ဆေးတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံပေးသင့်ပါတယ် မေမေတို့ရေ။✅

ရွှေလမင်းဆေးရုံ(လမ်းမတော်)မှာ ကလေးငယ်တွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးများကို ကလေးအထူးကုဆရာဝန်ကြီးများရဲ့ စနစ်တကျ ညွှန်ကြားချက်နဲ့အတူ ပုံမှန်ထိုးနှံပေးနေပြီဖြစ်လို့ ကာကွယ်ဆေးရက်ချိန်းများအတွက် ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ပါတယ်ရှင်။ 💚💛

🏨ရွှေလမင်းဆေးရုံ(လမ်းမတော်)
အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 01 230 1949, 01 230 1948, 01 230 1950, 01 231 4825, 01 231 4826, 01 231 4892, 01 231 4809
01 231 4750, 09 758 972 866 , 09 899 338 813 , 09 883 988 327

#ရွှေလမင်း
#လမ်းမတော်
#ကလေး #ကာကွယ်ဆေးထိုးနှံခြင်း

Marketing Manager -1postReuirements - Any graduate. (MBBS, MBA,more preferred) - Bachelor’s degree in Marketing, or a re...
18/06/2026

Marketing Manager -1post
Reuirements

- Any graduate. (MBBS, MBA,more preferred)

- Bachelor’s degree in Marketing, or a related field.

- Experience and Strong knowledge of the healthcare industry

- Prefer 5 years of relevant experience in the marketing field.

- Excellent written and verbal communication skills

- Strong skills in market research and data analysis

- Prof Proficiency in digital marketing and social media management

- Must be able to effectively explain the Hospital’s services to external clinics and doctors.

Job Descriptions

- Develop and execute marketing strategies to promote the hospital’s services and brand

- Manage digital marketing activities (face-book, websites, online ads)

- Plan and run promotional campaigns, events, and health awareness programs.

- Collaborate with internal teams (Doctors, Admin) and manage external partners (Specialists and other clinics).

- Monitor marketing budget and prepare performance reports.

- Collect feedback and market trends to improve service visibility.

👉- Interested candidates can send your CVs to
09-254064323 (Viber)
E-mail: [email protected]

Phone: 09-786838156

Address: Building A, Level 1, No-15/16, Lanmadaw Township, Yangon

"သွေးတစ်စက် လှူဒါန်းခြင်းဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းပါပဲ"❤️နှစ်စဉ် ဇွန်လ (၁၄) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သွ...
14/06/2026

"သွေးတစ်စက် လှူဒါန်းခြင်းဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းပါပဲ"❤️

နှစ်စဉ် ဇွန်လ (၁၄) ရက်နေ့ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သွေးလှူရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ သွေးလှူဒါန်းခြင်းရဲ့ အရေးပါမှုကို သတိပြုမိစေဖို့အတွက်ပါ ကျင်းပတဲ့ "ကမ္ဘာ့သွေးလှူရှင်များနေ့" ဖြစ်ပါတယ်။🩸🌏
ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့မှာ အများအကျိုးအတွက် သွေးလှူဒါန်းနေကြတဲ့ မွန်မြတ်လှသော သွေးလှူရှင်တစ်ဦးတစ်ယောက်ချင်းစီကို ရွှေလမင်းဆေးရုံ(လမ်းမတော်)မှ ဂုဏ်ပြုလိုက်ရပါတယ်။💚💛
#ရွှေလမင်း
#လမ်းမတော်
#ကမ္ဘာ့သွေးလှူရှင်များနေ့

မေမေတို့ရေ... သားသားမီးမီးလေးတွေ အသက် (၆) လပြည့်ပြီဆိုရင် မိခင်နို့အပြင် အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာ (Complementary Feedi...
11/06/2026

မေမေတို့ရေ... သားသားမီးမီးလေးတွေ အသက် (၆) လပြည့်ပြီဆိုရင် မိခင်နို့အပြင် အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာ (Complementary Feeding) စတင်ကျွေးဖို့ လိုအပ်လာပါပြီ။😍👶🏻

ပထမဆုံးအကြိမ် ဖြည့်စွက်စာကျွေးမယ့် မေမေတို့အတွက် ဒေါက်တာလမင်းက အရေးကြီးတဲ့ အချက်လေးတွေ ရှင်းပြပေးလိုက်ပါတယ်။🥰🩺

ပထမဆုံးစကျွေးချိန်မှာ ကလေးက ဝါးတဲ့အကျင့်မရှိသေးတဲ့အတွက် အစာကို သေချာခြေပြီး စားလို့အဆင်ပြေနိုင်မယ့် အနှစ်ပုံစံ ကနေ စရပါမယ်။ ဖြည်းဖြည်းချင်းကျမှ အဖတ် ခပ်ပျော့ပျော့ပြောင်းကျွေးပါ။🥣

ဆန်ပြုတ်တင်မကဘဲ အသား၊ ငါး၊ ဥအနှစ်၊ အသီးအရွက်နဲ့ ပဲအမျိုးမျိုးကို ညက်နေအောင် ထောင်းပြီး (မျှတအောင်) ရောကျွေးရပါမယ်။ 🥦 🫘🥚🐟
ဒီနေရာမှာ သတိပြုရမယ့် အချက်ကတော့ ကလေးအသက် (၁) နှစ်မပြည့်မချင်း ဖြည့်စွက်စာထဲကို ဆား၊ အချိုမှုန့်နဲ့ သကြား လုံးဝ (လုံးဝ) ထည့်မကျွေးရပါဘူး။🚫
ဖြည့်စွက်စာထဲမှာ အသားဓာတ်နဲ့အာဟာရပြည့်ဖို့အတွက် (၆)အထက်ကလေးသီးသန့် စားသုံးနိုင်တဲ့ ကြက်သားမှုန့်ကို အသုံးပြုလို့ရပါတယ်ရှင်။✅

ပမာဏနှင့် အကြိမ်ရေကတော့
ကလေးအသက်(၆-၈) လ အတွက် တစ်ခါကျွေးရင် ထမင်းစားဇွန်း (၂) ဇွန်းကနေ (၃) ဇွန်းခန့်၊ တစ်နေ့ (၂) ကြိမ် စကျွေးပါ။🥄
မိခင်နို့ကိုလည်း ပုံမှန်အတိုင်း ဆက်တိုက်ပေးရပါမယ်။🍼

ဖြည့်စွက်စာအသစ် စကျွေးတဲ့အခါ ကလေးမှာ အလာဂျီ (Allergy) ရှိ၊ မရှိ သိနိုင်ဖို့ အစားအစာတစ်ခုကို (၃) ရက်လောက် စမ်းကျွေးကြည့်ပါ မေမေတို့ရေ။🤗

ဒီလောက်ဆိုရင်တော့ ဖြည့်စွက်စာအကြောင်း သေသေချာချာလေးသိသွားလောက်ကြပြီပေါ့နော်။🤔

ကလေးနဲ့ပတ်သတ်တဲ့ ကျန်းမာရေး ဒါမှမဟုတ် ကလေးမွေးPackage တွေအကြောင်းမေးမြန်းစုံစမ်းချင်တယ်ဆိုရင် Page ရဲ့ Chat Box (ဒါမှမဟုတ်) ရွှေလမင်းဆေးရုံ(လမ်းမတော်)ရဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။💛💚

🏨ရွှေလမင်းဆေးရုံ(လမ်းမတော်)
အမှတ် (၁၅/၁၉)၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

☎️ 01 230 1949, 01 230 1948, 01 230 1950, 01 231 4825, 01 231 4826, 01 231 4892, 01 231 4809
01 231 4750, 09 758 972 866 , 09 899 338 813 , 09 883 988 327

#ရွှေလမင်း
#လမ်းမတော်
#ဒေါက်တာလမင်း
#အသက်(၆)လ #ဖြည့်စွက်စာ

Address

အမှတ်-၁၅/၁၉၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Yangon
11131

Alerts

Be the first to know and let us send you an email when Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe La Min Hospital ရွှေလမင်းဆေးရုံ-လမ်းမတော်:

Shortcuts

Share

Category