Maldives Resort Doctor - Dr. Aung Min Thu

Maldives Resort Doctor - Dr. Aung Min Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Maldives Resort Doctor - Dr. Aung Min Thu, Doctor, Male.

Page Messenger မသုံးပါဘူး။ CB reply မပြန်ပါ

👨‍⚕️ Resort doctor in the Maldives
🌊 Medicine, island life & real stories
📚 Clinical tips | Daily life | Behind the scenes
✨ Healing people while living on a paradise island

“ရင်ဘတ်မနာဘူးဆိုပြီး… Heart Attack မဖြစ်ဘူးလို့ထင်နေတာလား?”ကျနော့်မေမေက ဆီးချိုအခံရှိပါတယ်၊ ၃လတခါ HbA1C စစ်ပါတယ်၊ ၁နှစ်၁...
17/09/2026

“ရင်ဘတ်မနာဘူးဆိုပြီး… Heart Attack မဖြစ်ဘူးလို့ထင်နေတာလား?”

ကျနော့်မေမေက ဆီးချိုအခံရှိပါတယ်၊ ၃လတခါ HbA1C စစ်ပါတယ်၊ ၁နှစ်၁ခါ USG, ECG, Renal function, Lipid profile စစ်ပါတယ်။ Eye checkup လုပ်ပါတယ်၊ ရင်ဘတ်အောင့်မှ စစ်မယ်မလုပ်ပါနဲ့၊ နှလုံးမအောင့်လည်း နှလုံးသွေးကြောကျဉ်းနိုင်တဲ့ High risk လူနာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။ ကိုယ့်ဆွေမျိုးတွေထဲ အဝလွန်၊ ဆီးချို၊ သွေးတိုးလူနာရှိရင် အခုပဲ Share ပြီးသတိပေးလိုက်ပါခင်ဗျာ 🚨🚨 သင့်ရဲ့ Share တခုက လူနာအသက်ကယ်တင်ရာ ရောက်ပါတယ်။ ကျန်းမာရေးဗဟုသုတဆိုတာ လက်ဆင့်ကမ်းပေးရတဲ့ စာအမျိုးအစားပါ။

တချို့လူတွေမှာ Myocardial Infarction (Heart Attack) ဖြစ်နေပြီ။ ဒါပေမယ့် ရင်ဘတ်အောင့်တာ၊ နာတာ၊ ဖိသလိုခံစားရတာတွေ မသိသာနိုင်ပါဘူး။ ဒါကို Silent Myocardial Infarction (Silent MI) လို့ခေါ်ပါတယ်

အထူးသဖြင့်
၁၊အသက်ကြီးသူတွေ
၂၊ Diabetes ရှိသူတွေ
၃၊ Hypertension / Dyslipidaemia ရှိသူတွေ
၄၊ Coronary artery disease ရှိပြီးသားသူတွေမှာ ပိုပြီး သတိထားဖို့လိုပါတယ်။

အရေးကြီးတာက — “Silent” ဆိုတာ “မပြင်းထန်ဘူး” လို့ မဆိုလိုပါဘူး။ Silent MI ဟာ ပုံမှန်လက္ခဏာနဲ့ ဖြစ်တဲ့ MI လိုပဲ နောက်ဆက်တွဲ cardiovascular risk တွေ ရှိနိုင်ပါတယ်။

ဒါကြောင့် လူနာဘက်က “ရင်ဘတ်မနာဘူး… ကျန်းမာပါတယ်” ဆိုတာတစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်သလို၊ ဆရာဝန်ဘက်ကလည်း Risk factors + clinical context + appropriate investigations ကို ပေါင်းစပ်စဉ်းစားဖို့ အရေးကြီးပါတယ်။

⚠️ ဒါပေမယ့် လူတိုင်းကို routine screening လုပ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဘယ်သူတွေမှာ ဘယ်လို risk assessment လုပ်သင့်လဲဆိုတာက လူတစ်ဦးချင်းစီရဲ့ risk profile နဲ့ clinical context ပေါ်မူတည်ပါတယ်။

🚨🚨🚨 Heart Attack က အမြဲတမ်း “နာကျင်မှု” နဲ့ပဲ အသံပေးတာ မဟုတ်ပါဘူး။

🟥 အကျိုးရှိရင် YES လို့မန့်ခဲ့ပေးပါ 💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၇၊၉၊၂၀၂၆

ကျနော်ပထမဆုံး Resort ရောက်တော့သိပ်မကြာခင်လေးတင်ပဲ MOD ကာကွယ်ရေးဝန်ကြီးဌာနဘက်က Inspection အကုန်လိုက်စစ်တယ် စစ်ဆေးအပြီး မက...
14/09/2026

ကျနော်ပထမဆုံး Resort ရောက်တော့
သိပ်မကြာခင်လေးတင်ပဲ
MOD ကာကွယ်ရေးဝန်ကြီးဌာနဘက်က
Inspection အကုန်လိုက်စစ်တယ်
စစ်ဆေးအပြီး မကြာပါဘူး
Security Manager က Fire drill စလုပ်တယ်
(၂)ချက်ပဲ မှတ်ရတယ်
၁။ မီးအသေးစားဆိုရင် ငြှိမ်းမယ်
၂။ မီးလောင်မှုကြီးရင် ပြေးမယ်

နီးစပ်ရာလက်လှမ်းမှီသလောက် မျှဝေပေးပါ🚨
ရန်သူမျိုး(၅)ပါး မီးဘေးကြောက်ရပါတယ်။

နည်းနည်းလေး ရှင်းပြပါမယ်။

Fire Drill ဆိုတာ တကယ့်မီးလောင်မှုဖြစ်တဲ့အခါ “ဘယ်သူက ဘာလုပ်ရမလဲ၊ ဘယ်ကနေထွက်ရမလဲ၊ ဘယ်နေရာမှာစုရမလဲ” ဆိုတာ ကြိုတင်လေ့ကျင့်ထားတာပါ။

🚨🚨🚨 Fire Alarm မြည်လာရင် -
၁။ မထိတ်လန့်ဘဲ သတ်မှတ်ထားတဲ့ Emergency Exit ကို အသုံးပြုပါ
၂။ Lift ကို မသုံးဘဲ လှေကားကနေ ထွက်ပါ
၃။ သတ်မှတ်ထားတဲ့ Assembly Point မှာ စုဝေးပါ
၄။ Resort Staff တွေရဲ့ Safety Instructions ကို လိုက်နာပါ

🧯Fire Extinguisher ကို ဘယ်လိုသုံးမလဲ?
(PASS နဲ့အတိုကောက်မှတ်ခိုင်းပါတယ်။ ကျနော်တို့ကို မီးသတ်ဌာနက စာမေးပါတယ်။ ရွတ်ပြရပါတယ်။)

P – Pull (Safety Pin ကို ဆွဲဖြုတ်ပါ)
A – Aim (မီးတောက်အပေါ်ကို မဟုတ်ဘဲ မီးရဲ့အောက်ခြေ (base) ကို ချိန်ပါ။
S – Squeeze (Handle ကို ဖိပြီး မီးသတ်ဆေးကို ထုတ်ပါ။)
S – Sweep (ဘေးတစ်ဖက်ကနေ တစ်ဖက်အထိ မီးအောက်ခြေကို ချိန်ပြီး ဖြည်းဖြည်းရွှေ့သတ်ပါ။

အရေးကြီးတာတစ်ခုက Fire Extinguisher ကို မီးအသေးစား၊ ထိန်းချုပ်နိုင်တဲ့အခြေအနေမှာသာ အသုံးပြုသင့်ပါတယ်။ မီးက ကြီးမားနေပြီ၊ မီးခိုးများနေပြီ၊ ထွက်ပေါက်ပိတ်ဆို့နိုင်တဲ့အခြေအနေရှိပြီဆိုရင် ကိုယ်တိုင်မီးသတ်ဖို့ထက် အမြန်ဆုံးဘေးကင်းရာကို ရွှေ့ပြောင်းပြီး အရေးပေါ်အကူအညီတောင်းတာက ပိုအရေးကြီးပါတယ်။

မီးဘေးမှာ ပထမဦးစားပေးက ပစ္စည်းမဟုတ်ဘဲ လူ့အသက်ဘေးကင်းရေးပါ။ Resort တစ်ခုရဲ့ Safety က ဝန်ထမ်းတွေရဲ့တာဝန်တင်မဟုတ်ပါဘူး။ ဧည့်သည်တွေအနေနဲ့လည်း Emergency Exit နဲ့ Assembly Point ဘယ်မှာရှိလဲ သိထားတာက ကိုယ့်အတွက်ရော အခြားသူတွေအတွက်ပါ အရေးကြီးပါတယ်။

#ဗဟုသုတ


မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၄၊၉၊၂၀၂၆

အချိန်တန်တဲ့အခါလူတိုင်း ခွဲခွါကြရတာပဲကျနော့် Nurse က ပြောင်းသွားပါပြီ၁နှစ်ပဲတွေ့ကြပေမဲ့ ခင်ရာဆွေမျိုးပဲပေါ့ ဆေးခန်းချိန်...
08/09/2026

အချိန်တန်တဲ့အခါ
လူတိုင်း ခွဲခွါကြရတာပဲ
ကျနော့် Nurse က ပြောင်းသွားပါပြီ
၁နှစ်ပဲတွေ့ကြပေမဲ့
ခင်ရာဆွေမျိုးပဲပေါ့

ဆေးခန်းချိန်ကလွဲရင်
ကျနော်တို့က ကိုယ့်စည်းနဲ့ ကိုယ်နေပါတယ်
ဘယ်လောက်ပဲ မောင်နှမလိုနေနေ
Professional line တခု ချထားရပါတယ်
လူတွေဟာ Judge လုပ်တဲ့အမျိုးပါ
ကိုယ့်စိတ်က ဘယ်လောက်ဖြူစင်တယ်ဆိုဆို
အနေအထိုင် သတိပြုရပါတယ်

ဒီဆေးခန်းချိန်လေးမှာ အလုပ်လုပ်ရုံနဲ့
လူတယောက်ကို နွေးထွေးစေခဲ့ပါတယ်
ကျနော်တို့ အမြဲတည့်နေတာမဟုတ်ပါဘူး
ကိုယ့်စည်းသူ့စည်းကျော်လာရင် သည်းမခံပါဘူး
တခါပဲ အမုန်းခံရပါမယ်
နောက်ထပ် စည်းတွေကျော်ခွခွင့် မပြုတော့ဘူး
ဒါက တနှစ်ပတ်လုံး အတူတူလုပ်ရမှာမို့
အရေးတယူ ရှင်းပြဆွေးနွေးတာလုပ်ကြတာပေါ့

ကျနော် သူ့ဆီက အများကြီးသင်ယူရတယ်
အမေကြီးက ကျောင်းအုပ်ဖြစ်တဲ့အလျောက်
အလုပ်လုပ်တာ သပ်ရပ်တာ 10/10 ပေးရတယ်
ကျနော်အတုခိုးရပါတယ် မှတ်ထားရပါတယ်
ငါတချိန် သူ့ကို စံနမူယူပြီး အလုပ်လုပ်ရမယ်
စာရွက်ဖြတ်တာလေးကမှအစလေ
သစ်သားတခုပေါ်တင်ပြီး ဖြတ်လိုက်ရတာပဲ
မဟုတ်ဘူး Cutting Mat နဲ့ပဲ သေချာလုပ်တယ်
ဘောပင်ရေးပြီးလို့ Pen holder ထဲမထည့်ရင်
နောက်ရက် ဓာတ်ပုံရိုက်ပြီး ပြန်ပြတာ

ဆေးခန်းမှာ အစားအစာ ထားခွင့်မရှိဘူး
ဆေးခန်းမှာ မုန့်ယူခွင့်မရှိဘူး ဒါစည်းကမ်းပဲ
စာသင်ကျောင်းလိုပဲ အလုပ်ခွင်လည်း မုန့်မစားရ
သူပဲ ကျနော့်ကို အမှား ထောက်ပြမယ်
တခြားသူတွေ ကျနော့်ကိုပြောရင် ကာကွယ်တယ်
ဒါကို ကျနော်က appreciate လုပ်ပေးတယ်
ဒါကို အလုပ်ခွင်မှာ မောင်နှမလို့ခေါ်ပါတယ်

ဦးနှောက်နဲ့လုပ်ရင် လူတွေက လေးစားတယ်
နှလုံးသားနဲ့ပါလုပ်ရင် လူတွေက ချစ်တယ်ဗျ
အလုပ်တိုင်းကို နှလုံးသားနဲ့ပါ အစစ်ထည့်ပေးဖို့
ဆရာမက ကျနော့်ကို သင်ပေးတယ်
နောက်ဆုံးမှာတော့ မေတ္တာကပဲ လူပီသစေတာ
ဘွဲ့မလိုဘူး အသိုင်းဝိုင်းမလိုဘူး ဂုဏ်ဒြပ်မလိုဘူး
စစ်မှန်တဲ့ချစ်ခြင်းသည်သာ . . .

#ခွဲခွါခြင်းမှတ်တမ်း







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၈၊၉၊၂၀၂၆

"Grow Together Mindset" (အတူတကွ တိုးတက်လိုစိတ်) ဆိုတာ ကမ္ဘာကြီးကို တစ်ယောက်တည်း အနိုင်လုရမယ့် ပြိုင်ကွင်းတစ်ခုလို မမြင်ဘ...
06/09/2026

"Grow Together Mindset" (အတူတကွ တိုးတက်လိုစိတ်) ဆိုတာ ကမ္ဘာကြီးကို တစ်ယောက်တည်း အနိုင်လုရမယ့် ပြိုင်ကွင်းတစ်ခုလို မမြင်ဘဲ၊ အားလုံးဝိုင်းဝန်း တည်ဆောက်ရမယ့် ဥယျာဉ်တစ်ခုလို မြင်တဲ့ စိတ်ဓာတ်ဖြစ်လို့ အရမ်းကို ကောင်းမွန်ပြီး ရေရှည်အတွက် မရှိမဖြစ် လိုအပ်တဲ့ စိတ်ထား ဖြစ်ပါတယ်။

သူများတွေကို မျှဝေဖို့ တွန့်တိုတာ၊ ကိုယ့်ထက် သာသွားမှာ ကြောက်တာတွေဟာ စိတ္တဗေဒသဘောအရ Scarcity Mindset (ရှားပါးမှု စိတ်ဓာတ်) ကြောင့် ဖြစ်ပါတယ်။ လောကမှာ အောင်မြင်မှု၊ အခွင့်အလမ်းနဲ့ ချီးမွမ်းမှုတွေက အကန့်အသတ်ပဲ ရှိတယ်၊ သူများရသွားရင် ငါ့အတွက် မကျန်တော့ဘူးလို့ တွေးမိတာကြောင့်ပါ။

"Grow Together" သမားတွေကတော့ Abundance Mindset (ကြွယ်ဝမှု စိတ်ဓာတ်) ရှိကြပါတယ်။ လောကမှာ အောင်မြင်မှုတွေက လူတိုင်းအတွက် လုံလောက်စွာ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။

ဒီစိတ်ဓာတ် နှစ်ခုရဲ့ ကွာခြားချက်က အေးဆေး ကြည့်ရင် ရှင်းရှင်းလေးပါ။

၁။ ပညာ မျှဝေတာ: တွန့်တိုတဲ့သူက ဗဟုသုတကို ဝှက်ထားတတ်တယ်။ မျှဝေတဲ့သူကတော့ သူများကို သင်ပေးရင်း ကိုယ်တိုင် ပိုကျွမ်းကျင်လာတယ်။

၂။ သူများ အောင်မြင်မှု: တွန့်တိုတဲ့သူက မနာလိုဖြစ်ပြီး စိတ်ပူလာတယ်။ Grow Together သမားကတော့ ဝမ်းသာဂုဏ်ပြုပြီး အတုယူတယ်။

၃။ ရေရှည်ရလဒ်: တွန့်တိုတဲ့သူက သိတာလေးနဲ့တင် ရပ်တန့်သွားတတ်တယ်။ မျှဝေတဲ့သူကတော့ မိတ်ဆွေကောင်းတွေရပြီး အခွင့်အလမ်း ပိုပွင့်လာတယ်။

ဖယောင်းတိုင် မီးညှိသလိုပါပဲ။ ကိုယ့်မီးနဲ့ သူများဖယောင်းတိုင်ကို ကူးညှိပေးလို့ ကိုယ့်မီး တောက်တာ မလျော့သွားပါဘူး။ အခန်းတစ်ခုလုံး ပိုလင်းလာတာပဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်ကပဲ အရင် စံပြအနေနဲ့ မျှဝေပြလိုက်တာ အကောင်းဆုံးပါပဲဗျာ။

🟥 အတွေးတခုခုရရင် YES လို့မန့်ပေးပါ🤍





မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၆၊၉၊၂၀၂၆

04/09/2026

ကဲဆရာတို့ရေ
စာဖတ်ဖို့မအားရင်
Video လေးနားထောင်ပါ
ကနေ့ Friday Freeday မို့
မနက်စာစားဖို့အသွား
လမ်းမှာ video ရိုက်ထားတာပါ
Habit အနေနဲ့ အကျင့်လုပ်နေတာပါ
နေ့စဉ်တင်သွားမှာပါ
အရေးပေါ်အလုပ်များတာမျိုးမရှိရင်
ထမင်းစားရေသောက် တင်ပါမယ်
Knowledge လိုတိုရှင်းပေါ့
နားထောင်ရသူလည်း သက်သာအောင်ပါ
စာဖတ်မယ့်ဆရာတွေက
ပို့စ်ကို ကော်မန့်မှာချထားပါမယ်

🟥 အကျိုးရှိရင် YES လို့မန့်ခဲ့ပေးပါ 🤍





゚viralシ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၄၊၉၊၂၀၂၆

Microbiology ရဲ့အစ 3rd MB နှစ်စမှာ ပထမဦးဆုံး 1st test က Sterilisation and Disinfection အကြောင်းအရာGeneral microbiology အ...
31/08/2026

Microbiology ရဲ့အစ
3rd MB နှစ်စမှာ
ပထမဦးဆုံး 1st test က
Sterilisation and Disinfection အကြောင်းအရာ
General microbiology အပိုင်းတွေပေါ့
အဲ့ဒါက အရေးကြီးဆုံးအပိုင်းလို့ကို မြင်တယ်
ကျောင်းသားအများစုက နှစ်စမှာ mood မလာဘူး
ဒီအပိုင်းတွေကို အလွယ်တကူ ကျော်မိတတ်တယ်
မလုပ်ရဘူး ဒါလုပ်ငန်းခွင်မှာအရေးကြီးတယ်

GP setting မှာလည်း ဒါကအရေးကြီးတယ်
ကိုယ့်ဆေးခန်းကို upgrade လုပ်ချင်ရင်
ပေါင်းအိုးနဲ့ instrument ထည့်ပြုတ်တာမလုပ်နဲ့
Autoclave မရှိရင် အစားထိုးအနေနဲ့
Pressure canner လေးတွေရှိတယ်
ရေနွေးနဲ့ပြုတ်တာတော့ မသင့်တော်ဘူး
Bacteria spores တွေကို မသတ်နိုင်ဘူး
အဲ့ဒါက အလေ့အကျင့်ကောင်းတွေပဲဗျ
ပစ်စလက်ခက် ဘဝမှာနေတဲ့သူတွေက
ဘယ်တော့မှ ကောင်းမွန်တဲ့ဘဝကိုမရဘူး

Autoclave Record ဆေးခန်းမှာထားတယ်
ဘယ်ပစ္စည်းကို Temp, Duration, Date
Signature ထည့်၊ ၁လကို ၄ကြိမ် ပျှမ်းမျှပေါ့
Resort maintenance လုပ်တဲ့အချိန်
ထိခိုက်အနာတရအချိန်ဆိုရင် ဒီထက်များမယ်
ဒါက အလုပ်ခွင်က သင်ပေးတဲ့ပညာတွေ
GP တယောက်က Minor surgical skill လုပ်ရမယ်
ဆရာတို့ GP ထိုင်လာတဲ့ နှစ်၂၀/၃၀/၄၀ လား
နှစ်၂၀စာ autoclave မှတ်တမ်းရှိပါသလား?
Experience ဆိုတာ ကိန်းဂဏန်းသပ်သပ်မဟုတ်ဘူး
ကိုယ့်အလုပ်မှာ စေတနာပါမှုနဲ့
အသက်မွေးဝမ်းကြောင်းကို သစ္စာစောင့်သိမှုပါ
နှစ်၂၀လုံး လမ်းစဉ်အမှားနဲ့ကျင့်ထားရင်
အဲ့ဒီ experience က သဲထဲရေသွန်ပဲ

ဒါဟာ Nurse ရဲ့တာဝန်ပဲလို့ ပစ်မထားရပါဘူး
Supervise ပြန်လုပ်ရမယ် စစ်ရမယ်
ဒါလည်း ကိုယ့်အလုပ်ပဲ
ကိုယ့်ဆေးခန်းက ကိုယ့်ရဲ့ကိုးကွယ်အားထားရာပဲ
Clinic တခုမှာ structure က အရေးကြီးသလို
Function ကလည်း အရေးကြီးပါတယ်
ဒါလေးကို တင်ပြရင်း အကြံပြုပါရစေ။

🟥 အတွေးတခုခုရရင် YES လို့မန့်ပေးပါ 💟







မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၃၁၊၈၊၂၀၂၆

ဘဝက အမြဲတမ်း ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတတ်ဘူးမဟုတ်လားစိတ်ပျက်မသွားပါနဲ့လောကကြီးက ကိုယ့်ကို လမ်းတခု ပိတ်လိုက်တိုင်း နောက်ထ...
25/08/2026

ဘဝက အမြဲတမ်း
ကိုယ်ဖြစ်ချင်သလို
ဖြစ်မလာတတ်ဘူးမဟုတ်လား

စိတ်ပျက်မသွားပါနဲ့
လောကကြီးက
ကိုယ့်ကို လမ်းတခု ပိတ်လိုက်တိုင်း
နောက်ထပ် ပိုကောင်းတဲ့ လမ်းအသစ်တခု
အမြဲ ပြင်ဆင်ပေးတတ်ပါတယ်

အဓိကကတော့
ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
မပျောက်ပျက်သွားဖို့ပါပဲ

ဒီနေ့ ညမမှောင်ရင်
မနက်ဖြန် နေမင်းကြီး
လင်းလင်းလင်းလင်း သာလာတာကို
မြင်ရမှာ မဟုတ်ဘူးလေ

ဒါကြောင့် အခု လောလောဆယ် ခက်ခဲနေလည်း "ဒါဟာ ဖြတ်သန်းမှု တခုပါပဲ" လို့ တွေးပြီး အကောင်းဆုံး ဆက်လျှောက်ကြပါ 🤍

အားလုံးအဆင်ပြေကြပါစေ 🙏

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၅၊၈၊၂၀၂၆

18/08/2026




゚viralシ

Visual ပိုင်းက အရေးကြီးပါတယ်ဘယ်လောက်ပဲ ကိုယ်က competent ဖြစ်နေပါစေလူနာရဲ့ Trust က အရေးကြီးတယ်ကိုယ့်ဘဘကြီးက ဆုံးမဖူးတယ်ကိ...
17/08/2026

Visual ပိုင်းက အရေးကြီးပါတယ်
ဘယ်လောက်ပဲ ကိုယ်က competent ဖြစ်နေပါစေ
လူနာရဲ့ Trust က အရေးကြီးတယ်
ကိုယ့်ဘဘကြီးက ဆုံးမဖူးတယ်
ကိုယ့်ဆီလာလည်ရင် အိမ်နဲ့ခြောက်ရတယ်တဲ့
ဆိုလိုတာကတော့ အသွင်အပြင်ပါ
လူတွေဟာ ပြင်ပရုပ်သွင်ကို တအားဂရုစိုက်တယ်
ဒီကတဆင့် Impression တွေဖြစ်တယ်
Don’t judge a book by its cover တဲ့
ဒီစကား ဘာလို့ဖြစ်တည်လာရသလဲ???
Judge လုပ်ကြလွန်းလို့ပေါ့ဗျာ ရှင်းနေတာပဲ
အဲ့ဒါကိုက Human psychology ပါပဲ
တလောကလုံး ဒီအတိုင်းပဲသွားတယ်
ပညာတတ်တွေ ပိုတောင်ဆိုးသေးတယ်ပြောရမယ်
ခများ Judge လုပ်တာ အရမ်းပက်စက်တယ်
စာတကြောင်း တဂါထာကိုကြည့်ပြီး
တဘဝလုံးစာကိုပါ criticize လုပ်တတ်တယ်
မျက်စိတထောက်စာကိုပဲ ကြည့်တဲ့သူများပါတယ်

ကဲထားပါ ဆေးခန်းလေးဆက်ရအောင်
Impression ရှိမှ Trust ကစတင်တယ်
ဆေးခန်းတခုအသွင်ပြင်က ပေတိပေစုတ်နဲ့ဆိုရင်
ကိုယ်တော်တာတတ်တာနောက်မှဗျ
လူနာက Trust issues လေး ရင်ခံနေပြီ
ကျနော့်အခု Resort ဆိုရင် စဉ်းစားကြည့်ပေါ့
Maldives ကိုလာလည်တဲ့ High class တွေ
ဆေးခန်း စုတ်တိစုတ်ပဲ့ဖြစ်နေရင်
ကိုယ်ပြောတာကို လိုက်နာကြမယ်ထင်ပါသလား

ဒီ initial step လေးက အများကြီးတာသွားတယ်
ဆေးခန်းထဲဝင်တာနဲ့ Wow ကနဲဖြစ်သွားတယ်
အမြဲမွှေးနေအောင် Aroma spray, Room spray
တောက်လျှောက်ဖြန်းထားပါတယ်
ဆေးခန်းဆိုပေမဲ့ ဆေးအနံ့မထွက်အောင်ထားတယ်
HR ဘက်ကလည်း support ပေးတယ်
အဟောင်းနဲ့အသစ် ပြန်ပြန်လဲတယ်
၁နှစ်ပြည့်တိုင်း ဆေးအသစ်ပြန်သုတ်ခိုင်းတယ်
လှပါပေ့ဆိုတဲ့ Clinic decoration တွေရှာတယ်
Budget ကိုက်တာလေး ပြန်ဖြည့်တယ်

ဆေးခန်းလေး Upgrade လုပ်ပြီးတဲ့အခါ
ကိုယ်ရဲ့Profession ပိုင်းလည်း မြင့်လာရမယ်
စိတ်ဓာတ်ပိုင်းလည်း မြင့်တက်လာရမယ်
မဟုတ်ရင် ဘာအနှစ်သာရမှမရှိဘဲဖြစ်မယ်
Social media ခေတ်မှာ လူအများစုက
Show off ပိုင်းတွေ ပိုအားစိုက်လာတယ်
Blame နိုင်ရင် လူအထင်ကြီးမယ်ဆိုတဲ့
အတွေးအခေါ်တွေ လွှမ်းမိုးခံနေရတယ်
အဲ့ဒီအကျင့်က လူနာအပေါ်သက်ရောက်ရင်
“မင်းကဆရာဝန်လား၊ ငါကဆရာဝန်လား”
“မင်းက ရိုးရိုးဆရာဝန် ၊ ငါကဘာကောင်”
ဒီလိုတွေဖြစ်ကုန်တော့တာ
“Ego first, Patient last” ဒီလိုပဲဖြစ်ကုန်တာ
အမှားထောက်ပြတာတွေလည်း အလားတူပဲ
စေတနာမှမပါနေတာပဲ ကိုယ်မှန်တယ်
ကိုယ်တော်တယ် ကိုယ်တတ်တယ် ဒါတွေပါပဲ
ကျနော်ကတော့ တစက်မှအထင်မကြီးပါဘူး
ကိုယ့်စံချိန်စံညွှန်းနဲ့လည်း မကိုက်ဘူး

Core values တွေ အားနည်းလာတယ်
ဒါတွေကိုလည်း သတိထားဖြည့်သင့်တယ်
နောက်ဆုံးမှာ Show off လုပ်တာက မေ့သွားကြမှာ
ကိုယ့်ရဲ့Action နဲ့ Professional integrity ကပဲ
ဒီလူဟာ ဘယ်လိုလူလဲမှတ်မိနေကြမှာ။
လူနာတွေအပေါ်ကို ကောင်းတဲ့သူပဲဖြစ်ချင်တယ်
သူတို့ရဲ့ Trust ရဖို့အရေးကြီးတယ်
ဆေးခန်းလေးလည်း လှပသန့်ရှင်းဖို့လိုသလို
စိတ်ဓာတ်ပိုင်းလည်း မြှင့်တင်ဖို့လိုပါတယ်

အတွေးတခုခုရသွားပြီး
လောကအလှဆင်နိုင်ကြပါစေခင်ဗျာ 💟

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၁၇၊၈၊၂၀၂၆

Medical certificate နဲ့ပတ်သက်လို့အရင်၂ပတ်လောက်ကပဲရုရှားက စုံတွဲလေးက ချောကလက်ပေးသွားတာကျေးဇူးတင်လို့ပါတဲ့ ၂ခုပေးတာ တခုကို...
13/08/2026

Medical certificate နဲ့ပတ်သက်လို့
အရင်၂ပတ်လောက်ကပဲ
ရုရှားက စုံတွဲလေးက ချောကလက်ပေးသွားတာ
ကျေးဇူးတင်လို့ပါတဲ့
၂ခုပေးတာ တခုကို Nurse ကိုပေးလိုက်တယ်၊

လူနာက ဖျားတယ်နုံးတယ်ပေါ့လေ
ဒီမှာ ၂ပတ်လာ အနားယူကြတာ
ပျော်လို့ ဆက်နေချင်ကြတာပေါ့လေ
တကယ်လည်း လာပြတဲ့နေ့က
လူနာက common cold နဲ့
Fever, Sneezing, Myalgia ရှိနေလို့
ဆေး၂ရက်စာပေးပြီး ပြန်လွှတ်လိုက်တာ

နောက်ပြန်လာပြီး Report တောင်းတယ်
ဖျားလို့ဒီမှာဆက်နေရပါမယ်ပေါ့လေ
သူ့ကိုပေးထားတဲ့ဆေးနဲ့ symptoms ရေးတယ်
Email ပို့ပေးလိုက်ပါတယ်
Medical report က လိမ်ရေးလို့တော့မရဘူး
လုပ်လည်းမလုပ်သင့်ဘူးပေါ့လေ
အဆင်ပြေသွားကြတယ်ထင်ပါရဲ့
နောက်ထပ် ရက်အနည်းငယ်ထပ်နေကြပြီးမှ
ကျေးဇူးတင်လို့ဆိုပြီး ဒါလေးလာပေးတယ်

ဒါက ကျနော်က Ethical အပိုင်းတွေရှိလို့သာ
လူနာတကယ်အအေးမိဖျားနာရှိလို့ ပေးရဲတာ
အဆင်ပြေသွားကြလို့ ကြားထဲက ဝမ်းသာရတယ်
တခါတလေ ကိုယ်က ကူညီပေးချင်ပါတယ်
Work ethic ကိုတော့ ချိုးဖောက်လို့မဖြစ်ဘူး
တကယ်ဆေးခန်းလာပြမထားရင် ကိုယ်မပေးဘူး
Resort ဘက်က “It’s your call” ပဲ ဘာမှမပြောဘူး
ဒီမှာကြာကြာနေလေ သူတို့ဝင်ငွေတိုးလေပဲ
၁ရက် $500-1000 မနည်းဘူးလေဗျာ

MC နဲ့ပတ်သက်ရင် အတော်တိုင်ပတ်တယ်
Staff ဆိုရင် သူတို့က မပေးစေချင်ဘူး
F&B staffs တွေက အထူးသဖြင့် service သမားတွေ
အတော်ပင်ပန်းတယ် နားချင်ကြတယ်
ကိုယ်ကျတော့ cough, sneezing ဆို ပေးတာပဲ
အစားအသောက်တွေနဲ့ အဆင်မပြေဘူးပေါ့
F&B Admin ပိုင်းက လွယ်လွယ်မပေးစေချင်ဘူး
သူတို့လူအင်အားနည်းရင် အဆင်မပြေဘူး
“In the end, it’s your call. You’re the doctor”
Medical certificate တွေက လွယ်လွယ်မပေးရဘူး
သာမာန်ဖျားတာကို MC ပေးရင်
လူတွေက အကျင့်ပျက်လာတော့တာပဲ
ဒါတော့ ကျနော့်အလုပ်ခွင်ဗဟုသုတပါ

ဆရာဝန်ဆိုတော့
ရောဂါတခုပဲထိုင်ကုနေရတာမဟုတ်ဘူး
ဒါတွေက Textbook ထဲမှာမပါတာပဲ
Moral ပိုင်းတွေ Ethic ပိုင်းတွေ လူကျင့်ဝတ်
ဘယ်လောက်ထိ စည်းစောင့်နိုင်မလဲ
ဘယ်လောက်ထိ ကူညီပေးနိုင်မလဲ
ဘယ်လောက်ထိ flexible လုပ်ပေးနိုင်မလဲ
Do no harm နဲ့ အကုန်မဖြေရှင်းနိုင်သေးဘူး
ကိုယ်ချထားမယ့်စည်းကို ရှင်းလင်းဖို့လိုတာပေါ့
ဒီသေးသေးလေးတွေက ကိုယ့်ကိုပုံဖော်တယ်
ကိုယ်ဘယ်လိုလူစားမျိုးလဲ သတ်မှတ်တယ်

အတွေးတခုခုရရင် YES လို့မန့်ပေးပါ 💟







ချစ်ခြင်းအားဖြင့်
ဒေါက်တာအောင်မင်းသူ
၁၃၊၈၊၂၀၂၆

Address

Male
00000

Website

Alerts

Be the first to know and let us send you an email when Maldives Resort Doctor - Dr. Aung Min Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category