က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား

က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား နေဇော်လင်း
(ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ)
ပြန်လည်မျှဝေခြင်း နေဇော်လင်း
(ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ)

တင်ပါးကနေ နာပြီး ခြေထောက်နဲ့ ခြေသလုံးအထိ ထိုးကိုက်ပြီး နာကျင်မှု စိမ့်ဆင်းသွားသော ဝေဒနာသည် ခါးအောက်ပိုင်းက အာရုံကြောများ...
18/08/2026

တင်ပါးကနေ နာပြီး ခြေထောက်နဲ့ ခြေသလုံးအထိ ထိုးကိုက်ပြီး နာကျင်မှု စိမ့်ဆင်းသွားသော ဝေဒနာသည် ခါးအောက်ပိုင်းက အာရုံကြောများ ညှပ်မိတာ ဒါမှမဟုတ် ရောင်ရမ်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ - Sciatica (ဆိုက်အာတီကာ) လို့ခေါ်တဲ့ အာရုံကြောညှပ် ဝေဒနာမှာဆိုရင် ခါး ဒါမှမဟုတ် တင်ပါးကနေစပြီး ခြေသလုံးအထိ တောက်လျှောက် ထိုးကိုက်နာကျင်တတ်ပါတယ်။
ဒါ့အပြင် တင်ပါး၊ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေ တောင့်တင်းနေတာ ဒါမှမဟုတ် အလုပ်အလွန်လုပ်မိတာတွေကြောင့်လည်း ခြေထောက်တစ်လျှောက် တောက်လျှောက် နာနေတာမျိုး ဖြစ်စေနိုင်ပါတယ်။

တင်ပါးမှ သလုံးအထိ အာရုံကြောနှင့် ကြွက်သားကြောင့် ထိုးကိုက်နာကျင်သည့် ဝေဒနာကို သက်သာစေမည့် အခြေခံ သက်သာကုထုံးများ ဖြစ်ပါတယ် -
အိမ်တွင်း ပြုစုကုသနည်းများ....
✅ ရေနွေးဖတ် သို့မဟုတ် ရေခဲကပ်ပေးခြင်း
• နာကျင်စအချိန် (ပထမ ၂ ရက်) တွင် ရောင်ရမ်းမှု လျော့ကျစေရန် ရေခဲကို အဝတ်စဖြင့်ပတ်၍ မိနစ် ၂၀ ခန့် ကပ်ပေးပါ။
• နောက်ပိုင်းရက်များတွင် ကြွက်သားများ ပြေလျော့စေရန် ရေနွေးအိတ် သို့မဟုတ် ရေနွေးဖတ် ကပ်ပေးပါ။
✅ ပေါ့ပေါ့ပါးပါး လှုပ်ရှားပေးခြင်း
• အိပ်ရာထဲတွင် လုံးဝငြိမ်ငြိမ်လှဲနေခြင်းထက် လမ်းဖြေးဖြေးလျှောက်ပေးခြင်းက အာရုံကြောနှင့် ကြွက်သားများကို သက်သာစေပါသည်။
• ထိုင်သည့်အခါ ခါးမတ်မတ်ထိုင်ပါ၊ ကြာရှည်စွာ ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။
✅ အကိုက်အခဲပျောက်ဆေး သောက်ခြင်း
• နာကျင်မှု ပြင်းထန်ပါက ပါရာစီတမော (Paracetamol) သို့မဟုတ် ကြွက်သားပြေလျော့ဆေး/အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်၍ သောက်သုံးနိုင်ပါသည်။

ကြွက်သားနှင့် အာရုံကြော ဆွဲဆန့်နည်းများ (Stretches)
✅ ဒူးရင်ဘတ်သို့ ဆွဲကပ်နည်း (Knee-to-Chest)
• ပက်လက်အိပ်ပြီး နာသည့်ဘက်မှ ဒူးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲကပ်ပါ။ စက္ကန့် ၂၀ ခန့် ထိန်းထားပြီးမှ ပြန်လွှတ်ပါ။
✅ တင်ပါးကြွက်သား ဆွဲဆန့်နည်း (Piriformis Stretch)
• ပက်လက်အိပ်ပြီး နာသည့်ဘက်မှ ခြေကျင်းဝတ်ကို အခြားတစ်ဖက်၏ ဒူးပေါ်တင်ပါ။ ထို့နောက် မနာသည့် ပေါင်နောက်ကျောကို လက်ဖြင့်ကိုင်၍ ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲယူပါ။

ရှောင်ကြဉ်ရန် အချက်များ...
• အလေးအပင် မ ခြင်း။
• ခါးကို ရုတ်တရက် ကွေးခြင်း၊ လိမ်ခြင်း။
• ပျော့လွန်းသော သို့မဟုတ် ခွက်ဝင်နေသော မွေ့ယာပေါ်တွင် အိပ်ခြင်း။
(မှတ်ချက် - နာကျင်မှုသည် ရက်သတ္တပတ်အနည်းငယ်အတွင်း မသက်သာပါက၊ သို့မဟုတ် ခြေထောက် ထုံကျင်လာခြင်း၊ အားမရှိတော့ခြင်း၊ ဆီး/ဝမ်း မထိန်းနိုင်ခြင်းများ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆရာဝန်နှင့် ချက်ချင်း ပြသသင့်ပါတယ်။)

MON SOUNG

တစ်နေ့ ၅ မိနစ် အချိန်ပေးရုံနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခြေထောက်ညောင်းညာလေးလံတာတွေ သက်သာပြီး ညဘက် နှစ်နှစ်ခြိုက...
16/08/2026

တစ်နေ့ ၅ မိနစ် အချိန်ပေးရုံနဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခြေထောက်ညောင်းညာလေးလံတာတွေ သက်သာပြီး ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းလေးကို သိချင်ပါသလား❓
"နံရံမှာ ခြေထောက်ကို ၅ မိနစ်တင်ပြီး ၇ ရက်ဆက်တိုက် လေ့ကျင့်ပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေ ထူးခြားလာမလဲ...?"

ဒီလေ့ကျင့်ခန်းလေးကို နေ့စဉ် ပုံမှန်လုပ်ပေးခြင်းဖြင့် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူး (၈) ချက်ကတော့...
၁။ ခြေကျင်းဝတ်နဲ့ ခြေသလုံး ဖောရောင်မှုကို လျော့ကျစေခြင်း 🦶
၃ ရက်ကနေ ၇ ရက်အတွင်း သိသိသာသာ ထူးခြားလာပါလိမ့်မယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ အထူးသဖြင့် မတ်တပ်ရပ်တာ၊ ထိုင်တာ ကြာတဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်။
၂။ ခြေထောက်လေးတွေ ပေါ့ပါးသွက်လက်သွားခြင်း 🪶
သဲအိတ်အကြီးကြီး ချွတ်ချလိုက်သလို ခြေထောက်တွေ ပေါ့ပါးသွားပါလိမ့်မယ်။ သွေးပြန်ကြောထဲက ဖိအားတွေကို လျော့ကျစေလို့ တောင့်တင်းညောင်းညာတာတွေ ချက်ချင်း သက်သာစေပါတယ်။
၃။ အဆိပ်အတောက် စွန့်ထုတ်မှု အားကောင်းလာခြင်း ♻️
ပြန်ရည်ကြောအဖွဲ့အစည်း (Lymphatic System) ကို လှုံ့ဆော်ပေးလို့ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို မြန်မြန်ဆန်ဆန် စွန့်ထုတ်ပေးနိုင်ပြီး ပေါင်တစ်ဝိုက် အရည်စုဖွဲ့မှုကိုပါ လျော့ကျစေပါတယ်။
၄။ နှလုံးအလုပ်လုပ်ရတာ သက်သာစေခြင်း ❤️
ကမ္ဘာ့ဆွဲအားအကူအညီနဲ့ သွေးတွေ နှလုံးဆီကို ပြန်လည်စီးဆင်းရ လွယ်ကူသွားတဲ့အတွက် နှလုံးက အရင်လို အားစိုက်ညှစ်ထုတ်စရာမလိုဘဲ အပြည့်အဝ အနားရသွားစေပါတယ်။
၅။ စိတ်ဖိစီးမှုကင်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း 😴
ခန္ဓာကိုယ်ရဲ့ အနားယူခြင်းစနစ် (Parasympathetic System) ကို နိုးကြားစေလို့ စိတ်ကို တည်ငြိမ်စေပြီး ညဘက်တွေမှာ အလွယ်တကူ အိပ်မောကျစေပါတယ်။
၆။ ခါးအောက်ပိုင်း နာကျင်တောင့်တင်းမှု ပြေလျော့ခြင်း 🧘‍♀️
တင်ပါးဆုံအနေအထား မှန်ကန်မယ်ဆိုရင် ခါးအောက်ပိုင်း ကြွက်သားတွေကို ညင်သာစွာ ဆွဲဆန့်ပေးသလိုဖြစ်စေလို့ ခါးနာတာကို သက်သာစေပါတယ်။
၇။ အသားအရေ ကြည်လင်လန်းဆန်းလာခြင်း ✨
သွေးလည်ပတ်မှုကောင်းပြီး အိပ်ရေးဝလာတဲ့အခါ မျက်နှာလေး ကြည်လင်လာပြီး အသားအရေက ပိုမိုစိုပြေကျန်းမာလာပါတယ်။
၈။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း 🍃
အူလမ်းကြောင်းပေါ်ကို အနည်းငယ် ဖိအားသက်ရောက်စေလို့ အစာခြေစနစ် လှုပ်ရှားမှုကို အထောက်အကူပြုပြီး ဗိုက်အောင့်ဗိုက်ကယ်တာတွေကို သက်သာစေပါတယ်။

📌 ဘယ်လိုလုပ်ရမလဲ? (၅ မိနစ်အတွင်း ပြုလုပ်နည်း)
• တင်ပါးကို နံရံနဲ့ အတော်အသင့် ကပ်ထားပါ။ ခြေထောက်ကို အရမ်းကြီး တောင့်မထားဘဲ သက်တောင့်သက်သာလေး ဆန့်ထားပေးပါ။
• လက်နှစ်ဖက်ကို ဘေးမှာချထားပြီး လက်ဖဝါးကို အပေါ်ဘက်လှန်ထားပါ။
• တစ်မိနစ်ကို ၄ ကြိမ်ကနေ ၆ ကြိမ်နှုန်းလောက်နဲ့ ဖြည်းဖြည်းနဲ့ မှန်မှန် အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ် လုပ်ပေးပါ။
• (အကြံပြုချက် - ညအိပ်ခါနီးအချိန်မှာ လုပ်ပေးခြင်းက စိတ်အပန်းပြေဖို့အတွက် အကောင်းဆုံးပါပဲ)

⚠️ သတိပြုရန်
• သွေးတိုးရောဂါ အပြင်းအထန်ရှိသူ၊ နှလုံးရောဂါရှိသူ၊ ရေတိမ်ရှိသူ သို့မဟုတ် ခါးဆစ်ရိုးပြဿနာ ပြင်းထန်သူများ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။
• ပြုလုပ်နေစဉ် ခေါင်းမူးလာရင် အချိန်လျှော့လုပ်ပါ။ ဒါမှမဟုတ် တင်ပါးအောက်မှာ ခေါင်းအုံးအပါးလေး တစ်လုံး ခံထားပေးပါ။

ဒီလေ့ကျင့်ခန်းလေးက လွယ်ကူပြီး အကျိုးကျေးဇူး အရမ်းများတာမို့ အခုပဲ စမ်းလုပ်ကြည့်လိုက်ရအောင်နော်!
👇 ဖတ်ပြီးသွားရင် "အခုပဲ စလုပ်မယ်" လို့ ကောမန့်လေး ရေးပေးခဲ့ဖို့ မမေ့နဲ့နော်။

MON SOUNG

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုမရှိစေရေးကို အထူးဂရုစိုက်ပြီး ကုသမှုတွေပေးနေပါတယ်...  Digital News
14/08/2026

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးမှုမရှိစေရေးကို အထူးဂရုစိုက်ပြီး ကုသမှုတွေပေးနေပါတယ်...

Digital News

အချိန်လွဲမှားပြီး စားမိလေ့ရှိကြတဲ့ အစားအသောက် (၄) မျိုး 🚨​ဘယ်အချိန်မှာ ဘယ်လိုအစားအစာမျိုး စားသင့်တယ်ဆိုတဲ့ စည်းကမ်းချက်တ...
07/08/2026

အချိန်လွဲမှားပြီး စားမိလေ့ရှိကြတဲ့ အစားအသောက် (၄) မျိုး 🚨
​ဘယ်အချိန်မှာ ဘယ်လိုအစားအစာမျိုး စားသင့်တယ်ဆိုတဲ့ စည်းကမ်းချက်တွေ ရှိပေမဲ့ ကျွန်တော်တို့က သတိမမူမိဘဲ စားသုံးနေကြပါတယ်။ စားသင့်တဲ့အချိန် လွဲမှားနေတတ်တဲ့ အစားအသောက် (၄) မျိုးကတော့...

​၁။ နွားနို့
​နွားနို့ကို ညအချိန်မှာ သောက်သုံးတာက အသင့်တော်ဆုံးပါ။ ဒါပေမဲ့ မနက်ခင်းမှာတော့ နွားနို့ မသောက်သင့်သေးပါဘူး။
မနက်ခင်း နိုးထချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက် တက်ကြွနေတာကြောင့် နွားနို့ရဲ့အကူအညီ မလိုသေးလို့ ဖြစ်ပါတယ်။
နွားနို့ဟာ ကိုယ်ခန္ဓာက အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ညဘက် အနားယူချိန်မှာ သောက်ပေးခြင်းက ကြွက်သားနဲ့ ဆဲလ်တွေကို ထိရောက်စွာ ပြုပြင်ပေးနိုင်ပါတယ်။

​၂။ ထမင်း
​ထမင်းကို ဖြစ်နိုင်ရင် ညဘက်မှာ မစားသင့်ဘဲ နေ့လယ်စာအဖြစ် စားသုံးတာက အကောင်းဆုံး ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှု (Metabolism) စနစ်ဟာ ညဘက်ထက်စာရင် နေ့ဘက်မှာ ပိုမို အားကောင်းတာကြောင့် ဖြစ်ပါတယ်။

​၃။ သကြား
​ရေခဲမုန့်၊ ချောကလက်နဲ့ သကြားပါတဲ့ အစားအစာအားလုံးကို မနက်ခင်းမှာ စားတာက အကျိုးအရှိဆုံးပါ။
မနက်ပိုင်း သကြားဓာတ် စားသုံးခြင်းက တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်တင်းပေးပြီး ပိုမို လန်းဆန်းစေပါတယ်။ ညဘက်မှာ စားရင်တော့ ခန္ဓာကိုယ်မှာ အဆီစုစေပြီး ဝလာစေနိုင်တာကြောင့် ညဘက် သကြားကို ရှောင်သင့်ပါတယ်။

​၄။ ငှက်ပျောသီး
​ငှက်ပျောသီးကို နေ့လယ်ဘက်မှာ စားတာက အထိရောက်ဆုံးပါ။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး တစ်နေ့တာအတွက် ခွန်အား ဖြစ်စေပါတယ်။
ညဘက်မှာ စားရင်တော့ ချွဲသလိပ် ထွက်ပြီး ချောင်းဆိုးနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ ဘာမှမရှိဘဲ ငှက်ပျောသီး စားမိရင် အစာအိမ် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

လူသားအားလုံး ရောဂါဘယများ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ...🙏

#ကျန်းမားရေဗဟုသုတ

Heart Attack မဖြစ်အောင်အိမ်မှာ ကာကွယ်ရအောင်...(၁) တစ်နေ့ မိနစ် ၃၀-၄၀ ခပ်သွက်သွက်လေး လမ်းလျှောက်ပေးပါ။(၂) ဆေးလိပ်ကို လုံး...
04/08/2026

Heart Attack မဖြစ်အောင်
အိမ်မှာ ကာကွယ်ရအောင်...
(၁) တစ်နေ့ မိနစ် ၃၀-၄၀ ခပ်သွက်သွက်လေး လမ်းလျှောက်ပေးပါ။
(၂) ဆေးလိပ်ကို လုံးဝ (လုံးဝ) မသောက်သင့်ပါ။
(၃) ဆားလျှော့စားပါ၊ လက်လုပ်ချဉ်၊ အသင့်စား ခေါက်ဆွဲထုပ်၊ အသင့်စား မုန့်တွေ ဆင်ခြင်ပါ။
(၄) ဘီစကွတ်မုန့်တွေအစား အစေ့အဆန်၊ သစ်သီးတွေ စားပါ။
(၅) ညတိုင်း ၇-၈ နာရီ အိပ်ချိန်ပေးပြီး အိပ်ပါ။
(၆) သွေးပေါင်၊ သွေးတွင်း သကြားဓာတ်၊ ကိုလက် စထရော စတာတွေကို အနည်းဆုံး ၆ လတစ်ကြိမ် စစ်ဆေးပါ။
(၇) တစ်နာရီကျော်ကြာ ဆက်တိုက်ထိုင်တာကို ဆင်ခြင်ပါ၊ မတ်တပ်ရပ်ပါ၊ အကြောဆန့်ပါ၊ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ။
(၈) ဝမ်းဗိုက်အဆီ လျှော့ပါ၊ ခါးမတုတ်လေ ကောင်းလေ။
(၉) စိတ်ဖိစီးမှုကို လျှော့ချပါ၊ အသက်ပြင်းပြင်းရှူ ပါ၊ တရားထိုင်ပါ၊ ဘုရားရှိခိုး ဆုတောင်းပါ။
(၁၀) ရေအလုံအလောက် သောက်ပေးပါ။

💠 အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ💠 1. ဦးနှောက်နဲ့ အာရုံကြော💠 ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချ...
02/08/2026

💠 အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ

💠 1. ဦးနှောက်နဲ့ အာရုံကြော

💠 ဦးနှောက်က တစ်ကိုယ်လုံးရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးရတာပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဦးနှောက်ဆီကို အချက်ကောင်းကောင်း မပြနိုင်တော့ပါဘူး။ အိပ်နေတဲ့ အချိန်အတွင်းမှာ ဦးနှောက်ဆဲလ်လေးတွေက တစ်နေ့တာ တွေ့ကြုံရသမျှကို မှတ်သားပေးပါတယ်။ မအိပ်ထားရင် ဦးနှောက်က ပင်ပန်းပြီး သူ့အလုပ်သူ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

💠 ဒါ့ပြင် အာရုံစူးစိုက်ရတာ၊ မှတ်ရခက်တာတွေ
ဖြစ်လာမှာပါ။ ခန္ဓာကိုယ်က တုံ့ပြန်တာ နှေးသွားတဲ့အတွက် မတော်တဆထိခိုက်နိုင်ချေလည်း ပိုများပါတယ်။ နောက်ပြီး အားလုံးသိပါတယ်။ အိပ်ရေးမဝရင် ဘာကို အလိုမကျမှန်းမသိ အလိုလိုနေရင်း စိတ်တိုနေတာပါ။ ဆုံးဖြတ်ချက်ချတာလည်း မှားနိုင်သလို၊ စိတ်ကူးဉာဏ်တွေလည်း မပွင့်တော့ပါဘူး။

💠 ရေရှည်မှာ မရှိတာတွေကို ရှိတယ်လို့ ထင်လာမယ်။ အထင်မှားတွေ အမြင်မှားတွေ ဖြစ်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တဲ့

💠 စိတ်လှုပ်ရှားတာ၊ စိတ်ကျတာ၊ သေချင်စိတ်ပေါက်တာတွေ ဖြစ်လာနိုင်ပါတယ်။

💠 တစ်ခါတစ်လေ အိပ်ငိုက်လွန်းလို့ နေ့လည်ဘက်တွေမှာ ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ခဏလေး အိပ်ပျော်သွားလိမ့်မယ်။ ဒါဟာ အင်မတန်မှ အန္တရာယ်များပါတယ်။ မတော်တဆ ကားမောင်းနေရင်းနဲ့ ဖြစ်ဖြစ်၊ အမြင့်တက်နေရင်းနဲ့ ဖြစ်ဖြစ် အိပ်ပျော်သွားခဲ့မယ်ဆိုရင် အက်စီးဒင့်ဖြစ်နိုင်ချေ များပါတယ်။

💠 2. ခုခံအားစနစ်

💠 အိပ်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က ခုခံအားဓာတ်တစ်မျိုးဖြစ်တဲ့ cytokines ကို ထုတ်ပေးပါတယ်။ သူက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပါတယ်။ နောက်ပြီး လူကိုလည်း အိပ်ပျော်စေပါတယ်။ အိပ်ရေးဝမှ အားပြည့်ပြီး ရောဂါဒဏ်ကို ခံနိုင်ရည်ရှိမှာပါ။

💠 အိပ်ရေးမဝဘူးဆိုရင် ခုခံအားစနစ် တဖြည်းဖြည်း ပျက်ယွင်းလာမှာပါ။ အားမရှိတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်မှာ မဟုတ်သလို နေမကောင်းဖြစ်ပြီးရင်လည်း နာလန်ထူဖို့ ခက်ပါတယ်။ ရေရှည်မှာ ဆီးချိုတို့လို နှလုံးရောဂါတို့လို နာတာရှည်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

💠 3. အသက်ရှူလမ်းကြောင်း

💠 အိပ်စက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းက အပြန်အလှန် ဆက်စပ်နေပါတယ်။ အိပ်ဟောက်ရှူရပ်ရောဂါဖြစ်တဲ့ အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားတာက အိပ်ရေးကို ပျက်စေပါတယ်။ အိပ်နေရင်း နိုးနိုးလာတဲ့အတွက် အိပ်ရေးပျက်ပြီး ခုခံအားကျလာတာကြောင့် ရေရှည်မှာ အအေးမိ၊ တုပ်ကွေး ဖြစ်လွယ်ပါတယ်။ ဒါ့ပြင် နဂိုရှိပြီးသား ရောဂါအခံဖြစ်တဲ့ နာတာရှည် အဆုတ်ရောဂါတွေကိုလည်း ပိုဆိုး စေပါတယ်။

💠 4. အစာခြေစနစ်

💠 အစားကလည်း အများကြီးစားမယ်၊ လေ့ကျင့်ခန်းလည်း မလုပ်တဲ့ အပြင် အိပ်ရေးပါထပ်ပျက်ဦးမယ်ဆိုရင် အဝလွန်လာဖို့ မကြာတော့ပါဘူး။ အိပ်စက်ခြင်းက ဆာလောင်ခြင်းနဲ့ ပြည့်အင့်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းနှစ်ခု leptin နဲ့ ghrelin အပေါ် သက်ရောက်မှု ရှိပါတယ်။

💠 leptinက ပြည့်အင့်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ရေးပျက်လို့ ရှိရင် ဦးနှောက်မှာ leptinနည်းပြီး ဆာလောင်စေတဲ့ ghrelinများလာပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်မပျော်လေ ဗိုက်ဆာလေ ဖြစ်တာပေါ့။

💠 နောက်တစ်ခုက အိပ်ရေးပျက်ရင် ပင်ပန်းပြီး လေ့ကျင့်ခန်း မလုပ်နိုင်တော့ပါဘူး။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ် ကြာလာတော့ ဝိတ်တက်လာတာပေါ့။

💠 အိပ်ရေးပျက်လို့ရှိရင် အင်ဆူလင်လည်း အထွက်များလာပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်များလာရင် အဆီကို သိုလှောင်တာများလာပြီး အမျိုးအစား (၂) ဆီးချို ရောဂါဖြစ်ဖို့ အလားအလာ များလာပါတယ်။

💠 5. နှလုံး

💠 အိပ်စက်ခြင်းက သင့်နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေး အပြင် သွေးတွင်းသကြားဓာတ်၊ သွေးဖိအား၊ ဆဲလ်များ ရောင်ရမ်းခြင်း စတဲ့ အချက်တွေကိုပါ ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် အိပ်ရေးသာ မဝဘူးဆိုရင် နောက်မှာ နှလုံးနဲ့ပတ်သတ်ပြီး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ လေ့လာချက်တွေအရ အိပ်ရေးပျက်တာက နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာနဲ့ ဆက်စပ်မှုရှိနေပါတယ်တဲ့။

💠 6. ဟော်မုန်း

💠 ဟော်မုန်းတွေ ထုတ်တာက အိပ်စက်ခြင်းနဲ့ သက်ဆိုင်နေပါတယ်။ တက်စတိုစတီရုန်းလို့ ခေါ်တဲ့ ဟော်မုန်း ထုတ်နိုင်ဖို့အတွက် အနည်းဆုံး ၃နာရီလောက် ဆက်တိုက်အိပ်ထားရပါမယ်။ ညမှာ အိပ်ရေးပျက်ပြီး ခဏခဏ ထရတာက ဟော်မုန်းထုတ်တာကို ထိခိုက်စေပါတယ်။

💠 ကလေးတွေနဲ့ လူငယ်တွေမှာလည်း ဒီလိုပါပဲ။ သူတို့ကြီးထွားဖို့ လိုအပ်တဲ့ growth hormoneက အိပ်ရေးပျက်ရင် အထွက်နည်းသွားပါတယ်။ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီဂလင်းက ထုတ်ပေးနိုင်ပေမယ့် ပုံမှန်ထုတ်ပေးဖို့ လေ့ကျင့်ခန်းနဲ့ အိပ်စက်ခြင်းက ကူညီပေးပါတယ်။

💠 ကဲ ဒီလောက်ဆိုရင် အိပ်ရေးပျက်တာက စိတ်မကြည်တာအပြင် ကိုယ်ထဲမှာပါ တိတ်တဆိတ်ထိခိုက်မှုတွေ ဖြစ်တတ်တယ်ဆိုတာ သိလောက်ပါပြီ။ တစ်ည နှစ်ညဆိုရင် ပြဿနာ မရှိပေမယ့် ရေရှည်မှာ ကျန်းမာရေးမထိခိုက်အောင် ပုံမှန်အိပ်ချိန်နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အကြံပြုလို့ပါတယ်။
credit to original uploader
#အင်အားသစ်တိုင်းရင်းဆေး

31/07/2026

ခန္ဓာကိုယ်အတွင်းမှ ကိုလက်စတရောတွေ အတွက် အကောင်းဆုံးတွေ
—————————
၁။ ကျန်းမာတဲ့ကိုလက်စတရောကိုအထောက်အကူပြုတဲ့ အကောင်းဆုံး ဟင်းသီးဟင်းရွက်….ရုံးပတီသီး

၂ ။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး အစိမ်းရောင်အရွက်….ကိုက်လန်

၃ ။ ကိုလက်စတရောကို စီမံဖို့ အကောင်းဆုံးအမြစ်အမျိုးအစားဟင်းသီးဟင်းရွက်…မုန်လာဥနီ

၄ ။ မကောင်းတဲ့ကိုလက်စတရောကျဆင်းဖို့ အကောင်းဆုံးသစ်သီး…ပန်းသီး

၅ ။ ကိုလက်စတရောအထောက်အကူပြုတဲ့ အကောင်းဆုံးအချဉ်အရသာရှိသစ်သီး…ဂရိတ်ဖရုသီး

၆ ။ နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးဘယ်ရီသီး…စတော်ဘယ်ရီ

၇ ။ ကိုလက်စတရောပမာဏ ကောင်းမွန်ဖို့ အကောင်းဆုံးအခွံမာသီး nuts…ဗံဒါစေ့

၈ ။ ကိုလက်စတရောကျဆင်းဖို့ အကောင်းဆုံး အစေ့… ချီယာစေ့

၉ ။ မကောင်းတဲ့ကိုလက်စတရောပမာဏ ကျဆင်းဖို့ အကောင်းဆုံး ကောက်နှံတစ်ခုလုံးပါဝင်စာ…အုတ်စပါး

၁၀ ။ နှလုံးကျန်းမာရေးနဲ့ ကိုလက်စတရောထိန်းချုပ်ဖို့ အတွက် အကောင်းဆုံးပဲ အမျိုးအစား…ပဲနီလေး

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

နံနံပင်သိမ်းတာ  ရက် ၂၀ ကြာတဲ့အထိ လတ်ဆတ်ကော့ပျံနေလို့ သဘောကျနေမိပြီနံနံပင် တစ်ခါဝယ် ၅၀၀ ဖိုး၃... ၄ ရက်လောက်ပဲ အဆင်ပြေတယ်ရ...
26/07/2026

နံနံပင်သိမ်းတာ ရက် ၂၀ ကြာတဲ့အထိ လတ်ဆတ်ကော့ပျံနေလို့ သဘောကျနေမိပြီ

နံနံပင် တစ်ခါဝယ် ၅၀၀ ဖိုး
၃... ၄ ရက်လောက်ပဲ အဆင်ပြေတယ်

ရေခဲသေတ္တာထဲ
ပလတ်စတစ်အိတ်နဲ့ သိမ်း ရိသွားလို့
စက္ကူနဲ့ပတ် အိတ်ထဲထည့်သိမ်း ခြောက်သွား

နေ့တိုင်းစားတာမဟုတ်ပေမယ့်
ငါးဟင်းလေးချက်ရင် နံနံပင်လေး အုပ်ရမှ

အသုတ်ပလုတ်လေးဆို
နံနံပင်လေးထည့်မှ ပြီးပြည့်စုံတယ်ထင်

အထားမခံတော့
၄ ရက် တစ်ကြိမ်လောက် ဝယ်ရတယ်ကွယ်

အစ်မတစ်ယောက်ပေးတဲ့နည်း
အသုံးချလိုက်တာ အဆင်ပြေသွားရော

အမြစ်ပါတဲ့ နံနံပင်တော့ဖြစ်ပါစေ
အရွက်ရင့်နဲ့ မကောင်းတဲ့အနာအဆာတွေဖယ်

၁။
နံနံပင် အမြစ်တွေကို
သေချာဖွေးသန့်အောင် အရင်ဆေး

၂။
အပင်လိုက် သန့်အောင် ရေဆေးချ
ဇကာ သို့ ပန်းကန်ထဲ ရေစစ်ထားလိုက်

၃။
လေလုံပြီး အဖုံးပါတဲ့ဘူးတစ်ခုထဲ
နံနံပင်ထည့် အမြစ်မြုတ်သည်ထိ ရေဖြည့်

အဖုံးပိတ်
ရေခဲသေတ္တာ ရိုးရိုးခန်းမှာထား

ယူသုံးတဲ့အခါတိုင်း
အရွက် မကောင်းတာတွေ့ရင် ဖယ်ထုတ်ပါ

အစောပိုင်း သန့်စင်ချိန်မှာ
အရွက်ရင့်နဲ့ ကျိုးပဲ့နေတာဖယ်ထားခဲ့ရင်
ရိတာ ပုတ်တာ ဝါတာ မဖြစ်ပဲ လတ်ဆတ်ပါတယ်

ကျအစမ်းကြည့်တာ
၂ ကြိမ်လုံး အဆင်ပြေအောင်မြင်တယ်

အလေအလွင့်မရှိတော့လို့
ဘော်ဒါတွေကို ဖောက်သည်ချတာပါရှင်

#နံနံပင်အထားခံနည်း
#နံနံပင်သိမ်းနည်း
#နံနံပင်ရေခဲသေတ္တာထဲသိမ်းနည်း
#နံနံပင်

( ကျမ... ရေသန့်ထည့်သိမ်းပါတယ်...
သူများပြောပြတော့ အစကမယုံဘူး ဟယ်ရေနဲ့စိမ် ရိကုန်မှာပေါ့လို့ တွေးတာ ... ၅ ပင်လောက်စမ်းကြည့်မယ်ကွာ ဘာဖြစ်ဖြစ်ပေါ့ စမ်းကြည့်ပြီး အဆင်ပြေလို့ ... များများထည့်သိမ်းလို့ရော... ပြေပါ့မလား စမ်းကြည့်ပြန်ရော... ရေနဲ့ထိနေတဲ့အရွက်လည်း မရိသွားဘူး
ပိုကောင်းတာက ၅ ရက်တစ်ကြိမ်ရေလှယ်ပေးလိုက်၊ ပြီးရင် အပင်တွေ အပေါ်အောက် လှည့်ပြောင်းပေးလိုက် အိုကေနေရော )

ချစ်ခင်စွာဖြင့် မလဲ့

☘️သွေးလေးဖက်နာ  သမားတွေကလဲautoimmune disease  သမားတွေထဲပါပါတယ်☘️ဒါကြောင့်  အူကျန်းမာရေးကောင်းအောင်လုပ်ရပါမယ် ☘️ဘေးထွက်ဆိ...
21/07/2026

☘️သွေးလေးဖက်နာ သမားတွေကလဲ

autoimmune disease သမားတွေထဲပါပါတယ်☘️

ဒါကြောင့် အူကျန်းမာရေးကောင်းအောင်လုပ်ရ
ပါမယ်

☘️ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျောက်တဲ့နည်းကို

ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်းက

ဒီလို ညွှန်ကြားထားပါတယ်ရှင် ဆရာဝန်ပေးတဲ့ ဆေးကိုလဲ ချက်ချင်းမဖြတ်ရပါဘူး

☘️သွေး လေးဖက်နာ ရောဂါ ရှင် များ အတွက် ☘️

✅သွေး လေးဖက် နာ ဟာ Auto immune disease ထဲ မှာ ပါ ဝင် နေ ပါ တယ်။

✅များ သော အား ဖြင့် ဒီ လူ နာ တွေ ကို ကုသ ရာ မှာ၊ Conventional medicine ကုရိုးကုစဉ် ဆေး ပညာ
က တော့ ——

၁🔴 အဆစ်နာ သက်သာ ရ အောင် ဆေး တွေ ရယ်၊

ဥပမာ paracetamol, ibuprofen စ သည် ဖြင့် ဖြစ် ပါ တယ်။

၂🔴 အယောင် ကျ ရ အောင် ဆို ပြီး prednisolone တွေ လဲ အကြာ ကြီး တိုက် တတ် ပါ တယ်။ရေ ရှည် မှာ ဘေးတွက် ဆိုးကျိုး တွေ အလွန် များ ပါ တယ်။

☘️အရိုး ပါး ခြင်း၊

☘️ခုခံ အား ကျ ဆင်း ခြင်း

☘️မျက်စိ မှာ တိမ် ဖြစ် ခြင်း cataract

☘️မျက်စိ အကြည် ရုပ် ပျက်စီး ခြင်း.

macular degeneration

☘️ဆီး ချို ရောဂါ ဝင် နိုင် ခြင်း စ သည် ဖြင့် ဖြစ် ပါ တယ်

၃🔴 Methotrexate ကီမို ဆေး တစ် မျိုး နဲ့ လဲ ကု တတ် ပါ သေး တယ်။

သူ က တော့ ခန္ဓာကိုယ် ရဲ့ ခုခံ အား ကို ကျ ဆင်း စေ ပါ တယ်။

☘️အထူး သ ဖြင့် rapidly dividing cells တွေ က ပို ပြီး ဖျက်စီး ခံ ရ ပါ တယ်။

❤️‍🩹ဥပမာ —— ရိုးတွင်း ချဉ်ဆီ၊ အူ နံရံ၊ ဆံပင် စ သည် ဖြင့် ဖြစ် ပါ တယ်။

❤️အချိန် ကာလ ကြာ မြင့် စွာ သောက် ရ မယ် ဆို ရင် တော့ မချောင်လှ ပါ။

💜ကျွန်မ အရင် က ရေး ပေး ထား တဲ့ autoimmune disease အကြောင်း ပြန် ဖတ် စေ ချင် ပါ တယ်။

❤️အထူး သ ဖြင့် သွေး လေး ဖက် နာ နဲ့ စပ် လျဉ်း ပြီး အနည်း ငယ် ထပ်ဖြည့်စွက် ပေး ချင် တာ က တော့ ——-

🔴၁. Omega3 fat ဖြစ် တဲ့ cod liver oil ကို ဆနွင်း (extract နဲ့ )ဖျော် သောက် ပါ။

🔴၂. ပြုပြင် ပြီး အစာ processed food အားလုံး ရှောင် သင့် ပါ တယ်။

🔴၃. Fructose သ ကြား အထူး ရှောင် ရ ပါ မယ်။

🔴၄ . VitaminD level 70-100 ng/ml ဖြစ် အောင် ကြိုးစား ပါ။

🔴၅ . ချဉ်ဖတ် နေ့ စဉ် စား ပါ။

🔴၆ . Probiotics

🔴၇ . လေ့ ကျင့် ခန်း မှန်မှန် လုပ် ပါ။

🔴၈. Prednisolone ရေ ရှည် သောက် နေ တဲ့ အတွက် မျက်စိ ကို ကာ ကွယ် ရ အောင် Macuguard တစ်နေ့ တစ် လုံး သောက် သင့် ပါ တယ်။

🔴၉ . Gluten၊ နွားနို့ စ သည် ဖြင့် ရှောင် ပါ။

🔴၁၀ . အရိုး ပြုတ် ရည် သောက် ပါ။



Htwe

#လေးစားစွာဖြင့်crdပေးပါတယ်။
#ကျန်းမာရေးဗဟုသုတရကြပ်ပါစေ

❗️ဗိုက်ပူရင် ရောဂါထူမယ်  ကျွန်တော်တို့ဆီမှာ အသက် ၃၀ ကျော်၊ ၄၀ အရွယ် အမျိုးသား၊အမျိုးသမီး အများစုမှာ "ဗိုက်ပူပူလေးတွေ" ရှ...
21/07/2026

❗️ဗိုက်ပူရင် ရောဂါထူမယ်

ကျွန်တော်တို့ဆီမှာ အသက် ၃၀ ကျော်၊ ၄၀ အရွယ် အမျိုးသား၊အမျိုးသမီး အများစုမှာ "ဗိုက်ပူပူလေးတွေ" ရှိနေတတ်ကြပါတယ်။

ဒါကို တချို့ကလည်း "စားနိုင်သောက်နိုင်လို့ ဝလာတာ" ဆိုပြီး နောက်ပြောင်ပြောဆိုတတ်ကြပါတယ်။ တကယ်တော့ ဗိုက်ပူလာခြင်းဟာ "ရောဂါပေါင်းစုံ ဝင်ရောက်လာမယ့် အချက်ပေးခေါင်းလောင်းသံ" တခု ဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ အဆီစုပုံတဲ့ နေရာတွေ အများကြီး ရှိတဲ့အထဲကမှ ဝမ်းဗိုက်ထဲမှာ စုပုံတဲ့အဆီ (ဗိုက်ပူစေတဲ့အဆီ - Visceral Fat) ဟာ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။ အဲဒီအဆီတွေကဆိုရင် အသည်း၊ မုန့်ချိုအိတ်၊ အူလမ်းကြောင်း စတဲ့ ကလီစာတွေကြားထဲမှာ စုပုံဖုံးအုပ်နေပြီး ခန္ဓာကိုယ်ကို ရောင်ရမ်းစေတဲ့ အဆိပ်အတောက် ဓာတုပစ္စည်း (Inflammatory cytokines) တွေကို နေ့စဉ်ထုတ်လွှတ်ပေးနေပါတယ်။

ဒါကြောင့် ဗိုက်ပူနေတဲ့သူတွေမှာဆိုရင် နောက်ဆက်တွဲ အနေနဲ့
၁။ ဆီးချို သွေးချို ရောဂါ (Type 2 Diabetes)
ဗိုက်မှာ အဆီတွေ စုလာတဲ့အခါ ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ဟော်မုန်းကို ကောင်းကောင်း အသုံးမချနိုင်တော့ပါဘူး။ ဝမ်းဗိုက်အဆီတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတဲ့ အင်ဆူလင် (Insulin) ဟော်မုန်းရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးလို့ ဆီးချိုရောဂါ အလွယ်တကူ ဖြစ်လာစေပါတယ်။

၂။ နှလုံးနှင့် သွေးတိုးရောဂါ (Heart Disease & Hypertension): သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့စေတာကြောင့် သွေးပေါင်ချိန် တက်လာမယ်၊ ရုတ်တရက် နှလုံးရပ်ခြင်း (Heart Attack) နဲ့ လေဖြတ်ခြင်း (Stroke) အန္တရာယ် ပိုများလာစေပါတယ်။

၃။ အသည်းအဆီဖုံးခြင်း (Fatty Liver)
ဗိုက်ပူလာပြီဆိုတာနဲ့ အသည်းထဲမှာလည်း အဆီတွေ သွားစုနေပြီဆိုတာ သေချာသလောက်ပါပဲ။ ကိုယ်က အရက်၊ ဘီယာ မသောက်ပေမယ့်လည်း အသည်းအဆီဖုံးလာပြီး ကြာလာတဲ့အခါ အသည်းရောင်တာ၊ အသည်းခြောက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

၄။ ညဘက် ဟောက်ခြင်းနဲ့ အသက်ရှူရပ်ခြင်း (Sleep Apnea)
ဗိုက်မှာ အဆီများတဲ့သူတွေဟာ လည်ပင်းနားမှာလည်း အဆီတွေ စုနေတတ်လို့ ညအိပ်တဲ့အခါ အသက်ရှူလမ်းကြောင်းကို ဖိထားသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဟောက်တာ၊ ညဘက် အသက်ရှူ ခဏခဏရပ်သွားလို့ လန့်နိုးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

၅။ ကင်ဆာရောဂါအချို့ : ဝမ်းဗိုက်အဆီများသူတွေဟာ အူမကြီးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာနဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများကြောင်း သုတေသနတွေက ဆိုထားပါတယ်။

💡အကြံပြုချက် -
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အာရှတိုက်သားတွေအတွက် သတ်မှတ်ချက်အရ -
* အမျိုးသားများ: ခါးဆိုဒ် ၃၅.၄ လက်မ (90 cm) နဲ့အထက်။
* အမျိုးသမီးများ: ခါးဆိုဒ် ၃၁.၅ လက်မ (80 cm) နဲ့အထက် ရှိနေပြီဆိုရင် သင့်မှာ ရောဂါတွေ ဝင်လာဖို့ အလွန်နီးစပ်နေပြီဖြစ်လို့ ကိုယ်အလေးချိန်ကို မဖြစ်မနေ စတင်လျှော့ချသင့်နေပါပြီ။
* အစားအသောက်: သကြားပါသော အချိုရည်များ၊ ဆီကြော်စာများ နှင့် ထမင်း၊ ခေါက်ဆွဲ (Carbohydrates) အလွန်အကျွံ စားသုံးခြင်းကို လျှော့ချပါ။
* လေ့ကျင့်ခန်း: တနေ့ကို အနည်းဆုံး မိနစ် (၃၀) ခန့် ၊ တပါတ်ကို အနည်းဆုံး (၅) ရက် ၊ ချွေးထွက်အောင် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာလိုမျိုး ပုံမှန် လုပ်ပေးပါ။
* အိပ်စက်ခြင်း: ညဘက် အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှု လျှော့ချပါ။



အားလုံးပဲ ကျန်းမာကြပါစေ
ဒေါက်တာရဲ ။

#ဒေါက်တာရဲ
#ဗိုက်ပူခြင်း #အဝလွန်ခြင်း #ကျန်းမာရေးဗဟုသုတ

Address

Kuala Lumpur
561000

Telephone

09763825833

Website

Alerts

Be the first to know and let us send you an email when က်န္မာေရး ဆိုင္ရာ ဗဟုသုတမ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category