21/05/2026
Merdeka Square သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရဲ့ အလွန်အရေးပါတဲ့သမိုင်းဝင်နေရာတစ်ခု ဖြစ်သည်။
“Merdeka” ဆိုသည်မှာ “လွတ်လပ်ရေး”
၁၉၅၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် မလေးရှားနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး အဲဒီနေရာတွင် မလေးရှားအလံကို ပထမဆုံးအကြိမ် လွှင့်တင်ခဲ့သည်။
စိမ်းလန်းသော မြက်ခင်းကျယ်ကြီးရဲ့အလယ်မှာ
မြင့်မားသော အလံတိုင်ကြီး နှင့် ကိုလိုနီခေတ် အဆောက်အဦဟောင်းများ.. Sultan Abdul Samad အဆောက်အုံ တို့ကို တွေ့နိုင်သည်။
Merdeka Square အနီးမှာ မြစ်သေးတစ်ခုရှိပါတယ်။
အဲဒီနေရာနားတွင် Klang River နှင့် Gombak River တို့ ဆုံတဲ့နေရာ ပါ...
ဒီမြစ်တွေက ကွာလာလမ်ပူမြို့ စတင်တည်ထောင်ရာ သမိုင်းနဲ့လည်း ဆက်စပ်ပါတယ်။
ညဘက်မှာ မြစ်ဘေးအလင်းရောင်တွေ ကြည့်ရှု့သူများ.. သီချင်းလေးနားထောင်ရင်း လမ်းလျှောက်သူများ.. ခရီးသွားများ၊ ဓာတ်ပုံရိုက်သူများနှင့်အမြဲစည်းကားလျှက်ရှိပါသည်..
( နေ့အလှထက်ညဘက်ကပိုလှ.. နေ့ခင်းဆိုပူတယ်)
#ပြည်တွင်းပြည်ပလေယာဥ်လက်မှတ်ဝန်ဆောင်မှု့ပေးသည်