Lustitia Tarot

Lustitia Tarot Yours Guiding Star 💛✨

19/08/2026

ကိုယ့်စိတ်ထဲမှာရှိတဲ့ ကိုယ့်ရဲ့တစ်ဖက်သူက ကိုယ့်ကိုပြောချင်တဲ့စကား 💌✨

Secret Words from your favorite person 🤭🤫

Collective Reading 💫 Collective Energy ✨
99.99% Accuracy and Clarity 👀🦋

🦋 အချစ်ခံရဖို့ Identity တည်ဆောက်ပါ 🦋“အချစ်ရေးကံမကောင်းဘူး” “Right person နဲ့ဘယ်တော့မှတွေ့မှာလဲမသိဘူး” “သူကကိုယ့်ကိုတကယ်ရ...
15/08/2026

🦋 အချစ်ခံရဖို့ Identity တည်ဆောက်ပါ 🦋

“အချစ်ရေးကံမကောင်းဘူး”
“Right person နဲ့ဘယ်တော့မှတွေ့မှာလဲမသိဘူး”
“သူကကိုယ့်ကိုတကယ်ရောချစ်ရဲ့လားမသိဘူး”

စသဖြင့် အချစ်ရေးနဲ့ပါတ်သက်တဲ့ လား ပေါင်းများစွာသောသံသယမေးခွန်းတွေကမေဖူးဆီမှာလာမေးကြတဲ့ Client တော်တော်များများမှာတွေ့နေရတယ်ပေါ့နော်။ လူ ၁၀ ယောက်မှာဆိုရင်လည်း ၈ ယောက်လောက်က အချစ်ရေးနဲ့ပါတ်သက်တဲ့စိုးရိမ်စိတ်တွေ၊ သောကပူပင်တွေနဲ့နေနေကြရတာကိုယ်ကိုယ်တိုင် သို့မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကမိတ်ဆွေသူငယ်ချင်းတွေဆီမှာမြင်နေကြားနေရလေ့ရှိမယ်ထင်ပါတယ်။

အဲတော့တကယ်ပဲအချစ်ရေးကလူတော်တော်များများရဲ့ဘဝတွေကိုပူပင်မှုတွေပဲဖြစ်စေတာလား။ လူအများစုကအချစ်နဲ့ပါတ်သက်ရင်ပူလောင်မှုတွေစိုးရိမ်မှုတွေပဲဖြစ်နေရတာဘာကြောင့်လဲ။တကယ်ပဲအချစ်ကပူလောင်စေတာလား၊ ကိုယ်ကိုယ်တိုင်ကိုကမကောင်းတဲ့သူတွေကိုရွေးချယ်မိနေတာလား၊ လူတွေကပဲကိုယ်နဲ့တွေ့ရင်ပြောင်းလဲသွားကြတာလား၊ ကိုယ်ကတကယ်ပဲအချစ်ခံရဖို့မထိုက်တန်ဘူးလား၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ရဲ့သတ်မှတ်ချက်ကိုက ငါသည်အချစ်မခံရဘူးဆိုတဲ့ identity ထဲမှာသတိမထားမိပဲကိုယ့်ဘာသာပိတ်မိနေသလိုဖြစ်နေတာလား၊ ဆိုတာဆန်းစစ်ကြည့်ဖို့လိုပါမယ်။

ဒီမေးခွန်းတွေရဲ့အဖြေကိုဆန်းစစ်ကြည့်တဲ့အခါမှာမေဖူးဖတ်ဖူးတဲ့စာအုပ်လေးတစ်အုပ်ကနေပေးတဲ့ Logic လေးတစ်ခုကိုစဉ်းစားမိသွားတယ်။ စာအုပ် လေးနာမည်က “Atomic Habits”တဲ့။စာအုပ်ကတော့အချစ်အကြောင်းပြောထားတဲ့စာအုပ်တော့မဟုတ်ဘူး။ သေးငယ်တဲ့အလေ့အကျင့်ကောင်းလေးတွေကနေတဆင့် Habit ကိုတည်ဆောက်ခိုင်းတာပေါ့။ ဖတ်ဖူးတဲ့သူတွေလည်းဖတ်ဖူးကြမှာပါ။ အဲစာအုပ်ရဲ့ Chapter တစ်ခုမှာ လူတစ်ယောက်ကအလေ့အကျင့်ကောင်းတစ်ခုကိုမွေးမြူဖို့ဆိုရင်ကိုယ့်ရဲ့ identity ကိုအရင်ဆုံးပြောင်းလဲရမယ်လို့ပြောထားတယ်။ ဥပမာကိုယ်က မနက်အိပ်ရာစောစောထတဲ့အလေ့အကျင့်ကိုမွေးမြူချင်တယ်ဆိုပါတော့။ အဲဒါဆိုရင် ငါမနက်တိုင်းစောစောထမယ်ဆိုတဲ့ Habit ကိုပဲ သတ်မှတ်တာက consistency ကိုမဖြစ်စေဘူး။ အဲအစား ငါသည်မနက်စောစောထတဲ့ Morning Person တစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကိုယ့်ရဲ့ identity ကိုပြန်ပြောင်းလဲသတ်မှတ်ခိုင်းတာ။ စာဖတ်အလေ့အထမွေးမြူတဲ့သူ၊ အားကစားလုပ်ချင်တဲ့သူဆိုလည်းအဲလိုပဲ၊ ငါစာဖတ်မယ် အားကစားလုပ်မယ်ဆိုတဲ့ Habit ကိုတွေးနေပြောနေတာကမထိရောက်ဘူး၊ ငါသည်စာဖတ်ရတာကိုကြိုက်တဲ့သူဖြစ် တယ်၊ ငါသည်အားကစားကိုအရမ်း passionate ရှိတဲ့သူဖြစ်တယ်ဆိုတဲ့ကိုယ့်ရဲ့ identity ကိုပြောင်းလဲသတ်မှတ်မှသာလျှင်အဲအလေ့အကျင့်ကကိုယ့်ဆီမှာစွဲမြဲနေမှာဖြစ်တယ်ပေါ့။ ဒါလေးက Habit ကိုပဲသတ်မှတ်တာနဲ့ကြည့်ရင်တူသလိုလိုနဲ့တကယ်တော့ကွဲတယ်နော်။

အဲတော့ အဲ Logic လေးကနေမေဖူးကဘာကိုစဉ်းစားမိလဲဆိုတော့ နှလုံးသားရေးရာကိစ္စတွေမှာရော ကိုယ့်ကိုယ့်ကိုရဲ့ identity ကိုစွဲမြဲစွာသတ်မှတ်ထားရင်အချစ်ရေးမှာပျော်ရွှင်နိုင်မယ်မဟုတ်ဘူးလားဆိုတဲ့အတွေးစလေးပေါ်လာလို့ဒီအတွေးစလေးကို sharing လုပ်ပေးတာပါ။ မေဖူးတို့အချစ်ရေးမှာဆိုလည်း တော်တော်များများကကိုယ့်ကိုယ်ကိုဘယ်လိုနေရာမှာသတ်မှတ်ထားလဲဆိုတာကိုမေ့နေကြတယ်။တဖက်လူကိုပဲပြောင်းလဲဖို့ကြိုးစားကြတယ်၊ တဖက်လူရဲ့အပြုအမူတွေကိုကိုယ်နဲ့အံဝင်ခွင်ကျဖြစ်ဖို့လုပ်ယူကြတယ်၊ အဲလိုမဖြစ်တဲ့အခါနာကျင်ရတယ်၊စိုးရိမ်ပူပင်သောကတွေဖြစ်ကြတယ်။ Right Person ဘယ်တော့ရောက်လာမလဲမျှော်ကြတယ်။မျှော်ရင်းလည်ပင်းတွေသာရှည်သွားတယ် Right Person ဘယ်ဆီနေမှန်းမသိဘူး။ အဲလိုတွေဖြစ်နေမယ့်အစား တခါလောက်ဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ဖူးလား။ ငါသည်အချစ်ရေးနဲ့ပါတ်သက် ပြီးကိုယ့်ကိုယ်ကိုဘယ်လိုနေရာမှာသတ်မှတ်ထားတာလဲ။ တနည်း ကိုယ့်ရဲ့ identity တခုသည် အချစ်ရေးမှာဘယ်လို identity ရှိလဲ။ အမြဲပစ်ထားခံရတယ်လို့သတ်မှတ်ထားနေမိလား။ ဘယ်လိုနေနေသစ္စာဖောက်ခံရမှာပဲလို့သတ်မှတ်ထားနေလား။ ငါတော့အချစ် ခံရမှာမဟုတ်ဘူး ငါကပဲအမြဲပိုချစ်ရတဲ့သူ ငါကပဲပေးဆပ်ရတဲ့သူလို့သတ်မှတ်ထားနေမိလား။ ငါကအမြဲတမ်း chaser ပဲ ငါကကြိုးစားမှရမှာ ငါကအမြဲငြင်းပယ်ခံရတယ်။ ငါ့ကိုတချိန်ကျရင်တော့လမ်းခွဲသွားမှာပဲ ငါကအမြဲထားခဲ့ခံရတယ် စသဖြင့်သတ်မှတ်ထားနေမိရင် သေချာပြီ ကိုယ့်ရဲ့ identity ကိုက Loser Mode မှာဖြစ်နေတာ။ အဲဒါဆိုရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ ကိုယ့် identity နဲ့ကိုက်တဲ့၊ အဲ identity ကိုပေးမယ့်သူတွေပဲရောက်လာမှာပဲ။ လူတွေဟာကိုယ့်ရဲ့မသိစိတ်ထဲမှာမသိလိုက်မသိဘာသာကိန်းအောင်းနေကြတဲ့အရာတွေကိုလျစ်လျူရှူထားလေ့ရှိကြတယ်၊မေ့မေ့ပျောက်ပျောက်ဖြစ်ကြတယ်။ တချို့ကျတော့ တစ်ခေါက်ခံစားလိုက်ရပြီးရင်အဲအရာကစိတ်ထဲစွဲသွားပြီးနောက်လည်းဒီအတိုင်းပဲလို့မသိလိုက်ပဲစွဲမှတ်သွားကြတယ်။ အဲတော့ဒီနာကျင်မှုဝဲဂယက်ကနေပဲသံသရာလည်မလွတ်မြောက်တော့ဘူး။ ဘယ်တော့မှလည်းပျော်ရွှင်ရမှာမဟုတ်တော့ဘူး။ အဲတော့ ဒီမကောင်းတဲ့ identity တွေကိုကိုယ်တိုင်တိုက်ဖျက်ပြီး ကောင်းတဲ့ identity အနေနဲ့ပြန်ပြီးတည်ဆောက်အသက်သွင်းဖို့လိုတယ်။ ဒါမှလည်းပျော်ရွှင်သာယာတဲ့အချစ်ရေးကိုတည်ဆောက်နိုင်မှာဖြစ်တယ်။ အမြဲတမ်းတခါလာလည်းဒီအချစ်ရေးပဲပိုက်ဆံကုန်ခံပြီး Tarot တွေလည်းမေးစရာမလိုတော့ဘူးပေါ့နော် 🤭😹

ဒါကြောင့် မေဖူးတို့အလေ့အကျင့်ကောင်းတွေမွေးမြူသလိုပဲ အချစ်ရေးမှာလည်းနာကျင်မှုတွေကနေရုန်းထွက်ဖို့ဆိုရင် ကိုယ့်ရဲ့ကောင်းမွန်တဲ့ identity ကိုတည်ဆောက်ရပါမယ်။ ပြန်လည်အသက်သွင်းရပါမယ်။ အတိတ်ကပြီးဆုံးခဲ့တဲ့အရာတွေက အတိတ်က identity မှာထားခဲ့ပါ။ ဒီနေ့ကစပြီး

🦋 ငါသည်အချစ်ခံရတဲ့သူဖြစ်တယ် 🦋
🦋 ငါသည်အချစ်ရေးမှာအမြဲကံကောင်းတဲ့သူဖြစ်တယ်
🦋 ငါသည်အချစ်နဲ့ပါတ်သက်ပြီးဘယ်တော့မှရှုံးနိမ့်တဲ့သူမဟုတ်ဘူး
🦋 ငါသည်အချစ်ရေးမှာအမြဲပျော်ရွှင်နေရတဲ့သူပဲ

စတဲ့ ကောင်းမွန်တဲ့ identity လေးတွေကို မိမိဘာသာပုံဖော်တည်ဆောက်ဖို့ကြိုးစားကြပါမယ်။

🦋 အားလုံးပဲ အချစ်ခံရပြီးပျော်ရွှင်သာယာဖွယ်အချစ်ရေးလေးတွေပဲဖန်တီးတည်ဆောက်ပိုင်ဆိုင်နိုင်ကြပါစေရှင် 🦋

Lustitia Tarot 🩵🤍

11/08/2026

Move on or Wait? ❤️‍🩹
Move on သင့်လား ဆက်စောင့်သင့်လား ❤️‍🩹

ဆက်ဆံရေးတခု၊ လူတယောက်ကို Move on မလုပ်နိုင်တဲ့သူတွေအတွက် ဒီလူကိုဆက်စောင့်ရင်အကျိုးရှိမလား ။ Move on သင့်ပြီလားဆိုတာကို Guidance Collective Reading လေးနဲ့ကြည့်ပေးထားပါတယ်။ 💫

Spreading includes-

🌙 သူကကိုယ့်ဆီပြန်လာဦးမှာလား
🌙 Move On သင့်မသင့်
🌙 ကိုယ့်ရဲ့ခံစားချက်
🌙 ကိုယ်သူ့ဆီကဘာလိုချင်တာလဲ

YouTube မှာ Reading Video လေးတစ်ခုတင်ပေးထားပါတယ်။ 💚💚
11/08/2026

YouTube မှာ Reading Video လေးတစ်ခုတင်ပေးထားပါတယ်။

💚💚

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

2025-2026 အတွင်းရခဲ့တဲ့ Client Feedback လေးတွေပါ 🦋💫 စုထားပြီးတော့ Edit မလုပ်အားသေးတာနဲ့ ဖြည်းဖြည်းချင်း တဖြတ်ချင်းစီခွဲတ...
05/08/2026

2025-2026 အတွင်းရခဲ့တဲ့ Client Feedback လေးတွေပါ 🦋💫

စုထားပြီးတော့ Edit မလုပ်အားသေးတာနဲ့ ဖြည်းဖြည်းချင်း တဖြတ်ချင်းစီခွဲတင်တာပါ။ အရှေ့က Feedback လေးတွေကိုတော့ Photo Album ထဲမှာကြည့်လို့ရပါတယ် 🙏

Heartfelt Thanks to each and everyone who supports me 🙏🙇‍♀️

04/08/2026

သူနဲ့ပါတ်သက်တဲ့သတင်းစကားများ 🥹🦋

ကိုယ်တချိန်ကပါတ်သက်ခဲ့ဖူးတဲ့သူ၊ ခုချိန်မှာတော့စကားလည်းမပြောဖြစ်အဆက်သွယ်လည်းမရှိ၊ စာမလာသတင်းမကြား၊ သူနဲ့ပါတ်သက်ပြီးသိချင်တာလေးတွေကို Collective Reading လေးအနေနဲ့ကြည့်ပေးထားပါတယ်။ 🦋

🦋About Someone from your Past 🦋

Spreading includes ✨

🔮 သူအခုလက်ရှိဘာတွေလုပ်နေလဲ
🔮 သူအဆင်ပြေနေလား
🔮 ကိုယ့်အကြောင်းတွေးမိသေးလား
🔮 ကိုယ့်ကိုသတိတရရှိသေးလား
🔮 အဆက်သွယ်လုပ်ချင်စိတ်ရှိလား
🔮 သူ့ဘက်ကအဆက်သွယ်လုပ်လာမလား
🔮 သူနဲ့ပါတ်သက်ပြီးဘယ်လိုသတင်းစကားမျိုးကြားရဖို့ရှိမလဲ

မေဖူးဆီမှာ မေးတဲ့ Client တွေ Payment လွှဲပြီးတာနဲ့ Booking Confirmation တန်းပေးပါတယ်။ အဲမှာတခါတည်း Reading ပို့ပေးမယ့် ရ...
03/08/2026

မေဖူးဆီမှာ မေးတဲ့ Client တွေ Payment လွှဲပြီးတာနဲ့ Booking Confirmation တန်းပေးပါတယ်။ အဲမှာတခါတည်း Reading ပို့ပေးမယ့် ရက်ရယ် အချိန်ရယ်ကိုတစ်ကြောင်းချင်းသေချာရေးပေးထားတာပါ။ အဲ Booking Confirmation ကိုသေချာဖတ်ပေးကြပါလို့ပြောချင်ပါတယ်။ 🙏

ဒီ Post က ကိစ္စအရှုပ်ရှင်းများမဖြစ်စေရန်အလို့ငှါတခါတည်းဖြေရှင်းတာပါ။ ဒီ Client အမကြီးကို ဒီနေ့ညဘက် မြန်မာစံတော်ချိန်နဲ့ ည ၁၀ နာရီကို Booking confirm ပြီးသားပါ။ မေဖူးဆီမှာ နိုင်ငံအရပ်ရပ်ကမေးတဲ့ Client တွေလည်းရှိတာမို့ အချိန်တွေမမှားအောင် တောင်တခါတည်း မြန်မာစံတော်ချိန်လို့ပါထည့်ရေးထားတာပါ။ ဒီ Client က Booking ချိန်မလိုခင်အဝေးကြီးလိုသေးတဲ့ချိန် နေ့လည်တည်းက Reading မရသေးဘူးလားဒီနေ့ပို့မယ်ပြောထားတယ်ဆိုပြီးပြောပါတယ်။ပုံမှန်မေဖူးကို ဘယ်ချိန် Reading လေးရမလဲမေးရင်တောင် Booking confirmation လေးမှာအချိန်လေးပါပါတယ်ဖြစ်ကြောင်းကောင်းကောင်းမွန်မွန်ပြန်ပြောပါတယ်။ ဒါပေမယ့်သူက ဘယ်ချိန်ရမလဲဆိုတာကိုမေးတာလည်းမေးတဲ့ပုံစံအဆင်မပြေတဲ့အပြင်၊ အကောင့်တုလိုလိုမျိုး မယုံင်္သကာနဲ့ပြောတော့စိတ်တိုတာမေဖူးအမှားမဟုတ် ဘူးထင်ပါတယ်။ သူရိုင်းနေတာတော့မဟုတ်ပေမယ့် Client ဘက်ကစိတ်မရှည်သလိုလောတာမျိုးဆိုမေဖူးအတွက်အဆင်မပြေပါ။ သူပို့တဲ့အခါ auto reply တက်သွားတာကိုလည်း fake acc လို့ထင်တာလားမသိပါဘူး။ သူပြောသလို fake acc တွေပေါလို့ဆိုတာတော့စိတ်ပူတာမှန်ပါတယ်။ ဒါပေမယ့် fake acc သာဆို အဲလို ၃ ရက်ဘယ်သူကစောင့်နေမလဲ တခါတည်း block ပြီးပြေးမှာပေါ့နော်။ 😅 အဲတော့မေဖူးကလည်းအဲဒါကိုမြင်တဲ့အချိန်မှာကိုယ်ကရက်နဲ့အချိန်ကိုသေချာရေးပေးထားရဲ့သားနဲ့သေချာမဖတ်ဘူးဆိုပြီးအမဒီမှာရေးပေးထားတာမတွေ့ဘူးလားဟင်လို့ပြန်တုံ့ပြန်တော့ကိုယ့်ကိုပြန်ရန်တွေ့ပါတယ်။ မေဖူးကလေ Client တွေကိုဆိုတော်တော်ကိုစိတ်ရှည်တဲ့ထဲပါပါတယ်။ မေဖူးဆီမေးနေကျသူတွေဆိုသိပါတယ်နော်။ အခုက Reading ပို့မယ့်ချိန်ကပ်နေလို့ သို့မဟုတ် ကျော်သွားလို့ဆိုရင် ဟုတ်ပါတယ်။ မေဖူးက Reading ပို့တဲ့အချိန်ကိုလည်း ၁၅ မိနစ် နာရီဝက်နောက်ကျမယ်ဆိုရင်တောင်နောက်ကျမယ်ဖြစ်ကြောင်းကြိုပြောပြီး Client တွေကိုအမြဲတလေးတစား request လုပ်တာပါ။ အချို့ Client တွေဆို အချိန်ကပ်နေလို့ဘယ်တော့လောက်ပို့မလဲဟင်မေးပြီး လောသလိုဖြစ်သွားရင်တောင်းပန်ပါတယ်လို့တောင်သူတို့ကပြောလို့ ကိုယ်ကတောင်မဟုတ်ပါဘူး အမရယ်ညီမရယ်နဲ့ ပြန်အားနာရတာ။ အဲလိုအရမ်းသိတတ်တဲ့ Client တွေလည်းရှိတယ်ပေါ့နော်။ မေဖူးနဲ့ Client တွေကြားအဆင်မပြေတာတော်တော်လေးကိုရှားပါတယ်။ အခုဒီအမကြီးကိုလည်းပြောရင်အဓိကကိုယ်မကြိုက်တာက ကိုယ်ကတလေးတစားနဲ့သေချာရေးပေးထားရင်တလေးတစားသေချာဖတ်စေချင်တာပါ။ မေဖူးဆီမှာ Client ကလည်းများတာကြောင့် Booking Confirm မှာသေချာရေးပြီးရင်တယောက်ချင်းလိုက်ပြန်ရှင်းဖို့အဆင်မပြေပါ။ပြီးတော့သူပြောတဲ့ပုံစံကပိုက်ဆံပေးထားရင်စိတ်ရှည်ရမယ်ဆိုတော့ပိုက်ဆံပေးတိုင်းကိုယ့်ကိုပြောချင်သလိုပြောဆက်ဆံချင်သလိုဆက်ဆံလို့ရတဲ့ပုံစံပြောတာတော့လက်မခံပါ။ ပိုက်ဆံပေးခိုင်းတဲ့အလုပ်သမားတွေကိုတောင်လေးစားသမှုတခုတော့ထားကြရပါတယ်။ မေဖူးက Tarot Reader ပါ။ ပိုက်ဆံပေးခိုင်းတဲ့သူမဟုတ်ပါ။ ပြီးတော့တဖက်ကစပြီးပြောတာအဆင်မပြေတာကိုစိတ်အမြဲရှည်ပေးရအောင်လည်းမဟုတ်သေးပါ။ အဲတော့မေဖူးက အဲလိုအလောတကြီးဖြစ်နေတာရယ် ပြောတဲ့ပုံစံအဆင်မပြေတာရယ်၊ လက်လွတ်စပယ်ပြောတာတွေရယ်ကြောင့် အမရယ် refund လေးပြန်ပေးပေးပါမယ်ဖြစ်ကြောင်းကောင်းကောင်းမွန်မွန်ပြောခဲ့ပါတယ်။ မေဖူးပြောတာရိုင်းတာတစ်ခုမှမပါခဲ့ပါ။ Refund လေးပြန်ပေးပေးပါရစေလို့ request လုပ်တာ block သွားပါတယ်။ Reading ပို့ဖို့ viber နံပါတ်လည်းပေးထားတာမဟုတ်တော့ Reading လည်းပို့လို့မရ ဆက်သွယ်လို့လည်းမရပါ။ အမှန်ပြောရင်တော့အဲလို Energy အဆင်မပြေဖြစ်ရင် Reading ကြည့်လို့လည်းအဆင်မပြေတာကြောင့် Refund လေးပြန်လက်ခံဖို့ပဲပြောခဲ့တာပါ။ သူ block သွားတော့ သူပေးထားတဲ့ payment ကို လှူတဲ့အထဲပဲထည့်လိုက်ပါမယ်။ ကိုယ်က ပိုက်ဆံအလကားယူထားတယ်အဖြစ်မခံနိုင်လို့ဒီဟာကိုအရင်ရှင်းချက်ထုတ်တာပါ။ 🙂အမကြီး acc နဲ့ နာမည်ကိုတော့ privacy အရ ဖျက်ပေးထားပါတယ်။

01/08/2026

August လအတွက် Overall အချစ်ရေး ✨💜

August Love Message Collective Reading လေးဖြစ်ပါတယ်။ 💜

Spreading includes ✨

🦋 Previous Month Love Energy
🦋 Your Feeling
🦋 Your Partner’s/ The Other Person’s Feeling
🦋 Your True Feelings for this current love life
🦋 August Love Energy

26/07/2026

ကိုယ့်စိတ်ထဲမှာရှိနေတဲ့သူ၊ ကိုယ့်ရဲ့တဖက်သူရဲ့ လက်ရှိကိုယ့်အပေါ်မှာရှိတဲ့ စိတ်ခံစားချက်အစစ်အမှန် 😶‍🌫️💜

Your Person Current True Feeling 💟

Collective Reading 🔮 Collective Energy 🔮
Energy Resonate and Authenticity 90 % ++💫

Thank you all 💜

ဘယ်အသင်းချန်ပီယံလဲ 🏆Spain 🇪🇸 vs Argentina 🇦🇷 Tarot Reading Forecast 💫 Which team will be the WorldCup Championship ? ✨🏆အ...
19/07/2026

ဘယ်အသင်းချန်ပီယံလဲ 🏆Spain 🇪🇸 vs Argentina 🇦🇷
Tarot Reading Forecast 💫

Which team will be the WorldCup Championship ? ✨🏆

အခုနက video လေးတင်ထားတယ်။ စာနဲ့သပ်သပ်ထပ်တင်ပေးတာ။

ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် ကိုယ်လည်းစိတ်ပါဝင်စားနေတော့ Reading လေးထပ်ကြည့်လိုက်တယ်။ Video ထဲမှာတော့အသေးစိတ်ပြောထားပါတယ်။ 80% လောက်မှတ်ယူပါ ကျန် 20% ကတော့တကယ်ကစားတဲ့အခြေအနေပေါ်လိုက်ပြီးပြောင်းလဲနိုင်ပါတယ်။

Generally အရ ပွဲအခြေအနေကြည့်တာမှာ Spain အသင်းက Argentina ထက်စာရင် Champion ဖြစ်နိုင်ချေအားနည်းတာကိုတွေ့ရပါတယ်။ Argentina 🇦🇷 ကအားသာတယ်ပေါ့။

Spain 🇪🇸 ပထမပိုင်းအားကောင်းတယ်။ ပ ပိုင်းအဆုံးသတ်နားလေးမှာဂိုးသွင်းနိုင်ခြေမြင့်။ ဒုတိယပိုင်းလည်းအားကောင်းတယ်။ ဒုပိုင်းမှာလည်း ဂိုးထပ်ရတာမျိုးတွေ့တယ်။ တောက်လျှောက်ကောင်းနေရင်းနဲ့ ဒုပိုင်း ပြီးခါနီးမှာ ချေပဂိုးတွေနဲ့ပြန်ပေးရတတ်ပြီး ပြန်ပြုတ်ကျသွားတာဖြစ်နိုင်ချေရှိ။ နောက်တစ်ခုက အချိန်ပြည့်ထိ သရေ (draw) နဲ့ကျပြီး အချိန်ပိုမှာဂိုးပေးလိုက်ရနိုင်ချေရှိပြီးပြုတ်ကျသွားတတ်တယ်။ Penalty အဆုံးဖြတ်ယူရနိုင်ချေ 75% ။ Penalty မှာလည်းကပ်ရှုံးတာဖြစ်နိုင်တယ်။ ဒါပေမယ့်နော် Spain 🇪🇸 ကိုလုံးဝလျှော့တွက်လို့မရတာက တကယ်ကစားတဲ့အချိန်မှာ ကောင်းရင်ကောင်းသလောက်ကို ကပ်သာသွားတာမျိုးဖြစ်နိုင်ချေလည်းရှိနေတယ်နော်။ စစချင်းကြည့်တုန်းကသာအားနည်းတာတွေ့ပေမယ့် clarification ပြန်ကြည့်တော့ win နိုင်ချေကလုံးဝပြုတ်ကျသွားတာမဟုတ်ဘူး။ ကပ်ပြီးဖြုတ်သွားနိုင်ချေရှိနေတော့ Argentina အနေနဲ့အတော်လေးသတိထားအရှိန်မြှင့်ဝုန်းမှရမယ့်အခြေအနေ 🔥

Argentina 🇦🇷 ပထမပိုင်းအခြေအနေအားနည်းတာတွေ့တယ်။ ဂိုးမရပဲ တစ်ဖက်အသင်းရဲ့ သွင်းဂိုးနဲ့တင် တစ်နေတာဖြစ်နိုင်ချေများ။ ဒုတိယပိုင်းမှာတော့ ဂိုးပြန်ရနိုင်ချေရှိ။ ဒုတိယပိုင်းလည်းစစချင်းမှာဂိုးက ရမလိုနဲ့ချော်သွားတာ လည်နေတာဖြစ်ပြီးမှအဆုံးသတ်နားမှာ ကပ်သွင်းတာမျိုးပိုဖြစ်နိုင်တယ်။ အဲမှာအပေါ်က Spain ကလည်း ဒုတိယပိုင်းဂိုးရတာတွေ့ထားတော့ မေဖူးအထင်ပေါ့ (မှားရင်လည်းမှားနိုင်တယ်) Spain က ပထမပိုင်း ၁ ဂိုး ဒုတိယပိုင်း ၁ ဂိုး သွင်းပြီးမှ Argentina က အချိန်ပြည့်ခါနီး ၂ ဂိုးပြန်ချေပတာမျိုးဖြစ်နိုင်တယ်။ ဒုတိယပိုင်းအဆုံးသတ်မှာပွဲကတော်တော်စကားပြောလာတာ၊ ဆိုတော့အဲချိန်မှာ Argentina ကအချိန်ပြည့်ခါနီးသွင်းဂိုးတောက်လျှောက်သွင်းပြီးကပ်နိုင်သွားတတ်သလိုသရေနဲ့ အချိန်ပြည့်ရောက်သွားပြီး အချိန်ပိုမှာထပ် သွင်းပြီးနိုင်သွားတာလည်းဖြစ်နိုင်တယ်။အဲလိုမှမနိုင်နိုင်ရင်တော့ သူ့အတွက်နည်းနည်းတိုင်ပတ်သွားလိမ့်မယ်။ Penalty အဆုံးဖြတ်ယူရတဲ့အခါ ကံကိုပုံအပ်ရတော့မှာပဲ။မပြောကောင်းမဆိုကောင်းချော် သွားတာဖြစ်နိုင်သလို နိုင်သွားတာလည်းဖြစ်နိုင်တယ်။ အဲတော့ Argentina အတွက်က အချိန်မပြည့်ခင် သို့မဟုတ် အချိန်ပိုမှာ နိုင်လိုက်နိုင်ရင်တော့အကောင်းဆုံးပဲ။ နိုင်နိုင်ချေလည်းရှိပါတယ်။ရာခိုင်နှုန်းအနည်းငယ်လောက်သောလေးအလှည့်အပြောင်းလေးတွေကိုနည်းနည်းစိတ်ပူတာ။ ဒါပေမယ့် ဒါကလည်း ကဒ်ကပြောတာထက် တကယ်ကစားသမားတွေလှုပ်ရှားပုံ၊ ကစားကွက်တွေကစကားပြောမှာဆိုတော့ ဒီထက်ပိုအခြေအနေကောင်းတာ စိတ်ပူစရာမရှိတာလည်းဖြစ်နိုင်ပါတယ်။ 🔥

အဲတော့ ၂ သင်းစလုံးမှာယတိပြတ်ပြောဖို့အတော်လေး confused ဖြစ်တယ်။ လောလောဆယ်တော့ ဟိုးအရှေ့ရက်မှာကြည့်ထားတဲ့အခြေအနေအရရယ်၊ Generally ၂ သင်းစလုံးပြိုင်ကြည့်တာရယ် ၊ personally အမြင်အရရယ်တော့ Argentina 🇦🇷 Winner လို့ထင်ပါတယ်။ စောင့်ကြည့်ကြတာပေါ့နော်။ 🥹 မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ဒါလေးကြည့်ရတာပျော်ဖို့ကောင်းသလိုစိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။ comment လေးတွေမှာ ခန့်မှန်းမိတာလေးတွေရေးသွားကြပါဦး ✨

Address

Davao City

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 9am - 9pm
Thursday 9am - 9pm
Friday 9am - 9pm
Saturday 9am - 9pm

Website

Alerts

Be the first to know and let us send you an email when Lustitia Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Lustitia Tarot:

Shortcuts

Share